စကားလုံးတိုင်းမှာ အသက်တစ်သက်
Vol. 215 Ch. 3251
“ဘုရားရေ…”
မုန့်ရှစ်က တိတ်တဆိတ်ဆွံ့အသွားသည်။
သူက ရှုလွေနှင့် ချန်ချင်းဟယ်ကိုကြည့်ပြီး သူ့ဘာသာသူတွေးလိုက်၏။
‘ငါတို့ ဒီလောကမှာ ဘယ်လိုလူကို ခေါ်လာခဲ့မိတာပါလိမ့်’
တာအိုပြယုဂ်နယ်ပယ်၏ တတိယမြောက်အသွင်ပြောင်းလဲခြင်းမှာရှိသော သာလွန်သူတစ်ဦးပင် ဤလူ့ထံမှ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိပေ။ မုန့်ရှစ်သည် ဆူဇီမိုကို သူယခင်က လှောင်ပြောင်ခဲ့သည်ကို အမှတ်ရသောအခါ သူက ကြောက်ရွံ့ထိတ်လန့်သွား၏။
ဆရာသမားက သူ့ကို ပြဿနာရှာချင်လျှင် သူက ဆယ်ကြိမ်မက သေပြီးနေပေလိမ့်မည်။
ရှုလွေနှင့်ချန်ရှင်းဟန်က အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက်တုန်လှုပ်မှုကို တွေ့မြင်နေရ၏။
မျက်နှာချေလိမ်းခြယ်ထားသော အမျိုးသမီး၏ အမူအရာကလည်း ပျက်ယွင်းနေ၏။ သူမ၏ စိတ်ထဲမှာ အကျိုးအပြစ်ကို ခဏမျှချိန်ဆပြီးနောက် သူမက လောလောဆယ်မှာ အန္တရာယ်ကိုရှောင်လွှဲဖို့ ဆုံးဖြတ်ပြီး အေးစက်စွာပြောလိုက်၏။
“ငါတို့မဟူရာကြွက်ဂိုဏ်းက ဒီနေ့အရှုံးကို ဝန်ခံတယ်… လျှောက်ရမယ့်လမ်းက ကျန်ပါသေးတယ် ငါတို့နောက်ကျရင် ပြန်ဆုံကြတာပေါ့”
မဟူရာကြွက်ဂိုဏ်းမှာ သာလွန်သူပညာရှင်ခြောက်ဦးနှင့် စစ်သည်တစ်သောင်းစစ်တပ်ရှိနေသော်လည်း ဂိုဏ်းချုပ်၏ သေဆုံးမှုနှင့်အတူ မဟူရာကြွက်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ စိတ်ဓာတ်က ကြီးမားစွာထိုးဆင်းသွားပြီး သူတို့၏ အဖွဲ့အစည်းမှာ မတည်မငြိမ်ဖြစ်လာ၏။
ဒါ့အပြင် သူတို့ခြောက်ယောက်က ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့သည် အစိမ်းရောင်ဝတ်အမျိုးသားကို အနိုင်ရမည်ဟု ယုံကြည်မှုမရှိပေ။
ထိုသို့ပြောရင်း မျက်နှာချေလိမ်းခြယ်ထားသော အမျိုးသမီးက သူမ၏ လက်ကိုဝေ့ယမ်းကာ လူတိုင်းနှင့်အတူ ထွက်ခွာဖို့ပြင်လိုက်၏။
ဤတစ်ခေါက်မှာ မဟူရာကြွက်ဂိုဏ်းသည် လူအရေအတွက်များစွာကို စုဖွဲ့လာခဲ့၏။ သူတို့သည် ကစဉ့်ကလျားနန်းတော်ကို မသိမ်းပိုက်နိုင်ရုံသာမက သူတို့၏ ဂိုဏ်းချုပ်ကပါ ဤနေရာမှာ သေဆုံးခဲ့ရ၏။ သူတို့သည် လုံးဝမျက်နှာပျက်ရပြီး သူတို့၏ အခြေခံအုတ်မြစ်က အပြင်းအထန်ပျက်စီးထိခိုက်သွားသည်ဟု ဆိုနိုင်သည်။
ဆူဇီမိုက ပြောလိုက်၏။
“နောက်ကျမှလား… မလိုပါဘူး ငါတို့မှာ ဘာအငြိုးအတေးတွေပဲရှိရှိ ဒီနေ့တစ်ခါတည်း ရှင်းကြတာပေါ့”
မဟူရာကြွက်ဂိုဏ်းမှ ဤလူအုပ်စုသည် ဤတစ်ခေါက်ရောက်ရှိလာသည်မှာ သူတို့အားလုံးကို သတ်ဖြတ်ရန်ဖြစ်သည်။ သူက တိုက်တိုက်ဆိုင်ဆိုင် ဤနေရာကို ရောက်ရှိမလာခဲ့လျှင် ကစဉ့်ကလျားနန်းတော်က လုံးလုံးလျားလျား ဖျက်ဆီးခံရပေလိမ့်မည်။ ထို့ကြေင့် ဆူဇီမိုသည် သူတို့ကို လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။
ကျားတစ်ကောင်ကို သူ၏ တောအုပ်သို့ ပြန်လွှတ်ပေးလိုက်ခြင်းသည် အနာဂတ်ပြဿနာများစွာကို မွေးမြူထားခြင်းနှင့် မကွာခြားပေ။
မဟူရာကြွက်ဂိုဏ်းမှ သာလွန်သူများ၏ အမူအရာက ထိုစကားကိုကြားသောအခါ ပြောင်းလဲသွားကြ၏။
ဤလူ၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးများမှာ သတ်ဖြတ်လိုစိတ်ကို လူတိုင်းက ရှင်းရှင်းလင်းလင်းကြားရနိုင်သည်။
မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးက သူမ၏ မျိုးဆက်သွေးကို လှည့်ပတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တောကောင်အကွက်များ ပေါ်ထွက်လာ၏။ သူမက မျက်လုံးကို မှေးကျဉ်းကာပြောလိုက်၏။
“တာအိုရောင်းရင်း… ရှင်ဘာကိုပြောချင်တာလဲ… ရှင်က ကျွန်မတို့ကို ဒီနေရာမှာ ထိန်းထားနိုင်မယ်ထင်လို့လား”
“ကျွန်မတို့ဘက်မှာ သာလွန်သူခုနှစ်ဦးရှိတယ်.. ကျွန်မတို့ အတူစုပေါင်းတိုက်ခိုက်မယ်ဆိုရင် ရှင်ကလည်း မထိမခိုက်ရှိနိုင်မှာ မဟုတ်ဘူး”
သူမ ပြောလိုက်သောစကားကပင် အားနည်းချက်ကို ဖော်ပြပြီးသွားပြီဖြစ်၏။
ရှုလွေ၊ ချန်ချင်းဟယ်နှင့် မုန့်ရှစ်တို့က အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာ မတ်တတ်ထရပ်လိုက်ကြ၏။
သူတို့သည် မဟူရာကြွက်ဂိုဏ်းနှင့်ဆက်လက်တိုက်ခိုက်ဖို့ စိတ်ကူးမရှိသော်လည်း ဆူဇီမိုက သူ၏ ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပြီဆိုမှတော့ သူတို့က နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။
ရှုလွေက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ကစဉ့်ကလျားနန်းတော်မှာ ငါတို့သုံးယောက်ရှိသေးတယ်… တိုက်ပွဲစတာနဲ့ အဲဒါက ခုနှစ်ယောက် လေးယောက် ဖြစ်သွားလိမ့်မယ်”
“ဟမ်…”
မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။
“ငါ့ရဲ့နောက်ဘက်မှာ စစ်သည်သောင်းချီ စစ်တပ်တစ်တပ်ပါလာတာကို မမေ့လိုက်နဲ့… ငါတို့က ရှေ့ကိုစုပြုံပြီး ဝင်လာမယ်ဆိုရင် ကစဉ့်ကလျားနန်းတော်ထဲ လူသုံးထောင်ကျော်ကျော်ထဲ ဘယ်လောက်များများနောက်ဆုံးမှာ ရှင်သန်နိုင်မှာလဲ”
ရှုလွေ၏ အမူအရာက သုန်မှုန်သွား၏။
သူသည် မဟူရာကြွက်ဂိုဏ်းနှင့် ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်လိုသည်မှာလည်း ဤအချက်ကြောင့်ဖြစ်သည်။
သာလွန်သူတိုက်ပွဲနယ်မြေမှာ ခုနှစ်ယောက်နှင့်လေးယောက် တိုက်ခိုက်မည်ဆိုလျှင် သူတို့ဘက်မှာ ဆူဇီမိုလိုပညာရှင်တစ်ဦးရှိနေခြင်းနှင့်အတူ မဟူရာကြွက်ဂိုဏ်းက မည်သည့်အသာစီးမှ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့သည် တစ်ဘက်အဖွဲ့နှင့် ငြိတွယ်နေရမည်ဆိုလျှင် ကစဉ့်ကလျားနန်းတော်မှအခြားသူများသည် စစ်သည်ပေါင်းသောင်းချီပါဝင်သော မဟူရာကြွက်ဂိုဏ်း၏ စစ်တပ်ကို သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ။
ထိုအချိန်မှာ ကစဉ့်ကလျားနန်းတော်က ကြီးမားသော ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ရပေလိမ့်မည်။
“ရှေ့ကိုစုပြုံပြီး ဝင်လာမလို့လား”
ရုတ်တရက် ဆူဇီမိုက ထိုစကားကိုကြားသောအခါ ပြုံးလိုက်၏။ ဖျတ်ခနဲလှုပ်ရှားရင်း သူက ပြောလိုက်၏။
“ဘယ်သူ.. လာရဲ.. မလဲ… ငါ.. ကြည့်မယ်”
‘ဘယ်သူ’ ဟူသောစကားကို ပြောလိုက်သည့်အချိန်မှာပင် ဆူဇီမိုသည် မျက်နှာချေလိမ်းခြယ်ထားသော အမျိုးသမီး၏ ရှေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရုတ်တရက်တိုက်ခိုက်လိုက်၏။
သူ၏ လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်သည်။
မဟူရာကြွက်ဂိုဏ်းချုပ်၏ လှုပ်ရှားမှုနည်းစနစ်က လုံလောက်အောင် မြန်ဆန်နေခဲ့ပြီးသားဖြစ်၏။ သို့သော်လည်း ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က သူ့ထက်အဆများစွာ ပိုမိုမြန်ဆန်သည်။
မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးသည် မည်သို့ပင်ဆိုစေ တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်း သာလွန်သူတစ်ဦးဖြစ်ပြီး သူမ၏ တုံ့ပြန်မှုကလည်း မြန်ဆန်လေသည်။ သူမသည် လောကတစ်ခုကို မြှောက်တင်ပြီး ရုန်းကန်ပေါက်ကွဲအားနှင့်အတူ နောက်သို့ဆုတ်ခွာလိုက်၏။ သို့သော်လည်း သူမ၏ လောကသည် ဆူဇီမို၏ လက်ချောင်းဓားဖြင့် ထိုးဖောက်ခံလိုက်ရဆဲဖြစ်၏။
ဤအခွင့်အလမ်းကို ချိန်ဆပြီး မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးက မဟူရာကြွက်ဂိုဏ်းမှ အခြားသောသာလွန်သူတစ်ဦး၏ နောက်ဘက်ကို လှစ်ခနဲဝင်ပြေးလိုက်၏။
ဖောက်…
အစကနေ ယခုအချိန်ထိ ထိုသာလွန်သူသည် အချိန်မီမတုံ့ပြန်နိုင်ဘဲ သူ၏ ဦးခေါင်းသည် ဆူဇီမို၏ လက်ချောင်းဓားဖြင့် ထိုးဖောက်ခံလိုက်ရပြီး မျက်နှာချေလိမ်းခြယ်ထားသော အမျိုးသမီးအတွက် လူစားလဲခံရသူ ဖြစ်သွားလေသည်။
‘လာရဲမလဲ’ ဟူသောစကားကိုပြောသည့်အချိန်မှာ ဆူဇီမိုသည် သူ၏ လက်ချောင်းဓားကိုလှည့်ပတ်ပြီး ဓားအလင်းတန်းတစ်ခုကို ပစ်ထုတ်ကာ မဟူရာကြွက်ဂိုဏ်းမှ နောက်ထပ်သာလွန်သူတစ်ဦးကို နှစ်ပိုင်းထိုးခွဲလိုက်၏။
မဟူရာကြွက်ဂိုဏ်းမှ သာလွန်သူတချို့ကို မပြောနှင့် အစက ဆူဇီမိုဘေးမှာ မတ်တတ်ရပ်နေခဲ့သော ရှုလွေနှင့် အခြားနှစ်ယောက်ပင်လျှင် မှင်တက်နေကြ၏။
လူအုပ်ကြားထဲသို့ အစိမ်းရောင်အရိပ်တစ်ခု ရိပ်ခနဲဝင်ပြေးသွားသည်ကိုသာ သူတို့က တွေ့မြင်လိုက်ရ၏။ တစ်ခဏချင်းမှာပင် မဟူရာကြွက်ဂိုဏ်းမှ သာလွန်သူငါးဦးက ကျဆုံးသွားလေသည်။
ဖြစ်စဉ်တစ်လျှောက်လုံးက အရမ်းကိုမြန်ဆန်ပြီး ‘ငါကြည့်မယ်’ဟူ၍ ဆူဇီမိုက စကားကိုအဆုံးသတ်လိုက်သည့်အချိန်မှာ ကိစ္စက ပြီးဆုံးသွားလေပြီ။
မဟူရာကြွက်ဂိုဏ်းမှ သာလွန်သူငါးဦးသည် နေရာမှာပင် သေဆုံးသွားပြီဖြစ်၏။
တောင်ကုန်းပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။
စကားလုံးငါးလုံးမျှနှင့် သာလွန်သူငါးဦးသေဆုံးသွားသည်။
စကားလုံးတိုင်းမှာ အသက်တစ်သက်ဖြစ်သည်။
မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးပြောသည်မှာ မှန်သည်။ သာလွန်သူများအချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် မဟူရာကြွက်ဂိုဏ်းစစ်တပ်က တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းကို ချိန်ဆနိုင်ပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက သူတို့ကို ထိုအခွင့်အရေးမပေးပေ။
လူတိုင်းစဉ်းစာတွေးတောနေသည့်တိုက်ပွဲက မစတင်ခင်မှာပင် အဆုံးသတ်သွားခဲ့သည်။
မဟူရာကြွက်ဂိုဏ်းမှ သာလွန်သူများကြားမှာ မျက်နှာချေလိမ်းခြယ်ထားသော အမျိုးသမီးနှင့် ဖန်းမူသာလျှင် ကျန်ရစ်ခဲ့လေသည်။
ထိုသည်ကိုတွေ့မြင်သောအခါ မဟူရာကြွက်ဂိုဏ်း စစ်တပ်က နေရာမှာတင် မှင်တက်နေကြ၏။
ဤကြွက်အုပ်စုသည် ကစဉ့်ကလျားနန်းတော်ကို တိုက်ခိုက်ဖို့နေနေသာ လှည့်ထွက်ပြေးရဲခြင်းပင် မရှိပေ။
သူတို့၏ ပြုမူလှုပ်ရှားမှုက ဆူဇီမို၏ စိတ်အာရုံကို ဆွဲဆောင်မိသွားမှာ စိုးရိမ်နေ၏။
“ဒါပဲလား…”
မုန့်ရှစ်က သူ့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး ငေးငိုင်နေ၏။
သူတို့သုံးယောက်သည် တိုက်ခိုက်ဖို့အခွင့်အရေးပင်မရလိုက်ပေ။
သာလွန်သူများသည် ဤလူ၏ ရှေ့မှာ ဘာ့ကြောင့် သုံးနှစ်အရွယ်ကလေးတွေလို အားနည်းနေရတာလဲ။
ရှုလွေက ရင်တစ်ချက်ထိတ်သွားပြီး သူတို့ တက်လှမ်းရာစင်မြင့်ကနေ ပြန်လာရာလမ်းမှာ သူတို့ကြုံတွေ့သင့်သည့်အန္တရာယ်များက များစွာလျော့ကျနေခဲ့သည်ကို အမှတ်ရသွား၏။
ထိုအချိန်တုန်းက သူတို့သည် ကံကောင်းလှသည်ဟု သူတို့သုံးယောက်က တွေးထင်ခဲ့၏။
ယခု အဲဒါနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားမိပြီး ၎င်းသည် ဆူဇီမိုနှင့် ပတ်သက်ဆက်စပ်နေနိုင်သည်။
ဖန်းမူက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေပြီဖြစ်၏။
မျက်နှာချေလိမ်းခြယ်ထားသော အမျိုးသမီး၏ မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ဆူဇီမိုက ဖြည်းဖြည်းချင်းလျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူမ၏ အသက်ရှူသံက လေးလံလာပြီး သူမက ခပ်တင်းတင်းအော်ပြောလိုက်၏။
“နင်ဘာလုပ်မလို့လဲ”
“နင်..နင် ငါ့ကို သတ်လို့မရဘူးနော်.. ငါနင့်ကိုပြောလိုက်မယ်… ငါက အသင်္ချေတောကောင်တောင်ကြောရိုးက ခေါင်းဆောင်-၄ ရဲ့မျိုးနွယ်ဝင်တစ်ဦးပဲ… နင်ငါ့ကို သတ်ရဲမယ်ဆိုရင် အသင်္ချေတောကောင်တောင်ကြောရိုးက နင့်ကိုအပိုင်းပိုင်းဆုတ်ဖြဲပြီး ကစဉ့်ကလျားနန်းတော်ကို ဖျက်ဆီးပစ်လိမ့်မယ်”
ဖန်းမူက ထိုအချက်ကို တွေးမိသွားပုံရ၏။ ရုတ်တရက် သူက ရှုလွေနှင့်အခြားနှစ်ယောက်ကို မော့ကြည့်လိုက်၏။
“မင်းတို့ရှာတွေ့လာတဲ့ဒီလူက အသင်္ချေတောကောင်တောင်ကြောရိုးကို ရန်စပြီး ပြဿနာကြီးကြီးရှာလိုက်ပြီ”
မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးက အသင်္ချေတောကောင်တောင်ကြောရိုး၏ အမည်ကို ထုတ်ဖော်ပြောဆိုလာသည့်အခါ ရှုလွေနှင့် အခြားနှစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့၏ မျက်လုံးများထဲမှာ နက်ရှိုင်းသော အကြောက်တရားပေါ်ထွက်လာ၏။
“ဪ… ဟုတ်လား”
ဆူဇီမိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်၏။
“မင်းမှာ နောက်ခံပေးတဲ့သူ ရှိနေတာပေါ့လေ”
မျက်နှာချေလိမ်းခြယ်ထားသောအမျိုးသမီးက နှာတစ်ချက်မှုတ်လိုက်၏။
“နင်က မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာခါစဆိုတော့ အသင်္ချေတောကောင်တောင်ကြောရိုးကို ကြားဖူးမှာ မဟုတ်ဘူး… နင်သိချင်ရင် ရှုလွေကို မေးကြည့်ပါလား”
ဆူဇီမိုသည် အသင်္ချေတောကောင်တောင်ကြောရိုးကို တကယ်ပင်မသိရှိပေ။ သူက မေးခွန်းထုတ်လိုသောအမူအရာဖြင့် ရှုလွေနှင့်အခြားနှစ်ယောက်ကို လှည့်ကြည့်လိုက်၏။ ရှုလွေက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အသင်္ချေတောကောင်တောင်ကြောရိုးက ပေါင်းမိုးပြည်နယ်မှာ ဒုတိယတန်းစားအဖွဲ့အစည်းတစ်ခုပဲ… ခေါင်းဆောင်လေးဦးစလုံးက ကောင်းကင်ဘုံသာလွန်သူတွေ.. သူတို့ရဲ့ဦးဆောင်မှုအောက်မှာ မျိုးနွယ်စုလေးစုရှိတယ်လို့ဆိုတယ်… သူတို့တွေက တောခွေး၊ ဝံပုလွေ၊ ကျားနဲ့ ကျားသစ်တို့ပဲ… သူတို့မှာ စုစုပေါင်း အရေအတွက်သောင်းချီနဲ့ မတူညီတဲ့ တောကောင်အမျိုးအစားထောင်ချီရှိတယ်”
“ကောင်းကင်ဘုံသာလွန်သူလေးဦး”
ဆူဇီမိုက ညင်သာစွာ ရေရွတ်လိုက်၏။
ကောင်းကင်ဘုံသာလွန်သူတစ်ဦးသည် တာအိုပြယုဂ်နယ်ပယ်၏ စဦးကျွမ်းကျင်မှုမျှသာဖြစ်ပြီး သူ့အပေါ်မှာ ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
သူ၏ ကျင့်ကြံမှုနယ်ပယ်က တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းမှာသာရှိသော်လည် သူ၏ ခန္ဓာကိုယ်ကို ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းနှင့်အတူ ပေါင်းစည်းထားပြီး သူသည် အဆင့်ကျော်သတ်ဖြတ်နိုင်သည့် ပကတိခွန်အားကို ပိုင်ဆိုင်ထားသည်။
ဒါ့အပြင် သူ့အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် တာအိုသုံးသပ်မှုပယ်၏ အဆင့်မြင့်ကျွမ်းကျင်မှုကို ရောက်ရှိနေပြီဖြစ်ပြီး မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး၏ အဆင့်မှာရှိလေသည်။
ရှုလွေက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အသင်္ချေတောကောင်တောင်ကြောရိုးရဲ့ ခေါင်းဆောင်-၄ က ကျားသစ်မျိုးနွယ်က ကောင်းကင်ဘုံသာလွန်သူတစ်ဦးဖြစ်တယ်လို့ဆိုတယ်… ဒီအမျိုးသမီးရဲ့မျက်နှာပေါ်က တောကောင်အကွက်တွေကလည်း ကျားသစ်ကွက်တွေပဲ… သူက အသင်္ချေတောကောင်တောင်ကြောရိုးက ခေါင်းဆောင်-၄ နဲ့ ပတ်သက်ဆက်စပ်နေမယ်ဆိုရင် ကျုပ်တို့သူ့ကို တကယ်ပဲ သတ်လို့မဖြစ်ဘူး။”