← Chapters

ကျန်းယီမင်ရဲ့ လှည့်ကွက်ထဲရောက်သွားတဲ့ သားကောင်

Vol. 5 Ch. 58

ကျန်းယီမင်ရဲ့ လှည့်ကွက်ထဲရောက်သွားတဲ့ သားကောင်

Vol. 5 Ch. 58

"သခင်... ကျွန်တော် ပြောတာကို နားထောင်ပါဦး။ သခင်က စိတ်လောပြီး ကျွန်တော့်ရုပ်ကြွင်းထဲက စိတ်ဝိညာဉ်စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် လောင်းကြေးထပ်ခဲ့တာပါ။ ဒါပေမဲ့ သခင် မသိတဲ့အချက် တစ်ချက်ရှိပါသေးတယ်။ ကျွန်တော့်ရုပ်ကြွင်းထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ကျန်နေသေးတယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုလမ်းစဉ်က လမ်းမှန်မဟုတ်ဘဲ မိစ္ဆာလမ်းစဉ်ဘက်ကို ရောက်သွားခဲ့ပါပြီ။ ဒီနှစ်တွေတစ်လျှောက်လုံး မိစ္ဆာလမ်းစဉ်ကို အားကိုးပြီး ကျွန်တော်စုဆောင်းခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အလွန်သန်မာတာ မှန်ပေမဲ့ အဲ့ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး"

အဖိုးကြီးက ထိုစကားများ ပြောပြီးတဲ့အခါ သူ့ရဲ့ကျိုးနွံတဲ့ အမူအရာပျောက်သွားပြီး မြေခွေးတစ်ကောင်လို ကောက်ကျစ်စဉ်းလဲတဲ့ အမူအရာက အစားထိုးဝင်ရောက်လာခဲ့သည်။

'ထင်တဲ့အတိုင်းပဲ။ ဒီအဖိုးကြီးက ဒီလောက် အလျင်စလို ဆုံးဖြတ်ချက်ချလိုက်ကတည်းက ရည်ရွယ်ချက်ကောင်း မရှိတာ သေချာနေပြီဆိုတာ။'

"ကျွန်တော် အများကြီးပြောနေစရာမလိုပါဘူး။ လောလောဆယ် သခင်က စိတ်ဝိညာဉ်စွမ်းအင်ကို လည်ပတ်ပြီး ကျင့်ကြံနေတာဆိုတော့ ကွာခြားချက်ကို ခံစားမိနေလောက်ပြီလို့ ကျွန်တော်ယုံကြည်ပါတယ်"

ကျန်းယီမင် ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားသည်။ စိတ်ဝိညာဉ်စွမ်းအင်ကို လည်ပတ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များထဲတွင် မသန့်စင်တဲ့ စွမ်းအင်အချို့ ရောနှောနေတာကို သူအမှန်တကယ် ခံစားလိုက်ရသည်။ အကယ်၍ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ မသန့်စင်ပါက ထိုသူအနေဖြင့် အနာဂါတ်လမ်းကျင့်ကြံရာမှာ ချောမွေ့ဖို့ဆိုတာ ခက်ခဲပေလိမ့်မည်။ ဆက်ကျင့်ကြံအားထုတ်နိုင်တယ်ဆိုလျှင်ကိုပင် ကောင်းကင်ဘုံကပ်ဘေးများကို ကျော်လွန်ပြီး နတ်ဘုရားအဖြစ် တက်လှမ်းမယ့်လမ်းကို ရောက်ဖို့ဆိုတာ ခက်ခဲသွားလိမ့်မည်။

"သခင်... စိုးရိမ်စရာ မလိုပါဘူး။ 'စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်'က ကျင့်ကြံရတာ မခက်ပေမဲ့ ဒီကမ္ဘာမှာတော့ ကျင့်စဥ်အရေအတွက် နည်းပါတယ်။ ပြဿနာကိုဖန်တီးလိုက်သူကပဲ ပြဿနာကို ပြန်ဖြေရှင်းပေးသင့်တာပေါ့။ တိုက်ဆိုင်စွာနဲ့ပဲ ကျွန်တော်က ဒီလျှို့ဝှက်ကျင့်စဉ်အကြောင်း နည်းနည်းပါးပါး သိထားပါတယ်"

ကျန်းယီမင်ရဲ့ မျက်နှာသည် ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်သည်။ သူက စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်ကို လိုအပ်နေသော်လည်း ဒီလူရှေ့မှာတော့ မိမိရဲ့ အားနည်းချက်ကို ထုတ်မပြမိစေရန် သတိထားရမည်။

"စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်က ရှားပါးတယ်ဆိုပေမဲ့ ဒီနေ့အတွက်တော့ မင်းကံဆိုးတာပဲ။ အဲ့ဒီကျင့်စဉ်ကို ထုတ်ပြစမ်းပါဦး။ မင်းရဲ့နည်းစနစ်က ပိုကောင်းလား၊ ငါ့မိသားစုပိုင်တဲ့ နည်းစနစ်က ပိုကောင်းလားဆိုတာ ယှဉ်ကြည့်ကြတာပေါ့"

ကျန်းယီမင်က အထင်သေးဟန်ဆောင်ပြီး ပြောလိုက်သည်။ ဇာတ်လမ်းက ဒီအထိ ရောက်နေမှတော့ သူက မီးလောင်ရာလေပင့် လုပ်လိုက်ပြီး တဖက်လူကို စဉ်းစားချိန် လုံးဝပေးလို့မဖြစ်ပေ။ ထို့နောက် ကျန်းယီမင်က ဆက်ပြောလိုက်သည်။

"ကောင်းပြီလေ။ ဒါက မင်းရဲ့နောက်ဆုံးဝှက်ဖဲဖြစ်လောက်တယ်။ မင်းက ဘယ်လိုလုပ်အလွယ်တကူနဲ့ လက်လွှဲပေးပါ့မလဲ။ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ကြည့်ရတာ... မင်းကို ငါဆက်ပြီး အသက်ရှင်ခွင့်ပေးစရာ မလိုတော့ဘူးထင်တယ်။ အဲ့ဒီတော့ အခုပဲ မင်းကိုသန့်စင်ပစ်ပြီး မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်တာက ပိုမကောင်းဘူးလား"

ထိုသို့ပြောပြီးတာနှင့် ကျန်းယီမင်က သူ့စိတ်နဲ့ထိန်းချုပ်လိုက်ရာ အဆုံးအစမရှိတဲ့ ကံကြမ္မာမီးလျှံများက အဖိုးကြီးရဲ့ခန္ဓာကိုယ်ပေါ်တွင် တစ်ဖန်ပြန် တောက်လောင်လာခဲ့သည်။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... မလုပ်ပါနဲ့။ အနည်းဆုံးတော့ ကျွန်တော့်ကျင့်စဥ်လေးကို ကြည့်ကြည့်ပါဦးဗျ။ အစတုန်းက ဒီစွမ်းအင်သန့်စင်ခြင်းကျင့်စဉ်ကို ကျွန်တော်ကိုယ်တိုင် သုံးဖို့သိမ်းထားခဲ့တာပါ။ သခင်ကို လိမ်ညာရဲပါ့မလား"

အဖိုးကြီးရဲ့ဝိညာဉ်က ကံကြမ္မာမီးလျှံများအကြားတွင် အော်ဟစ်ငိုယိုနေသည်။ သာမန်မီးတောက်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုနဲ့ ဝိညာဉ်ကို တိုက်ရိုက်လောင်ကျွမ်းစေတဲ့ မီးတောက်ကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနှင့် ဘယ်လိုလုပ် နှိုင်းယှဥ်လို့ရနိုင်ပါ့မလဲ။ သူ့ရှေ့မှ လူငယ်လေးသည် လွန်ခဲ့သောအချိန်လေးကပဲ အခြေတည်စိတ်ဝိညာဥ်အဆင့်တွင်သာ ရှိသေးသည်။ သို့သော် အခုချိန်မှာတော့ သူ့ပုန်းနေတဲ့နေရာကို ရှာတွေ့ရှိရုံသာမက သူဖန်တီးထားတဲ့ ပုစ္ဆာကိုပါ အဖြေရှာနိုင်ခဲ့ပြီး သူဖန်တီးထားတဲ့ ကမ္ဘာထဲထိမှာပါ သူ့ကိုအနိုင်ယူနိုင်ခဲ့သည်။ ဒီလူငယ်ရဲ့ နောက်ကွယ်က အင်အားစုကို သူဘယ်လိုမှ မခန့်မှန်းနိုင်ပေ။ ရှားပါးတဲ့ ကျင့်စဉ်တစ်ခုကို သူပိုင်ဆိုင်ထားသည်ဆိုသည်မှာလည်း မဖြစ်နိုင်သည့်ကိစ္စတစ်ခု မဟုတ်ပေ။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့တော့။ သခင်... ကျေးဇူးပြုပြီး သနားညှာတာပေးပါ"

"ဟူး... မင်းပေးခဲ့တဲ့ရတနာတွေက တော်တော်လေး အဆင့်နိမ့်တာပဲ။ ဒါပေမဲ့ ငါကသွေးအေးရက်စက်တဲ့လူ မဟုတ်ပါဘူးကွ။ မင်းကပြောလာမှတော့ ငါကလည်း တစ်ချက်ကြည့်ကြည့်ရတာပေါ့"

ကျန်းယီမင် ခေါင်းခါလိုက်ပြီး နောင်တရသလို အမူအရာ ပြလိုက်သည်။ ထို့နောက် တဖက်လူက မီးမြိုက်ခံနေရတာကနေ အစွမ်းကုန် အားထုတ်ပြီး ထုတ်ပေးလိုက်တဲ့ စာအုပ်ကို လှမ်းယူလိုက်သည်။

"အင်း... သာမန်ပါပဲ။ ငါ့မိသားစုပိုင် ကျင့်စဥ်လောက်တောင် မကောင်းဘူး။ ရေးသားထားပုံကလည်း ရှုပ်ထွေးနေတာပဲ။ ထားလိုက်ပါတော့၊ မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်တာပဲ ကောင်းပါတယ်"

"ကျွန်တော် ဒီကျင့်စဉ်ကို နှစ်အတော်ကြာ သေချာလေ့လာခဲ့တာမို့လို့ ကျင့်စဥ်နားလည်မှုက အတော်အတန် ရှိတယ်လို့ ပြောလို့ရပါတယ်။ သခင်... ကျွန်တော့်မှာ သခင်မသိအောင် ဖုံးကွယ်ထားတာတွေ ရှိသေးတယ်လို့ ထင်နေတာလားဗျာ။ ကျွန်တော် မလုပ်ရဲပါဘူး။ စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်အပြည့်အစုံကို ကျွန်တော်ပေးလိုက်ပါပြီ။ သခင့် မိသားစုပိုင် ကျင့်စဉ်က ဘယ်လောက် သန်မာသလဲဆိုတာ ကျွန်တော်မသိပေမဲ့၊ ကျွန်တော့်ကို အရှင်ထားထားမယ်ဆိုရင် အကြံဉာဏ်တချို့တော့ ပေးနိုင်ပါသေးတယ် မဟုတ်ဘူးလားဗျ"

အဖိုးကြီးရဲ့ မျက်နှာတွင် မျှော်လင့်ချက်ကုန်ဆုံးနေတဲ့ အရိပ်အယောင်များ ထွက်ပေါ်နေသည်။ အကယ်၍ ကံကြမ္မာမီးလျှံများသာ ထပ်တောက်လောင်လာပါက သူပြာအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပေတော့မည်။ ကျန်းယီမင်က ကျင့်စဉ်ကို အကြမ်းဖျင်း ဖတ်ရှုလိုက်ရာ စွမ်းအင်သန့်စင်ခြင်းကျင့်စဉ်အကြောင်း အသေးစိတ် ဖော်ပြထားတာကို တွေ့လိုက်ရသည်။ နောက်ထပ်ထုတ်မပြရသေးတဲ့ ရတနာတေ့ ဘယ်ေလာက်ကျန်နေဦးမလဲဆိုတာ တွေးမိရင်း ဒီမြေခွေးအိုကြီးကို သူ အံ့သြချီးကျူးမိသွားသည်။ သူ့ကို ဂိုဏ်းက်ုပြန်ခေါ်သွားပြီး အစေခံအဖြစ် ခိုင်းလိုက်တာက မကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ပေ။

"ကျစ်... မင်းက ငါ့ကိုကူညီခဲ့တာကို ထောက်ထားပြီး နောက်ထပ် ရက်နည်းနည်းလောက် အသက်ရှင်ခွင့်ပေးလိုက်မယ်။ ကံကြမ္မာမီးတောက်က အရမ်းရက်စက်လွန်းတယ်၊ မသုံးတာ ပိုကောင်းပါတယ်လေ"

ကျန်းယီမင်က သူဘာမှဂရုမစိုက်သလို နောက်တစ်ကြိမ် ဟန်ဆောင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်။ သခင်ရဲ့ ကြီးမားတဲ့ ကြင်နာမုအတွက် ကျေးဇူးတင်ပါတယ်။ သခင်လေးရဲ့ကျေးဇူးကို ဆပ်ဖို့ဆိုတာ တခြားနည်းလမ်းမရှိတဲ့အတွက် သခင်လေးကို အကောင်းဆုံးကူညီပေးပါ့မယ်"

"ဒါဆိုရင် အခုထောင်ထဲကို အမြန်ပြန်ဝင်လိုက်တော့။ ငါခွင့်ပြုချက်မရဘဲ ငါ့မျက်စိရှေ့မှာ ထွက်မလာခဲ့နဲ့"

ကျန်းယီမင် စကားဆုံးသွားတာနဲ့တပြိုင်နက် ထိုလူက ချီစွမ်းအင်အဖြစ် ပြောင်းလဲခံရပြီး ထောင်ထဲကို အတင်းအပို့ခံလိုက်ရသည်။

'ဟက်... အဖိုးကြီးရဲ့အသက်နဲ့ သေခြင်းတရားကို ထိန်းချုပ်ထားနိုင်ရုံတာမဟုတ်ဘဲ... ထောင်ထဲ ဝင်ထွက်ခွင့်ကိုပါ သူထိန်းချုပ်ထားနိုင်တာကိုး စိတ်ဝင်စားစရာပဲ။'

သူ့ကိုယ်တိုင် သန့်စင်ထားတဲ့ ဆေးလုံးရဲ့ အကူအညီနဲ့ သူ့ခွန်အားတော်တော်များများက ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်များမှာ မသန့်စင်သေးပေမယ့် သူ့ကျင့်ကြံမှုအဆင့်သည် မွေးဖွားခြင်းအဆင့်ကို ရောက်သွားခဲ့သည်။ အခြေတည်စိတ်ဝိညာဥ်အလယ်အလတ်အဆင့်ကနေ မွေးဖွားခြင်းအဆင့်ကို တိုက်ရိုက် ခုန်တက်သွားခြင်းက တာအိုကျင့်စဉ်ရဲ့ လည်ပတ်ပုံ နိယာမများနှင့် အမှန်တကယ်ကို ကိုက်ညီမှု မရှိပေ။ သူ့အနေနဲ့ မွေးဖွားခြင်းအဆင့်ရဲ့ မူလစိတ်ဝိညာဉ်ကို ဖန်တီးဖို့ အချိန်မရသေးခြင်းသာ ဖြစ်သည်။

'ဒီကိစ္စတွေကို ဂိုဏ်းပြန်ရောက်မှပဲ ဆက်လုပ်ရတော့မယ်။'

........

နောက်တစ်နေ့နံနက်ခင်း လင်းယွင်ဂိုဏ်းထဲ၌...

တပည့်များရဲ့ အံ့သြတကြီး အကြည့်အောက်မှာပဲ ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ဆင်းသက်လာလိုက်သည်။

"ဆရာ? ခရီးထွက်မယ်လို့ ပြောထားတယ် မဟုတ်လား။ တစ်ရက်ပဲရှိသေးတယ်... အခုပြန်ရောက်လာပြီ..."

တပည့်များထဲတွင် ကျင့်ကြံမှုအမြင့်ဆုံးဖြစ်တဲ့ ဂူလင်းဖေးက အံ့သြတကြီး ရေရွတ်လိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ ဆရာ။ ဆရာ က..."

ဟွမ်းချောင်ယုက ကျင့်ကြံနေတဲ့ အနေအထားကနေ ရုတ်တရက် မတ်တတ်ထရပ်ရင်း ပြောလိုက်သည်။ ကျန်းယီမင်က သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်ပြီး ဘယ်သူကမှ သူ့စွမ်းအားအစစ်အမှန်ကို မမြင်နိုင်ကြပေ။ သို့သော် ဒီတစ်ခါ သူအစီအရင်အတွင်းထဲကို ရောက်လာတဲ့အချိန်တွင် ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်သည် သိသိသာသာ အားကောင်းလာခဲ့ပြန်သည်။

'သူတို့ဆရာက တစ်ရက်ပဲ အပြင်ထွက်သွားလိုက်တာ။ သူ့အဆင့်က ထပ်တက်သွားပြန်ပြီ။'

"ရှောင်ယုကတော့ ထုံးစံအတိုင်း အကင်းပါးဆုံးပဲ။ ငါ့ပါးစပ်မဟရသေးခင်မှာတင် တစ်ခုခုကို သိနေပြီပေါ့"ဟု ပြောကာ ကျန်းယီမင် ပြုံးလိုက်သည်။

"ဆရာ! ဆရာ့ ရဲ့လက်ရှိကျင့်ကြံမှုအဆင့်က အခြေတည်စိတ်ဝိညာဥ်အဆင့် အလယ်အလတ်... မဟုတ်ဘူး... နှောင်းပိုင်းကို ရောက်သွားပြီလား"ဟု ယဲ့ယွမ်ဖန် က ထိတ်လန့်တကြားမေးလိုက်သည်။

'ဒီလူက သူတို့ဆရာဆိုပေမဲ့ ဒါကြီးက နည်းနည်းတော့ မများလွန်းဘူးလား။'

"ဟေ့ကောင်လေးတွေ... မင်းတို့ဆရာကို ဘာလို့ ဒီလောက်တောင် အထင်သေးရတာလဲကွ"

ကျန်းယီမင်က အဲ့လိုက်ပြောလိုက်သဖြင့် တပည့်များမှာ ထိတ်လန့်သွားပြီး စကားပင် ဆက်မပြောနိုင်ကြတော့ပေ။

"ငါ နောက်ထပ်ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံဦးမယ်။ ငါက မွေးဖွားခြင်းအဆင့်ကို အခုမှ ရောက်တာဆိုတော့ အုတ်မြစ်က သိပ်မခိုင်မာသေးဘူး"

'မွေး... မွေးဖွားခြင်းအဆင့်?!'

ထိုအဆင့်မှာဆိုရင် တိုက်ခိုက်ခြင်းရော ကာကွယ်ခြင်းက်ုပါ လုပ်နိုင်တဲ့ မူလစိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။ သဘာဝတရားကို ကျော်လွန်တဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လုနီးပါးပင်ဖြစ်သည်။ အခြေတည်စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေတောင်မှ မွေးဖွားခြင်းအဆင့်ကို ရောက်ဖို့အတွက် နှစ်ပေါင်း ဆယ်ချီ၊ ရာချီပြီး တံခါးပိတ်ကျင့်ကြံခဲ့ရသည်။ ဒါပေမဲ့ သူတို့ဆရာက တစ်ရက်တည်းနဲ့ အဆင့်ချိုးဖျက်သွားသည်။ သူများတွေ နှစ်ပေါင်းတစ်ရာလောက် ကြိုးစားရင်တောင် မအောင်မြင်နိုင်တဲ့ကိစ္စကို သူကအလွယ်တကူနဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။ 'ကြောက်မက်ဖွယ်ကောင်းတယ်' ဆိုတဲ့ စကားလုံးနဲ့သာ သူတို့ဆရာက်ို ဖော်ပြရတော့မည်။

"ငါ ကံကောင်းသွားလို့ပါကွာ။ မင်းတို့လည်း မဆိုးပါဘူးကွ။ ငါ့ကိုကျော်တက်သွားဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတာ"

' ကံကောင်းသွားလို့ဆိုတာကြီးကတော့ တကယ်လွန်ပါတယ်။ ကံကောင်းသွားရုံနဲ့ပဲ အခြေတည်စိတ်ဝိညာဥ်အဆင့်ကနေ မွေးဖွားခြင်းအဆင့်ကို အချိန်တိုလေးမှာပဲ ရောက်သွားတာတဲ့လား။'

"တကယ်ပါပဲ... ဆရာရယ်။ ဆရာ့ရဲ့ လက်ရှိအဆင့်ကို ကြည့်ပါဦး။ ပြီးတော့ ဂိုဏ်းတူမောင်နှမတွေ အကုန်လုံးကလည်း အရှိန်နဲ့ တိုးတက်နေကြတယ်"ဟု ဂူလင်းဖေးက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ ကျင့်စဉ်လေးတစ်ခုကို နားလည်ဖို့ ကြိုးစားနေရတုန်းပဲ။ ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး ဂိုဏ်းကနေ နှင်ထုတ်ခံရဖို့က သိပ်မလိုတော့ဘူးထင်တယ်ဗျာ"

All Chapters