← Chapters

ရေစက်

Vol. 215 Ch. 3245

ရေစက်

Vol. 215 Ch. 3245

စိတ်ဝိညာဉ်ယာဉ်ပျံအောက်ရှိ စိတ်ဝိညာဉ်ဝါးမျိုပန်းများကို ငေးကြည့်ရင်း ရှုလွေနှင့်အခြားနှစ်ယောက်၏ အမူအရာများက ပျက်ယွင်းနေကာ ဆူဇီမို၏ မသိမသာအပြုအမူကို သတိမထားမိခဲ့ကြပေ။

ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း စိတ်ဝိညာဉ်ဝါးမျိုပန်းများရှိခဲ့၏။ သို့သော်လည်း ထိုပန်းများသည် ယခု သူ့ရှေ့မှ ဤပန်းများနှင့်ယှဉ်လျှင် အလွန်တရာအားနည်းနေ၏။

စိတ်ဝိညာဉ်ဝါးမျိုပန်းများသည် ပေလေးငါးဆယ်ရှည်လျားပြီး ပန်းပွင့်များ၏ အနားစောင်းများသည် ယှက်ဖြာနေသော ထက်ရှသည့်သွားစွယ်နှစ်တန်းကဲ့သို့ မညီမညာသော လွှသွားပုံသဏ္ဍာန်နှင့် တူနေ၏။ သူတို့အားလုံးသည် သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟပြီး စိတ်ဝိညာဉ်ယာဉ်ပျံကို ဝါးမျိုချင်နေ၏။

စောစောက ချန်ချင်းဟယ်ပြောခဲ့သလိုပင် မဟာကမ္ဘာတစ်ထောင်လောကမှာရှိသော အရာရာတိုင်းက တစ်မူထူးခြားစွာ စွမ်းအားကြီးမားနေ၏။

ရှုလွေက ရှေ့သို့ခြေတစ်လှမ်းယူပြီး စိတ်ဝိညာဉ်ယာဉ်ပျံကို မောင်းနှင်ကာ စိတ်ဝိညာဉ်ဝါးမျိုပန်းများ၏ တိုက်ခိုက်မှုအတိုင်းအတာကနေ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်၏။ စိတ်ဝိညာဉ်ယာဉ်ပျံ၏ အလျင်အဟုန်က တိုးလာပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ထိုနေရာကနေ လွတ်မြောက်လာ၏။

စိတ်ဝိညာဉ်ဝါးမျိုပန်းများ၏ တိုက်ခိုက်မှုအတိုင်းအတာကနေ လွတ်မြောက်လာသည့်အခါမှသာ သူတို့သုံးယောက်က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

ချန်ချင်းဟယ်က ပြန်လည်ရောက်ရှိလာသောအခါ သူမသည် ဆူဇီမို၏ ခြေရင်းမှာ ကျဆင်းနေသည့် သဲပုံတစ်ပုံကို အမှတ်တမဲ့တွေ့မြင်သွား၏။ သို့သော်လည်း သူမက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားမနေပေ။

မည်သို့ပင်ဆိုစေ သူတို့သည် ယခုတင် အန္တရာယ်ကနေ လွတ်မြောက်လာခါစဖြစ်ပြီး အကြောက်မပြေသေးကြပေ။

ချန်ချင်းဟယ်က ဆူဇီမိုကို ကြည့်ကာပြောလိုက်၏။

“မဟာကမ္ဘာတစ်ထောင်လောကမှာ… အထူးသဖြင့် အရှေ့တောင်ဒေသမှာ အပင်အများစုက အသိစိတ်ရှိကြတယ်… တချို့ဆိုရင် အရမ်းကို ရန်လိုတတ်ကြတယ်”

ဆူဇီမိုက တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

စိတ်ဝိညာဉ်ဝါးမျိုပန်းသည် သူ့အတွက် ခြိမ်းခြောက်မှုများစွာမရှိပေ။

သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာဖြစ်ပြီး သူ့မှာ အပင်မျိုးနွယ်မှသက်ရှိများအပေါ် ပင်ကိုယ်သဘာဝအလျောက် ဖိနှိမ်နိုင်သည့် မျိုးဆက်သွေးရှိလေသည်။

ဤမျိုးဆက်သွေးဖိနှိမ်မှုသည် သူတို့မှတ်ဉာဏ်များနှင့် ဝိညာဉ်များ၏ အနက်ပိုင်းထဲကနေ လာသည်။

ဥပမာ… အိမ်မွေးခွေးများကို ကြည့်နိုင်သည်။ သူတို့သည် ကျားတစ်ကောင်ကဲ့သို့ ကြမ်းကြုတ်တောကောင်တစ်ကောင်ကို ဘယ်တုန်းကမှမတွေ့မြင်ဖူးလျှင်တောင် သူတို့ပထမဆုံးတွေ့ဆုံသည့်အချိန်မှာပင် ကြောက်လန့်စွာဖြင့် တုန်ယင်နေပေလိမ့်မည်။

ဆူဇီမိုက မေးလိုက်၏။

“တာအိုရောင်းရင်း… ခင်ဗျားတို့ ကစဉ့်ကလျားနန်းတော်နဲ့ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဘယ်လိုပတ်သက်ဆက်စပ်နေတာလဲ”

ထိုအကြောင်းကိုပြောဆိုချိန်မှာ ချန်ချင်းဟယ်က ညင်သာစွာသက်ပြင်းချလိုက်၏။

အဲဒါက ကျွန်မတို့ဘိုးဘေးတွေ လက်ဆင့်ကမ်းခဲ့တဲ့ သီအိုရိတချို့ပဲ… အစကတော့ အရှေ့တောင်ဒေသမှာ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရှိခဲ့တယ်.. ဒါပေမဲ့ အဲဒါက နောက်ပိုင်း ကြီးမားတဲ့ ဝရုန်းသုန်းကားအခြေအနေတစ်ခုအပြီးမှာ ဖျက်ဆီးခံရပြီး ကျွန်မတို့ရဲ့ ဘိုးဘေးတွေကလည်း ခိုကိုးရာမဲ့သွားတယ်… အခြေအနေက တဖြည်းဖြည်းကျဆင်းလာတာ.. အခုဆိုရင် ကျွန်မတို့မှာ ကစဉ့်ကလျားနန်းတော်ဆိုတဲ့ နာမည်တစ်ခုပဲကျန်တော့တယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ချန်ချင်းဟယ်ပြောသည့် ဝရုန်းသုန်းကားအခြေအနေသည် သူ့မျိုးဆက်မှတ်ဉာဏ်များထဲမှ ကမ္ဘာပျက်မြင်ကွင်းများနှင့် ပတ်သက်ဆက်စပ်နေပေလိမ့်မည်။ အနက်ရောင်ဝတ်အမျိုးသားကလည်း ဆင်တူသော တစ်စုံတစ်ရာကို ပြောဆိုခဲ့၏။

“တာအိုရောင်းရင်း… ရှင် ဘယ်မဟာတာအိုကို ကျင့်ကြံထားတာလဲ”

ချန်ချင်းဟယ်က မေးလိုက်၏။

“ကစဉ့်ကလျားတာအို”

ဆူဇီမိုက ပြောလိုက်သည်။

ချန်ချင်းဟယ်က ထိုစကားကိုကြားသောအခါ မှင်တက်သွား၏။

ရှုလွေကလည်း အံ့အားသင့်စွာဖြင့် သူ့ကိုလှည့်ကြည့်လိုက်၏။

မုံ့ရှစ်က ထူးဆန်းစွာရယ်မောလိုက်၏။

သူက တစ်စုံတစ်ရာကို ပြောချင်နေသည့်အလားပင်။ သို့သော်လည်း သူ့ကို ရှုလွေ၏ အကြည့်က တားဆီးလိုက်၏။

ဆူဇီမိုက‌ မေးလိုက်သည်။

“ပြဿနာရှိလို့လား”

“တာအိုရောင်းရင်း… ရှင်က ကစဉ့်ကလျားတာအိုကို ကျင့်ကြံထားတယ်ဆိုတော့ ကျွန်မတို့ ကစဉ့်ကလျားနန်းတော်နဲ့ ရေစက်ပါတာပေါ့… ကံဆိုးတာကတော့…”

ချန်ချင်းဟယ်က ခါးသက်စွာပြုံးပြီး တွေဝေတုံ့ဆိုင်းနေ၏။

“တာအိုရောင်းရင်း… ရှင်တက်လှမ်းလာတာ အရမ်းကို နောက်ကျလွန်းတယ်”

ခဏမျှစဉ်းစားပြီးနောက် ချန်ချင်းဟယ်က ရှင်းပြလိုက်သည်။

“တာအိုရောင်းရင်း… ရှင်က လောကနယ်ပယ်ကို တက်လှမ်းတဲ့အခါ ကျင့်ကြံဖို့ အတော်လေးလွယ်ကူတဲ့ မဟာတာအိုကို ရွေးချယ်နိုင်တယ်”

ဤနေရာမှာ လောကနယ်ပယ်သည် ဧကရာဇ်နယ်ပယ်နှင့်တူညီလေသည်။

ချန်ချင်းဟယ်က ပြောလိုက်၏။

“မဟာတာအိုသုံးထောင်ရှိတယ်… သူတို့ရဲ့ခွန်အားက ကွဲပြားပြီး သူတို့ကို ကျင့်ကြံရတဲ့ ခက်ခဲမှုအတိုင်းအတာကလည်း လုံးလုံးလျားလျား ကွဲပြားကြတယ်… ကစဉ့်ကလျားမဟာတာအိုက အသန်မာဆုံး မဟာတာအိုတွေထဲကနေ တစ်ခုပဲ… သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အဆင့်တူခြင်းမှာ စွမ်းအားကြီးမားပေမယ့် အဲဒါကို ကျင့်ကြံဖို့ကလည်း အရမ်းကိုခက်ခဲတယ်”

“တာအိုရောင်းရင်း… ရှင့်မှာ လုံလောက်တဲ့ ဘဝသက်တမ်းကျန်ရှိဦးမယ်ဆိုရင် ရှင်က ရှင့်ရဲ့တာအိုအမှတ်အသားကိုပယ်ဖျက်ပြီး နောက်တစ်ခါ ကျင့်ကြံဖို့ရွေးချယ်နိုင်သေးတယ်… ဒါပေမဲ့ အခုတော့…”

ချန်ချင်းဟယ်၏ ထင်မြင်ချက်အရ ဆူဇီမိုမှာ အချိန်များစွာမကျန်ရှိတော့ဘဲ သူက ကစဉ့်ကလျားမဟာတာအိုကို ကျင့်ကြံထားပြီဆိုမှတော့ တာအိုသုံးသပ်မှုနယ်ပယ်သို့ သေချာပေါက် တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။

သူသည် ကျင့်ကြံဖို့အတွက် အခြားသောမဟာတာအိုကို ပြန်လည်ရွေးချယ်မည်ဆိုလျှင်တောင် နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဆူဇီမိုကပြုံး၍ ရှင်းပြမနေပေ။

အခြားသူများအတွက်တော့ ကစဉ့်ကလျားမဟာတာအိုကို ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းပေလိမ့်မည်။ သို့သော်လည်း သူ့အတွက်တော့ ၎င်းသည် အလွယ်ကူဆုံးမဟာတာအိုဖြစ်သည်။

သူသည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းနှင့် ပေါင်းစည်းထားပြီး ကစဉ့်ကလျားကြာပန်း၏ မျိုးဆက်မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည်။

ဤမျိုးဆက်မှတ်ဉာဏ်များသည် ပြီးပြည့်စုံမှုမရှိသေးဘဲ ပြတ်တောင်းပြတ်တောင်းဖြစ်နေသော်လည်း သူသည် ကစဉ့်ကလျားမဟာတာအိုကို ကျင့်ကြံသည့်အခါ ပင်ကိုယ်သဘာဝအားသာချက်တစ်ခုကို ရရှိနေဆဲဖြစ်၏။

သိပ်မကြာခင် သူတို့လေးယောက်သည် တောအုပ်ကိုဖြတ်ကျော်လာပြီး ကောင်းကင်က တဖြည်းဖြည်းမှောင်ကျလာ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီးမေးလိုက်၏။

“မဟာကမ္ဘာတစ်ထောင်လောကမှာ နေ့နဲ့ညက တစ်လှည့်စီကူးပြောင်းနေတာလား”

ချန်ချင်းဟယ်က ခေါင်းညိတ်ပြီးပြောလိုက်၏။

“ဆယ့်နှစ်နာရီတိုင်းမှာ နေ့နဲ့ည ကူးပြောင်းလိမ့်မယ်”

နေ့နှင့်ညကူးပြောင်းခြင်းဖြစ်စဉ်သည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် အလွန်တရာဆင်တူနေ၏။ သို့သော်လည်း ဆူဇီမိုက ကောင်းကင်ကိုမော့ကြည့်ပြီး နေ၊ လနှင့် ကြယ်တို့ကို မတွေ့မြင်ရပေ။

“နေနဲ့လ မရှိဘဲ နေ့နဲ့ညက ဘယ်လိုကူးပြောင်းတာလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

ချန်ချင်းဟယ်က ခေါင်းခါပြလိုက်၏။

“အဲဒါတော့ ကျွန်မလည်းမသိဘူး… ကျွန်မဆင်းသက်လာပြီးကတည်းက မဟာကမ္ဘာတစ်ထောင်လောကက ဒီလိုပုံစံမျိုးပဲ”

ဆူဇီမိုက မဟာကမ္ဘာတစ်ထောင်လောကနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာကို မေးမြန်းခဲ့ပြီး ချန်ချင်းဟယ်က တစ်ခုချင်းကို စိတ်ရှည်လက်ရှည်ဖြေပေးနေ၏။

ဘေးမှာ မုံ့ရှစ်က အနည်းငယ်စိတ်အိုက်လာပြီး သူက မကျေမနပ်ရေရွတ်လိုက်၏။

“သူ့ကို ဒီလောက်အများကြီးပြောပြနေတော့ရော ဘာအသုံးဝင်မှာလဲ… သူက သိပ်ကြာကြာနေရတော့မှာမှ မဟုတ်တာ”

“ဂျူနီယာမောင်မုံ့…”

ချန်ချင်းဟယ်က ညင်သာစွာအော်ငေါက်လိုက်ပြီး ဆူဇီမိုကို တောင်းပန်လိုသောအမူအရာဖြင့် လှည့်ကြည့်လိုက်၏။

“ဂျူနီယာမောင်မုံ့က တဲ့တိုးဆန်တယ်…. တာအိုရောင်းရင်း အဲဒါကို စိတ်ထဲမှာ ထည့်မထားပါနဲ့… ရှင့်ရဲ့ဘဝသက်တမ်းက…”

ချန်ချင်းဟယ်က နှစ်သိမ့်ပေးချင်သော်လည်း သူသည် ဆူဇီမို၏ အိုစာနေသော မျက်နှာကိုကြည့်ပြီး ဘာပြောရမည်မသိတော့ပေ။

“တာအိုရောင်းရင်း.. ဒီမှာ ရင်းမြစ်ကျောက်တုံးတစ်တုံးရှိတယ်… အဲဒါကိုယူထားလိုက်.. ကျင့်ကြံဖို့အတွက် သုံးလို့ရတယ်”

ခဏနေပြီးနောက် ချန်ချင်းဟယ်က ဆုံးဖြတ်ချက်တစ်ခုချလိုက်ပုံရကာ သူမ၏ သိုလှောင်အိတ်ထဲကနေ ရင်းမြစ်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။

“စီနီယာအစ်မ…”

“ချင်းဟယ်…”

မုံ့ရှစ်က ထိုသည်ကိုတွေ့မြင်သောအခါ အံ့အားတသင့်အော်ဟစ်လိုက်၏။

တည်ငြိမ်နေသော ရှုလွေကပင်လျှင် မျက်မှောင်ကြုတ်ကာ အော်ခေါ်လိုက်လေသည်။

မုံ့ရှစ်က အနည်းငယ်အလိုမကျဖြစ်နေပြီး အလောတကြီးပြောလိုက်၏။

“စီနီယာအစ်မ… ရင်းမြစ်ကျောက်တုံးတွေက အရမ်းကိုအဖိုးတန်တယ်.. ခင်ဗျားမှာ နဲနဲပဲကျန်တော့တာမလား ဘာလို့သူများတွေကို လျှောက်ပေးနေတာလဲ”

ရှုလွေကလည်း လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ချင်းဟယ်… ဒီတာအိုရောင်းရင်းရဲ့ ဘဝသက်တမ်းက ကုန်ဆုံးတော့မှာ… သူ့မှာ ရင်းမြစ်ကျောက်တုံးဘယ်လောက်ပဲရှိရှိ သူက အဆင့်ချိုးဖျက်တက်လှမ်းနိုင်မှာမဟုတ်တော့ဘူး… ရင်းမြစ်ကျောက်တုံးတွေကို မင်းအတွက်မင်း သိမ်းထားသင့်တယ်”

“ရပါတယ်… အဲဒါက ရင်းမြစ်ကျောက်တုံးပဲကို”

ချန်ချင်းဟယ်က ညင်သာစွာပြုံးပြလိုက်၏။

ဘာ့ကြောင့်ရယ်မသိ သူမသည် ဆံဖြူအဖိုးအိုအပေါ် ကောင်းမွန်သောထင်မြင်ချက်တစ်ခုရှိနေ၏။

သူမက သူမ၏ မိသားစုဝင်နှင့် ပြန်လည်တွေ့ဆုံနေရသည့်အလားပင်။

သူသည် အဖေအရွယ်နှင့်တူနေသောကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေမည်။

ချန်ချင်းဟယ်က သူမဘာသာသူမတွေးလိုက်၏။

တကယ်ဆို သူတို့သုံးယောက်၏ တုံ့ပြန်ပုံများက အတုအယောင်မဟုတ်သည်ကို တွေ့မြင်ရသောအခါ ဆူဇီမိုက တုန်လှုပ်သွား၏။

အခြေအနေများက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာကျဆင်းသွားပြီးနောက် တကယ်ပင်ဆိုးဆိုးဝါးဝါးဖြစ်လာပုံရသည်။

သူ၏ သိုလှောင်အိတ်ထဲမှာ ရင်းမြစ်ကျောက်တုံးတစ်ရာကျော်ရှိနေဆဲဖြစ်၏။ သူတို့အားလုံးကို အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ကောင်းကင်ဘုံခုံရုံးကနေ ရရှိလာခဲ့ခြင်းဖြစ်၏။

တကယ်တော့ ဤအရာများသည် သူနှစ်ပေါင်းများစွာကျင့်ကြံပြီးနောက် ကျန်ရှိနေသော ရင်းမြစ်ကျောက်တုံးများသာဖြစ်လေသည်။

ကြည့်ရသည်မှာ ရှုလွေနှင့် အခြားနှစ်ယောက်မှာ စုစုပေါင်း ရင်းမြစ်ကျောက်တုံးတစ်ရာပင် မရှိလောက်ပေ။

“မဟာကမ္ဘာတစ်ထောင်လောကမှာ ရင်းမြစ်ကျောက်တုံးတွေက အရမ်းကိုရှားပါးတာလား”

ဆူဇီမိုက မေးလိုက်သည်။

ချန်ချင်းဟယ်က ရှင်းပြလိုက်၏။

“တာအိုရောင်းရင်း… ပြောရမှာ ရှက်ဖို့တော့ကောင်းတယ်… ကျွန်မတို့ရဲ့ ကစဉ့်ကလျားနန်းတော်က ရင်းမြစ်သတ္တုတွင်းတွေကို သိမ်းပိုက်ဖို့အတွက် လုံလောက်အောင်မသန်မာတော့လို့ပဲ… အဲလိုနဲ့ ကျွန်မတို့မှာ ရင်းမြစ်ကျောက်တုံးတွေ သိပ်များများစားစားမရှိတော့ဘူး”

“ခင်ဗျား ကစဉ့်ကလျားနန်းတော်ကိုလိုက်လာတာ နောင်တရနေတယ်ဆိုရင် ထွက်သွားဖို့အချိန်ရှိသေးတယ်”

မုံ့ရှစ်က ညင်သာစွာ နှာတစ်ချက်မှုတ်လိုက်၏။

ဆူဇီမိုက ထိုစကားကိုကြားသောအခါ ဒေါသထွက်မသွားဘဲ ရယ်မောလိုက်၏။

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဤအခြေအနေထိ ကျဆင်းသွားပြီးနောက် သူတို့သုံးယောက်အနေဖြင့် ရပ်တည်ရလွယ်ကူမည်မဟုတ်ပေ။

“ခင်ဗျားတို့ပြောတမှန်တယ်… ကျုပ်က ခင်ဗျားတို့ရဲ့ ကစဉ့်ကလျားနန်းတော်နဲ့ တကယ်ပဲရေစက်ပါတယ်”

ဆူဇီမိုက ညင်သာစွာပြုံးပြီး အဓိပ္ပါယ်ပါပါပြောလိုက်၏။

ဆူဇီမိုသည် ချန်ချင်းဟယ်ပေးသည့် ရင်းမြစ်ကျောက်တုံးကို မငြင်းပယ်လိုက်ပေ။ သူက အဲဒါကိုလက်ခံယူ့ပြိး သူ၏ သိုလှောင်အိတ်ထဲကို ထည့်လိုက်၏။

လူတိုင်းက‌ ရှေ့သို့ဆက်၍ ခရီးနှင်လာကြ၏။ ချန်ချင်းဟယ်ပြောပုံအရ ခရီးစဉ်က ဘေးကင်းလုံခြုံမှုမရှိပေ။ ထိုသိုဖြင့် ဆူဇီမိုသည် မဆင်မခြင်မကျင့်ကြံရဲပေ။

အနည်းဆုံးတော့ သူသည် အေးအေးဆေးဆေးကျင့်ကြံနိုင်မည့် နေရာတစ်ခုကိုရှာပြီးမှ သူ၏ ခန္ဓာကိုယ်ထဲမှ ဤနှစ်များအတွင်း စုဆောင်းထားသည့် စွမ်းအားများကို ထုတ်လွှတ်ပေးရပေမည်။

တမလွန်ဘုံကို နှစ်ခြောက်သောင်းစောင့်ကြည့်ခဲ့ပြီးနောက် သူသည် တာအိုပြယုဂ်နယ်ပယ်မှ ပထမအသွင်ပြောင်းလဲခြင်းကို တကယ်ပင်ဖြတ်ကျော်ခဲ့၏။ သို့သော်လည်း ကောင်းကင်နှင့်မြေကြီးနိယာမများကို ကန့်သတ်ထားပြီး သူက အဲဒါကို မစုဖွဲ့နိုင်ခဲ့ပေ။

ဒါ့အပြင် သူမတက်လှမ်းလာခင် သူသည် အဆင့်-၁၂ ကြမ္မာမီးအနီရောင်ကြာပန်းနှင့် ပေါင်းစည်းထားခဲ့လေသည်။

All Chapters