← Chapters

တံခါးပိတ်ကျင့်ကြံခြင်း၊ အဆင့်ချိုးဖြတ်တော့မယ် ဟွမ်ချောင်ယု

Vol. 5 Ch. 62

တံခါးပိတ်ကျင့်ကြံခြင်း၊ အဆင့်ချိုးဖြတ်တော့မယ် ဟွမ်ချောင်ယု

Vol. 5 Ch. 62

ဟောက်ယွင်ဂိုဏ်းနဲ့ တိုက်ပွဲကြီးပြီးဆုံးပြီးနောက် ရက်အေတာ်တန် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျန်းယီမင်က အဖိုးကြီးရဲ့ အကူအညီမပါဘဲ မိစ္ဆာစွမ်းအင်များကို အလွယ်တကူ သန့်စင်နိုင်သည်အထိ စွမ်းအင်သန့်စင်ခြင်းနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်လာပြီးနောက် တံခါးပိတ်ကျင့်ကြံတာကို စလုပ်ခဲ့သည်။

"ဟူး... ကျင့်ကြံတယ်ဆိုတာ လက်တွေ့မှတကယ် ကြိုးစားမှရမှာ။ နည်းနည်းလေးတောင် အပျင်းထူလို့ မဖြစ်ဘူးပဲ"

အချိန်တွေ ဘယ်လောက်ကုန်ဆုံးသွားလဲဆိုတာ မသိဘဲ တံခါးပိတ်ကျင့်ကြံပြီးနောက် သူက မိစ္ဆာစွမ်းအင် ထက်ဝက်ကျော်ကို သန့်စင်ပြီးခဲ့သည်။ မိစ္ဆာစွမ်းအင်အားလုံးကို သန့်စင်ပြီးသွားမှသာ သူ့အနေနဲ့ အုတ်မြစ်ခိုင်မာစေမယ့် နည်းလမ်းကို ဖြည်းဖြည်းချင်း ရှာနိုင်မည်ဖြစ်သည်။ သူ့တပည့်များရဲ့ ကျင့်ကြံခြင်းအခြေအနေ ဘယ်လိုရှိလဲဆိုတာကို သူသိချင်လာမိသည်။ နောက်ဆုံးတော့ သူတစ်ချက် သွားစစ်ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"ဆရာ! ဆရာ နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီပဲ!"

ဂိုဏ်းရဲ့အစီအရင်ထဲကနေ ထွက်ထွက်ချင်းပဲ ဟွမ်းချောင်ယုရဲ့ ဆည်းလည်းသံလေးလို ရယ်မောသံကို သူကြားလိုက်ရသည်။

"ဘာတွေများ ရယ်စရာကောင်းနေလို့လဲ။ ငါ့ကိုလည်း ပြောပါဦး"

သူ တံခါးပိတ်ကျင့်ကြံနေတုန်း သူ့တပည့်များ ဘေးကင်းလုံခြုံခဲ့ပုံရသည်။ ရှန့်ကွမ်းမိသားစုလည်း သူ့ခွန်အားကို ကြောက်ရွံ့သဖြင့် သူ့ဆီကိုလာဖို့ အလျင်မလိုခြင်း ဖြစ်နိုင်သည်။

"ဒါနဲ့... ဒီရက်ပိုင်း တောင်အောက်က ဈေးမှာ ဘာပြဿနာမှ မရှိဘူးမလား"

"အကုန်လုံး ကြားပြီးပါပြီ။ အဲ့ဒီနေ့က ဆရာပြောခဲ့တဲ့ စကားတွေကြောင့် ဘယ်သူကများ မဆင်မခြင် လုပ်ရဲတော့မှာလဲ။ ဆရာ... ဟိုမှာ ကြည့်လိုက်ဦး!"

ကျန်းယီမင်က ခေါင်းမော့လိုက်ကာ ဂိုဏ်းပင်မခန်းမရှေ့က လေ့ကျင့်ရေးကွင်းပြင်သို့ လှမ်းကြည့်လိုက်သည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်နဲ့ ဝန်းရံကာကွယ်ထားတဲ့ လေ့ကျင့်ရေးကွင်းပြင်တွင် လူပုံရိပ်တချို့ ရွေ့လျားသွားလာနေကြသည်။

"အဖိုးကြီး! ငါ့ရဲ့နောက်ထပ် တိုက်ကွက်တစ်ခုကို ခံယူလိုက်စမ်း။ ကောင်းကင်ဖုံးလွှမ်းခြင်း..."

"စီနီယာအကိုကြီး! ကျွန်တော်ကူညီပေးမယ်! နဂါးရိုင်း..."

"သခင်လေးတို့ရဲ့ ခွန်အားတွေ တိုးတက်လာတာက သိပ်မြန်လွန်းတယ်။ ကျွန်တော် မတောင့်ခံနိုင်တော့ဘူး။ ကျေးဇူးပြုပြီး သက်ညှာပေးပါဦး... သခင်လေးတို့ရယ်..."

လေ့ကျင့်ရေးကွင်းပြင်မှာ အပြန်အလှန်လေ့ကျင့်တိုက်ခိုက်နေကြသူများမှာ ဂူလင်းဖေး၊ ယဲ့ယွမ်ဖန် နှင့် သူခေါ်လာခဲ့တဲ့ အဖိုးကြီးတို့ ဖြစ်သည်။ ဂူလင်းဖေးက လေထုထဲက လေဟာနယ်နယ်မြေတစ်ခုကို ထိုးခွဲလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုလေဟာနယ်စွမ်းအားများက အဖိုးကြီးဆီကို ဖိနှိပ်ပြီးဝင်ရောက်သွားခဲ့သည်။

ယဲ့ယွမ်ဖန်ကတော့ သူ့လက်သီးကို နဂါးအသွင်ပြောင်းလဲလိုက်ပြီး အဖိုးကြီးကို ဝန်းရံလိုက်သည်။ အဖိုးကြီးက သူ့လက်ချောင်းလေးကို အနည်းငယ် လှုပ်ယမ်းလိုက်ပြီး သူ့ရှေ့တွင် အစီအရင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

"စုပ်ယူလိုက်စမ်း!"

တပည့်နှစ်ဦးရဲ့ ပေါင်းစပ်တိုက်ခိုက်မှုက အစီအရင်နှင့် ရိုက်ခတ်သွားပြီး ဝါဂွမ်းအိတ်ကို ဝင်တိုက်မိသလို ဖြစ်သွားသည်။ စွမ်းအင်အားလုံးက အတွင်းထဲမှာ စုစည်းသွားကြသည်။ သို့သော် လူအိုကြီးရဲ့ ခန္ဓာကိုယ်က နောက်ကိုမဆုတ်သွားပဲ ရပ်မြဲရပ်ဆဲ ရပ်နေသည်။ သူ့မျက်နှာပေါ်တွင် အသနားခံတဲ့ အမူအရာတစ်ခုသာ ရှိနေသည်။

"ဟွန်း... ကောက်ကျစ်စဥ်းလဲတဲ့ လူအိုကြီး! ဒါပေမယ့် ကျုပ်ရဲ့ကောင်းကင်ဖုံးလွှမ်းခြင်းက ဟန်ပြသက်သက်ပဲဆိုတာ ခင်ဗျား ထင်မထားဘူးမလား" ဂူလင်းဖေး က အော်ဟစ်လိုက်သည်။

"ကျုပ်ရဲ့ သွေးတိမ်တိုက်ဟိန်းသံကမှ တကယ့်အဓိက တိုက်ကွက်အစစ်ပဲ!"

"သွားစမ်း"

ထိုသို့ပြောပြီးနောက် ဂူလင်းဖေးရဲ့ ခန္ဓာကိုယ်အတွင်းကနေ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး အဖိုးကြီးက ခြေမထိန်းနိုင်တော့ဘဲ ယိုင်နဲ့လဲကျသွားသည်။

ဘုန်း...!

"အိုင်းယိုး...အမယ်လေး... တော်လိုက်တာ၊။ မျိုးဆက်သစ်လူငယ်တွေက ငါ့ထက်တောင် ပိုသန်မာကြပါပေတယ်... တကယ်ကိုပဲဗျာ"

စိတ်ဝိညာဥ်စွမ်းအင်နဲ့ ဖွဲ့စည်းထားတဲ့ အဖိုးကြီးက ကြမ်းပြင်ပေါ်ကနေ သနားစဖွယ်ပုံစံဖြင့် ကုန်းရုန်းထလာပြီး လက်မြှောက်လိုက်ကာ ဦးညွှတ်လိုက်သည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းယီမင်က ရယ်မောလိုက်မိသည်။ ဒီအဖိုးကြီးက အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိသည်။ သူ့တပည့်များထက် အနည်းငယ်မဆိုသာလောက်တဲ့ ခွန်အားကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။ ထိုနည်းအားဖြင့် သူ့တပည့်များ ထိခိုက်ဒဏ်ရာမရဘဲ လေ့ကျင့်နိုင်သွားသည်။

"စီနီယာအကိုကြီးတို့! အဖိုးလင်းကို အနိုင်ကျင့်နေကြပြန်ပြီလား။ မနေ့ကပဲ အကိုတို့နှစ်ယောက် ဖျက်ဆီးထားတဲ့နေရာကိုရော ပြန်ပြင်ပြီးကြပြီလား" ဟွမ်းချောင်ယုက ပြုံးပြီး လှမ်းအော်လိုက်သည်။

"ဒီနေ့လည်း ဒီစီထားတဲ့အုတ်ခဲတွေကို ထပ်ဖျက်ဆီးလိုက်ပြန်ပြီ။ ဆရာတံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာရင် အကိုတို့နှစ်ယောက် ဘယ်လိုဖြေရှင်းချက်ပေးမလဲဆိုတာ ညီမသိချင်စမ်းပါဘိ!"

"ကျုပ်လုပ်လိုက်ပါ့မယ်! ကျုပ်လုပ်လိုက်ပါ့မယ်! ဒီလိုအောက်ခြေသိမ်းကိစ္စလေးအတွက် သခင်လေးနှစ်ယောက်ကို ဘယ်လိုလုပ် ဒုက္ခပေးရက်မှာလဲ။ ကျုပ်လုပ်လိုက်ပါမယ်၊ ကျုပ်လုပ်လိုက်ပါမယ်!"

ကျန်းယီမင် ပြန်ခေါ်လာခဲ့တဲ့ အဖိုးကြီးကို အခုအခါ တပည့်များက အဖိုးလင်းလို့ ခေါ်နေကြပြီ ဖြစ်သည်။

"ဘေးဖယ်နေစမ်းပါဗျာ! ယောက်ျားကောင်းဆိုတာ ကိုယ့်လုပ်ရပ် ကိုယ်တာဝန်ယူရတယ်! ဒါကြောင့် ကျုပ်တို့ဖျက်ဆီးထားတာတွေကို ကျုပ်တို့ဘာသာပဲ ပြန်တာဝန်ယူရမှာပေါ့! ခင်ဗျားလုပ်စရာရှိတာ သွားလုပ်စမ်းပါ!" အဖိုးကြီးက သန့်ရှင်းရေးလုပ်ဖို့ ခါးကုန်းလိုက်နေတုန်းပဲ ဂူလင်းဖေးက သူ့ကိုတွဲထူပေးလိုက်သည်။

"ဒီလိုတာဝန်မဲ့တဲ့အပြုအမူမျိုး သတင်းပျံ့သွားရင် ငါ့ဆရာရဲ့ ဂုဏ်သိက္ခာကျဆင်းကုန်မှာပေါ့။ ဒါတွေကို ငါတို့ဘာသာ ရှင်းရမယ့် တာဝန်ရှိတယ်"

ယဲ့ယွမ်ဖန်ကလည်း နေရာအနှံ့ ပြန့်ကျဲနေတဲ့ ကျောက်ခဲများ အုတ်ကျိုးပဲ့များကို ကောက်ယူလိုက်ပြီး ပျက်စီးသွားတဲ့နေရာတွေကို ပြန်ပြုပြင်ရန် ပြင်ဆင်နေသည်။

"မဆိုးဘူး။ မဆိုးဘူး။ ငါ့တပည့်ကျော်တွေက ဒီလိုစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း နားလည်ထားကြတော့ ငါစကားအများကြီး ပြောနေစရာမလိုတော့ဘူးပဲ"

ကျန်းယီမင်က အားရပါးရ ရယ်မောလိုက်ပြီး လေ့ကျင့်ရေးကွင်းပြင်ထဲကို ခုန်ဆင်းလိုက်သည်။

သူက သူ့တပည့်နှစ်ယောက်ရဲ့ ပခုံးများကို ပုတ်လိုက်သည်။

"ကျွန်တော် အနိုင်ကျင့်နေတာ မဟုတ်ဘူးနော်။ သခင်လေးနှစ်ယောက်က တကယ်ကို ခေါင်းမာလွန်းလို့ပါ။ သခင်... ကျေးဇူးပြုပြီး..." လူအိုကြီးက ကျန်းယီမင်ကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ။ တကယ်လို့ မင်းသာငါ့ဂိုဏ်းထဲမှာ ဒီလိုတာဝန်မဲ့တဲ့ကိစ္စတွေ ကြီးထွားလာအောင် အားပေးအားမြှောက်ပြုခဲ့မယ်ဆိုရင်တော့ ငါမင်းကို အပြစ်တင်မိမှာ သေချာတယ်" ကျန်းယီမင်က လက်ဝှေ့ယမ်းပြလိုက်ပြီး အဖိုးကြီးကို ထွက်သွားရန် အချက်ပြလိုက်သည်။

"မင်းတို့ရဲ့ ကျင့်ကြံတာ ဘယ်အခြေအနေထိ တိုးတက်လာလဲဆိုတာ ငါသိချင်တယ်"

"ဆရာ... တပည့် သိပ်မကြာခင် အဆင့်တက်တော့မလို ခံစားနေရတယ်။ ဒါပေမယ့် တပည့် အလျင်စလို မလုပ်ရဲဘူး။ ကျေးဇူးပြုပြီး တပည့်ကို ကြည့်ပေးပါဦး"

ဟွမ်းချောင်ယုက လေ့ကျင့်ရေးကွင်းထဲကို ဝင်လာပြီး သူမရဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ထိုမျှလောက် စိတ်ဝိညာဥ်စွမ်းအင်များ ပိုင်ဆိုင်ထားတာကို ကြည့်ခြင်းအားဖြင့် ဟွမ်းချောင်ယုသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်တော့မယ် လိုအပ်ချက်များ ပြည့်နေတယ်ဆိုတာ သေချာသည်။

"ဝိုး....။ ညီမလေး၊ ဒီရက်ပိုင်း မင်းဘာလို့ လေ့ကျင့်ရေးကွင်းဘက်လာပြီး မလေ့ကျင့်တာလဲလို့ ငါစဉ်းစားနေခဲ့တာ။ မင်းနေမကောင်းဘူးလို့တောင် ငါထင်နေတာ" ဂူလင်းဖေးရဲ့ မျက်နှာပေါ်တွင် အံ့သြမှင်သက်သွားတဲ့ အမူအရာများနဲ့ ပြည့်နှက်သွားသည်။

"ငါလည်း အဲ့ဒီလိုပဲထင်နေတာ။ ကြည့်ရတာ မင်းလည်း တိတ်တိတ်လေး တံခါးပိတ်ကျင့်ကြံပြီး တစ်ချက်တည်းနဲ့ လူတိုင်းအံ့အားသင့်သွားအောင် ပြင်ဆင်နေခဲ့တာကိုး။ အကိုတို့တော့ မင်းလောက် မတော်ဘူးလို့ ခံစားနေရပြီ" ယဲ့ယွမ်ဖန်ကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။

"ဟွန်း... အကိုကြီးတို့တွေ၊ ညီမကို အဲ့လိုတွေ လာစစရာမလိုပါဘူးနော်။ ညီမအထင်သာ မမှားဘူးဆိုရင် အကို့ရဲ့ ကျင့်ကြံတာတိုးတက်နှုန်းက ညီမထက်တောင် ပိုမြန်နေဦးမှာပါနော်။" ဟွမ်းချောင်ယုက နှုတ်ခမ်းစူကာ ပြန်လည်ချေပလိုက်သည်။

ထိုအခြေအနေကို ကြည့်ရင်း ကျန်းယီမင်တစ်ယောက် အောင့်မထားနိုင်တော့ဘဲ အားရပါးရ ရယ်မောလိုက်မိသည်။

'ကောင်းတယ်...။ကောင်းတယ်...။ လင်းယွင်ဂိုဏ်းက တကယ့်ကို ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒီတပည့်တွေရဲ့ အကူအညီနဲ့ဆိုရင် လင်းယွင်ဂိုဏ်း အတိတ်တုန်းက နာမည်သတင်းကို ပြန်အရယူဖို့အတွက် ဘာပူပန်စရာ လိုနေဦးမှာလဲ။'

"ကျန်တဲ့လူတွေ အရင်ပြန်နှင့်လိုက်ကြ။ ငါ ဟွမ်းချောင်ယုအဆင့်တက်ဖို့ ကူညီပေးလိုက်ဦးမယ်။"

"ဟုတ်ကဲ့ ဆရာ"

ဟွမ်းချောင်ယုကလွဲပြီး ကျန်တဲ့တပည့်နှစ်ဦး ထွက်သွားကြရာ လေ့ကျင့်ရေးကွင်းပြင်မှာ ကျန်းယီမင်နှင့် ဟွမ်းချောင်ယုသာ ကျန်ခဲ့သည်။ ကျင့်ကြံခြင်းကို အထောက်အကူပြုပေးတဲ့ စိတ်ဝိညာဥ်စုဆောင်းခြင်း အစီအရင်အတွင်းထဲမှာ ကျင့်ကြံသူဦးရေနည်းလေလေ၊ အစီအရင်ရဲ့ ပံ့ပိုးပေးနိုင်မှုအာနိသင်က ပိုမိုထူးခြားကောင်းမွန်လေလေ ဖြစ်သည်။

"ရှောင်ယု... မင်းရဲ့ လက်ရှိကျင့်ကြံခြင်း အခြေအနေနဲ့ဆိုရင် ငါကမင်းကို သိပ်ပြီးကူညီပေးနိုင်မှာ မဟုတ်ဘူး"

ဟွမ်းချောင်ယု ခန္ဓာကိုယ်အတွင်းထဲက များပြားလှတဲ့ စိတ်ဝိညာဥ်စွမ်းအင်များကို အာရုံခံမိပြီးနောက် ကျန်းယီမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အာရုံမလွင့်စေနဲ့။ ကောင်းကင်နဲ့ မြေကြီးကြားက တိမ်တိုက်နဲ့ မိုးရေစက်တွေရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို မင်းရဲ့ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်။ ပြီးရင် ငါသင်ပေးထားတဲ့ ကျင့်ကြံခြင်းကျင့်စဥ်ကို သုံးလိုက်။ စိတ်ဝိညာဥ်စွမ်းအင်တွေ အကုန်လုံးကို အပြည့်အဝဖိသိပ်ပြီးသွားတဲ့ထိ စောင့်ပြီးမှ အမြုတေတစ်ခုဖြစ်လာအောင် စုစည်းဖို့ ကြိုးစား..."

ထိုအချိန်မှာပဲ အဆင့်တက်တော့မည့် ဟွမ်းချောင်ယုရဲ့ ခန္ဓာကိုယ်အတွင်းထဲက မူလကတည်ငြိမ်နေတဲ့ အရှိန်အဝါများက ရုတ်တရက်ဆိုသလို ဖရိုဖရဲဖြစ်သွားခဲ့သည်။

'ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ။ ကျင့်ကြံခြင်းကျင့်စဥ် လှည့်ပတ်တဲ့အပိုင်းမှာများ ပြဿနာရှိနေတာလား။'

ကျန်းယီမင်ရဲ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး သူမရဲ့ခန္ဓာကိုယ်ထဲကို သူ့စိတ်ဝိညာဥ်စွမ်းအင်များကို ခပ်မြန်မြန် ထည့်ပေးလိုက်သည်။

'ဒါ တစ်ခုခုလွဲသွားလို့ ဖြစ်လာတာမဟုတ်ဘူးပဲ။ ဒါက ဟွမ်းချောင်ယု အဆင့်တက်နေချိန် သူမရဲ့ငရဲမီးတောက်ဖီးနစ်ခန္ဓာကိုယ်ကြောင့် ဖြစ်လာတဲ့ စိတ်ဝိညာဥ်စွမ်းအားဆာလောင်မှုကြောင့် ပေါက်ကွဲလာတဲ့ အရှိန်ပဲ'

သူမက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ရုံသာ ရှိသေးသော်လည်း ဒီလို ကြမ်းတမ်းပြင်းထန်တဲ့ အရှိန်အဝါကို ပိုင်ဆိုင်နေပြီဖြစ်သည်။ အထွတ်အထိပ်အဆင့်ထိသာ ကျင့်ကြံပြီးသွားတဲ့အခါ သူမရဲ့ခွန်အားက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးပစ်နိုင်မလဲဆိုတာ ကျန်းယီမင် တွေးတောင်မကြည့်ရဲတော့ပေ။

"ရှောင်ယု၊ အဲ့ဒါတွေ မင်းစိတ်ကိုအနှောင့်အယှက် ပေးမခံနဲ့။ ငါက မင်းရဲ့အသက်ရှူနှုန်း တည်ငြိမ်သွားအောင်ပဲ ကူညီပေးနိုင်မယ်။ အမြုတေဖွဲ့စည်းရမယ့် နောက်ဆုံးအဆင့်အတွက်ကတော့ မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်။" ကျန်းယီမင်က လှမ်းသတိပေးလိုက်သည်။

ဒီလိုခန္ဓာကိုယ်မျိုးက ပိုင်ရှင်ရဲ့ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာနဲ့တစ်ပြိုင်နက် ပိုကြောက်မက်စရာကောင်းလာပြီး အစွမ်းထက်လာလေ့ရှိသည်။ သို့သော် ထိုကဲ့သို့သော ခွန်းအားမျိုးက ပိုင်ရှင်ဖြစ်သူကို ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားစေနိုင်သည်။ အပြင်လူတွေ ကူညီပေးဖို့ နည်းလမ်းမရှိဘဲ ပိုင်ရှင်ဖြစ်သူကိုယ်တိုင်ကသာ ခိုင်မာတဲ့စိတ်ဆန္ဒနဲ့ တွန်းလှန်ကျော်ဖြတ်ရမည်ဖြစ်သည်။

All Chapters