← Chapters

ဓားရိုးသာ ရှိသော ဓားတစ်လက်နှင့် သုံးသပ်ချက်များ (၂)

Vol. 16 Ch. 229

ဓားရိုးသာ ရှိသော ဓားတစ်လက်နှင့် သုံးသပ်ချက်များ (၂)

Vol. 16 Ch. 229

~နင်ချီသည် ညင်သာစွာ ပြုံးလိုက်ပြီး လော့ဝမ်ထျန်းအား နှစ်သိမ့်လိုက်သည်။

"အစ်ကိုကြီး စိတ်မပူပါနဲ့။ ရန်သူ စစ်တပ်လာရင် ဗိုလ်ချုပ်နဲ့ တန်ပြန်တိုက်မယ်၊ ရေလာရင် မြေနဲ့ ကာရိုးပေါ့ဗျာ။"

နှစ်လ သို့မဟုတ် သုံးလခန့် ကြာမြင့်သွားခဲ့၏။ နင်ချီ၏ အင်အားသည် ပိုမို တိုးတက်လာခဲ့ပြီး၊ သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်နှင့် ပို၍ပင် နီးကပ်လာခဲ့လေသည်။ ယခုအခါတွင် သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်၌ အမှန်တကယ်ပင် အရှုံးမရှိသူဟု ဆိုနိုင်ပေသည်။ ဓားမ မိစ္ဆာသည် ကောင်းကင်ဘုံလူသား နယ်ပယ်တွင်သာ ဆက်ရှိနေသမျှ ကာလပတ်လုံး သူက မကြောက်ရွံ့ခဲ့ချေ။

အကယ်၍ ဓားမ မိစ္ဆာ၏ လှုပ်ရှားမှုများက ပိုမို နှေးကွေးခဲ့ပြီး၊ မိမိက နောက်တစ်ကြိမ် စိန်ခေါ်မခံရမီ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပါမူ၊ သည်းထိတ်ရင်ဖို ဖြစ်စရာပင် ပို၍ နည်းပါးသွားပေလိမ့်မည်။

သို့သော်၊ သူက ဒီ ဓားမ မိစ္ဆာ ဆိုသည့် လူနှင့် တွေ့ဆုံဖို့ကို နည်းနည်း မျှော်လင့်နေမိသလိုပင်။ ဖြစ်နိုင်တာက ဒါက သူ့အတွက် ဉာဏ်အလင်း

တချို့တောင် ပေးကောင်း

ပေးနိုင်သည်ပင်။

လော့ဝမ်ထျန်းသည် ဤစကားကို ကြားသောအခါ၊ သူ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် အနည်းငယ် အံ့ဩသွားခဲ့ပြီး၊ နင်ချီ၏ အစွမ်းအစကို ပိုမို နားလည်သွားသလို ခံစားလိုက်ရ၏။

'ကိုးလေးက ဒီလိုမျိုး ပြောလာမှတော့ သူ တော်တော်လေး ယုံကြည်မှု ရှိနေပုံပဲ'

"ဒါဆိုရင်တော့ ကျွန်တော်လည်း စိတ်အေးရပါပြီ။ ဓားမ မိစ္ဆာရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော် ဆက်ပြီး စောင့်ကြည့်နေပါ့မယ်။ သတင်းတစ်စုံတစ်ရာ ရတာနဲ့ ချက်ချင်း အကြောင်းကြားပါ့မယ်။" လော့ဝမ်ထျန်းက ဆိုသည်။

နင်ချီက ခေါင်းညိတ်လိုက်၏။

"အစ်ကိုကြီး မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်ကို စစ်ဆင်ရေးတွေ လုပ်နေတာ ဘယ်လို အခြေအနေ ရှိပြီလဲ။"

လော့ဝမ်ထျန်းသည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ဆို၏။

"ဒီရက်ပိုင်းတွေမှာတော့ ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းက တပည့်တွေ နောက်ပြန်ဆုတ်လာကြပြီ။ အများစုကတော့ အစစ်အမှန်သိုင်းတောင်ပေါ်မှာပဲ ကျင့်ကြံနေကြတာ၊ တပည့်ရင်း အနည်းငယ်ကိုတော့ တော်ဝင်နန်းတော်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ဖို့ စေလွှတ်ထားတယ်။ ဒီလပိုင်းတွေ အတွင်းမှာတော့ တကယ်ပဲ အကျိုးအမြတ် တချို့တော့ ရခဲ့ပါတယ်။"

"တောင်ပိုင်းနယ်စပ်က ခံတပ်စခန်း အတော်များများ တိတ်တဆိတ် ဖျက်ဆီးခံလိုက်ရတယ်။ ဒါပေမဲ့ မိစ္ဆာဂိုဏ်းရဲ့အကူအညီနဲ့ တောင်ပိုင်းနယ်စပ်ကလည်း သတိရှိသွားပြီး၊ 'သွေးဘုရင် ကူ'ရဲ့ သဲလွန်စ တစ်စမှ ရှာမတွေ့ခဲ့ဘူး။"

"မိစ္ဆာဂိုဏ်းနဲ့ ပတ်သက်လို့ကတော့ တော်ဝင်နန်းတော်က 'ဆန်းပြားသားရဲတွေရဲ့ အတွင်းအမြုတေ' ဆိုတဲ့ သဲလွန်စနောက်ကို လိုက်ရင်း မှောင်ခို ဈေးကွက် လေလံပွဲတွေလို လမ်းကြောင်းတွေကနေတဆင့် မိစ္ဆာဂိုဏ်းရဲ့ ခံတပ်စခန်း တချို့ကို ခြေရာခံမိခဲ့တယ်။ မိစ္ဆာဂိုဏ်းရဲ့ သိုင်းသူတော်စင် နည်းစနစ်က ဒါနဲ့ ပတ်သက်နေတာ ၊ဒါပေမဲ့ မိစ္ဆာဂိုဏ်းက သိပ်ကို သတိကြီးတယ်။ ဆန်းပြားသားရဲ အတွင်းအမြုတေ အများစုက 'တောင်တစ်သိန်း'ကနေ နေရာရွှေ့ပြောင်းပြီးလောက်ပြီ ထင်တယ်။"

ထိုသတင်းအား ကြားလိုက်ရသောအခါ နင်ချီသည် တွေးတွေးဆဆ ဖြစ်သွားသည်။

ရလဒ်တွေက မကောင်းဘူးဟုလည်း မဆိုနိုင်သလို ကောင်းသည်ဟုလည်း ပြော၍ မရပါ။ အတိုင်းအတာ တစ်ခုအထိတော့ အဖွဲ့ နှစ်ဖွဲ့လုံး၏ တိုးတက်မှုကို နှောင့်နှေးစေခဲ့သည်။ သို့ရာတွင်၊ အရေးကြီးသည့် အကျိုးအမြတ်တော့ ဘာမှမရခဲ့ပါချေ။

သို့သော်၊ ဒါကို သူက ကြိုတွေးပြီးသားပါ။ မိစ္ဆာဂိုဏ်းက နှစ်ပေါင်း တစ်ထောင်လောက် ကြံစည်လာခဲ့သည်မို့၊ အလွန်အမင်း သတိကြီးနေမှာ အသေအချာပါပင်။

ထို့အပြင် သူတို့က မဟာယန်နှင့် နှစ်ပေါင်းများစွာ ရောထွေးပြီး နေလာခဲ့သည်က ကိုင်တွယ်ရ လွယ်ကူသည် မဟုတ်ပေ။

နင်ချီက ညင်သာစွာ ဆိုလိုက်သည်။

"မိစ္ဆာဂိုဏ်းကို ကိုင်တွယ်ရ ခက်နေတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့ တောင်ပိုင်းနယ်စပ်ကို ပိုပြီး အာရုံစိုက်ကြည့်ရအောင်။ ပြီးတော့ 'သွေးဘုရင် ကူ' တစ်ကောင် နှစ်ကောင်လောက် လက်ထဲ ရအောင် ယူနိုင်မလားပဲ"

နင်ချီက ဆက်လက် အကြံထုတ်နေခဲ့၏။

'ငါသာ 'သွေးဘုရင် ကူ' တစ်ကောင်လောက် ထပ်ရခဲ့ရင် အဲ့ဒါကို သုံးပြီး တခြား 'သွေးဘုရင် ကူ' တွေရဲ့ နေရာကို အာရုံခံလို့ ရနိုင်မလား၊ ပြီးတော့ သူတို့ကို ခြေရာခံရင်း

တောင်ပိုင်းနယ်စပ်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်လို့ ရနိုင်မလားပဲ'

'အရင်တုန်းကတော့ ငါ 'သွေးဘုရင် ကူ' နှစ်ကောင် ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက အင်အား မလုံလောက်သေးတော့ တောင်ပိုင်းနယ်စပ်ကလူတွေနဲ့ ထိပ်တိုက်တွေ့မှာ ကြောက်လို့ ချက်ချင်း သန့်စင်ပစ်လိုက်ရတယ်။ အခုတော့ တောင်ပိုင်းနယ်စပ်က 'သွေးဧကရာဇ် ကူ'တွေကို ပျိုးထောင်တဲ့ နေရာကိုပါ ငါ ရှာချင်နေပြီ'

'တိုက်ခိုက်တာနဲ့ ကာကွယ်တာ နေရာ ပြောင်းပြန် ဖြစ်သွားတာက ဘာမှ မဟုတ်ဘူး။ အကောင်းဆုံး ကာကွယ်ရေးဆိုတာ တိုက်ခိုက်ရေးပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ အင်အားကြီးနေပါစေ၊ ရန်သူကိုမှ ရှာမတွေ့ရင် လေထဲ ထိုးနေရသလိုပဲ ဖြစ်နေမှာ'

လော့ဝမ်ထျန်းသည် လေးနက်စွာ ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ။ ဒီကိစ္စကို အစ်ကိုကြီး 'နတ်ဘုရားငှက်မွှေး စစ်သူကြီးချုပ်'' တို့ကို အကြောင်းကြားလိုက်ပါ့မယ်။"

နင်ချီက အဘယ်ကြောင့် ၎င်းကို လိုအပ်သည်ကို လော့ဝမ်ထျန်းသည် ပြန်မမေးခဲ့ပေ။

ကိုးလေးက ဒါကို ပြောလာမှတော့ ဒါက အသုံးဝင်လို့ပဲ ဖြစ်ရမည်။ သူ့ကို ယုံကြည်လိုက်တာက အကောင်းဆုံးပင်။

နင်ချီကို ဆက်လက် မနှောင့်ယှက်တော့ဘဲ၊ လော့ဝမ်ထျန်းသည် မကြာသေးမီက အခြေအနေများအကြောင်း ပြောဆိုဆွေးနွေးပြီးနောက် ထွက်ခွာသွားခဲ့သည်။

သူ သိသည်မှာ ယခု အစစ်အမှန်သိုင်းဂိုဏ်းက လုပ်ဆောင်နေသမျှ အရာအားလုံးသည် နင်ချီကို ထောက်ပံ့ပေးနေရုံ သက်သက်သာ ဖြစ်ပြီး၊ တကယ့် သော့ချက်သည် နင်ချီထံတွင်သာ ရှိနေခြင်း ဖြစ်သည်။

နင်ချီသည် လော့ဝမ်ထျန်း၏ ကျောပြင်ကို ကြည့်ရင်း ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကာ၊ ဤ သေးငယ်သော အဖြစ်အပျက်လေးကို ဘေးဖယ်လိုက်လေသည်။

'ဓားမ မိစ္ဆာရဲ့ ကိစ္စကတော့ တကယ်ကို သတင်းကြီးနေတာပဲ။ ဒါပေမဲ့ သူ တကယ် အစစ်အမှန်သိုင်းတောင်ပေါ် ရောက်လာတယ် ဆိုဦးတော့ ငါ့အပေါ်မှာတော့ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး'

လက်ရှိ အရေးအကြီးဆုံး တာဝန်မှာ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တတ်နိုင်သမျှ အမြန်ဆုံး တက်လှမ်းရန်သာ ဖြစ်နေဆဲတည်း။

နင်ချီသည် 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်'ကို လည်ပတ်လိုက်ရာ၊ ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားနှင့် ပဲ့တင်ထပ်သွားပြီး၊ 'မဟာ စိတ်ဝိညာဉ် သန့်စင်ခြင်း'အား ပုံဖော်လိုက်

တော့သည်။

ယနေ့ အချိန်ထိ၊ 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' သည် နင်ချီအတွက် အသက်ရှူခြင်း၊ ရေသောက်ခြင်းကဲ့သို့ပင် ရိုးရှင်းနေခဲ့ပြီ ဖြစ်၏။

သူ မူလအမြုတေ နယ်ပယ်သို့ ခြေချပြီး စိတ်ဝိညာဉ်ကို စတင် သန့်စင်ခဲ့သည့် အချိန်မှစ၍ ရှာဖွေ တွေ့ရှိခဲ့သည်မှာ သူ၏ 'ဝိဉာဥ်'က ပို၍ အစွမ်းထက်လာလေလေ၊ 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' မှတစ်ဆင့် သူ ထိန်းချုပ်နိုင်သည့် 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား'က ပို၍ အစွမ်းထက်လာလေလေပင် ဖြစ်၏။ ထို့ကြောင့်ပင် သူ၏ အင်အားသည် အဆက်မပြတ် ကြီးထွားလာနေခြင်း ဖြစ်သည်။

နင်ချီသည် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ရောက်ရှိပြီးနောက်ပိုင်း ကျင့်ကြံခြင်းအကြောင်းကို တွေးတော ဆင်ခြင်ရင်း သူ၏ စိတ်ဝိညာဉ်ကို သန့်စင်နေခဲ့၏။

သူသာ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ခြေချပြီးသည့် နောက်၌ပင် ယခုကဲ့သို့ နယ်ပယ်ကျော်လွှားနိုင်သည့် စွမ်းရည်ကို ဆက်လက် ထိန်းသိမ်းထားလိုပါက ၎င်းသည် လွယ်ကူမည် မဟုတ်ဘဲ၊ အတော်ပင် ကြိုးစား အားထုတ်ရပေလိမ့်မည်။

သူ၏ အင်အားက နယ်ပယ်တူများထက် အများအပြား သာလွန်ပြီး ကောင်းကင်ဘုံလူသားများကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်သည့် အကြောင်းရင်းမှာ ပထမ တစ်ချက်အနေဖြင့် အခြေခံအုတ်မြစ်က အလွန်အမင်း ခိုင်မာလွန်းနေသောကြောင့် ဖြစ်သည်။ ရုပ်ခန္ဓာကိုယ်ပင် ဖြစ်စေ၊ 'ချီစွမ်းအင် အနှစ်သာရ'ပင် ဖြစ်စေ သာမန်လူများ လုံးဝ မရရှိနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေ၏။

ဒုတိယ အဓိက အချက်မှာ 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်'ရှိနေခြင်း ဖြစ်သည်။ ၎င်းက သူ့အား ကောင်းကင်ဘုံလူသား နယ်ပယ်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ကြိုတင် ထိန်းချုပ်ခွင့် ပေးထားခဲ့၏။ ထိုသို့ဖြင့် သူတို့နှင့် တစ်စိတ်တစ်ပိုင်း ခြေရာတူ လိုက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တက်လှမ်းသွားသည့် အခါ၌မူ အခြေအနေများက မတူညီတော့ပေ။ 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' သည် အားသာချက် တစ်ခု ဖြစ်တော့မည် မဟုတ်ချေ။ နင်ချီသည် သူ၏ အလွန်အမင်း ခိုင်မာသော အခြေခံအုတ်မြစ်နှင့် အစွမ်းထက်သည့် လျှို့ဝှက်နည်းစနစ်များကိုသာ အားကိုးရပေတော့မည်။

သို့ဖြစ်လျှင် ထိုအခါ၌ ကောင်းကင်ဘုံလူသား နယ်ပယ်တွင် ရှိနေသည့် သူသည် သိုင်းသူတော်စင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်မည်လော။

နင်ချီသည် သူ၏ စိတ်ထဲတွင် မေးခွန်းအမှတ်အသားတစ်ခုကို ခေတ္တ ချန်ထားလိုက်သည်။

ကောင်းကင်ဘုံလူသား နယ်ပယ်သို့ တက်လှမ်းပြီးနောက်၊ သူ၏ အခြေခံအုတ်မြစ်နှင့်အတူ၊ သူ ပဲ့တင်ထပ်စေမည့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် တွေးတော ကြည့်၍ပင် မရနိုင်လောက်အောင် များပြားမည် ဖြစ်ပြီး၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားကိုလည်း မြင့်တက်စေမည်မှာ ယုံမှားဖွယ် မရှိပါချေ။ သို့တိုင် ၎င်းက ကောင်းကင်ဘုံလူသား နယ်ပယ်နှင့် သိုင်းသူတော်စင် နယ်ပယ်ကြားမှ ကွာဟချက်ကို ပေါင်းကူးပေးနိုင်မည်၊ မပေးနိုင်မည်ကိုမူ မသေချာသေးပေ။

သိုင်းသူတော်စင် ဆိုသည်မှာ 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' ကို ကိုယ်ပိုင် အသုံးပြုရန် သန့်စင်ခြင်း ဖြစ်၏။ ဤသည်မှာ စွမ်းအား၏ သဘာဝကိုက လုံးဝ ခုန်ကျော် ပြောင်းလဲသွားခြင်း ဖြစ်သည်။ အရည်အသွေး ကွာဟချက်ကို အစားထိုးရန် ၎င်းကို အရေအတွက် ဖြင့်သာ ဖြည့်စွမ်းရပေမည်။

ထို့ကြောင့် သူ၏ ချဉ်းကပ်ပုံမှာ မိမိကိုယ်မိမိ 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' များကို တတ်နိုင်သမျှ အများဆုံး ထိန်းချုပ်နိုင်အောင် ပြုလုပ်ရန် ဖြစ်သည်။

အကယ်၍ ကောင်းကင်ဘုံလူသား အဆင့် ပြည့်စုံခြင်း နယ်ပယ်က ထိန်းချုပ်နိုင်သည့် စွမ်းအားထက် ဆယ်ဆ၊ ရာဆ၊ ထောင်ဆ အထိ သူက သာလွန်အောင် ထိန်းချုပ်နိုင်ခဲ့မည် ဆိုလျှင် ထိုအလုံးအရင်း အရေအတွက်ဖြင့် ဖိနှိပ်ပစ်နိုင်ရန် အဘယ်ကြောင့် စိုးရိမ်နေရမည်နည်း။

All Chapters