← Chapters

အခန်း (၉၂၃+၉၂၄)

Vol. 65 Ch. 923+924

အခန်း (၉၂၃+၉၂၄)

Vol. 65 Ch. 923+924

Chapter 923

Luo Tian's Curse

" ဒါ.... "

လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်နေခဲ့သော ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်မှာ လုံးဝ ဆွံ့အသွားပါတော့သည်။

သူ့မျက်နှာလည်း ရုတ်ချည်းပြောင်းသွား၏။

လောထျန်းက ကျိန်စာအစွမ်းကို အမှန်တကယ် ထုတ်လွှတ်နိုင်မည်ဟု သူ လုံးဝထင်မထားခဲ့ပါ ။

ဇွပ် ..

ထိုစဥ်မှာပင် အမည်းရောင် ကျိန်စာကြိုးမျှင်က သူ့ကိုယ်ကို ထိုးဖောက်ဝင်လာ၏။

သို့သော် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က အံတစ်ချက်သာကြိတ်၍ ပုံမှန်အတိုင်း ပြန်ကောင်းအောင် လုပ်လိုက်နိုင်ပါသည်။

" မင်း .... ကျိန်စာတွေနဲ့ပတ်သက်ပြီး တတိယမြောက် ပါရမီရှင်ကို ထပ်တွေ့ရလိမ့်မယ်လို့ ငါ တကယ်ထင်မထားခဲ့ဘူး ။ ဒါပေမယ့်... မင်းရဲ့ လက်ရှိပါရမီက ငါနဲ့ယှဥ်ရင် အရမ်းကိုနိမ့်သေးတယ်ကွ ။ ငါ ကျိန်စာတွေကို ပထမဆုံးအကြိမ် သုံးခဲ့တုန်းကဆိုရင် ကျိန်စာကြိုးမျှင် သုံးခုတောင် လုပ်နိုင်ခဲ့တာ ။ ဒါပေမယ့် မင်းက တစ်ခုပဲလုပ်နိုင်သေးတာဆိုတော့... အဲ့လောက်နဲ့ မင်းတစ်သက်လုံးကြိုးစားရင်တောင် ငါ့ကို ဘာအန္တရာယ်မှ ပေးနိုင်မှာမဟုတ်ဘူး ။ ဘာလို့လဲဆိုတော့ မင်းနဲ့ငါနဲ့ကြားက ကွာဟချက်က ပိုပိုပြီးတော့ပဲ ကြီးလာမှာ "

ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်က ယုံကြည်ချက်အပြည့် မျက်နှာဖြင့် ပြောလိုက်သည်။

သို့သော် သူ တွက်ကိန်းမှားသွားသည့် တစ်ချက်ရှိပါသည်။

၎င်းမှာ... သူ ကျိန်စာအစွမ်းကို ကျင့်ကြံခဲ့စဥ်တွင် သူ့ဆရာက သူ့အား ပညာစုံသင်ပေးခဲ့ခြင်းဖြစ်ပြီး ...

လောထျန်းကမူ ထိုသို့ လုံးဝမသင်ခဲ့ရပါ။

သူသည် တဖက်လူ တိုက်ခိုက်သည်ကို ကြည့်၍သာ တတ်မြောက်သွားခဲ့ခြင်း ဖြစ်ပါ၏။

" အဲ့တော့ ... ငါ့ကို ဒီတိုင်းလွတ်ပေးလိုက်ဖို့ မင်းကိုငါ အကြံပေးမယ် ။ မင်းသာ လွတ်ပေးမယ်ဆိုရင် ငါ မင်းအပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားပြီလို့ သဘောထားပေးမယ် "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် စကားဆက်သည်။

သူ့လို ဆယ်ဘွဲ့ရ မသေမျိုးဘုရင် တစ်ယောက်ထံမှ ကျေးဇူးတင်ခံရခြင်းသည် ပေါ့သေးသေးမဟုတ်ပါချေ။

သို့သော် ...

" ဝိုး.. ငါက ဒီတိုင်း ကြုံသလိုလက်တည့်စမ်းကြည့်လိုက်တာ တကယ်ကြီး မှန်သွားတာပဲ ။ ဒါဆိုရင်.. ကျိန်စာအစွမ်းကို အဲ့လိုသုံးရတာပေါ့ "

လောထျန်းက အရောင်လက်နေသည့် မျက်လုံးများ

ဖြင့် ပြောလာ၏။

ထို့နောက် သူ ခေါင်းတဆတ်ဆတ်ညိတ်၍ ဆက်ပြောသည်။

" ဒါဆိုရင်... အစွမ်းကို နည်းနည်းထပ်တိုးပြီးတော့.. ငါ့အစွမ်းရဲ့ 1% ကို သုံးလိုက်မယ်ကွာ "

သူ့စကားကြောင့် တဖက်မှ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မျက်လုံးပြုးသွား၏။

" 1% ဟုတ်လား ... "

လောထျန်းပြောလိုက်သည့်စကားကို သူ အမှန်တကယ် နားမလည်နိုင်ပါ ။

ထိုစဥ် လောထျန်းက အသက်ပြင်းပြင်းရှိုက်၍ လက်ယမ်းလိုက်သည်။

ဝုန်း...

သူ့လက်ချောင်းကြားမှ သောင်းနှင့်ချီသော အမည်းရောင် ကျိန်စာကြိုးမျှင်များ တိုးထွက်လာကြ၏။

" ဒါ.... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာ ၎င်းကိုမြင်ပြီး မျက်လုံးအိမ်ထဲမှ မျက်လုံးများ ကျွတ်ထွက်ကျတော့မတတ် ပြူးကျယ်သွားတော့သည်။

အစောပိုင်းလေးကတင် ကျိန်စာကြိုးမျှင် တစ်မျှင်သာ လုပ်နိုင်ခဲ့သော လောထျန်းက...

ယခုလို တခဏလေးအတွင်း သောင်းပေါင်းများစွာသော ကျိန်စာကြိုးမျှင်များ ထွက်လာအောင် လုပ်နိုင်သတဲ့လား ။

၎င်းမှာ မလွန်လွန်ဘူးလား ...

သူ ထိုသို့ အံ့သြတုန်လှုပ်နေစဥ်မှာပင်..

၎င်းကျိန်စာကြိုးမျှင်များက သူ့ကိုယ်ကို ထိုးဖောက်ဝင်သွားပါ၏။.

" အား ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ထံမှ စူးစူးဝါးဝါး အော်သံကျယ်ကြီး ထွက်လာကာ သူ့တစ်ကိုယ်လုံးလည်း လုံးဝပျောက်ကွယ်လုနီးပါးအထိ ဖြစ်သွားတော့သည်။

" ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ ။ ဘာလို့ အဲ့လောက်နာကျင်ရတာလဲ .. ကျိန်စာအစွမ်းဆိုတာ အဲ့လိုမျိုးလား ... "

သူသည် ကျိန်စာအစွမ်းကို နှစ်ပေါင်းကြာရှည်စွာ ကျင့်ကြံလာခဲ့သော်လည်း ၎င်းအစွမ်းကို ယခုမှသာ ကိုယ်တိုင်ခံစားဖူးခြင်းပင် ။

မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းတွင် သူ့ကိုယ်က ပုပ်သည်အထိ ဆွေးမြည့်သွားခဲ့ရပြီး သူ့ကိုယ်ထဲမှ သွေးများကလည်း အဆက်မပြတ် စီးကျနေလေပြီ ။

" မင်း .... မင်း .... "

သူ လောထျန်းအား စိုက်ကြည့်နေရင်း အသံများပင် တုန်လာ၏။

သူ ဤနေရာမှ ထွက်ပြေးလိုက်ချင်သော်လည်း ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းချိန်းကြိုးများ၏ ချုပ်နှောင်ခြင်းကို ခံနေရသဖြင့် ပြေး၍လည်း ရမနေပါ ။

လက်ရှိတွင် သူသည် စဥ်းနီတုံးပေါ် ရောက်နေသော အသားတုံးတစ်တုံးနှင့် မခြားပါချေ။

သူ့ရှေ့မှ ထိုကောင်လေးမှာ ... ဘီလူးတစ်ကောင်ပါပင် ။

ထိုသို့သော လူတစ်ယောက်ကို သူ အဘယ့်ကြောင့် ရန်စမိခဲ့ပါသနည်း။

ထိုစဥ် လောထျန်းက ရှေ့မှ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ကိုကြည့်ကာ ခေါင်းညိတ်၍ ဆိုလာသည်။

" အင်း ..ကြည့်ရတာ ငါ ဒီကျိန်စာအစွမ်းရဲ့ အခြေခံအချက်တွေကို ကောင်းကောင်းကျွမ်းကျင်သွားတဲ့ပုံပဲ ။ အဲ့တော့... သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ဆက်ရှာရမယ် "

" ဘယ်လို .... "

ကြားလိုက်ရသည့်စကားကြောင့် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အလွန်တုန်လှုပ်သွားတော့သည်။

" မဖြစ်ဘူး... အရမ်းကြီးတုန်လှုပ်နေစရာ မလိုဘူး ။ အဲ့ ကျိန်စာအစွမ်းနဲ့ သူ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို မရှာနိုင်ပါဘူးကွာ "

သို့သော်.. သူ့ကိုယ်သူ ပြန်အားပေးရန် ကြိုးစားလိုက်ပါ၏။

တဖက်မှ လောထျန်းက ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်အား တခဏကြာ လှည့်ပတ်ကြည့်နေပြီးမှ ပြောလာသည်။

" အင်း... မင်းရဲ့ ခန္ဓာကိုယ်အစစ်က ဒီမှာတော့မရှိတာသေချာတယ် ။ ဒါပေမယ့် .... မင်းကို သွေးကျိန်စာတိုက်လိုက်မယ် ဆိုရင်ရော ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် အံကြိတ်၍ ပြန်ပြော၏။

" ငါက မင်းကို ပြောပြမယ်ထင်နေတာလား "

လောထျန်း ခေါင်းညိတ်သည်။

" ဟုတ်သားပဲ.. အဲ့ကိစ္စကို မင်းကိုမေးလို့ ဘယ်ဖြစ်ပါ့မလဲ ။ ငါ့ဟာငါပဲ ကြိုးစားကြည့်မယ်ကွာ "

" ကြိုးစားမယ်.. ဟုတ်လား "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် နှုတ်ခမ်းမဲ့သွား၏။

ထိုစဥ် လောထျန်းက လက်ထပ်ယမ်းလိုက်ရာ သူ့လက်ထဲရှိ ကျိန်စာကြိုးမျှင်များ ထပ်စုစည်းသွားကြသည်။

" သွေးကျိန်စာ ... "

ပြီးနောက် လောထျန်း အော်လိုက်ရာ ကျိန်စာကြိုးမျှင်က ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ထံ တိုးဝင်သွား၏။

အွတ် ...

တဖက်မှ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်း ကိုယ်ပွားပုံရိပ် ချက်ချင်းသွေးအန်ကာ သူ့အေရာင်အဝါလည်း ရုတ်ချည်းလျော့ကျသွားတော့သည်။

သို့သော် .. သူ့မျက်နှာထက်တွင်မူ အပြုံးတစ်ခု ပေါ်လာ၏။

" ကောင်လေး ... သနားစရာပါလားကွာ ။ သွေးကျိန်စာဆိုတာ ခဏလေးနဲ့ ကျွမ်းကျင်နိုင်တဲ့ပညာရပ်တစ်ခု မဟုတ်ဘူးကွ ။ မင်းက ကျိန်စာအစွမ်းကို ကျွမ်းကျင်နေပြီဆိုရင်တောင် ထူးခြားတဲ့နည်းလမ်းမျိုး မရှိပဲနဲ့တော့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို အန္တရာယ်ပြုနိုင်မယ် မထင်နဲ့ "

သူ ပြောသည်။

လောထျန်းကမူ သူ့စကားကို ကြားသည့်တိုင် မျက်နှာသေဖြင့်သာ ရှိနေပြီး ပြောပါသည်။

" ဒါဆိုရင်.... အခုဟာက လေထုအစွမ်းကို မထိုးဖောက်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့ ။ အင်း... ဒါဆို ဘာဖြစ်နိုင်မလဲ ... အကျိုးကြောင့် အကြောင်းဖြစ်တာများလား "

ထိုစကားကို ကြားချိန်တွင်ကား ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် နှလုံးခုန်မြန်လာပါတော့၏။ လောထျန်းက ပြဿနာ၏ အဓိကအချက်ကို ဤမျှလွယ်လွယ်လေးနဲ့ သိသွားလိမ့်မည်ဟု သူ အမှန်တကယ် မထင်

ခဲ့မိပါ ။

သို့သော် သူ မျက်နှာအမူအရာ မပြောင်းလဲအောင် ထိန်း၍သာ ဆက်နေလိုက်ပါ၏။

ထိုစဥ် လောထျန်းက ခေါင်းညိတ်၍ ပြောသည်။

" ဘယ်လိုပဲဖြစ်ဖြစ်ပါလေ.. ကြိုးစားကြည့်တာပေါ့ "

သူ့စကားဆုံးသည်နှင့် အမည်းရောင်ကျိန်စာကြိုးမျှင်များ ထပ်မံစုစည်းသွားပြန်ပါသည်။

ထို့နောက်တွင် ၎င်းကြိုးမျှင်များက ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ကိုယ်ထဲသို့ စီးဝင်သွား၏။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် တစ်ကိုယ်လုံးတုန်ကာ နာကျင်စွာ အော်ဟစ်လိုက်ရပြန်သည်။

သူ့အရောင်အဝါလည်း သိသိသာသာပင် လျော့ကျသွား၏။

လောထျန်းက ၎င်းကိုကြည့်ပြီး ခေါင်းညိတ်သည်။

" အိုး.. ကြည့်ရတာ ဒီတစ်ခေါက်တော့ မှန်သွားတဲ့ပုံ

ပဲ ။ ဒါပေမယ့် ... ​ဒီကျိန်စာအစွမ်းက မင်းရဲ့ တခြားကိုယ်ပွားပုံရိပ်တစ်ခုကိုပဲ ဒဏ်ရာရအောင် လုပ်နိုင်လိုက်တာနဲ့ တူတယ် "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် တစ်ကိုယ်လုံးတုန်ပြီး လောထျန်းအား ခေါင်းမော့ကြည့်၏။

" သခင်ကြီး ၊ ကျုပ် အရှုံးပေးပါတယ် ။ ကျေးဇူးပြုပြီးတော့ ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ ။ ကျုပ် သခင်ကြီးရဲ့ နောက်လိုက်အဖြစ် နေပါ့မယ် "

လက်ရှိတွင် ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဆိုသော ဂုဏ်ပုဒ်ကို သူ ဂရုမစိုက်နိုင်တော့ပါ ။

သူ့ရှေ့မှ လူက သူ့အသက်ကို အမှန်တကယ် ရန်ရှာနိုင်နေသည် မဟုတ်ပါလား ။

သို့သော် လောထျန်းက ခေါင်းယမ်း၍ပြန်ပြောပါသည်။

" နောက်ကျသွားပြီ ... မင်း ငါတို့ လောမိသားစုကို သွေးကျိန်စာ စတိုက်လိုက်တာ အမှားကြီးမှားသွားတာပဲ "

" ဟင် .... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ မျက်နှာ ချက်ချင်းသွေးဆုတ်ဖြူရော်သွားတော့၏။

ထိုစဥ် လောထျန်းက အသက်ပြင်းပြင်းရှိုက်ကာ ဆက်ပြောသည်။

" အခု ငါ့အစွမ်းရဲ့ 10% ကို သုံးလိုက်မယ် "

သူပြောပြီး လက်ကို အသာမြှောက်လိုက်သည်။

ဝုန်း ....

သူ့လက်ထဲရှိ ကျိန်စာကြိုးမျှင်အစွမ်းက အမှန်တကယ်လည်း ဆယ်ဆတိုးသွား၏။

" ဒါ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် လုံးဝ တုန်လှုပ်သွားရပြန်တော့သည်။

လောထျန်း၏ လက်ရှိ ကျိန်စာအစွမ်းမှာ သူ့ကို လုံးဝကျော်လွန်နေခဲ့လေပြီ ။

၎င်းသည်ပင် .. ထိုကောင်လေးက ကျိန်စာအစွမ်းကို ကျင့်ကြံသည့်အချိန်မှာ ခဏလေးသာ ရှိပါသေး၏။

ဘယ်လိုဘီလူးမျိုးပါလဲ ...

ထိုစဥ် လောထျန်းက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ကြောင်းကျိုးတရားနှင့် ပေါင်းစပ်ထားသော ကျိန်စာအစွမ်းများ ရုတ်ချည်းကျလာ၏။

အွတ် ...

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာလည်း နောက်တစ်ကြိမ် သွေးအန်သွားရပြန်တော့သည်။

" ငါ့ရဲ့ ကိုယ်ပွားပုံရိပ်တွေ .... "

ထိုတခဏ၌ သူ့ကိုယ်ပွားပုံရိပ် ဆယ်ဂဏန်းအကြီးပိုင်း ဆုံးရှုံးလိုက်ရသည်ကို သူ ခံစားမိလိုက်ရပါ၏။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်သည် အလွန်ဉာဏ်နီဉာဏ်နက်များပြီး အခြားသူများအပေါ်

အလွန်လည်း ကောက်ကျစ်တတ်သဖြင့် ရန်သူများ၏ လုပ်ကြံရမည်ကို အမြဲတစေ စိုးရိမ်တတ်ခဲ့သူပင် ။

ထို့ကြောင့်လည်း ပြီးခဲ့သည့် နှစ်များအတွင်း သူ့ကိုယ်ပွားပုံရိပ် တစ်ရာနီးပါးခန့် လုပ်ခဲ့ကာ ကမ္ဘာပေါင်းစုံမှ နေရာပေါင်းစုံတွင် ဖုံးကွယ်ထားခဲ့ပါသည်။

ထိုသို့လုပ်ခဲ့ရသည့် ရည်ရွယ်ချက်မှာလည်း အကယ်၍ သူ ရန်သူ၏လုပ်ကြံခြင်းကို ခံခဲ့ရပါက ကျန်ကိုယ်ပွားပုံရိပ်များဖြင့် သူ့ကိုယ်သူ ပြန်အသက်သွင်းနိုင်ရန် ဖြစ်သည်။

သို့သော်... မျှော်လင့်မထားစွာပင် လောထျန်းက သိုင်းကွက်လေးတစ်ကွက်ဖြင့် သူ့ကိုယ်ပွားပုံရိပ် တစ်ဝက်လောက်ကို သတ်ပစ်ခဲ့ပါ၏။

ထို့ထက်ပိုအရေးကြီးသည်မှာ လောထျန်းက ဤမျှလောက်နှင့် ကျေနပ်မည့်ပုံ မပေါ်ခြင်းပင် ။

" ကဲ.. အခုက ငါ့အစွမ်းရဲ့ 50% ကို သုံးလိုက်မယ်ကွာ "

လောထျန်း အပြုံးဖြင့် ပြောလိုက်သည်။

" နတ်ဆိုး ... မင်းက နတ်ဆိုးပဲ ... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က လောထျန်းကိုကြည့်ကာ ဒေါသတကြီး အော်လိုက်၏။

Chapter 924

Using a borrowed knife to kill.

အမှန်တွင််မူ ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်သည် အလွန်ရက်စက်ကြမ်းတမ်းပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ခဲ့ဖူးပါ၏။

ထိုသို့သော လူတစ်ယောက်က လောထျန်းကို နတ်ဆိုးဟု ခေါ်နေပါသည်။

လောထျန်းမှာကား ထိုလူကို လုံးဝ လျစ်လျူရှုထားပြီး အသက်ပြင်းပြင်းရှိုက်၍ ကျိန်စာကြိုးမျှင်များကို ထပ်ထုတ်လိုက်၏။

ဝုန်း ...

ထိုတခဏ၌ ကောင်းကင်ယံတစ်ခုလုံး များလှစွာသော အမည်းရောင် ကျိန်စာကြိုးမျှင်များဖြင့် ဖုံးလွှမ်းသွားကာ နေလုံးကိုပါ အုပ်လိုက်သလို ဖြစ်သွားသဖြင့် ကြောက်မက်ဖွယ် အမှောင်ထုတစ်ခု ကြီးသွားသည်။

" ဒါ.... "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာလည်း ၎င်းကိုမြင်ပြီး တုန်လှုပ်လျက် ....

ဤတစ်ကြိမ်တွင်မူ လောထျန်းက သူ့အား စကားပြောရန်အချိန်ပင် မပေးတော့ချေ။

တစ်ချိန်တည်းမှာပင် ကျိန်စာကြိုးမျှင်များက သူ့ကိုယ်ထဲသို့ အပြုံလိုက်တိုးဝင်လာပါ၏။

ဖွတ်.....

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ကိုယ်ပွားပုံရိပ်မှာ အမည်းရာင်အငွေ့များအဖြစ် ရုတ်ချည်းပြောင်းပြီး ပျောက်ကွယ်သွားတော့သည်။

ထိုစဥ် ...ဒေသကြီးကိုးခု တစ်နေရာရှိ တောအုပ်တစ်ခုထဲမှ .. ကျောင်းတော်အတွင်း၌ ...

ခွမ်း ...

ကျောင်းတော်ထဲတွင် အထွတ်အမြတ်ထားထား

သော သူတော်စင်ရုပ်ထုတစ်ခုက ရုတ်ချည်းပြိုကွဲကာ ပြာမှုန့်အဖြစ် ပြောင်းသွား၏။

၎င်းရုပ်ထုရှေ့တွင် ဒူးထောက်လျက် အရိုအသေပေးနေသော လူများမှာ ၎င်းကိုမြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူတို့ နှစ်ပေါင်းသောင်းချီကြာ ကိုးကွယ်လာခဲ့သော ရုပ်ထုတစ်ခုက အဘယ့်ကြောင့် ရုတ်တရက်ကြီး ပြိုကွဲသွားရသည်ကို သူတို့ နားမလည်ပါချေ။

ထိုစဥ် ဂိုဏ်းတစ်ခုအတွင်း၌လည်း ... သာမာန်ပုံသာရှိသော အစေခံတစ်ယောက်က သန့်ရှင်းရေးလုပ်နေပြီး .. အကြီးအကဲတစ်ယောက်က စင်မြင့်ပေါ်တက်၍ မိန့်ခွန်းအချို့ ပြောနေပါ၏။

ထိုစဥ်မှာပင်..

ဘုန်း ...

အစေခံ၏ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲထွက်ကာ

သူ့ကိုယ်ထဲမှ များလှစွာသော အမည်းရောင် ကျိန်စာကြိုးမျှင်များ ထွက်လာကြသည်။

" လော .... "

အစေခံမှာ ထိုစကားတစ်လုံးသာ ပြောလိုက်နိုင်ပြီး သူ့စိတ်ဝိဥာဥ်က လေထဲပျောက်သွားတော့၏။

စင်မြင့်ထက်တွင် စကားပြောနေသည့် အကြီးအကဲအပါအဝင် စင်အောက်၌ နားထောင်နေကြသော ဂိုဏ်းသားတပည့်များစွာမှာကား ထိုမြင်ကွင်းကြောင့် အံ့သြတုန်လှုပ်ကာ စကားမဆိုနိုင်ကြတော့ချေ။

ထိုသို့သော အလားတူဖြစ်ရပ်များလည်း ဒေသကြီးကိုးခုတခွင် ဖြစ်နေပါသည်။

ဤသို့ဖြင့် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် ချန်ထားခဲ့သော ဒေသကြီးကိုးခုအတွင်းရှိ ကိုယ်ပွားပုံရိပ်များအားလုံး တစ်ခုပြီးတစ်ခု သေဆုံးပျောက်ကွယ်သွားရပါ၏။

၎င်းကိုယ်ပွားပုံရိပ်များမှာ နည်းနည်းလေးပင် မခုခံလိုက်နိုင်ကြပါချေ။

တစ်ချိန်တည်းမှာပင် ... ကြယ်စုံကောင်းကင် တစ်နေရာ၌လည်း ...

အွတ် ...

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ ခန္ဓာကိုယ်အစစ်က အမည်းရောင်သွေးများစွာပင် အန်သွား၏။

" ဒီမအေ $##$%% "

သူ အမုန်းတို့ပြည့်နေသည့် မျက်လုံးအစုံဖြင့် ဒေသကြီးကိုးခု ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ့ကိုယ်ပွားပုံရိပ်များ အားလုံးက ကျိန်စာအတိုက်ခံရပြီး သေဆုံးသွားကြပြီကို သူ မခံစားမိဘဲ မနေပါ ။

သူ့ခန္ဓာကိုယ် အစစ်သည်လည်း ကြာကြာဆက်တောင့်ခံနိုင်မည့်ပုံ မရှိပါချေ။

ကျိန်စာအစွမ်းကို တဖက်ကမ်းခပ် ကျွမ်းကျင်ထားသော သူ့လို ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်

ယောက်၏ ကိုယ်ပွားပုံရိပ်က ကျိန်စာတစ်ခုကြောင့် အမှန်တကယ် သေခဲ့ရပါသလား ။

ထို့ထက်ပိုအရေးကြီးသည်မှာ ၎င်းတို့ မသေခင်လေး၌ တဖက်ရန်သူအား ဘာမှ လက်တုန့်မပြန်လိုက်နိုင်ခြင်း ဖြစ်ပါသည်။

တဖက်လူ၏ ကျိန်စာအစွမ်းက အမှန်တကယ်လည်း သူ့ထက် ပိုအစွမ်းထက်နေပါ၏။

" တောက်... ဒေါသထွက်လိုက်တာကွာ "

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မုန်းတီးစွာ ရေရွတ်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် သု့မျက်လုံးထဲ၌ အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပါ၏။

" အဲ့ကောင်လေးနာမည်က.. လောထျန်း မဟုတ်လား ။ တကယ်လို့ ငါသေရမယ်ဆိုရင်တောင် မင်းကိုပါ ငါနဲ့အတူ ဆွဲခေါ်သွားမှာကွ "

ထိုသို့တွေးပြီး သူ့နောက်ဆုံး လက်ကျန်အစွမ်းလေးကိုသုံး၍ လက်ချောင်းတစ်ချောင်းဖြင့် သူ့ နှလုံးသူ

ပြန်ခြစ်လိုက်သည်။

၎င်းနှလုံးသားမှ အမည်းရောင်သွေးတစ်စက် ရုတ်ချည်းကျလာ၏။

" ငါ့ရဲ့ အသက်သွေးနဲ့.. ဒီအဆိပ်ကျိန်စာကို သုံးမယ် "

သူပြောပြီးချိန်တွင် သူ့လက်ထဲရှိ အမည်းရောင်သွေးက မရေမတွက်နိုင်သော အနီရောင် ကျိန်စာကြိုးမျှင်များအဖြစ် ချက်ချင်းပြောင်းသွားသည်။

အွတ်...

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မှာ ယခင်ရထားသည့် ဒဏ်ရာကြောင့်ရယ် ၊ ယခုလို အသက်သွေးကို သုံးလိုက်ရသည့်အတွက်ရယ်ကြောင့် ခန္ဓာကိုယ် ပိုအားနည်းသွားပါ၏။

သို့သော် လက်ရှိတွင် သူ ထိုကိစ္စအား ဂရုမစိုက်နိုင််အားပါ ။

သူ အသက်ပြင်းပြင်းရှိုက်၍ ... တစ်နေရာသို့ ကြည့်လိုက်ပြီးနောက် ... အနီရောင်ကျိန်စာကြိုးမျှင်များ အားလုံးကို ၎င်းနေရာဘက်သို့ ပစ်လွှတ်လိုက်သည်။

မကြာခင်မှာပင် ၎င်းအနီရောင် ကျိန်စာကြိုးမျှင်များ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်၏ အကြည့်ကမူ ၎င်း အနီရောင်ကျိန်စာကြိုးမျှင်များ၏ အစွမ်းကို နောက်ယောင်ခံလိုက်ကာ ထူးဆန်းသော ကမ္ဘာတစ်ခုဆီ ရောက်သွားသည်ကို မြင်လိုက်ရပါသည်။

ထိုကမ္ဘာ၌ ... မရေမတွက်နိုင်သော မသေမျိုးစွမ်းအင်သွေးကြောများက တစ်နေရာတည်းတွင် ပေါင်းဆုံနေပြီး အံ့မခန်းဖြစ်နေကာ အစောင့်အကြပ် မသေမျိုးများစွာ စောင့်ကြပ်နေပါ၏။

၎င်း မသေမျိုးစွမ်းအင်သွေးကြောများ ပေါင်းစည်းသွားသည့် နေရာတွင်လည်း မသေမျိုးစွမ်းအင် ကြွယ်ဝယ်လှကာ မဟာတာအိုအစွမ်း ထွင်းစာများနှင့်ယှဥ်၍ စီးမျှောနေကြသည်။

၎င်းအစွမ်းများ၏ အလယ်တည့်တည့်တွင်လည်း အလောင်းနှင့်တူသည့် ပုံရိပ်တစ်ခုက ဦးတည်ရာမဲ့ မျောလွင့်နေပါသေးသည်။

၎င်းအလောင်းက မည်သို့သော အရောင်အဝါမျိုးကိုမှ ထုတ်လွှတ်မနေသည့်တိုင် ဘေးနားတွင် ရှိနေကြသော တာအိုထွင်းစာများမှာ ၎င်းအနားသို့ မကပ်ရဲကြသလို ၎င်းနှင့် ဝေးရာသို့လည်း ရွှေ့ရဲကြဟန်မတူပါ ။

ထိုစဥ်မှာပင် ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်၏ အနီရောင် ကျိန်စာကြိုးမျှင်က ၎င်းနေရာသို့ ရောက်လာပါ၏။

ဝီ ..

ထို့နောက်တွင်... ကျိန်စာကြိုးမျှင်တစ်ခုက အလောင်းဆီသို့ လှစ်ခနဲတိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင်က ၎င်းကျိန်စာကြိုးမျှင်ကို လမ်းပြသဖွယ်သုံး၍ နတ်ဘုရားအသိစိတ်ဖြင့် အော်ပြော၏။

" ချင်းယွမ်ဒေသက ငါ့သခင်ကြီး လောထျန်းရဲ့ အမိန့်အရ.. နတ်ဘုရားတောအုပ်မှာ ရှိကြတဲ့ မိစ္ဆာဝိဥာဥ်တွေအားလုံးကို သတ်ပစ်ကြပါ "

ဝုန်း ..

သို့သော် .... အလောင်းအနီးသို့ ချဥ်းကပ်လာစဥ်မှာပင် အနီရောင် ကျိန်စာကြိုးမျှင်ပေါ်ရှိ ကျိန်စာအစွမ်းက နည်းနည်းခြင်း ပျောက်ကွယ်လာပါသည်။

နောက်ဆုံး အလောင်းထံသို့ ရောက်ချိန်တွင်ကား ကျိန်စာအစွမ်းက လုံးဝ ပျောက်ကွယ်လုနီး ဖြစ်သွားပါတော့၏။

ပြီးနောက်တွင် ကျိန်စာကြိုးမျှင်က အလောင်းနှင့် အသာအယာထိမိကာ ပြာမှုန့်အဖြစ် ပြောင်းသွားတော့သည်။

၎င်းကိုမြင်သော ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် မျက်လုံးအပြူးသား ဖြစ်သွားပြန်၏။

သူ့ရှေ့မှ ထိုလူကြီးမှာ အစွမ်းထက်လှပါတကား...

သူ လက်ကျန်အစွမ်းကုန်သုံး၍ ကြိုးစားခဲ့သည့်တိုင် ထိုပြိုင်ဘက်ကို အသာအယာသာ ထိလိုက်နိုင်ပါသည်။

သို့သော်.. သေချာပြန်စဥ်းစားကြည့်ပြီး နောက်တွင်ကား သူ့မျက်နှာ ဝင်းသွား၏။

" အင်း... မင်းဆီမှာ လုံလောက်တဲ့အစွမ်းမျိုး ရှိနေတာ ပိုတောင်ကောင်းသေးတယ် ။ အဲ့ကျမှ မင်း ငါ့အတွက် လက်တုန့်ပြန်ပေးနိုင်မှာ "

သူ ထိုသို့တွေးနေရင်းပင် အမြင်အာရုံ ဝေဝါးလာတော့သည်။

" လောထျန်း ... မင်းကို ငါ ပြန်အသက်သွင်းခြင်းလမ်းမှာ စောင့်နေမယ် "

စကားဆုံးချိန်တွင်မူ.. သူ့ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ အမည်းရောင် မီးခိုးငွေ့အဖြစ် ပြောင်းပြီး လေထုထဲ လုံးဝပျောက်ကွယ်သွားပါတော့၏။

ထိုစဥ် ... တဖက်မှ လောထျန်းမှာကား ပျောက်ကွယ်သွားသော ကျိန်စာစိတ်ဝိဥာဥ်မသေမျိုးဘုရင် နှင့်

ကျိန်စာကြိုးမျှင်များကို ကြည့်ရင်း မျက်မှောင်ကြုံ့၍ ခေါင်းညိတ်နေပါသည်။

" ကြည့်ရတာ သူ့ရဲ့ ခန္ဓာကိုယ်အစစ်ရော ၊ ကိုယ်ပွားပုံရိပ်တွေရော သေသွားပြီနဲ့တူတယ် "

သူ တစ်ကိုယ်တည်း ရေရွတ်သည်။

လောရုံနှင့် ကျန်လူအုပ််မှာမူ ထိုမြင်ကွင်းကိုကြည့်ပြီး အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ....

" သခင်လေးက မျှော်လင့်ထားသလိုပါပဲလားကွာ ။ ဟိုကောင်ကြီးရဲ့ ကိုယ်ပွားပုံရိပ်က ငါတို့ကို ဒီအခြေနေထိရောက်အောင် ဖိနှိပ်ထားနိုင်ခဲ့ပေမယ့်.. သခင်လေးက သိုင်းကွက်တစ်ကွက်လောက်နဲ့ ကိုယ်ပွားပုံရိပ်ကိုရော ၊ ခန္ဓာကိုယ်အစစ်ကိုပါ တကယ်ကြီး သတ်နိုင်ခဲ့တယ် ... "

" သခင်လေးက တကယ်ကို ပြိုင်ဘက်ကင်းပဲ "

အားလုံး ထင်ရာကို ပြောလိုက်ကြ၏။

ထိုစဥ် လောထျန်းက လောရုံဘက် ရုတ်တရက်လှ

ည့်၍ မေးသည်။

" မင်းတို့က ဒီမှာဘာလုပ်နေကြတာလဲ ။ ဟိုကောင်ကရော ဘယ်လိုဖြစ်တာလဲ.. ငါ့ကို ရှင်းပြကြဦးလေကွာ "

သူ့စကားကို ကြားချိန်တွင် လောရုံတစ်ယောက် ချက်ချင်းခေါင်းငုံ့သွား၏။

" ကျုပ် တောင်းပန်ပါတယ် အကိုထျန်း ... အခုကိစ္စက ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့ရတာပါ.. "

သူ ဖြစ်ပျက်ခဲ့သမျှကို အတိုချို့ပြောပြလိုက်ပါသည်။

စကားဆုံးအောင် နားထောင်ပြီးနောက်... လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ကောင်းကင်ဘုံသားတော်.. ဟုတ်လား ၊ ငါ အဲ့ကောင်ကိစ္စကို မေ့တော့မလို့ ။ ဒီကောင်က သူကိုယ်တိုင် လာရမယ့်အစား ငါ့ကိုသတ်ဖို့အတွက် တခြားသူတွေ လွှတ်လာမယ်လို့ တကယ်ထင်မထားခဲ့ဘူး ။ ပြီးတော့.. ဟို အရှုပ်အထွေးနိုင်ငံရော... "

လောထျန်း၏ မျက်လုံးများ အေးစက်နေကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်။

ထို့နောက်တွင် သူ လောရုံတို့လူအုပ်အား တစ်ချက်ဝေ့ကြည့်၏။

" ဒီနေ့.. မင်းတို့တွေ ဘာမှားသွားလဲ သိကြလား "

သူ မေးသည်။

တဖက်လူအုပ် ခေါင်းများငုံ့ကာ အသံတိတ်သွားကြ၏။ အချိန်အတန်ကြာပြီးမှ လောရုံက ပြောလာသည်။

" အကိုထျန်းမပါဘဲနဲ့ ကျုပ်တို့ချည်းသက်သက် မတိုက်ခိုက်ခဲ့သင့်ဘူး "

လောထျန်း ခေါင်းယမ်းပြသည်။

" မဟုတ်ဘူးကွ "

လောရုံ အံ့အားသင့်သွားပုံ ပေါ်ပြီးမှ ပြော၏။

" ဒါဆို... အကိုထျန်းကိုယ်စား တိုက်ခိုက်ရမယ်.. အဲ့လိုလား "

လောထျန်း ခေါင်းထပ်ယမ်းလိုက်သည်။

" အဲ့ဒါလဲ မဟုတ်သေးဘူး "

လောရုံမှာ ဘာပြန်ပြောရမည် မသိတော့ပါချေ။

" ကျေးဇူးပြုပြီးတော့ အကိုထျန်းသာ ပြောပြပါတော့ဗျာ "

လောထျန်းက လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ ပြော၏။

" မင်းတို့ရဲ့အမှားက ... မင်းတို့တွေ အားနည်းလွန်းနေတာပဲ "

" ဟင် ... "

သူ့စကားကြောင့် အားလုံး အူကြောင်ကြောင်မျက်နှာလေးများ ဖြစ်ကုန်ကြပါသည်။

လောထျန်းက စကားဆက်၏။

" ဘာလဲ.. ငါပြောတာကို မယုံဘူးလား ။ ဘာမဟုတ်တဲ့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်က မင်းတို့ကို ဒီအခြေအနေရောက်အောင် လုပ်လိုက်နိုင်တာလေ ။ ပြောစမ်းပါဦး .. မင်းတို့တွေ မရှက်ကြဘူး

လား "

All Chapters