အခန်း (၉၁၅+၉၁၆)
Vol. 65 Ch. 915+916
ကောင်းကင်ဘုံသိုင်းကျမ်း စာစဉ် (၆၅)
Chapter 915
Head-On Battle
" ဒါ.... "
မသေမျိုးဘုရင် နှစ်ယောက်မှာ ကွဲကြေနေသော စိတ်ဝိဥာဥ်ကျောက်ပြားကို မြင်ပြီး အံ့သြသွားကြသလို ၎င်းပေါ်တွင် ရှိနေသည့် လက်ကျန် စိတ်ဝိဥာဥ်အစွမ်းကိုလည်း ခံစားမိလိုက်ကြသည်။
ကျောက်ပြား ယခုလိုဖြစ်သွားပြီဆိုပါက.. ၎င်း၏ပိုင်ရှင် သေသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်ပါပင် ။
" $##$% မင်းတို့ ဘယ်သူတွေလဲ.. မင်းတို့အကုန်လုံးကို သတ်ပစ်မယ် "
အဖြူရောင်ဝတ်စုံကို ဝတ်ထားသော မသေမျိုးဘုရင် ဒေါသတကြီးအော်ကာ လောရုံတို့လူအုပ်ထံ ပြေးဝင်သွားသည်။
ဝုန်း..
ပင်လယ်ပြင်ကြီးလို ကျယ်ပြောလှသည့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများလည်း ရုတ်ချည်း လိမ့်တက်လာပြီး လောရုံတို့အား ဖိနှိပ်လာ၏။
" ဒီအရောင်အဝါက အစွမ်းထက်လိုက်တာ... "
၎င်းကိုမြင်သော တဖက်လူများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
လောရုံကိုယ်တိုင်လည်း မျက်နှာထားပြောင်းသွားကာ ဘာစကားမှမဆိုဘဲ မသေမျိုးအစီအမံပုံကြမ်း နောက်တစ်ခုထုတ်၍ ပစ်လိုက်သည်။
" ဟင်... "
အဖြူရောင်ဝတ် မသေမျိုးဘုရင်က အစီအမံပုံကြမ်းကို မြင်သည်နှင့် ကိုယ်ကိုလိမ့်၍ ရှောင်လိုက်ပါ၏။.
" ဟမ့်.. အရူးကောင် ၊ ညီလေးသုံးက သတိလက်လွတ် ဖြစ်သွားလို့သာ မင်းရဲ့လှည့်ကွက်ထဲ ဝင်သွားရတာ ။ အခု မင်းဘယ်လိုနည်းတွေသုံးလဲ ငါ သိ
သွားပြီဆိုတော့ အဲ့နည်းနဲ့ ထပ်တိုက်ခိုက်လို့ရမယ် ထင်သေးလား "
သူ လှောင်ပြုံးဖြင့် ပြောသည်။
လောရုံ မျက်နှာတည်သွားပြီး မသေမျိုးအစီအမံပုံကြမ်း နည်းနည်းထပ်ထုတ်၍ ပစ်လိုက်ပြန်၏။
သို့သော် မသေမျိုးဘုရင်က ၎င်းတို့ကို အလွယ်တကူပင် ရှောင်လိုက်နိုင်ပါသည်။
ထိုစဥ်တွင် အဖြူရောင်ဝတ်မသေမျိုးဘုရင်မှာ လောရုံတို့လူအုပ်နှင့် ဆယ်ပေကျော်ခန့်သာ ဝေးတော့ပြီး သူတို့လူစုကို တိုက်ခိုက်ရန် လက်မြှောက်လိုက်၏။
တစ်ချိန်တည်းမှာပင် လောရုံကလည်း လှုပ်ရှားသွားကာ သူ့လက်ထဲ ရှိသမျှ မသေမျိုးအစီအမံပုံကြမ်းများကို ပစ်ထုတ်လိုက်သည်။
၎င်းအစီအမံပုံကြမ်းများမှာ တဖက်မှ မသေမျိုးဘုရင်ဆီ စုပြုံရောက်သွားပါ၏။
" အခြေအနေမဟန်ဘူး.. "
မသေမျိုးဘုရင် အလန့်တကြား ရေရွတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ထိုစဥ် လောရုံက လက်တစ်ဖက်ဖြင့် အစီအမံတစ်ခု လုပ်လိုက်သည်။
ဝီ ... ဝီ ... ဝီ ...
လေထဲတွင်ရှိနေသော မသေမျိုးအစီအမံပုံကြမ်းများ အားလုံး အသက်ဝင်လာကာ လေထုတစ်ခုလုံး အေးခဲသွားသလိုပါပင်.
ဝုန်း ...
အဖြူရောင်ဝတ်မသေမျိုးဘုရင်မှာ ဟင်းလင်းပြင်လေထုကို ဖြဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်သေးသော်လည်း မအောင်မြင်ပါချေ။
" မဖြစ်ဘူး... "
သူ အလန့်တကြား အော်လိုက်စဥ်မှာပင် မသေမျိုးအစီအမံပုံကြမ်းများ၏ ဖုံးလွှမ်းမှုထဲ ရောက်သွားပါတော့သည်။
" ဘိုးဘေး ... ဒုတိယဘိုးဘေးရဲ့ စိတ်ဝိဥာဥ်ကျောက်ပြားလဲ ကျိုးသွားပြီဗျ "
တခဏအကြာတွင်မူ လီမိသားစုဝင် တစ်ယောက်က အသည်းအသန်အော်ဟစ်ရင်း ပြေးထွက်လာ၏။
" ဒါ... "
နောက်ဆုံးကျန်သော မုတ်ဆိတ်ရှည်နှင့် မသေမျိုးဘုရင် ဆတ်ခနဲတုန်သွားကာ သူ့ထံမှ လူသတ်အရိပ်အငွေ့များ တိုးထွက်လာသည်။
" မင်းတို့ ဘယ်သူတွေလဲ ။ ဘာကိစ္စကြောင့် ငါတို့ လီမိသားစုကို တိုက်ခိုက်နေတာလဲ "
သူ လောရုံတို့လူစုကို ကြည့်ပြီး အံကြိတ်၍မေးလိုက်၏။
" ကျုပ်တို့က ထျန်းယွမ်ကမ္ဘာ ၊ ပျောင်ပိုင်မြို့က သူတွေပဲ ။ အခု လီမိသားစုကို ဘာလို့တိုက်ခိုက်ရတာလဲဆိုတော့... အဲ့လိုဖြစ်အောင် ခင်ဗျားကြီးတို့ လီမိသားစုကပဲ လုပ်ခဲ့တာ.. "
လောရုံပြောပြီး လီချန်းယန်နှင့်အဖွဲ့ အကြောင်းကိုပါ အတိုချုံ့ ဆက်ပြောလိုက်သည်။
စကားဆုံးသောအခါ လီမိသားစု၏ မုတ်ဆိတ်ရှည် မသေမျိုးဘုရင်က အေးစက်စက် နှာခေါင်းရှုံ့၏ ။
" ထျန်းယွမ်ကမ္ဘာလို အမှိုက်ကမ္ဘာကများကွာ ။ ငါတို့ လီမိသားစုရဲ့ သတ်တာကို ခံရတာ မင်းတို့အတွက် ဂုဏ်ယူစရာတောင် ကောင်းနေသေးတယ်။ ဒါနဲ့များတောင် ခုလိုမျိုး ပြန်တိုက်ခိုက်ရဲသေးတယ်ပေါ့ "
သူ့စကားကြောင့် တဖက်မှ လောရုံတို့အုပ်စု အံ့သြမှင်သက်သွားကြပါသည်။
" ဒီအပေါ်ကမ္ဘာက မသေမျိုးဘုရင်တွေအားလုံး စိတ်မှနှံ့သေးရဲ့လားကွာ ။ ဘယ်လိုဖြစ်ပြီးတော့ ခုလိုစကားမျိုး ပြောနေတာလဲ "
" ဟုတ်ပကွာ ၊ မလာခဲ့ရင်တောင် အကောင်းသား... ။ ခုလိုစကားတွေ ကြားရတာ ဦးနှောက်ချောင်အောင် လာလုပ်နေသလိုပဲ "
" ဟုတ်ပ "
လောမိသားစုဝင်များ ခေါင်းတယမ်းယမ်းဖြင့် ပြောလိုက်ကြသည်။
ထိုစဥ် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်ကအေးစက်စက် နှာခေါင်းထပ်ရှုံ့၏ ။
" အမှိုက်ကောင်တွေ ၊ မင်းတို့လက်ထဲမှာ အဲ့လို ကောင်းကင်ဆန့်ကျင် မသေမျိုးအစီအမံပုံကြမ်းတွေ ဘယ်လိုကြောင့် ရောက်နေရလဲဆိုတာ ငါ မသိဘူး ။ ဒါပေမယ့်.. အခု အဲ့ အစီအမံပုံကြမ်းတွေအားလုံးကို မင်းတို့ သုံးပြီးသွားပြီမဟုတ်လား ။ ဒီတော့.. မင်းတို့အားလုံး သေဖို့သာပြင် .. "
ဝုန်း ...
သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ အားလုံးပေါ်သို့ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု လွှမ်းခြုံလာသည်။
" ဟား ဟား... မသေမျိုးအစီအမံပုံကြမ်းသာ မရှိရင် မင်းတို့အားလုံးက ပုရွက်ဆိတ်လေးတွေပဲကွ "
မသေမျိုးဘုရင်က အရူးတစ်ယောက်လို ဆက်အော်သည်။
" အကိုလောရုံ ... "
ထိုစဥ် လောဖန်က လောရုံအား လှမ်းကြည့်၏။
လောရုံ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" ကိုယ့်လူတို့ ၊ ဒီနေ့တော့ ငါတို့တွေ မသေမျိုးဘုရင် တစ်ယောက်ကို သတ်လိုက်ကြရအောင်ကွာ "
" မသေမျိုးဘုရင်ကို သတ်ရမှာလား.. စိတ်ဝင်စားစရာပဲ "
သူ့စကားကို ကြားသည်နှင့် လုံယီရွှယ်တစ်ယောက် မျက်လုံးများ အရောင်လက်သွားကာ လက်ထဲမှ ဒါလောင်မသေမျိုးသစ်ကိုင်းကို ယမ်းလိုက်သည်။
" မသေမျိုးဘုရင်တစ်ယောက် ဖြစ်နေလဲ ဂရုမစိုက်ဘူး ။ ဒီနေ့တော့ သူ့ကို အသေသတ်မယ် "
" သတ်ကြဟေ့ "
ထိုတခဏ၌ အားလုံး သံပြိုင်အော်ပြီး မုတ်ဆိတ်ရှည်မသေမျိုးဘုရင်ထံ ပြေးဝင်သွားကြသည်။
တဖက်မှ မသေမျိုးဘုရင်မှာ ၎င်းကိုမြင်ပြီး အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းမှာပင် ဒေါသထွက်သွားပါ၏။
" ပုရွက်ဆိတ်လေးတွေကများ ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ သေစမ်းကွာ "
ဝုန်း ...
သူ အော်ကာ လူအုပ်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မသေမျိုးဘုရင်တစ်ယောက်၏ လက်ဝါးချက်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေကာ... မိုင်တစ်သောင်းပတ်လည် မြေပြင်တစ်ခုလုံး တုန်သွားပါ၏။
" ဘာတွေ ဖြစ်နေတာလဲ "
" လီမိသားစုရဲ့ ဘိုးဘေး ဒေါသထွက်နေတာလား.. "
" မသေမျိုးဘုရင်တစ်ယောက် ဒေါသထွက်ရင် သွေး
ချောင်းစီးသွားနိုင်တယ်ကွ ။ ငါတို့တွေ ဒီအရှုပ်ထဲ ဝင်ပါလို့မဖြစ်ဘူး "
လီမိသားစုအိမ်တော် အနားတွင် ရှိကြသော လူများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကုန်ကြသည်။
အခြားတဖက်မှ လောမိသားစုဝင်များမှာလည်း ၎င်းလက်ဝါးချက်ကြီး၏ ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလိုက်ကြရ၏။
" မသေမျိုးဘုရင်တစ်ယောက်ရဲ့ လက်ဝါးချက်က ဘယ်လောက်အစွမ်းထက်မလဲ ကြည့်ကြတာပေါ့ကွာ .. "
သို့သော် လောရုံကမူ အနည်းငယ်လေးပင် တွန့်ဆုတ်ခြင်းမရှိဘဲ စူးရှသည့် မျက်လုံးအစုံဖြင့် ရှေ့တိုးလိုက်သည်။
ဝီ ...
သူ့ကိုယ်မှလည်း အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု လင်းလက်လာ၏။
သူ့ အရှုပ်အထွေးခန္ဓာကိုယ်လည်း အသက်ဝင်လာသည်။
" ကောင်းကင်ဘုံလက်ဝါးသိုင်း.. "
ထို့နောက် သူ အော်ပြီး လက်ဝါးဖြင့်ရိုက်လိုက်၏။
ထိုလက်ဝါးသိုင်းမှာ လောထျန်းသင်ပေးထားခဲ့သည့် လက်ဝါးသိုင်းပင် ။
လောရုံသည် ထိုလက်ဝါးသိုင်းအား နှစ်ပေါင်းများစွာကြာ လေ့ကျင့်ထားခဲ့သည့်တိုင် အခြေခံအချက် အနည်းငယ်လေးမျှကိုသာ တတ်မြောက်ထားသေးပါသည်။
သို့သော်.. ၎င်းက ရွှေရောင်လက်ဝါးကြီးအား စုစည်းရန်မူ လုံလောက်ပါ၏။
ဤသို့ဖြင့် လက်ဝါးနှစ်ခု ထိပ်တိုက်တွေ့သွားပြီး နားပင်းမတတ် ကျယ်လောင်သည့် မြည်သံကျယ်ကြီး ထွက်လာသည်။
ဘုန်း...
သို့သော် သူတို့နှစ်ယောက် ယှဥ်လိုက်လျှင် လောရုံ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသဖြင့် သူ နောက်ဆုံး ရှုံးနိမ့်သွားခဲ့ပြီး ခြေလှမ်းဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရ၏။
သူ့နှုတ်ခမ်းထောင့်မှလည်း သွေးစက်အနည်းငယ် ကျလာသည်။
သို့တိုင် သူ့မျက်လုံးများကမူ တိုက်ခိုက်လိုစိတ်ဖြင့် စူးရဲနေဆဲပင် ။
" မသေမျိုးဘုရင်က ဘာမှလဲ သိပ်မထူးခြားပါလား "
လောရုံ အံကြိတ်ကာ ပြောလိုက်၏။
" ဘာ.... "
သူ့ကိုကြည့်ပြီး တဖက်မှ မသေမျိုးဘုရင် လန့်သွားပါတော့သည်။
သူ့မျက်လုံးသူလည်း မယုံနိုင်ပါချေ။
အစောက တိုက်ခိုက်မှုတွင် သူ အသာစီးရခဲ့သည် မှန်သော်လည်း ...
သူ့မူလအစီစဥ်မှာ လောရုံအပါအဝင် တဖက်လူအားလုံးကို လက်ဝါးတစ်ချက်ဖြင့် အလောင်းပင်မကျန်သည်အထိ ဖိခြေပစ်ရန် ဖြစ်ပါသည်။
သို့သော်.. ၎င်းတိုက်ကွက်က တဖက်လူကို အနည်းငယ်လေး ဒဏ်ရာရသွားအောင်သာ လုပ်နိုင်ခဲ့သတဲ့လား ။
ထိုကောင်က ဘယ်လို ဘီလူးမျိုးပါလဲ...
ထိုစဥ် လောရုံက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြောလာသည်။
" ငါ့ကောင်တို့.. ဒီအဘိုးကြီးကို အတူတူသတ်ကြမယ်ဟေ့ "
" သတ်ကြဟေ့ ... "
ချက်ချင်းမှာပင် လုံယီရွှယ်ထံမှ အော်ဟစ်သံထွက်
လာကာ လက်ထဲမှ သစ်ကိုင်းဖြင့် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်ကို လွှဲရိုက်လိုက်သည်။
" ဟမ့်... "
မသေမျိုးဘုရင်က အေးစက်စက်နှာခေါင်းရှုံ့၍ ၎င်းကိုတားရန် ပြင်လိုက်ပါ၏။
သို့သော်...
ဘုန်း ...
သစ်ကိုင်းဖြင့် တွေ့သည်နှင့် စူးစူးဝါးဝါး နာကျင်မှုကို သူ ခံစားလိုက်ရသည်။
" မဖြစ်နိုင်တာ ... အဲ့ဒါ ဒါလောင်မသေမျိုးသစ်ပင်လား.. ။ မင်းက ဒါလောင်မသေမျိုးဘုရင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ "
မုတ်ဆိတ်ရှည်မသေမျိုးဘုရင် မျက်နှာထား ရုတ်ချည်းပြောင်းသွားသည်။
ဒါလောင်မသေမျိုးဘုရင်သည် ချင်းယွမ်ဒေသတွင် နံပါတ်တစ် ကျင့်ကြံသူဖြစ်ပြီး ဒေသကြီးကိုးခုတွင်ရှိ
သော ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဆယ်ယောက်ထဲမှ တစ်ယောက်ပင် ။
မုတ်ဆိတ်ရှည်မသေမျိုးဘုရင်မှာလည်း မသေမျိုးဘုရင်တစ်ယောက် ဖြစ်သည့်တိုင် သူတို့နှစ်ဦးကြားမှ ကွာဟချက်က ကြီးလှပါသည်။
" ဘယ်က ဒါလောင်မသေမျိုးဘုရင်လဲ.. ဒါ ငါ စားဖို့လုပ်ထားတဲ့ဟာ "
လုံယီရွှယ်က နှာခေါင်းရှုံ့ရင်း ပြန်ပြောလာ၏။
" စားဖို့.. ဟုတ်လား "
မုတ်ဆိတ်ရှည်မသေမျိုးဘုရင်မှာ ထိုစကားကို နားမလည်နိုင် ဖြစ်သွားရှာသည်။
လုံယီရွှယ်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ဘယ်လိုပဲဖြစ်ဖြစ်ပါ.. မင်းက အခုထိ မသေသေးဘူးဆိုတော့ ကြည့်ရတာ ငါ့အစွမ်းက တော်တော်နိမ့်သေးတဲ့ပုံပဲ ။ ကောင်းပြီလေ.. ဒါဆိုလဲ နောက်တစ်မျိုး စမ်းကြည့်ကြတာပေါ့ "
သူမ ပြောပြီး အသက်ပြင်းပြင်းရှိုက်လိုက်သည်။
ဝုန်း...
ကောင်းကင်ဘုံနဂါး အရိပ်တစ်ခု ရုတ်ချည်းပေါ်လာပါ၏။
" ဒါ.... "
မုတ်ဆိတ်ရှည်မသေမျိုးဘုရင်၏ မျက်နှာထား ချက်ချင်းထပ်ပြောင်းသွားသည်။
ထိုစဥ်မှာပင်..
ဝုန်း ...
အခြားတဖက်မှ လောရှောင်ရှောင်းကလည်း သူမ၏ ထူးခြားစိတ်စွမ်းအင်ပင်လယ်ဖြစ်သော ၊ ခေါင်းကိုးလုံးသားရဲ အရိပ်ကြီးကို ထုတ်လွှတ်လိုက်သည်။
၎င်းကို မြင်သော မုတ်ဆိတ်ရှည်မသေမျိုးဘုရင် တစ်ကိုယ်လုံး တောင့်တင်းသွားကာ အသံများလည်း တုန်လာသည်။
" မဟုတ်ဘူး.. ဒါ မဖြစ်နိုင်ဘူးလေ ။ အဲ့ဟာကြီး
က.. ချင်းယွမ်ဒေသမှာ ဘယ်လိုရှိနေတာလဲ.. "
Chapter 916
Gang fight Against the Immortal King
" မျိုးမစစ်ကောင်.. သေစမ်း "
ထိုစဉ် ကောင်းကင်ဘုံနဂါးအသွင် ပြောင်းထားသော လုံယီရွှယ်က လက်ထဲမှ တုတ်ချောင်းဖြင့် ရိုက်ချလာသည်။
" ဟာ... "
မုတ်ဆိတ်ရှည်မသေမျိုးဘုရင် မျက်နှာထား အနည်းငယ်ပြောင်းသွားကာ လက်ဖြင့်မြန်မြန်ကာ၍ တားလိုက်ရ၏။
ဘုန်း...
အသံကျယ်တစ်သံ မြည်လာပြီးနောက် မသေမျိုးဘုရင် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။
" ဟင်.. ဒီအစွမ်းက.. ဘာတွေ ဖြစ်နေတာလဲ "
သူ လုံယီရွှယ်အား တုန်လှုပ်စွာ ကြည့်လိုက်ပါသည်။
သူ ကြည့်ရသလောက်ဆိုလျှင် လုံယီရွှယ်၏ ကျင့်ကြံခြင်းအဆင့်မှာ ရွှေရောင်မသေမျိုးအဆင့်ထက် မကျော်သေးပါချေ။
သို့သော် ... သူမ၏ ခန္ဓာကိုယ်အစွမ်းက အဘယ့်ကြောင့် သူ့ထက် သာနေရပါသနည်း ။
ထိုစဉ် တဖက်မှ လောရုံမှာလည်း အနည်းငယ် အံ့အားသင့်နေပါသည်။
လုံယီရွှယ်၏ ခန္ဓာကိုယ်က အဘယ့်ကြောင့် ဤမျှအစွမ်းထက်နေရသည်ကို သူမသိဘဲ မနေပါ ။
ယခင် ထျန်းမင်ကမ္ဘာနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင်မူ လုံယီရွှယ်၏ အစွမ်းက ဤမျှမကောင်းသေးပါချေ။
ထို့နောက်တွင်ကား လောထျန်းက သူမကိုမခေါ်ဘဲ အပေါ်ကမ္ဘာသို့ တက်သွားခဲ့ပါ၏။ ထို့ကြောင့်လည်း ကောင်မလေးက ၎င်းကိုမကျေနပ်ဟန်ဖြင့် အစွမ်းပိုထက်လာရန် ကြိုးစားခဲ့သည်။
သူမ ပိုအစွမ်းထက်ရန် ကြိုးစားသည့်နည်းမှာလည်း အလွန်ရိုးရှင်းပါ၏။
၎င်းမှာ... အစား စားခြင်းပင် ...
သူမသည် အချိန်နှင့်နေရာဗိမ္မာန်ထဲသို့ ဝင်ချိန်တွင်လည်း မြောက်များစွာသော ရွှယ်ဟွမ်အစွမ်းများ ၊ မူလအရှုပ်အထွေးမြေ များနှင့် ၊ မျိုးစုံသော မသေမျိုးသစ်သီးတို့ကို တစ်ပါတည်းယူသွားခဲ့ပါသေးသည်။
ထို့နောက် သူမ ဗိမ္မာန်ထဲ ရှိနေစဥ်တွင် ၎င်းတို့ကို အဆင်မပြတ်သန့်စင်၍ စားသောက်နေခဲ့ပါသည်။
ထိုအဖိုးတန်ရတနာများမှ စွမ်းအင်များက သူမကိုယ်ကို အဆက်မပြတ် အားဖြည့်ပေးနေသည့်အတွက်ကြောင့်လည်း သူမ အပြင်ပြန်ထွက်လာချိန်၌.. ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးမလာသည့်နိုင် သူမ၏ခန္ဓာကိုယ်က အံ့မခန်းအစွမ်းထက်လာခဲ့သည်။
၎င်းမှာ မသေမျိုးဘုရင် ခန္ဓာကိုယ်ဟုပင် ပြော၍ရပါ၏။
သူမသည် မသေမျိုးဘုရင်အဆင့် သို့ မရောက်သေးသော်လည်း သူမ၏ ခန္ဓာကိုယ်အစွမ်းကမူ မသေမျိုးဘုရင်တစ်ယောက်လိုပါပင် ။
ယခု သူမလက်ထဲတွင် ဒါလောင်မသေမျိုးသစ်ကိုင်းလည်း ရှိနေသေးရာ.. သာမာန်မသေမျိုးဘုရင် တစ်ယောက်သာ သူမနှင့် ရင်ဆိုင်ရပါက ရက်ရက်စက်စက် အထိုးကြိတ်ခံရမည် မလွဲပေ ။
" သတ်ပစ်ကြ "
ထိုစဥ် တဖက်မှ လောရှောင်ရှောင်းကလည်း နောက်ကျကျန်မနေခဲ့လိုဟန်ဖြင့် ရှေ့တိုးလာ၏။
သူမနောက်ရှိ ခေါင်းကိုးလုံးသားရဲကြီးကလည်း အစွယ်တဝင့်ဝင့်ဖြင့် လက်သည်းချွန်များထုတ်၍ မုတ်ဆိတ်ရှည် မသေမျိုးဘုရင်ထံ ပြေးဝင်လာသည်။
" မဖြစ်ဘူး ... "
မုတ်ဆိတ်ရှည်မသေမျိုးဘုရင်မှာ အလွန်ကြောက်လန့်သွားပြီး လောရှောင်ရှောင်းကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ နောက်လှည့်ထွက်ပြေးလိုက်သည်။
" သူ့ကိုမလွတ်စေနဲ့ "
လောရုံက ဒေါသတကြီး အော်ပြော၏။
ပျောင်ပိုင်မြို့သားများအားလုံးလည်း မူလမသေမျိုးလက်နက် ကိုယ်စီကိုင်၍ မသေမျိုးဘုရင်ပြေးမည့်လမ်းကို ချက်ချင်းပိတ်တားလိုက်ကြသည်။
" ငါ့ရှေ့က ဖယ်ကြစမ်း "
မသေမျိုးဘုရင် ဒေါသတကြီးအော်ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် လက်ဝါးချက်ဖြင့် ထပ်တိုက်ခိုက်လာသည်။
" အားလုံး.. အကာအကွယ်အစီအမံ လုပ်ကြဟေ့ "
လောဖန်က အသံကျယ်ဖြင့် အော်၏။
သူ့ဘေးမှ လူများက အကာအကွယ် မူလမသေမျိုးလက်နက်များ ချက်ချင်းထုတ်ကာ စနစ်တကျနေရာချလိုက်ကြသည်။
ထိုစဥ်မှာပင် မသေမျိုးဘုရင်၏ လက်ဝါးချက်ကလည်း ရောက်လာ၏။
ဘုန်း ...
ခေါင်းလောင်းသံကြီးတစ်ခုလို မြည်သံကျယ်ကြီး ထွက်လာသည်။
ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးတစ်ခုလည်း လိမ့်တက်လာကာ ပျောင်ပိုင်မြို့သားများ၏ အကာအကွယ်အစီအမံ ပုံပျက်သွားပါသည်။
သို့သော် မုတ်ဆိတ်ရှည်မသေမျိုးဘုရင် မှာလည်း အခြေအနေ မဟန်လှဘဲ .. အနောက်ဘက် ပေရာချီအကွာအဝေးအထိ လွင့်ထွက်သွားပြီးမှ သူ့ကိုယ်သူ ငြိမ်အောင်ပြန်ထိန်းနိုင်လိုက်၏။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲ့ဒါ မူလမသေမျိုးလက်နက်တွေလား . ။ အားလုံးက အကာအကွယ်
မူလမသေမျိုးလက်နက်တွေ ... ပြီးတော့ အားလုံးကလဲ သန့်စင်ပြီးသား... "
သူ အသံတုန်တုန်ဖြင့် ရေရွတ်သည်။
သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတို့ အပြည့် ...
အမှန်တွင်မူ သူသည်လည်း မူလမသေမျိုးလက်နက်တစ်ခု ပိုင်ဆိုင်ထားပါသည်။
သို့သော် သူ ၎င်းကို သန့်စင်ရန် နှစ်ထောင်ပေါင်းများစွာကြာ ကြိုးစားခဲ့သည့်တိုင် 1% ကျော်လောက်လေးကိုသာ သန့်စင်ထားနိုင်ပါ၏။
ဤမျှအဆင့်လောက်ဖြင့် ၎င်းလက်နက်ကိုသုံးလျှင်လည်း သူ့ထံ ပြန်ကန်ထွက်လာမည့် အစွမ်းက ကြီးလွန်းသဖြင့် သူ ၎င်းလက်နက်ကို ထုတ်မသုံးရဲခဲ့ပါ ။
ယခု... တဖက်လူများတွင်မူ လုံးဝသန့်စင်ထားပြီးသား မူလမသေမျိုးလက်နက် ကိုယ်စီ ရှိနေကြသတဲ့ ...
မတရားပါ ...
" အဘိုးကြီး.. မပြေးနဲ့ ။ ငါ မင်းအသားကို ချက်စားရဦးမှာ "
ထိုစဥ်တွင် သစ်ကိုင်းကို ကိုင်ထားသော လုံယီရွှယ်က အပြေးအလွှား ရောက်လာပြန်သည်။
" သတ်မယ်ဟေ့ "
ခေါင်းကိုးလုံးသားရဲကြီးကို ထိန်းချုပ်ထားသည့် လောရှောင်ရှောင်းကလည်း တိုက်ခိုက်လာပြန်၏။
" မပြေးနဲ့ ... "
လောရုံကလည်း နောက်မှ ပြေးလိုက်လာသည်။
မုတ်ဆိတ်ရှည်မသေမျိုးဘုရင် မှာ ထိုသုံးယောက်ကိုကြည့်ရင်း ဆွံ့အမှင်သက်ပြီး ဘာလုပ်ရမည်ပင် မသိတော့ပါချေ။
ချင်းယွမ်ဒေသတွင် ထိုသို့သော ဘီလူးများ ဘယ်တုန်းက ပေါ်လာကြသည်ကို သူ နားမလည်နိုင်တော့ပါ ။
ကျန်တာကို ခဏထားပါဦး ... ထို မူလမသေမျိုးလက်နက်များ၏ ဖိအားနှင့်ပင် သူ ထွက်ပြေးရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေလေပြီ ။
" ချီး... မင်းတို့ကောင်တွေကို အကုန်သတ်ပစ်မယ် "
သူ ဒေါသတကြီးအော်ကာ တဖက်လူအုပ်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် လောရုံထံ ပြေးဝင်သွားလိုက်သည်။
" ဟမ့်... "
၎င်းကိုမြင်သော လောရုံက အေးစက်စက် နှာခေါင်းရှုံ့၏ ။ သူ့မျက်နှာထက်တွင်လည်း ဒေါသရိပ်တို့ ပေါ်လာသည်။
ထိုလူကြီးက သူ့ကို အစွမ်းအနိမ့်ဆုံးဟု ယူဆသောကြောင့် သူ့ထံ ပြေးဝင်လာသည်မှာ သိသာသည် မဟုတ်ပါလား ။
သို့သော်.. အခြေအနေက ယခုလို ဖြစ်လာသဖြင့် သူ တုန့်ဆိုင်းမနေတော့ဘဲ အရှုပ်အထွေးခန္ဓာကိုယ်ကို ချက်ချင်းထုတ်လွှတ်လိုက်ပါသည်။
ဝုန်း... ဝုန်း... ဝုန်း ...
ထို့နောက်တွင် သူတို့နှစ်ဦး သိုင်းကွက်သုံးကွက် အပြန်အလှန် တိုက်ခိုက်လိုက်ကြ၏။ နောက်ဆုံးတွင်မူ လောရုံတစ်ယောက် ဆက်မခံနိုင်တော့ဘဲ သွေးအန်ကာ နောက်ဆုတ်သွားရသည်။
" ဒီကောင်.. "
သူ ဒေါသငွေ့တို့ ပြည့်နေသည့် မျက်လုံးများဖြင့် တဖက်လူအား ကြည့်လိုက်၏။
သူ မသေမျိုးဘုရင်တစ်ယောက်နှင့် ယှဥ်မတိုက်နိုင်သေးပါချေ။
" မင်း ... "
ထိုစဥ် အခြားတဖက်မှ မုတ်ဆိတ်ရှည်မသေမျိုးဘုရင် မှာလည်း လောရုံအား တုန်လှုပ်နေသည့် မျက်လုံးအစုံဖြင့် ကြည့်နေပါသည်။
သူ့ရှေ့မှ ကောင်လေးက သူ့သိုင်းကွက် သုံးကွက်တိတိကို ခံခဲ့ရသည့်တိုင် အသက်ရှင်နေသေးသတဲ့လား
....
ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်ဆုံးမှ မသေမျိုးအစစ် အဆင့်တွင်သာ ရှိနိုင်ပြီး.. ထို့ထက်ပင် နိမ့်နိုင်ပါသေး၏။
ထိုမျှနှင့်ပင် ယခုလိုအစွမ်းမျိုး ရှိနေသည်ဆိုပါက...
သူ မသေမျိုးသခင်ကြီးအဆင့် ၊ သို့်မဟုတ် မသေမျိုးဘုရင်အဆင့်သို့ ရောက်သွားလျှင် မည်မျှအစွမ်းထက်ပါမည်နည်း ။
" မဖြစ်ဘူး ၊ သူ့ကို ဒီနေ့သတ်ထားမှ ဖြစ်မယ် "
မုတ်ဆိတ်ရှည် မသေမျိုးဘုရင် ဆုံးဖြတ်ချက်ချကာ လောရုံဆီသို့ ပြေးဝင်သွားလိုက်သည်။
သို့သော်.. ထိုစဥ်တွင်..
" ရပ်လိုက်စမ်း "
သူ့ခေါင်းထက်မှ ဒေါသတကြီး အော်သံတစ်သံ ထွက်လာပါ၏။
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ကျလာသည်ကိုလည်း သူ ခံစားလိုက်ရသည်။
" ဘာလဲဟ.... "
မုတ်ဆိတ်ရှည်မသေမျိုးဘုရင် လန့်သွားပြီး ချက်ချင်းခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ဘုံနဂါး ၊ လုံယီရွှယ်က လေထဲမှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည် ။ သူမလက်ထဲရှိ ဒါလောင်မသေမျိုးသစ်ကိုင်းမှာလည်း တုတ်ချောင်းကြီးတစ်ခုအဖြစ် ပြောင်းသွားပြီး သူ့ပေါ် ကျလာ၏။
" ဒီမအေ $#@$ မင်းလို နဂါးလေးတစ်ကောင်ကို ငါက ကြောက်မယ်များ ထင်နေလား "
မသေမျိုးဘုရင် အံကြိတ်၍ပြောပြီး လက်ယမ်းလိုက်ရာ သူ့လက်ထဲတွင် ဓားပါးတစ်လက် ပေါ်လာသည်။
ဝီ ...
ထိုဓားမှ မသေမျိုးအစွမ်းများ ရုတ်ချည်း ထုတ်လွှတ်လာသလို ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း ထွက်လာ၏။
၎င်းမှာ သူပိုင်ဆိုင်သည့် မူလမသေမျိုးလက်နက် ပင် ။
" သေစမ်း .. "
ချွှင် ..
လေထဲတွင် တုတ်ချောင်း နှင့် ဓားတို့ ထိပ်တိုက်တွေ့သွားပြီး ...
မြည်သံကျယ်များ ထွက်လာ၏။
လုံယီရွှယ်မှာ ထိုဓားချက်ကြောင့် အနောက်ဘက် ပေရာပေါင်းများစွာ အကွာအထိ လွင့်ထွက်သွားသည်။ သို့သော် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်ကမူ နောက်သို့ ခြေတစ်လှမ်းသာ ဆုတ်သွား၏။
" ဟင်... သခင်မလေးလုံ ရှုံးသွားတာလား "
၎င်းကိုမြင်သော ပျောင်ပိုင်မြို့သားများ တအံ့တသြ ဖြစ်ကုန်ကြသည်။
သို့သော်.. ထိုစဥ်တွင် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်မှာ တောင့်တောင့်ကြီး ရပ်နေရာမှ ရုတ်တရက် အွတ်ခနဲ သွေးအန်သွားသည်။
ထိုမျှမကသေးပါ...
ဝုန်း ... ဝုန်း... ဝုန်း ..
သူ့ကိုယ်ပေါ်မှ သွေးကြောများလည်း ပေါက်ထွက်သွားပြီး သွေးများဖွားခနဲ ပန်းထွက်လာ၏။
သူ့အရောင်အဝါလည်း ရုတ်ချည်း လျော့ကျသွားသည်။
" ဟင်.. ဒီလူကြီးက ဒဏ်ရာအပြင်းထန် ရသွားတာလား "
" ဒါဆို.. သခင်မလေးလုံက နိုင်သွားတာပေါ့ "
အားလုံး၏အကြည့်က လုံယီရွှယ်ထံ ရောက်သွားသည်။
ထိုစဥ် လုံယီရွှယ်မှာလည်း တအံ့တသြ မျက်နှာထား ဖြစ်နေရှာပါ၏။
" ငါ့မှာ.. အဲ့လိုအစွမ်းမျိုး တကယ်ရှိတာလား.. "
အမှန်တွင်မူ မုတ်ဆိတ်ရှည်မသေမျိုးဘုရင်၏ ဒဏ်ရာမှာ အပြည့်အဝ အသန့်စင်ရသေးသော မူလမသေမျိုးလက်နက်ကြောင့် ဖြစ်သည်ကို သူမ မသိရှာပါချေ။
" မင်း.. မင်းတို့.. မျိုးမစစ်ကောင်တွေ ၊ မင်းတို့ကြောင့် ငါမလုပ်ချင်တဲ့ကိစ္စကို လုပ်ရတော့မယ် "
ထိုစဥ် မုတ်ဆိတ်ရှည်မသေမျိုးဘုရင်က ကောက်ကျစ်မှုတို့ ပြည့်နေသည့် မျက်လုံးများဖြင့် အံကြိတ်ရင်း ပြောလာသည်။
သူ ပြောပြီး လေထဲ လက်မြှောက်လိုက်ရာ.. သူ့လက်ထဲတွင် စာရွက်တစ်ရွက် ပေါ်လာသည်။
ထိုစာရွက်တွင် မရေမတွက်နိုင်သော ထွင်းစာများ ပြည့်နေပြီး ခပ်မှိန်မှိန် အမည်းရောင်အငွေ့အသက်တစ်
ခု ထုတ်လွှတ်နေပါ၏။
၎င်းမှာ ကြောက်စရာကောင်းလွန်း၍ တစ်ချက်ကြည့်မိသူတိုင်း ကျောရိုးထဲထိတိုင် ချမ်းစိမ့်သွားနိုင်ပါသည်။
ထိုစဥ် မသေမျိုးဘုရင်က သူ့နှုတ်ခမ်းထောင့်တွေ ပေနေသည့် သွေးကို လက်ဖြင့်ပွတ်သုတ်၍ ၎င်းသွေးအား စာရွက်ပေါ် ပြန်သုတ်လိုက်သည်။
" သွေးအလင်းတန်း ၊ ကျေးဇူးပြုပြီး ကိုယ်ပွားပုံရိပ် လွှတ်ပေးပါ "
ထို့နောက် သူ အသံတုန်တုန်ဖြင့် အော်၏။