← Chapters

မင်းကို သင်ခန်းစာတစ်ခုပေးရုံပါ…

Vol. 215 Ch. 3252

မင်းကို သင်ခန်းစာတစ်ခုပေးရုံပါ…

Vol. 215 Ch. 3252

ချန်ချင်းဟယ်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ကျွန်မတို့က အခု မဟူရာကြွက်ဂိုဏ်းနဲ့ ရန်ငြိုးရန်စရှိသွားပြီ… သူ့ကို လွှတ်ပေးလိုက်မယ်ဆိုရင်တောင် သူက ကစဉ့်ကလျားနန်းတော်ကို လက်စားချေဖို့အတွက် အသင်္ချေတောကောင်တောင်ကြောရိုးရဲ့စွမ်းအားကို အသုံးချမလာဘူးလို့ မပြောနိုင်ဘူး”

“အဲဒါကလည်း ပြဿနာပဲ”

ရှုလွေက ခေါင်းညိတ်လိုက်၏။

ယခု ကျားသစ်မသာလွန်သူသည် ရုတ်တရက် အသင်္ချေတောကောင်တောင်ကြောရိုးကို ထုတ်ဖော်ပြောဆိုလာပြီး ဤကိစ္စက အလွန်တရာကိုင်တွယ်ရ ခက်ခဲလာသည်။

သူတို့သည် ဤအမျိုးသမီးကို သတ်လည်းမသတ်နိုင် လွှတ်လည်းမပေးနိုင်ပေ။

ရှုလွေက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အခုချိန်မှာ ငါတို့အတွက် နည်းလမ်းနှစ်ခုပဲ ရှိတော့တယ်… ပထမတစ်ခုကတော့ ကစဉ့်ကလျားနန်းတော်ကို လက်စားမချေပါဘူးလို့ ဒီမိန်းမကို တာအိုသစ္စာတစ်ခု ကျိန်ဆိုခိုင်းဖို့ပဲ… ဒုတိယတစ်ခုကတော့ ငါတို့က ဒီနေရာကနေထွက်ခွာပြီး ဆက်ပြေးရမယ်”

ချန်ချင်းဟယ်နှင့် မုံ့ရှစ်က နှုတ်ဆိတ်သွား၏။

မည်သည့်နည်းလမ်းကမှ မကောင်းမွန်ပေ။

ဤမိန်းမက တာအိုသစ္စာတစ်ခုကို ကျိန်ဆိုမည်ဆိုလျှင်တောင် ဤကိစ္စသည် အသင်္ချေတောကောင်တောင်ကြောရိုးသို့ ပျံ့နှံ့သွားသည်နှင့် ကပ်ဘေးတစ်ခု ကျရောက်လာဖို့ကို ရှောင်လွှဲလို့ရနိုင်မည် မဟုတ်ပေ။

သူတို့က ဆက်လက်၍ ထွက်ပြေးနေမည်ဆိုလျှင် ကစဉ့်ကလျားနန်းတော်သည် အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းရလိမ့်မည်ဖြစ်ပြီး လမ်းမှာ အန္တရာယ်ပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မည်။

ကစဉ့်ကလျားနန်းတော်က တစ်ကြိမ်ရွှေ့ပြောင်းတိုင်း လူအရေအတွက်က သိသိသာသာ လျော့ကျသွားပေလိမ့်မည်။

ချန်ချင်းဟယ်က ညင်သာစွာသက်ပြင်းချလိုက်၏။

“ငါတို့ ဘာလို့ဆက်ပြေးရမှာလဲ… တာအိုရောင်းရင်းဆူက ဒီမှာ နေလိုတယ်ဆိုရင် ကစဉ့်ကလျားနန်းတော် မြင့်မားတိုးတက်လာဖို့အတွက် မျှော်လင့်ချက်ရှိနေသေးတယ်လို့ ငါယုံတယ်”

သူတို့သုံးယောက်က ဆူဇီမိုကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

ဆူဇီမိုသည် ကစဉ့်ကလျားနန်းတော်သို့ ရောက်ရှိလာသည်မှာ တစ်ရက်ပင်မပြည့်သေးသော်လည်း သူတို့သုံးယောက်သည် နောက်ဆုံး ဆုံးဖြတ်ချက်အတွက် ဆူဇီမိုကို မှီခိုလာကြပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ စောစောက ဆူဇီမို၏ တိုက်ခိုက်မှုကြောင့်သာ သူတို့နှင့် ကစဉ့်ကလျားနန်းတော်က ချမ်းသာရာရခဲ့ခြင်းဖြစ်သည်။

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

သူသည် ရှုလွေနှင့် အခြားနှစ်ယောက်၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ အရေးလုပ်မနေပေ။ သူက အခြားတစ်စုံတစ်ရာကို စဉ်းစားနေခြင်းဖြစ်သည်။

အသင်္ချေတောကောင်တောင်ကြောရိုးက ရန်လာရှာမည်ကို စောင့်ဆိုင်းနေမည့်အစား ထိထိရောက်ရောက်ကိုင်တွယ်ပြီး ကိစ္စများကို တစ်ခါတည်း အပြီးသတ်ရှင်းလင်းလိုက်သည်က ပိုကောင်းပေလိမ့်မည်။

ဤကဲ့သို့သောအခြေအနေမှာ ကစဉ့်ကလျားနန်းတော်အနေဖြင့် ဤတောင်ကုန်းပေါ်မှာ နေထိုင်ကြသည်က ကောင်းမွန်သည့်စိတ်ကူးတစ်ခုမဟုတ်ပေ။

ဤနေရာမှာ ရင်းမြစ်သတ္တုတွင်းများ မရှိပေ။

အသင်္ချေတောကောင်တောင်ကြောရိုးသည် ဒုတိယတန်းစားအဖွဲ့အစည်းတစ်ခုဖြစ်သည်ဆိုမှတော့ သူတို့သည် ရင်းမြစ်သတ္တုတွင်းတချို့ကို သိမ်းပိုက်ထားပြီး အတိုင်းအတာတစ်ခုထိ ကောင်းမွန်သော အဆောက်အအုံများ ရှိနေပေလိမ့်မည်။ ထိုနေရာသည် ကစဉ့်ကလျားနန်းတော်ကဲ့သို့ ယိုယွင်းပျက်စီးနေလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဆူဇီမိုသည် တာအိုပြယုဂ်နယ်ပယ်၏ တတိယအသွင်ပြောင်းလဲခြင်းနယ်ပယ်ထိ ကျင့်ကြံထားသော်လည်း ကောင်းကင်ဘုံသာလွန်သူပညာရှင်တစ်ဦးနှင့် ယခုအချိန်ထိ မတိုက်ခိုက်ဖူးသေးပေ။ သူ၏တိုက်ခိုက်ရည်ခွန်အားက ဘယ်အဆင့်ထိ ရောက်ရှိလာသည်ကို မသိရပေ။

အသင်္ချေတောကောင်တောင်ကြောရိုးမှာ ကောင်းကင်ဘုံသာလွန်သူလေးဦးရှိနေ၏။ သူက သူ၏ခွန်အားကို စမ်းသပ်ဖို့အတွက် သူတို့ကို အသုံးချနိုင်ပေမည်။

ရှုလွေနှင့်အခြားနှစ်ယောက်က အစိမ်းရောင်ဝတ်အမျိုးသားနှင့် စိတ်ဝိညာဉ်အသိစိတ်ချင်း ဆက်သွယ်ပြောဆိုနေပြီး အစိမ်းရောင်ဝတ်အမျိုးသားက ပြန်ဖြေခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်ကို ကျားသစ်မသာလွန်သူက တွေ့မြင်သောအခါ သူမ၏ စိတ်ထဲရှိ စနိုးစနောင့်က စတင်၍ ကြေပျက်သွား၏။

သူမသည် တကယ်ပင် အသင်္ချေတောကောင်တောင်ကြောရိုးမှလာခဲ့ပြီး ကျားသစ်မျိုးနွယ်မှဖြစ်လေသည်။ သို့သော်လည်း တကယ်တမ်းမှာ သူမသည် ကောင်းကင်ဘုံသာလွန်သူကျားသစ်နှင့် သွေးသားတော်စပ်မှုမရှိဘဲ ထိုသူနှင့်လည်း လုံးဝမသိရှိပေ။

မဟုတ်ပါက သူမသည် မဟူရာကြွက်ဂိုဏ်းချုပ်နှင့်လက်ထပ်ပြီး တတိယတန်းစားအဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်လိမ့်မည်မဟုတ်ပေ။

စောစောက သူမသည် အန္တရာယ်ကို လက်တလောရှောင်လွှဲဖို့အတွက် အလျင်အမြန်စဉ်းစားပြီး အသင်္ချေတောကောင်တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူကျားသစ်၏ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်၏။

ထင်မှတ်ထားသည့်အတိုင်းပင်…။

သူမထင်တာမမှားဘူးဆိုလျှင် ရှုလွေနှင့်အခြားနှစ်ယောက်သည် အသင်္ချေတောကောင်တောင်ကြောရိုးက ဘယ်လောက်စွမ်းအားကြီးမားသလဲ အစိမ်းရောင်ဝတ်အမျိုးသားကို ပြောပြနေခြင်းဖြစ်ပေမည်။

အစိမ်းရောင်ဝတ်အမျိုးသားက တစ်ချိန်လုံးနှုတ်ဆိတ်နေ၏။ သူက စိုးရိမ်ထိတ်လန့်နေသောကြောင့် ဖြစ်နိုင်လေသည်။

‘ငါ သူ့ကိုသိပ်ပြီး ဖိအားပေးလို့မဖြစ်ဘူး… သူ့မှာ ထွက်ပေါက်မရှိတော့ဘူးလို့တွေးပြီး အသေအကြေတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်…”

ချက်ချင်းပင် ကျားသစ်မသာလွန်သူက အေးစက်စွာပြောလိုက်၏။

“တာအိုရောင်းရင်း… ဘာမှပူမနေနဲ့ ရှင်ကျွန်မကို ထွက်ခွာခွင့်ပေးမယ်ဆိုရင် ကျွန်မက ရှင်တို့ကို လက်စားချေဖို့အတွက် အသင်္ချေတောကောင်တောင်ကြောရိုးကို မတောင်းဆိုဘူးလို့ တာအိုသစ္စာတစ်ခု ကျိန်ဆိုပေးနိုင်တယ်”

“ကျွန်မက ကျွန်မရဲ့ စိတ်ရင်းမှန်ကန်မှုကို ပြပြီးသွားပြီ… ဘာဆက်လုပ်မလဲဆိုတာကတော့ ရှင့်အပေါ်မူတည်တယ်”

တကယ်တမ်းမှာ ကျားသစ်မအမျိုးသမီးသည် တာအိုသစ္စာကျိန်ဆိုခြင်းမှာ သူမအတွက် ထွက်လမ်းတစ်ခု ချန်ပြီးသားဖြစ်၏။

သူမသည် အသင်္ချေတောကောင်တောင်ကြောရိုးကို အနာဂတ်မှာ တောင်းဆိုလိမ့်မည် မဟုတ်သော်လည်း သူမက အခြားသောအဖွဲ့အစည်းများကို တောင်းဆိုနိုင်သည်။

မည်သို့ပင်ဆိုစေ သူမသည် ယနေ့ကိစ္စအတွက် ကစဉ့်ကလျားနန်းတော်ကို ပြန်လည်ပေးဆပ်ခိုင်းမည်ဖြစ်သည်။

ရှုလွေနှင့် အခြားသူများက အကြည့်ချင်းဖလှယ်ပြီး စိတ်ယိမ်းယိုင်လာကြ၏။

သူတို့သည် အသင်္ချေတောကောင်တောင်ကြောရိုးနှင့် ရန်သူများဖြစ်လာမည့်ဘေးကို ရှောင်လွှဲနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

တကယ်တော့ သူတို့က ဆက်လက်၍ ပြေးလွှားမလား သို့မဟုတ် ကျားသစ်မသာလွန်သူကို ယုံကြည်မလားဆိုတာကတော့ ဆူဇီမိုပေါ် မူတည်ပေလိမ့်မည်။

“တာအိုရောင်းရင်းဆူ… ဆုံးဖြတ်ချက်ချပါ ကျုပ်တို့ ခင်ဗျားစကားကို နားထောင်မယ်”

ရှုလွေက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ငါတို့မှာ နောက်ထပ် ထွက်လမ်းတစ်ခုရှိသေးတယ်”

ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။

“အမ်… ဟုတ်လား”

ရှုလွေနှင့် အခြားသူများ၏ မျက်လုံးက ဝင်းလက်သွား၏။

စောစောက ဆူဇီမို၏ နည်းလမ်းများသည် ရှုလွေနှင့် အခြားနှစ်ယောက်ကို ယုံကြည်လက်ခံသွားစေ၏။

သူ့ထံမှ ထွက်ပေါ်လာသော မည်သည့်နည်းလမ်းမဆို သေချာပေါက် ပိုမိုသင့်လျော်ပေလိမ့်မည်။

ဆူဇီမိုက ပြောလိုက်၏။

“ငါ… အသင်္ချေတောကောင်တောင်ကြောရိုးကိုသွားပြီး ဒီကိစ္စကို ငါတို့ဖြေရှင်းနိုင်မလားဆိုတာ ကောင်းကင်ဘုံသာလွန်သူကျားသစ်နှင့် ဆက်သွယ်ပြောဆိုကြည့်မယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

ရှုလွေနှင့် အခြားနှစ်ယောက်သည် ကြက်သေသေနေပြီး တစောက်ကန်းတစ်ယောက်ကို ကြည့်ရှုနေရသည့်အလား ဆူဇီမိုကို ကြည့်နေကြ၏။

ဒီလူ့ရဲ့ဦးနှောက်က တစ်ခုခုလွဲမှားနေတာလား။

ကျားသစ်မသာလွန်သူက ဆူဇီမိုကို ထူးဆန်းစွာဖြင့် ကြည့်လိုက်၏။

သူက ဒီလောကမှာ ဘယ်သူနဲ့ ဆက်သွယ်ပြောဆိုချင်တာလဲ။

တာအိုပြယုဂ်နယ်ပယ်သာလွန်သူတစ်ဦးအနေဖြင့် သူသည် ကောင်းကင်ဘုံသာလွန်သူကျားသစ်နှင့် တွေ့ဆုံခွင့်ပင် ရလိမ့်မည်မဟုတ်ပေ။

သူက အသင်္ချေတောကောင်တောင်ကြောရိုးက ခေါင်းဆောင်-၄ နဲ့ဆက်သွယ်ပြောဆိုနိုင်မယ်လို့ တကယ်ပဲတွေးနေတာလား။

သူ့မှာ ဘာအခွင့်အာဏာရှိလို့လဲ။

သူသည် ကောင်းကင်ဘုံသာလွန်သူကျားသစ်နှင့် မတွေ့ခင်မှာပင် အသင်္ချေတောကောင်တောင်ကြောရိုးမှ သားရဲတောကောင်များ၏ အရှင်လတ်လတ်ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

တကယ်တော့ ကျားသစ်မသာလွန်သူသည် ထိုကိစ္စများကို သူမဘာသာသူမသာ တွေးနေ၏။ သူမသည် ထိုစကားများကို ပြောဆိုပြီး ဆူဇီမိုကို ရန်စရလောက်အောင် မရူးမိုက်ပေ။

ရှုလွေက ညင်သာစွာချောင်းဟန့်လိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျား... ခင်ဗျား‌နောက်နေတာဖြစ်ရမယ်”

“ငါနောက်နေတာ မဟုတ်ဘူး”

ဆူဇီမိုက တည်တံ့စွာပြောလိုက်၏။

ချန်ချင်းဟယ်ကလည်း ဝင်ရောက်၍ သတိပေးလိုက်ရ၏။

“တာအိုရောင်းရင်းဆူ… ရှင်က အခုမှတက်လှမ်းလာတာဆိုတော့ ကောင်းကင်ဘုံသာလွန်သူပညာရှင်တစ်ဦးကို အရင်က မတွေ့မြင်ဖူးဘူး… ကောင်းကင်ဘုံသာလွန်သူတစ်ဦးက ဘယ်လောက်ထိ စွမ်းအားကြီးမားလည်းဆိုတာ ရှင်သိမှာမဟုတ်ဘူး”

“အသင်္ချေတောကောင်တောင်ကြောရိုးက နေရာတစ်ခုလုံး သားရဲတွေနဲ့ပြည့်နှက်နေတယ်… အဲဒီမှာရှိတဲ့အရိုးတွေက တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းထားတယ်… အသွေးအသားတွေက ချိုင့်ခွက်တိုင်းမှာ ပြည့်နေတယ်”

“အဲဒီကိုသွားမယ်ဆိုရင် ရှင်က ကောင်းကင်ဘုံသာလွန်သူကျားသစ်နဲ့ တွေ့ဆုံဖို့နေနေသာ အသက်ရှင်လျက်တောင် ပြန်လာနိုင်မှာမဟုတ်ဘူး”

ချန်ချင်းဟယ်က စကားပြောဆိုရာမှာ ပါးရည်နပ်ရည်ရှိလေသည်၊။ သူက ကိုယ့်ကိုကိုယ် သတ်မသေသင့်ကြောင်း သူမက တိုတိုရှင်းရှင်း ပြောပြလိုက်ရုံသာဖြစ်၏။

မုံ့ရှစ်က အနည်းငယ် စိုးရိမ်ပူပန်နေ၏။

“အဲဒီကောင်းကင်ဘုံသာလွန်သူ ပညာရှင်တွေက ကြင်နာတတ်တဲ့သူတွေမဟုတ်ဘူး… သူတို့တွေက ကျုပ်တို့ရဲ့အသက်တွေကို ဟင်းရွက်ကန်စွန်းတွေလိုပဲ ရှုမြင်တာ… သူတို့က စေတနာထားပြီး ခင်ဗျားနဲ့ ဘယ်လိုလုပ် ဆက်သွယ်ပြောဆိုပါ့မလဲ… တာအိုရောင်းရင်းဆူ.. မရူးမိုက်စမ်း…”

ချန်ချင်းဟယ်က သူ့ဘက်ကိုလှည့်ပြီး စိုက်ကြည့်လိုက်၏။

တကယ်တော့ မုံ့ရှစ်သည် ထိုစကားကိုပြောပြီး နောင်တရမိသွား၏။

သူသည် စကားကိုအမြဲတမ်း လွှတ်ခနဲပြောတတ်လေသည်။ စောစောက ဆူဇီမိုသည် အန္တရာယ်ကို မသိရှိဘဲ အသင်္ချေတောကောင်တောင်ကြောရိုးသို့ သွားရောက်မည်ကို သူက စိုးရိမ်နေပြီး သူ့စကားကို အာရုံမစိုက်မိခဲ့ပေ။

ဆူဇီမိုက စိတ်မကွက်ဘဲ သာမန်ကာလျှံကာ ပြောလိုက်၏။

“ငါတို့ ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်”

ဆူဇီမိုက သူ့စကားကို ဆက်လက်၍ မပြောဆိုပေ။

ရှုလွေနှင့် အခြားနှစ်ယောက်က ထိုစကားကိုကြားသောအခါ ဆတ်ခနဲတုန်ယင်သွား၏။

အမ်… သူက ဘာကိုဆိုလိုတာလဲ။

သူတို့က ဆက်သွယ်မပြောဆိုနိုင်ဘူးဆိုရင် ဒီငနဲက တစ်ခုခုလုပ်ဖို့ ကြံစည်နေတာလား။

“ရှင်က အသင်္ချေတောကောင်တောင်ကြောရိုးကို ရှင့်ဘာသာရှင် တကယ်ပဲသွားမှာလား”

ကျားသစ်မသာလွန်သူက တိတ်တဆိတ်ကျေနပ်သဘောကျသွား၏။ သို့သော်လည်း သူမက အပေါ်ယံမှာ တည်ငြိမ်နေပြီး မေးလိုက်၏။

ဤအစိမ်းရောင်ဝတ်အမျိုးသားက သူ့ကိုယ်သူသတ်သေချင်နေသည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ထိုအခါ သူမသည် နေက်ပိုင်းမှာ လက်စားချေစရာပင် လိုတော့မည်မဟုတ်ပေ။

“ငါမင်းကိုလည်း ခေါ်သွားရမှာပေါ့”

ဆူဇီမိုက ပြောလိုက်၏။

“ငါက လမ်းမသိဘူး.. နောက်ပြီး ဒါက မင်းနဲ့ပတ်သက်တဲ့ကိစ္စပဲ”

“ရတယ်လေ”

ကျားသစ်မသာလွန်သူက အလွယ်တကူ သဘောတူလိုက်၏။

“ရှင်က တကယ့်ကိုရဲဝင့်တာပဲ… အထင်ကြီးစရာပါပဲ”

ကျားသစ်မသာလွန်သက ချီူးကျူးလိုက်သော်လည်း စိတ်ထဲကနေ လှောင်ရယ်နေ၏။

သူမသည် အသင်္ချေတောကောင်တောင်ကြောရိုးမှ ခေါင်းဆောင်-၄ နှင့် ပတ်သက်ဆက်စပ်မှုမရှိသော်လည်း ဤလူသည် အသင်္ချေတောကောင်တောင်ကြောရိုးသို့ ခြေချရဲသည်နှင့် သူသည် ကောင်းကင်ဘုံသာလွန်သူကျားသစ်နှင့် မတွေ့ဆုံခင်မှာပင် တောကောင်များ၏ အပိုင်းပိုင်းဆုတ်ဖြဲခြင်းခံရပေလိမ့်မည်။

သူမကတော့ မည်သို့ပင်ဆိုစေ ကျားသစ်မျိုးနွယ်၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး သူမက အသင်္ချေတောကောင်တောင်ကြောရိုးမှာ ရှင်သန်ဖို့ အခွင့်အရေးရှိလေသည်။

ကျားသစ်မသာလွန်သူ၏ အကွက်ချကြံစည်မှုသည် ဆူဇီမိုထံကနေ ဖုံးကွယ်မထားနိုင်ပေ။

ရုတ်တရက် ဆူဇီမိုက သူ့လက်ကိုမြှောက်ပြီး ကျားသစ်မသာလွန်သူ၏ ဦးခေါင်းကို ဖြတ်ရိုက်ချလိုက်၏။ သူမ၏ အမြုတေစိတ်ဝိညာဉ်က ပျက်ပြယ်သွားလုနီးပါးပင်။ သူမ၏ ကျင့်ကြံမှုထက်ဝက်ကျော်က ပျက်စီးသွားလေသည်။

ဖူး…

ကျားသစ်မသာလွန်သူက သွေးများစွာကို ထွေးထုတ်ပြီး အားအင်ချိနဲ့စွာဖြင့် ခေါင်းငိုက်စိုက်ကျသွား၏။ သူမက မုန်းတီးစွာဖြင့် ဆူဇီမိုကိုကြည့်ပြီး ခပ်စူးစူးအော်ပြောလိုက်၏။

“နင်ဘာလုပ်နေတာလဲ…”

“ငါ့ကို ခြိမ်းခြောက်တာ မကြိုက်ဘူး”

ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

“ငါနင့်ကို သင်ခန်းစာတစ်ခုပေးရုံပဲ”

ရှုလွေနှင့်အခြားသူများအနေဖြင့် သူ့ကိုဝင်ရောက်တားဆီးဖို့ နောက်ကျသွားခဲ့ပြီဖြစ်၏။

သူတို့သုံးယောက်က သက်ပြင်းသာချလိုက်၏။ ဤနေရာအရောက်မှာ သူတို့သည် အသင်္ချေတောကောင်တောင်ကြောရိုးနှင့် ညှိနှိုင်းဆွေးနွေးနိုင်တော့မည် မဟုတ်ပေ။

All Chapters