← Chapters

အားလုံး အကျိုးအမြတ်ရရှိကြပြီး၊ ဓားမ မိစ္ဆာ ပေါ်ထွက်လာခြင်း (၂)

Vol. 16 Ch. 226

အားလုံး အကျိုးအမြတ်ရရှိကြပြီး၊ ဓားမ မိစ္ဆာ ပေါ်ထွက်လာခြင်း (၂)

Vol. 16 Ch. 226

~နင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့ဗျာ"

သူ ဘာလို့များ တာအိုသိုင်းကျမ်းတွေ၊ ရှေးဟောင်းစာပေတွေ၊ ပြီးတော့ တောင်စဉ်ရေမရ အသိပညာတွေကို ခေါင်းထဲမှာ အသည်းအသန် စုပြုံ၍ ထည့်နေရပါသလဲ။

ဒါတွေ အားလုံးက သူ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့၊ နောင်တစ်ချိန် ဉာဏ်အလင်းပွင့်လာသည့် အခါ အားကောင်းမောင်းသန် ဖြစ်စေဖို့ 'အစာ' တွေ ကျွေးထားတာ မဟုတ်ပါလား။

သို့သော် တစ်ခု ရှိတာက၊ သူ အသိပညာ စုဆောင်းသော နှုန်းက သာမန်လူတွေထက် အများကြီး မြန်ဆန်နေလေ၏။ အင်း။ ဒီအကြောင်းကိုတော့ တခြားလူတွေ ဘယ်လိုမှ တွေးတောင် တွေးကြည့်နိုင်မှာ မဟုတ်ပါပေ။

နင်ချီက လက်နှစ်ဖက်ကို ဖြန့်လိုက်ရင်း ပြောလေသည်။

"ဒါပေမဲ့ဗျာ၊ အစ်ကိုတို့တွေ အသိပညာ အလုံအလောက် စုမိသွားရင်တောင် သောက်စရာ ဉာဏ်အလင်း လက်ဖက်ခြောက်က ရှိမှာ မဟုတ်တော့ဘူး"

"ဒီနှစ်အတွက်က ဒီလောက်ပဲ ထွက်တာ ၊ဆရာ့အတွက်လည်း ချန်ပေးရဦးမယ်လေ ၊မဟုတ်လို့ရှိရင် 'ကျေးဇူးကန်းတဲ့ တပည့်တွေ' ဆိုပြီး ကျွန်တော်တို့တွေ ဂိုဏ်းက နှင်ထုတ်ခံနေရပါဦးမယ်၊ ဟီး"

ထိုအခါ အားလုံးက ဉာဏ်အလင်း လက်ဖက်ပင်၏ အရွက်ပြောင်တလင်း ဖြစ်နေသော အဖျားလေးကို ကြည့်ရင်း တဟားဟား အော်ရယ်ကြတော့၏။

"တစ်နှစ်လောက် ကောင်းကောင်း စုထားလိုက် ၊နောက်နှစ်ကျမှ ထပ်သောက်တာပေါ့ကွာ ၊မင်းအတွက်လည်း မျှပြီး စဉ်းစားပေးပါ့မယ်ကွ၊ အဟဲ"

ထိုအခါ နင်ချီက ပြုံးလိုက်သည်။

နောက်နှစ်ဆိုရင်တော့ ဒီထက်ပိုထွက်လောက်ပါရဲ့ ။ ထိုအခါကျလျှင်တော့ အားလုံးကို နည်းနည်းစီ ဝေပေး၍ ရလောက်ပါရဲ့လေ။

သို့သော် ကျန်းပိုင်ရှန်း၏ မျက်ဝန်းများမှာမူ ရုတ်တရက် မှိုင်းကျသွားခဲ့သည်။

နောက်နှစ်…။ ငါ ..နောက်နှစ်ကျရင် ဒီလက်ဖက်ရည်ကို သောက်ခွင့်ရပါဦးမလား။

ထိုအခိုက်အတန့်မှာ လော့ဝမ်ထျန်းက သူ၏ပခုံးကို ပုတ်လိုက်ရင်း အားပေးသည့်အပြုံးဖြင့် ကြည့်၏။

ကျန်းပိုင်ရှန်းသည် အစ်ကိုကြီး၏ မျက်လုံးထဲမှ အားပေးမှုကို မြင်သောအခါ၊ သူ၏ နှုတ်ခမ်းများ တဖြည်းဖြည်း ပြန်လည် ကွေးတက်လာခဲ့သည်။ ထို့နောက် ခေါင်းကိုသာ အားပါပါ ညိတ်ပြလိုက်တော့သည်။

စကားလုံးတို့ မလိုအပ်တော့ပါချေ။

"အစ်ကိုငါး ဂရုစိုက်ပါ"

နင်ချီသည် ထွက်ခွာသွားသော သူတို့၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ခိုးချမိသည်။

ငါ လုပ်ပေးနိုင်တာတော့ ဒါအကုန်ပဲ။ ကျန်တာကတော့ ကံတရားပဲ။

---

နောက်တစ်နေ့၊

ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့သည် စာတစ်စောင်ကိုသာ ချန်ထားခဲ့လျက်၊ မည်သူ့ကိုမှ အသိမပေးဘဲ တိတ်တဆိတ် တောင်အောက်သို့ ဆင်းသွားခဲ့ကြသည်။ တောင်ခြေသို့ ရောက်သောအခါ

ကျန်းပိုင်ရှန်းသည် တိမ်ပင်လယ်ထဲသို့ တိုးဝင်နေသော အစစ်အမှန်သိုင်းတောင်တော်ကြီးကို လှည့်ကြည့်မိ၏။

သူ၏ နှလုံးသားတစ်ခုလုံး ကွဲကြေမတတ် ခံစားရပြီး မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။ သူသည် အစစ်အမှန်သိုင်းတောင်တော် ရှိရာဘက်သို့ ဒူးထောက်လိုက်ပြီး၊ ဦးသုံးကြိမ်တိုက်၍ အရိုအသေပေးလိုက်လေ၏။

လင်ရူဟွာက ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်သည်။ သူမ သူ့ကို ပွေ့ဖက်ထားလိုက်၏။ ဤ တခဏတာ အတူရှိခဲ့သည့် အချိန်လေးအတွင်းမှာပင် ကျန်းပိုင်ရှန်း၏ ခံစားချက်ကို သူမ အပြည့်အဝ နားလည်ခဲ့လေပြီ။

"သွားကြစို့"

ကျန်းပိုင်ရှန်း၏ အသံက အေးစက် တည်ငြိမ်သွားသည်။

ငါမုန်းတယ်။ ငါ့ရဲ့ အင်အားမရှိမှု ၊ငါ့ရဲ့ အသုံးမကျမှုကို ငါမုန်းတယ်။

အကယ်၍သာ ၊အကယ်၍သာ ..ငါက မဟာယန် သိုင်းသူတော်စင်ကြီးလောက် အစွမ်းထက်ခဲ့မယ်ဆိုရင် ငါ့အနေနဲ့ မိစ္ဆာဂိုဏ်းက တခြားလူတွေကို ရင်ဆိုင်ဖို့ ဒီလိုရွေးချယ်မှုမျိုး လုပ်ခဲ့ရမှာ မဟုတ်ဘူး။

သူ၏ ရင်ထဲတွင် စွမ်းအားအပေါ် တောင့်တမှုသည် ယခင်ကထက် အဆပေါင်းများစွာ ပြင်းထန်လာခဲ့တော့သည်။

ခဏအကြာ၌၊

ညင်သာသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့၏။

တာအိုဆရာလုံရှန်း၏ ပုံရိပ်သည် ထိုနေရာတွင် ပေါ်ထွက်လာသည်။

သူသည် ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ကျန်းပိုင်ရှန်းက သူ့ကို မနှိုးဆော်ဘဲ တိတ်တဆိတ် ထွက်သွားနိုင်မည်ဟု ထင်နေပါသလား။

ထွက်ခွာသွားသော ကျန်းပိုင်ရှန်း၏ ကျောပြင်ကို ကြည့်ရင်း၊ သူ၏ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။

..ဒီတစ်ခါ ထွက်သွားခြင်းက တစ်သက်လုံး ပြန်မတွေ့ရတော့တာမျိုး ဖြစ်သွားနိုင်တယ်။..

နင်ချီလည်း ထွက်လာခဲ့သည်။ တာအိုဆရာလုံရှန်း၏ ဘေးတွင် ကပ်ရပ်လိုက်ပြီး အဝေးရှိ အရိပ်နှစ်ခုကို ကြည့်နေ၏။

ထို့နောက် သူက ဆရာဖြစ်သူအား နှစ်သိမ့်လိုက်သည်။

"ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် အစ်ကိုငါးကို သက်စောင့် စ္စည်း နည်းနည်းပါးပါး ထည့်ပေးလိုက်ပါတယ်။ သူတို့ရဲ့ လုံခြုံရေးအတွက်တော့ ပြဿနာမရှိလောက်ပါဘူး။ ဒါက ခဏတဖြုတ် ခွဲခွာခြင်းပါပဲ။ ဒီကိစ္စတွေ ပြီးသွားရင် ပြန်ဆုံရမယ့် အချိန်တစ်ခုတော့ ရှိလာမှာပါ"

တာအိုဆရာလုံရှန်းသည် သူ၏ ရင်ထဲမှ ဝမ်းနည်းမှုများကို တဖြည်းဖြည်းချင်း ဖိနှိပ်လိုက်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

ဟုတ်သည်။ ဒီအချိန်ကစပြီး၊

ဒီအန္တရာယ်ကို ကျော်ဖြတ်နိုင်ဖို့ နည်းလမ်း တစ်ခု ရှာရတော့မည်။

---

ထိုနေ့မှစ၍၊

နင်ချီ၏ ဘဝသည် တည်ငြိမ် အေးချမ်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့၏ ခြိမ်းခြောက်မှုများက သူ့ကို ရည်ရွယ်ချက်ရှိရှိ တွန်းအားပေးနေခဲ့၏။

သို့ရာတွင်၊ လော၍ မရပါ။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး အင်အားကြီးအောင် လုပ်ထားဖို့က အရေးကြီးဆုံးပါပင်။

နေ့စဉ် 'စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်' ကျင့်ကြံခြင်းအပြင် နင်ချီသည် သိုင်းကျမ်းများ လေ့လာခြင်းနှင့် ဉာဏ်အလင်းပွင့်ရန် တွေးတောဆင်ခြင်ခြင်းကို အာရုံစိုက်ခဲ့သည်။ ရံဖန်ရံခါ 'ဝူကျန်းဟဲ' ချန်ထားခဲ့သော ငွေရောင်စာမျက်နှာများကို ထုတ်၍ တွေးတောသုံးသပ်တတ်၏။

သိုင်းသူတော်စင် နည်းစနစ်၏ ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွက်ဆကြည့်သည်။ ဤသည်မှာ အနာဂတ် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပြီး၊ သိုင်းသူတော်စင်ကို ပိုမိုနားလည်စေရန်နှင့် ကိစ္စရပ်များကို ပိုမို လွယ်ကူစွာ ကိုင်တွယ်နိုင်ရန် ကြိုးစားခြင်းလည်း ဖြစ်သည်။

ထပ်လောင်း ပြောရလျှင်၊

သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တတ်နိုင်သလောက် ကြောက်စရာကောင်းအောင် လျှို့ဝှက်နည်းစနစ် အမျိုးမျိုးကိုလည်း ပိုမို ပြည့်စုံအောင် လေ့ကျင့်နေခဲ့သည်။

ကာကွယ်ရေး နည်းစနစ်ဖြစ်သည့် ‘စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ် နည်းစနစ်'ကို နင်ချီ အလွန် တန်ဖိုးထား၏။

အရင်တုန်းက ရင်ဆိုင်ခဲ့ရတာတွေက ကွာဟချက် အရမ်းများသည်။ အများစုက ကိုယ်က တစ်ဖက်လူကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်ခဲ့တာချည်းပဲ။ 'စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်' ဆိုတာ 'ကောင်းကင်ဘုံ' က မိုးကြိုးကို ခံရတုန်းကလောက်ပဲ သုံးခဲ့ရပါ၏။

သို့သော်၊ ဒီတစ်ခါတော့ မတူတော့ပါချေ။

တကယ်လို့များ သိုင်းသူတော်

စင်အဆင့်နှင့် တကယ် ရင်ဆိုင် တိုက်ခိုက်ရပြီဆိုလျှင် ဒီလို ကိုယ်ရံတော် လျှို့ဝှက်နည်းစနစ်က အသက်ပင်။ အရေးကြီးသည့် အခိုက်အတန့်မှာ အခြေအနေကိုတောင် ပြောင်းပြန်

လှန်ပစ်နိုင်လေသည်။

နင်ချီသည် 'ဓားသိုင်းရှာဖွေ စံအိမ်' မှ သိုင်းကျမ်းများစွာ၏ အနှစ်သာရကို စုပ်ယူလိုက်သည်။ သူ၏ ဓားစိတ်ဆန္ဒ ကို ပေါင်းစပ်ထည့်သွင်းပြီး 'စိမ်းပြာ နက်နဲခြင်း ကိုယ်အကာအကွယ် နည်းစနစ်' ကို ပိုမို အဆင့်မြှင့်တင်ရန် မျှော်လင့်ထား၏။

..ဟုတ်တယ် ။ လက်ရှိ ငါ ကျွမ်းကျင်သမျှထဲမှာ ဓားသိုင်းလမ်းစဉ်က အပြင်းဆုံးပဲ။

ဓားဆိုတာ တိုက်ခိုက်ဖို့ တစ်ခုတည်း သုံးလို့ ရတာမှ မဟုတ်တာ။

တခြားအရာတွေနဲ့ ပေါင်းစပ်နိုင်ရင် ကာကွယ်ရေးအတွက်လည်း သုံးလို့ရရမှာပေါ့။

—----

တစ်နေ့ ပြီး တစ်နေ့နှင့်၊

အချိန်တို့သည် ဤသို့ပင် ကုန်လွန်ခဲ့သည်။

ထိုသို့ဖြင့် နေ့တစ်နေ့သို့ ရောက်သောအခါ၊

ချန်ရှင်းသည် မြောက်ပိုင်း လူရိုင်းနယ်မြေမှ ပြန်ရောက်လာခဲ့၏။ သူမသည် 'မြို့စောင့်မြောက်ပိုင်းဘုရင်' ထံမှ အကြောင်းပြန်စာကို ယူဆောင်လာခဲ့သည့်အပြင်

လူတစ်ယောက်ကိုပါ အတူတကွ ခေါ်ဆောင်လာခဲ့သည်။

ထိုသူမှာ'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'' ပင် ဖြစ်လေသည်။

---

အစစ်အမှန်သိုင်း ခန်းမဆောင် အတွင်း၌၊

တာအိုဆရာလုံရှန်းနှင့် လော့ဝမ်ထျန်းတို့က ထိုသူနှစ်ဦးကို ကြိုဆိုနေကြသည်။

" 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်' နဲ့ စီနီယာ ချန်ရှင်းကို ကြိုဆိုပါတယ် ခင်ဗျာ"

ထိုသို့ လော့ဝမ်ထျန်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

တစ်ယောက်က မြို့စောင့်မြောက်ပိုင်းဘုရင် စံအိမ်က ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူ။

နောက်တစ်ယောက်က 'ကောင်းကင်ဘုံလူသား အဆင့်စာရင်း' မှာ ပါသည့် ပုဂ္ဂိုလ်ကြီး။

တကယ်လို့သာ သူက အစစ်အမှန်သိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် မဖြစ်ခဲ့လျှင် ဒီနေရာမှာ ရပ်ပြီး သူတို့နှင့် စကားပြောခွင့်တောင် ရမှာ မဟုတ်ပါ။

သို့သော် 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'က ပြုံးလျက် ပြန်လည် အရိုအသေပေးလာသည်။

"ဂိုဏ်းချုပ်လော့က အလွန်အမင်း ယဉ်ကျေးနေပါပြီ"

"စစ်မှန်သူ.. နေကောင်းပါရဲ့လား ခင်ဗျာ"

ထိုအခါ တာအိုဆရာလုံရှန်းက ညင်သာစွာ ပြုံးလိုက်၏။

"'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'ကတော့ ထူးခြား ထင်ပေါ်နေဆဲပါပဲ။ စစ်သူကြီးချုပ်' 'မိစ္ဆာအိုကြီး လင်' ကို ခေါင်းဖြတ်ခဲ့တဲ့ ခန့်ညားထည်ဝါပုံကို ကျွန်တော် အခုထိ မှတ်မိနေတုန်းပဲ။ အဲ့ဒီကတည်းကဆိုရင် နှစ်နှစ်ကျော်တောင် ရှိသွားပြီပေါ့ နော်"

သူ မှတ်မိသေးသည်။ လွန်ခဲ့သည့် နှစ်နှစ်တုန်းက 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'က မိုးပေါ်မှာ ပျံဝဲနေခဲ့၏။ အစစ်အမှန်သိုင်းဂိုဏ်းအပေါ် ရန်လိုစိတ် မပြခဲ့သော်လည်း သို့ဆိုစေကာမူ၊ အဆင့်အတန်းချင်းက မတူခဲ့ပေ။

ယခု အစစ်အမှန်သိုင်းတောင်ပေါ်ကို ပြန်ရောက်လာသည့် အခါမှာတော့ 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'က အလွန်အမင်းကို ယဉ်ကျေးနေပါရောလား။

ဒါ ဘာကြောင့်လဲဆိုတာ သူ ကောင်းကောင်းကြီး သိတာပေါ့။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ..ကိုးလေးရဲ့ လက်ရှိ ဂုဏ်သတင်းက တကယ်ကို ကြီးမားလွန်းနေပြီ

လေ။

ထိုစဉ် 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'က ခါးသက်စွာ ရယ်မောရင်း လက်ကို ယမ်းပြလိုက်သည်။

"စစ်မှန်သူ ကျွန်တော့်ကို မလှောင်ပါနဲ့ဗျာ။ အဲ့ဒီတုန်းကသာ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က ဝင်တိုက်ဖို့ ဆန္ဒရှိခဲ့မယ်ဆိုရင် ကျွန်တော့်မှာ ဘယ်လိုလုပ် ဂုဏ်ယူစရာ အခွင့်အရေး ရှိခဲ့မှာလဲ"

ထိုစဉ်တုန်းက 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဆိုတာ သူ့ထက် နိမ့်ကျသည်ဟု ထင်ခဲ့‌လေသည်။

သို့သော်၊ ထပ်ခါတလဲလဲ ဖြစ်လာသော အချက်အလက်တွေက သူကိုယ်တိုင်က 'ရေတွင်းထဲက ဖားသူငယ်' တစ်ကောင် ဖြစ်နေခဲ့မှန်း သက်သေပြသွားခဲ့လေ၏။

အထူးသဖြင့် 'မီးလျှံသိုင်း စစ်သူကြီးချုပ်'' နှင့် စကားပြောပြီးသည့် နောက်မှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ထူးခြားမှုကို 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်’ တကယ် သဘောပေါက်သွားခဲ့ပါသည်။

အခုတော့ သူက အစစ်အမှန်သိုင်းဂိုဏ်းကို အလွန်အရေးပါသည့် အဆင့်အတန်း တစ်ခုအနေနှင့် သတ်မှတ်လိုက်လေပြီ။

All Chapters