← Chapters

မိုက်ကယ်၏အမေ

Vol. 40 Ch. 592

မိုက်ကယ်၏အမေ

Vol. 40 Ch. 592

ရုတ်တရက်ဝင်ရောက်လာသော ဒေတာပမာဏက တင်းဆန်ရှီနှင့် မာဟွားတို့၏ခန့်မှန်းချက်ကို ကျော်လွန်သွားခဲ့သည်။ ကျန်းမုန့်လောင်၏လွှမ်းမိုးမှုက ဤမျှအထိကြီးမားလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ ယှဉ်ကြည့်ပါက သူတို့၏ဂုဏ်သတင်းမှာ ရယ်ချင်စရာပင်ကောင်းသေးသည်။

"အချိန်ပိုဆင်းမယ်။ နည်းပညာအသင်း.. အခုချက်ချင်းနေရာယူပြီး အချိန်ပိုဆင်းကြ။ ဒီသုံးလအတွက် ဆုကြေးကို နှစ်ဆတိုးပေးမယ်"

မျှော်လင့်ချက်ရောင်ခြည်ကို မြင်လိုက်ရသဖြင့် မာဟွားနှင့် တင်းဆန်ရှီတို့လည်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့ကိုယ်တိုင် ဂိမ်းကို စမ်းကစားကြည့်ပြီးပြီဖြစ်လေရာ ကစားသူတိုင်း ချက်ချင်းကြိုက်သွားကြလိမ့်မည်ဖြစ်ကြောင်း အပြည့်အဝအာမခံရဲသည်။

"နှစ်ရာတည်းလား။ ဂိမ်းက စုတ်နေရင်တောင် ယူထားရမှာပဲ။ ဆုမဲပေါက်သွားရင် ဘယ်လိုလုပ်မလဲ"

"ဆုမပေါက်ဘူးဆိုရင်တောင် ဂိမ်းရဲ့အနိုင်ရနိုင်ခြေကို လျှော့ချပစ်ချင်သေးတယ်"

"ငါသာ ဆုရရင်တော့ တစ်သက်လုံး ရုန်းကန်နေစရာမလိုတော့ဘူး"

"သေစမ်း။ တရားဝင်ဝက်ဘ်ဆိုက်က ဘာလို့ အခုထိ ပြန်မပြင်သေးတာလဲ။ တင်းဆန်ရှီ သောက်သုံးမကျတဲ့လူ"

...

"လူကြီးမင်းတို့.. ခင်ဗျားတို့ဝက်ဘ်ဆိုက်က ဒီလောက်လေးတောင် မခံနိုင်ဘူးလား။ ဒီပမာဏနဲ့တင် ပြိုလဲတော့မလိုဖြစ်နေပြီ"

ကျန်းမုန့်လောင်က စနောက်လိုက်၏။

တင်းဆန်ရှီနှင့် မာဟွားတို့မှာမူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူတို့ ဂိမ်းထုတ်လုပ်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင် ဤမျှများပြားသော ဝင်ရောက်မှုမျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ။

သာမန်အခြေအနေမျိုးတွင် သူတို့၏တရားဝင်ဝက်ဘ်ဆိုက်က မြင့်မားလှသော ဝင်ရောက်မှုပမာဏကို တောင့်ခံနိုင်ပါသော်ငြား ၎င်းမှာ အခြေအနေတစ်ရပ်အပေါ် မူတည်သေးသည်။ ကစားသမားများ၏ ဒေါင်းလုတ်လုပ်နှုန်းက သိပ်မမြင့်ပေ။ အကြောင်းမှာ ဒေါင်းလုတ်လုပ်မည့် တောင်းဆိုချက်များအားလုံဂကို ဒေတာဘေ့စ်ဆီကို ပြန်ပို့ရပြီး ထိုအရာမှာ ဆာဗာ၏မန်မိုရီထဲတွင် နေရာယူနေသောကြောင့်ပင်။

သို့သော် ယခုမူ ဝက်ဘ်ဆိုက်ထဲသို့ ဝင်ရောက်လာသူတိုင်းက လာကြည့်ရုံသက်သက်ဖြစ်နိုင်မည်လား။ လူတိုင်းက ဂိမ်းကို ဒေါင်းလုတ်ဆွဲရန်အတွက် ရောက်လာကြခြင်းပင်။ ဝင်ရောက်ကြည့်ရှုသူများသလောက် ဒေါင်းလုတ်ဆွဲသူ၏ အချိုးအစားကလည်း ကိုးဆယ်ရာခိုင်နှုန်းနီးနီးရှိသည်။

ဤမျှများပြားသော ဒေတာပမာဏမှာ ထန်ရွှင်းနှင့် ဝမ်ယိတို့၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့သည်။ ကစားသမားများကို ပလက်ဖောင်းနှစ်ခုတွင် ခွဲထားခြင်းမရှိပါက ဝက်ဘ်ဆိုက်တစ်ခုလုံး ပြိုလဲသွားလောက်လေပြီ။

"ပြန်ပြင်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"

အခြေအနေက ထိန်းချုပ်၍ မရတော့သဖြင့် တင်းဆန်ရှီနှင့် မာဟွားတို့ကတော့ ဖုန်းဖြင့် လှမ်းဆဲနေကြချေပြီ။

"နာရီဝက်အတွင်း မပြင်နိုင်ဘူးဆိုရင် မင်းတို့နည်းပညာဒါရိုက်တာတွေ နှုတ်ထွက်စာတင်ထားလိုက်တာ ပိုကောင်းမယ်။ ထန်ရွှင်းကရော ဝမ်ယိကရော မင်းတို့ကို အလုပ်ခန့်မှာမဟုတ်ဘူး"

"ဒါပေမဲ့ သူဌေး.. ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော်တို့ဆာဗာရဲ့လုပ်ဆောင်နိုင်စွမ်းက ဒီလောက်ပဲရှိတာ။ ဒေတာတွေကို လမ်းကြောင်းပြောင်းဖို့ ဆာဗာအသစ်တွေ ဒါမှမဟုတ် တွက်ချက်ရေးယူနစ်တွေကို ထပ်မထည့်ဘူးဆိုရင်…"

"ငါ ဆင်ခြေတွေမလိုချင်ဘူး။ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘူး။ အခုချက်ချင်းသွားဖြေရှင်းလိုက်"

"မစ္စတာမာ.. ကိုယ့်လူတွေကို ဘာလို့ ဒုက္ခပေးနေတာလဲ"

ကျန်းမုန့်လောင်က ကွန်ပျူတာပေါ်တွင် အမြန်ရိုက်နှိပ်ပြီးနောက် ပိတ်ချလိုက်သည်။

"ပြီးပြီ"

"မစ္စတာမာ.. မစ္စတာမာ..ဆာဗာက တွက်ချက်မှုယူနစ်ကို ခံနိုင်သွားပြီ"

"မဖြစ်နိုင်တာ။ ဒေတာပမာဏက ကျမသွားဘဲ တက်နေတုန်းလေ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"တစ်ယောက်ယောက်က ကျွန်တော်တို့ဒေတာတွေကို လမ်းကြောင်းပြောင်းပြီး လုပ်ဆောင်ပေးပြီးတဲ့နောက် ပြန်ပို့ပေးနိုင်မဲ့ ကုတ်တစ်ခုရေးပေးထားတာ။ ဘယ်လိုလုပ်လိုက်တာလဲ"

"လုံးဝမဖြစ်နိုင်ဘူး။ ဒီလိုလုပ်ဖို့ဆိုရင် ကျွန်တော်တို့ဆာဗာရဲ့ အမြင့်ဆုံးခွင့်ပြုချက်ကို ရထားမှဖြစ်မှာ။ အပြင်လူတစ်ယောက်က ဘယ်လိုလုပ်ဝင်နိုင်မှာလဲ။ တကယ်လို့သာ ဖြစ်နိုင်တယ်ဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ပင်မဒေတာတွေကို ဝင်ကြည့်လို့ရနေပြီပဲ"

ထန်ရွှင်း၏နည်းပညာဒါရိုက်တာခမျာ ချက်ချင်းထိတ်လန့်သွားချေသည်။ သူတို့၏ပင်မအမြတ်အစွန်းကို ထုတ်လုပ်ပေးနေသည့် ဤဂိမ်း၏ဒေတာဘေ့စ်မီးနံရံက သူတို့၏အချက်အလက်များကို ကာကွယ်ပေးထားသည့်အရာတစ်ခုပင်။

တစ်နည်းဆိုရသော် တစ်စုံတစ်ယောက်ကသာ သူတို့၏ဂိမ်းဒေတာကို အလွယ်တကူရယူနိုင်သည်ဆိုပါက သူတို့၏ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ ဒေတာများကိုပါ အလွယ်တကူရယူနိုင်ပြီး ကုမ္ပဏီ၏လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နိုင်သည်။

မာဟွားက ကျန်းမုန့်လောင်ကို လှမ်းကြည့်လိုက်၏။

"ကြည့်မနေနဲ့။ ကျုပ်လုပ်လိုက်တာ"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ဆာဗာက ဒီဝန်ကို မခံနိုင်လို့ ကျုပ် ကူညီပေးလိုက်တာလေ။ အခု ကျုပ်ရဲ့စူပါကွန်ပျူတာဆီက အကူအညီကို ရသွားပြီမို့ အသုံးပြုသူပမာဏက အဆတစ်ရာပိုများလာရင်တောင် အေးအေးဆေးဆေးဖြစ်သွားပြီ"

"ခင်ဗျား.. အင်တာဖေ့စ်ကို ဘယ်တုန်းက ရေးလိုက်တာလဲ"

"အခုလေးတင်ပဲ"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေသည်။

"ဒါက မီးနံရံလေးတစ်ခုသက်သက်ပါ။ ဖောက်ဖို့ စက္ကန့်ပိုင်းပဲကြာတယ်"

"ဒါက…"

မာဟွားနှင့် တင်းဆန်ရှီတို့ခမျာ ချွေးပြိုက်ပြိုက်ကျလာလေသည်။ ကျန်းမုန့်လောင်မှာ စစ်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသာ ထန်ရွှင်းကို တိုက်ခိုက်ချင်ပါက ပိုက်ဆံသုံးပြီး ဝယ်နေစရာပင် မလိုချေ။ သူတို့၏ဒေတာဘေ့စ်ကို ဝင်နှောင့်ယှက်ပြီး အသုံးပြုသူဒေတာများကို ကလိလိုက်သည်နှင့် ဒေါသူပုန်ထနေသော အသုံးပြုသူများက နောက်တစ်နေ့တွင် သူတို့၏ထန်ရွှင်းကို ပြိုလဲသွားအောင် လုပ်နိုင်ပေသည်။

"ငါတို့က အခု ရန်သူတွေမဟုတ်ဘဲ ပါတနာတွေဖြစ်နေလို့ တော်သေးတာပေါ့"

ဤအတွေးက မာဟွားနှင့် တင်းဆန်ရှီတို့နှစ်ယောက်စလုံး၏ခေါင်းထဲ လက်ခနဲဖြစ်သွားချေသည်။

...

ဂိမ်းကိုဒေါင်းလုတ်ဆွဲပြီးနောက် နောက်တစ်ဆင့်မှာမူ ပစ္စည်းပို့ဆောင်မှုကို စောင့်ဆိုင်းရမည့်အချိန်ပင်။ ထိုညမှာပ်င ကျန်းမုန့်လောင်က မေ့သွမ်းကုမ္ပဏီနှင့် ဆက်သွယ်ပြီး VRစက်ကိရိယာများ၏ ပထမအသုတ်ကို ကျန်းနန်တစ်မြို့လုံးသို့ စတင်ပို့ဆောင်ခဲ့သည်။

သူ့အနေနှင့် ဤအခြေအနေကို မျှော်လင့်မထားသောကြောင့် VRကိရိယာများကို ပမာဏအမြောက်အများ မထုတ်လုပ်ထားပေ။ ယခုမူ သူ့စက်ရုံက နေ့မအားညမအားထုတ်လုပ်နေသည့်တိုင် လက်ရှိတွင် ငါးသိန်းခန့်သာ ထုတ်လုပ်နိုင်သေးသည်။

ကိရိယာနောက်တစ်သုတ်ကိုမူ အနည်းဆုံးတစ်ပတ်ကျော်မှသာ ရရှိနိုင်မည်ဖြစ်၏။

ထို့ကြောင့် ကံထူးရှင်များမှာ ပထမအသုတ်အယောက်ငါးသိန်းထဲမှ ပေါ်ထွက်လာနိုင်ခြေရှိပြီး အနိုင်ရနိုင်မည့်အချိုးကလည်း ကြောက်ခမန်းလိလိ မြင့်မားလှသည်။

"သေစမ်း။ ငါ့ဆီကိုရောက်လာပြီဟေ့"

"အမေနဲ့အဖေရေ..ကျွန်တော် အိမ်မဝယ်နိုင်မှာကို စိတ်ပူစရာမလိုတော့ဘူး"

"မိုးကြိုးစစ်ဆင်ရေးကိရိယာကို ငါးထောင်နဲ့ရောင်းမယ်။ ယူချင်ယူ မယူချင်နေ။ အမြတ်တစ်သောင်းရယူပြီး ဘဝအထွတ်အထိပ်ကို တက်လှမ်းဖို့က မဝေးတော့တဲ့ အိပ်မက်တစ်ခုပါပဲ"

"သောက်ကျိုးနည်း.. ဒီဂိမ်းမှာတောင် ပွဲစားတွေပေါ်နေပြီလား"

...

အမြန်ဆုံးကစားသမားများက တရားဝင်ဂိမ်းကို စတင်ဖြန့်ချိပြီး နောက်တစ်နေ့မနက်မှာပင် ဂိမ်းကိရိယာများကို ရရှိခဲ့ကြသည်။

ဆုလဲလှယ်သည့် စနစ်က အလွန်ရိုးရှင်းသည်။ ဂိမ်းအတွင်းရှိ အဆောက်အအုံများထဲတွင် "မိုက်ကယ်"ဟုခေါ်သော သတ္တဝါကြီးတစ်ကောင် ထွက်လာနိုင်သည်။ ထိုသတ္တဝါကြီးကို သေအောင်ပစ်သတ်နိုင်ပါက "မိုက်ကယ်၏အမေ"ဟုခေါ်သော ပုံရိပ်ယောင်အရုပ်တစ်ခု ကျလာမည်ဖြစ်၏။

ထိုစံအိမ်ကြီးများနှင့် ဇိမ်ခံကားများကို "မိုက်ကယ်၏အမေ"ဟူသော အရုပ်ဖြင့် လဲလှယ်ရခြင်းဖြစ်၏။

"မိုက်ကယ်၏အမေ"အရုပ်ကို ၉၉၉ခုပြည့်အောင် ပထမဆုံးစုဆောင်းနိုင်သူသက သန်းငါးဆယ်တန် ဗီလာကြီးနှင့် လဲလှယ်နိုင်မည်ဖြစ်၏။

ဤသည်မှာ ဖြစ်နိုင်ခြေအပေါ် မူတည်သော အရာမဟုတ်ပေ။ ဇွဲရှိမှုနှင့်သက်ဆိုင်သော ပြိုင်ပွဲတစ်ခုပင်။ ဇွဲရှိသူတိုင်း တစ်ရက်တည်းနှင့်လည်း "မိုက်ကယ်၏အမေ"အရုပ်ပေါင်းများစွာ ရရှိနိုင်သည်။ ပိုမြန်ပါက တစ်လအတွင်း အရုပ်ပေါင်း၉၉၉ခုကို စုနိုင်ပေသည်။

ကစားသမားတစ်ယောက်အနေနှင့် တစ်ကြိမ်သာ လဲလှယ်ခွင့်ရှိသည်။ နိုင်ငံတော်၏ ဂိမ်းစွဲလမ်းမှုတားဆီးရေးစနစ်ကို အလေးထားလိုက်နာသောအားဖြင့် တစ်နေ့လျှင် ဂိမ်းကစားချိန် ရှစ်နာရီအဖြစ် သတ်မှတ်ထားသည်။ ဂိမ်းကစားချိန်၈နာရီကို ကျော်လွန်သည်နှင့် ဂိမ်းထဲမှ ချက်ချင်းထွက်သွားမည်ဖြစ်၏။

VRစက်များကို အလုအယက်ဝယ်ထားရသော ကစားသမားများမှာ ဤဂိမ်းကို အရူးအမူးကစားကြလေတော့သည်။ အစကတော့ ဤဂိမ်းကို ဆုမဲပေါက်နိုင်ခြေရှိသည့် နည်းလမ်းတစ်ခုအဖြစ်သာ သဘောထားခဲ့ကြပြီး နောက်မှ ပြန်ဖျက်ပစ်ရန် စိတ်ကူးထားခဲ့ကြသည်။

သို့သော် ထင်မှတ်မထားပါဘဲ ဤဂိမ်းက မယုံနိုင်လောက်အောင် ကောင်းကောင်းဖန်တီးထားကြောင်း သိလိုက်ရသည်။ ဤစက်ကိရိယာသေးသေးလေးတစ်ခုက ဤမျှကြီးမားပြီး အရည်အသွေးမြင့်လှသော ဂိမ်းမျိုးကို ထောက်ပံ့ပေးနိုင်လေသည်။

သူတို့သည် "အာရုံငါးပါးခံစားနိုင်သည့်နည်းပညာ"ကို ပထမဆုံးအကြိမ်အဖြစ် တွေ့ကြုံခံစားခဲ့ရသည်။

ယွမ်နှစ်ရာတန်VRမျက်မှန်တစ်လက်ဖြင့် စစ်မြေပြင်ထဲသို့ သူတို့ကိုယ်တိုင် ရောက်သွားသလို ခံစားရသည်။ ဤသည်မှာ ဂိမ်းဦးထုပ်များနှင့် ဂိမ်းအခန်းများကိုသုံးမှ ရလေ့ရှိသော အကျိုးသက်ရောက်မှုများပင်။

တဖြည်းဖြည့်ဖြင့် ပထမအသုတ်ကစားသမားများမှာ စံအိမ်ကြီးများနှင့် ပြိုင်ကားများကို ကုန်းဆင်းရန် ဤဂိမ်းထဲသို့ ဝင်လာခဲ့သည့် သူတို့၏ကနဦးရည်ရွယ်ချက်ကိုပင် မေ့လျော့သွားကြသည်။

ဂိမ်းတစ်ခုအတွက် အရေးအကြီးဆုံးမှာ သတင်းစကားဖြစ်၏။ လက်ရှိအချိန်တွင် သတင်းစကားပျံ့နှံ့မှုမှတစ်ဆင့် ဤဂိမ်း၏ဂုဏ်သတင်းမှာ အပြည့်အဝတည်ဆောက်ထားပြီးသား ဖြစ်သွားလေပြီ။ တချို့ဂိမ်းပိုင်းဆိုင်ရာYoutuberများမှာ ကိုယ်တိုင်ခံစားရသည့် ဂိမ်းမြင်ကွင်းများကို ဗီဒီယိုရိုက်ယူ၍ ပလက်ဖောင်းအများအပြားတွင် တင်ခဲ့ကြသည်။

"ဒီဂိမ်းက အမိုက်စားပဲ"

"PUBGကို ဘာအရေးလုပ်နေဦးမှာလဲ။ နိုင်ငံခြားဆာဗာတွေမှာ ဆော့ခွင့်မရတော့တာကိုရော ဘယ်သူက ဂရုစိုက်မှာလဲ။ ငါတို့ရဲ့ဂိမ်းအဟောင်းတွေကို အကုန်စွန့်ပစ်လိုက်ပြီ။ ဆော့ချင်တဲ့လူ ဆော့ပါစေ"

"အမှန်အတိုင်းပြောရရင် မိုးကြိုးစစ်ဆင်ရေးက ရှင်သန်လွတ်မြောက်ရေးပစ်ခတ်မှုဂိမ်းတွေရဲ့ စံနှုန်းပဲ"

"မိုက်ကယ်က ဘယ်သူလဲဆိုတာ တစ်ယောက်ယောက်ပြောပြကြပါဦး"

"ငတုံး..မိုက်ကယ်ဆိုတာ ငါတို့ကို ဂိမ်းကစားခွင့်ပိတ်ခဲ့တဲ့လုပ်ရပ်ရဲ့ နောက်ကွယ်က ကုမ္ပဏီပိုင်ရှင်လေ။ အဲဒါကြောင့်ပဲ ငါတို့ဟွာရှားဂိမ်းတီထွင်သူတွေက သူတို့ကို အခုလိုလက်တုံ့ပြန်နေတာ မမြင်ဘူးလား"

"အရပ် ၁၆၈စင်တီမီတာ၊ ကိုယ်အလေးချိန် ၅၀ကီလို၊ ရင်သား B-Cup၊ မဟာဘွဲ့နဲ့အထက်၊ ချစ်စရာကောင်းတဲ့ရုပ်ရည်၊ 'မိုက်ကယ်၏အမေ'အရုပ်တွေကို အများကြီးပိုင်ထားတဲ့လူက ချစ်သူကောင်လေး ရှာနေပါတယ်နော်"

"ငါက အရပ်၁၇၀စင်တီမီတာ၊ ကိုယ်အလေးချိန် ၅၅ကီလို၊ မာစတာဘွဲ့ရ၊ 'မိုက်ကယ်၏အမေ"အရုပ်ကို သုံးရာကျော်စုဆောင်းထားတယ်။ လာကြည့်ကြပါဦး"

"မဖြစ်နိုင်တာ။ ညီအစ်မတို့ရေ ဒီလောက်တောင် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကုန်ပြီလား"

*****************

All Chapters