ဓားမမိစ္ဆာနှင့် ဓားဘုရင်၊ 'မြေအောက်ကမ္ဘာ' မှ ကြီးမားသော ကြောက်မက်ဖွယ်ရာ
Vol. 16 Ch. 239
~မရေမတွက်နိုင်သော မျက်လုံးများ၏ စူးစိုက်ကြည့်မှု အလယ်တွင်..၊
'ဓားမမိစ္ဆာ' သည် ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့သည်။
'နေမင်းဆည်းဆာဓားဂိုဏ်း'၏ ရှုခင်းသည် အသက်ရှူမှားလောက်အောင် လှပလှ၏။ ငွေရောင် ရေတံခွန်များက လျှောဆင်း ကျနေခဲ့သည်။ 'နေကို လိုက်သော ဓားဘုရင်' ၏ ထွန်းတောက်လာမှုမှစ၍ ဤဂိုဏ်းသည် အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး လောက၏ နံပါတ်တစ် 'ဓားတာအို မြင့်မြတ်နယ်မြေ' နေရာကို မထင်မရှား ပိုင်ဆိုင်ထားခဲ့သည်။ ၎င်းသည် ‘ဓားမြှုပ်ကန်’နှင့် 'ဓားဘုရင် တောင်ထိပ်'ကဲ့သို့သော မြင့်မြတ်သည့် နေရာ အမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထား၏။
အတိတ်ကာလတွင်..၊
'နေမင်းဆည်းဆာ ဓားဂိုဏ်း' သည် ဧည့်သည်များကို ဧည့်ခံလေ့ မရှိသလောက် ရှားပါးခဲ့သည်။
သို့သော် ယခု 'ဓားမမိစ္ဆာ' ၏ စိန်ခေါ်မှုသည် ကြီးကျယ်သော အဖြစ်အပျက်ကြီး တစ်ခု ဖြစ်နေ၏။ သဘာဝအတိုင်းပင် သူတို့သည် အားနည်းဟန် မပြသနိုင်ဘဲ သိုင်းပညာရှင် များစွာကို ပတ်ဝန်းကျင်မှ ကြည့်ရှုခွင့် ပြုထားခဲ့သည်။ လူများသည် 'နေမင်းဆည်းဆာဓားဂိုဏ်း' ၏ အမွေအနှစ်များကို အံ့ဩတကြီး ကြည့်ရှုနေကြရင်း လာမည့် တိုက်ပွဲကိုလည်း တက်ကြွစွာ မျှော်လင့်နေခဲ့ကြသည်။
'ဓားမမိစ္ဆာ' က မည်သို့ပင် ရှုမြင်သည် ဖြစ်စေ။
'နေကို လိုက်သော ဓားဘုရင်' သည် လက်ရှိ အပေါ်ယံ၌ အမြင့်ဆုံး အဆင့်ရှိသော ဓားသိုင်းသမား ဖြစ်နေခဲ့သည်။
ကောင်းကင်ဘုံလူသား အဆင့်စာရင်း၏ အဆင့် ငါး။
ဤသည်မှာ လျှို့ဝှက် ပုန်းကွယ်နေသော မိစ္ဆာကောင်ကြီးများကို ထည့်သွင်း တွက်ချက်လျှင်ပင် မဟာယန်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော အမှန်တကယ် ပြိုင်ဘက်ကင်းသည့် အင်အားကြီး ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပေသည်။
'ဓားမမိစ္ဆာ' သည် 'ဓားဘုရင် တောင်ထိပ်' ၏ အောက်တွင် ရပ်တန့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်ဆံများသည် ထိုနေရာကို စူးစိုက်ကြည့်လိုက်ရာ အနည်းငယ် လှိုင်းထသွားခဲ့၏။ ထိုနေရာတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဓားစိတ်ဆန္ဒ တစ်ခု ပုန်းကွယ်နေသည်ကို သူ သိမြင် ခံစားလိုက်ရသည်။
'ငါ့ရဲ့ နဂို အသိစိတ်ကသာ မှန်မယ်ဆိုရင် အဲ့ဒီလူက ငါနဲ့ လမ်းကြောင်းဆင်တူ လျှောက်နေတဲ့ လူတစ်ယောက် ဖြစ်ရမယ်'
သူ၏ တိုက်ခိုက်လိုစိတ်သည် တဟုန်ထိုး တက်လာခဲ့သည်။ ဤ 'နေကို လိုက်သော ဓားဘုရင်' သည် ထင်ထားသည်ထက် ပိုမို အင်အားကြီးမားကြောင်း သူ သိရှိသွား၏။
'ဓားမ စိတ်ဆန္ဒ' သည် ကောင်းကင်သို့ တဟုန်ထိုး တက်သွားသည်။
တိမ်လွှာများကို ဖြတ်သန်း လှည်းကျင်းသွားပြီး မမြင်ရသော ဝဲဂယက်တစ်ခုကို ဖွဲ့တည်လိုက်သည်။
မရေမတွက်နိုင်သော လူများသည် ဤ မိစ္ဆာဆန်သော 'ဓားမ စိတ်ဆန္ဒ' ကြောင့် ထိတ်လန့် တုန်လှုပ်သွားကြ၏။ အထူးသဖြင့် 'ဓားမမိစ္ဆာ' ပေါ်ထွက်လာကတည်းက တိုက်ပွဲတိုင်းကို မျက်မြင် တွေ့ရှိခဲ့ရသူများမှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။
သူတို့သည် 'ဓားမမိစ္ဆာ' ၏ သစ္စာရှိ နောက်လိုက်များ ဖြစ်ကြပြီး 'ဓားမမိစ္ဆာ' ပေါ်ထွက်လာပြီးနောက်ပိုင်း ပို၍ ပို၍ အင်အား ကြီးမားလာခဲ့သည်ကို အပြည့်အဝ မြင်တွေ့နေရလေသည်။
ဤအချက်က 'ဓားမမိစ္ဆာ' သည် 'အထွတ်အထိပ် နယ်ပယ်' သို့ ရောက်ရှိရန် ရည်မှန်းလျက် သူ၏ ဓားမကို လောက၏ အင်အားအကြီးဆုံး သူများနှင့် စမ်းသပ်ရန် ပေါ်ထွက်လာခဲ့သည်ဟူသော လူတိုင်း၏ သံသယများကို လုံးဝ အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
'နေမင်းဆည်းဆာဓားဂိုဏ်း' မှ အဖွဲ့ဝင်များ အားလုံးသည် 'ဓားဘုရင် တောင်ထိပ်' တွင် စုရုံး ရောက်ရှိနေခဲ့ကြသည်။
သူတို့သည် စိတ်ထဲ၌ အံ့ဩ မှင်တက်နေခဲ့ကြပြီး တညီတညွတ်တည်း ဦးညွှတ်လိုက်ကြကာ ဟစ်အော်လိုက်ကြသည်။
"ဘိုးဘေး ကျေးဇူးပြုပြီး ထွက်လာဖို့ တောင်းဆိုပါတယ် ခင်ဗျာ"
မရေမတွက်နိုင်သော အကြည့်များသည် 'ဓားဘုရင် တောင်ထိပ်' ဆီသို့ စုဆုံ ကျရောက်သွားကြ၏။ ဤနေရာသည်လည်း ဆန်းကြယ်သော ဒဏ္ဍာရီ အမျိုးမျိုးဖြင့် ဝန်းရံထားသော နေရာ ဖြစ်သည်။ ဤနေရာသည် 'နေကို လိုက်သော ဓားဘုရင်' ဓားတာအို ဉာဏ်အလင်း ပွင့်လင်းခဲ့သော နေရာ ဖြစ်သည်ဟု ဆိုကြသည်။ မူလက ၎င်းသည် သာမန် တောင်တစ်လုံးသာ ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပန်းပွင့်တိုင်း၊ အပင်တိုင်း၊ သစ်ပင်တိုင်းနှင့် ကျောက်တုံးတိုင်းသည် အင်အားကြီးမားသော ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက် စိမ့်ဝင်သွားခဲ့ပြီး 'ဓားဘုရင် တောင်ထိပ်' ဟူသော အမည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
အတိတ်ကာလတွင် ဤဒဏ္ဍာရီသည် 'နေမင်းဆည်းဆာဓားဂိုဏ်း' က သူတို့၏ ဂုဏ်သတင်းကို မြှင့်တင်ရန် ချဲ့ကား ပြောဆိုထားခြင်း ဟုတ်၊ မဟုတ်ကို လူများ မသေချာခဲ့ကြပေ။
သို့သော် ယနေ့ အဖြစ်အပျက်များကို မျက်မြင် တွေ့ရှိလိုက်ရသောအခါ၊ သူတို့၏ မရင့်ကျက်မှုကို သူတို့ သိရှိသွားကြသည်။
'နေမင်းဆည်းဆာဓားဂိုဏ်း' မှ အဖွဲ့ဝင်များ၏ ခေါ်သံ အဆုံးတွင် မူလက တိတ်ဆိတ် ငြိမ်သက်နေသော 'ဓားဘုရင် တောင်ထိပ်' သည် ရုတ်တရက် အသက်ဝင် လှုပ်ရှားလာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။ ဓားစိတ်ဆန္ဒများသည် ကောင်းကင်သို့ တိုးထွက်လာပြီး ပုံသဏ္ဌာန် အဖြစ်သို့ စုစည်းသွားကာ ကြီးကျယ် ခမ်းနားသော နေမင်းကြီး တစ်စင်းကဲ့သို့ အံ့ဩဖွယ် ဖြစ်ရပ်ဆန်း တစ်ခုကို ဖန်တီးလိုက်သဖြင့် လူများ စကား ဆွံ့အ သွားခဲ့ရသည်။
တိုးလျသော အသံတစ်ခု ပဲ့တင် ထွက်ပေါ်လာ၏။
"အားလုံး နောက်ဆုတ်နေကြ"
လူအုပ်ကြီးသည် သူတို့၏ အကြည့်များကို စူးစိုက်လိုက်ကြရာ 'ဓားမမိစ္ဆာ' ၏ ရှေ့တည့်တည့်တွင် မည်သည့်အချိန်ကမှန်းမသိ.. ရပ်နေသော ပုံရိပ် တစ်ခုကို တွေ့မြင်လိုက်ကြရသည်။
ထို အဘိုးအို၏ မျက်ခုံးများနှင့် မျက်လုံးများသည် ဓားသွားများကဲ့သို့ ဖြစ်နေပြီး ခန့်ညား ထည်ဝါသော တည်ရှိမှု ရှိကာ ထိုနေရာတွင် သာမန်ကာလျှံကာ ရပ်နေရုံမျှဖြင့် လွှမ်းမိုး ဖိနှိပ်နိုင်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေခဲ့သည်။ 'နေကို လိုက်သူ' ဟူသော အမည်ကို ထမ်းပိုးထားရန် သဘာဝအတိုင်းပင် သာမန်လူ တစ်ဦး မဖြစ်နိုင်ပေ။
'နေကို လိုက်သော ဓားဘုရင်' သည် သူ၏ ရှေ့မှ 'ဓားမမိစ္ဆာ' ကို ဂရုတစိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ထိုမိစ္ဆာ၏ ဓားမရိုး အပေါ်သို့ ကျရောက်သွားပြီး သတိထားဟန် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
သူက ညင်သာစွာ မှတ်ချက်ပြုလိုက်သည်။
"လောကကြီးက တကယ်ကိုပဲ ဝှက်ဖဲတွေနဲ့ ပြည့်နေတာပဲ။ ပထမတော့ ဘယ်ကမှန်း မသိတဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ပေါ်လာတယ်။ အခု ခင်ဗျား ထပ်ပေါ်လာပြန်ပြီ။ ဘယ်သူမှ တားမနိုင်ဆီးမနိုင်ပဲ။ ခင်ဗျားရဲ့ ဓားမက ကျုပ်အထင် ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ ထင်ပါရဲ့"
လူတိုင်း အံ့ဩသွားကြသည်။
' နေကို လိုက်သော ဓားဘုရင်' က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကိုလည်း ထည့်ပြောသွားသည်။
သူ့စကားတွေအရ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်’ကို တော်တော် အထင်ကြီးပုံပင်။
'ဓားမမိစ္ဆာ' သည် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ သူ၏ အသံသည် အနည်းငယ် ခြောက်ကပ်နေခဲ့သည်။
"နည်းနည်းတော့ လိုပါသေးတယ်။ မင်းလည်း မဆိုးပါဘူး"
'နေကို လိုက်သော ဓားဘုရင်' သည် အားရပါးရ ရယ်မောလိုက်သည်။ မမျှော်လင့်သော တွေ့ဆုံမှုတစ်ခုတွင် အပေါင်းအသင်း ရောင်းရင်းစိတ်ကို ရှာဖွေ တွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
"ကျုပ်တို့ သုံးကွက်နဲ့ အနိုင်အရှုံး ဆုံးဖြတ်ကြမလား"
"ကောင်းပြီလေ"
'ဓားမမိစ္ဆာ' ၏ အသံသည် ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သော်လည်း လူတိုင်း အံ့အားသင့်သွားကြသည်။ သူ ပေါ်ထွက်လာကတည်းက 'ဓားမမိစ္ဆာ' သည် စကား ပြောလေ့ မရှိသလောက် ရှားပါးပြီး'နတ်ဘုရားလေ ဓားမအရှင်' နှင့် တိုက်ပွဲအပြီးတွင်သာ စကား အနည်းငယ် ပြောကြားခဲ့ဖူးသည်။
သို့သော် ယခု တိုက်ပွဲ မစတင်မီမှာပင် သူသည် 'နေကို လိုက်သော ဓားဘုရင်' နှင့် တည်ငြိမ်စွာ စကားစမြည် ပြောဆိုနေခဲ့ပြီ ဖြစ်ရာ သူ၏ လေးစားမှုကို ပြသနေခဲ့သည်။
လူတိုင်းသည် တိတ်တဆိတ် မျှော်လင့်နေခဲ့ကြသည်။
သူတို့သည် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားကြပြီး အသက်ရှူသံများကိုပင် လျှော့ချထားကြ၏။ ဤ ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ် နှစ်ဦး၏ တိုက်ပွဲကို အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သောကြောင့်တည်း။
တစ်ခဏချင်းတွင်..၊
လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားသည်။
'နေကို လိုက်သော ဓားဘုရင်' သည် သူ၏ လက်ဖြင့် ညွှန်ပြလိုက်ရာ ကြီးမားလှသော ဓားစိတ်ဆန္ဒများ ပေါင်းစည်းသွားပြီး ကောင်းကင်မြင့်တွင် ချိတ်ဆွဲထားသော ထွန်းလင်း တောက်ပသည့် နေမင်းကြီး တစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဝေးမှပင် လူတိုင်းသည် လွှမ်းမိုး ဖိနှိပ်နိုင်သော ခံစားချက်ကို သိမြင် ခံစားနေရ၏။ လောကကြီး အတွင်းမှ အရာအားလုံး နတ်ဘုရား တောင်တန်းများ ဖြစ်စေ မြစ်ကြီးများ ဖြစ်စေ သမုဒ္ဒရာ နက်ကြီးများ ဖြစ်စေ ဤ နေမင်း၏ အဆုံးအစမရှိသော ကြီးကျယ် ခမ်းနားမှုနှင့် နှိုင်းယှဉ်လိုက်ပါက မှေးမှိန် ပျောက်ကွယ်သွားကြသည်။
'နေကို လိုက်သော ဓားဘုရင်' သည် 'နေကို လိုက်သူ' ဟူသော အမည်ကို ထမ်းပိုးထားခြင်းမှာ 'ခွားဖူ' (Kuafu) ကဲ့သို့ နေကို လိုက်ဖမ်းရန် မဟုတ်ဘဲ သူ၏ ဓားစိတ်ဆန္ဒကို နေမင်းကဲ့သို့ ကြီးမား ကျယ်ပြန့်ပြီး အဆုံးအစမရှိစေရန် လိုက်စားခြင်း ဖြစ်ပေသည်။
(ဘာသာပြန်သူ မှတ်ချက်: ‘ခွားဖူ'က မူရင်း တရုတ်ဒဏ္ဍာရီလာ ဧရာမ လူကြီးတစ်ဦးဖြစ်ပြီး နေကို လိုက်ဖမ်းရန် ကြိုးစားခဲ့သူ ဖြစ်ပါသည်။)
ထိုအခိုက်အတန့်၌ 'နေကို လိုက်သော ဓားဘုရင်' လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် မရေမတွက်နိုင်သော လူများ အကြားတွင် တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။ ဤသို့သော ဓားစိတ်ဆန္ဒမျိုးသည် လောကတွင် ရှားပါးလှ၏။ 'နေကို လိုက်သော ဓားဘုရင်' သည် နောက်ဆုံး တစ်ကြိမ် လှုပ်ရှားခဲ့သည့် အချိန်မှစ၍ ထပ်မံ တိုးတက်မှုများ ရရှိခဲ့သည်မှာ ရှင်းလင်းနေခဲ့သည်။
'ဓားမမိစ္ဆာ' ၏ နက်မှောင်သော မျက်ဆံများသည် လှိုင်းထသွား၏။
သူ၏ တိုက်ခိုက်လိုစိတ်သည် တဟုန်ထိုး တက်လာခဲ့သည်။
သူသည် သူ၏ ဓားမရိုးကို ညင်သာစွာ ပွတ်သပ်လိုက်၏။
ကြောက်မက်ဖွယ် မိစ္ဆာ သဘာဝသည် ထိုးထွက်လာပြီး လွှမ်းခြုံသွားသည်။
ထိုအခိုက် 'ဓားမမိစ္ဆာ' သည် 'မိစ္ဆာဓားမ' အဖြစ်သို့ ပြောင်းလဲသွားဟန်တူသည်။ တစ်စုံတစ်ယောက်က ၎င်းကို မှတ်မိလိုက်၏။
ဤသည်မှာ'နတ်ဘုရားလေ ဓားမအရှင်' ကို ရှုံးနိမ့်စေခဲ့သော ပြိုင်ဘက်ကင်း ဓားမ။
"လူသား မိစ္ဆာ ဓားမ။"
ထို ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ် နှစ်ဦးသည် လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် အခြားသူများနှင့် ကွာဟချက်ကို ကျယ်ပြန့်သွားစေခဲ့သည်။
ယခုမှသာလျှင် လူတိုင်း နားလည်သွားကြတော့သည်။
'ကောင်းကင်ဘုံလူသား အဆင့်စာရင်းရဲ့ ထိပ်ဆုံး ငါးယောက် စာရင်းဝင် ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ်တွေက မတူညီတဲ့ နယ်ပယ်တစ်ခုကို ရောက်နေခဲ့ကြတာပဲ။ အဆင့် များစွာနဲ့ကို နှိုင်းယှဉ်လို့ မရလောက်အောင် ကွာခြားတာပဲ'
ထွန်းလင်း တောက်ပသော နေမင်းသည် ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး ကြီးမားသော ဖိအားကို သယ်ဆောင်လာခဲ့သည်။ ထိုအချိန်တွင် နက်မှောင်သော 'မိစ္ဆာဓားမ' သည် ရေစီးကြောင်းကို ဆန်တက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်ရန် အနိုင်မရှုံးနိုင်သော အရှိန်အဝါကို ပိုင်ဆိုင်ထားခဲ့သည်။
“ဘုန်း”
မီးတောက်လောင်နေသော မီးပုံထဲသို့ ဆီများ ပွက်ပွက်ဆူသွားသကဲ့သို့
လေဟာနယ်သည် လူ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေနိုင်သော ဆီပူထဲ ကြော်လှော်သကဲ့သို့ အသံမြည်ခြင်းဖြင့် ပဲ့တင်ထပ်သွား၏။ နေမင်းသည် 'မိစ္ဆာဓားမ' ကို ဝါးမြိုရန် ကြိုးစားနေသကဲ့သို့ 'မိစ္ဆာဓားမ' ကလည်း နေမင်းကို ဖျက်ဆီးရန် ကြိုးပမ်းနေခဲ့၏။
ဓားစိတ်ဆန္ဒနှင့် ဓားမ စိတ်ဆန္ဒ နှစ်ခုစလုံးသည် အတွင်း၌ ထည့်သွင်း ပါဝင်နေခဲ့သည်။
ဤသို့သော စွမ်းအင်များ အနည်းငယ်မျှ ယိုစိမ့် ထွက်ကျသွားရုံမျှဖြင့် 'နေမင်းဆည်းဆာဓားဂိုဏ်း' ကို အပျက်အစီးများဖြင့် ကျန်ရစ်စေရန် လုံလောက်ပေသည်။
သို့သော် ထူးဆန်းသည်မှာ အင်အားစု နှစ်ခုသည် အချင်းချင်း ပျက်ပြယ်သွားစေရုံမှတစ်ပါး အပို လှိုင်းတံပိုးများ ယိုဖိတ် ထွက်ကျလာခြင်း မရှိခဲ့ပေ။
ခဏအကြာ။
နေမင်းနှင့် 'မိစ္ဆာဓားမ' နှစ်ခုစလုံး ပျောက်ကွယ်သွားခဲ့ပြီး မရေမတွက်နိုင်သော လေများသည် ဖြတ်သန်း တိုက်ခတ်သွားကာ လူတိုင်းကို တုန်လှုပ် မှင်တက် ကျန်ရစ်စေခဲ့သည်။
ဤသည်မှာ 'ဓားမမိစ္ဆာ' နှင့် အညီအမျှ ယှဉ်နိုင်သော ပထမဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး 'နေမင်းဆည်းဆာဓားဂိုဏ်း' မှ အဖွဲ့ဝင်များ အကြားတွင် ကြီးမားသော အားတက်သံများ ဖြစ်ပေါ်သွားစေကာ သူတို့၏ ဘိုးဘေးအပေါ် ထားရှိသော လေးစားမှုကို ပိုမို နက်ရှိုင်းသွား
စေခဲ့တော့သည်။