← Chapters

ဒီခွေးက ငါတို့ကို လာလှည့်စားနေတာလား

Vol. 40 Ch. 600

ဒီခွေးက ငါတို့ကို လာလှည့်စားနေတာလား

Vol. 40 Ch. 600

ကွတ်၏လက်မှာ ထိုနေရာတွင်ပင် တောင့်ခဲသွားသည်။

အမေရိကန်ဒေါ်လာ၁၂သန်း တန်ဖိုးရှိပြီး လေးကာရက်နီးပါး အလေးချိန်ရှိသော ရှားပါးသွေးစိန်ကို ကျန်းမုန့်လောင်က "စိန်ပွင့်သေးသေးလေးများ" ဟု ပြောလိုက်လေသလား။ ကြွားလုံးထုတ်ခြင်းဆိုလျှင်ပင် ယခုလိုမကြွားရဲကြပေ။

"တောင်းပန်ပါတယ် မစ္စတာခွတ်ရှ်။ ဒီအရွယ်အစားရှိတဲ့ စိန်တွေက ကျွန်တော့်အိမ်က အစေခံတွေလောက်ပဲ သုံးတာ။ ဒါမှမဟုတ် တခြားလက်ဝတ်ရတနာတွေမှာ အလှဆင်ဖို့အတွက်ပဲ သုံးတာ။ ကျွန်တော့်ချစ်သူဝတ်တဲ့ လည်ဆွဲတိုင်းကို သေချာရွေးချယ်ပြီးမှ ဒီဇိုင်းထုတ်ထားတာ။ တစ်ဆယ်ကာရက်အောက်ပဲရှိတဲ့ စိန်တွေက သူ့လည်ပင်းကို အလှဆင်ဖို့ မထိုက်တန်ဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မုန့်လောင်"

လုရီယောင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

သူ့စကားက မှန်သော်လည်း ယခုလိုပြောလိုက်ခြင်းမှာ အနည်းငယ်ရိုင်းပြနေသည်။ ကျန်းမုန့်လောင်၏ဘေးတွင် လုရီယောင်၏ အဆင့်အတန်းမှာ ခံ့ညားလှသော အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်နှင့် ဆင်တူပေသည်။

အစပိုင်းတွင် လုရီယောင်သည် ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ထိုလက်ဝတ်ရတနာများမှာ လေးလံပြီး ဈေးကြီးလှသည်ဖြစ်ရာ လည်ပင်းဟိုက်သော ဂါဝန်များနှင့်သာ လိုက်ဖက်ပေသည်။ နေ့တိုင်းဝတ်ဖို့ မသင့်တော်ပေ။

သူ(မ)သည် ကျန်းမုန့်လောင်နှင့်အတူ တရားဝင်အခမ်းအနားများသို့ သွားရောက်တိုင်း ရာနှင့်ချီသော ဆွဲကြိုးများထဲမှ ရွေးချယ်ရသည်။ သူမအတွက် တစ်ဆယ်ကာရက်စိန်မှာ စမှတ်မျှသာဖြစ်ပြီး ဝတ်လိုက်သည့် လက်ဝတ်ရတနာတိုင်း၏ အရောင်အသွေးက အလွန်ရှားပါးသည်ကလွဲ၍ နှစ်ဆယ်ကာရက်နီးပါးတော့ အမြဲကျော်လေ့ရှိသည်။

လေးကာရက်မှ ငါးကာရက်ရှိသော စိန်များဆိုလျှင် သူ(မ)၏ နားကပ်အတွက်သာ သင့်တော်သည်။

ကျန်းမုန့်လောင်က လုရီယောင်၏ပခုံးကို ဖက်လိုက်သည်။

"ရီရီ... မျက်နှာသာပေးတယ်ဆိုရင်တောင် အလျှော့ပေးစရာမလိုဘူးလေ။ ဟုတ်တယ်မလား"

သူ့လေသံကား တည်ငြိမ်လှသည်။ ဘာဟန်ဆောင်မှုမှလည်း မရှိပေ။ အကြောင်းအရင်းကတော့ ဤသည်မှာ အမှန်တရားဖြစ်နေသောကြောင့်ပင်။

သို့သော် ခွတ်ရှ်မှာမူ ရှက်ရွံ့သွားချေသည်။ ဤလက်ဆောင်က သူတို့၏ဆက်ဆံရေးကို အနည်းငယ်ပြေလျော့သွားစေမည်ဟု ထင်ထားခဲ့သော်လည်း အတိအလင်း ပယ်ချခံလိုက်ရသည်။

အလျှော့ပေးရခြင်းဆိုသည်မှာ ဘာကိုဆိုလိုသလဲ။ ဤသည်မှာ ထောင်ပေါင်တွင် ၉.၉ဒေါ်လာပေးရသည့် အခမဲ့ပို့ဆောင်နေသော လည်ဆွဲမဟုတ်ချေ။ အမေရိကန်ဒေါ်လာ၁၂သန်းတန် စိန်လည်ဆွဲပင်။ ဤလည်ဆွဲသာ အဆင်မပြေဘူးဆိုလျှင် ဤအဆင်မပြေမှုကို တစ်ရက်လျှင် အကြိမ်တစ်ရာ သို့မဟုတ် အကြိမ်တစ်ရာ့ရှစ်ဆယ်လောက်အထိ သူ ပျော်ပျော်ကြီးလက်ခံချင်သည်။

လူချောလေးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့များ ယခုလိုပါးစပ်မျိုးကို ပိုင်ဆိုင်ထားလေသလဲ။

"မုန့်လောင်! မစ္စတာခွတ်ရှ်က စေတနာနဲ့ပေးတာလေ။ ဒီလိုလုပ်တာ ရိုင်းတယ်နော်"

လုရီယောင်က ဆွဲကြိုးကို လက်ခံလိုက်သည်။

"မိန်းကလေးလုက အရမ်းယဉ်ကျေးတာပဲ။ အပြုအမူနဲ့ အသွင်အပြင်က ရက်ရောပြီး သင့်လျော်ပါပေတယ်။ မိုလီနာ... မင်းလည်း အရှေ့တိုင်းယဉ်ကျေးမှုကို သင်ယူသင့်တယ်"

လုရီယောင်က သူ့အား လွတ်လမ်းပေးလိုက်သည်ကို မြင်သောအခါ ခွတ်ရှ်၏မျက်နှာအမူအရာကား အနည်းငယ် ပြေလျော့သွားသည်။

ကျန်းမုန့်လောင်က အသုံးမကျသော်လည်း သူ့ချစ်သူကတော့ ကျိုးကြောင်းဆီလျော်လှပေသည်။

ခွတ်ရှ် ကျေးဇူးတင်စိတ်ဖြစ်နေစဉ်မှာပင် လုရီယောင်က ပြောလာပြန်သည်။

"ကျွန်မ ဒါကိုမလိုအပ်ပေမဲ့ ကျွန်မရဲ့သူငယ်ချင်းတွေကိုတော့ ပေးလို့ရပါတယ်!"

"မလောက်ဘူးလေ"

ကျန်းမုန့်လောင်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

"မင်းမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်မလား။ ဆွဲကြိုးက တစ်ခုတည်းပဲရှိတာ။ အားလုံးကို တန်းတူဆက်ဆံရမှာမဟုတ်ဘူးလား။ မဟုတ်ရင် ရတဲ့လူကရပြီး မရတဲ့လူက မရရင် ကျန်တဲ့လူတွေရဲ့ခံစားချက်က ဘယ်လို ဖြစ်သွားမလဲ"

"ဟုတ်သားပဲ။ ဒါဆိုလည်း အိမ်က သန့်ရှင်းရေးဝန်ထမ်းကိုပဲ ပေးလိုက်တော့မယ်။ သူ့မှာ သမီးလေးတစ်ယောက်ရှိသလားလို့"

"အင်း... အဲ့ဒီလိုပဲလုပ်လိုက်!"

...

ဤစုံတွဲကား ခွတ်ရှ်၏အရှေ့တွင်ပင် ဆွဲကြိုးကို ဘာလုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်လိုက်ကြသည်။

သူ့အနေနှင့် ဤလက်ဆောင်က လုရီယောင်ကို မျက်နှာသာပေးရာရောက်ပြီး ကျန်းမုန့်လောင်ကို မြှောက်ပင့်နိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ကိုယ့်ပါးကိုယ်ပြန်ရိုက်သလိုသာ ဖြစ်သွားခဲ့ရသည်။

သင့်အတွက် ရည်ရွယ်ပြီးပေးသည့် အရာတစ်ခုကို အခြားလူတစ်ယောက်ကို ပြန်ပေးမည်ဆိုလျှင်ပင် လူမသိအောင် ပြောဆိုသင့်သည်မဟုတ်လား။ သူ့ရှေ့မှာပင် ယခုလိုပြောဆိုနေခြင်းမှာ သူ့ပါးကို ဖြတ်ရိုက်နေသည်နှင့် တူမနေဘူးလား။

ခွတ်ရှ်သည် လွန်ခဲ့သည့်မိနစ်အနည်းငယ်ကပင် လုရီယောင်ကို ကျေးဇူးတင်နေခဲ့သော်လည်း ယခုတော့ ကျေးဇူးတင်ခြင်းမှာ စောလွန်းသွားလေဟန်ပင်။ ဤစုံတွဲမှာ မကောင်းဆိုးဝါးနှစ်ကောင်ပင် ဖြစ်ချေသည်။

"မစ္စတာခွတ်ရှ်... ကျွန်တော်က စကားပြောရင် ပွင့်လင်းလွန်းအားကြီးတော့ လူတွေကို စိတ်တိုသွားအောင်လုပ်မိတတ်ပေမဲ့ ကျွန်တော့်မှာ မကောင်းတဲ့ရည်ရွယ်ချက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ဟုတ်တယ်မလား"

သူက ပြောလိုက်သည်။

"ဟားဟားဟား... ဟုတ်ပါတယ်။ ကျွန်တော်တို့ အနောက်နိုင်ငံတွေမှာလည်း မစ္စတာကျန်းလို ပွင့်လင်းတဲ့လူတွေ အများကြီးပါ"

ခွတ်ရှ်က အတင်းလုပ်ပြုံးရင်း ပြောလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်မူ ကျန်းမုန့်လောင်၏ တစ်မိသားစုလုံးကို ဆဲဆိုနေမိသည်။

ဒါကို ပွင့်လင်းတယ်လို့ ခေါ်တာလား။ စကားကောင်းကောင်းမပြောတတ်ရင် ပါးစပ်ပိတ်ထားလေ။ လူတွေကို စိတ်တိုသွားစေမယ်ဆိုတာသိရက်နဲ့ ဘာလို့ ဆက်ပြောနေသေးတာလဲ။ ခင်ဗျား ဒီလောက်မချမ်းသာဘူးဆိုရင် အခုလောက်ဆိုရင် ခင်ဗျားရဲ့မာန်တက်မှုကြောင့် ရိုက်သတ်ခံနေရလောက်ပြီ။

"မစ္စတာကျန်း... ဒီမှာပဲ ရပ်မနေပါနဲ့။ ကျွန်တော် နေ့လယ်စာစီစဉ်ထားတယ်၊ အလတ်ဆတ်ဆုံး ပင်လယ်စာလေ။ စားရင်းသောက်ရင်း စကားပြောကြတာပေါ့"

ခွတ်ရှ်က ပြောလိုက်သည်။

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က ရယ်လိုက်၏။

"ဒါဆို ခင်ဗျားရဲ့ဧည့်ဝတ်ကျေပွန်မှုကို လက်ခံရတာပေါ့"

"မင်း ဘာလုပ်နေတာလဲ"

ကျန်းမုန့်လောင်က ထွက်ခွာရန်ပြင်လိုက်သော်လည်း ဝမ်ချိုင်က သူ့ခြေထောက်ကို လူတစ်ယောက်အလား ဖက်ထားလေသည်။

"မစ္စတာကျန်း ဘာဖြစ်တာလဲ"

ခွတ်ရှ်ကလည်း လှည့်ပြီး မေးလာလေသည်။

"မသိဘူး"

ကျန်းမုန့်လောင် ခေါင်းခါပြလိုက်သည်။

"ကျွန်တော်တို့ရဲ့ဝမ်ချိုင်က ကျွန်တော့်ကိုလွှတ်ပေးဖို့ စိတ်ကူးရှိပုံမရဘူး"

ခွတ်ရှ်လည်း ဝမ်ချိုင်ကို ငုံ့ကြည့်လိုက်သည်။ ယခုလို ထူးခြားလှသောခွေးမျိုးကို သူ တစ်ခါမှမမြင်ဖူးပေ။

"ဟားဟားဟား... မစ္စတာကျန်း... ခင်ဗျားရဲ့ခွေးလေးက အရမ်းရယ်စရာကောင်းတာပဲ"

"ဝုတ် ဝုတ် ဝုတ်!"

ကြိုတင်သတိပေးခြင်းမရှိပါဘဲ ဝမ်ချိုင်က ခွတ်ရှ်ကို ထိုးဟောင်လိုက်လေရာ ခွတ်ရှ်လည်း အလွန်ထိတ်လန့်ပြီး မြေပြင်ပေါ်သို့ လဲကျတော့မတတ်ပင်။

ဤသည်မှာ ဟက်စကီးခွေးတစ်ကောင်ဖြစ်သော်လည်း သူ့ရှေ့တွင် ခြင်္သေ့တစ်ကောင် လဲလျောင်းနေသည်ဟုပင် ထင်ယောင်ထင်မှား ဖြစ်မိသည်။

"တောင်းပန်ပါတယ် မစ္စတာခွတ်ရှ်။ ကျွန်တော်တို့ရဲ့ဝမ်ချိုင်က ခင်ဗျားကို လန့်အောင်လုပ်လိုက်မိတယ်"

ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် တောင်းပန်လိုဟန် အရိပ်အယောင်ကို လုံးဝမတွေ့ရပေ။

"ဝမ်ချိုင်က သူ့ကို ခွေးလို့ခေါ်တာကို အရမ်းမုန်းတာ။ ကျွန်တော် သတိပေးဖို့မေ့သွားတယ်။ ကျွန်တော့်အမှားပါ"

ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ဝမ်ချိုင်သည် ကျောင်းသားအားလုံး၏ အချစ်တော်ဖြစ်၏။ သူသည် ဉာဏ်ကောင်းပြီး ကျောင်းသားတိုင်းထက် သန်မာသဖြင့် အစ်ကိုကြီးတစ်ယောက်နှင့်ပင် တူလှသည်။ ကျန်းမုန့်လောင်က သူ့ကို ရီထျန်းဂိုဏ်း၏ နတ်ဆိုးသားရဲအုပ်ထိန်းသူဟူသော ဘွဲ့ကိုပင် ပေးအပ်ထားသည်။ ယခုဆိုလျှင် ဝမ်ချိုင်က အလွန်မောက်မာလာပြီး သူ့ကိုယ်သူ ခွေးတစ်ကောင်အဖြစ် အသိအမှတ်ပြုဖို့ပင် ငြင်းဆန်နေတော့သည်။

"ဒီလိုမျိုး နာမ်ပိုင်းဆိုင်ရာအသိအမြင်ရှိတဲ့... တိရစ္ဆာန်မျိုးကို မြင်ရခဲတယ်"

ခွတ်ရှ်က အထင်ကြီးလေးစားနေသည့် လေသံဖြင့် ပြောလိုက်သည်။

"မစ္စတာကျန်းကိုယ်တိုင်က ထူးခြားသလို ခင်ဗျားရဲ့ခွေးကလည်း ထူးခြားတယ်နော်။ ကျွန်တော်တို့အိမ်မှာလည်း အိမ်မွေးတိရစ္ဆာန်တွေ အများကြီးရှိပါတယ်။ အကုန်လုံးက ထိပ်တန်းအဆင့်မျိုးရိုးတွေလေ။ နောက်မှ ခင်ဗျားကို ပြပါဦးမယ်"

"မစ္စတာခွတ်ရှ်... ဒီကောင်လေး စိတ်ဆိုးနေပုံပဲ!"

ကျန်းမုန့်လောင်က ကူကယ်ရာမဲ့စွာဖြင့် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ ယခုအချိန်တွင် ဝမ်ချိုင်သည် အလွန်စိတ်ကြီးဝင်နေပြီဖြစ်ရာ တစ်ခါတလေ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ပင် သူ့ကို စိတ်လျှော့သွားအောင် မလုပ်နိုင်တော့ပေ။

ယခု သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လည်ချောင်းထဲမှ အသံများမြည်နေချေသည်။ စိတ်တိုနေကြောင်း သိသာလှသည်။

ကျန်းမုန့်လောင်က သူ့ကို မဆိုးသွမ်းဖို့ ကြိုသတိမပေးခဲ့လျှင် ခွတ်ရှ်လည်း ဝမ်ချိုင်၏တိုက်ခိုက်မှုကို ခံရပြီး သေးနှင့်ပင် အပန်းခံရနိုင်သည်။

"ဟားဟားဟား... ဒါက ဖြေရှင်းရတာ လွယ်ပါတယ်။ သူ့ကို အစားအသောက်ကောင်းကောင်း ပေးလိုက်ရုံပါပဲ"

စံအိမ်တော်ရှိ အိမ်တော်ထိန်းတစ်ဦးကို ခေါ်လိုက်လေရာ ခမ်းနားလှသောအိတ်တစ်လုံးကိုကိုင်ရင်း ချက်ချင်း ပြေးထွက်လာသည်။ သူ(မ)သည် စိန်စီခြယ်ထားသော ငွေရောင်ခွေးစာခွက်ကို မြေပြင်ပေါ်သို့ချပြီး ပြည့်လျှံနေအောင် ထည့်ပေးလိုက်သည်။

"ဒီခွေးစာက အထူးမှာယူထားတာပါ။ အကောင်းဆုံး ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားပြီး တစ်ပေါင်ကို ဒေါ်လာ ၃၀၀လောက် တန်ပါတယ်။ အာဟာရဓာတ်လည်း ပြည့်ဝသလို အရသာလည်း ကောင်းပါတယ်။ ခင်ဗျားရဲ့ကောင်လေး သဘောကျမှာသေချာတယ်"

သို့သော် ဝမ်ချိုင်ကမူ ကျေးဇူးမတင်ဘဲ ပန်းကန်ကို ခြေထောက်ဖြင့် ကန်လိုက်လေရာ ဈေးကြီးလှသော ခွေးစာများလည်း မြေပြင်အနှံ့ ပြန့်ကျဲသွားလေတော့သည်။ ပန်းကန်ကလည်း "ဒုန်း"ခနဲအသံဖြင့် တစ်ဖက်သို့ လွင့်ထွက်သွားသည်။

ရီထျန်းဂိုဏ်း၏ နတ်ဆိုးသားရဲအုပ်ထိန်းသူကို ခွေးစာကျွေးသတဲ့လား။ ဤသည်မှာ သူ့ကို တခြားခွေးတွေလို ဆက်ဆံနေခြင်းပင် မဟုတ်လော။

"မစ္စတာကျန်း... ဒါက..."

ခွတ်ရှ်၏အိမ်ရှိ ခွေးအားလုံးကိုလည်း ဤခွေးစာမျိုးကိုသာ ကျွေးပေသည်။ ဘယ်လိုခွေးမျိုးကများ ယခုလိုဇိမ်ခံခွေးစာကို ငြင်းပယ်မည်နည်း။

"တောင်းပန်ပါတယ် မစ္စတာခွတ်ရှ်.. ကျွန်တော်တို့ရဲ့ဝမ်ချိုင်က ခွေးစာ လုံးဝမစားပါဘူး"

"ခွေးစာမစားဘူးလား။ ဒါဆို ဘာစားတာလဲ"

"ဥပမာပြောရရင် A5ကိုဘေးအမဲသားလွှာ၊ ပြင်သစ်က အပြာရောင်ကျောက်ပုစွန်၊ အယ်လ်မတ်ငါးဥနဲ့ ဆာဗစ်နွန်ဝိုင်ပေါ့"

ခွတ်ရှ်၏နှုတ်ခမ်းအစုံကား တုန်ယင်သွားလေသည်။ ဤအစားအသောက်များမှာ ကမ္ဘာ့ထိပ်တန်းပါဝင်ပစ္စည်းများထဲက တချို့ပင်။ သူကိုယ်တိုင်ပင် တစ်ချိန်လုံးမစားနိုင်ချေ။

ဒါက ခွေးတစ်ကောင်ရော ဟုတ်ရဲ့လား။ ကမ္ဘာပေါ်က လူသား၉၉ရာခိုင်နှုန်းထက် ပိုကောင်းတာကိုတောင် စားနေတာပဲ။

"ဟမ်? မင်းဘာပြောလိုက်တာလဲ"

ကျန်းမုန့်လောင်က ဝမ်ချိုုင်၏ပါးစပ်နားသို့ ငုံ့ကိုင်းလိုက်သည်။

"ဪ... ပြင်သစ်က ဘဲအသည်း၊ အမေရိကန်က ချောကလက်ရေခဲမုန့်နဲ့ အန္တာတိကက ရေပုစွန်တွေကိုမှ မစားရရင် မထဘူးလို့ ပြောချင်တာလား"

"ဘာ! အများကြီးလိုချင်တယ် ဟုတ်လား"

ကျန်းမုန့်လောင် မတ်တတ်ပြန်ရပ်လိုက်သည်။

"ဒီလို မစ္စတာခွတ်ရှ်ရဲ့.. ခင်ဗျားကိုယ်တိုင် ကြားလိုက်တာပဲ။ သူက စိတ်နည်းနည်းကြီးတယ်။ ကျွန်တော်လည်း သူ့ကို မထိန်းချုပ်နိုင်တော့ဘူး"

ခွတ်ရှ်ခမျာ သူ့လက်များကို နောက်ကျောတွင် ဝှက်ထားပြီး လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။

ဒါက လူတွေမွေးထားတဲ့ ခွေးတစ်ကောင်ရောဟုတ်ရဲ့လား။ ဒါက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဖြစ်ရမယ်။ ဒီနေ့ ဒီခွေးက သူ့ကို လာလှည့်စားဖို့ ရောက်လာတာလား။

**************

All Chapters