← Chapters

အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး

Vol. 40 Ch. 593

အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး

Vol. 40 Ch. 593

"မာဟွားရော တင်းဆန်ရှီရော သွားသေလိုက်ကြ။ ငါ မင်းတို့ကိုသတ်မယ်"

ဟွာရှားလူမျိုးများက ဂိမ်းထဲတွင် သူ့ကို အထူးဇာတ်ကောင်တစ်ခုအဖြစ် ဖန်တီးထားရုံသာမက သူ့အမေကို လဲလှယ်နိုင်သောပစ္စည်းတစ်ခုအဖြစ် ဖန်တီးထားကြောင်း သိလိုက်ရသောအခါ မိုက်ကယ်မှာ မိုးပေါ် ပျံတက်သွားသလို ခံစားရသည်။

"သူတို့ကို တရားစွဲလိုက်။ သူတို့တွေ မွဲတေသွားတဲ့အထိ တရားစွဲပစ်မယ်။ အတော်ဆုံးရှေ့နေကို ရှာပေး"

မိုက်ကယ်က သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။

"တောင်းပန်ပါတယ် သူဌေး"

မိုက်ကယ်၏လက်ထောက်က‌ ပြောလာလေသည်။

"ကျွန်တော်တို့ ဟွာရှားနိုင်ငံကို တရားဝင်အကြောင်းကြားစာ ပို့လိုက်ပါတယ်။ ဒါပေမဲ့ ဒါက ပုံရိပ်ယောင်ကမ္ဘာထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တကယ်ရှိတဲ့အရာမဟုတ်တဲ့အတွက် အတည်မယူနဲ့လို့ သူတို့ဘက်က ပြောလိုက်ပါတယ်"

"ခွမ်း"

မိုက်ကယ်ခမျာ ဒေါသူပုန်ထသွားသဖြင့် လက်ထဲရှိ ဖန်ခွက်ကို ကြေမွသွားအောင် ဖိညှစ်လိုက်လေရာ ဖန်ကွဲစများက သူ့လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ ကျန်လက်တစ်ဖက်ကလည်း ပျက်စီးလုနီးနီးပင်။

သို့သော် ယခုလောလောဆယ်တွင် သူ့ရင်ထဲရှိ ဒေါသက လက်ဒဏ်ရာထက် ပိုနာကျင်နေပေသည်။

ဤသည်မှာ ဟွာရှားကစားသမားများအပေါ် သုံးခဲ့ဖူးသည့် သူတို့၏နည်းဗျူဟာပင်။ ယခုမူ ‌အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားလေပြီ။

"သူဌေး.. ဒီအတိုင်းတရားစွဲမယ်ဆိုရင် နိုင်နိုင်ခြေသိပ်မရှိဘူးလို့ထင်ပါတယ်"

လက်ထောက်လေးက ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"ဆရာဝန်ခေါ်ပေး"

အသက်ရှူနှုန်းမမှန်သောကြောင့် မိုက်ကယ်၏ရင်ဘတ်က အပြင်းအထန်ဖောင်းလိုက်ပိန်လိုက်ဖြစ်နေချေသည်။ သူ့မှာ စိတ်ငြိမ်အောင် သူ့ကိုယ်သူ မနည်းထိန်းချုပ်လိုက်ရသည်။

"ဂိမ်းကရော ဘယ်လိုအခြေအနေရှိလဲ"

"ဂိမ်းကို စတင်ဖြန့်ချိပြီး တစ်ပတ်အကြာမှာတင် ဒေါင်းလုတ်လုပ်တဲ့အရေအတွက်က ၁၃သန်းကျော်သွားပါပြီ"

လက်ထောက်လေးက စိတ်ဓာတ်ကျဖွယ်ကောင်းသော ပမာဏကို တင်ပြလာသည်။

ဒေါင်းလုတ်လုပ်သူအရေအတွက် ၁၃သန်းဆိုသည်မှာ မည်သည်ကိုဆိုလိုလေသလဲ။ PUBGမိုဘိုင်းဂိမ်းဆိုလျှင် ကြော်ငြာအပြင်းအထန်လုပ်ပြီး တစ်လအကြာမှသာ ဒေါင်းလုတ်လုပ်သူအရေအတွက် ၁၃သန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။ ဤသည်မှာ ဂိမ်းသမိုင်းကြောင်းတွင် အံ့ဖွယ်ကောင်းသော မှတ်တမ်းတစ်ခုပင်။

သို့သော် ဤဂိမ်းမှာ မိုဘိုင်းဂိမ်းဖြစ်သဖြင့် လက်ရှိဈေးကွက်အရ သယ်ဆောင်နိုင်စွမ်းရှိပြီး အရွယ်အစားသေးငယ်မှုကြောင့် ဒေါင်းလုတ်လုပ်သည့် ပမာဏမှာ ကွန်ပျူတာဂိမ်းများထက် ပိုများလေသည်။

ကွန်ပျူတာဂိမ်းတစ်ခုက တစ်ပတ်အတွင်း ဒေါင်းလုတ်လုပ်သူ၁၃သန်းအထိ ရောက်ရှိနိုင်သည်ဆိုခြင်းမှာ အံ့ဖွယ်တစ်ပါးပင် မဟုတ်တော့ပေ။ ဤသည်မှာ ဘုရားပေးသော ဆုလာဘ်တစ်ခု ဖြစ်သွားလေပြီ။

"ပြီးတော့ ထန်ရွှင်းနဲ့ ဝမ်ယိဂိမ်းကုမ္ပဏီက မိုဘိုင်းဗားရှင်းကိုလည်း လဝက်အတွင်း ဖြန့်ချိမယ်လို့ ပူးတွဲကြေညာထားပါတယ်။ မိုဘိုင်းဂိမ်းဒေတာက ကွန်ပျူတာဗားရှင်းနဲ့ ကွာခြားမှုမရှိဘဲ ချိတ်ဆက်နေမှာတဲ့။ မိုဘိုင်းဗားရှင်းထွက်လာရင် ဒေါင်းလုတ်အရေအတွက်က ဒီပမာဏထက်တောင် ပိုများလာမယ်လို့ မျှော်လင့်ရပါတယ်"

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

မိုက်ကယ်ခမျာ အတန်ငယ်ကြောင်အသွားချေသည်။

ဂိမ်းပစ္စည်းအစုံလိုက်က တစ်စုံကို နှစ်ရာမျှသာ ပေးရသော်ငြား ကစားသမားများအနေနှင့် ဂိမ်းထဲတွင် တစ်ပြားမှမသုံးရသေးသည့်တိုင် သူတို့ကတော့ ဝင်ငွေ၁.၃ဘီလီယံကို ရနေလေပြီ။ ကုန်ကျစရိတ်များကို နှုတ်လိုက်လျှင်ပင် ဘီလီယံပေါင်းများစွာ အမြတ်ရနိုင်ခြေရှိ၏။

မာဟွားနှင့် တင်းဆန်ရှီတို့၏ စီမံခန့်ခွဲမှုစွမ်းရည်အရဆိုလျှင် ဤကစားသမားများဆီမှ ငွေညှစ်ယူရန်မှာ လွယ်ကူလွန်းလှသည်။ ဤသည်မှာ ကြီးမားလှသော ဈေးကွက်ပင်။

"နေဦး"

မိုက်ကယ်မှာ သူကိုယ်သူအားပေးလိုက်သည်။

"သူတို့က ဒီဂိမ်းကို သက်သက်နာမည်ကြီးအောင်လုပ်နေတာပဲဖြစ်ရမယ်။ သန်းငါးဆယ်တန်ဗီလာတွေနဲ့ သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ပြိုင်ကားတွေကို သူတို့တကယ်ပေးမယ်ဆိုတာ ငါမယုံဘူး။ သူတို့ရဲ့အလိမ်အညာတွေ ပေါ်လာတဲ့အချိန်ကျရင် ကစားသမားတွေအကုန်လုံး ချက်ချင်းနှုတ်ထွက်သွားကြမှာပဲ။ သူတို့ ဂိမ်းကောင်းတစ်ခုကို ထုတ်လုပ်နိုင်တယ်ဆိုတာ ငါ လုံးဝမယုံဘူး"

"သူဌေး သတင်းဆိုးတစ်ခုရှိပါတယ်"

လက်ထောက်က ပြောလိုက်လေသည်။

"ကျွန်တော်တို့ရထားတဲ့ သတင်းတွေအရဆိုရင် ဒီဂိမ်းကို ခိုးကူးကုမ္ပဏီတွေက ထုတ်လုပ်ထားတာမဟုတ်ပါဘူး။ ကျန်းမုန့်လောင်ကိုယ်တိုင် ထုတ်လုပ်ထားတာပါ။ ပြီးတော့ သူကပဲ အဲဒီဆုတွေကို ငွေကြေးထောက်ပံ့ပေးထားတာ။ သူဌေးသိတဲ့အတိုင်းပဲ။ သူ့အတွက် ဒီငွေပမာဏက ဘာမှမပြောပလောက်ဘူးလေ"

"သူကိုး"

ဤနာမည်ကို ကြားလိုက်ရရုံမျှဖြင့် မိုက်ကယ်၏သွားများ ကျိန်းလာလေသည်။

"ပြီးတော့ အဲဒီပစ္စည်းတွေရဲ့နာမည်ကိုလည်း ကျန်းမုန့်လောင်ပဲ ရွေးထားတာ"

"အား! သောက်ဟွာရှားလူမျိုးကတော့"

မိုက်ကယ်သည် သူ့ရှေ့ရှိ စားပွဲကို ကန်ထုတ်ပစ်လိုက်တော့သည်။ ဤသည်မှာ ကျန်းမုန့်လောင်သာ လုပ်နိုင်မည့် လုပ်ရပ်မျိုးပင်။ သူ ကြိုသိခဲ့သင့်သည်။

"အရေးအကြီးဆုံးကတော့ ဒီဂိမ်းက ဈေးကွက်ထဲမှာ တော်တော်အခြေအနေကောင်းနေတာပဲ"

မိုက်ကယ်၏လက်ထောက်က ပြောလိုက်လေသည်။

"အခုဆိုရင် သူတို့ရဲ့ပလက်ဖောင်းပေါ်မှာ ဂိမ်းရဲ့အဆင့်သတ်မှတ်ချက်က ၉.၈အထိ ရှိသွားပါပြီ။ အခုအချိန်အထိတော့ အမြင့်ဆုံးပါပဲ။ ဟွားရှားကစားသမားတွေကိုယ်တိုင် သူတို့ဂိမ်းကို ပရိုမိုးရှင်းဆင်းပေးနေကြတာပါ"

"ငါတို့ရဲ့အုပ်စိုးသူအရှင်ဂိမ်းကရော ဟွာရှားဆာဗာပေါ်မှာ ဘယ်လိုအခြေအနေရှိလဲ"

မိုက်ကယ်က စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"လက်ရှိအသုံးပြုသူအရေအတွက်က နေ့တိုင်း ထိုးကျနေပါတယ်"

လက်ထောက်လေးက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

"ဒီနေ့က သူတို့ဂိမ်းကို တရားဝင်ဖြန့်ချိပြီး ၁၇ရက်မြောက်နေ့ပါ။ အုပ်စိုးသူအရှင်ဂိမ်းရဲ့လှုပ်ရှားမှုက ပထမဆုံးရက်နဲ့ယှဉ်ရင် ၈၃ရာခိုင်နှုန်းက ကျဆင်းသွားပါတယ်"

"နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ဂိမ်းက အစားထိုးခံလိုက်ရပါပြီ"

"PUBGကရော"

"လှုပ်ရှားမှုက ၆၇ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ပြီးတော့ ဒီအရေအတွက်က နေ့စဉ်နဲ့အမျှ ဆက်လက်မြင့်တက်နေတာပါ"

"ဒီဂိမ်းက ဘယ်လိုမှော်ပညာမျိုး သုံးထားတာလဲ"

မိုက်ကယ်မှာ ထိုသို့ရေရွတ်လိုက်မိသည်။

"အကြောင်းပြချက်ကတော့ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက ဒီဂိမ်းက အရမ်းခေတ်မီပါတယ်။ သူတို့ ဘယ်လိုလုပ်လိုက်သလဲတော့ ကျွန်တော်မသိပါဘူး။ ယွမ်နှစ်ရာပဲရှိတဲ့ ကိရိယာတစ်ခုက ယွမ်တစ်သောင်းလောက်ပေးရတဲ့ ကိရိယာတစ်ခုရဲ့ အကျိုးသက်ရောက်မှုမျိုးကို ပေးနိုင်နေပါတယ်။ ပြီးတော့ သူတို့ရဲ့အွန်လိုင်းဒေတာစီမံမှုကလည်း အရမ်းအင်အားကောင်းလွန်းပါတယ်။ ကစားသမားသန်းပေါင်းများစွာကို ကိုင်တွယ်နေရတာတောင် ဆာဗာမငြိမ်သက်မှုလည်း လုံးဝမဖြစ်ဘူး"

"ဒုတိယအကြောင်းပြချက်ကရော"

"ဒုတိယအကြောင်းပြချက်ကတော့ သူတို့တွေ ခင်ဗျားရဲ့အမေကို စုဆောင်းနိုင်သရွေ့…"

"ထွက်သွား! အခုချက်ချင်းထွက်သွား!'

မိုက်ကယ်သည် အော်ဟစ်လိုက်၏။

"သူဌေး ကျွန်တော့်ကို စကားဆုံးအောင်ပြောခွင့်ပေးပါ"

မိုက်ကယ်၏လက်ထောက်ခမျာ အစောတုန်းက စကားမှားသွားချေသည်။

"ပြော!"

"ဟွာရှားရုံးခွဲမှာရှိတဲ့ ကျွန်တော်တို့လူတွေက သတင်းပို့ထားပါတယ်။ အဲဒီဘက်က ဟွာရှားဝန်ထမ်းတွေလည်း ဒီဂိမ်းကို ကစားနေကြပြီတဲ့။ ဒါက အရမ်းဆိုးဝါးတဲ့လက္ခဏာတစ်ခုပါ။ ကုမ္ပဏီတစ်ခုလုံး ဗြောင်းဆန်နေပါပြီ။ တချို့ဆိုရင် ကျွန်တော်တို့ကုမ္ပဏီက ပြိုလဲတော့မယ်လို့တောင် ပြောနေကြပါတယ်"

"သူတို့ကို အခုချက်ချင်း သတိပေးစာထုတ်လိုက်စမ်း။ ဒီဂိမ်းကို ဆက်ကစားရဲတဲ့လူကို အလုပ်ထုတ်ပစ်မယ်လို့ပြောလိုက်"

"ဟုတ်ကဲ့ သူဌေး"

…

"မြန်မြန်လုပ်! တိုက်စမ်း! နောက်ထပ်မိုက်ကယ်တစ်ကောင် ထပ်ပေါ်လာပြန်ပြီ"

"ဟားဟားဟား ပေါက်ကွဲသွားပြီကွ။ မိုက်ကယ်ရဲ့အမေကို နောက်တစ်ခုထပ်ရလိုက်ပြီ။ အခု ငါ့မှာ ၉၉၈ခုရှိသွားပြီ"

"သေစမ်း။ မင်းရဲ့ကံက ဘယ်လောက်တောင်ကောင်းတာလဲ"

"ငါဆော့လာတာ ကြာလှနေပြီ။ အခုမှ ရှစ်ရာကျော်ပဲရှိသေးတယ်။ ဒါက ဘယ်လိုကံမျိုးလဲကွ။ မင်းက တော်တော်ကံကောင်းတာပဲ"

"ဟားဟားဟား"

ပေါင်လဲ့ကုမ္ပဏီ၏ ဟွာရှားရုံးခွဲတွင် နေ့လယ်စာစားချိန်၌ ဟွာရှားဝန်ထမ်းတစ်သိုက်က VRမျက်မှန်ကိုတပ်ရင်း ပွဲစဉ်တစ်ခုကို ကစားနေကြသည်။

"မင်းတို့တွေ ဘာလုပ်နေကြတာလဲ"

တစ်စုံတစ်ယောက်က စားပွဲပေါ်ကို လက်ဝါးဖြင့် ရုတ်တရက်ရိုက်ချလိုက်သည်။

"ကလယ်ရို..ခင်ဗျားက ကျွန်တော်တို့ရဲ့ခေါင်းဆောင် ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ အခုက နေ့လယ်စာစားချိန်လေ။ ခင်ဗျားမှာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို ဝင်နှောင့်ယှက်ပိုင်ခွင့်မရှိဘူး"

ဟွာရှားဝန်ထမ်းများက မျက်မှန်ကိုချွတ်၍ ပြောလိုက်သည်။

"အခုပဲ ရုံးချုပ်က စာထုတ်ထားတယ်။ မိုးကြိုးစစ်ဆင်ရေးဂိမ်းကို ဆက်ကစားရဲတဲ့လူမှန်သမျှ ကုမ္ပဏီစည်းမျဉ်းချိုးဖောက်မှုနဲ့ အလုပ်ထုတ်ပစ်မယ်တဲ့"

"သေစမ်း"

"သေလိုက်လေ။ ရုံးချုပ်ကိုအကြောင်းပြပြီး ကျုပ်တို့ကို ဖိအားပေးနေတာ"

"ထားလိုက်တော့။ ငါတို့ ညနေကျမှ ထပ်ကစားကြမယ်"

လုပ်ဖော်ကိုင်ဖက်တချို့မှာ သူတို့၏စက်ကိရိယာများကို ချထားလိုက်သည်။ ပြိုင်ငြင်းနေလျှင်လည်း ဘာမှအကျိုးထူးမည်မဟုတ်။ သူတို့အနေနှင့် အလုပ်ကို အဆုံးရှုံးမခံနိုင်ဘူးမဟုတ်လား။

"မင်း ဘာဖြစ်နေတာလဲ။ ငါပြောတာ မကြားဘူးလား"

ကလယ်ရိုဟုခေါ်သော ဌာနချုပ်ရှိ ခေါင်းဆောင်က ယခုအထိ မျက်မှန်မချွတ်သေးသော ဟွာရှားဝန်ထမ်းတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။

"လစ်စမ်းပါ။ ကျုပ်အနားမှာ ရစ်သီရစ်သီလုပ်မနေနဲ့။ အခုအချိန်က နေ့လယ်စာစားချိန်နော်။ ခင်ဗျား ဒီလိုလာလုပ်လို့မရဘူး"

"မင်း… ဒီနေ့လယ်ကျရင် မင်းကို HRဌာနက လာတွေ့လိမ့်မယ်။ မင်းကို အလုပ်ထုတ်လိုက်ပြီ"

"ကောင်းပြီလေ။ ကျုပ် ဒီမှာ သုံးနှစ်တိတိ အလုပ်လုပ်လာတာ။ ကျုပ်ကို သုံးလစာအရင်လျော်ပေး"

ထိုဟွာရှားဝန်ထမ်းကလည်း သူ့မျက်မှန်ကိုချွတ်၍ လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။

"အိမ်အရစ်ကျငွေကြောင့်သာမဟုတ်ရင် ခင်ဗျားတို့ဆီက အလုပ်ထွက်သွားတာ ကြာလှနေပြီ။ ခင်ဗျားတို့က ကျုပ်တို့ဟွာရှားဝန်ထမ်းတွေကို အနိုင်ကျင့်ဖို့ပဲသိတာ ငတုံးတွေ"

"ကောင်းတယ်။ သိပ်ကောင်းတယ်။ ကုမ္ပဏီအတွင်းမှာ မင်းရဲ့လုပ်ရပ်က ဘယ်လောက်မနှစ်မြို့ချင်စရာကောင်းလဲဆိုတာ ငါ HRကို မှတ်ခိုင်းထားလိုက်မယ်။ ဘယ်ကုမ္ပဏီကများ မင်းကို အလုပ်ခန့်ရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ဟားဟားဟား ဆောရီးပဲ။ သူများလက်အောက်မှာ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကျုပ် သူများလက်အောက်မှာ အလုပ်မလုပ်တော့ဘူး။ ခင်ဗျားတို့ ရေးချင်တာရေး။ ကျုပ်ဂရုမစိုက်ဘူး"

ထိုဟွာရှားဝန်ထမ်းက ပြောလိုက်လေသည်။

"ကျုပ် 'မိုက်ကယ်ရဲ့အမေ'၉၉၉ခုပြည့်အောင် စုပြီးသွားလို့ အခုပဲ သန်းငါးဆယ်တန်စံအိမ်ကို လဲပြီးသွားပြီ။ အလုပ်လုပ်စရာမလိုတော့ဘူး"

"မင်းက ဒီလိုထွင်လုံးမျိုးကိုလည်း ယုံတာပဲလား"

ကလယ်ရိုကတော့ ဤသည်ကို ထွင်လုံးသက်သက်ဟုသာ ထင်ထားခဲ့သည်။ အကယ်၍ လူတစ်ယောက်တွင် ဤမျှပိုက်ဆံအများကြီးရှိနေပါက ဤပိုက်ဆံများကို ဆုငွေအဖြစ် ပေးပစ်ရလောက်အောင်အထိ မည်သူကများ ပျင်းရိနေမည်နည်း။

"ကိုယ့်လူ မင်း မဆင်မခြင်လုပ်နေတာပဲ။ တကယ်လို့ အဲဒီဆုမဲကို ထုတ်မပေးဘူးဆိုရင် မင်း ဒုက္ခရောက်တော့မှာမဟုတ်ဘူးလား"

သူနှင့် ဆက်ဆံရေးအဆင်ပြေသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က တိုးတိုးလေးကပ်ပြောချေသည်။

"မပူပါနဲ့။ ငါအလုပ်ထွက်ချင်နေတာကြာပြီ။ ဆုမဲကို ထုတ်မရဘူးဆိုရင်တောင် ဒီနေ့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီ"

"ဟား! မင်းရဲ့ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်သွားလို့ရပြီ"

နာရီဝက်အကြာတွင် ပေါင်လဲ့ကုမ္ပဏီ၏ HRဌာနက အလုပ်ထုတ်စာတစ်စောင်ကို သူ့စားပွဲပေါ်သို့ အထက်စီးဆန်ဆန်ပစ်ချလိုက်သည်။

"ကျိုးကျစ်ရှူး.. ဒီလအတွက် မင်းရဲ့တာဝန်တွေကို လွှဲပြောင်းပေးပြီးတာနဲ့ ထွက်သွားလို့ရပြီ"

"မစ္စတာကျိုးကျစ်ရှူးက ဘယ်သူလဲမသိဘူး"

ထိုအချိန်မှာပင် အဝါရောင်ဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသော လူငယ်အမျိုးသားတစ်ယောက်က ကုမ္ပဏီထဲသို့ ရောက်ချလာသည်။

"ခင်ဗျားအတွက် အမြန်ချောပို့ရောက်ပါပြီ"

*****************

All Chapters