← Chapters

အခန်း (၉၁၉+၉၂၀)

Vol. 65 Ch. 919+920

အခန်း (၉၁၉+၉၂၀)

Vol. 65 Ch. 919+920

Chapter 919

Bloodline Curse

အားလုံးမှာလည်း ထိုမြင်ကွင်းကြောင့် တုန်လှုပ်နေကြတော့၏။

အကယ်၍ လုံယီရွှယ်ကသာ တဖက်လူအား တုတ်ချောင်းဖြင့်ရိုက်ခဲ့ပါက သူမသည်လည်း လောရုံကဲ့သို့ နတ်ဆိုးသွေး၏ တိုက်စားခြင်း ခံရမည်ကို သူတို့သိပါသည်။

" ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ရဲ့ အစွမ်းဆိုတာ.. ဒါမျိုးလား .. "

" ကိုယ်ပွားပုံရိပ်လေးတောင် အစွမ်းထက်လိုက်တာ ... "

ပျောင်ပိုင်မြို့သားများအားလုံး ရင်ထဲ လေးလံသွားကြပါတော့သည်။

ထိုစဥ် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြောလာ၏။

" ဘာလဲ.. ဘယ်သူမှ မတိုက်ခိုက်တော့ဘူးလား ။ မင်းတို့က ငါ့ဘက်ကစပြီး တိုက်ခိုက်စေချင်တာလား ။ ကောင်းပြီလေ.. အဲ့လိုဆိုတော့လဲ တိုက်ခိုက်ရတော့မှာပေါ့ "

သူ ထိုသို့ပြောပြီးသည်နှင့် မြေပြင်အား ခြေဖျားဖြင့်အသာထိ၍ တဖက်လူထံ လှစ်ခနဲ တိုးဝင်သွားသည်။

" ဟင် .... "

ထိုလူ လန့်သွားကာ မူလမသေမျိုးလက်နက်ကို ချက်ချင်းအသက်သွင်း၍ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားရှာ၏။

သို့သော်..

ဝုန်း ...

ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်၏ လက်ဝါးချက် တစ်ချက်ဖြင့်ပင် သူ့လက်ထဲမှ မူလမသေမျိုးလက်နက်က လွင့်ထွက်သွားသည်။

အွတ် ...

ထိုလူမှာလည်း သွေးအန်ပြီး မြေပြင်သို့ ပြုတ်ကျသွား၏။

" သေစမ်းကွာ... "

တစ်ချိန်တည်းတွင် .. ဘေး၌ ရှိနေကြသော ပျောင်ပိုင်မြို့သားများကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည့်အတွက် လေထဲ၌ မူလမသေမျိုးလက်နက်များ ဝဲပျံသွားပါသည်။

ဝှစ် ..

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ယခင်နည်းအတိုင်းပင် ၎င်းတို့ကို လွင့်ထွက်သွားအောင် လုပ်လိုက်ပြန်၏။

အွတ်... အု ...

တဖက်လူများ သွေးအန်ကာ မြေပြင်သို့ ပြုတ်ကျသွားကြသည်။

" ဟင် .... "

ထိုစဥ် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ပြုတ်ကျသွားသူများအား အံ့သြနေသည့် မျက်နှာထားဖြင့် ကြည့်၏။

" ဒီကောင်တွေအားလုံးက အစွမ်းထက်တဲ့ကောင်တွေလား ။ ငါက အားလုံးကိုသတ်ဖို့ လုပ်ခဲ့တာတောင် ဒဏ်ရာပဲ သူတို့က ရသွားခဲ့ကြတယ် "

" မင်းတို့ မျိုးနွယ်စုက ထူးခြားတဲ့ သွေးအစွမ်း ရှိထားကြတာပဲကွ ။ ငါ့ရဲ့ သွေးကျွန်ဖြစ်ဖို့ အကောင်းဆုံးပဲကွာ "

သူ စိတ်လှုပ်ရှားဟန်ဖြင့် ဆိုသည်။

" သွေးကျွန်.. ဟုတ်လား ၊ အိမ်မက် မက်မနေနဲ့ "

ထိုစဥ် ခပ်လှမ်းလှမ်းတွင် ရှိနေသော လောရုံက ခက်ခက်ခဲခဲထရပ်၍ ဒေါသငွေ့များ တောက်လောင်နေသည့် မျက်လုံးအစုံဖြင့် ပြောလာသည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က သူ့ကိုကြည့်ပြီး အံ့သြနေပုံဖြင့် ပြော၏။

" ကောင်းတယ်ကွာ ။ ကြည့်ရတာ ကောင်းကင်ဘုံက ငါ့ကိုကာကွယ်ပေးပြီးတော့ မဟာတာအိုအစွမ်းကို ရနိုင်အောင် ကူညီပေးနေတဲ့ပုံပဲ ။ သိပ်ကောင်းတယ် ၊ အဲ့လိုဆိုတော့လဲ ငါ့ဘက်က ကောင်းကင်ဘုံရဲ့ ရည်ရွယ်ချက်ကောင်းတွေကို အလဟသ မဖြစ်အောင်လုပ်ရမှာပေါ့ "

သူပြောပြီး လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။

ချက်ချင်းမှာပင် သူ့ထံမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထုတ်လွှတ်လာ၏။

" အားလုံး.. သတိထားကြ "

လောရုံက ခက်ခက်ခဲခဲအော်၍ အားလုံးကို သတိလှမ်းပေးသည် ။ သူ ထိိုသို့ ပြောနေစဥ်တွင်လည်း သူ့ကိုယ်ထဲမှ နတ်ဆိုးသွေးစက်က သူ့အား ဆိုးဆိုးဝါးဝါး တိုက်စားလာသည်ကို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ကလည်း လက်ဖြင့် အစီအမံများ အဆက်မပြတ်လုပ်နေသည်။

ထို့နောက် သူ လက်ယမ်းလိုက်ရာ လောမိသားစုဝင် တစ်ယောက်ကိုယ်မှ သွေးများ ပန်းထွက်လာပြီး ၎င်းသွေးစက်က သူ့လက်ထဲ ကျလာသည်။

" ဒီသွေးကို အခြေခံအုတ်မြစ်အဖြစ် သုံးရမယ် "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လှောင်ပြုံးဖြင့် ဆိုသည်။

ထို့နောက်.. သူ့နဖူးသူ လက်ချောင်းထိပ်ဖြင့် အသာတို့လိုက်သည်နှင့် စိတ်ဝိဥာဥ်အစွမ်း အမျှင်တန်းတစ်ခု စီးမျောကာ သူ့လက်ထဲရှိ အစီအမံထဲ ဝင်သွားပါ၏။

" စိတ်ဝိဥာဥ်ကို ဓားသွားအဖြစ် သုံးမယ် "

ပြီးနောက်တွင် သူ့ နတ်ဘုရားအရောင်အဝါကိုပါ ဆက်ထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့်မြေကြီး တမဟုတ်ချင်း တုန်ခါသွားသည်။

" စိတ်စွမ်းအင်ကိုက ကြားခံအဖြစ် သုံးမယ်. "

ဝုန်း ...

ထိုတခဏ၌ ကြောက်မက်ဖွယ် အချုပ်အနှောင်တစ်ခု ပေါ်လာ၏။

" မင်း... မင်း... ဘာလုပ်မလို့လဲ "

တဖက်တွင် ရပ်နေကြသော ပျောင်ပိုင်မြို့သားများမှာလည်း ထိုအစွမ်းထက် အရောင်အဝါကို အာရုံခံမိပြီး မျက်နှာထားများ ရုတ်ချည်းပြောင်းကုန်ကြတော့သည်။

ထိုစဥ် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လှောင်ရယ်ရင်း ပြောလာသည်။

" ငါက မင်းတို့ရဲ့ သွေးမျိုးဆက်တစ်ခုလုံးကို တိုက်ခိုက်မလို့ကွ ။ ခုချိန်ကစပြီးတော့ မင်းတို့ရဲ့ သွေးမျိုးဆက်အားလုံး ငါ့ရဲ့ အချုပ်အနှောင်နဲ့ ကျိန်စာတိုက်ခံရပြီး ငါ့ရဲ့ သွေးကျွန်တွေ ဖြစ်သွားကြတော့မှာ "

" ဘယ်လို ... အဲ့လိုရက်စက်တဲ့ နည်းမျိုး ရှိတာလား.. "

ဘေးတွင်ရပ်နေသော လီကုန့်ရှင်သည်ပင် ကြားလိုက်

ရသည့်စကားကြောင့် တစ်ကိုယ်လုံး တုန်သွားသည်။

ထိုနည်းအကြောင်းကို သူ ကြားခဲ့ဖူးသော်လည်း ၎င်းကို ကောလဟလ တစ်ခုဟုသာ ထင်ခဲ့ပြီး ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ထိုသို့ အမှန်တကယ် လုပ်နိုင်လိမ့်မည်မှန်း မသိခဲ့ပါချေ။

ယခုမှသာလည်း သာမာန် မသေမျိုးဘုရင်တစ်ယောက်နှင့် ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တို့ကြားမှ ကွာဟချက် မည်မျှကြီးသည်ကို သူ ကောင်းကောင်းနားလည်လိုက်ရခြင်းပင် ။

သူ့ရင်ထဲတွင်လည်း ကြောက်စိတ်တို့ ကြီးစိုးလာသည်။

သို့သော် တဖက်မှ လူများအားလုံး မျိုးပြုတ်သည်အထိ ဖြစ်ရတော့မည်ကို ပြန်တွေးမိလိုက်ချိန်တွင်မူ သူ အနည်းငယ် ကျေနပ်သွားပါ၏။

ထိုစဥ် ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်မှာလည်း ကျိန်စာကို ရွတ်ဖတ်ပြီးနောက် တဖက်လူများ ဒုက္ခရောက်မည့် မြင်ကွင်းကို ကျေနပ်စွာ ကြည့်

လိုက်ပါ၏။

သူ အလွန်လည်း ပျော်နေသည်။

သို့သော်.. တစ်ခုအံ့သြစရာကောင်းသည်မှာ.. ထိုလူများက သူ ကျိန်စာရွတ်ပြီးသွားသည်အထိ ဘာမှ ခံစားရပုံ မပြခြင်းပင် ။

ထိုအစား.. စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းများပင် ချလိုက်သလို...

သူ စိတ်ထင်နေသည်များလား ...

" ဟမ့်.. မင်းတို့တွေက ငါ့အစွမ်းကို မယုံဘူးပေါ့လေ ။ ဒါဆိုလဲ ပြရသေးတာပေါ့ကွာ "

သူ ပြောပြီး လှုပ်ရှားရန် ပြင်လိုက်၏။

ထိုစဥ် အနားမှ လူတစ်ယောက်က ပြောလာသည်။

" ခဏနေပါဦး "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံ့သြသွားပြီး

နောက် ရယ်လိုက်၏။

" ဘာလဲ... ဆက်မခံနိုင်တော့လို့ ငါ့ကို မတိုက်ခိုက်စေချင်တော့ဘူးလား ။ ဒါဆိုရင် ခုချက်ချင်း ဒူးထောက်ပြီးအသနားခံလေ "

အမှန်တွင်မူ တဖက်လူများက ဒူးထောက်လာခဲ့လျှင်ပင် သူ့ဘက်မှ အလွတ်ပေးရန် စိတ်ကူးမရှိထားပါ ။

သူ့လက်ခုပ်ထဲ ရောက်နေသည့် သားကောင်များနှင့် ကစားနေခြင်းသက်သက်သာ ဖြစ်ပါသည်။

" မဟုတ်ပါဘူး ၊ အခု ကျိန်စာတိုက်မှာက သွေးမျိုးဆက် တစ်ခုလုံးကို တိုက်မှာလားလို့ မေးမလို့ပါ "

တဖက်လူက မေးသည်။

" မင်းက ဘယ်ဆိုးလို့လဲကွ.. နားလည်သားပဲ "

ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်မှာ တဖက်လူက ထိုမေးခွန်းမျိုး မေးလာမည်ဟု ထင်မထားပါချေ။

သို့သော် ထိုစဥ်မှာပင် တဖက်လူက လက်ယမ်း၍ ပြောပါ၏။

" လုပ်လေ ဒါဆိုလဲ "

" ဟင် ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံ့အားသင့်သွားရသည်။

ဘာတွေဖြစ်နေပါသလဲ...

ထိုလူများက နည်းနည်းလေးပင် ခုခံရန်မကြိုးစားတော့ဘူးလား ..

သူ အံ့သြပြီး ကျန်လူများကို ဝေ့ကြည့်လိုက်ရာ သူတို့အားလုံး တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်ကို မြင်လိုက်ရ၏။

ထိုအချက်က သူ့ဒေါသကို ပိုဆွပေးလိုက်သလိုပင် ။

" အရူးကောင်တွေ.. ခုလိုဖြစ်အောင် မင်းတို့တောင်းဆိုတာနော် ၊ သွေးကျိန်စာ... သတ်စမ်း "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ဒေါသဖြင့်ပြောပြီး အချုပ်အနှောင်ကို အသက်သွင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထူးဆန်းသော အစွမ်းတစ်ခု ထွက်လာ၏။

" ဟင် "

တဖက်လူများမှာ တစ်စုံတစ်ခုက သူတို့၏ သွေးအစွမ်းအား ဖိနှိပ်လာသည်ကို ရုတ်ချည်း ခံစားရကာ ဆိုးရွားလှသော နာကျင်မှုကိုပါ တပါတည်း ခံစားလိုက်ရသည်။

" ဟမ့် ...အရူးကောင်တွေ.. ငါ့အစွမ်းများ မယုံသလို ဘာလိုလိုနဲ့ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လှောင်ပြုံးဖြင့် ပြော၏။

ထိုစဥ်... ထျန့်ကျီတောင်တစ်နေရာ ၊ အိမ်ငယ်လေး တစ်ခုအတွင်း၌ ..

" ဟင်... "

ယခုမှ အိပ်ရာနိုးလာသော လောထျန်းတစ်ယောက် အိပ်ရာထဲမှ ချက်ချင်းထထိုင်လိုက်သည်။

" အေးဆေးကို အိပ်လို့မရပါလားကွာ ။ ခနလောက်လေး အိပ်မလို့ဟာကို ဘာလို့အဲ့လောက် ခက်နေလဲ "

သူ မျက်မှောင်ကြီးကြုံ့နေ၏။

" ဟင်.. ဒီခံစားချက်က.. တစ်ခုခုတော့ လွဲနေပြီ "

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခု လွဲနေသည်ကို သူ သတိထားမိလိုက်ပါသည်။

လက်ရှိတွင် အားတစ်ခုက သူ့ကိုယ်အား တိုက်စားရန်ကြိုးစားနေသလိုပါပင် ။

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးနောက် သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ သေချာစူးစမ်းရှာဖွေကြည့်လိုက်သည်။

ထို့နောက်တွင်ကား.. သူ ထင်ထားသည့်အတိုင်း သူ့ကိုယ်ကို ချုပ်နှောင်ရန် ကြိုးစားလာကြသည့် အမည်းရောင်မျဥ်းများကို တွေ့လိုက်ရပါ၏။

၎င်းတို့ကြောင့် သူ နှိုးသွားခဲ့ရခြင်းပင် ။

" ဒါ.. ကျိန်စာလား"

လောထျန်း ချက်ချင်း သိလိုက်သည်။

ထို့နောက်တွင်မူ သူ့မျက်နှာကြီး သုန်မှုန်သွားကာ အလွန်ဒေါသထွက်သွားတော့၏။

" ဘယ်ကောင့်လက်ချက်လဲ.. သတ်မယိ အဲ့ကောင်ကို "

သူ ဒေါသတကြီး အော်၍ လက်ဆန့်ထုတ်ကာ အမည်းရောင်ကြိုးမျှင်တစ်ခုကို လှမ်းဆွဲလိုက်သည်။

ထို့နောက် သူ နေရာမှ ချက်ချင်း တည်နေရာရွှေ့ပြောင်းလိုက်၏။

အခြားတဖက် ၊ လီမိသားစု၌ ...

" ဟား ဟား... မင်းတို့အားလုံး မကြာခင် ငါ့ရဲ့သွေးကျွန်တွေ ဖြစ်သွားကြတော့မှာ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က နာကျင်ခံစားနေရသည့် လောမိသားစုဝင်များကို ကြည့်ပြီး လှောင်ပြုံးဖြင့် ပြောသည်။

ထိုလူများသည် အံ့မခန်းအစွမ်းထက်ကြသူများဖြစ်ရာ သူတို့ကိုသာ သွေးကျွန်အဖြစ် ရလိုက်ပါက သူ့

အစွမ်း သေချာပေါက် တိုးလာပေလိမ့်မည်။

သို့ဆိုလျှင် သူ့ခန္ဓာကိုယ်အစစ်ကလည်း ဒေသကြီးကိုးခုသို့ မကြာခင် ပြန်လာနိုင်ပါလိမ့်မည်။

သို့သော် ... ထိုစဥ်တွင် ..

ဝုန်း ...

သူ့ရှေ့၌ လူတစ်ယောက် ရုတ်တရက် ပေါ်လာ၏။

" ဟင်... "

ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်မှာ တဖက်လူက မည်သို့ပေါ်လာသည်ကို သတိပင်မထားမိလိုက်သဖြင့် အနည်းငယ် အံ့သြသွားရသည်။

သို့သော်.. တခဏအကြာတွင် သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာ၏။

အဘယ့်ကြောင့်ဆိုသော် တဖက်လူ၏ တစ်ကိုယ်လုံးအား အမည်းရောင်မျဥ်းများက ဖုံးလွှမ်းနေပြီး မျက်နှာကို မမြင်ရသည်အထိ ဖြစ်နေသောကြောင့်

ပင် ။

ထိုအခြေအနေမျိုးအထိ ကျိန်စာတိုက်ခံထားရပါက.. ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တစ်ယောက်သည်ပင် ဘာမှ လုပ်နိုင်မည်မဟုတ်ပါ။

" ဒူးထောက်စမ်း "

သူ တဖက်လူကို ကြည့်ပြီး မျက်နှာမာထန်စွာ ပြောလိုက်သည်။

Chapter 920

Eighteen Drops of Demon Blood

" မင်းက ဘယ်သူ့ကို ပြောနေတာလဲ "

လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အနည်းငယ် အံ့အားသင့်သွား၏။

သူ နားမလည်နိုင်တော့ပါ ။ ပုံမှန်ဆိုလျှင် ဤမျှများလှသော ကျိန်စာကြိုးမျှင်များဖြင့် ရစ်ပတ်ခံထားရပါက ထိုလူ၏ စိတ်ကို သူ အပြည့်အဝထိန်းချုပ်၍ ရနေသင့်လေပြီ ။

သူ ခိုင်းသည့်အတိုင်းလည်း တသွေမတိမ်း လိုက်လုပ်ရမည် ဖြစ်ပါ၏။

ယခုတွင်မူ ထိုလူက သူ့ကိုပင် မေးခွန်းပြန်ထုတ်နေပါသည်။

" မင်းက အသိစိတ် ရှိနေသေးတာလား ။ မင်းတို့ မျိုး

နွယ်စုကတော့ ငါ့ကို တကယ်အံ့သြအောင် လုပ်နိုင်တာပဲ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် နှုတ်ခမ်းကွေးအောင် ပြုံးပြီး ပြောလိုက်၏။

ထိုမျိုးနွယ်စု တစ်ခုလုံးသာ သူ့သွေးကျွန်များ ဖြစ်လာပါက.. သူ ပွပေါက်တိုးခြင်းပင် ။

ထိုစဥ် တဖက်မှ လုံယီရွှယ်က လောထျန်းရောက်လာသည်ကို မြင်ပြီး ချက်ချင်းအော်ပြောလာသည်။

" အကိုလောထျန်း ၊ သတိထားနော် ။ အဲ့ကောင်က ကျိန်စာတိုက်နိုင်တယ် "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ကျိန်စာအစွမ်းကို သူမကိုယ်တိုင် ခံထားခဲ့ရသည် မဟုတ်ပါလား ။

၎င်းအစွမ်းမှာ ထူးဆန်းလှသည့်အတွက် သူမ စိုးရိမ်စိတ် ဝင်နေခြင်းက မဆန်းပါချေ ။

လောထျန်းက ထိုစကားကို ကြားသည်နှင့် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်ဘက် ချက်ချင်းလှမ်းကြည့်သည်။

" ကျိန်စာ ဟုတ်လား... ဒါဆိုရင် ဒီကျိန်စာက မင်းလက်ချက်ပေါ့ "

လောထျန်း ပြောနေစဥ်မှာပင် အမည်းရောင် ကျိန်စာကြိုးမျှင်များက သူ့ကိုယ်ကို ပိုပို၍ ရစ်ပတ်လာပါသည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြန်ပြော၏။

" ဟုတ်တယ်လေ ၊ ငါ ကျိန်စာတိုက်ထားတာ ။ မင်းက ငါ့ကို တကယ်အံ့သြရအောင် လုပ်နိုင်တာပဲကွ ။ ငါလုပ်ထားတဲ့ သွေးကျိန်စာအစွမ်းရဲ့ 90% လောက်က မင်းဆီမှာ ရောက်နေတာတောင် မင်းက ခုထိအသိစိတ်မလွတ်သေးဘူး ။ မဆိုးဘူးပဲကွ... မင်းက ငါ့ရဲ့ သွေးကျွန်ကောင်းတစ်ယောက် ဖြစ်လာမှာသေချာတယ် "

သို့သော်... သူ စကားဆုံးချိန်မှာပင် ဘေးပတ်ဝန်းကျင် အပူချိန်က ရုတ်တရက် လျော့ကျသွားသဖြင့် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အနည်းငယ် အံ့သြသွားရပြန်ပါ၏။

" ဟင်.. ဘာတွေ ဖြစ်နေတာလဲ "

ထိုစဥ် တဖက်တွင်ရှိနေသော လောထျန်းက ရုတ်တရက် လက်ဆန့်ထုတ်၍ သူ့ရှေ့မှ ကျိန်စာကြိုးမျှင်များကို ဖမ်းဆုပ်လိုက်သည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာ ၎င်းကိုကြည့်ကာ မျက်လုံးပြူးသွားပြီးမှ အသံကျယ်ဖြင့် အော်ရယ်၏။

" မင်းက ဘာလုပ်မလို့လဲ.. ငါ့ရဲ့ ကျိန်စာအစွမ်းကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေတာလား ။ စိတ်ကူးယဥ်မနေစမ်းပါနဲ့ကွာ.. အဲ့ကျိန်စာကြိုးမျှင်တွေကို ဘယ်သူမှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး "

သူ့လေသံမှာလည်း ယုံကြည်မှုအပြည့် ....

သို့သော် ..

" ပါးစပ်ပိတ်ထားစမ်း "

လောထျန်းက အေးစက်စက်ပြောကာ လက်ကို ဆောင့်ဆွဲလိုက်၏။

ဝုန်း...

သူ့ရှေ့တွင် ရှိနေသော ကျိန်စာကြိုးမျှင်များ ချက်ချင်း ပြတ်ထွက်ကုန်ပါတော့သည်။

" ဒါ.... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်မှာ သူ့မျက်လုံးသူပင် မယုံနိုင်ဘဲ မှင်သက်သွားရှာ၏။

ရှုပ်ထွေးစွာ ရစ်နွယ်နေကြသော ကျိန်စာကြိုးမျှင်များကို လက်တစ်ဖက်တည်းဖြင့် ဆွဲဖြတ်လိုက်နိုင်ပါသတဲ့လား ..

၎င်းက မည်သို့ဖြစ်နိုင်ပါသနည်း ။

" အင်း ... ကြည့်ရတာ ငါမင်းကို လျှော့တွက်လိုက်မိတယ်နဲ့တူတယ် ။ ဒါပေမယ့်.. မင်းအဲ့လို မခုခံခဲ့ရင်တောင် နည်းနည်းပို သက်သာဦးမှာကွ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ မျက်လုံးထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

ထို့နောက် သူ လက်ချောင်းဖြင့် နှာခေါင်းထိပ်ကို တို့လိုက်ရာ နတ်ဆိုးသွေးစက် တစ်စက် ထွက်လာပြီး ၎င်းသွေးစက်က လောထျန်းဆီ စီးမျောသွားသည်။

ပြီးနောက်တွင်မူ ၎င်းသွေးစက်က လောထျန်းကိုယ်ပေါ် ကျသွား၏။

" ဟား ဟား ... ငါ့ နတ်ဆိုးသွေးစက်ရဲ့ တိုက်စားအစွမ်းကို မင်းဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လှောင်ပြုံးဖြင့် ဆိုသည်။

မကြာခင်တွင် လောထျန်း၏ နာကျင်စွာအော်ဟစ်သံကို ကြားရတော့မည်ဟုလည်း သူ ထင်နေ၏။

သို့သော်...

" မင်းက ဘာလုပ်နေတာလဲ "

လောထျန်းက ရှေ့မှ ကျိန်စာကြိုးမျှင်များကို ဆွဲဖယ်နေရင်း သူ့အား တအံ့တသြ လှမ်းကြည့်လာပါသည်။

" ဟင်.. မင်းက တောင့်ခံနိုင်သေးတယ်ပေါ့ ။ ဒါဆိုရင်တော့လဲ ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ပြောပြီး နတ်ဆိုးသွေးစက်တစ်စက် ထပ်ထုတ်ကာ လောထျန်းကိုယ်ပေါ်သို့ ပို့လိုက်သည်။

" နတ်ဆိုးသွေးစက် နှစ်စက်ကိုတော့ မင်း ခံနိုင်မှာမဟုတ်ပါဘူး "

သူ လှောင်ပြုံးဖြင့် ထပ်ပြော၏။

သို့သော် ...

" မင်း ဘာလုပ်နေတာလဲလို့ ငါမေးနေတယ်လေ "

လောထျန်းက အေးစက်စက် ပြန်ပြောလာသည်။

" ဟင်... မင်းက ဘယ်လိုလုပ်ပြီးတော့ ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံ့သြမှင်သက်သွားပါတော့၏။

လောထျန်း၏အစွမ်းမှာ သူထင်ထားသည်ထက်ပင် သာလွန်နေသည်လား ။

" သိပ်ကောင်းတယ်... မင်း ပိုအစွမ်းထက်လေလေ ၊ ငါ့အတွက် ပိုကောင်းလေပဲ ။ ဒီနေ့တော့ မင်းကို ငါ့ရဲ့သွေးကျွန်အဖြစ် မရရအောင် ပြောင်းပစ်မယ် "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ပြောပြီး နတ်ဆိုးသွေးစက်များ တစ်စက်ပြီးတစ်စက် ထပ်ထုတ်လိုက်သည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း၌ နတ်ဆိုးသွေးစက် ၁၈ စက် ဖြစ်သွား၏။

" ဟား ဟား ... ငါ့ရဲ့ နတ်ဆိုးသွေးစက် ၁၈ စက်ကို ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်တောင် ခံနိုင်မှာမဟုတ်ဘူးကွ ။ ကောင်လေး ... မင်း ခုနကလို မောက်မာနိုင်သေးလား "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ပြောကာ အသံကျယ်ဖြင့် အော်ရယ်သည်။

တဖက်မှ ပျောင်ပိုင်မြို့သားများ အားလုံးမှာလည်း သူ့ရယ်သံကိုကြားသည်နှင့် မျက်နှာထားများ ပြောင်းကုန်ကြ၏။

" သခင်လေး ... "

" အကိုထျန်း ... "

သူတို့အားလုံး လောထျန်းအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။

လောထျန်းသည် အလွန်အစွမ်းထက်ကြောင်း သူတို့ သိထားသည့်တိုင် ... ယခု ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ကျိန်စာမှာ ပုံမှန်လို တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တိုက်ခိုက်ရသည်နှင့် မတူပါ ။

လောထျန်းက ၎င်းကို ခံနိုင်ပါမည်လား ...

ထို့ထက်ပို ဆိုးသည်မှာ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က တတိယမြောက်သွေးစက်ကို ထုတ်လိုက်ချိန်ကတည်းက လောထျန်းတစ်ယောက် နေရာ၌ မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေသောကြောင့် ဖြစ်ပါသည်။

၎င်းမှာ ကောင်းသည့်လက္ခဏာ မဟုတ်ပါချေ။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာလည်း ၎င်းကို သတိထားမိပါ၏။

ထို့ကြောင့် သူရယ်ရင်း ပြောလာသည်။

" ကောင်လေး ၊ မင်းရဲ့ သွေးအစွမ်းက ဘယ်လောက်ပဲကောင်းကောင်း ... နောက်ဆုံးမှာတော့ ငါ့ နတ်ဆိုးသွေးရဲ့ တိုက်စားအစွမ်းကို ခံနိုင်မှာမဟုတ်ပါဘူးကွာ ။ အခု အဲ့မှာဘာရပ်လုပ်နေသေးတာလဲ ။ ဒီကိုလာပြီးတော့ ကိုယ့်သခင်ကို အရိုအသေလာပေးလေ "

ထိုသို့ ပြောလိုက်ချိန်တွင် သူ လောထျန်းကိုကြည့်သည့်အကြည့်မှာလည်း ယုံကြည်မှုအပြည့်ဖြင့် မာထန်နေပါသည်။

လောထျန်းလို အစွမ်းထက်သည့် သွေးကျွန်တစ်ယောက် ရလိုက်ခြင်းက သူ့အစွမ်းကို များစွာတိုးသွားစေမည် မဟုတ်ပါလား ။

သို့ဆိုလျှင်.. သူ့ခန္ဓာကိုယ်အစစ် ဒေသကိုးခုသို့ ပြန်ရောက်လာချိန်၌ သူ့ကိုတားနိုင်မည့်သူ မရှိနိုင်တော့ပါ ။

ထိုစဥ်မှာပင် လောထျန်းက သူ့နားသို့ တောင့်တောင့်ကြီး လျှောက်လာသည်။

၎င်းကိုမြင်သော ပျောင်ပိုင်မြို့သားများအားလုံး မျက်နှာပျက်ကုန်ကြ၏။

" သခင်လေးက.... သွေးကျွန်တစ်ယောက် တကယ်ကြီး ဖြစ်သွားခဲ့ပြီလား "

" မဖြစ်နိုင်ဘူးကွာ.. ငါ မယုံဘူး.. "

" ဒါပေမယ့်.. သခင်လေးရဲ့ပုံစံကို ကြည့်လိုက်ဦးလေကွာ ။ ဒါ ပုံမှန်မှ မဟုတ်တာ "

သူတို့ရင်ထဲတွင်လည်း ကူကယ်ရာမဲ့ ခံစားချက်များ ကြီးစိုးလာသည်။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာကား လောထျန်း အနားတိုးလာသည်ကို ကြည့်ရင်း အားရစွာ ပြုံးနေပြီး လောထျန်းတစ်ယောက် သူ့ရှေ့ဒူးထောက်လာမည်ကို အသင့်စောင့်နေ၏။

သို့သော် .... ထိုအချိန်တွင် လောထျန်းက တစ်လုံးချင်း ပြောလာပါသည်။

" မင်း .. ရူးနေတာလား "

" ဟင် ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံ့သြကာ မျက်လုံးပြူးသွား၏။

အမှန်ဆိုလျှင် သူ့ရှေ့မှကောင်လေးက သူ့သွေးကျွန်တစ်ယောက် ဖြစ်နေသင့်ပြီ မဟုတ်ဘူးလား ။

ယခု အဘယ့်ကြောင့် သူ့ကို စော်ကားသည့်စကားမျိုး ပြောနေပါသနည်း ။

သူ ထိုသို့ နားမလည်နိုင် ဖြစ်နေစဥ်မှာပင် ... လောထျန်းက သူ့မျက်နှာကို လက်ဖြင့်ရိုက်လာသည်။

" ဒါ.... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် လန့်သွားပြီး ရှောင်ရန် ကြိုးစားလိုက်၏။ သို့သော်.. သူ မည်သို့မှလည်း ရှောင်မရပါ ။

ဘုန်း ...

ထို့နောက်တွင်မူ.. သူ့ခေါင်းက အပိုင်းပိုင်းဖြစ်ကာ သွေးမှုန်များ ပြန့်ကျဲသွားတော့သည်။

" ဒါ .... "

၎င်းမှာ သူတို့ လုံးဝ မျှော်လင့်မထားသော မြင်ကွင်းဖြစ်သဖြင့် အားလုံး မှင်သက်သွားကြပါ၏။

သို့သော် မကြာခင်မှာပင် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ခေါင်းမဲ့ ခန္ဓာကိုယ်က မြန်မြန်နောက်ဆုတ်သွားသည်။

အမည်းရောင်စွမ်းအင်များလည်း ရုတ်ချည်း စုစည်းလာပြီး ပြန့်ကျဲသွားသော သွေးမှုန်များ သူ့ကိုယ်သို့ အလွန်လျင်မြန်စွာ ပြန်ရောက်လာကာ ... သူ့ခေါင်းကလည်း အကောင်းတိုင်း ပြန်ဖြစ်သွား၏။

" မသေမျိုးလား ... "

လူတစ်ယောက်က တအံ့တသြ ရေရွတ်သည်။

ထိုစဥ်တွင် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် က လောထျန်းအား တုန်လှုပ်စွာကြည့်ကာ ပြောလာ၏။

" မဖြစ်နိုင်ဘူး .. မင်းက.. ဘယ်လိုလုပ်ပြီးတော့ .. "

လောထျန်းက သူ့ကို အထင်သေးရွံရှာသည့် အကြည့်ဖြင့်ကြည့်၍ ပြန်ပြောသည်။

" မင်းက တော်တော်ညစ်ပတ်ယုတ်မာတဲ့ကောင်ပဲကွ "

" ဟင် ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာ လောထျန်း ဘာဆိုလိုသည်ကို နားမလည်ဘဲ ပါးစပ်အဟောင်းသား ....

လောထျန်းက ဆက်ပြောသည်။

" မင်း ရူးနေတာလား.. ဟမ်.. ။ မင်းက ငါ့ကို အိပ်ကောင်းခြင်းမအိပ်ရအောင် ကျိန်စာလဲ တိုက်ခဲ့သေးတယ်.. အခု နှပ်ချေးတွေနဲ့လဲ ပစ်ပေါက်နေတယ် ။ ရွံစရာကောင်းလိုက်တာကွာ "

သူ အလွန်ဒေါသထွက်နေဟန်လည်း တူပါ၏။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အပါအဝင် အားလုံးမှာကား အံ့သြမှင်သက်လျက် ...

ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော ကျိန်စာကြိုးမျှင်များက လောထျန်းကို အိပ်မရအောင်သာ လုပ်နိုင်ခဲ့သတဲ့လား ...

ထို့ထက်ပိုဆိုးသည်မှာ ... သူက နတ်ဆိုးသွေးစက် ၁၈ စက်အား နှပ်ချေးဖတ်များဟု ထင်နေခဲ့ခြင်းပင် ....

All Chapters