← Chapters

အဆုံးစွန် တိုက်ပွဲ၏ ပြိုင်ဘက်နှင့် နှစ်ဖက် လျှို့ဝှက် ဆွေးနွေးမှုများ

Vol. 16 Ch. 231

အဆုံးစွန် တိုက်ပွဲ၏ ပြိုင်ဘက်နှင့် နှစ်ဖက် လျှို့ဝှက် ဆွေးနွေးမှုများ

Vol. 16 Ch. 231

~အစစ်အမှန်သိုင်းတောင်၌ ၊

ယခင်က မကြုံစဖူးသော လှုပ်ရှားစည်ကားမှုများ ဖြစ်ပေါ်နေခဲ့သည်။

မရေမတွက်နိုင်သော 'ကျန်းဟူ' မှ သိုင်းပညာရှင်များသည် နေရာအနှံ့အပြားမှ ခရီးနှင်လာကြ၏။

အကြောင်းမှာ ဤတစ်ကြိမ်သည် ယခင်နှင့် မတူသောကြောင့်တည်း။

ပြိုင်ဘက်ကြီး နှစ်ဦးစလုံးသည် လက်ရှိခေတ်၏ ထိပ်တန်းအဆင့်များ ဖြစ်ကြပေသည်။

တစ်ဦးမှာ ကြယ်တံခွန်ကဲ့သို့ ကျော်ကြားလာခဲ့သည့် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဖြစ်၏။ သူသည် သူ၏ စွမ်းပကားကို တစ်ခုပြီးတစ်ခု ပြသခဲ့ပြီး လွန်ခဲ့သည့် ခြောက်လက 'ကူချန်းဟဲ (နှလုံးသား စူးစမ်းခြင်းဓား)' ကိုပင် သတ်ဖြတ်ခဲ့ကာ တစ်လောကလုံးတွင် ထင်ရှား ကျော်ကြားသွားခဲ့သည်။

လူတိုင်းသည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အစွမ်းအစက ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှ အဆင့် ( ၁၄ )ထက် များစွာ သာလွန်ကြောင်း သိရှိကြ၏။

အချို့ကမူ သူသည် ထိပ်တန်း ဓားသိုင်းသမား၏ ပလ္လင်ကို သိမ်းပိုက်ရန်ပင် ကြံစည်နိုင်ပြီဟု အခိုင်အမာ ဆိုကြသည်။ သို့တိုင် 'နေကို လိုက်သော ဓားဘုရင်'၏ ကြောက်မက်ဖွယ် အစွမ်းနှင့် နှစ်ရှည်လများ တည်ရှိခဲ့သော ဂုဏ်သိက္ခာကို လွယ်ကူစွာ တုန်လှုပ်စေနိုင်မည် မဟုတ်သေးဟု ယူဆကြဆဲ ဖြစ်သည်။

အခြားတစ်ဦးမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က ပေါ်ထွက်လာပြီး ထိုစဉ်က အဆင့် သုံး နေရာမှ ပုဂ္ဂိုလ်ကို သတ်ဖြတ်ခဲ့သည့် ဓားမ မိစ္ဆာ ဖြစ်သည်။ နှစ်နှစ်ဆယ်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် သူသည် တစ်ဖန် ပြန်လည် ပေါ်ထွက်လာကာ လောကကြီးကို လှုပ်ခတ်စေခဲ့၏။ သူ၏ ဓားဖြင့် ကောင်းကင်ဘုံလူသား အဆင့်စာရင်းမှ ကျွမ်းကျင်သူ များစွာကို ရှုံးနိမ့်စေခဲ့ပြီး ဒုတိယ ဓားချက်ကို သုံးစရာပင် မလိုခဲ့ပေ။

ဤ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ နှစ်ဦးကြားမှ ထိပ်တိုက်တွေ့ဆုံမှုသည် သဘာဝအတိုင်းပင် မျှော်လင့်ချက်များစွာကို ရရှိစေခဲ့သည်။

အချို့က ထင်ကြေးပေးကြ၏။

ဤသည်မှာ ဓားမ မိစ္ဆာ၏ အကြီးကျယ်ဆုံးသော တိုက်ပွဲ ဖြစ်လာနိုင်ပြီး အနာဂတ် တိုက်ပွဲများသည် ဤတိုက်ပွဲ၏ ခမ်းနားထည်ဝါမှုကို ယှဉ်နိုင်ဖွယ် မရှိတော့ဟု ဆိုကြသည်။

လူအများအပြားသည် ဓားမ မိစ္ဆာ၏ အစီအစဉ်ကို ထိုးထွင်း သိမြင်နေကြလေပြီ။

ဓားမ မိစ္ဆာသည် အင်အားကို စုစည်းနေခြင်း ဖြစ်၏။

တိုက်ပွဲ တစ်ခုပြီးတစ်ခုမှတစ်ဆင့် သူ၏ အနှစ်သာရ၊ ချီ နှင့် စိတ်ဝိညာဉ်တို့ကို အမြင့်ဆုံး အခြေအနေသို့ ရောက်အောင် ညှိယူနေသည်။ ထို့နောက် အင်အား အကြီးဆုံး ပြိုင်ဘက်ကို ရင်ဆိုင်ကာ သူ၏ ဓားမ လမ်းစဉ်ကို မကြုံစဖူးသော အမြင့်သို့ ပြင်ပ အကူအညီဖြင့် မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်ပေမည်။

ထို အင်အား အကြီးဆုံး ပြိုင်ဘက်မှာ၊

အချို့က 'နေကို လိုက်သော ဓားဘုရင်' ဖြစ်သည်ဟု ယုံကြည်ကြပြီး အချို့က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဖြစ်သည်ဟု သတ်မှတ်ကြ၏။

ထို့ကြောင့်၊ အစစ်အမှန်သိုင်း

မြို့တော်သည် မကြုံစဖူးသော စည်ကားမှုများဖြင့် ပြည့်နှက်နေ၏။

လူအများအပြားသည် ကြိုတင် ရောက်ရှိနေခဲ့ကြပြီး အချို့ဆိုလျှင် ယခင် တိုက်ပွဲများကိုပင် ကျော်ခွကာ ဤနေရာတွင် လာရောက် စောင့်ဆိုင်းနေခဲ့ကြသည်။

အစစ်အမှန်သိုင်းဂိုဏ်းအတွက်မူ ၎င်းသည် အကျိုးကျေးဇူးများ ရှိသလို ဝန်ထုပ်ဝန်ပိုးများလည်း ရှိနေခဲ့သည်။

ဆိုးကျိုးမှာ လူအုပ်ကြီးပင် ဖြစ်၏။ တစ်စုံတစ်ယောက်က ပြဿနာ လာရှာမည်လား သို့မဟုတ် မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်မှ သူလျှိုများ ပါလာမည်လား ဆိုသည်ကို ကြိုတင် မှန်းဆနိုင်ခြင်း မရှိပေ။ သို့သော် အကျိုးကျေးဇူးများမှာလည်း ထင်ရှားလှ၏။

ကမ္ဘာ့အဆင့် ကျွမ်းကျင်သူများ စုဝေးရောက်ရှိလာခြင်းသည် အစစ်အမှန်သိုင်းမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် နှင့် 'တာအို တစ်သောင်း မျှော်စင်' အတွက် လတ်ဆတ်သော သွေးသစ်များ ယူဆောင်လာပေးသကဲ့သို့ ဖြစ်နေသည်။

အချို့သော အင်အားကြီး ပုဂ္ဂိုလ်များသည် ဤ ကမ္ဘာကျော် ဉာဏ်အလင်းပွင့်ရာ နေရာများကို လာရောက် ကြည့်ရှုရန် တောင်ပေါ်သို့ တက်လိုကြသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ဤသည်က နင်ချီအတွက် အာဟာရများကို ဖြည့်ဆည်းပေးနေလေသည်။

နင်ချီသည်လည်း ဓားမ မိစ္ဆာ၏ မကြာမီ ရောက်ရှိလာတော့မည့် စိန်ခေါ်မှုအကြောင်းကို သိရှိပြီး ဖြစ်၏။

သို့တိုင်အောင် သူ၏ စိတ်နှလုံးသည် တည်ငြိမ်နေပြီး လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်နှင့် ပို၍ ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်ပြီး နယ်ပယ်ကို ချိုးဖျက်ရန် လပိုင်းမျှသာ လိုတော့သည်။

သို့သော်၊

ဓားမ မိစ္ဆာက သူ ကောင်းကင်ဘုံလူသား နယ်ပယ်သို့ မရောက်မီ လာရောက် စိန်ခေါ်ခဲ့လျှင်ပင် သူသည် မကြောက်ရွံ့ခဲ့ပေ။ သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် ကောင်းကင်ဘုံလူသား နယ်ပယ်တွင် မည်သူမျှ သူ့အား ယှဉ်နိုင်မည် မဟုတ်ချေ။ နင်ချီကတော့ ထိုတွေ့ဆုံမှုကိုပင် အနည်းငယ် တက်ကြွစွာ လိုလားနေခဲ့၏။ ဓားမ မိစ္ဆာ၏ မိစ္ဆာဆန်သော တစ်ချက်တည်းသော ဓားချက်အကြောင်း များစွာ ကြားသိထားရသဖြင့် သူ ကိုယ်တိုင် မျက်မြင် ကြည့်ရှုလိုခဲ့သည်။

ဤ ဓားမ မိစ္ဆာသည် ဓားလမ်းစဉ်၏ ပါရမီရှင် ဤလောကတွင် ပြိုင်ဘက်ကင်းသူ တစ်ဦး ဖြစ်သည်မှာ သံသယ မရှိချေ။

---

အချိန်သည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ဓားမ မိစ္ဆာ နောက်ဆုံး ပေါ်ထွက်ခဲ့သည့် အချိန်မှစ၍ လဝက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

မရေမတွက်နိုင်သော လူများသည် တက်ကြွစွာ စောင့်ဆိုင်းနေကြသည်။

သူတို့၏ စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း ကြီးထွားလာခဲ့၏။

"အလို၊ ဘာလို့ ဓားမ မိစ္ဆာက ရောက်မလာသေးတာလဲ။"

"ငါတို့ မှန်းဆတာတွေ မှားသွားတာများလား။"

"စိတ်မပူကြပါနဲ့ ၊ ဓားမ မိစ္ဆာ အကြီးအကဲရဲ့ စိန်ခေါ်တဲ့ အချိန်တွေကို ကျွန်တော် သတိထားကြည့်မိသလောက် ယေဘုယျအားဖြင့် လဝက်လောက်ပဲ ဒါပေမဲ့ တိတိကျကျတော့ မဟုတ်ဘူး။ နောက်ဆုံး တိုက်ပွဲကရတဲ့ အသိဉာဏ်အလင်းတွေက အချိန်ပို ယူသွားတာမျိုး ဒါမှမဟုတ် ခရီးလမ်းမှာပဲ ကြန့်ကြာမှုတွေ ရှိနေတာမျိုး ဖြစ်နိုင်တာပေါ့။"

မရေမတွက်နိုင်သော သုံးသပ်ချက်များသည် လူတိုင်း၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။

—--------

ဤနေ့၊ တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်း၌၊

နင်ချီသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြင့် 'မဟာ စိတ်ဝိညာဉ် သန့်စင်ခြင်း'အား ပေါင်းစည်းနေခဲ့သည်။

ရုတ်တရက် သူ့စိတ်သည် လှုပ်ရှားသွား၏။

ထူးဆန်းသော အလင်းတန်းတစ်ခု မျက်လုံးများထဲတွင် ဖြတ်ပြေးသွားပြီး အသံတိတ်စွာပင် နင်ချီသည် ခြေတစ်လှမ်း လှမ်းထွက်လိုက်ကာ အစစ်အမှန်သိုင်းတောင်မှ ထွက်ခွာသွားခဲ့တော့သည်။

---

အစစ်အမှန်သိုင်းတောင်နှင့် အလှမ်းကွာသော တောင်တန်း တစ်နေရာတွင်..၊

ဖိနပ်မပါဘဲ ဆံပင် ဖရိုဖရဲ ဖြစ်နေသော အဘိုးအို တစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လှမ်းနေ၏။ သူ၏ မျက်လုံးများသည် အာရုံစူးစိုက်မှု မရှိဘဲ အတွေးထဲတွင် နစ်မြုပ်နေဟန်တူသည်။ သူ၏ နက်မှောင်သော မျက်ဆံများသည် ဖော်မပြနိုင်သော မိစ္ဆာဆန်သည့် ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေသည်။

'အရာအားလုံးက ဓား ဖြစ်သွားနိုင်တယ် ဟုတ်လား။ သစ်ရွက်တွေက ဓား ပန်းပွင့်တွေ၊ အပင်တွေက ဓား ကျောက်တုံးတွေက ဓား တိမ်တိုက်တွေကလည်း ဓား ဖြစ်နိုင်တာပဲ။'

'ဒါက ပုံသဏ္ဌာန် မဟုတ်ဘူး 'စိတ်' က အရေးကြီးတာ။ အရာအားလုံးက 'ဓားမ စိတ်ဆန္ဒ' အဖြစ် ပြောင်းလဲသွားနိုင်တာပဲ'

ဆင်ခြင်ရင်း ဓားမ မိစ္ဆာသည် သူ၏ ခါးမှ ယခုအခါ အနည်းငယ် တိုသွားပြီ ဖြစ်သော ဓားရိုးကို ပွတ်သပ်လိုက်သည်။

ကြည်လင်သော အလင်းရောင်သည် သူ၏ အကြည့်များထဲသို့ ပြန်လည် ဝင်ရောက်လာ၏။

ထို့နောက် သူသည် အစစ်အမှန်သိုင်းတောင်၏ နယ်မြေ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

သူ လှုပ်ရှားရန် ပျံတက်တော့မည့် အခိုက်တွင်..၊ခြေလှမ်းများ

ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားသည်။

ပေပေါင်း ထောင်ချီ ကွာဝေးနေသော်လည်း၊

သူသည် ဓားကျောက်စာတိုင်ကို လှမ်းမြင်လိုက်ရ၏။

အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်သည် အလွန် ကြီးကျယ် ခမ်းနားလှသည် မဟုတ်ပေ။ နင်ချီက သာမန် ကျောက်တုံးကြီး တစ်တုံးကို ပေပေါင်း ဒါဇင်အနည်းငယ်မျှသာ အမြင့်ပြုလုပ်၍ ပေါ့ပေါ့ပါးပါး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့တိုင် ဓားမ မိစ္ဆာ၏ မျက်လုံးများထဲတွင်မူ ၎င်းသည် ပိုးစုန်းကြူးများ အလယ်မှ လမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပနေ၏။ မျက်စိ ကျိန်းလောက်အောင်ပင် ထည်ဝါ လင်းလက်နေသည်။ သုံးလက်မမျှသာ မြင့်လျှင်ပင် သူ၏ အမြင်တွင် ထင်ထင်ရှားရှား မြင်တွေ့နိုင်ပေလိမ့်မည်။

ဓားမ မိစ္ဆာ.. ရပ်တန့်လိုက်သည်။

သူ၏ နက်မှောင်သော မျက်ဆံများသည် ပို၍ နက်ရှိုင်းလာပြီး လွန်စွာ ဆန်းကြယ်သော အသွင်သို့ ပြောင်းလဲသွား၏။

သူသည် ဓားကျောက်စာတိုင်ကို စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။ သို့မဟုတ် ၎င်း၏ 'ဓားစိတ်ဆန္ဒ' ကို အာရုံခံနေခြင်း ဖြစ်လေသည်။

မသိစိတ်၏ လှုံ့ဆော်မှုကြောင့်၊

မိစ္ဆာဆန်သော 'ဓားမ စိတ်ဆန္ဒ' တစ်ခုသည် သူ၏ ခါးမှ ဓားရိုးထံမှ ဝေ့ဝဲ ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်တွင် လေဆင်နှာမောင်းကဲ့သို့ လှည့်ပတ်နေတော့သည်။

အကယ်၍သာ ထိန်းချုပ်ထားသည့် အင်အားတစ်ခု မရှိခဲ့ပါလျှင် ၎င်းသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်မှ ဓားစိတ်ဆန္ဒနှင့် ပဲ့တင်ထပ်ကာ အဝေးမှပင် ရင်ဆိုင် ထိပ်တိုက်တွေ့ပေလိမ့်မည်။

သို့တိုင်အောင်၊

ပေပေါင်း ထောင်ချီ အကွာမှ ဓားကျောက်စာတိုင်သည် ရုတ်တရက် လှိုင်းထန် လှုပ်ရှားသွားခဲ့သည်။

ဓားကျောက်စာတိုင်၏ အနီးတွင် ဉာဏ်အလင်း ရှာဖွေနေခဲ့သော ဓားသိုင်းသမားများသည် လန့်ဖျပ်သွားကြ၏။ သူတို့ ဘာဖြစ်သွားမှန်း မသိဘဲ အကျိုးအကြောင်းမဲ့စွာပင် ကျောက်စာတိုင်မှ တဟုန်ထိုး ထွက်ပေါ်လာသော ဓားစိတ်ဆန္ဒကို စိုက်ကြည့်ရင်း သူတို့၏ စိတ်များသည် အလွန်အမင်း တုန်လှုပ်သွားကာ မရေမတွက်နိုင်သော သုံးသပ်ချက်များဖြင့် ချာချာလည် သွားတော့သည်။

"ကိုယ့်လူတို့..ဒါ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ဓားသိုင်းပညာမှာ နောက်တစ်ဆင့် ဉာဏ်အလင်း ထပ်ရသွားတာ ဖြစ်နိုင်မလား။"

"ဒီမှာ၊ ရောင်းရင်းရေ၊ ကျုပ် ကြားဖူးတာတော့ 'ကူချန်းဟဲ' (နှလုံးသား စူးစမ်းခြင်းဓား) အစစ်အမှန်သိုင်းတောင်ကို လာတုန်းကလည်း ဓားကျောက်စာတိုင်က ဒီလိုပဲ လှုပ်ခတ်ခဲ့တယ်တဲ့။ ဒါ နောက်ထပ် ပြိုင်ဘက်ကောင်းတ

တစ်ယောက် ရောက်လာတာ ဖြစ်နိုင်မလား ..ဓား.. ဓားမ မိစ္ဆာ ရောက်လာတာများလား။"

လူအများအပြားသည် ဤ ဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားလိုက်ကြသည်။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို စစ်ဆေးအကဲ

ခတ်လိုက်ကြ၏။

သို့သော် ကောင်းကင်နှင့် မြေကြီးကို စစ်ဆေး ကြည့်ရှုလိုက်သော်လည်း ကြောက်မက်ဖွယ် ပုံရိပ် တစ်စုံတစ်ရာကိုမျှ မမြင်တွေ့ကြရပေ။ ထို့ကြောင့် သူတို့ ပို၍ပင် စိတ်ရှုပ်ထွေးသွားကြတော့သည်။

ဓားမ မိစ္ဆာသည် ရှာဖွေတွေ့ရှိခြင်း မခံလိုပါက သဘာဝအတိုင်းပင် မည်သူမျှ သူ့ကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ပေ။

နင်ချီမှ လွဲ၍ပင်။

နင်ချီက အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၏ လှုပ်ခတ်မှုကို အစောပိုင်းကတည်းက အာရုံခံမိခဲ့ပြီး ဖြစ်သည်။ ယခု သူသည် အရိပ်များ အလယ်မှ ဓားမ မိစ္ဆာကို စောင့်ကြည့်လျက် အသံတိတ် ပေါ်ထွက်လာ၏။

သူ၏ တည်ရှိမှုသည် တိတ်ဆိတ်သော လေဟာနယ်ကဲ့သို့ပင် ဖြစ်လေသည်။

All Chapters