← Chapters

အခန်း (၉၂၇+၉၂၈)

Vol. 65 Ch. 927+928

အခန်း (၉၂၇+၉၂၈)

Vol. 65 Ch. 927+928

Chapter 927

Provoking the Celestial Son

" ပြန်ထပါဗျာ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ "

ယွဲ့လီ ပြောပြီး ပြန်ထ၏။

လောထျန်း : " ကျုပ်မဲ့လိုက်ခဲ့ဦး.. ကျုပ် မင်းကို မေးစရာလေးရှိလို့ "

" ဟုတ်ကဲ့ရှင့် "

ယွဲ့လီက တလေးတစားပင် ပြန်ပြောပါသည်။

ထို့နောက်တွင် သူတို့နှစ်ဦးသား တိုင်လင်စင်မြင့်သို့ လျှောက်သွားကြသည်။

သက်လတ်ပိုင်းအရွယ်လူကြီးမှာ သူတို့ ထွက်သွားပြီးမှ အသိပြန်ဝင်လာပါ၏။

" ဟာ... ဟိုကောင်လေးက အစီအမံဧကရာဇ်လေး

လား ... ငါ အစီအမံဧကရာဇ်လေးနဲ့ တကယ်ကြီး စကားပြောခဲ့တာလား "

သူ ဖြစ်ပျက်သွားခဲ့သော ကိစ္စများကို ယုံပင်မယုံနိုင်ပါ။

ထိုစဥ် တိုင်လင်စင်မြင့်ထဲ၌ ...

လောထျန်းက အားလုံးကို နှုတ်ဆက်ပြီး ယွဲ့လီကိုခေါ်ကာ မေးသည်။

" မင်းက အရှုပ်အထွေးနတ်ဘုရားနိုင်ငံက မဟုတ်လား "

" ဟုတ်ပါတယ်ရှင် "

ယွဲ့လီက လေးလေးစားစား ပြန်ဖြေသည်။

" အရှုပ်အထွေးနတ်ဘုရားမြို့တော် အကြောင်းကို မင်း ဘယ်လောက်သိထားလဲ "

လောထျန်း ဆက်မေး၏။

ယွဲ့လီမှာ သူ့မေးခွန်းကို ကြားသည်နှင့် တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ တစ်ကိုယ်လုံး တုန်သွားသည်။

အချိန်အတန်ကြာမှ သူမ ပြန်ဖြေနိုင်ပါ၏။

" အရှုပ်အထွေး နတ်ဘုရားမြို့တော်မှာ တကယ့်ကိုကောင်းမွန်တဲ့ အခွင့်ကောင်းတွေရှိတယ်ရှင့် ။ လူတွေ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံနိုင်အောင် ကူညီပေးနိုင်တယ်လို့ ပြောရမယ် ။ အရင်ကဆို ကျွန်မတို့ ယွဲ့မိသားစုက အရှုပ်အထွေးနတ်ဘုရားနိုင်ငံ အတွက် အများကြီးကူညီပြီး လုပ်ပေးခဲ့တာမို့ ကျွန်မတို့ဘိုးဘေးတွေ အများကြီးက အရှုပ်အထွေး နတ်ဘုရားမြို့တော်ကို ဝင်ခွင့်ရခဲ့ကြတယ် "

လောထျန်း ခေါင်းညိတ်၍ ဆက်မေးသည်။

" မင်းတို့ရဲ့ဘိုးဘေးက အခွင့်ကောင်းတွေရော ရခဲ့သေးလား "

ယွဲ့လီ : " ကြားတာတော့ ကျွန်မတို့ဘိုးဘေးက ဓားစိတ်ဆန္ဒ နည်းနည်းကို သန့်စင်နိုင်ခဲ့တယ်တဲ့။ အဲ့ချိန်ကစပြီးတော့ သူ့ရဲ့ ဓားကျင့်စဥ်က မယုံနိုင်လောက်အောင် တိုးတက်လာပြီး အရှုပ်အထွေးနိုင်ငံရဲ့ အစွမ်းအထက်ဆုံး ဓားသမားဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာတယ်လို့ပြောတယ် ။ ဒါပေမယ့်... အဲ့ ဓားစိတ်ဆန္ဒကိုတော့ နောက်မျိုးဆက်တွေဆီ

လက်ဆင့်ကမ်းမပေးခဲ့ဘူး "

" ဟင်.. ဘာဖြစ်လို့လဲ "

လောထျန်း နားမလည်နိုင်စွာ ဆက်မေးလိုက်သည်။

ယွဲ့လီက ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ဖြေ၏။

" ဘာလို့လဲဆိုတော့.. ကျွန်မတို့ဘိုးဘေးက နောက်ပိုင်းမှာ မတော်တဆတစ်ခုနဲ့ ကြုံခဲ့ရလို့ပဲ ။ ကျွန်မတို့ လီမိသားစုက သူ့ကိုတွေ့တဲ့အချိန်မှာ သူ့ကိုယ်ကသွေးတွေ ကုန်သလောက်နီးပါး ဖြစ်နေပြီးတော့ သူ့ရဲ့ ဓားစိတ်ဆန္ဒကလဲ ပျောက်နေခဲ့ပြီ "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" အဲ့လိုလုပ်ခဲ့တဲ့ ရန်သူက ဘယ်သူလဲဆိုတာရော သိလား "

ယွဲ့လီ ခေါင်းယမ်းပြသည်။

" အဲ့တုန်းက ကျွန်မတို့ မိသားစုဝင်တွေ တရားခံကိုစုံစမ်းဖို့ ကြိုးစားခဲ့ပါသေးတယ်ရှင် ။ ဒါပေမယ့် အဲ့လိုစုံစမ်းတဲ့သူတွေက တစ်ယောက်ပြီးတစ်ယောက် အကြောင်းရင်းသေချာမသိရဘဲ သေဆုံးသွားခဲ့ကြတယ် ။ အဲ့နောက်တော့ ကျွန်မတို့ဘက်ကလဲ ဆက်

ပြီး မစုံစမ်းရဲတော့ဘူး "

သူမ ထိုသို့ပြောနေရင်း စကားခဏရပ်လိုက်ပြီးမှ ရုတ်တရက်ပြောသည် ။

" ဒါပေမယ့်.. အဲ့လို စုံစမ်းပြီးသိခဲ့ရတဲ့ အချက်တွေကိုတော့ ကျွန်မဖတ်ဖူးတယ်ရှင့် ။ အဲ့ထဲမှာ ထူးဆန်းတာတစ်ခု ပါတယ် "

" ဟုတ်လား.. ပြောပါဦး "

လောထျန်း စိတ်ဝင်တစား မေးလိုက်၏။

ယွဲ့လီ၏ မျက်နှာထားတည်သွားကာ ပြန်ပြောပါသည်။

" ထူးဆန်းတဲ့အချက်က ဘာလဲဆိုတော့.. အရှုပ်အထွေး နတ်ဘုရားမြို့တော်ကနေ အခွင့်ကောင်းတွေ ရခဲ့တဲ့သူတိုင်း ကောင်းတဲ့အဆုံးသတ်မျိုး မကြုံကြရဘူး "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

အဆုံးသတ်မကောင်းဘူး တဲ့လား...

ထိုကိစ္စ၏ နောက်ကွယ်တွင် မည်သို့သော လျှို့ဝှက်ချက်မျိုး ရှိနေပါသလဲ ...

ယွဲ့လီက ရှင်းပြရှာ၏။

" အဲ့ဒါက တိုက်ဆိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ရှင်။ ကျင့်ကြံခြင်းလမ်းစဥ်မှာ မျှော်လင့်မထားတဲ့ အဖြစ်ပျက်မျိုးတွေ အများကြီး ဖြစ်လာတတ်တယ် မဟုတ်ဘူးလား ။ ပြီးရင် ... အရှုပ်အထွေး နတ်ဘုရားမြို့တော်ကနေ အခွင့်ကောင်း ရထားတဲ့သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ချင်ကြတဲ့သူ အများကြီးရှိတာလဲ ပုံမှန်ပဲ "

လောထျန်းက တခဏကြာ ငြိမ်နေပြီးမှ ပြောသည်။

" အင်း .... မကြာခင်မှာ အရှုပ်အထွေး နတ်ဘုရားမြို့တော် ဖွင့်မယ်ဆိုတဲ့ကိစ္စကိုရော မင်း သိထားပြီးပြီလား "

ထိုစကားကို ကြားချိန်တွင် ယွဲ့လီတစ်ယောက် စိတ်လှုပ်ရှားကြောက်ရွံ့သွားပုံပေါ်ကာ သူမ၏အကြျီကို လက်ဖြင့်ဆုပ်ခြေရင်း ပြန်ပြောသည်။

" ကျွန်မ သိထားပါတယ် "

လောထျန်း : " ကျုပ်က အဲ့ အရှုပ်အထွေး နတ်

ဘုရားမြို့တော်ကို ဝင်ဖို့ စဥ်းစားထားတာ ။ ဒါပေမယ့် အဲ့အကြောင်းတွေ ဘာမှသိပ်မသိတော့ မင်းကိုပဲ လမ်းပြလုပ်ပေးဖို့ အကူအညီတောင်းမလို့ ။ မင်းအနေနဲ့ ကူညီပေးလို့ အဆင်ပြေနိုင်မလား "

ယွဲ့လီ ပြန်မပြောနိုင်ခင်မှာပင် ... သူမကိုယ်ပေါ်ရှိ ဆက်သွယ်ရေး အဆောင်ကျောက်ပြားက အရောင်လက်လာသည်။

၎င်းကိုမြင်သည်နှင့် ယွဲ့လီ မျက်နှာထားအနည်းငယ်ပြောင်းသွားကာ လောထျန်းကို လှမ်းကြည့်၏။

လောထျန်းက သူမ သဘောရှိသလိုလုပ်ရန် ခေါင်းညိတ်အချက်ပြလိုက်သည်။

ယွဲ့လီက ၎င်းကိုမြင်သည်နှင့် ဆက်သွယ်ရေးအဆောင်ကျောက်ပြားအား ချက်ချင်းလှမ်းယူ၏။

ဝီ ....

မျက်တွင်းများချောင်ပြီး ပင်ပန်းနွမ်းနယ်နေပုံရှိသော အဘိုးအိုတစ်ယောက်၏ပုံရိပ် သူမရှေ့တွင် ပေါ်လာ

သည်။

" အဘိုး .. "

ယွဲ့လီက ခပ်တိုးတိုးလှမ်းခေါ်သည်။

ထိုအဘိုးအိုမှာ သူမ၏ အဘိုးဖြစ်သူ ၊ ယွဲ့ချန်း ပင်..

" လီလေး ... အခြေအနေတော့ ဆိုးကုန်ပြီ ။ မင်းရဲ့ မိဘတွေ .. အဖမ်းခံလိုက်ရပြီကွ "

ယွဲ့ချန်းက ပြော၏။

" ဟင်... ဘာတွေ ဖြစ်ကုန်တာလဲ "

ယွဲ့လီ အံ့သြတုန်လှုပ်သွားရှာသည်။

ယွဲ့ချန်းက မျက်နှာပျက်စွာ ဆက်ပြောသည်။

" ဘာရှိရမှာလဲကွာ .. ဟို ကောင်းကင်ဘုံသားတော်ရဲ့ လူတွေပေါ့ ။ မနေ့တုန်းက သူတို့တွေ ယွဲ့မိသားစုကိုလာပြီး မင်းကို လာရှာကြတယ်ကွ။ ဒါပေမယ့် မင်းက ရှိမနေတော့ မင်းမိဘတွေကို ဖမ်းခေါ်သွားတာ "

" ဒီကောင်တွေက ကောင်းကင်ဘုံသားတော်ရဲ့ အမိန့်

အရ အရှုပ်အထွေး နတ်ဘုရားမြို့တော်ကိစ္စ ပြီးရင် မင်းအနေနဲ့ ကောင်းကင်ဘုံသားတော်ကို ပျော်တော်ဆက်ရမယ်လို့လဲ ပြောသွားသေးတယ် ။ အဲ့ဒါကို ငြင်းမယ်ဆိုရင်တော့ မင်းမိဘတွေကို တစစီဖြစ်အောင်လုပ်ပြီး ယွဲ့မိသားစု တစ်ခုလုံးကိုလဲ အပြောင်ရှင်းပစ်မယ်တဲ့ "

စကားဆုံးချိန်တွင် ယွဲ့ချန်း၏ ပါးပြင်ထက်၌ မျက်ရည်များ စီးကျလာတော့သည်။

" လီလေး .... ဒီကိစ္စက မင်းအတွက် မတရားမှန်း အဘိုးသိပါတယ်ကွာ ။ ဒါပေမယ့်.. မင်းမိဘတွေနဲ့ လီမိသားစု တစ်ခုလုံးကို သနားရင် .... မင်း ... မင်း ... "

သူ ကျန်စကားများကို ဆက်မပြောနိုင်သော်လည်း သူ ဆိုလိုသည့် အဓိပ်ပါယျကမူ အလွန်ရှင်းပါသည်။

ယွဲ့လီ၏ မျက်နှာလေး သွေးဆုတ်ဖြူရော်သွားပြီး အံကြိတ်၍ပြော၏။

" ကျွန်မက ကောင်းကင်ဘုံကိုးဆင့်အစီအမံညီလာခံ ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးသွားပြီဆိုတဲ့ ကိစ္စကိုရော အဘိုးမပြောလိုက်ဘူးလား "

ယွဲ့ချန်းက အောင့်သက်သက် ပြုံးရှာသည်။

" ပြောတာပေါ့ကွာ ... ဒါပေမယ့် ... ကောင်းကင်ဘုံသားတော်က မသေမျိုးဘုရင်အဆင့်ကိုတောင် ရောက်ထားပြီကွ။ သူ ကျင့်ကြံခြင်းအဆင့်တက်တဲ့ နေ့မှာလဲ ကောင်းကင်ဘုံ ထူးခြားဖြစ်စဥ် ၊ ချင်းယွမ်တာအိုယွမ် ပေါ်လာခဲ့သေးတယ် "

" ပြီးရင်.. သူက အရင်တည်းက အရှုပ်အထွေးခန္ဓာကိုယ်ကို ပိုင်ထားတဲ့သူဆိုတော့... အရှုပ်အထွေးခန္ဓာကိုယ် မသေမျိုးဘုရင်တစ်ယောက်ရဲ့အစွမ်းဟာ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်နဲ့ ယှဥ်လို့ရတယ် ။ ဒါ့ကြောင့်မို့လဲ သူ ဒါလောင်မသေမျိုးဘုရင်ကိုတောင် စိန်ခေါ်ထားပြီးသွားပြီ ။ သူ အခုလို ဆယ်ဘွဲ့ရမသေမျိုးဘုရင်ကိုတောင် ဂရုမစိုက်တော့တာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံလောက်ကို ဘာဂရုစိုက်နေမှာလဲ "

ယွဲ့လီ၏ မျက်နှာလေး သွေးဆုတ်ဖြူရော်သွယးတော့၏။

" သူက.. ချင်းယွမ်တာအိုယွမ်ကိုရော ပေါ်လာ

အောင် လုပ်နိုင်ခဲ့တာလား "

သူမ တုန်လှုပ်စွာ ဆိုလိုက်သည်။

လောထျန်း ကျင့်ကြံခြင်းအဆင့် တက်စဥ်က ချင်းယွမ်တာအိုယွမ်အား လှုပ်နှိုးစေခဲ့သည်ကို သူမ မှတ်မိနေဆဲပါပင် ။

ယခု.. ကောင်းကင်ဘုံသားတော်ကလည်း လောထျန်းနှင့် ပါရမီချင်း ယှဥ်နိုင်သည်ဆိုသည့် သဘောလား ...

" အမှန်ပဲ... အဲ့အဖြစ်ကို လူတွေအများကြီး မြင်ခဲ့ကြတာ "

ယွဲ့ချန်းက ပြန်ပြောသည်။

ထိုစကားကို ကြားချိန်တွင် ယွဲ့လီ၏ မျက်နှာလေး သွေးမရှိတော့သလို ဖြစ်နေကာ လဲကျသွားတော့မလိုပါပင် ။

ထိုစဥ် ဘေးတွင်ရပ်နေသည့် လောထျန်းက ရုတ်တရက်ဝင်ပြော၏။

" ကောင်းကင်ဘုံသားတော်.. ဟုတ်လား "

" ဟင်... မင်းက ဘယ်သူလဲ "

ယွဲ့လီဘေးတွင် အခြားသူတစ်ယောက် ရှိနေမည်ဟု ထင်မထားသဖြင့် ယွဲ့ချန်း အံ့အားသင့်သွားရကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။

" ကျုပ်က တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးပါ ... ကျုပ်နာမည်က လောထျန်းလို့ခေါ်တယ် ။ ဟို နတ်ဘုရားသားတော်ဆိုတဲ့ကောင်ကို ပြောလိုက်စမ်းပါဗျာ ... ယွဲ့လီက အခု ကျုပ်တို့တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်နေပြီမို့လို့ သူနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာနေပါလို့ "

သူ့စကားကြောင့် ယွဲ့လီတစ်ယောက် လန့်သွားပုံပေါ်ကာ လှမ်းကြည့်လာသည်။

ဆက်သွယ်ရေး အဆောင်ကျောက်ပြား၏ အခြားတဖက်မှ ယွဲ့ချန်းမှာလည်း မျက်နှာထားရုတ်ချည်းပြောင်းသွား၏။

" မင်းက ဘယ်သူလဲ.. အဲ့လို အဓိပ္ပါယ်မရှိတဲ့စကားတွေ လျှောက်မပြောနဲ့ကွ "

သူ စိုးရိမ်တကြီး ပြောသည်။

လောထျန်းက အေးစက်စက်သာ ပြန်ပြော၏။

" ကျုပ်က ယွဲ့လီကို ကာကွယ်ပေးမယ်လို့ ပြောနေတာလေ ။ အဲ့​ ကောင်းကင်ဘုံသားတော် ဆိုတဲ့ကောင်ကို ဝေးဝေးမှာနေဖို့သာ ပြောလိုက်ပါ "

ယွဲ့ချန်း၏ မျက်နှာကြီး သုန်မှုန်သွားတော့သည်။

" ကောင်လေး... ကိုယ်ပြောနေတဲ့စကားက ဘာအဓိပ္ပါယ်လဲဆိုတာရော မင်း သိရဲ့လား ။ မင်းတို့ တိုင်လင်စင်မြင့်က ကောင်းကင်ဘုံသားတော်ကို စိန်ခေါ်နိုင်မယ် ထင်လို့လားကွ ။ ငါ မင်းပြောခဲ့စကားတွေကို ဘာမှမကြားခဲ့ဘူးလို့ပဲ သဘောထားလိုက်မယ် ။ အဲ့စကားတွေ တခြားဘယ်သူ့ကိုမှ မပြောပါနဲ့ "

ယွဲ့လီကလည်း သူ့လိုပင် ကြောက်ရွံ့​တုန်လှုပ်နေပုံပေါ်ကာ ပြောသည်။

" သခင်လေးလောထျန်း ၊ ဒီကိစ္စက သခင်လေးနဲ့ မပတ်သက်ပါဘူးရှင် ။ အစကတော့ ကျွန်မ သခင်လေးကို အကူအညီတောင်းဖို့ စဥ်းစားခဲ့သေးပေမယ့်.. ကောင်းကင်ဘုံသားတော်က ဒီလောက်ထိ

အစွမ်းထက်နေမယ်လို့ ထင်မထားမိခဲ့ဘူး ။ အဲ့တော့ သခင်လေး ဒီကိစ္စမှာ ဝင်မပါတာ ပိုကောင်းလိမ့်မယ်ရှင့် "

လောထျန်းက သူမအား ဘာမှပြန်မပြောဘဲ ဆက်သွယ်ရေး အဆောင်ကျောက်ပြားသို့သာ လက်ညိုးညွှန်လိုက်သည်။

ဝီ ....

ချက်ချင်းမှာပင်... မရေမတွက်နိုင်သော ထွင်းစာများက အဆောင်ကျောက်ပြားကို ဖြတ်သွားပြီး အရှုပ်အထွေးနိုင်ငံအတွင်း ရှိနေသော လီမိသားစုသို့ ရောက်သွားကာ လေထဲ၌ ဧရာမ ဆက်သွယ်ရေး အဆောင်ကျောက်ပြားတစ်ခုအဖြစ် စုစည်းသွားသည်။

ထို့နောက်တွင် .. လောထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ အသံကျယ်ဖြင့် အော်ပြော၏။

" ကောင်းကင်ဘုံသားတော် ... ငါက လွန်ခဲ့တဲ့ တစ်လလောက်တုန်းက မင်းနောက်လိုက် ခွေးတစ်ကောင်ရဲ့ခေါင်းကို ဖြတ်ခဲ့တဲ့ လောထျန်း ပဲ "

သူနှင့် ကောင်းကင်ဘုံသားတော်တို့ကြားတွင် ရန်ငြိုးရှိထားပြီးသား မဟုတ်ပါလား ...

အကယ်၍သာ အရှုပ်အထွေး နတ်ဘုရားမြို့တော် အဖွင့်ကို စောင့်ရန်မလိုပါက လောထျန်းတစ်ယောက် ထိုနေရာသို့ သွားတိုက်ခိုက်ပြီးသည်မှာလည်း ကြာနေလောက်လေပြီ ။

သို့သော် လက်ရှိတွင် သူ ထိုကောင်းကင်ဘုံသားတော်အား သတ်၍ မဖြစ်သေးပေရာ ကျိန်စာတိုက်၍ ဒေါသဖြေရုံသာ ရှိပါ၏။

Chapter 928

The Heavenly Child's Scheme

အရှုပ်အထွေးနိုင်ငံ ၊ မြို့တော်၌ ...

" ကောင်းကင်ဘုံသားတော်... ငါက လွန်ခဲ့တဲ့တစ်လလောက်က မင်းနောက်လိုက်ခွေးရဲ့ ခေါင်းကို ဖြတ်ခဲ့တဲ့သူ ၊ လောထျန်းပဲ "

လောထျန်း၏ စကားသံက မိုးထစ်ချုန်းသံကြီးလို မြို့တော်တခွင် ပဲ့တင်ထပ်သွားသည်။

မြို့ထဲရှိနေသူ အားလုံးမှာလည်း ထိုအသံကြောင့် ထိတ်လန့်တကြား ဖြစ်ကုန်ကြ၏။

" ကောင်းကင်ဘုံသားတော်ကို အဲ့လို စိန်ခေါ်ရဲတဲ့သူ တကယ်ကြီးရှိတာလား ... "

" အဲ့ လောထျန်းဆိုတာ ဘယ်သူလဲ ၊ ဒီကောင်က သေချင်နေတာလား မသိဘူး "

လမ်းပေါ်တွင် ရှိနေကြသူများ တစ်ယောက်တစ်ပေါက် ထင်ရာပြောလိုက်ကြသည်။

တော်ဝင်နန်းတော်ထဲ ရှိနေသည့် ၊ အရှုပ်အထွေးနိုင်ငံ၏ မင်းသား လျန်ချန်းမှာလည်း မျက်နှာထားချက်ချင်းပြောင်းသွား၏။

" လောထျန်း.. ဟုတ်လား ၊ ဘာတွေ ဖြစ်နေတာလဲ ။ ငါ ဒီကောင့်ကို ရှင်းဖို့အတွက် လီမိသားစုကို လွှတ်ထားပြီးသား မဟုတ်ဘူးလား ။ ဒီကောင်က ဘာဖြစ်လို့ အခုထိ မသေသေးတာလဲ "

လျန်ချန်း တွေးကာ ဆက်သွယ်ရေး အဆောင်ကျောက်ပြားကို ချက်ချင်းထုတ်၍ လီချန်းယန်ထံ ဆက်သွယ်လိုက်သည်။

သို့သော် တဖက်တွင် မည်သူမှ မတုန့်ပြန်ပါ ။

ထိုတခဏ၌ ဖြစ်နိုင်ချေတစ်ခုကို လျန်ချန်း တွေးမိပြီး မျက်နှာကြီးသုန်မှုန်သွား၏။

တစ်ချိန်တည်းတွင် ... နန်းတော်အတွင်းပိုင်းထဲ၌...

" ဟင်... "

မျက်လုံးမှိတ်ကာ ကျင့်ကြံနေသော ကောင်းကင်ဘုံသားတော် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာသည်။

သူ့မျက်လုံးအစုံမှလည်း ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခု တိုးထွက်လာ၏။

" လောထျန်း.. ဟုတ်လား ၊ လာပြန်ပြီလား လောထျန်း .. ဒီကောင်က သေချင်နေတာပဲ "

သူ ဒေါသတကြီးအော်ကာ ကျင့်ကြံခြင်းကိုရပ်၍ လောထျန်းကို သွားရှာရန် ပြင်လိုက်သည်။

သို့သော် ..

" သခင်ကြီး .. ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး "

သူ့ဘေးနားတွင် ရှိနေသော မီးခိုးရောင်ဝတ် အဘိုးအိုတစ်ယောက်က ခံစားချက်မဲ့ မျက်နှာသေဖြင့် ပြောလာသည်။

" ဟင်.. ခင်ဗျားကြီးက ကျုပ်ကို အမိန့်ပေးနေတာလား "

ကောင်းကင်ဘုံသားတော်၏ မျက်လုံးများ ရေခဲတမျှအေးစက်သွားပြီး လူသတ်အရိပ်အငွေ့ ပြည့်နေသော အကြည့်ဖြင့် အဘိုးအိုကို လှမ်းကြည့်၏။

မီးခိုးရောင်ဝတ်အဘိုးအိုက လက်နှစ်ဖက်ကို ရှေ့တွင်စု၍ တလေးတစား ပြန်ပြောပါသည်။

" ကျုပ် မလုပ်ဝံ့ပါဘူးဗျာ ။ ဒါပေမယ့်.. သခင်ကြီးရဲ့ ကျင့်ကြံခြင်းက ခုချိန်မှာ အရေးကြီးတဲ့အခြေအနေကို ရောက်​နေတာ ။ ခုလိုချိန်မှာ ဒီ အရှုပ်အထွေး ဓားစိတ်ဆန္ဒကို သန့်စင်တာရပ်လိုက်ရင် အလဟသ ဖြစ်သွားမှာဗျ "

ကောင်းကင်ဘုံသားတော် ပြန်ပြောသည်။

" အလဟသ ဖြစ်တော့ရော ဘာအရေးလဲ ။ ဒီလို ဘာမဟုတ်တဲ့ ဓားစိတ်ဆန္ဒတစ်ခုကို ကျုပ်ဟာကျုပ် မကျင့်ကြံနိုင်ဘူးထင်လို့လား "

မီးခိုးရောင်ဝတ်အဘိုးအို မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

" သခင်ကြီးရဲ့ ပါရမီက အင်မတန်ထူးခြားပြီးတဲ့အတွက် ကိုယ်တိုင်ကျင့်ကြံလို့ရတာ မှန်ပါတယ် ။ ဒါပေမယ့် အဲ့လိုကျင့်ကြံရင် အချိန်တွေ ကုန်တာပေါ့

ဗျာ ။ ကျုပ်က သခင်ကြီးအပေါ် သစ္စာစောင့်သိတဲ့ အစေခံတစ်ယောက်အနေနဲ့ သခင်ကြီး မဟာတာအိုအစွမ်းကို မြန်နိုင်သမျှမြန်မြန်ရပြီး အရှုပ်အထွေး မသေမျိုးဧကရာဇ်တစ်ပါး မြန်မြန်ဖြစ်လာစေချင်လို့ ပြောမိတာပါ "

ထိုစကားကို ကြားချိန်တွင်မူ ကောင်းကင်ဘုံသားတော် ပြန်တည်ငြိမ်သွားပါသည်။

" ဒါပေမယ့် ... ကျုပ်ကို ဘယ်သူကမှ မစော်ကားရဲဘူးလေ ... "

မီးခိုးရောင်ဝတ်အဘိုးအိုက လေသံတိုးတိုးဖြင့် ပြန်ပြော၏။

" သခင်ကြီးဟာ အနာဂါတ်မှာ မဟာတာအိုအစွမ်းကိုရပြီး ဒေသကြီးကိုးခုရဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာမယ့်သူဗျ ။ အဲ့ကောင်လို ဘာမဟုတ်တဲ့သူတစ်ယောက်က သခင်ကြီးရဲ့အချိန်နဲ့ တန်လို့လား "

ကောင်းကင်ဘုံသားတော် ခေါင်းညိတ်လိုက်သည်။

" အမှန်ပဲ.. သူ့လို ဘာမဟုတ်တဲ့ကောင်ကများ ငါ့ရဲ့ တည်ငြိမ်တဲ့စိတ်ကို အနှောင့်ယှက်ပေးချင်နေသေးတယ် ။ ကောင်းပြီလေ .. သူက တစ်လနေရင် ဒီလို

လာပြီး ကျုပ်ကိုလာသတ်မယ်လို့ ပြောတာမလား ။ အဲ့တော့ သူလာတာကိုပဲ စောင့်တာပေါ့ "

မီးခိုးရောင်ဝတ်အဘိုးအို နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

" သခင်ကြီးက တကယ်ကို ဉာဏ်ပညာကြီးပါပေတယ်ဗျာ "

ကောင်းကင်ဘုံသားတော်က သူ့ဘက် ရုတ်တရက်လှည့်ကြည့်ကာ ပြော၏။

" ဒါနဲ့ .. အကြီးအကဲဖန် ပြောထားတဲ့ ထူးခြားရတနာက ဒါလောင်မသေမျိုးဘုရင်ကို ဖိနှိပ်လို့ရအောင် တကယ်ကူညီပေးနိုင်ပါ့မလား "

အဘိုးအိုက အပြုံးဖြင့်သာ ပြန်ပြောသည်။

" ဒါပေါ့ဗျ ။ သခင်ကြီးသာ အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ အဲ့ရတနာကို ရလိုက်ရင် ... ဒေသကြီးကိုးခုမှာရှိတဲ့ မသေမျိုးဧကရာဇ်အဆင့်နီးပါးအောက်က ကျင့်ကြံသူတွေထဲမှာ နံပါတ်တစ် ဖြစ်လာမှာအသေချာပဲ "

ကောင်းကင်ဘုံသားတော် မျက်မှောင်အနည်းငယ် ကြုံ့သွားပါ၏။

" မသေမျိုးဧကရာဇ် အဆင့်နီးပါး.. ဟုတ်လလား ၊ ဒီကမ္ဘာမှာ မသေမျိုးဧကရာဇ်အဆင့်နီးပါး ကျင့်ကြံသူ ရှိသေးတာလား "

မီးခိုးရောင်ဝတ် အဘိုးအို ဖန်လောက ခေါင်းညိတ်ပြသည်။

" ရှိတယ်ဗျ ။ ဒါပေမယ့် အဲ့ကောင်တွေက လွယ်လွယ်နဲ့တော့ မလှုပ်ရှားရဲပါဘူး "

" ဘာလို့လဲ "

ကောင်းကင်ဘုံသားတော်က နားမလည်နိုင်စွာ မေးသည်။

အကြီးအကဲဖန် မှာ ထိုကိစ္စကို ရှင်းပြလိုဟန် မတူသော်လည်း ကောင်းကင်ဘုံသားတော်က အဖြေမသိရမချင်း ကျေနပ်မည့်ပုံ မပေါ်သဖြင့် သက်ပြင်းချ၍သာ ပြောလိုက်ရ၏။

" ဘာလို့လဲဆိုတော့ ... မသေမျိုးဧကရာဇ်အဆင့်နီးပါး ကျင့်ကြံသူတစ်ယောက် လှုပ်ရှားလိုက်ရင် နတ်ဘုရားတောအုပ်ထဲမှာရှိတဲ့ အရာတွေက အာရုံစိုက်မိသွားနိုင်လို့ပဲဗျ ။ အဲ့က အဆင့်နိမ့် သက်ရှိတွေရဲ့ အာရုံစိုက်တာခံရရင် သိပ်ပြီးပြဿနာမရှိပေမယ့် ...

တားမြစ်နယ်မြေဆယ်ခုရဲ့ အရှင်သခင်တွေလို အဆင့်မျိုးရှိထားတဲ့ သက်ရှိတွေရဲ့ အာရုံစိုက်တာကိုသာ ခံရရင်တော့ ... မသေမျိုးဧကရာဇ်အဆင့်နီးပါး ရှိတဲ့သူတောင် သေသွားနိုင်တယ် "

ကောင်းကင်ဘုံသားတော် မျက်မှောင်ကြုံ့သွားသည်။

" အဲ့လိုလား ... "

အကြီးအကဲဖန်က သက်ပြင်းချပြီး စကားဆက်၏။

" ဟုတ်တယ်ဗျ ။ ဒါ့ကြောင့်မို့လဲ အဲ့လို မသေမျိုးဧကရာဇ်အဆင့်နီးပါး ရောက်သွားတဲ့ ကျင့်ကြံသူတွေက ဒေသကြီးကိုးခုကနေ ထွက်သွားပြီးတော့ နတ်ဘုရားတောအုပ်နဲ့ အလှမ်းဝေးလွန်းတဲ့ နေရာတွေမှာ သွားနေကြတာ "

" အဲ့လိုမဟုတ်ရင်လဲ နှစ်တွေအကြာကြီး အိပ်တာတို့ ၊ အချုပ်အနှောင်ထဲ ဝင်နေတာတို့ လုပ်ကြတယ် ။ တချို့ဆို ထူးခြားလျှို့ဝှက်ဒေသထဲမှာ ပုန်းပြီးတော့ပဲ မသေမျိုးဧကရာဇ် အဆင့်ရောက်ဖို့ ကျင့်ကြံနေတတ်ကြတာ "

ထိုစဥ် ကောင်းကင်ဘုံသားတော်က တစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက်ပြော၏။

" ဒါဆို.. ကျုပ် မသေမျိုးဧကရာဇ်အဆင့်နီးပါး ရောက်သွားရင်လဲ အဲ့လိုပဲ ပုန်းနေရမှာပေါ့ "

ဖန်လောက ရယ်ရင်းပြန်ပြောသည်။

" သခင်ကြီးက အတွေးလွန်​နေပါပြီဗျာ ။ သခင်ကြီးက အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်တစ်ယောက်လေ.. အဲ့တော့ မသေမျိုးဧကရာဇ်အဆင့်နီးပါးကိုသာ ရောက်သွားရင် သခင်ကြီးရဲ့အစွမ်းက မသေမျိုးဧကရာဇ်ထက် တစ်ဝက်လောက်တောင် အစွမ်းပိုသာနေလောက်ပြီ ။ ပြီးတော့.. သခင်ကြီး ဟိုထူးခြားရတနာကိုလဲ ထပ်ရထားမှာနဲ့ဆိုရင် .. နတ်ဘုရားတောအုပ်ကသာ သခင်ကြီးကိုကြောက်ပြီး ရှောင်နေရမှာ "

သူ့စကားကြောင့် ကောင်းကင်ဘုံသားတော် ကျေနပ်စွာပြုံးလိုက်သည်။

" ကျုပ် နားလည်ပြီ "

၎င်းကိုမြင်သော အကြီးအကဲဖန်က မြန်မြန်ထပ်ပြော၏။

" ဒါ့ကြောင့်မို့လို့ ဒီတစ်ကြိမ် အရှုပ်အထွေးနတ်ဘုရားမြို့တော် ဖွင့်တဲ့အခါ သခင်ကြီး အစွမ်းအထက်ဆုံး အခြေအနေနဲ့ အထဲဝင်မှဖြစ်မယ် ။ ဒါမှလဲ ထူးခြားရတနာကို ရပြီးတော့ ပြိုင်ဘက်ကင်းလမ်းစဥ်ပေါ် ရောက်နိုင်မှာ "

ကောင်းကင်ဘုံသားတော် ခေါင်းညိတ်လိုက်သည်။

" အကြီးအကဲပြောတာ ကျုပ် သဘောပေါက်ပါတယ် ။ ခုချိန်ကစပြီးတော့ ကျုပ် ကျင့်ကြံခြင်းတစ်ခုတည်းကိုပဲ အာရုံစိုက်တော့မယ် ။ ဟို လောထျန်းဆိုတဲ့ ပိုးဖလံလေးကိုတော့ နောက်မှပဲ အေးဆေးရှင်းရုံပေါ့ "

" သခင်ကြီးက ဉာဏ်ပညာကြီးလှပါတယ် "

မီးခိုးရောင်ဝတ်အဘိုးအို ပြောပြီး တလေးတစားဦးညွှတ်၍ နောက်ဆုတ်သွား၏။

ထို့နောက်တွင်မူ သူ ကောင်းကင်ဘုံသားတော် ကျင့်ကြံနေသည့် နန်းတော်ထဲမှ ထွက်ခွာလာပြီး သူ့မျက်နှာထက်မှ အပြုံးလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ဝီ ..

ထိုစဥ်တွင် သူ့ကိုယ်ပေါ်ရှိ ဆက်သွယ်ရေး အဆောင်ကျောက်ပြားက ရုတ်တရက် အရောင်လက်လာ၏။

သူ လက်တစ်ချက်ယမ်းလိုက်ရာ ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသည်။

" ကောင်းကင်ဘုံသားတော်က ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုမျိုး လုပ်သေးလား "

ထိုလူရိပ်က မေးသည်။

အကြီးအကဲဖန် ချက်ချင်းပြန်ပြော၏။

" ခုနတုန်းကတော့ လောထျန်းဆိုတဲ့ကောင် ရန်စလာလို့ သူ ကျင့်ကြံတာကိုရပ်ပြီး ဟိုကောင့်ကိုသွားသတ်ဖို့ လုပ်လိုက်သေးတယ် ။ ဒါပေမယ့် မသွားအောင်လို့ ကျုပ် သေချာနားချလိုက်နိုင်ပါတယ် "

တဖက်လူ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" သူ့ကို သေချာစောင့်ကြည့်ထားနော် ။ အရှုပ်အထွေး နတ်ဘုရားမြို့တော် ဖွင့်တဲ့အချိန်မှာ ဘယ်လိုမတော်တဆမျိုးမှ ဖြစ်လို့မရဘူး ။ ဒီအခွင့်အရေးနဲ့သာ လွဲသွားရင် ငါတို့တွေ ဘယ်လောက်ကြာ

ကြာ ထပ်စောင့်ရမလဲ မပြောနိုင်ဘူးကွ "

အကြီးအကဲဖန် ခေါင်းညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပါတယ် ။ စိတ်မပူပါနဲ့ဗျာ "

တဖက်လူ ခေါင်းညိတ်ကာ ပြန်ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်မူ အကြီးအကဲဖန်က ကောင်းကင်ဘုံသားတော် ရှိနေသည့်ဘက် လှမ်းကြည့်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်၏။ ပြီးနောက် သူသည်လည်း နေရာမှ ပျောက်ကွယ်သွားသည်။

ထိုစဥ် .. ယွဲ့မိသားစုတွင် ရှိနေသော ယွဲ့ချန်းမှာကား.. ကြောက်ရွံ့မှုတို့ ပြည့်နေသည့် မျက်နှာကြီးဖြင့်....

" ဘယ်.. ဘယ်လိုပြောလိုက်တာ ... မင်းက ငါတို့အားလုံး အသတ်ခံရအောင် လုပ်နေတာလား "

သူ ငိုချတော့မလိုပင် ဖြစ်နေ၏။

တဖက်မှ လောထျန်းက အေးဆေးပင်

ပြန်ပြောသည်။

" ခင်ဗျား မသေပါဘူးဗျာ "

ယွဲ့ချန်းမှာ လောထျန်းကိုကြည့်ကာ ခေတ္တမျှ ဆွံ့အနေပြီးမှ ယွဲ့လီဘက်လှည့်၍ ပြောသည်။

" လီလေး.. အဘိုး တောင်းပန်ပါတယ်ကွာ ။ ကျေးဇူးပြုပြီးတော့ မြန်မြန်ပြန်လာခဲ့ပါ ။ အဲ့လိုမဟုတ်ရင် ငါတို့ လီမိသားစု တစ်ခုလုံး သွားပြီကွ "

ယွဲ့လီ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" အဘိုး... ကျွန်မရဲ့ မိဘတွေကိစ္စကိုရော ၊ ယွဲ့မိသားစုရဲ့ ကိစ္စတွေကိုရော သခင်ကြီးလောထျန်းကိုယ်တိုင် ကိုယ်တွယ်ပါစေ "

ကြားလိုက်ရသည့်စကားကြောင့် ယွဲ့ချန်း အံ့အားသင့်သွားပြီးမှ ဒေါသတကြီး ပြော၏။

" ကောင်မလေး ၊ မင်းဘာဖြစ်လို့ အဲ့ကောင်ရူးတဲ့အတိုင်း လိုက်ရူးနေရတာလဲ "

ယွဲ့လီ ခေါင်းယမ်း၍သာ ဆိုသည်။

" အဘိုး.. ကျွန်မ ရူးနေတာမဟုတ်ပါဘူးရှင် ၊ သခင်ကြီးလောထျန်းကို ယုံလို့ပါ "

ယွဲ့ချန်းတစ်ယောက် ဒေါသူပုန် ထသွားပါတော့သည်။ ထို့နောက် သူ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို လက်ဖြင့်ခပ်ကြမ်းကြမ်းရိုက်ချပြီး ပြော၏။

" သူ့ကိုယုံတော့ရော ဘာအကျိုးရှိမှာလဲကွ။ တဖက်လူက ဒေသကြီးကိုးခုရဲ့ နံပါတ်တစ် ပါရမီရှင် ၊ သခင်ကြီး ထျန်းရှန့်ကျီပဲ ။ တိုင်လင်စင်မြင့်က လူတစ်ယောက်က အဲ့လိုသခင်ကြီးမျိုးကို ဘယ်လိုယှဥ်နိုင်မှာလဲပြောစမ်း "

ယွဲ့လီ ခေါင်းမာစွာပင် ပြန်ပြောသည်။

" အဘိုး ၊ သခင်ကြီးလောထျန်းရဲ့ ပါရမီနဲ့အစွမ်းကလဲ အဲ့ကောင်းကင်ဘုံသားတော်ထက် မနိမ့်ဘူးရှင့် "

ယွဲ့ချန်းမှာ ဒေါသထွက်လွန်း၍ ဘာပြောရမည်ပင် မသိတော့ဘဲ အတန်ငယ်ကြာ ဆွံ့အသွားပါသည်။

" တော်တော့.. ယွဲ့လီ ၊ နင်က နင့်မိဘတွေရဲ့ အသက်ကိုတင်မကဘူး ... ယွဲ့မိသားစု တစ်ခုလုံးရဲ့ အသက်တွေကိုပါ ဖျက်ဆီးပစ်လိုက်တာပဲ "

အချိန်အတန်ကြာ တိတ်နေပြီးမှသာ သူ ကူကယ်ရာမဲ့ မျက်နှာဖြင့်ပြောပါ၏။ ထို့နောက်တွင် ဆက်သွယ်

ရေးအဆောင်ကျောက်ပြားလည်း တိတ်ဆိတ်သွားတော့သည်။

All Chapters