အထွတ်အထိပ် ပညာရှင်ကြီးများ၊ ဓားသိုင်း ရှာဖွေ စံအိမ်၏ ရှေးဟောင်းသိုင်းကျမ်းများ (၃)
Vol. 15 Ch. 216
~ဘိုးဘေး၏ ပြစ်တင် ရှုံ့ချသည်ကို
ကြားလိုက်ရသောအခါ လူအုပ်ကြီးသည် ရှက်ရွံ့သွားကြတော့၏။ သူတို့ထဲမှ တစ်စုံတစ်ယောက်၏ မျက်လုံးများ အရောင်တောက်လာကာ မေးလိုက်သည်။
"ဘိုးဘေး၊ အဲ့ဒီ ခြေလှမ်းကို လှမ်းနိုင်သွားပြီလား ခင်ဗျာ"
'နေကိုလိုက်သော ဓားဘုရင်' ၏ အသံသည် အနည်းငယ် အထီးကျန်ဆန်နေသည်။
"သိပ်ခက်ခဲ လွန်းတယ်။ အရိပ်အမြွက် လောက်သာသာ ပါပဲ။ ငါ နောက်ထပ် သက်တမ်းနှစ်တစ်ထောင်လောက်ပဲ လိုချင်မိတယ်"
သူ ဆက်လက်၍ ပြောကြားလိုက်၏။
"စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' မှာ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို တည်ထောင်ရဲတဲ့ သတ္တိ ရှိတယ်။ ဒီလှုပ်ရှားမှုက သိပ် ချီးကျူးစရာ ကောင်းတာပဲ။ ဒါက အနာဂတ်မှာ အတုခိုးဖို့ ငါ့ကို စိတ်အား ထက်သန်စေတာကွ။ မင်းတို့ မနာလိုစိတ် မထားသင့်ဘူး။ အဲ့အစား နှိမ့်ချတတ်ရမယ်။ ဒါမှ ငါတို့ 'နေမင်း ဆည်းဆာ ဓားဂိုဏ်း' က အချိန်အကြာကြီး တည်တံ့နိုင်မှာ။ တကယ်လို့ 'ဓားသိုင်း ရှာဖွေ စံအိမ်' လို စိတ်ဓာတ်တွေ မွေးမြူနေတယ် ဆိုရင် ကိုယ့်ထက် မြင့်တဲ့ တောင် တစ်လုံးက အမြဲ ရှိနေမှာပဲ။ ငါတို့ ဘေးဒုက္ခကနေ ပြန်မထနိုင်တဲ့ အချိန်ကို မလွှဲမရှောင်သာ ရင်ဆိုင်ရလိမ့်မယ်။”
ဤကဲ့သို့ စိတ်ရင်းမှန်ဖြင့် သင်ကြားမှုသည် လူတိုင်းကို ပို၍ပင် ခေါင်းငုံ့ကျသွားစေသည်။
ဓားစိတ်ဆန္ဒ အလွှာလိုက်က သူတို့ကို ပြန်လည် သုံးသပ်စေပြီး၊ လွန်ခဲ့သော နှစ်များအတွင်း သူတို့၏ စိတ်မရှည်မှုများကို နားလည် သဘောပေါက်သွားစေ၏။
"ဘိုးဘေးရဲ့ လမ်းညွှန်မှု အတွက် ကျေးဇူးတင်ပါတယ်"
ထိုအခိုက်အတန့်မှာ 'နေကိုလိုက်သော ဓားဘုရင်' ၏ အသံသည် တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
“လောကကြီးရဲ့ ဓားတာအိုမှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' လို ပုဂ္ဂိုလ်တွေ ရှိနေသေးတော့ ငါ တစ်ယောက်တည်း မဟုတ်တော့ဘူး။ ငါ တံခါးပိတ် ကျင့်ကြံရာက ထွက်လာတဲ့ အခါ ငါ သွားလည်ပြီး ယှဉ်ပြိုင် ကြည့်မယ်။ အဖော် တစ်ယောက် ရှိနေသေးတာ ကံကောင်းမှု တစ်ခု ပဲ။”
လူအုပ်ကြီးသည် နောက်တစ်ကြိမ် ရှက်ရွံ့သွားကြပြန်သည်။
မူလက သူတို့ ထင်ထားခဲ့တာက ဘိုးဘေးဟာ တခြားသူတွေနှင့် နှိုင်းယှဉ်ခံရ၍ မကျေမနပ် ဖြစ်နေလိမ့်မည် ဟူ၍။
သို့သော် အခု သူတို့ သဘောပေါက်လိုက်တာက ဘိုးဘေး၏ နယ်ပယ်အဆင့်ဟာ သူတို့ လုံးဝ မမီနိုင်သော နေရာတစ်ခု ဖြစ်နေပြီ ဆိုတာပါပဲ။
—-----
တောင်စောင်း တစ်ခု၌၊
ဆံပင် ဖရိုဖရဲ ဖြစ်နေသော အဘိုးအိုတစ်ဦးသည် ခြေဗလာဖြင့် လမ်းလျှောက်နေလေ၏။
သူ့၏ ဆံပင်ဖြူများ၏ ခပ်ဖျော့ဖျော့ ကြားကွက်လပ်များမှ တစ်ဆင့်၊ အဘိုးအို၏ အကြည့်များ အလွန် အေးစက်နေသည်ကို တွေ့မြင်နိုင်သည်။ ရူးသွပ်ခြင်းကဲ့သို့သော တည်ငြိမ်မှု မျိုးပင်။
"ခွီး..ကံဆိုး လိုက်တာ။ အဘိုးကြီး တစ်ယောက်တည်းပါလား"
ရယ်သံ တစ်ချက် ထွက်ပေါ်လာသည်။
ဓားပြများသည် သစ်တော၏ နေရာ အသီးသီးမှ ထွက်ပေါ်လာပြီး၊ သူတို့၏ ရှေ့မှ အဘိုးအိုကို မဆင်မခြင် စူးစမ်း ကြည့်ရှုကာ၊ တံတွေးထွေးရင်း အခြားတစ်ယောက်က ရယ်မောလိုက်သည်။
"ထွီ..ဒီ လာခဲ့စမ်း ..အဘိုးကြီး။ ပြီးရင် ဟော့ဒီဦးလေး လျို ရဲ့ 'နဂါးပေါင်ကြား' အောက်ကနေ တွားသွား လိုက်စမ်း"
လူအုပ်ကြီးက လှောင်ပြောင် ရယ်မောကြသည်။
"'အနာဆိုး လျို' က ဒီလို အကြိုက် မျိုး ရှိနေလိမ့်မယ်လို့ မထင်ထား ဘူး ပဲ"
ထိုအခါ 'အနာဆိုး လျို' က ခပ်ဟဟ ရယ်သည်။
"ဟီးဟီး..မင်းတို့ နားလည်မှာ မဟုတ်ဘူး။ အဘိုးကြီး မှာ သူ့ပညာ နဲ့ သူ ရှိတယ်ကွ"
“ခွီးခွီး…”
လူအုပ်ကြီးက ပို၍ပင် အူးမြူးစွာ ရယ်မောကြသည်။
သို့သော် အဘိုးအိုသည် နားမကြား သလို ပြုမူ နေသည်။
သူ ရှေ့သို့ ဆက်၍ ရွေ့လျားနေသည်။
သူ၏ ခြေဗလာနှင့် ခြေဖဝါးများက ကြွေကျနေသော သစ်ရွက်များနှင့် ကျောက်တုံးများကို ပွတ်တိုက်နေသော အသံသည် သစ်တောထဲတွင် ထင်ရှားနေပြီး၊ လူအုပ်ကို ပို၍ ဒေါသထွက်စေသည်။
'အနာဆိုး လျို' ဒေါသထွက်လာသည်။
"သေစမ်း။ ဒင်းက အရူး တစ်ယောက် ဖြစ်နေတာ ပဲ။ နားပင်းနေတဲ့ သောက်ငတုံးဟ"
'အနာဆိုး လျို’ လက်စွဲတော် ဓားမကြီးကို ကောက်ယူလိုက်ပြီး၊ ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ အဘိုးအိုကို အရှင်လတ်လတ် ခုတ်သတ်ရန် ပြင်လိုက်သည်။
ထိုအခါ အဘိုးအိုသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီး သူ၏ အကြည့်က တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထိုအခိုက်အတန့်၌ 'အနာဆိုး လျို' သည် ရေခဲတိုက် တစ်ခုထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
…ဒါ…ဒါ ဘယ်လို မျက်လုံးမျိုး လဲ။…
ကြောက်မက်ဖွယ် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး၊ လူတစ်ယောက်ကို နစ်မြုပ်သွားစေသည်။ ထိုမျက်လုံးများထဲမှ 'မင်းက ဓားမ သုံးရဲသလား' ဟူသော အဓိပ္ပာယ်ကို သူ မသဲမကွဲ ဖတ်မိလိုက်ပြီး၊ ထို့နောက် လုံးဝ တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသည်။
အဘိုးအိုသည် ခြေဗလာဖြင့် လျှောက်သွားသည်။
ထိုစဉ် သစ်တော၏ လှုပ်ရှားမှုအားလုံး တစ်ချိန်တည်း ရပ်တန့်သွားပြီး၊ ဓားပြများသည် ပန်းပုရုပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
အဘိုးအို လုံးဝ ဖြတ်သန်းသွားပြီးမှသာ ထိုပန်းပုရုပ်များသည် နဖူးမှ သွေးများ စီးကျလာပြီး၊ အလောင်း အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားလေ၏။ တိကျပြီး မယုံနိုင်စရာ ကောင်းလှသည်။
အဘိုးအိုသည် သူ၏ လက်ထဲမှ အနက်ရောင် အရာဝတ္ထုကို မြှောက်လိုက်ပြီး၊ သူ၏ မျက်လုံးများတွင် နောက်ဆုံး၌ လှိုင်းဂယက်များ ထလာသည်။
မသဲမကွဲ မြင်နိုင်သည်မှာ၊ ၎င်းသည် ဓားလက်ကိုင်ရိုး တစ်ပိုင်း ဖြစ်ပုံ ရသည်။
မူလက ၎င်းသည် ပြိုင်ဘက်ကင်း နတ်ဘုရား ဓားမတစ်လက် ဖြစ်သော်လည်း၊ ယခုအခါ လက်ကိုင်ရိုးသာ ကျန်တော့သည်။
ဤသည်မှာ အဘိုးအို၏ 'ဓားမ' တာအို ဖြစ်သည်။
အကယ်၍ ဓားလက်ကိုင်ရိုးပင် လုံးဝ ပျောက်ကွယ်သွားပါက၊ ထိုနေ့သည် သူ၏ 'ဓားမ တာအို' ပြီးပြည့်စုံခြင်းသို့ ရောက်ရှိမည့် နေ့ ဖြစ်သည်။
သို့သော် ဤသည်မှာ အတော်ပင် ခက်ခဲ လှသည်။ သူ သင့်တော်သော နည်းလမ်း တစ်ခု ရှာဖွေရန် လိုအပ် နေသည်။
အဘိုးအိုသည် တောင်များတစ်လျှောက် ရည်ရွယ်ချက် ကင်းမဲ့စွာ ဆက်လက် လှည့်လည်သွားလာရင်း၊ စားသောက်ဆိုင် တစ်ဆိုင်ကို ဖြတ်သန်းသွားရာ၊ တစ်စုံတစ်ယောက်က ရူးသွပ်နေသော အဘိုးအိုကို တစ်ချက် ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လည် ရုတ်သိမ်းကာ၊ ဝင့်ဝါသော စကားပြောဆိုမှုကို ဆက်လက် ပြုလုပ်နေသည်။
"အဲ့ဒီ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' အကြောင်း ပြောရရင် ဓားကျောက်စာတိုင် လေး နဲ့ ပဲ သူက ကောင်းကင်မိုးကြိုးကို ဆင့်ခေါ် ခဲ့တယ်။ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံဓား (၃၆) လက် အဖြစ် ပြောင်းလဲ ပြီး ကောင်းကင်ဘုံအဆင့်စာရင်းမှာ အဆင့် (၁၄) ချိတ်တဲ့ နှလုံးသား စစ်မေးခြင်း ဓားကို သတ်ဖြတ်ခဲ့တာ။ ဒါက တကယ်ကို ရုတ်တရက် ပေါ်ထွက် လာတာပဲကွ။ 'ဓားမ မိစ္ဆာ' က ကောင်းကင်ဘုံ လူသား
အဆင့်စာရင်းရဲ့ အဆင့် (၃) ကို သတ်ဖြတ်ခဲ့တုန်းက ကြောက်ဖို့ ကောင်းသလောက် နီးနီးပဲ"
"ငါ့ အမြင်မှာတော့ အခု 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က 'နေကိုလိုက်သော ဓားဘုရင်' နဲ့ လောက နံပါတ်တစ် ဓားသမား နေရာ အတွက် ယှဉ်ပြိုင် နိုင်တဲ့ ခွန်အား ရှိနေရုံတင် မကဘူး၊ ဖြစ်နိုင်တာက 'ဓားမ မိစ္ဆာ' နဲ့ တိုက်ခိုက်ဖို့ မျှော်လင့်ချက်တောင် ရှိနေ နိုင်တယ်"
အဘိုးအိုသည် သူ၏ လှုပ်ရှားမှုများကို ခေတ္တ ရပ်တန့်လိုက်ပြီး၊ နားထောင်လိုက်ကာ သူ၏ မျက်လုံးများတွင် ရှားရှားပါးပါး ကြည်လင်မှု အရိပ်အယောင်တစ်ခု ပြသလာသည်။
အချို့သော အဝေးက မှတ်ဉာဏ်များ နောက်ဆုံးတွင် သူ၏ နှလုံးသားထဲမှ ပေါ်ထွက်လာသည်။
"စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်"
အဘိုးအို မသိမသာ ရေရွတ် လိုက်သည်။
ရုတ်တရက်၊ သူ၏ ဓားလက်ကိုင်ရိုးကို မည်သို့ လုံးဝ 'ပျောက်ကွယ်' သွားစေရမည်ကို အဘိုးအို သိလိုက်ရ တော့သည်။
—--------
စည်ကားသော မြို့တစ်မြို့….။
မျက်မမြင် ပုံပြင်ပြောသူသည် မကြာသေးမီက အဖြစ်အပျက်များကို ပြန်လည် ပြောပြနေသည်။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် 'နှလုံးသား စစ်မေးခြင်း ဓား' ကြားမှ တိုက်ပွဲကို ပြန်လည် ပြောပြသောအခါ၊ သူက ပိုပိုသာသာ..မချဲ့ကားဘဲ မနေနိုင်ခဲ့ပေ။
ကောင်းကင်ဘုံဓား တစ်သောင်းသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲခဲ့ပြီး၊ 'နှလုံးသား စစ်မေးခြင်း ဓား' က မြေကြီးကို တစ်ချက်တည်းဖြင့် ထိုးဖောက်ခဲ့သည်။ သူတို့ တိုက်ခိုက်နေစဉ်၊ ကောင်းကင်နှင့် မြေကြီး မှောင်မည်းသွားပြီး၊ နောက်ဆုံးတွင် 'နှလုံးသား စစ်မေးခြင်း ဓား' ရှုံးနိမ့်ကာ၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
လူအုပ်ကြီးက စိတ်အားထက်သန်စွာ နားထောင်နေကြ၏။
“နောက်ထပ် တစ်ပိုင်း၊ နောက်ထပ် တစ်ပိုင်း” ဟု စိတ်ဝင်တစား တောင်းဆိုနေကြသည်။
မျက်မမြင် အဘိုးအိုက ခပ်ဟဟ ရယ်မော၏။
"ဒီလို ဆိုရင်တော့ ငါ့ ဇာတိ မြေက 'ကောင်းကင်ဘုံကို ခုတ်သတ်ခြင်း သိုင်းသူတော်စင်' ရဲ့ ပုံပြင်ကို မင်းတို့ကို ပြောပြ ရတာပေါ့။ ငါ အာမခံ တယ် အရင်တစ်ခု ထက် ပို စိတ်လှုပ်ရှား စရာ ကောင်းစေရမယ်"
ထိုအခါ ပရိသတ်က အကြိမ်ကြိမ် တဝိုးဝိုး အားပေးလိုက်ကြသည်။
မျက်မမြင် အဘိုးအိုက စတင် ပုံပြောတော့သည်။
သို့သော် သူ၏ အတွေးများမှာ မလွှဲမရှောင်သာ လှုပ်ခတ်သွား၏။
…'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဟုတ်လား။ ရုတ်တရက် ပေါ်ထွက် လာတာ ။ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူက မိတ်ဆွေ ဟောင်း တစ်ယောက် များ ဖြစ်နေ မလား ပဲ။…
အဘိုးအိုသည် ရင်တွင်း တွေးတောရင်း ရယ်လိုက်သည်။
တစ်နေ့နေ့မှာ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို သွားကြည့်ဖြစ်နိုင်သည်ဟု တွေးတောရင်းနှင့်ပင်….။
အဘယ်ကြောင့်မှန်း မသိ၊ လွန်ခဲ့သော အချိန်က မိုးရေထဲတွင် သူ ပုံပြင်ပြောသည်ကို နားထောင်ခဲ့သော လူငယ်လေးကို သူ သတိရသွားသည်။
ဤမျှ နှစ်များတစ်လျှောက်လုံး၊ သူ မမြင်နိုင်၊ မဖောက်ထွင်းနိုင်သော လူ အနည်းငယ်သာ ရှိခဲ့သည်။
ထို လူငယ်လေးသည် သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။
သို့သော် သူသည် အခြားသူများ၏ လျှို့ဝှက်ချက်များကို စူးစမ်း ကြည့်ရှုခြင်းကို မကြိုက်သကဲ့သို့၊ အခြားသူများက သူ၏ လျှို့ဝှက်ချက်များကို စူးစမ်း ကြည့်ရှုခြင်းကိုလည်း မကြိုက်ပေ။
တစ်စုံတစ်ယောက်က အဘိုးအို အာရုံလွင့်နေသည်ကို သတိပြုမိပြီး၊ အလျင်အမြန် တိုက်တွန်းလိုက်သည်။
"အဘိုး..နောက် ..ဘာဖြစ်သလဲဗျ။ 'ကောင်းကင်ဘုံကို ခုတ်သတ်ခြင်း သိုင်းသူတော်စင်' က အဲ့ဒီ နောက် ဘယ် ရောက်သွားသလဲဗျ"
ထိုမေးခွန်းအား ကြားလိုက်ရတော့ အဘိုးအိုက ပြုံးလိုက်သည်။
"ပြောကြတာကတော့ သူ ကောင်းကင်ဘုံ ပြစ်ဒဏ် ခံခဲ့ရပြီး အမျိုးသမီးငယ် တစ်ယောက်က ကောက်ယူသွားတယ် တဲ့။ ပြီးတော့ လက်ထပ်ပြီး ကလေးတွေ မွေးလိုက်သတဲ့"
—-------------
မဟာယန် တစ်လျှောက်လုံး၊ လူတိုင်း 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ကိစ္စကို ပူပူနွေးနွေး ဆွေးနွေးနေကြပြီး၊ နက်ရှိုင်းစွာ ပုန်းအောင်းနေသော ရှေးဟောင်း မိစ္ဆာကြီး အချို့ပင် လှုပ်ရှားလာခဲ့ကြ၏။
ကောင်းကင်အောက်မှ လူအများစုမှာ အပျော် သက်သက် ကြည့်ရှုနေကြ
ခြင်းသာ ဖြစ်ပြီး၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် 'နှလုံးသား စစ်မေးခြင်း ဓား' ကို သတ်ဖြတ်
ခဲ့သည့်အတွက် အလွန် သန်မာသည်ဟု ထင်နေကြသော်လည်း၊ အမှန်တကယ် မည်မျှ သန်မာသည်ကိုတော့ အစစ်အမှန် အယူအဆ မရှိကြပေ။ ထိုအဆင့်တွင် ရှိသော သူများသာလျှင် သိကြသည်။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သိုင်းပညာရှင်များ၏ အကြွင်းမဲ့ အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နေခဲ့ပြီ ဖြစ်သည်။
မရေမတွက်နိုင်သော အကြည့်များတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
မရေမတွက်နိုင်သော ထိပ်တန်း ဂိုဏ်းများ၊ မဟာယန် နန်းတော်ကြီး၊ မိစ္ဆာဂိုဏ်း၊ တောင်ပိုင်းနယ်စပ်၊ နှင့် မြောက်ပိုင်း လူရိုင်းများပင်လျှင် ဤကိစ္စကို တိတ်တဆိတ် ဆွေးနွေးနေကြသည်။
ဤကဲ့သို့သော အရည်အသွေးရှိ ပညာရှင်ကြီးများသည် အဘက်ဘက်မှ အလေးအနက် ထည့်သွင်း စဉ်းစားရလောက်အောင် လုံလောက်သော ခြိမ်းခြောက်မှုကို ပိုင်ဆိုင်ထားသည်။
ဤရှုထောင့်မှ ကြည့်လျှင်၊
နင်ချီ၏ ခြိမ်းခြောက် ဟန့်တားသည့် နည်းဗျူဟာများမှာ အလွန် အောင်မြင်ခဲ့သည်။
အနည်းဆုံးတော့ ရေတိုတွင်၊ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့သည် အလွန်အကျွံ လှုပ်ရှားမှုများ ပြုလုပ်ရန် မဝံ့ရဲကြတော့ပေ။ လှုပ်ရှားမှု သေးသေးမွှားမွှားများက ဆက်ရှိနေနိုင်သော်လည်း၊ အနည်းဆုံးတော့ ပေါ်ပေါ်တင်တင် အလွန် ဆိုးရွားစွာ ပြုမူကြတော့မည် မဟုတ်ပေ။
ဤအတောအတွင်း၊ ယခု အစစ်အမှန်သိုင်းတောင်၌၊
ပိုမို စည်ကားနေခဲ့သည်။
ဂိုဏ်းကို ပြန်လည် ဖွင့်လှစ်ပြီးနောက်၊
'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' သည် ယခင်ကထက် ဓားသမားများ ပိုမို ဆွဲဆောင်နိုင်ခဲ့ပြီး၊ 'တာအို တစ်သောင်း မျှော်စင်' အပေါ် သိုင်းပညာရှင်များ၏ သဘောထားမှာမူ အနည်းငယ် ရှေးရိုးဆန်နေသည်။ နောက်ဆုံးတော့၊ ၎င်းသည် မိမိ၏ ကိုယ်ပိုင် သိုင်းပညာ အထွတ်အထိပ် ကျွမ်းကျင်မှုများကို အလဲအလှယ် လုပ်ရန် လိုအပ်ရာ၊ ၎င်းက လူအများအပြားကို တုံ့ဆိုင်းစေသည်။ သို့သော် အမြဲတမ်း ပထမဆုံး စမ်းသပ်သူများ ရှိစမြဲဖြစ်ပြီး၊ ဝင်ရောက်ခဲ့သူများမှာ စိတ်လှုပ်ရှားစွာဖြင့် ထွက်လာကြသည်။
'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' သည် ကောင်းမွန်သော်လည်း၊ အမှန်တကယ်တွင် မြင့်မားသော အတားအဆီးတစ်ခု ရှိနေပြီး၊ ဉာဏ်အလင်း ပွင့်ရန် ဓားတာအို၌ ထိုးထွင်း သိမြင်မှုနှင့် အဆင့်မြင့် နယ်ပယ် နှစ်ခုလုံး လိုအပ်သည်။
သို့သော် 'တာအို တစ်သောင်း မျှော်စင်' မှာမူ ထိုသို့ မဟုတ်။
နင်ချီ၏ စီစဉ်မှု ပြီးနောက်၊ ၎င်း၏ အဆင့်များမှာ ပိုမို ထင်ရှား ကွဲပြားသွားသည်။
၎င်းထဲသို့ ဝင်ရောက်ခြင်းသည် အမြဲတမ်း အကျိုးအမြတ် ရှိသည်။
တစ်ခုအတွက် တစ်ခု လဲလှယ်ခြင်း။
အမှန်တကယ်တွင်၊ ၎င်းသည် ဘယ်တော့မှ အရှုံး မရှိပေ။
ဝင်ရောက်ခဲ့သူများ ထွက်လာကြပြီး အရူးအမူး သတင်း ဖြန့်ဝေကြရာ၊ တဖြည်းဖြည်း 'တာအို တစ်သောင်း မျှော်စင်' ထဲသို့ ဝင်ရောက်သူများ ပိုမို များပြားလာပြီး၊ အချိန်တို အတွင်းမှာပင် မျှော်စင်သည် ပြည့်ကျပ်
သွားခဲ့လေသည်။
လော့ဝမ်ထျန်းသည် သိုင်းပညာရှင်များ စနစ်တကျ ဝင်ရောက်နိုင်ရန် ကြိုတင် ပြင်ဆင်ထားသော စီမံခန့်ခွဲမှု စည်းမျဉ်းများကို ပျော်ရွှင်စွာ ထုတ်ပြန် ကြေညာလိုက်သည်။
'တာအို တစ်သောင်း မျှော်စင်' ဤမျှ လူကြိုက်များသဖြင့် သူ ဝမ်းသာနေသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ဤသည်မှာ အစစ်အမှန်သိုင်းဂိုဏ်း၏ အမွေအနှစ် ဖြစ်လာလိမ့်မည်။
ကောင်းကင်အောက်မှ သိုင်းပညာ အမျိုးမျိုးတို့ ၎င်းထံမှ ထွက်ပေါ်လာပြီး၊ ၎င်းသည် အမည်နှင့် လိုက်ဖက်သော 'တာအို တစ်သောင်း မျှော်စင်' အစစ်အမှန် ဖြစ်လာပေလိမ့်မည်။
လော့ဝမ်ထျန်းသည် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ရှိရာ ဦးတည်ရာသို့ ကြည့်လိုက်ပြီး၊ သူ၏ ကိုးယောက်မြောက် ဂျူနီယာလေး၏ ထူးချွန်မှုအတွက် ပို၍ပင် ဂုဏ်ယူလာသည်။
…တကယ်ကို မကြုံစဖူး ပါရမီရှင်လေးပဲ။ သူ့ရဲ့ အတွေးအခေါ်တွေက သာမန်လူတွေနဲ့ လုံးဝ ကွဲပြားနေတယ်။ 'ဓားသိုင်း ရှာဖွေ စံအိမ်' သာ အရင်က ဒီလို သတ္တိမျိုး ရှိခဲ့ရင်၊ ဒါဟာ ဖြစ်နိုင်တာက ပထမတန်းစား ဓားတာအို မြင့်မြတ်ရာ ဌာန ဖြစ်နေလောက်ပြီ။…
အစစ်အမှန်သိုင်းဂိုဏ်းသည် ရှင်သန် စည်ကားလျက် သာယာ ဝပြောနေသည်။
နင်ချီသည်လည်း ဝမ်းမြောက်နေပါသည်။
သူသည် 'ဓားသိုင်း ရှာဖွေ စံအိမ်' ၏ မရေမတွက်နိုင်သော မှတ်တမ်းများကို လေ့လာ ဖတ်ရှုနေပြီး၊ ၎င်းတို့တွင် လျှို့ဝှက် နည်းစနစ်များနှင့် မှတ်တမ်းများစွာ ပါဝင်ရာ၊ သူ့ကို သိသိသာသာ အကျိုးကျေးဇူး ရရှိစေသည်။
ထိုနေ့က၊ ကောင်းကင်ဘုံဓား (၃၆) လက်၏ ဖိနှိပ်မှုသည် ထန်ချုံးကို ကြောက်လန့်စေခဲ့သည်။
ထန်ချုံးခမျာ မည်သည့်အရာကိုမျှ မလွတ်ချင်ရဲဘဲ၊ မှတ်တမ်းအားလုံးကို စေ့စပ်သေချာစွာ မှတ်တမ်းတင်ခဲ့ပြီး၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သတိပြုမိ၊ မပြုမိကို လောင်းကစား မလုပ်ရဲပေ။ အရေးမကြီးဟု ထင်ခဲ့သော မှတ်တမ်း အချို့ကိုပင် မူရင်း ပုံစံအတိုင်း ယူဆောင်လာခဲ့လေသည်။
အနီးအနားရှိ 'ဉာဏ်အလင်း လက်ဖက်ပင်' မှာမူ၊ 'အစစ်အမှန်သိုင်း မက်မွန်သီး ပွဲတော်' မရောက်မီမှာပင် မမျှော်လင့်ဘဲ ထပ်မံ ကြီးထွားလာပြီး၊ ယခုအခါ နင်ချီနှင့် အရပ်တူညီနေပြီ ဖြစ်သည်။
အကြောင်းရင်းမှာ ရိုးရှင်းသည်။
ကူချန်းဟဲနှင့် 'ဓားသိုင်း ရှာဖွေ စံအိမ်' မှ အခြား 'ကောင်းကင်ဘုံ' ပုဂ္ဂိုလ်တို့၏ အလောင်းများကို ၎င်း၏ အောက်၌ မြှုပ်နှံထားပြီး၊ အာဟာရများ ပံ့ပိုးပေးနေသောကြောင့် ဖြစ်သည်။
နင်ချီ တွေးလိုက်သည်။
(ငါ 'ဓားသိုင်း ရှာဖွေ စံအိမ်' ဆီက ရတဲ့ ဒီအကျိုးအမြတ် လှိုင်းလုံးကြီးကို ချေဖျက်ပြီးသွားတာနဲ့၊ ငါ့ရဲ့ အမွေအနှစ်က အကြီးအကျယ် တိုးတက်သွားမှာ။)
ထို့အပြင်၊ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' နှင့် 'တာအို တစ်သောင်း မျှော်စင်' တို့မှ ရံဖန်ရံခါ ရရှိသော တုံ့ပြန်မှုများက သူ၏ အမွေအနှစ်ကို ယခင်ကထက် များစွာ ပိုမို လျင်မြန်စွာ ကြီးထွားစေသည်။
သို့သော် လက်ရှိတွင်..
သူ၏ အဓိက အာရုံစိုက်မှုမှာ 'ဓားသိုင်း ရှာဖွေ စံအိမ်' ၏ 'သိုင်းသူတော်စင် နယ်ပယ်' နှင့် သက်ဆိုင်သော မရေမတွက်နိုင်သည့် မှတ်တမ်းများ အပေါ်၌သာ ရှိနေသည်။ 'ဓားသိုင်း ရှာဖွေ စံအိမ်' ၏ ထောင်စုနှစ်ချီ ရှည်လျားသော အမွေအနှစ်တွင် သဲလွန်စ အချို့ ပါဝင်နေနိုင်ပေသည်။
နင်ချီသည် စိတ်ရှည်လက်ရှည် လေ့လာ ဖတ်ရှုနေတော့သည်။