← Chapters

အထွတ်အထိပ် ပညာရှင်ကြီးများ၊ ဓားသိုင်း ရှာဖွေ စံအိမ်၏ ရှေးဟောင်းသိုင်းကျမ်းများ (၂)

Vol. 15 Ch. 215

အထွတ်အထိပ် ပညာရှင်ကြီးများ၊ ဓားသိုင်း ရှာဖွေ စံအိမ်၏ ရှေးဟောင်းသိုင်းကျမ်းများ (၂)

Vol. 15 Ch. 215

~'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’ သည် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး၊ လွန်ခဲ့သော အတိတ်မှ တာအိုဆရာ လုံရှန်း၏ စကားများကို ပြန်လည် သတိရလိုက်သည်။

ထိုစဉ်..

"ဒါဆို အခု သူ့ရဲ့စွမ်းအားကို မင်း ဘယ်လို ထင်လဲ။"

ဒီတစ်ခါတော့ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' တုံ့ဆိုင်းသွားသည်။

"'နှလုံးသားစူးစမ်းခြင်းဓား' ကို ဒီလောက် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်တာက အနည်းဆုံးတော့ သူ့ကို ထိပ်ဆုံး (၁၀) ယောက် စာရင်းထဲ ထည့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီထက် ပိုမြင့်တဲ့ နေရာ အတွက်တော့ ကျွန်တော် မသေချာ ဘူး။"

ပြန်လည်ဖြေကြားရင်း 'မီးလျှံသိုင်း စစ်သူကြီးချုပ်' က ရယ်မောလိုက်သည်။

"ငါ မင်းကို ပြောပြမယ်။ 'နေကိုလိုက်သော ဓားဘုရင်' သာ 'နှလုံးသားစူးစမ်းခြင်းဓား' ကို ရင်ဆိုင်ရရင်တောင် ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး။"

'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' သည် ချက်ချင်းပင် တက်ကြွသွားသည်။

.. ဒါက 'မီးလျှံသိုင်း စစ်သူကြီးချုပ်' ရဲ့ မျက်လုံးထဲမှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ကမ္ဘာ့ထိပ်တန်း ဓားသမား ဘွဲ့အတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ရှိနေပြီ ဒါမှမဟုတ် သူ့ကို လက်ရှိ ထိပ်တန်း ဓားသမားအဖြစ် သတ်မှတ်လိုက်ပြီ ဆိုတဲ့ သဘောပဲ။..

'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း' ၏ ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင် ဤ ပြိုင်ဘက်ကင်း ပညာရှင်ကြီးများ၏ အသေးစိတ် အချက်အလက် အားလုံးကို သူ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' ပင်လျှင် အပြည့်အဝ နားလည် သဘောပေါက်နိုင်ခြင်း မရှိသော်လည်း၊ 'မီးလျှံသိုင်း စစ်သူကြီးချုပ်' က ဤသို့ ပြောလိုက်သောအခါ သံသယ ဖြစ်ဖွယ် မရှိတော့ပေ။

သူ မအံ့ဩဘဲ မနေနိုင်တော့ပေ။

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က တကယ် ဒီလောက် သန်မာ နေတာလားဗျ။"

'မီးလျှံသိုင်း စစ်သူကြီးချုပ်' သက်ပြင်းချလိုက်မိသည်။

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က သာမန် အဆင့် တစ်ယောက် မဟုတ်ဘူး။ ဖြစ်နိုင်တာ.. သူက ကန်ရေပြင်ထဲကနေ ခုန်ထွက် နိုင်တဲ့ ငါးတစ်ကောင် ဖြစ်နိုင်တယ်။"

"လူတွေက သူ့ရဲ့ သက်တမ်း ကုန်ခါနီးပြီလို့ ပြောနေကြတယ်။ ဒါပေမဲ့ သူတို့ သဘောမပေါက် တာက အဆုံးသတ် နီးကပ် နေတဲ့ လူတွေက သာမန်လူ တစ်ယောက် ရယူ နိုင်ဖို့ မဖြစ်နိုင်တဲ့ သတ္တိ နဲ့ ရဲရင့်မှု မျိုးကို ပိုင်ဆိုင် တတ်ကြတယ် ဆိုတာပဲ။"

ထိုသို့ မှတ်ချက်ပြုရင်း 'မီးလျှံသိုင်း စစ်သူကြီးချုပ်’သည် မတ်တပ်ထရပ်လိုက်ပြီး ကန်ရေပြင်ကို စိုက်ကြည့်လိုက်သည်။

ကန်ရေပြင် မျက်နှာပြင်မှ တစ်ဆင့် လောကကြီး၏ အခြေအနေ အရပ်ရပ်၊ မရေမတွက်နိုင်သော ပဋိပက္ခများကို မြင်တွေ့နေရသကဲ့သို့ပင်။

"အခု 'မိစ္ဆာဂိုဏ်း' က မကြာခဏ လှုပ်ရှား နေတယ်။ 'တောင်ပိုင်းနယ်စပ်' နဲ့တောင် မဟာမိတ် ဖွဲ့ လိုက်သေးတယ်။ မငြိမ်သက်မှုတွေ များတဲ့ အချိန်ပဲ။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခု။ ဒီလို သတ္တဝါ မျိုးက ငါတို့ 'နန်းတော်' ရဲ့ စစ်ရထား ပေါ်မှာ ချည်နှောင် ထားတာ အကောင်းဆုံး ပဲ။"

'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသော်လည်း၊ မအောင့်အည်းနိုင်ဘဲ ထုတ်ပြောခဲ့၏။

"စစ်သူကြီးချုပ်။ 'မိစ္ဆာဂိုဏ်း' ဆိုတာ လူပြက် တစ်ယောက် လောက်ပါပဲ။ အရေးကြီးတဲ့ အခိုက်အတန့်ကျရင် 'သိုင်းသူတော်စင်'"

သူ၏ စကား မဆုံးမီမှာပင်၊ 'မီးလျှံသိုင်း စစ်သူကြီးချုပ်' က သူ့ကို တည့်တည့်ကြည့်လိုက်ရာ၊ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’၏ နှလုံးသားထဲ၌ တုန်လှုပ်မှု လှိုင်းများ ဖြတ်သန်းသွားသည်။

.. 'သိုင်းသူတော်စင်' ရဲ့ လှုပ်ရှားမှုကိုတောင် အာမ မခံနိုင်ဘူး ဆိုတဲ့ သဘောလား။

'သိုင်းသူတော်စင်' မှာ တစ်ခုခု မှားယွင်း နေတာလား။ ဒါမှမဟုတ် 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' မှာ 'သိုင်းသူတော်စင်' ကို တန်ပြန် တိုက်ခိုက် နိုင်တဲ့ နည်းလမ်း ရှိနေတာလား။ ..

'မီးလျှံသိုင်း စစ်သူကြီးချုပ်' က ခပ်ဖွဖွ ဆိုသည်။

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ငါတို့ 'နန်းတော်' ကို ခုခံ နေရတဲ့ အကြောင်းပြချက် ဘာပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့ သူ့ကို 'တောင်ပိုင်းနယ်စပ်' ဘက် ယိမ်းသွားအောင် ခွင့်မပြု နိုင်ဘူး။ ကံကောင်းတာက အခု 'မိစ္ဆာဂိုဏ်း' နဲ့ 'တောင်ပိုင်းနယ်စပ်' က 'အစစ်အမှန်သိုင်းဂိုဏ်း' ကို ရန်လို နေပုံ ပဲ။ နတ်ဘုရားငှက်မွှေး သွား စုံစမ်း လိုက်။ ပြီးရင် ချင်ပြည်နယ်မှာ သွား တပ်စွဲ နေ။"

"ဟုတ်ကဲ့ပါ ဆရာ။”

အမိန့်အား 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' က ရိုကျိုးစွာ နာခံလိုက်သည်။

သူ လှည့်ထွက်သွားခဲ့သည်။

သို့သော် ထို စကား အနည်းငယ်မျှမှပင်၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သူ ထင်ထားသည်ထက် များစွာ ပိုမို ခွန်အား ထက်ကြောင်းနှင့်၊ 'နန်းတော်' အတွက် အလွန် အရေးကြီးကြောင်း သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် 'မီးလျှံသိုင်း စစ်သူကြီးချုပ်' သည် သက်ပြင်း ခပ်ဖွဖွ ချလိုက်ပြီး၊ နန်းတော်ကြီး ရှိရာ ဦးတည်ရာသို့ လှည့်ကြည့်လိုက်ကာ၊ သူ၏ ငါးမျှားတံကို ပြန်လည် ကောက်ယူလိုက်သည်။

"မင်း အမြန်ဆုံး နိုးထလာနိုင်ဖို့ပဲ ငါ မျှော်လင့်နေတော့မယ်"

'နေမင်း ဆည်းဆာ ဓားဂိုဏ်း'။

'ဓားဘုရင် တောင်ထွတ်'။

မျက်စိတစ်ဆုံး ကျယ်ပြန့်သော အဆုံးမရှိ 'ဓားသင်္ချိုင်းမြေ' ကြီးတစ်ခု၌၊

ပုံရိပ်များသည် အပြင်ဘက်တွင် ရိုသေလေးစားစွာ စောင့်ဆိုင်းနေကြသည်။

အစီရင်ခံသော အသံများ ထွက်ပေါ်လာလေ၏။

"ဘိုးဘေး။ ဖြစ်တာက ဒီလိုပါ။ အခု လူတွေ ပြောနေကြတာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' မှာ ကမ္ဘာ့ထိပ်တန်း ဓားသမား ဘွဲ့ အတွက် စိန်ခေါ် နိုင်တဲ့ အရည်အချင်း ရှိနေပြီ တဲ့။ ဟွန့် ၊ လုံးဝ မဖြစ်နိုင်တာ။ ဘိုးဘေးသာ အချိန်အကြာကြီး မလှုပ်မရှား မနေခဲ့ဘူး ဆိုရင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အတွက် ကြွားဝါ ပြစရာ နေရာတောင် ရှိမှာ မဟုတ်ဘူး။"

"'နှလုံးသားစူးစမ်းခြင်းဓား' ကို သတ်နိုင်ခဲ့ တော့ ဘာဖြစ်လဲ။ သူ ဘယ်လိုလုပ် ဘိုးဘေး နဲ့ နှိုင်းယှဉ် လို့ ရမှာလဲဗျာ။”

မကျေမနပ် ဖြစ်နေသော အသံများ ဤနည်းနှင်နှင် ထွက်ပေါ်လာလေသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ကျော်ကြားမှုက ဒုံးပျံလို ထိုးတက်သွားပြီး၊ လူအများအပြားက သူ လောက ထိပ်တန်းး (၅) ယောက် စာရင်းဝင်ရန် အရည်အချင်း ရှိနေပြီဟု ယုံကြည်နေကြကာ၊ 'နေကို လိုက်သော ဓားဘုရင်' နှင့် မလွှဲမရှောင်သာ နှိုင်းယှဉ်မှုများ ပြုလုပ်လာကြသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အမာခံ ထောက်ခံသူ အချို့ကမူ 'နေကိုလိုက်သော ဓားဘုရင်' သည် သူ့ကို ယှဉ်နိုင်မည် မဟုတ်ဟုပင် ခံစားနေကြရာ၊ 'ဆည်းဆာ ဓားဂိုဏ်း' မှ လူများကို သဘာဝအတိုင်း စိတ်တိုစေခဲ့သည်။

ယခင်က။

'နေကိုလိုက်သော ဓားဘုရင်' ၏ ဓားတာအိုအပေါ် နှစ်ပေါင်း (၁၆၀) ကြာ ဖိနှိပ်ထားမှုမှ အကျိုးကျေးဇူး ရရှိပြီး၊ 'နေမင်း ဆည်းဆာ ဓားဂိုဏ်း' သည် ဓားတာအို၏ ပထမတန်းစား မြင့်မြတ်ရာ ဌာနဟူသော ဘွဲ့ကို တဖြည်းဖြည်း ရရှိခဲ့သည်။ သို့သော် ယခုအခါ၊ ဤဘွဲ့သည် ထပ်မံ၍ ယိမ်းယိုင်လာခဲ့သည်မှာ ယုံမှားဖွယ်မရှိပေ။

"အထူးသဖြင့် 'အစစ်အမှန်သိုင်းဂိုဏ်း' က ရက်ရော သယောင် ဟန်ဆောင်ပြီး 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်'နှင့် 'တာအို တစ်သောင်း မျှော်စင်' ကို ဖွင့်လှစ် လိုက်တာက လုံးဝ အဓိပ္ပာယ် မရှိဘူး။

တစ်နေ့နေ့မှာ သူတို့ရဲ့ အထွတ်အထိပ် ကျွမ်းကျင်မှုတွေ ကမ္ဘာကြီးကို သိသွားခဲ့ရင် ဖြစ်နိုင်တာက အဲ့ဒါ 'အစစ်အမှန်သိုင်းဂိုဏ်း' ရဲ့ ပျက်စီး ဆုံးရှုံးချိန် ပဲ ဖြစ်လိမ့်မယ်။”

ဒါက သံသယဖြစ်စရာ မလိုပေ။

'အစစ်အမှန်သိုင်းဂိုဏ်း' ၏ ဤလှုပ်ရှားမှုသည် ဂိုဏ်းများစွာကို တိတ်တဆိတ် ဒေါသထွက်စေခဲ့သည်။ အကြောင်းမှာ သူတို့သည် မလွှဲမရှောင်သာ နှိုင်းယှဉ်ခံရပြီး၊ တစ်ကိုယ်ကောင်းဆန်ကာ စိတ်ထား ကျဉ်းမြောင်းသူများအဖြစ် ဖြစ်တည်လာစေသောကြောင့် ဖြစ်သည်။

လူတိုင်း ပြောဆို၍ ပြီးဆုံးသွားပြီးနောက်၊

'ဓားသင်္ချိုင်းမြေ' ၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးမှ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။

အလွှာလိုက် အလွှာလိုက်သော ဓားစိတ်ဆန္ဒများ တုန်ခါသွားပြီး၊ ခန့်ညားထည်ဝါသော အသံကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

"ငါ ဝင် လှုပ်ရှား ပေးရ မယ်လို့ မင်းတို့ ဆန္ဒ ရှိနေကြတာလား။”

ထိုအသံထဲမှ ဒေါသကို သိရှိလိုက်ရသောအခါ၊ လူတိုင်း အလျင်အမြန်ပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဦးညွှတ် တောင်းပန်ကြသည်။

"ဘိုးဘေး။ ကျွန်တော်တို့ မဝံ့ရဲ ပါဘူး။ ကျွန်တော်တို့ က 'နေမင်း ဆည်းဆာ ဓားဂိုဏ်း'ကို ဓားတာအိုရဲ့ ပထမတန်းစား မြင့်မြတ်ရာ ဌာန အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် စေချင် ရုံ သက်သက် ပါခင်ဗျာ။”

"အသုံးမကျတဲ့ သတ္တဝါ တစ်သိုက်"

ထို ခန့်ညားထည်ဝါသော အသံထဲတွင် ခါးသီးသော စိတ်ပျက်မှုများ ပြည့်နှက်နေသည်။

"ဓားတာအိုရဲ့ ပထမတန်းစား မြင့်မြတ်ရာ ဌာန ဆိုတာ သူများ ပခုံးပေါ် တက်ရပ်ပြီး ရလာ နိုင်တဲ့ အရာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပန်းပဲဆရာ တစ်ယောက် မှာ သူ့ရဲ့ ကိုယ်ပိုင် ခွန်အား သတ္တိ ရှိဖို့ လိုတယ်။ မဟုတ်ရင် အဲ့ဒီ နေရာမှာ အတင်းအကျပ် ရပ်နေရင်တောင် မကြာခင် ဒါမှမဟုတ် နောင်ကျရင် ဆွဲချ ခံရမှာပဲ။ ငါ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံ နေခဲ့တာ။ ဂိုဏ်းရဲ့ လေထုက ဘယ်လိုဖြစ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ မင်းတို့တွေ အပြစ်ပေးခံချင်‌နေတာလား၊ ဟမ်"

လူတိုင်း ချွေးများ စိုရွှဲနေပြီး၊ အကြိမ်ကြိမ် ခွင့်လွှတ်ပေးရန် တောင်းပန်ကြတော့သည်။

ထိုအသံသည် နောက်ဆုံးတွင် တည်ငြိမ်သွားလေသည်။

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဟုတ်လား။ ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ လောကကြီးမှာ ဒီလောက် ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက် လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေး ခဲ့မိဘူး။ သူ့ရဲ့ ကိုယ်ပိုင် ဓားစိတ်ဆန္ဒကို လောကကြီး လေ့လာ နိုင်အောင် စုစည်း ပေးတယ်။ တကယ်ကို ကြီးမားတဲ့ သတ္တိ နဲ့ ထူးခြားတဲ့ နည်းလမ်း ပဲ။ ငါ ရှက်မိတယ်။ အံ့ဩစရာ..

ဒီလောကကြီးက တကယ် အံ့ဩစရာ ကောင်းတာပဲ"

လူတိုင်း တုန်လှုပ်သွားကြသည်။

တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ မေးလိုက်၏။

"ဘိုးဘေး။ ခင်ဗျား ဆိုလိုတာက ခင်ဗျားတောင်မှ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို မယှဉ်နိုင်ဘူး လို့"

သူ စကားပြောနေရင်း၊ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

'နေကိုလိုက်သော ဓားဘုရင်' ၏ အသံသည် တည်ငြိမ် အေးချမ်းနေသည်။

"အရင်ကသာ ဆိုရင် ဖြစ်နိုင်တယ် မဟုတ်ဘူး။ ဒါပေမယ့် အခု ဘယ်သူ နိုင်မလဲ ဆိုတာ မရှင်းလင်း သေးဘူး။"

"ဒါပေမဲ့ ဒါက ဘာ အရေးကြီးသလဲ။ မှတ်ထားကြ။ ဒီလို ဂုဏ်သတင်း တွေကို ဂရုစိုက် နေရင် ဓားတာအိုရဲ့ အထွတ်အထိပ်ကို ဘယ်လို တက်လှမ်း နိုင်မလဲ မင်းတို့တွေ..။ လောက ထိပ်တန်း ဓားသမား ဖြစ်ရင်တောင် ဘာ အသုံး ဝင်မှာလဲကွ။ ဓား ကိုင်စွဲ တဲ့ ဓားသမားဟာ မျှော်မှန်းချက် ရှိရမယ်။ ဓားတာအိုရဲ့ တံခါးပေါက်ကို ဖြတ်ကျော် ပြီးတာနဲ့ သဘာဝ အတိုင်း အဲ့ဒီ အမြင့်ဆုံး တောင်ထွတ် ဆီကို ရွေ့လျား ရမယ်။ 'ဓားသူတော်စင်' မဖြစ်လာ သရွေ့ လူတစ်ယောက်က ပုရွက်ဆိတ် တစ်ကောင် သက်သက် ပဲ။”

All Chapters