← Chapters

ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ဝင်ရောက်ခြင်း (၂)

Vol. 16 Ch. 238

ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ဝင်ရောက်ခြင်း (၂)

Vol. 16 Ch. 238

~နင်ချီသည် သိုင်းသူတော်စင်တို့၏ စွမ်းပကားအပေါ် အတိုင်းအတာတစ်ခုအထိ တိုက်ရိုက် နားလည် သဘောပေါက်သွားခဲ့၏။

သူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။

သူသည် မက်မွန်ပင်အောက်တွင် တိတ်ဆိတ်စွာ ဆက်လက် ရပ်နေပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ ပြောင်းလဲမှုများကို အာရုံခံနေခဲ့သည်။ 'ကောင်းကင်ဘုံလူသား တံတား' ၏ အစွမ်းသတ္တိကြောင့် အဆုံးအစမရှိသော သက်စောင့်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ် အနှံ့သို့ ပျံ့နှံ့သွား၏။ ဤသည်က သူ၏ သက်စောင့်အနှစ်သာရကို ပိုမို မြှင့်တင်ပေးလိုက်ပြီး သူ၏ သက်တမ်းကို ရှည်လျားစေခဲ့သည်။

အကျိုးဆက်အနေဖြင့် သူ၏ နားလည် သဘောပေါက်နိုင်စွမ်းသည် တစ်ဖန် မြင့်တက်လာခဲ့ပြန်ပြီး သူ၏ အတွေးများကို အနှစ်သာရတရား၏ အပေါ်သို့ ထိတွေ့စေနိုင်ခဲ့သည်။

"ငါ အခုဆိုရင် သာမန် ကောင်းကင်ဘုံလူသား နယ်ပယ်က လူတစ်ယောက်ထက် သက်တမ်း နှစ်ဆလောက် ပိုရှည်သွားနိုင်လောက်ပြီ"

နင်ချီ၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးတက်သွားပြီး နှစ်သက် ကျေနပ်ဟန် အချို့ကို ပြသနေခဲ့သည်။

သူသည် သူ၏ ထာဝရ မသေဆုံးခြင်း ပန်းတိုင်နှင့် များစွာ ဝေးကွာနေသေးသော်လည်း တစ်လှမ်းချင်း တိုးတက်လာရသည့် ခံစားချက်က သူ့အား အညီအမျှ ပျော်ရွှင်စေခဲ့သည်။ ထာဝရ အသက်ရှင်ခြင်း လမ်းစဉ်ကို လိုက်စားရသည့် လုပ်ငန်းစဉ် ကိုယ်တိုင်သည်လည်း အလွန်အမင်း အရေးကြီးလှသည် မဟုတ်ပါလား။

ဘဝ၏ ခုန်ပျံ ကျော်လွှားမှု တစ်ခုချင်းစီသည် သူ၏ ပန်းတိုင်နှင့် တစ်လှမ်း ပိုမို နီးကပ်လာခဲ့ကြောင်း ညွှန်ပြနေခဲ့၏။

ဤသည်မှာ 'တာအိုကို ရရှိခြင်း' မှ ရရှိသော ကျေနပ် နှစ်သိမ့်မှုပင် ဖြစ်ပေသည်။

နင်ချီသည် သူ၏ အတွင်းမှ ပြောင်းလဲမှုများကို ဆက်လက် အာရုံခံနေခဲ့သည်။ 'ကောင်းကင်ဘုံလူသား တံတား' မှ အကျိုးကျေးဇူး ခံစားရလျက် သူ၏ အနှစ်သာရ၊ ချီ နှင့် စိတ်ဝိညာဉ်တို့တွင် တိုးတက်မှု အချို့ ရှိလာခဲ့၏။ သို့သော် ၎င်းသည် မူလအမြုတေ နယ်ပယ် က မမီနိုင်သော အတိုင်းအတာအထိတော့ မဟုတ်ခဲ့ပေ။

ထို့ကြောင့် ရှေးဟောင်း သိုင်းကျမ်းများ မှားယွင်းခြင်း မရှိသည်ကို သူ သိရှိလိုက်သည်။ အကယ်၍ 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ကိုသာ ဘေးဖယ်ထားလိုက်ပါက ကောင်းကင်ဘုံလူသား နယ်ပယ်သည် မူလအမြုတေ နယ်ပယ်ထက် အလွန်အမင်း သာလွန် အစွမ်းထက်နေခြင်း မဟုတ်ပေ။

ဤသည်မှာ တောင်ပိုင်းနယ်စပ်မှ ထို အမျိုးသမီးသည် 'ကောင်းကင် အာရုံခံ ကူ' ဖြင့် ညဘက် လာရောက် လည်ပတ်ရန် သတ္တိရှိခဲ့ခြင်း၏ အခြေခံ အကြောင်းတရားပင် ဖြစ်သည်။

နင်ချီကမူ ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော ခြွင်းချက် တစ်ခုသာ ဖြစ်ပေသည်။

သူသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး 'ကောင်းကင်ဘုံလူသား တံတား' နှင့် ဆက်သွယ်လိုက်၏။

တစ်ခဏချင်းတွင်..၊

ကြီးမားလှသော 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' ပမာဏသည် အရပ်မျက်နှာ ပေါင်းစုံမှ ဟိန်းဟောက် တိုးဝင်လာခဲ့သည်။

၎င်း၏ ပမာဏသည် နင်ချီ ယခင်က 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' ဖြင့် ပဲ့တင်ထပ်

စေခဲ့သည်ထက် အဆပေါင်း ရာချီ များစွာ သာလွန်လှ၏။

နင်ချီသည် ၎င်းကို ဖုံးကွယ်ရန် ရည်ရွယ်ခဲ့သော်လည်း လှိုင်းတံပိုး အချို့နှင့် လှုပ်ရှားမှု အချို့ကား ရှိနေခဲ့သေးသည်။

သာမန် တပည့်များမှာမူ ၎င်းကို ညလေ တိုက်ခတ်ခြင်းဟုသာ ထင်မှတ်နိုင်ကြသော်လည်း တာအိုဆရာလုံရှန်း၏ မျက်လုံးများထဲတွင်မူ ပိုမို ကြီးမားသော အံ့ဩမှုများ ပေါ်ထွက်လာခဲ့သည်။ သူ၏ စိတ်ထဲတွင် သုံးသပ်ချက် တစ်ခု ဖြစ်ပေါ်လာပြီး ထို့နောက် နက်ရှိုင်းသော ပျော်ရွှင်မှုနှင့် မျှော်လင့်ချက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူသည် ခြေလှမ်းကို ညင်သာစွာ လှမ်းလိုက်ပြီး တာအိုရှာဖွေခြင်း ကျောင်းတော်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။

—--------

နင်ချီ၏ နှလုံးသားသည် တည်ငြိမ်သွားခဲ့သည်။

"ငါ အခုမှ ကောင်းကင်ဘုံလူသား နယ်ပယ်ကို ခြေချရုံ ရှိသေးတယ်။ ဒါပေမဲ့ ငါ ပဲ့တင်ထပ်စေနိုင်တဲ့ 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' က ဟို ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ အဆင့်ပြည့်စုံခြင်း အင်အားကြီး ပုဂ္ဂိုလ်တွေနဲ့ ယှဉ်နိုင်နေပြီ။ ဖြစ်နိုင်တာက သူတို့ထက်တောင် အများကြီး သာလွန်နေနိုင်သေးတယ်။"

"ဒီလိုဆိုရင် ငါ့ရဲ့ ကြီးမားလှတဲ့ 'ချီစွမ်းအင် အနှစ်သာရ' နဲ့ လျှို့ဝှက်နည်းစနစ် မျိုးစုံရဲ့ စွမ်းအားကို ထည့်တွက်လိုက်ရင် အဆ တစ်ရာလောက် မတိုးတက်ဘူး ဆိုဦးတော့ ဆယ်ဆ လောက်ကတော့ ပြဿနာ မရှိလောက်ဘူး"

"ဒါ့အပြင် ဒါက အဆုံးစွန် မဟုတ်သေးဘူး။ ဒီတစ်ခါ ကောင်းကင်ဘုံလူသား နယ်ပယ်ကို ဝင်ရောက်ပြီးတဲ့နောက် ငါ့စိတ်ထဲမှာ ပြောမကုန်နိုင်တဲ့ စိတ်ကူးတွေ အများကြီး ရှိနေတယ်။ ငြိမ်းချမ်းစွာ ဖြေဖျောက်ဖို့ အချိန်လေး နည်းနည်း ရလိုက်တာနဲ့ 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' ပဲ ဖြစ်ဖြစ် 'ကောင်းကင်ဘုံ ဓားသိုင်းကွက်' ပဲ ဖြစ်ဖြစ် သိသိသာသာကြီး တိုးတက်သွားနိုင်တယ်"

"အခုသာ သိုင်းသူတော်စင် တစ်ယောက်နဲ့ ရင်ဆိုင်ရရင် ငါ့မှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ နေမှာတော့ သေချာပေါက် မဟုတ်တော့ဘူး"

ယခင်က သူသည် သိုင်းသူတော်စင် တစ်ယောက် မည်မျှ အစွမ်းထက်သည်ကို မသိရှိခဲ့ဘဲ တတ်နိုင်သမျှ အစွမ်းထက်သည်ဟုသာ စိတ်ကူးကြည့်နေခဲ့ရ၏။

သို့သော် ယခု ကောင်းကင်နှင့်မြေကြီး၏ အမှန်တရားကို မြင်တွေ့လိုက်ရသောအခါ သိုင်းသူတော်စင် တစ်ဦး၏ အစွမ်းသည် 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ၏ အနှစ်သာရကို အမှန်တကယ် အသုံးချနိုင်ခြင်း၌ တည်ရှိကြောင်း သူ ယေဘုယျအားဖြင့် နားလည် သဘောပေါက်သွားခဲ့သည်။

'ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအား အနှစ်သာရက နိမ့်ကျနေပေမဲ့ အရည်အသွေး ကွာဟချက်ကို အရေအတွက်

နဲ့ ဖိနှိပ်ပစ်လိုက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်လောက်ပါဘူး'

ဤသို့သော အရာကို နင်ချီ တစ်ယောက်တည်းသာလျှင် အောင်မြင်အောင် လုပ်ဆောင်နိုင်ပေမည်။

သာမန်လူများသည် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ခြေချပြီးနောက် သူတို့၏ 'ချီစွမ်းအင် အနှစ်သာရ' သည် ပျောက်ကွယ်သွားခြင်း မရှိသော်လည်း 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ၏ ကြီးမားမှုနှင့် နှိုင်းယှဉ်လိုက်ပါက ၎င်းသည် အလှဆင်ထားသည့် အရာတစ်ခုမျှသာ ဖြစ်သည်မှာ သံသယ မရှိပေ။ 'ချီ ပန်းပွင့်' ကို ကျင့်ကြံသည့် အခါတွင် ဓာတ်ကူ ပစ္စည်းတစ်ခု အဖြစ်သာ လုပ်ဆောင်နိုင်၏။ သို့သော် နင်ချီ၏ 'ချီစွမ်းအင် အနှစ်သာရ' မှာမူ ကြီးမားသော စွမ်းပကားကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး ထို နှစ်ခုစလုံးကို ယခင်က မကြုံစဖူးသော နည်းလမ်းဖြင့် ပေါင်းစပ်ထားနိုင်လေသည်။

ထို့အပြင်။

သူ ကျွမ်းကျင် ပိုင်နိုင်ထားသော လျှို့ဝှက်နည်းစနစ် များစွာနှင့် သူ ရောက်ရှိထားသော လမ်းစဉ်များ၏ မြင့်မားသော နယ်ပယ်သည် သာမန်လူတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။

'သိုင်းသူတော်စင် တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ထက် ဒီလောက်ကြီးထိ အနိုင်ယူလို့ မရလောက်အောင်တော့ မဟုတ်လောက်ပါဘူး'

နင်ချီသည် သူ၏ နှလုံးသားထဲတွင် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တို့သည် မကြာမီ သိုင်းသူတော်စင် တစ်ဦး မွေးဖွားလာတော့မည် ဖြစ်ကြောင်း သူ သိရှိခဲ့သည့် အချိန်မှစ၍ သူသည် အပြင်ပန်းတွင် မည်သည့် လက္ခဏာမျှ မပြသခဲ့ဘဲ သူ၏ ဆရာနှင့် အစ်ကိုကြီးကိုပင် နှစ်သိမ့်ခဲ့သေး၏။ သို့သော် အတွင်းစိတ် နက်နက်ထဲတွင်မူ သူသည်လည်း ဖိအား အချို့ကို ခံစားနေခဲ့ရသည်။

'တော်သေးတာပေါ့။ အခုမှပဲ နည်းနည်း ယုံကြည်မှု ရှိသွားတော့တယ်။ အရင်ကတော့ မိစ္ဆာဂိုဏ်းနဲ့ တောင်ပိုင်းနယ်စပ်က သိုင်းသူတော်စင် မွေးတော့မယ် ကြားကတည်းက ငါ့မှာ ဖိအားတွေ တော်တော် ခံစားနေခဲ့ရတာ။ ဟန်မပျက် နေနေရပေမဲ့ စိတ်ထဲမှာတော့ ငါကိုယ်တိုင် ထွက်ပြေးလို့ ရပေမဲ့ ဂိုဏ်းက တပည့် နှစ်ထောင်လုံးကိုတော့ ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်'

"ဒါပေမဲ့ ဒါတောင် မလုံလောက်သေးဘူး။ ဒီထက် ပိုပြီး အင်အားကြီးလာဖို့ လိုသေးတယ်"

သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ယခုမှ ဝင်ရောက်လာခြင်းသာ ရှိသေးပြီး ကြီးထွားရန် အလားအလာများစွာ ကျန်ရှိနေသေးကာ အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်နိုင်သေးသည်။ ထို့အပြင် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူသည် 'မျောက်ဖြူ' သွေးမျိုးဆက်နှင့် ကျွမ်းချန်၏ ‘'မူလ ဓားအရိုး'တို့၏ လျှို့ဝှက်ချက်များကို ဆက်လက် သုတေသန ပြုလုပ်နိုင်သေး၏။

သို့သော်ငြားလည်း နင်ချီသည် မိမိကိုယ်ကို အခန်းပိတ်၍သာ နေ၍ မဖြစ်ပေ။

နင်ချီသည် နည်းလမ်းနှစ်သွယ်သုံး မဟာဗျူဟာကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

မိမိကိုယ်ကို အင်အားကြီးမားအောင် လုပ်ဆောင်နေစဉ်တွင် သူသည် အင်အားစု နှစ်ခု၏ သိုင်းသူတော်စင် လျှို့ဝှက်နယ်မြေကိုလည်း စုံစမ်း ဖော်ထုတ်ရန် ကြိုးစားပေမည်။ သူတို့ အင်အား ကြီးထွားလာပြီးမှ ခုခံ ကာကွယ်ရခြင်းထက် ဦးစွာ လက်ဦးမှု ရယူ တိုက်ခိုက်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေမည်။

သူ၏ အင်အားသည် အလွန် ကြီးမားစွာ တိုးတက်လာခဲ့ပြီး မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်တွင် လွတ်လပ်စွာ လှုပ်ရှား သွားလာနိုင်ပြီဟု ခံစားနေရ၏။ အကယ်၍ သူသာ ဤအကျပ်အတည်းကို ပုခက်ထဲတွင်ပင် လှနှိုးနိုင်ခဲ့ပါလျှင် ၎င်းသည် အကောင်းဆုံး အခြေအနေ ဖြစ်ပေမည်။

သို့သော်၊

မိစ္ဆာဂိုဏ်းသည် အမြဲတမ်း ကောက်ကျစ်စဉ်းလဲခဲ့ပြီး ပုန်းခိုရာ နေရာများစွာ ရှိနေခဲ့သည်။ မဟာယန်၏ သိုင်းသူတော်စင်များပင် သူတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိခဲ့ပေ။ နင်ချီ အနေဖြင့် သူတို့၏ လျှို့ဝှက်နယ်မြေကို ရှာဖွေ ဖော်ထုတ်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေမည် ဖြစ်ပြီး အလျင်စလို လုပ်ဆောင်၍ မရသော ကိစ္စ ဖြစ်သည်။ သို့မဟုတ်ပါက သိုင်းသူတော်စင် လျှို့ဝှက်နယ်မြေကို မဖျက်ဆီးနိုင်မီ သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားပါက ထိုသူတို့ ပိုမို သတိထားသွားကြပြီး ပိုမို နက်ရှိုင်းစွာ ပုန်းကွယ်သွားကြပေလိမ့်မည်။

ဤအကြောင်းကို တွေးတောမိလိုက်စဉ်မှာပင် နင်ချီ သူ၏ မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ပြီး ရှေ့သို့ ကြည့်ကာ ပြုံးလိုက်သည်။

တာအိုဆရာလုံရှန်းသည် လျှောက်လှမ်းလာခဲ့၏။ နင်ချီ၏ သိသိသာသာ ကွဲပြားခြားနားသွားသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများသည် မျှော်လင့်ချက်နှင့် မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။

"ကိုးလေး ၊ မင်း.. မင်း"

နင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

တာအိုဆရာလုံရှန်းသည် နေရာတွင်ပင် မှင်တက်စွာ ရပ်နေခဲ့၏။

'ဖြစ်သွားပြီ။ တကယ် ဖြစ်သွားပြီ။ ငါ့တပည့် ငါ့တပည့်က၊ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ လမ်းစဥ် စောင့်ရှောက်သူ။ ဟား ဟား ဟား။'

သူ၏ မျှော်လင့်ချက်သည် အမှန်တကယ် ဖြစ်လာခဲ့သော်လည်း အမှန်တကယ် မဟုတ်သကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ ခဏအကြာတွင် သူသည် အားရပါးရ ရယ်မောလိုက်တော့သည်။

"ကောင်းတယ်။ ကောင်းတယ်။ မင်းက တကယ့်ကို အစစ်အမှန်သိုင်းဂိုဏ်းရဲ့ လမ်းစဥ်စောင့်ရှောက်သူ အစစ်ပဲ။"

တာအိုဆရာလုံရှန်း၏ ရယ်သံသည် ကောင်းကင်သို့ မျက်နှာမူလိုက်သည်နှင့်အမျှ ပို၍ ပို၍ သက်သာရာ ရသွားသကဲ့သို့ ဖြစ်သွား၏။

နင်ချီ သတိမထားမိလိုက်မီမှာပင် သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများသည် စီးကျလာခဲ့သည်။

နင်ချီသည် စိတ်လှုပ်ရှားစွာ တွေးတောမိလိုက်သည်။

'ဒီအချိန်အတွင်းမှာ ငါတစ်ယောက်တည်း ဖိအားများနေတာ မဟုတ်ဘူးပဲ။ ဆရာရော အစ်ကိုကြီးရော တော်တော်လေး စိတ်ဖိစီးနေခဲ့ကြမှာ၊ 'မီးမျိုးစေ့' အစီအစဉ်တွေ (ဘာသာပြန်သူ မှတ်ချက်: မူရင်းတွင် fire seed plan ဟု ပါရှိပြီး၊ အရေးပေါ် အခြေအနေအတွက် အဓိက လူများ သို့မဟုတ် အရင်းအမြစ်များကို လျှို့ဝှက်စွာ ခွဲထုတ်ထားသည့် အစီအစဉ် ဖြစ်နိုင်ပါသည်။) လုပ်နေရပေမဲ့ သူတို့ ရင်ထဲမှာ ဘယ်လောက် ပူလောင်နေလိုက်မလဲ။ အခုမှပဲ အသီးအပွင့်ကို မြင်ရတော့တာ'

တောက်ပသော လမင်းကြီးသည် ကောင်းကင်တွင် ချိတ်ဆွဲထား၏။

ဆရာနှင့် တပည့်တို့သည် ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေကြသည်။ ရယ်မော ပြောဆိုကြရင်း အစစ်အမှန်သိုင်းဂိုဏ်း၏ အနာဂတ်အပေါ် မျှော်လင့်ချက်များ ထားရှိနေကြတော့သည်။

---

လောကကြီးထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ နင်ချီ တိတ်တဆိတ် အဆင့် ချိုးဖြတ် တက်လှမ်းသွားခဲ့ပြီး ကောင်းကင်ဘုံလူသား နယ်ပယ်ထက် များစွာ သာလွန်သော စွမ်းအားကို ရရှိသွားခဲ့သည်ကို မသိရှိခဲ့ကြပေ။

ယခု မျက်လုံး အားလုံးသည် 'နေမင်း ဆည်းဆာ ဓားဂိုဏ်း' နှင့် အစစ်အမှန်သိုင်းဂိုဏ်း အပေါ်သို့သာ စူးစိုက်နေခဲ့ကြသည်။

'ဓားမမိစ္ဆာ' ကို စောင့်မျှော်ရင်း၊ သိုင်းပညာရှင်များ စုရုံးနေကြ၏။

အစစ်အမှန်သိုင်းတောင်ပေါ်မှ အငွေ့အသက်သည် မကြုံစဖူးအောင် တင်းမာနေခဲ့သည်။ ဤသည်က လူအများအပြားကို အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် နှင့် 'တာအို တစ်သောင်း မျှော်စင်' တွင် သူတို့၏ အမှတ်အသားများ ချန်ထားခဲ့စေရန် တွန်းအားပေးခဲ့သည်။

ဤအချက်က နင်ချီကို ကျေနပ်စေခဲ့၏။ အကြောင်းမှာ သူ၏ 'ဓားစိတ်ဆန္ဒ' သည် 'ဓားမမိစ္ဆာ' အိပ်မက်မက်နေခဲ့သော နယ်ပယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး ၎င်းထက်ပင် ပို၍ ဝေးကွာကာ အရာအားလုံးကို ဓားအဖြစ် အသုံးချနိုင်သော ကျွမ်းကျင် ပိုင်နိုင်မှု အဆင့်သို့ ရောက်ရှိနေခဲ့

သောကြောင့်တည်း။

နင်ချီ ယေဘုယျအားဖြင့် သုံးသပ်မိသည်။

'ဒီနယ်ပယ်က သိုင်းသူတော်စင်ကို ရောက်ဖို့ လိုအပ်တဲ့ အခြေအနေတွေထဲက တစ်ခုပဲ။ ဒါပေမဲ့ အခြေအနေ တစ်ခုတည်းပဲ'

ကောင်းကင်ဘုံလူသား နယ်ပယ်သို့ မခြေချမီကပင် 'ဓားမမိစ္ဆာ' သည် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ယခု ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။ နင်ချီသည် စိတ်လှုပ်ရှားခြင်း မရှိဘဲ ထိုသို့သော စိုးရိမ်ပူပန်မှုများကို အာရုံမစိုက်ခဲ့ပေ။

' 'ဓားမမိစ္ဆာ' က စောစော စိန်ခေါ်ဖို့ လာရင် သူ့ကို စောစော ရှုံးနိမ့်အောင် လုပ်လိုက်ရုံပဲ။ နောက်ကျမှ လာရင်လည်း နောက်ကျမှ ရှုံးနိမ့်အောင် လုပ်လိုက်ရုံပဲ'

သူသည် ကောင်းကင်အောက်မှ သုံးသပ်ချက် အားလုံးကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်ဘုံလူသား နယ်ပယ်၏ အံ့ဖွယ်ရာ များစွာကိုသာ နားလည် သဘောပေါက်ရန် တစ်ခုတည်း အာရုံစိုက်ထားခဲ့သည်။

သူသည် 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက်နည်းစနစ်' ကို မြှင့်တင်နေခဲ့သည် သို့မဟုတ် လုံးဝ လျှို့ဝှက်နည်းစနစ် အသစ်တစ်ခုဟု ဆိုရပေမည်။

ယခင်က ဤ လျှို့ဝှက်နည်းစနစ်သည် သူ့အား ကောင်းကင်ဘုံလူသား နယ်ပယ်၏ လျှို့ဝှက်ချက်ကို အချိန်မတိုင်မီ ဆုပ်ကိုင်နိုင်စေခဲ့သည်။ ယခု သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်သို့ ခြေချခဲ့ပြီး ဖြစ်သောအခါ ၎င်းသည် အသုံးမဝင်တော့သကဲ့သို့ ထင်ရ၏။

သို့သော် နင်ချီသည် စေ့စေ့စပ်စပ် တွေးတော ဆင်ခြင်လိုက်ပြီး စူးစမ်းလေ့လာရန် များစွာ ကျန်ရှိနေသေးကြောင်း ခံစားလိုက်ရသည်။ ခန္ဓာကိုယ်၏ 'ပါရမီ ကျင့်ကြံခြင်း အရိုး' ၏ အံ့ဖွယ် ကောင်းသော အသွင်အပြင်များကို အပြည့်အဝ နားလည် သဘောပေါက်ရခြင်း မရှိသေးပေ။

ယခု အားထုတ်မှု အားလုံးကို နားလည် သဘောပေါက်မှု အပေါ်တွင် အာရုံစိုက်ထားလိုက်ရာ စိတ်ကူး အလင်းရောင်များ ဖျတ်ခနဲ ပေါ်လာခဲ့သည်။ 'ကောင်းကင်ဘုံလူသား တံတား' ၏ စိတ်ကူးကို ပုံစံတူယူ၍ ခန္ဓာကိုယ်၏ 'ပါရမီ ကျင့်ကြံခြင်း အရိုး' ကို ကြားခံအဖြစ် အသုံးပြုကာ ဒုတိယမြောက် 'ကောင်းကင်ဘုံလူသား တံတား' တစ်စင်းကို တည်ဆောက်ရန် သူ ရည်ရွယ်လိုက်သည်။

ဤသို့ဖြင့်၊

'ကောင်းကင်ဘုံလူသား တံတား' နှစ်စင်း၏ စွမ်းအားကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ပါက နင်ချီ ပဲ့တင်ထပ်စေနိုင်သော 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ကို အဆပေါင်း များစွာ တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။ ထို့အပြင် အကယ်၍ တံတား နှစ်စင်းက အချင်းချင်း အပြန်အလှန် မြှင့်တင်ပေးနိုင်ခဲ့ပါလျှင် အကျိုးသက်ရောက်မှုသည် နှစ်ဆ တိုးရုံမျှသာ မဟုတ်ဘဲ သုံးဆ သို့မဟုတ် လေးဆ အထိ ဖြစ်နိုင်ပေသည်။

ဤသည်က နင်ချီ၏ တိုက်ခိုက်ရေး စွမ်းပကားကို အလွန် ကြီးမားစွာ မြှင့်တင်ပေးပေလိမ့်မည်။

ဤအကြောင်းကြောင့်ပင် သူသည် ကောင်းကင်ဘုံလူသား နယ်ပယ်တွင် ဆက်လက် ကျင့်ကြံခြင်းကို ခတ္တ ဘေးဖယ်ထားလိုက်သည်။ အကြောင်းမှာ အင်အားကို လျင်မြန်စွာ မြှင့်တင်ခြင်းသည် မရှိမဖြစ် လိုအပ်ပြီး ချက်ချင်း ကျွမ်းကျင် ပိုင်နိုင်ရန် လိုအပ်သောကြောင့်တည်း။

သို့သော်ငြားလည်း လောကကြီးထဲမှ အခြားသူများမှာမူ နင်ချီကဲ့သို့ တည်ငြိမ် သက်ငြိမ်စွာ မနေနိုင်ကြပေ။

'ဓားမမိစ္ဆာ' ၏ ကိစ္စသည် ဆက်လက်၍ ဖရိုဖရဲ ဖြစ်နေခဲ့သည်။

'ကျယ်ပြော ပင်လယ် ဓား' ၏ ရှုံးနိမ့်မှုမှစ၍ လဝက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

သိုင်းပညာရှင် အားလုံး မမျှော်လင့်ထားသည်မှာ 'ဓားမမိစ္ဆာ' တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့က သူသည် နောက်ထပ် တစ်လ သို့မဟုတ် ထို့ထက် ပိုကြာအောင် တံခါးပိတ် ကျင့်ကြံလိမ့်ဦးမည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ဤတစ်ကြိမ်တွင်မူ လဝက်မျှသာ ကြာမြင့်ခဲ့သည်။

သူသည် 'နေမင်းဆည်းဆာ ဓားဂိုဏ်း'၏ တောင်တန်း တံခါးဝသို့ ဖြည်းညင်းစွာ တက်လှမ်းသွားခဲ့ပြီး အရာအားလုံးကို တက်ကြွ ထက်သန်မှုများဖြင့် မီးမွှေးလိုက်တော့သည်။

"'ဓားမမိစ္ဆာ' က 'နေကို လိုက်သော ဓားဘုရင်' ကို အရင်ဆုံး စိန်ခေါ်ဖို့ ရွေးချယ်လိုက်ပြီ"

"ဒါက သူ့စိတ်ထဲမှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က အင်အား အကြီးဆုံးလို့ ဆိုလိုနေတာ မဟုတ်ဘူးလား။ 'ဓားမမိစ္ဆာ' က အစစ်အမှန်သိုင်းတောင်ကို အလည်တစ်ခေါက် သွားခဲ့ပြီး 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို တွေ့လိုက်ရမှ ဒါက သူ ကံကြမ္မာအရ ရင်ဆိုင်ရမယ့် အင်အား အကြီးဆုံး ပြိုင်ဘက်ပဲ ဆိုတာကို သိသွားလို့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို နောက်ဆုံးမှ ချန်ထားခဲ့တာပဲ"

ဤသို့သော ပြောစကားများကို ကြားရသောအခါ 'နေမင်းဆည်းဆာ ဓားဂိုဏ်း'မှ လူတိုင်းသည် တိတ်တဆိတ် ဒေါသ ထွက်နေခဲ့ကြသည်။

သို့သော် သူတို့၏ ဘိုးဘေးထံမှ သတိပေး ဆုံးမခြင်း ခံထားရပြီးနောက် 'နေမင်းဆည်းဆာဓားဂိုဏ်း' သည် သူတို့၏ စိတ်နေသဘောထားကို ပြောင်းလဲခဲ့ပြီး ဖြစ်၏။ ဒေါသ ထွက်နေသော်လည်း အလွန်အမင်းတော့ အမျက် မထွက်ကြတော့ပေ။

ထိုအခိုက်အတန့်၌ အချက်အလက်များကသာလျှင် အရာအားလုံးကို ပြောကြားနိုင်ပေလိမ့်မည်။

သူတို့ သိရှိသည်မှာ၊

အကယ်၍ 'ဓားမမိစ္ဆာ' သာ သူတို့၏ ဘိုးဘေးထံတွင် ရှုံးနိမ့်သွားခဲ့ပါက သူက မည်သူ့ကို အင်အားကြီးသည်ဟု ထင်မှတ်သည် ဖြစ်စေ အရေးပါတော့မည် မဟုတ်ပေ။

All Chapters