အခန်း (၉၂၉+၉၃၀)
Vol. 65 Ch. 929+930
Chapter 929
The number one family in the Nine Domains?
ယွဲ့လီမှာ တိတ်ဆိတ်သွားသော အသံလွှင့် အဆောင်ကျောက်ပြားကို အချိန်အတန်ငယ်ကြာ ကြည့်နေပြီးမှ ပြန်သိမ်းကာ ခံစားချက်ပေါင်းစုံ ရောပြွန်းနေသည့် မျက်နှာဖြင့် လောထျန်းဘက် ကြည့်လိုက်၏။
" ကျွန်မ တောင်းပန်ပါတယ် သခင်ကြီးလောထျန်း ၊ ကျွန်မကြောင့် ရှင် ကောင်းကင်ဘုံသားတော်နဲ့ ရန်သူတွေ ဖြစ်သွားရပြီ "
သူမ မျက်ရည်ကျရင်း ပြောရှာသည်။
အစောပိုင်းက လောထျန်းတစ်ယောက် ကောင်းကင်ဘုံသားတော်အား ဒေါသတကြီး ပြောဆိုခဲ့သည်ကို မြင်ပြီး သူမရင်ထဲ ခံစားချက်များ ပြည့်နေပါ၏။
လောထျန်းက လက်ကာပြ၍ ပြန်ပြောပါသည်။
" ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး ။ မင်း
ကြောင့် မဟုတ်ရင်တောင် ကျုပ် အဲ့ကောင်းကင်ဘုံသားတော်နဲ့ စာရင်းရှင်းရဦးမှာ "
လောထျန်းပြောသည်မှာ အမှန်ပင် ။
သူနှင့် ကောင်းကင်ဘုံသားတော်တို့ကြား၌ ရန်ငြိုးရှိထားသည် မဟုတ်ပါလား။
သို့သော် ယွဲ့လီကမူ တစ်မျိုးအတွေးဝင်သွားသည်။
" သခင်ကြီးလောထျန်းက ဘာကိုမှ ပြန်မမျှော်လင့်ဘဲ ငါ့ကို စေတနာနဲ့ကူညီပေးခဲ့တာ ... တကယ်ကို အထင်ကြီးလေးစားစရာ ကောင်းတာပဲ ။ သူနဲ့ ယှဥ်လိုက်ရင် ဟိုကောင်းကင်ဘုံသားတော် ဆိုတဲ့ကောင်က တကယ့်လူယုတ်မာ "
ထိုတခဏ၌ သူမ လောထျန်းအပေါ် မြင်သည့်အမြင်မှာလည်း ပြောင်းသွားပါတော့သည်။
သို့သော် လောထျန်းကမူ ၎င်းတို့ကို အလျဥ်းပင် သိဟန်မတူဘဲ ယွဲ့လီကိုကြည့်၍ ပြောလာပါ၏။
" ဒါနဲ့ .. ကောင်းကင်ဘုံသားတော်က မင်းကို ဘာဖြစ်လို့ ပစ်မှတ်ထားနေတာလဲ "
ယွဲ့လီ အံကြိတ်ကာ ပြန်ပြောသည်။
" အဲ့လူ မျက်စိကျနေတာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးရှင့် "
" အင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
လောထျန်း နားမလည်နိုင်ဘဲ ပြန်မေးသည်။
ယွဲ့လီ အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" ကောင်းကင်ဘုံသားတော်က သူ့ကိုယ်သူ အရမ်းအထင်ကြီးပြီးတော့ သူ့သွေးအစွမ်းက ဒေသကြီးကိုးခုလုံးမှာ အကောင်းဆုံးလို့ ထင်ထားတာရှင့် ။ အထူးသဖြင့် သူ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံပြီးတဲ့အချိန်မှာ သူဟာ အနာဂါတ်ရဲ့ နံပါတ်တစ် ကျင့်ကြံသူလို့ကို ယုံထားတော့တာ "
" ဒါပေမယ့် အဲ့လောက်နဲ့လဲ သူ့အတွက် မလုံလောက်သေးပြန်ဘူး ။ သူက ဒေသကြီးကိုးခုမှာ နံပါတ်တစ်ကျင့်ကြံသူ ဖြစ်ချင်ရုံတင်မကဘူး ၊ နံပါတ်တစ် အဖွဲ့ကြီးတစ်ခုကိုပါ တည်ထောင်ဖို့ကြိုးစားနေတာ "
လောထျန်း အံ့အားသင့်သွားပါသည်။
" ဒေသကြီးကိုးခုမှာ နံပါတ်တစ်အဖွဲ့.. ဟုတ်လား "
ယွဲ့လီ ခေါင်းညိတ်ပြ၏။
" ဒါပေမယ့် သူ့ရဲ့ မိသားစုနောက်ခံက လုံးဝကို သာမာန်ပဲ ။ သူတို့မိသားစုမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူလဲ အင်မတန်ကိုရှားတယ် ။ ဒီတော့ သူ့မိသားစုက ဒေသကြီးကိုးခုမှာ နံပါတ်တစ်ဖြစ်ဖို့မပြောနဲ့ ၊ အရှုပ်အထွေးနိုင်ငံထဲမှာတောင် သာမာန်အဆင့်လို့ ပြောမရဘူး ။ သူက အဲ့အချက်ကို အရမ်းရှက်နေတာ "
" ဒါ့ကြောင့်မို့လဲ အစွမ်းအထက်ဆုံး မိသားစုတစ်ခုကို သူကိုယ်တိုင် တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ "
လောထျန်းမှာ နားထောင်နေရင်း ပိုပို၍ နားမလည်နိုင်ဖြစ်လာကာ မေးသည်။
" ဘယ်လိုတည်ထောင်မှာလဲ .... "
ယွဲ့လီ၏ မျက်နှာလေး ရုတ်ချည်းရဲတက်သွား၏။
" ဟို.. သူက သူ့မျိုးဆက်ကို အင်မတန်ပါရမီထူးတဲ့သူမျိုး ဖြစ်စေချင်နေတာ ။ ဒါ့ကြောင့်မို့ ချင်းယွမ်ဒေသမှာ ရှိကြတဲ့ အမျိုးသမီးတွေထဲက ထူးခြား
ခန္ဓာကိုယ်တွေနဲ့ ထူးခြား စိတ်စွမ်းအင်ပင်လယ် ပိုင်ဆိုင်တဲ့သူတွေကို သူ့အတွက် ကလေးမွေးပေးဖို့ ရှာနေခဲ့တာရှင် "
ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့သြသွားရပါသည်။
" အဲ့လိုကြီး လုပ်လို့ရတယ်လား .. "
ယွဲ့လီ ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ရှင့် ။ သူက အစွမ်းထက်တဲ့ သွေးမျိုးဆက်ကို လိုချင်နေတာမို့ ကျန်တာတွေ ဘာမှဂရုမစိုက်ဘဲ သွေးအစွမ်းတစ်ခုတည်းကိုပဲ ကြည့်ပြီး ရှာနေခဲ့တာ "
ယွဲ့လီတစ်ယောက် ပြောနေရင်း အသက်ရှူပင် မြန်လာသည်။
" ကျွန်မတို့ အရှုပ်အထွေးနိုင်ငံထဲမှာ အရင်က ပထမတန်းအဆင့် မိသားစုတစ်ခု ရှိခဲ့ဖူးတယ်ရှင့် ။ အဲ့မိသားစုမှာ မသေမျိုးစိတ်ဝိဥာဥ် ကိုးသွယ် ခန္ဓာကိုယ်နဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တယ် ။ မသေမျိုးစိတ်ဝိဥာဥ်ကိုးသွယ် ခန္ဓာကိုယ်ဆိုတာ အင်မတန်ကို အစွမ်းထက်ပြီးတော့.. အဲ့အမျိုးသမီးက မွေး
ကတည်းက မသေမျိုးခန္ဓာကိုယ်နဲ့ မွေးလာခဲ့တာ ။ ဒီထူးခြားခန္ဓာကိုယ်က အရှုပ်အထွေးခန္ဓာကိုယ်နဲ့ မယှဥ်နိုင်ဘူးဆိုပေမယ့် အရမ်းအစွမ်းထက်တာတော့ အမှန်ပဲ "
လောထျန်းက ဖြတ်ပြောသည်။
" ကောင်းကင်ဘုံသားတော်က အဲ့အမျိုးသမီးကို မျက်စိကျသွားတာလား "
ယွဲ့လီ ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ရှင့် ၊ ဒါပေမယ့် အဲ့အမျိုးသမီးက သဘောမတူခဲ့ဘူး "
လောထျန်းက အံ့သြသွားပုံဖြင့် ပြန်မေးပါသည်။
" ဘာလို့လဲ "
ယွဲ့လီတစ်ယောက် အချိန်အတန်ငယ်ကြာ တွန့်ဆုတ်နေပြီးမှ ပြော၏။
" ဘာလို့လဲဆိုတော့ အဲ့အမျိုးသမီးရဲ့အသက်က နှစ်ပေါင်းသုံးသောင်းကျော်လောက်တောင် ရှိပြီးတော့ မျိုးဆက်ကိုးဆက် ရှိနေပြီဖြစ်တဲ့ မိသားစုခေါင်းဆောင် သခင်မကြီး မို့လို့ပဲ "
လောထျန်း အံ့အားသင့်ကာ မှင်သက်သွားသည်။
" အဲ့နောက်တော့ရော ... "
ယွဲ့လီ ခေါင်းယမ်းကာ စကားဆက်သည်။
" အဲ့အမျိုးသမီး သဘောမတူတာတောင် ကောင်းကင်ဘုံသားတော်က ဆုံးဖြတ်ပြီးသား ဖြစ်နေပြီလေ ။ အဲ့လိုနဲ့ သူက အမျိုးသမီးရဲ့ မျိုးနွယ်စုဝင်တွေအားလုံးကို လူလွှတ်ပြီး ဖမ်းခဲ့တယ် ။ ဒီနေ့ ကျွန်မရဲ့မိဘတွေကို လုပ်ခဲ့သလိုမျိုးပေါ့ရှင် ။ ပြီးတော့ ဖမ်းထားတဲ့သူတွေရဲ့ အသက်ကိုခြိမ်းခြောက်ပြီး အမျိုးသမီးဘက်က လက်ခံလာအောင် ဖိအားပေးခဲ့တယ် "
လောထျန်း အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" ဒီကောင်က အဲ့လောက်တောင် အရှက်မရှိတာလား "
ယွဲ့လီ ခေါင်းညိတ်ပါ၏။
" အဲ့ထက်ပိုပြီး အရှက်မဲ့တဲ့လုပ်ရပ်တွေ ရှိသေးတယ် ။ တဖက် အမျိုးသမီးက သူ့လူတွေရဲ့ အသက်ကိုငဲ့ပြီး ကောင်းကင်ဘုံသားတော် ပြောတဲ့အတိုင်း
လက်ခံလိုက်လျောပေးခဲ့ပြီးတော့ မသေမျိုးစိတ်ဝိဥာဥ်ကိုးသွယ် ခန္ဓာကိုယ်နဲ့ ကလေးတစ်ယောက်ကို အောင်အောင်မြင်မြင် မွေးဖွားပေးခဲ့တယ်ရှင့် ။ ဒါပေမယ့် ... အဲ့လို ကလေးမွေးလာပြီးတဲ့နောက်မှာ အမျိုးသမီးရဲ့ မျိုးနွယ်စုက ကလေးအပေါ် အမည်းစက်ကြီးလို ဖြစ်နေတယ်လို့ ကောင်းကင်ဘုံသားတော်က ယူဆပြန်ပါရောလား ။ အဲ့လိုနဲ့ သူ အမျိုးသမီးရဲ့ မျိုးနွယ်စုတစ်ခုလုံးကို အပြောင်ရှင်းပစ်ခဲ့တာ "
လောထျန်း မျက်ခုံးပင့်သွားရသည်။
" ကျုပ် ဦးနှောက်မဲ့တဲ့ကောင်တွေ အများကြီးကို တွေ့ဖူးပါတယ်ကွာ .. ဒါပေမယ့် ခုဟာကြီးက ဒေါသထွက်စရာ ကောင်းလိုက်တာ ။ သူ့ကို ဘယ်သူကမှရော မခုခံကြဘူးလား "
ယွဲ့လီက အောင့်သက်သက်ပြုံး၍သာ ပြန်ပြောရှာ၏။
" မခုခံဘဲ ဘယ်နေမလဲရှင် ။ အစောပိုင်းနှစ်တွေကဆိုရင် ဒီလိုလုပ်ရပ်မျိုးတွေကြောင့် သူ့ကို သတ်ဖို့ကြိုးစားခဲ့သူတချို့ ရှိခဲ့ဖူးတယ် ။ ဒါပေမယ့် သူက အမြဲတမ်း သေတွင်းကလွတ်အောင် ထွက်ပြေးနိုင်ခဲ့
တာချည်းပဲ ။ ဒါတင်မကသေးဘူး ... ပိုအစွမ်းထက်တဲ့သူက သူ့ကိုသတ်ဖို့ ကြိုးစားလေ ၊ သူ့ရလိုက်တဲ့ အကျိုးအမြတ်က ပိုများလေပဲ ဖြစ်သွားခဲ့တာ "
" နောက်ပိုင်းမှ သိရာတာတော့.. အဲ့ ကောင်းကင်ဘုံသားတော်ရဲ့ဘေးမှာ သူ့အတွက် လိုတာဖြည့်ဆည်းပေးနေတဲ့ အစွမ်းထက်ကျင့်ကြံသူ တချို့ ရှိတယ်တဲ့ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" အစွမ်းထက်တယ်.. ဘယ်လောက် အစွမ်းထက်တာလဲ "
ယွဲ့လီ သက်ပြင်းချလိုက်သည်။
" အဲ့ဒါတော့ ကျွန်မလဲ မသိဘူးရှင့် ။ ဒါပေမယ့် သူတို့အားလုံးက အနည်းဆုံးဆိုရင်တောင် မသေမျိုးဘုရင်အဆင့်မှာ ရှိကြတဲ့သူတွေပဲ ။ ဘာလို့လဲဆိုတော့ အဲ့တုန်းက ကောင်းကင်ဘုံသားတော် တခြားဒေသတွေဆီ သွားလည်တဲ့အချိန် အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးနဲ့ ပြဿနာဖြစ်လာသေးတယ် ။ အဲ့လူတွေကလဲ သူ့ကိုသတ်ဖို့ ကြိုးစားကြတာပေါ့ရှင် ။ သူတို့က ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်ရဲ့ ကိုယ်
ပွားပုံရိပ်ကိုပါ လွှတ်ပြီး တိုက်ခိုက်ခဲ့ကြတာ "
လောထျန်း မေး၏။
" ဟိုကောင်က ထပ်ပြီး လွတ်သွားပြန်တာပဲလား "
ယွဲ့လီ ခေါင်းယမ်းပြသည်။
" သူ လွတ်အောင်မပြေးလိုက်နိုင်ဘူးရှင့် ။ အဲ့အစား သူ့ကို သတ်ဖို့ကြိုးစားတဲ့သူတွေကသာ ထူးထူးဆန်းဆန်း သေသွားခဲ့ကြတာ ။ ဟို ဆယ်ဘွဲ့ရ မသေမျိုးဘုရင်ရဲ့ ကိုယ်ပွားပုံရိပ်တောင် သေသွားခဲ့ရတယ် "
" ဟင် .... "
လောထျန်း အံ့အားသင့်သွားရပြန်ပါသည်။
သူ တိုက်ခိုက်ခဲ့ဖူးသည့် ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ဖြစ်သော ကျိန်စာစိတ်ဝိဥာဥ် မသေမျိုးဘုရင်သည် သူ့အတွက် ပြိုင်ဘက်မဟုတ်သည့်တိုင် လောရုံနှင့် ကျန်လူများကို ဖိနှိပ်ထားနိုင်ခဲ့ပါ၏။
ယခု ကောင်းကင်ဘုံသားတော်ကမူ ဆယ်ဘွဲ့ရမသေမျိုးဘုရင်၏ ကိုယ်ပွားပုံရိပ်ကိုပင် ရှင်းထုတ်နိုင်ခဲ့တယ် တဲ့လား ။
သို့ဆိုလျှင် ထိုကောင့်ဘေးတွင် ရှိနေသူများက သူ့လူများထက် အစွမ်းပိုသာသည်ဆိုသည့် သဘောလား...
လောထျန်း ထိုသို့တွေးမိပြီး မျက်နှာမသာမယာ ဖြစ်သွားသည်။
တဖက်မှ ယွဲ့လီက စကားဆက်၏။
" ဒါပေမယ့်.. အဲ့နောက်ပိုင်းမှာတော့ ကောင်းကင်ဘုံသားတော်က အများကြီး အချိုးပြေလာတယ် ။ ဒီကြားထဲမှာလဲ သူ ချင်းယွမ်ဒေသမှာပဲနေပြီး ကျင့်ကြံနေခဲ့တာ "
" အခုနှစ်ကျမှ သူ ကျွန်မရဲ့အကြောင်းကိုကြားပြီး ကျွန်မကို သူ့လက်အောက်ထဲ သိမ်းသွင်းဖို့ ကြိုးစားလာတာပဲ ။ ကျွန်မကလဲ အဲ့လူရဲ့ ကလေးမွေးစက် မဖြစ်ချင်လို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို အကူအညီ ရလိုရငြား သွားခဲ့တာပါရှင် "
" အရင်ကအတိုင်းဆိုရင်တော့.. ကောင်းကင်ဘုံသားတော်က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို နည်းနည်းရှိန်သေးတယ်လေ ။ အဲ့တော့ သူ ကျွန်မကို ဒီတိုင်းလက်မလွတ်ရင်တောင် ကျွန်မရဲ့ မိသားစု
ကို အတင်းကြီးဖမ်းခေါ်တာမျိုးတော့ မလုပ်ရဲဘူး "
" ဒါပေမယ့်.. အခု သူ မသေမျိုးဘုရင်အဆင့်ကို ရောက်သွားပြီမို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို ထည့်တွက်စရာမလိုတော့ဘူးလို့ တွေးပြီး ကျွန်မမိဘတွေကို လာဖမ်းသွားခဲ့တာ ... "
ယွဲ့လီမှာ ပြောနေရင်း မနေနိုင်တော့ဘဲ တရှုံ့ရှုံ့ငိုနေရှာသည်။
လောထျန်း ခေါင်းတစ်ချက်ညိတ်လိုက်၏။
" ကဲ.. ကျုပ် အကြောင်းစုံကိုလဲ သိသွားပြီဆိုတော့ အဲ့ကိစ္စကို ကျုပ်တာဝန်သာ ထားလိုက်ပါ "
" ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီးလောထျန်း "
ယွဲ့လီက ငိုနေရင်း ပြောသည်။
လောထျန်း လက်ကာပြ၍ ပြန်ပြော၏။
" ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး ။ ခုနက ပြောခဲ့သလို ကျုပ်က အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို သွားဖို့လုပ်နေတာလေ ။ အဲ့က အဲ့မြို့
အကြောင်းကို သိထားတာဆိုတော့ ကျုပ်ကို လမ်းပြအနေနဲ့ပဲ လုပ်ပေးပါ ။ အဲ့ဒါဆို ကျုပ်တို့ချင်း ကြေသွားပြီ "
" ဟင် ... "
ယွဲ့လီတစ်ယောက် အနည်းငယ် နားမလည်နိုင် ဖြစ်သွားပုံပင် ။
လမ်းပြ လုပ်ပေးရုံဖြင့် သူမအတွက် ကောင်းကင်ဘုံသားတော်၏ ပြဿနာကို ရှင်းပေးမည်တဲ့လား ။
ထိုကိစ္စနှစ်ခုကို နှိုင်းယှဥ်လို့ရော ရပါရဲ့လား ...
ထိုစဥ် လောထျန်းက သူမကိုကြည့်ကာ ပြောလာ၏။
" ဘာလဲ ... မင်းက မလုပ်ချင်ဘူးလား "
ယွဲ့လီ လန့်သွားသည်။
" မဟုတ်ပါဘူးရှင် .. လုပ်မှာပါ ။ ကျွန်မ အခုပဲ သွားဖို့ပြင်လိုက်ပါ့မယ် "
သူမ ပြောပြီးသည်နှင့် ချက်ချင်းထွက်သွား၏။
" သခင်ကြီးလောထျန်းက အကူညီတောင်းလာတာဆိုတော့ ငါ့ဘက်က အစွမ်းကုန်ကြိုးစားပြီး လုပ်ပေးရမယ် "
သူမ စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။
Chapter 930
Li ChenLong
ဤသို့ဖြင့် တခဏလေးအတွင်းမှာပင် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားကာ အရှုပ်အထွေး နတ်ဘုရားမြို့တော် ဖွင့်မည့်နေ့သို့ ရောက်လာခဲ့သည်။
လောထျန်းသည်လည်း မနက်အစောတည်းက ထျန်းယွမ်မြို့သို့ ပြန်၍ အားလုံးကိုလူစုလိုက်သည်။
ထိုလူအုပ်ထဲတွင် ပျောင်ပိုင်မြို့သားများသာမက ထျန်းယွမ်ကမ္ဘာရှိ အခြားသော ဂိုဏ်းကြီးများနှင့် မြင့်မြတ်နယ်မြေအဖွဲ့ကြီးများမှ အစွမ်းထက်ကျင့်ကြံသူများလည်း များစွာပင်ပါ၏။
လောထျန်းက အားလုံးကို ငြင်းမနေဘဲ အသာတကြည် လက်ခံသည်။
ဤသို့ဖြင့် လူအုပ်၏ အရေအတွက် တဖြည်းဖြည်းတိုးလာပြီး စုစုပေါင်း လူအရေအတွက် ၇ သောင်းကျော်ခန့်အထိ ရောက်သွားပါ၏။
ယွဲ့လီတစ်ယောက်မှာ ထိုလုအုပ်ကိုကြည့်ရင်း အလွန်အံ့သြတုန်လှုပ်နေရှာသည်။
" ဟို.. သခင်ကြီးလောထျန်း ၊ အဲ့လူတွေအားလုံးက အရှုပ်အထွေးနတ်ဘုရားမြို့တော်ကို သွားကြမှာလား "
သူမ တအံ့တသြ မေးလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြ၏။
" အင်း ... လောလောဆယ် လူစုလို့ရတာတော့ အဲ့ဒါအကုန်ပဲ ။ တခြားလူ ထပ်ရှာလို့မရသေးဘူး "
ယွဲ့လီခမျာ ပါးစပ်လေးအဟောင်းသား ...
" ကျွန်မဆိုလိုတာ အဲ့သဘော မဟုတ်ပါဘူးရှင် ... "
သူမ ရှင်းပြရန် ပြင်လိုက်သေးသော်လည်း နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာသာ ခေါင်းယမ်းလိုက်ပါသည်။
" ထားပါလေ... အခု သွားကြစို့ ။ ကြားထားတာတော့ အရှုပ်အထွေးနတ်ဘုရားမြို့တော်က နောက်သုံးရက်အတွင်း ဖွင့်မှာတဲ့ ၊ ဘယ်အချိန်ဖွင့်မယ် ဆိုတာလဲ အတိအကျမသိရဘူး "
လောထျန်း ခေါင်းညိတ်ပြ၏။ ထို့နောက်တွင် တိုင်လင်စင်မြင့်မှ အကြီးအကဲများအား လေထုလမ်းကြောင်းတစ်ခု ဖွင့်စေလိုက်သည်။
ဝုန်း ...
တခဏလေးအတွင်း လေထုလမ်းကြောင်း ရုတ်ချည်းပေါ်လာ၏။
" အားလုံး... သွားကြမယ်ဟေ့ "
လောထျန်း အော်ပြောလိုက်သည်။
" ဟုတ်ကဲ့ "
အားလုံးကလည်း ပြန်ပြောပြီး လေထုလမ်းကြောင်းထဲ ပျံသန်းသွားကြပါ၏။.
ဤသို့ဖြင့် မကြာခင်မှာပင် လောထျန်းတို့လူစု လေထုလမ်းကြောင်း အခြားတဖက်မှ ပျံထွက်လာကြပါသည်။
သို့သော်.. သူတို့လူစု အပြင်ရောက်ရောက်ချင်းမှာပင် အံ့သြစရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေပါသည်။
" ဘာ... ဘာတွေဖြစ်နေတာလဲ "
သူတို့ရှေ့ မျက်စိတစ်ဆုံးတွင်ကား လူများ ပြည့်ကျပ်လျက် လူပင်လယ်ကြီး ရှိနေပါ၏။
ဘေးမှ ယွဲ့လီက မြန်မြန်ရှင်းပြသည်။
" အရှုပ်အထွေးနတ်ဘုရားမြို့တော်ဆိုတာ ဒေသကြီးကိုးခုထဲမှာ အကောင်းဆုံး လျှို့ဝှက်ဒေသ တစ်ခုပဲရှင့် ။ ပြီးတော့ အဲ့လျှို့ဝှက်ဒေသ မဖွင့်တာလဲ နှစ်တွေအများကြီး ကြာခဲ့ပြီ ။ ဒါ့ကြောင့်မို့ ဒီတစ်ခေါက် ဖွင့်တယ်ကြားတော့ အားလုံးက ကံစမ်းချင်နေကြတာ "
" အခုလက်ရှိမှာ မြို့ထဲကို ရောက်နေတဲ့သူတွေ သန်းထောင်ချီ ရှိတယ်ရှင့် ။ ဒါတောင် ချင်းယွမ်ဒေသရဲ့ ဒေသခြားတည်နေရာရွှေ့ပြောင်းအစီအမံက ဖျက်ဆီးခံထားရလို့ တခြားဒေသကလူနည်းနည်းလေးပဲ လာနိုင်ကြတာ ။ အဲ့လိုသာ မဟုတ်ဘူးဆိုရင် အခုရှိတဲ့ လူအရေအတွက်ထက် အနည်းဆုံး ၇ ဆ ၊
၈ ဆ လောက် ပိုများနေမှာ "
စကားဆုံးအောင် နားထောင်ပြီးချိန်တွင်မူ လောထျန်းတစ်ယောက် ပါးစပ်လေးအဟောင်းသား ဖြစ်နေပါတော့သည်။
အခုထက်တောင် ၇ ဆ ၊ ၈ ဆ ပိုများဦးမယ်တဲ့ ။
ကြောက်စရာပါလား ....
ထိုစဥ် ယွဲ့လီက အနည်းငယ် ရှက်နေဟန်ဖြင့် ပြောလာ၏။
" သခင်ကြီးလောထျန်း ၊ လောလောဆယ်မှာ လူတွေများလွန်းတဲ့အတွက် အရှုပ်အထွေးနိုင်ငံရဲ့ မြို့တော်ကို ပိတ်ထားပြီးတော့ မြို့တော်ထဲ ဝင်နိုင်တဲ့သူလဲ နည်းနည်းလေးပဲ ရှိတယ်ရှင့် ။ ကျွန်မအနေနဲ့လဲ မြို့တော်ထဲဝင်ခွင့်ရဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်တာမို့ ... ကျေးဇူးပြုပြီးတော့ ဒီ တောင်ပေါ်မှာပဲ စောင့်ပေးဖို့ သခင်ကြီးကို ပြောချင်တာပါ "
လောထျန်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
" အဲ့ဒါက ကိစ္စမရှိပါဘူး ။ ကျုပ်တို့က ဒီကို အခွင့်
ကောင်းတွေရှာဖို့အတွက် လာခဲ့တာလေ ၊ အပျော်လာတာမှမဟုတ်တာ ။ ကဲ.. လောလောဆယ် ဒီမှာပဲ နားလိုက်ကြတာပေါ့ "
သူ့စကားကိုကြားမှ ယွဲ့လီ စိတ်အေးပြီး သက်ပြင်းချလိုက်သည်။
ထိုစဥ်တွင်..
ဝီ ...
မလှမ်းမကမ်းမှ ခပ်စူးစူး လေချွန်သံလို အသံတစ်သံ ထွက်လာပြီး ...
ထူးဆန်းသော သားရဲတစ်ကောင် ရုတ်တရက် ပေါ်လာသည်။
ဝုန်း ...
ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း အရပ်မျက်နှာစုံသို့ ပျံ့သွား၏။
ယခင် အသံပေါင်းစုံဖြင့် ဆူညံနေခဲ့သည့် နေရာတစ်ခု
လုံးလည်း ရုတ်ချည်း တိတ်ဆိတ်သွားသည်။
အားလုံး တအံ့တသြ ခေါင်းမော့ကြည့်လိုက်ရာ ထူးဆန်းသားရဲကြီးက ကျောပေါ်တွင် ရာပေါင်းများစွာသော လူများအား သယ်ဆောင်လာသည်ကို မြင်လိုက်ရသည်။
ထိုလူအုပ်၏ မျက်နှာထားများမှာလည်း တင်းမာနေပါ၏။
ထူးဆန်းသားရဲကြီးက လေထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ပြီးမှ နောက်ဆုံး နေရာတစ်ခုကိုရွေးလိုက်သည်။
ထို့နောက်တွင်.. သားရဲ၏ကျောပေါ်မှ အေးစက်စက် အသံတစ်သံ ထွက်လာ၏။
" ဒီနေရာကို ငါတို့ယူမယ် ။ အားလုံး ချက်ချင်းထွက်သွားကြပါ "
အောက်တွင် ရှိနေသူများထဲမှ တစ်ယောက်က မကျေမနပ် ပြန်ပြောသည်။
" ဘာကွ... ဒီနေရာကို ငါတို့အရင်ရောက်နေတာလေ
။ ဘာကိစ္စ ဖယ်ပေးရမှာလဲ "
သားရဲပေါ်မှလူက အေးစက်စက် နှာခေါင်းရှုံ့သည်။
" ထွက်မသွားချင်ဘူး ဆိုတော့လဲ... သေလိုက်တော့ "
ဝုန်း...
စကားဆုံးချိန်မှာပင် လေထဲမှ လက်ဝါးတစ်ခု ကျလာ၏။
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း အတူကျလာသည်။
အောက်တွင် ရှိနေကြသူများမှာ နည်းနည်းလေးပင် မခုခံနိုင်လိုက်ဘဲ ခဏလေးအတွင်း သေကုန်ကြပါ၏။
" ဒါ... ကြောက်စရာကောင်းလိုက်တာ "
" မင်းတို့က ဘယ်သူတွေလဲ ။ ဘာကိစ္စကြောင့် အပြစ်မဲ့တဲ့သူတွေကို သတ်နေရတာလဲကွ "
အနားတွင် ရှိနေကြသူများ ဒေါသတကြီး အော်လိုက်ကြသည်။
ထိုသူများ၏ စကားဆုံးချိန်မှာပင် သားရဲကျောပေါ်မှ လူတစ်ယောက် ပျံထွက်လာ၏။
" ကျုပ်က လီချန်းလုံ ပဲ "
ထိုအမည်ကို ကြားသည်နှင့် အစောက မကျေမနပ်ပြောနေခဲ့ကြသော လူများအားလုံး မျက်နှာထား ရုတ်ချည်းပြောင်းကုန်ကြကာ နောက်သို့ အသည်းအသန် ဆုတ်လိုက်ကြသည်။
ကျန်လူအုပ်မှာလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသံတိတ်သွား၏။
၎င်းကိုမြင်သော လောထျန်းက တအံ့တသြမေးသည်။
" အဲ့ လီချန်းလုံဆိုတာ ဘယ်သူလဲ "
ယွဲ့လီ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ပြန်ပြော၏။
" အဲ့လူက ချင်းယွမ်ဒေသမှာရှိတဲ့ အစွမ်းအထက်ဆုံး
ကျင့်ကြံသူ ဆယ်ယောက်ထဲက တစ်ယောက်ပဲရှင့် ။ သူက အခု မသေမျိုးဘုရင် အဆင့်ကိုးတောင် ရောက်ထားပြီးပြီ ။ ကျွန်မကြားဖူးတာတော့ သူက အစောပိုင်းနှစ်တွေမှာ ဒါလောင်မသေမျိုးဘုရင်ကို စိန်ခေါ်ပြီးတော့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်ဆိုတဲ့နာမည်ကို ရဖို့ကြိုးစားခဲ့ဖူးတယ်တဲ့ ။ အဲ့ပွဲမှာ သူ ရှုံးသွားခဲ့ပေမယ့် မရှုံးခင် ဒါလောင်မသေမျိုးဘုရင်ရဲ့ သိုင်းကွက် ဆယ်ကွက်ကို ခုခံနိုင်ခဲ့တယ်လို့လဲ ပြောတယ် "
" ဆယ်ကွက်.. ဟုတ်လား ၊ အဲ့လောက်က အစွမ်းထက်လို့လား "
လောထျန်းဘေးတွင် ရပ်နေသော ယောင်ချီနတ်ဘုရားမလေး ၊ ရွှေယွဲ့ချီက ဝင်မေးပါသည်။
ဤတစ်ကြိမ်တွင် ယောင်ချီမှ အပေါ်ကမ္ဘာသို့ လူများစွာ စေလွှတ်ခဲ့ပြီး ထိုလူအုပ်ထဲ၌ သူမသည်လည်း တစ်ယောက်အပါအဝင်ပင် ။
ယွဲ့လီသည် ရွှေယွဲ့ချီမှာ အောက်ကမ္ဘာမှဖြစ်ကြောင်း သိထားသဖြင့် သူမကို သေချာကြည့်၍ ရှင်းပြလိုက်၏။
" အရမ်းကို အစွမ်းထက်တာပေါ့ရှင် ။ သူတို့နှစ်ယောက်လုံးက မသေမျိုးဘုရင်တွေ ဆိုပေမယ့် သာမာန် မသေမျိုးဘုရင်နဲ့ ဆယ်ဘွဲ့ရမသေမျိုးဘုရင်ဆိုတာ လုံးဝ ကွဲတယ် ။ ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေမှာ ထူးခြားတဲ့ခန္ဓာကိုယ်တွေ ၊ ဒါမှမဟုတ် ထူးခြားတဲ့ သိုင်းကျင့်စဥ်တွေ ပိုင်ဆိုင်ကြပြီးတော့ သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်ကလဲ ကျင့်ကြံခြင်းအဆင့်ထက် အများကြီးပိုသာတယ် "
" မသေမျိုးဘုရင် အဆင့်ကိုးကို ရောက်ထားတဲ့ မသေမျိုးဘုရင်ဆိုရင်တောင် ဆယ်ဘွဲ့ရမသေမျိုးဘုရင်နဲ့တွေ့ရင် ချက်ချင်းအသတ်ခံရနိုင်တယ် "
" အဲ့လို ဆယ်ဘွဲ့ရမသေမျိုးဘုရင်ဆီက သိုင်းကွက်သုံးကွက်ကို ခံနိုင်ရင်တောင် တော်တော်လေးအထင်ကြီးစရာ ကောင်းနေပြီရှင့် ။ အခု လီချန်းလုံက သိုင်းကွက်ဆယ်ကွက်တောင် ခံနိုင်ခဲ့တာဆိုတော့ တကယ့် ထိပ်သီးပါရမီရှင်လို့ ပြောရမယ် "
ရွှေယွဲ့ချီ သဘောပေါက်သွားကာ ထူးဆန်းသားရဲကြီး ရှိသည့်ဘက်သို့ အံ့သြတကြီး လှမ်းကြည့်လိုက်သည်။
ထိုစဥ်တွင် လီချန်းလုံက အစောပိုင်းက သူ လူသတ်ခဲ့သည့်နေရာတွင် မနေဘဲ သားရဲကို စီးနင်း၍ အခြားတစ်နေရာသို့ ဦးတည်ထွက်သွား၏။
" ဒီနေရာက ငါ့အပိုင်ပဲ "
သူ အေးစက်စက် ထပ်ပြောသည်။
သူ့စကားကြောင့် အောက်မှလူအုပ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါ၏။
ထိုစဥ် လူအုပ်ထဲမှ အဘိုးအိုတစ်ယောက် ထွက်လာပြီးပြောသည်။
" အရိုအသေပေးပါတယ် မသေမျိုးဘုရင်ကြီး လီ ၊ သခင်ကြီး ဟိုနေရာကို မျက်စိကျပြီးသား မဟုတ်ဘူးလားဗျ ။ ဘာလို့ ဒီနေရာကို ထပ်လိုချင်ရသေးတာလဲဗျာ "
လီချန်းလုံ မျက်နှာကြီး သုန်မှုန်သွားသည်။
" အဲ့နေရာက အခု သွေးတွေရွှဲနေတာလေ ၊ ကျုပ် မကြိုက်တော့ဘူး ။ မင်းတို့တွေပဲ အဲ့ဘက်ရွှေ့လိုက်ကြတော့ ။ အခု မင်းတို့ဆီက စကားတစ်ခွန်း ထပ်ထွက်
လာရင် ငါ အားလုံးကို သတ်ပစ်မှာနော် "
ထိုစကားကို ကြားချိန်တွင်မူ အဘိုးအို၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားတော့သည်။ ထို့နောက်တွင် သူ ချက်ချင်းလက်ယမ်းပြီး အချက်ပြကာ အားလုံးနှင့်အတူ အစောပိုင်းက လီချန်းလုံ ဖျက်ဆီးခဲ့သည့်နေရာသို့ သွားလိုက်သည်။
ဝုန်း..
တစ်ချိန်တည်းမှာပင် လီချန်းလုံစီးနင်းလာသော သားရဲကြီးက မြေပြင်သို့ ဆင်းသက်လိုက်ပါ၏။
၎င်းသားရဲကြီးနှင့် လူ သုံး၊ လေးရာ လောက်ကသာ နေရာအကျယ်ကြီးကို အပိုင်သိမ်းထားသည့် မြင်ကွင်းမှာ ပိုင်စိုးပိုင်နက် နိုင်လွန်းသည်ဟု ဆိုရမလို...
ထိုစဥ် လီချန်းလုံဘေးတွင်လည်း လူငယ်တစ်ယောက်က လက်နောက်ပစ် ရပ်နေပြီး အားလုံးကို ဝေ့ကြည့်နေသဖြင့် လူများမှာ စိတ်မသက်မသာ ဖြစ်နေပါ၏။
" အဲ့ ... အဲ့လူက ဘယ်သူလဲ "
" မင်း မသိဘူးလားကွ ၊ အဲ့ဒါ လီထျန်းယွမ်လေ "
" လီထျန်းယွမ်.. ဟုတ်လား ၊ အဲ့ဒါ ဘယ်သူမို့လဲ "
" ဟင်.. မင်းက လီထျန်းယွမ်ကိူတောင် မသိဘူးလားကွာ ။ ထားပါ.. ငါ ရှင်းပြမယ်.. အဲ့ လီထျန်းယွမ်ဆိုတာ လီချန်းလုံရဲ့ အငယ်ဆုံးသား ၊ ချင်းယွမ်ထူးချွန်စာရင်းထဲမှာ အဆင့်ကိုး ရထားတဲ့သူပဲကွ ။ သူက အခု အသက်သုံးထောင် မပြည့်သေးတာတောင် ရွှေရောင်မသေမျိုးအဆင့်ကို ရောက်နေပြီ ။ ပါရမီပိုင်းမှာ သူ့အဖေထက်တောင် သာတယ်လို့ ပြောလို့ရတယ် "
" ဘယ်လို .. အသက်သုံးထောင်တောင် မပြည့်သေးဘဲနဲ့ ရွှေရောင်မသေမျိုးအဆင့် ရောက်နေပြီ ဟုတ်လား ။ လွန်လှချည်လားကွာ "
" ဟမ့် .. အဲ့လောက်က ဘာဟုတ်သေးလို့လဲ ။ သူက ဒီ အရှုပ်အထွေးစာရင်းထဲမှာလဲ အဆင့် 136 ရထား
သေးတာဆိုတော့ .. အရှုပ်အထွေးခန္ဓာကိုယ် ရနိုင်တယ်ဆိုတဲ့ သဘောပဲကွ "