ပေါင်းမိုးပြည်နယ်
Vol. 215 Ch. 3246
ရှုလွေနှင့် အခြားနှစ်ယောက်သည် စိတ်ဝိညာဉ်ယာဉ်ပျံကို တစ်လှည့်စီမောင်းနှင်ပြီး တောအုပ်ထဲကနေ ထွက်ခွာလာကြ၏။ နေ့နှင့်ညက တစ်လှည့်စီပြောင်းလဲနေပြီး တစ်ခဏချင်းမှာပင် တစ်လကုန်ဆုံးသွားသည်။
ထူးဆန်းသည်မှာ ရှုလွေနှင့်အခြားနှစ်ယောက်သည် တက်လှမ်းရာစင်မြင့်ကိုလာခဲ့စဉ်က သူတို့သည် ပြည်နယ်ဆယ်ခုကျော်ကို ဖြတ်ကျော်ခဲ့ရပြီး အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ရ၏။
တက်လှမ်းရာစင်မြင့်သို့ သူတို့သုံးယောက် ရောက်ရှိလာသည့်အချိန်မှာ ဒဏ်ရာများရရှိနေခဲ့ပြီဖြစ်၏။
သို့သော်လည်း သူတို့၏ အပြန်ခရီးစဉ်က အန္တရာယ်များစွာမရှိဘဲ အတော်လေး ချောမွေ့နေ၏။
ချန်ချင်းဟယ်ပြောပုံအရ မဟာကမ္ဘာတစ်ထောင်လောက၏ အရှေ့တောင်ဒေသမှာ စုစုပေါင်း ပြည်နယ် ၁၀၈ ခုရှိပြီး မူလက သူတို့ကို အပင်မျိုးနွယ်မှပညာရှင်များက သိမ်းပိုက်အုပ်စိုးထားခဲ့၏။
လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က ဝရုန်းသုန်းကားအခြေအနေဖြစ်ပွားအပြီးမှာ ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ဖျက်ဆီးခံရပြီး အရှေ့တောင်ဒေသပိုင်နက်နယ်မြေက ကစဉ့်ကလျားဖြစ်သွား၏။ အခြားသောပြည်နယ်များမှ ပညာရှင်များသည် တဖြည်းဖြည်းပေါ်ထွက်လာပြီး အပင်မျိုးနွယ်က တစ်နေ့ထက်တစ်နေ့ ကျဆင်းလာနေ၏။
ယခုအချိန်မှာတော့ ပြည်နယ် ၁၀၈ ခုကို မဟာကမ္ဘာတစ်ထောင်လောက၏ ပထမတန်းစားအဖွဲ့အစားများဟု ဆိုနိုင်ပြီး သူတို့အများစုကို အခြားမျိုးနွယ်များမှ စွမ်းအားကြီးမားသောသက်ရှိများက အုပ်စိုးကြလေသည်။ လူသားမျိုးနွယ်ကတော့ သူတို့၏ အဆင့်အတန်းသည် မဟာကမ္ဘာတစ်ထောင်လောက၏ မျိုးနွယ်ဟုတစ်သောင်းကြားမျာ အတော်လေးနိမ့်ကျနေ၏။
လူသားများသည် မွေးရာပါအားနည်းကြပြီး သာမန်မျိုးဆက်သွေးများသာရှိကြလေသည်။ သူတို့သည် မျိုးနွယ်စုတစ်သောင်း၏ အောက်ခြေမှာရှိပြီး အပင်မျိုးနွယ်ကိုပင် မယှဉ်နိုင်ပေ။
ဤကဲ့သို့သော အခြေအနေတစ်ရပ်သည် အောက်ဘုံလောကနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာနှင့် ဆင်တူလေသည်။ သို့သော်လည်း မျိုးနွယ်စုတစ်သောင်းကို ကျော်တက်ပြီး ထွန်းတောက်လာသည့် လူသားမျိုးနွယ်မှပညာရှင်များ မကြာခဏ ပေါ်ထွက်တတ်သည်။
ချန်ချင်းဟယ်က ကိစ္စတစ်ခုနှင့်ပတ်သက်၍လည်း ပြောပြခဲ့၏။ မဟာကမ္ဘာတစ်ထောင်လောက၏ အနောက်မြောက်ဒေသမှာ ကောင်းကင်ဘုံသက်ရှိမျိုးနွယ်ဟု ခေါ်ဆိုသော စွမ်းအားကြီးမားသောမျိုးနွယ်စု အုပ်စိုးသည့် ကောင်းကင်ဘုံ စုစုပေါင်း သုံးဆယ့်သုံးခုရှိလေသည်။
ဒဏ္ဍာရီအရ ကောင်းကင်ဘုံသက်ရှိမျိုးနွယ်က တစ်မူထူးခြားစွာ စွမ်းအားကြီးမားကြသည်။ မွေးကတည်းက သူတို့သည် မဟာတာအိုနှင့် အရမ်းကိုနီးစပ်ပြီး သူတို့၏ ကျင့်ကြံမှုအလျင်အဟုန်က အလွန်တရာမြန်ဆန်လေသည်။ ချန်ချင်းဟယ်သည် ထိုအကြောင်းများကို သူမ၏ ဘိုးဘေးများထံကနေ ကြားဖူးထားရုံသာဖြစ်၏။ အသေးစိတ်အချက်အလက်များကို သူမသည်လည်း မသိရှိပေ။
သူတိုသုံးယောက်သည် မဟာကမ္ဘာတစ်ထောင်လောက၏ အရှေ့တောင်ဒေသကနေ ဘယ်တုန်းကမှ ထွက်ခွာမသွားဖူးဘဲ သူတို့သည် ကောင်းကင်ဘုံသက်ရှိမျိုးနွယ်များနှင့် ကိုယ်တိုင်မကြုံတွေ့ဖူးပေ။
ဤနေ့မှာ သူတို့လေးယောက်သည် နောက်ဆုံး ပေါင်းမိုးပြည်နယ်၏ ပိုင်နက်နယ်မြေသို့ ပြန်လည်ရောက်ရှိလာ၏။
ဆူဇီမိုက စိတ်ဝိညာဉ်ယာဉ်ပျံပေါ်မှာ မတ်မတ်ထိုင်ပြီး အောက်ဘက်ကိုငုံ့ကြည့်ကာ ရယ်မိသွား၏။
သူကြည့်လေရာနေရာတိုင်းမှာ တွေ့ရသမျှ သက်ရှိများစွာသည် မှိုမျိုးနွယ်ဖြစ်နေကြ၏။ သူတို့က အရောင်အသွေးစုံလင်ပြီး တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။
ကြီးမားသောမှိုပင်များက ကောင်းကင်တစ်ခွင်အုပ်မိုးထားသော ဧရာမအမိုးခုံးများကဲ့သို့ ကောင်းကင်ထက်မှာ ငွားငွားစွင့်စွင့်မြင့်မားနေ၏။ ရောင်စုံလိပ်ပြာများက ကခုန်နေပြီး အနာကွန်ဒါများက သူတို့ကို ရစ်ပတ်နေ၏။ ထောင့်ကြားနေရာများမှာ အသိုက်ဆောက်နေသည့် အဆိပ်ရှိပင့်ကူများလည်းရှိနေကြ၏။
သက်ရှိများစွာသည် သူတို့၏ အောက်မှာ မှီတင်းနေထိုင်ကြပြီး သူတို့မှာ သူတို့ကိုယ်ပိုင်လောကတစ်ခုစီ ရှိနေကြ၏။
ဆူဇီမိုနှင့် အခြားသူများသည် အောက်ဘက်ကို ဖြတ်ကျော်လာခဲ့ကြ၏။
မှိုပင်တချို့သည် လက်ညှိုးလုံးအရွယ်သာရှိသော်လည်း သူတို့၏ ပုံစံများက ဆင်တူနေကြ၏။
အပေါ်စီးကနေ လှည့်ပတ်ကြည့်ရှုမည်ဆိုလျှင် သူတို့သည် ဤကျယ်ပြန့်သောကုန်းမြေကို ဖုံးလွှမ်းထားသည့် ရောင်စုံအမိုးများနှင့် တူနေ၏။
တကယ်တော့ ပေါင်းမိုးပြည်နယ်မှာ အခြားသောအပင်အမျိုးအစားများလည်းရှိနေ၏။ သို့သော်လည်း မှိုပင်မျိုးနွယ်က နေရာအများစုကို သိမ်းပိုက်ထားလေသည်။
ချန်ချင်းဟယ်က ပြောလိုက်၏။
“ပေါင်းမိုးပြည်နယ်က အဲဒီမှိုပင်တွေက ရန်မလိုတတ်ကြဘူး… ပုံမှန်အားဖြင့် သူတို့က တခြားမျိုးနွယ်တွေကို အရင်စပြီး တိုက်ခိုက်မှာမဟုတ်ဘူး… ဒါပေမဲ့ ရှင်သတိထားရမယ်… မှိုပင်တချို့က အဆိပ်ရှိနေတယ် သူတို့ကို ထိလို့မရဘူး”
“ဘိုးဘေးတွေဆီကနေ ကျွန်မကြားဖူးထားတာရှိတယ်.. အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရှိနေသေးပြီး အပင်မျိုးနွယ်က သူတို့ရဲ့ အထွတ်အထိပ်မှာ ရောက်ရှိနေတုန်းက တာအိုသာလွန်သူ ပညာရှင်တစ်ဦးက ပေါင်းမိုးပြည်နယ်ကို ရောက်လာပြီး အဆိပ်ရှိမှိုတစ်မျိုးကို အမှတ်တမဲ့စားမိသွားတယ်… သူက အဲဒီကနေ အသက်မရှင်နိုင်ခဲ့ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်သည်။
အဆိပ်ရှိမှိုပင်တစ်ပင်က တာအိုသာလွန်သူပညာရှင်တစ်ဦးကို သတ်ဖြတ်နိုင်သည့်အချက်သည် တကယ့်ကို မှင်တက်စရာကောင်းလေသည်။
“တာအိုရောင်းရင်းဆူ… ကစဉ့်ကလျားနန်းတော်ကိုရောက်ပြီးရင် ဟိုဟိုဒီဒီလျှောက်မသွားနဲ့… နောက်ပြီး ဝေးဝေးမှာလည်း မနေနဲ့”
ချန်ချင်းဟယ်က ထပ်မံ၍ သတိပေးလိုက်၏။
“ပေါင်းမိုးပြည့်နယ်မှာ အဆိပ်ရှိမှိုပင်အမျိုးအစားတွေ အများကြီးရှိတယ်… သူတို့ထဲကတချို့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနိုင်တယ်… ဒါပေမဲ့ တချို့အပင်တွေက ကောင်းကောင်းလှည့်စားနိုင်တယ်.. သူတို့တွေက အန္တရာယ်မပေးတတ်တဲ့ပုံမပေါ်ပေမယ့် တကယ်တမ်းမှာ အရမ်းကို အဆိပ်ပြင်းနေတတ်တယ်”
“ရှင်က သူတို့ကို အမှတ်တမဲ့ထိမိသွာမယ်ဆိုရင် ရှင်က သေချာပေါက် အသက်အန္တရာယ်ရှိလာလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်ပြီး သာမန်ကာလျှံကာသာ ပြန်ဖြေလိုက်၏။
ဆူဇီမိုက သိပ်ပြီးအလေးအနက်မထားသည်ကို ရှုလွေတွေ့မြင်သောအခါ သူက မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။
“တာအိုရောင်းရင်းဆူ… မင်းက မဟာကမ္ဘာတစ်ထောင်လောကကို အခုမှ တက်လှမ်းလာတာကို မပြောနဲ့ ဒီနေရာမှာ အမြဲတမ်းနေထိုင်တဲ့ ငါတို့တွေတောင်မှ အဆိပ်ရှိမှိုပင်မျိုးစိတ်တွေကို မခွဲခြားနိုင်ဘူး”
ဆူဇီမိုက ပြုံးပြီး ရှင်းပြမနေပေ။
သူသည် အဆိပ်ရှိမှိုပင်များနှင့်ပတ်သက်၍ ဗဟုသုတမရှိသော်လည်း သူ့မှာ အစိမ်းရောင်ကြာပန်းခန္ဓာနှင့် အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးရှိလေသည်။ မည်သည့်အဆိပ်ရှိမှိုပင်ကမှ သူ့ကိုအဆိပ်မသင့်စေနိုင်ပေ။
ထို့ကြောင့် သူလုပ်စရာရှိသည်မှာ ဘယ်မှိုပင်က အဆိပ်ရှိသလဲဆိုတာကို အာရုံခံဖို့ တစ်ချက်ကြည့်ရုံသာဖြစ်၏။
ပေါင်းမိုးပြည်နယ်ထဲသို့ ဝင်ရောက်လာပြီးနောက် စိတ်ဝိညာဉ်ယာဉ်ပျံကို ရှုလွေထံ လွှဲပေးလိုက်၏။
သူ၏ အမူအရာက တည်တံ့နေပြီး မှိုပင်များကြား ဂရုတစိုက်မောင်းနှင်နေ၏။ သူသည် အရောင်အသွေးစုံလင်သော အဆိပ်ရှိမှိုပင်များကို အတတ်နိုင်ဆုံးရှောင်လွှဲပြီး ရှေ့ကိုဖြည်းဖြည်းချင်း တက်လှမ်းနေ၏။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့က ကစဉ့်ကလျားနန်းတော်ကို ရောက်ရှိလာကြသည်။
ကစဉ့်ကလျားနန်းတော်ဟု ခေါ်ဆိုသည့်နေရာမှာ တကယ်တော့ နန်းတော်တစ်ခုမဟုတ်ပေ။
၎င်းသည် တောင်တန်းများပေါ်မှာ ဖြန့်ကြက်နေရာယူထားသည့် ရိုးရှင်းသော ကောက်ရိုးတဲရာချီဖြင့် ဖွဲ့စည်းထားပြီး အလွန်တရာစုတ်ပြတ်နုံချာသည့်ပုံပေါ်နေသည်။
“စီနီယာအစ်ကိုရှုတို့ ပြန်လာပြီဟေ့”
ရှုလွေနှင့်အခြားနှစ်ယောက် ပြန်ရောက်လာသည်ကို တွေ့မြင်သောအခါ အောက်ဘက်ရှိ လူအုပ်ကြီးထဲကနေ အော်ဟစ်သံတချို့ထွက်ပေါ်လာ၏။
ကျင့်ကြံသူတချို့က တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး သူတို့ကိုလာကြိုကြ၏။
ဆူဇီမိုက လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူတို့က လူအရေအတွက်သုံးထောင်ကျော်ကျော်သာဖြစ်ပြီး သူတို့အားလုံးနီးပါးသည် မတူညီသော ကျင့်ကြံမှုအဆင့်များနှင့် လူပုံသဏ္ဍာန်ကို အသွင်ယူထားသော အသိစိတ်ရှိအပင်များဖြစ်ကြ၏။
တချို့၏ ကျင့်ကြံမှုနယ်ပယ်များက နိမ့်ကျပြီး သူတို့က မဟူရာအင်မော်တယ်နှင့် ကမ္ဘာမြေအင်မော်တယ်များသာဖြစ်၏။ သူတို့ထဲမှ တချို့သည် ကောင်းကင်လိုဏ်ဂူဘုရင်များဖြစ်သည်အထိ ကျင့်ကြံထားပြီး တချို့က လောကနယ်ပယ်ကို တက်လှမ်းထားကြပြီဖြစ်၏။
ရှုလွေနှင့်အခြားနှစ်ယောက်အပြင် တာအိုပြယုဂ်နယ်ပယ်သို့ တက်လှမ်းထားသည့် ရိုးသားပုံပေါ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသာရှိလေသည်။ သူ၏ ပင်မခန္ဓာက ရှေးဟောင်းစေတီသစ်ပင်သာဖြစ်ပြီး သူသည် တာအိုပြယုဂ်နယ်ပယ်၏ ဒုတိယအသွင်ပြောင်းလဲခြင်းမှာရှိနေ၏။
“စီနီယာအစ်ကိုဖန်း… လူတွေထပ်လျော့သွားပြန်ပြီလား”
ရှုလွေနှင့်အခြားသူများ ဆင်းသက်လာသောအခါ မုံ့ရှစ်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
လူရိုးကြီးစီနီယာအစ်ကိုဖန်းက သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။
“ငါတို့က ရင်းမြစ်သတ္တုတွင်းတွေကို ပိုင်ဆိုင်မထားဘူး… ကျင့်ကြံရေးအရင်းအမြစ်တွေကလည်း ပြတ်လပ်နေပြီ… လူတချို့က တောင့်မခံနိုင်တော့ဘူး.. သူတို့တွေက တခြားနည်းလမ်းတစ်ခုကို ရှာဖွေဖို့ ထွက်သွားကြပြီ”
“သူက…”
စီနီယာအစ်ကိုဖန်းသည် စိတ်ဝိညာဉ်ယာဉ်ပျံပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာသော ဆူဇီမိုကိုကြည့်ပြီး မေးလိုက်၏။
“သူက ကျွန်မတို့ခေါ်လာတဲ့ တက်လှမ်းလာသူပဲ… သူ့နာမည်က ဆူဇီမို”
ချန်ချင်းဟယ်က ပြောလိုက်၏။
“တာအိုရောင်းရင်းဆူ… ဒါက စီနီယာအစ်ကိုဖန်းမူ”
ဆူဇီမိုက ဖန်းမူထံ သူ၏ လက်နှစ်ဖက်ကို ယှက်ပြပြီး နှုတ်ဆက်လိုက်၏။
ဖန်းမူက ကြောင်တိကြောင်တောင်ပြုံးလိုက်၏။ သူတို့သုံးယောက်သည် ဤကဲ့သို့ သေခါနီးအရွယ် လူအိုကြီးတစ်ယောက်ကို ဘာ့ကြောင့်ခေါ်လာသလဲ နားမလည်ဘဲ သူက မုံ့ရှစ်ကို တွေဝေရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်၏။
“ဟမ့်…”
မုံ့ရှစ်က ဒေါသတကြီး နှာမှုတ်လိုက်၏။
သူတို့သည် ဤခရီးစဉ်မှာ အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရ၏။ သူတို့သည် မည်သည့်အရာကိုမှ မရရှိခဲ့သည့်အပြင် လူပိုတစ်ယောက်ကိုပါ ခေါ်လာခဲ့မိလေသည်။
ဖန်းမူက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး အလောတကြီးပြောလိုက်၏။
“မကြာသေးခင်တုန်းက ငါတို့ကို မဟူရာကြွက်ဂိုဏ်းက ပစ်မှတ်ထားလာခဲ့တယ်… ပြောလို့မရဘူး အဲဒီကြွက်တွေက ငါတို့တံခါးဝကို အချိန်မရွေးရောက်လာနိုင်တယ်”
“ငါတို့က ရင်းမြစ်သတ္တုတွင်းတွေကို ပိုင်ဆိုင်မထားဘူး… အဲဒီသူတွေက ငါတို့ကို ဘာလို့ပြဿနာရှာချင်နေရတာလဲ”
မုံ့ရှစ်က မချင့်မရဲဖြစ်နေ၏။
“ငါတို့တွေ မဟူရာကြွက်ဂိုဏ်းနဲ့ ပွတ်တိုက်မှုမဖြစ်အောင် ဒီနေရာကနေ ထွက်ခွာသွားကြရင် မကောင်းဘူးလား”
ချန်ချင်းဟယ်က သူမ၏ ဘေးပတ်လည်ကို အကဲခတ်ကြည့်ပြီး ညင်သာစွာပြောလိုက်၏။
“ငါတို့ ကစဉ့်ကလျားနန်းတော်မှာ ဒီလူတွေပဲရှိတော့တယ်… ငါတို့က နောက်ထပ်တိုက်ခိုက်မှုတွေကို မကိုင်တွယ်နိုင်တော့ဘူး”
“ဒါပေမဲ့ ငါတို့က ဒီလိုပဲဆက်ပြီး ထွက်ပြေးနေလို့ ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ”
ဖန်းမူက သက်ပြင်းချကာ ပြောလိုက်၏။
ရှုလွေက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားသောအကြည့်တစ်ခု ပေါ်ထွက်လာ၏။
“မဟူရာကြွက်ဂိုဏ်းက တတိယအဆင့် အဖွဲ့အစည်းတစ်ခုပဲ… သူတို့မှာ သာလွန်သူပညာရှင်အရေအတွက် နည်းနည်းပိုသာနေရုံပဲ.. သူတို့က ငါတို့ဆီကိုရောက်လာရဲမယ်ဆိုရင် ငါသူတို့ကို ကိုင်တွယ်မယ်”
မဟာကမ္ဘာတစ်ထောင်လောကမှာ တာအိုသာလွန်သူများပါဝင်သည့် အဖွဲ့အစည်းများကို ပထမတန်းစားအဖွဲ့အစည်းများဟု ခေါ်ဆိုကြလေသည်။
ကောင်းကင်ဘုံသာလွန်သူများပါဝင်သည့် အဖွဲ့အစည်းများကိုတော့ ဒုတိယတန်းစားအဖွဲ့အစည်းများဟု ခေါ်ဆိုလေသည်။
ကစဉ့်ကလျားနန်းတော်လို သာလွန်သူများသာရှိသည့် အဖွဲ့အစည်းကိုတော့ တတိယတန်းစားအဖွဲ့အစည်းများဟု ခေါ်ဆိုလေသည်။
“စီနီယာအစ်ကိုရှု… ဒါပေမဲ့ ရှင့်ရဲ့ဒဏ်ရာတွေက…”
ချန်ချင်းဟယ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ရပါတယ်”
ရှုလွေက အသက်တစ်ချက်ရှိုက်ကာ ဘေးပတ်လည်မှာရှိသော လူတိုင်းကိုကြည့်လိုက်၏။ သူက အသံကိုမြှင့်ကာ ပြေလိုက်လေသည်။
“ငါတို့တွေက ဒီအချိန်အတောအတွင်း ရှင်သန်နိုင်နေသရွေ့ ငါတို့က အလင်းရောင်ကို မြင်တွေ့ခွင့်ရှိသေးတယ်… ငါက နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းပြီး တာအိုသုံးသပ်မှုနယ်ပယ်ကို ရောက်လာတာနဲ့ ငါတို့ ကစဉ့်ကလျားနန်းတော်က အခိုင်အမာရပ်တည်လာနိုင်လိမ့်မယ်… ငါတို့ရဲ့ အခြေအနေကလည်း သေချာပေါက် တိုးတက်လာလိမ့်မယ်”
သူ့စကားကို တုံ့ပြန်လိုက်သောလူ အနည်းအကျဉ်းသာရှိလေသည်။
တကယ်ဆို နောက်လိုက်များစွာသည် ကစဉ့်ကလျားနန်းတော်အပေါ် မျှော်လင့်ချက်များစွာ မထားရှိကြတော့ပေ။
လုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များမရှိဘဲ တာအိုသုံးသပ်မှုနယ်ပယ်ကို တက်လှမ်းဖို့က ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ။
အထွတ်အမြတ်ခိုလှုံရာဆိုသောအရာမှာ တကယ်ပင် ဒဏ္ဍာရီတစ်ပုဒ်သာ ဖြစ်နိုင်သည်။