← Chapters

မွေးဖွားခြင်းအဆင့်

Vol. 5 Ch. 55

မွေးဖွားခြင်းအဆင့်

Vol. 5 Ch. 55

ကျန်းယီမင်က စီမာကျန်းရဲ့ အော်ဟစ်ပြီး တားနေတဲ့အသံကို လျစ်လျူရှုလိုက်သည်။ သူက အရိုးစုရဲ့ ကျန်ရှိနေတဲ့ အနှစ်သာရချီစွမ်းအင်များကို အရူးအမှူး စုပ်ယူနေသည်။

“မင်းက ဒီကိုရောက်နေမှတော့ ငါတို့ကိစ္စတွေကို အချိန်မဆွဲတော့ဘူး။ ဒီနေရာမှာပဲ ဒီအချိန်မှာပဲ အဆုံးသတ်လိုက်ကြတာပေါ့”

ကျန်းယီမင်က အဆုံးမရှိတဲ့ စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတာကို ခံစားနေရသည်။ ဒါက ထိုကျင့်ကြံရှင်ကြီးရဲ့ အစွမ်းအစပဲဖြစ်သည်။ အရိုးစုသာ ကျန်တော့သော်လည်း သူကိုယ်တိုင်က အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်အတွက် အရိုးစုတွင် ကျန်ရစ်သေးတဲ့ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ကို အဆင့်နောက်တစ်ဆင့်ကို မြှင့်တင်ပေးရန် လုံလောက်နေသည်။

စီမာကျန်းရဲ့ မျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ ကျန်းယီမင်က ပေါက်ကွဲသေဆုံးမသွားသည့်အပြင် ထိုကျင့်ကြံရှင်ကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်များကို ခံနိုင်ရည်ရှိပြီး အားလုံးကို သူ့ကိုယ်ပိုင်အဖြစ် အောင်အောင်မြင်မြင်နဲ့ စုပ်ယူနိုင်ခဲ့သည်။

ကျန်းယီမင်က လောကကြီးတစ်ခုလုံးရဲ့ စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲကို စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူတော်စင်ရုပ်ကြွင်းမှ ကျန်နေတဲ့ စွမ်းအင်များအားလုံးကို စုပ်ယူပြီးနောက် သူက မွေးဖွားခြင်းအဆင့်ကို တပြိုင်နက်ထဲ ရောက်သွားခဲ့သည်။

‘ဒါက မွေးဖွားခြင်းအဆင့်က ခွန်အားလား။’

ရုတ်တရက် ကျန်းယီမင်ခေါင်းထဲတွင် စူးရှလွန်းလှတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။ နာကျင်မှုကို ကြိတ်မှိတ်ခံစားလိုက်ပြီး အသက်ရှူတာကို တည်ငြိမ်အောင် ထိန်းညှိလိုက်သည်။ ဆန်းပြားလှတဲ့ စာလိပ်တစ်ခုက သူ့စိတ်ထဲတွင် တဖြည်းဖြည်း ပွင့်လာသလို ဖြစ်နေသည်။

ထိုစာလိပ်သည် ဖော်ပြလို့မရနိုင်တဲ့ ကစဥ့်ကလျားဖြစ်နေတဲ့ လေဟာနယ်မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားလိုက်သည်။

“ပျက်သုဥ်းခြင်းဗုဒ္ဓ ပျက်စီးခြင်းကျင့်စဥ်ရဲ့ တတိယမြောက်အဆင့်။”

အဆုံးမရှိဘဲ ပရမ်းပတာဖြစ်နေတဲ့ လေဟာနယ်ထဲတွင် ဧရာမလက်ဝါးကြီးတစ်ခုက ထိုးဖောက်ထွက်ပေါ်လာသလို ရှိနေသည်။ ထိုလက်ဝါးကြီးရဲ့ အဓိကတရားခံမှာ ကြီးကျယ်ခမ်းနားတဲ့ မိစ္ဆာဗုဒ္ဓတစ်ပါး ဖြစ်သည်။ ထိုတိတ်ဆိတ်ငြိမ်သတ်တဲ့ ဖိအားက ကျန်းယီမင်ကို အသက်ရှူလို့ မရနိုင်လောက်အောင် ဖိနှိပ်ထားသည်။

စီမာကျန်းရဲ့ မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့သည်။ သူ့ရှေ့မှ ကောင်စုတ်လေးသည် အလွန်အမင်း နာကျင်နေပုံရသည်။ ခုနက အတင်းစုပ်ယူထားလို့ ဘေးထွက်ဆိုးကျိုးကို ခံစားနေရသလို ဖြစ်နေသည်။ တကယ်လို့ သူသာ အခုချိန်မတိုက်ရင် ဘယ်အချိန် တိုက်ခိုက်ရမလဲ။

စီမာကျန်းရဲ့ လက်ချောင်းများ အနည်းငယ် လှုပ်ရှားလိုက်ရာ အလံအချို့က သူ့အင်္ကျီလက်ထဲမှ ထွက်လာခဲ့သည်။ ထိုအလံတွေက ကျန်းယီမင်ကို ဝိုင်းရံလိုက်ကြသည်။ စိတ်ဝိညာဉ်စွမ်းအင်ကြိုးမျှင်တစ်ခုက အလံများကို ချိတ်ဆက်ထားပြီး အစီအရင် တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

“ရှောင်ယီ အစီအရင်က ခံစစ်ကို အဓိကထားပေမဲ့ ဒီသဲကန္တာရထဲက အဆုံးမရှိတဲ့ မြေဓာတ် ချီစွမ်းအင်တွေကို စုပ်ယူလိမ့်မယ်။ ဟိုကျင့်ကြံရှင်ရဲ့ ရုပ်ကြွင်းအတွက်တော့ နှမြောစရာပဲကွာ”ဟု ပြောကာ စီမာကျန်း ယုတ်မာစွာ ရယ်မောလိုက်သည်။

“ငါ မင်းကိုအကြံမပေးခဲ့ဘူးလို့ ငါ့ကို အပြစ်မတင်ပါနဲ့ကွာ။ သွေးကြောတွေ အကုန်ပြတ်တောက်နေတဲ့ ဒုက္ခိတတစ်ကောင်အတွက်နဲ့ မင်းက အခုလိုဆန့်ကျင်ခဲ့တာကိုး”

ထိုသို့ပြောပြီးနောက် စီမာကျန်းက သူ့လက်ဖဝါးကို ဆုပ်လိုက်သည်။ မိုင် ၁၀၀ ပတ်လည်အတွင်းက မြေဓာတ်ချီစွမ်းအင်များက ထက်ရှတဲ့ ဆူးများအဖြစ် ပြောင်းလဲသွားသည်။ ဘုရားရဲ့အပြစ်ပေးမှုတစ်ခုလို ကောင်းကင်ကနေ ကျဆင်းလာသကဲ့သို့ ဆူးများက အစီအရင်အတွင်းမှာ ပိတ်မိနေတဲ့ ကျန်းယီမင်ထံသို့ အရပ်မျက်နှာအနှံ့မှ ထိုးစိုက်လာကြသည်။

“မြေကြီးက ဆူးအဖြစ်၊ ဖုန်မှုန့်က မျှားအဖြစ်၊ သွားစမ်း”

ထိုကဲ့သို့သော ခွန်အားမျိုးက မွေးဖွားခြင်းအဆင့်ရဲ့ စစ်မှန်သော ခွန်အားပင် ဖြစ်သည်။ အရေးကြီးတဲ့ အခိုက်အတန့်တွင် ကျန်းယီမင်က မိစ္ဆာဗုဒ္ဓရဲ့ ဖိနှိပ်မှုအောက်ကနေ နောက်ဆုံးတွင် လွတ်မြောက်လာခဲ့သည်။

“ရပ်စမ်း”

သူ့မျက်လုံးများ ပွင့်လာခဲ့သည်။ မရေမတွက်နိုင်သော ဆူးများက သူ့ခန္ဓာကိုယ်နှင့်လက်တစ်လုံးခြား အကွာအဝေးတွင် လေထဲတွင် ရပ်တန့်နေကြသည်။ ကျန်းယီမင်ရဲ့ ဒေါသတကြီး စိုက်ကြည့်မှုအောက်တွင် မရေမတွက်နိုင်သော ဆူးများက ဖြည်းဖြည်းချင်း ကျိုးပဲ့ပျက်စီးတော့မယ့် လက္ခဏာများ ပြသလာသည်။

စီမာကျန်းက စိတ်ထဲတွင် “သွားပြီ” ဟု ရေရွတ်လိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်များကို အစီအရင် ထဲသို့ ထပ်မံဖြည့်တင်းလိုက်သည်။ သို့သော် သူဘယ်လောက်ပင် ကြိုးစားပါစေ ကျန်းယီမင်နှင့် လက်တစ်လုံးခြားသာ လိုတော့သော မြေဆူးများသည် တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်တော့ပေ။

“ ခွေးသား” စီမာကျန်းက အစီအရင်ကို အားဖည့်နေတဲ့ သူလက်ဖက်တစ်ဖက်ကို ဖယ်လိုက်ပြီး သည်းတံဆိပ်တစ်ချို့ကို ပုံဖော်လိုက်သည်။

ထိုအခါ ကျန်းယီမင်ရဲ့ ခြေထောက်အောက်က မြေပြင်သည် ရေတွေစီးဆင်းနေသလို ဖြစ်လာသည်။ ခန္ဓာကိုယ်ကို တည်ငြိမ်သွားအောင် စိတ်ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် အသုံးပြုလိုက်သော်လည်း သူ့ခြေသလုံးများက သဲနှုန်းထဲသို့ နစ်မြုပ်နေသလို ဖြစ်သွားသည်။ သဲနှုန်းအောက်တွင် သူ့ကိုဆွဲချနေတဲ့ တစ်ခုခုရှိနေသလို ကျန်းယီမင်ခံစားလိုက်ရသည်။

“နှုန်းထဲမှာ မြွေတွေ”

ကျန်းယီမင် စောစောတုန်းက ဆူးတွေကို ခုခံရာတွင် အားကုန်သုံးလိုက်ရသည်။ မြွေတချို့က သူ့ခြေထောက်အောက်က မြေကြီးထဲမှနေ ဖောက်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်လိုက်ကြသည်။ တကယ်လို့သာ ဒီအတိုင်းဆက်ဖြစ်နေရင် သဲနှုန်းကြီးထဲ လုံးဝဆွဲချမခံရခင်ထိ ကျန်းယီမင် အကြာကြီး တောင့်မခံထားနိုင်တော့ပေ။

‘ငါ ဒီနေရာမှာပဲ သေရတော့မှာလား။’

ထိုအချိန်တွင် မိစ္ဆာချီစွမ်းအင်လှိုင်းတစ်ခုက ကျန်းယီမင်ရဲ့ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာပြီး မရေမတွက်နိုင်တဲ့ မြွေတွေကို ချက်ချင်းပင် သတ်ဖြတ်ပစ်လိုက်သည်။

“ဘာ...”

စီမာကျန်းသည် သူသေချာပေါက်နိုင်ပြီလို့ အစက သူထင်ထားခဲ့သော်လည်း အခုချိန်မှာ သူ့ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ပေါ်လာတဲ့ အရှိန်အဝါကြောင့် သူ့မျက်နှာတွင် ထိတ်လန့်မှုများနဲ့ ပြည့်နှက်သွားသည်။ ထိုချီစွမ်းအင်လှိုင်းသည် စိတ်ဝိညာဉ်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့ ရောနှောနေပြီး သူဆင့်ခေါ်ထားသော စည်းတံဆိပ်များကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။ ကံကောင်းထောက်မစွာနဲ့ သူ့အစီအရင်က တည်ရှိနေတုန်း ဖြစ်သည်။

တဖက်လူက သူ့ရဲ့ရှောင်ယီအစီအရင် ကို မဖျက်ဆီးနိုင်သရွေ့၊ မွေးဖွားခြင်းအဆင့်အလယ်အလတ်အဆင့်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ သူ့အတွေ့အကြုံဖြင့် ကျန်းယီမင်ကို အစီအရင်ထဲမှာ ပိတ်လှောင်ပြီး သတ်ဖြတ်ရန်မှာ ပြဿနာမရှိနိုင်ပေ။

စီမာကျန်းသည် လက်ဖြင့် လက်ဟန်တစ်ခုကို ပုံဖော်လိုက်ရာ သူထိန်းချုပ်ထားတဲ့ အလံများက အရေအတွက် ပ်ုတိုးပွားလာပြီး နေရာအနှံ့ကို အဆက်မပြတ် ပြောင်းလဲနေကြသည်။ ခဏတွင်းမှာပဲ သဲဝါများက ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားပြီး သဲနှင့်ဖုန်မှုန့်များက နေရာအနှံ့ကို လွင့်ပျံလာကြသည်။

စီမာကျန်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ထိန်းချုပ်မှုသည် ပြီးပြည့်စုံသောအထွတ်အထိပ်ကို ရောက်နေပြီလို့ ဆိုနိုင်သည်။ အလံများ ရွှေ့ပြောင်းသွားသည်နှင့်အမျှ အစီအရင်အတွင်းတွင် သားရဲကောင်ကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

“ချီစွမ်းအင်က အသိစိတ်အဖြစ်၊ ကျောက်တုံးက ခန္ဓာကိုယ်အဖြစ်၊ ခွန်အားက လက်သည်းအဖြစ်။ သူ့အသက်ကို နုတ်လိုက်၊ သွားကြစမ်း”

အစီအရင်သည် စတင်ဖွဲ့စည်းပြီး စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးဖို့ အလွယ်ကူဆုံး ဖြစ်သည်။ အစီအရင် ပြီးမြောက်သွားသည်နှင့် တပြိုင်နက် ကောင်းကင်နှင့်မြေကြီးရဲ့ စွမ်းအင်များက အစီအရင်ထဲကို ပေါင်းစပ်သွားပြီး ပိုလို့ စွမ်းအားကြီးလာသည်။

သူ့အမြင်အရဆို ကျန်းယီမင်သည် တန်ပြန်ဒဏ်ကို ခံစားနေရပြီး အစီအရင်ကို မဖျက်ဆီးနိုင်ဘဲ ဖြစ်နေသည်။ သူအတွက် အားအင်အပြည့်နဲ့ မောပန်းနွမ်းနယ်နေတဲ့ ရန်သူကို တိုက်ခိုက်ဖို့မှာ လယ်ကူလွန်းနေသည်။

‘ကျန်းယီမင်က အရိုးစုထဲကနေ မိစ္ဆာချီစွမ်းအင်ကို စုပ်ယူနိုင်ခဲ့ရင်ရော ဘာဖြစ်သလဲ။’

သားရဲကောင်ကြီးများက ကျန်းယီမင်ရဲ့ မျက်စိရှေ့မှာတွင် တဖြေးဖြေး ပုံပေါ်လာနေသည်။ ရှ့တွင် ကျားရဲတစ်ကောင်၊ မြွေရှည်ကြီးတစ်ကောင်က မြေပြင်ပေါ်မှာ၊ နဂါးတစ်ကောင်က ကောင်းကင်ယံတွင်၊ ဝံပုလွေအုပ်တစ်အုပ်က နောက်ကျောဘက်မှ သူ့ကိုအဖက်ဖက်က ဝန်းရံထားကြသည်။

စီမာကျန်းရဲ့ ကျင့်ကြံမှုသည် အစကတည်းက သူ့ထက် များစွာ သာလွန်သည်။ မခု သူက မွေးဖွားခြင်းအဆင့်ကို ရောက်ရှိနေပေမယ့် ထိုအဖိုးကြီးသည် သူ့ကိုမညှာတာဘဲ သတ်ဖြတ်ဖို့ ဝန်မလေးနေပေ။

စီမာကျန်းရဲ့ လှုပ်ရှားမှုတိုင်းသည် သေစေနိုင်လောက်တဲ့ တိုက်ကွက်များဖြစ်ပြီး ကျန်းယီမင်ကို အခြေအနေဆိုးဆီကို တွန်းပို့ရန် ရည်ရွယ်ထားပုံရသည်။ ယခုအခါ ကျန်းယီမင်က နောက်ဆုံးအကြိမ် ကြိုးစားကြည့်ရန်မှလွဲပြီး သူ့မှာ အခြားနည်းလမ်း မရှိတော့ပေ။ ကျန်းယီမင်သည် အင်္ကျီလက်စကို တစ်ချက်ခါလိုက်ရာ နောက်ထပ်ဟွမ်ယွမ်ဆေးလုံး တစ်လုံးက သူ့လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။

ဒီဆေးလုံးသည် စိတ်ဝိညာဉ်စွမ်းအင်ကို အလွန်အကျွံ ကုန်ဆုံးစေပြီး ခွန်အားကို ခေတ္တခဏသာ မြှင့်တင်ပေးရန် ထုတ်ထားခြင်းသာ ဖြစ်သည်။ ဒီလိုတိုတောင်းတဲ့ အချိန်ကာလအတွင်း နှစ်ကြိမ်ဆက်တိုက် သောက်လိုက်ပါက သူ့အနာဂတ်မှာ ကျင့်ကြံမှုအပေါ် ဘယ်လိုကြီးမားတဲ့ သက်ရောက်မှု ရှိလာမယ်ကို ဘယ်သူမှသိနိုင်ပေ။

သို့သော်လည်း အကယ်၍ သူသာဒီအကြပ်အတည်းမှနေ အမြန်ဆုံး မလွတ်မြောက်နိုင်ခဲ့ရင် အနာဂတ်ဆိုပြီး ရှိလာတော့မည် မဟုတ်ပေ။ ကျန်းယီမင်က အံကြိတ်ပြီး ဟွမ်ယွမ်ဆေးလုံးကို မျိုချလိုက်သည်။ သူ့ကိုယ်ထဲတွင် နဂိုထဲက ယောက်ယက်ခတ်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်များက နောက်တစ်ကြိမ် လှုံ့ဆော်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်အနှံ့မှ လျှံကျလာလိုက်သည်။

စီမာကျန်းက မွေးဖွားခြင်းအလယ်အလတ်အဆင့်တွင်ရှိသည်။ သူ့ကျင့်ကြံမှုနှင့် ခွန်အားမြင့်တက်လာလျှင်ပင် ပျက်စီးခြင်း လက်ချောင်း သို့မဟုတ် ပျက်သုဥ်းခြင်းလပ်ဝါးတို့နဲ့ ဒီအစီအရင်မှ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ချက်မရှိပေ။ သူ့မျှော်လင့်ချက်အားလုံးကို ပျက်သုဥ်းခြင်းဗုဒ္ဓအပေါ်တွင်သာ ပုံအောထားလိုက်ရသည်။

ကျန်းယီမင်က မျက်လုံးများကို တင်းတင်းမှိတ်ထားလိုက်ပြီး နားလည်ရခက်ခဲတဲ့ မန္တန်များကို ရွတ်ဆိုလိုက်သည်။ အစပိုင်းတွင် ဆူညံပြီး ကြောက်စရာ အစီအရင်သည် အခုအချိန်တွင် ရုတ်တရက် တိတ်ဆိတ်သွားပြီး ရပ်တန့်သွားလိုက်သည်။

“ဘာဖြစ်ငွားတာလဲ။ ကျန်းယီမင်များ သေသွားလို့ အစီအရင်က ရပ်သွားတာများလား။”

သို့သော် ကျန်းယီမင်သည် မွေးဖွားခြင်းအဆင့်ကို အခုမှ အသစ်ရောက်ထားတဲ့ ကျင့်ကြံရှင်တစ်ဦး ဖြစ်သည်။

“ဒီလို အဆင့်တစ်ယောက်က တကယ်ပဲ ဘာမှမလုပ်နိုင်တော့ပဲ သေသွားတာလား”

စီမာကျန်းက ဇဝေဇဝါ ဖြစ်သွားသည်။ အစီအရင်ထဲမှ အခြေအနေကို စောင့်ကြည့်ရန် အလံကို မျက်လုံးအဖြစ် အသုံးပြုလိုက်သည်။ သူဖန်တီးထားတဲ့ သားရဲကောင်ကြီးများက အစီအရင်ဘေးတွင် ကွေးကွေးလေးဝပ်ကာ တုန်ယင်နေကြတာကိုသာ သူ တွေ့လိုက်ရသည်။ သူတို့က အစီအရင်အတွင်းထဲကို နောက်ထပ် ခြေတစ်လှမ်းပင် မတိုးရဲဖြစ်နေကြသည်။

အစီအရင်ထဲကလူသည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်နေပုံရသည်။ စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေပြီး မိစ္ဆာ ချီစွမ်းအင် သဲ့သဲ့လေးကလည်း ပါဝင်နေသည်။ ကောင်းကင်နှင့် မြေကြီးကြားမှ ဖျက်ဆီးခြင်းစွမ်းအားလှိုင်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုလှိုင်းက တောင်များနှင့်မြစ်များကို ဖြတ်ကျော်ကာ အစီအရင်ကို လျစ်လျူရှုပြီး ထိုလူရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားကြသည်။

ကျန်းယီမင်သည် မျက်လုံးများကို ဖြညးဖြည်းလေး ဖွင့်လိုက်ပြီး စကားလုံးနှစ်လုံးကို ပြောလိုက်သည်။ သူက တိုးတိုးလေးသာ ပြောလိုက်သော်လည်း သူ့အသံက ကောင်းကင်နှင့်မြေကြီးအနှံ့ကို ပဲ့တင်ထပ်သွားသည်။

“ပျက်သုဥ်းခြင်းဗုဒ္ဓ”

ထိုစကားနှင့်အတူအဆုံးမရှိတဲ့ ဖျက်ဆီးခြင်းစွမ်းအားများနဲ့ ချီစွမ်းအင်များက အမှတ်တစ်ခုကနေ ပြန့်ကားထွက်လာသလို ဖြစ်သွားကြသည်။ စီမာကျန်းရဲ့ တစ်ကိုယ်လုံးပင် တုန်ခါသွားသည်။

“မဟန်တော့ဘူးဟ။”

စီမာကျန်းက သူ့အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး အစီအရင် အလံများကို အလျင်အမြန် ပြန်လည်သိမ်းဆည်းလိုက်သည်။ ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခုက ကောင်းကင်နှင့်မြေကြီးကြားတွင် ပျံ့နှံ့လာနေသည်။

All Chapters