← Chapters

မဟာကောင်းကင်ဘုံသာလွန်သူ

Vol. 215 Ch. 3256

မဟာကောင်းကင်ဘုံသာလွန်သူ

Vol. 215 Ch. 3256

ကောင်းကင်ဘုံသာလွန်သူကျားသစ်က သူ့ဘာသာသူလှောင်ရယ်လိုက်၏။

သူတို့သည် ကြုံရာကျပန်း ကျားသစ်တစ်ကောင်မျှနှင့် အသင်္ချေတောကောင်တောင်ကြောရိုးကို အကွက်ချကြံစည်နိုင်မည်တွေးနေလျှင် အိပ်မက်မက်နေတာပင်ဖြစ်ရပေမည်။

ဤကျားသစ်မသည် အသင်္ချေတောကောင်တောင်ကြောရိုးနှင့် ပတ်သက်ဆက်စပ်မှုမရှိသည်ကိုမပြောနှင့် သူက တကယ်ပဲ အသင်္ချေတောကောင်တောင်ကြောရိုးနှင့် ပတ်သက်ဆက်စပ်မှုရှိနေမည်ဆိုလျှင်တောင် သူက ငြင်းပယ်ပေလိမ့်မည်။

“ကောင်းကင်ဘုံသာလွန်သူ… ကျွန်မကိုကယ်ပါဦး”

ကျားသစ်မသာလွန်သူက အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူမက အလောတကြီးအော်ပြောလိုက်၏။

“ကျွန်မက ရှင်တို့ရဲ့မျိုးနွယ်ဝင်မဟုတ်ပေမယ့် တစ်ခါတုန်းက အသင်္ချေတောကောင်တောင်ကြောရိုးမှာ….”

“ဟမ့်…”

ကောင်းကင်ဘုံသာလွန်သူကျားသစ်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်သည်။

ကစဉ့်ကလျားနန်းတော်မှလူတိုင်းသည် သူတို့ရှေ့မှာ အရိပ်တစ်ရိပ်ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။

နောက်ခဏ၌ မုံ့ရှစ်သည် သူ၏ ဆုပ်ထားသောလက်က ရုတ်တရက်ပြေလျော့သွားသည်ဟု ခံစားလိုက်ရ၏။

အစကတော့ သူသည် ကျားသစ်မသာလွန်သူကို ဆုပ်ကိုင်ထားလေသည်။

ထိုအခိုက်အတန့်မှာ သူက အလိုလိုငုံ့ကြည့်လိုက်ပြီး အစက သူ့လက်ထဲမှာ ရှိနေခဲ့သော ကျားသစ်မသာလွန်သူသည် နှစ်ပိုင်းဆုတ်ဖြဲခံလိုက်ရပြီကို တွေ့လိုက်ရ၏။ သွေးများက အောက်ဘက်မှာ စီးကျနေပြီး သူမ၏ အလောင်းက သူ့ခြေရင်းမှာ ပုံလျက်သားလဲကျနေသည်။

ဟာ…

မုံ့ရှစ်က ကြက်သီးမွေးညင်းထပြီး ပင့်သက်ကိုရှိုက်လိုက်၏။

သူက အလောတကြီး မော့ကြည့်လိုက်၏။

ကောင်းကင်ဘုံသာလွန်သူကျားသစ်သည် ဘယ်တုန်းကမှ မလှုပ်ရှားခဲ့သည့်အလား သူ၏ မူလနေရာမှာပင် ထိုင်နေဆဲဖြစ်၏။

အရမ်းကိုမြန်ဆန်သည်။

အေးစက်စွာနှာတစ်ချက်မှုတ်ရုံနှင့် ကောင်းကင်ဘုံသာလွန်သူကျားသစ်သည် ကျားသစ်မသာလွန်သူကို သတ်ဖြတ်ပြီးနောက် သူ့နေရာမှာသူ ပြန်ထိုင်နေ၏။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ ကောင်းကင်ဘုံသာလွန်သူကျားသစ်သည် မည်သို့မည်ပုံသတ်ဖြတ်သွားသလဲ ရှုလွေ၊ မုံ့ရှစ်နှင့်အခြားသူများက ရှင်းရှင်းလင်းလင်းမတွေ့မြင်လိုက်ရပေ။

ဤသည်မှာ သာလွန်သူတစ်ဦးနှင့် ကောင်းကင်ဘုံသာလွန်သူတစ်ဦးကြား ကွာဟချက်ဖြစ်သည်။

ဖန်းမူသည် ကြောက်ရွံ့မှုဖြင့် သူ၏ ခြေထောက်များက ပျော့ခွေလာပြီး မြေပြင်ပေါ်မှာ ဖင်ထိုက်လျက်လဲကျကာ တုန်ယင်နေ၏။

မုံ့ရှစ်၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီး သူက ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းထနေ၏။

ကောင်းကင်ဘုံသာလွန်သူသည် စောစောက သူ၏ လည်ပင်းကို သာမန်ကာလျှံကာ ခုတ်ပိုင်းခဲ့မည်ဆိုလျှင် သူက ယခုအချိန်မှာ ခေါင်းပြတ်အလောင်းတစ်လောင်းဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်ဘုံသာလွန်သူကျားသစ်သည် ဘာကြောင့်ရုတ်တရက်တိုက်ခိုက်လာသည်ကို သူမသိပေ။ ဒါ့အပြင် သူတို့ကို တိုက်ခိုက်ရမည့်အစား သူသည် ကျားသစ်မသာလွန်သူကို သတ်ဖြတ်ခဲ့လေသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ”

ကောင်းကင်ဘုံသာလွန်သူကျားသစ်က ပြုံး၍ ပြောလိုက်၏။

“ဒီကျားသစ်မက တော်တော်လေး စဉ်းလဲတယ်… သူက ကျုပ်တို့အသင်္ချေတောကောင်တောင်ကြောရိုးကိုပါ စွပ်စွဲပုတ််ခတ်ချင်နေတာ.. ကျုပ် စိတ်မထိန်းနိုင်လို့ သူ့ကိုသတ်လိုက်မိတယ်”

“တာအိုရောင်းရင်းဆူ…”

ကောင်းကင်ဘုံသာလွန်သူဝံပုလွေက ပြုံး၍ ပြောလိုက်၏။

“ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းပြီးသွားပြီ”

ရှုလွေက ထိုစကားကို ကြားသောအခါ ကျေနပ်သဘောကျသွား၏။

အသင်္ချေတောကောင်တောင်ကြောရိုးသည် သူတို့ကို ဘာ့ကြောင့် ဤမျှအထိ ဖော်ရွေနေသည်ကို သူနားမလည်သော်လည်း ဤကိစ္စကို ဖြေရှင်းပြီးပြီဆိုမှတော့ သူတို့က ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်၏။

အသင်္ချေတောကောင်ခန်းမထဲမှာ သူတို့သည် တစ်ချိန်လုံး ကြီးမားသည့်ဖိအားအောက်ကို ကျရောက်နေ၏။

သူ့လိုမျိုး သာလွန်သူတစ်ဦးပင် ထိုသို့ဆိုပါက ကစဉ့်ကလျားနန်းတော်မှ အခြားသူများအနေဖြင့် ပို၍ပင် ဆိုးရွားပေလိမ့်မည်။

“တာအိုရောင်းရင်းဆူ… ဒီကိစ္စက ပြီးသွားပြီပဲ… သွားကြရအောင်”

ရှုလွေက အသံတစ်ခုကို အလောတကြီးပို့လွှတ်ပြီး တိုက်တွန်းလှုံ့ဆော်လိုက်၏။

အသင်္ချေတောကောင်တောင်ကြောရိုးသည် ဘာ့ကြောင့်ထူးဆန်းစွာ ပြုမူနေသလဲ ဆူဇီမိုက တွေဝေရှုပ်ထွေးနေဆဲဖြစ်၏။

တကယ်တော့ အဲဒါက ကိစ္စမရှိပေ။

သူက ဤနေရာကို ရောက်ရှိလာပြီဆိုမှတော့ အရင်နေရာကို ပြန်သွားဖို့စိတ်ကူးမရှိတော့ပေ။

“ဒါက ပထမကိစ္စတစ်ခုပဲရှိသေးတယ်”

ဆူဇီမိုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

“ဒုတိယကိစ္စကတော့ ငါက ဒီတစ်ခေါက် မင်းတို့တွေနဲ့ ဆွေးနွေးချင်တာပဲ… ကောင်းကင်ဘုံသာလွန်သူတောခွေး မရှိဘူးလား”

“တာအိုရောင်းရင်းဆူ… ဒီကိစ္စကို ဒီနေရာမှာ ရပ်တန့်ပြီး မြန်မြန်ဆန်ဆန်ပြန်ကြရအောင်”

မုံ့ရှစ်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ရှောင်လွှဲလို့ မရပါလား။

ဆူဇီမို၏ စကားကိုကြားသောအခါ ကောင်းကင်ဘုံသာလွန်သူဝံပုလွေနှင့်အခြားသူများက ရင်ထဲမှာ ဆို့နင့်သွား၏။

ကောင်းကင်ဘုံသာလွန်သူဝံပုလွေက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်တို့သုံးယောက်က ဘယ်ကိစ္စကိုမဆို ဆုံးဖြတ်ချက်ချပေးနိုင်ပါတယ်… အစ်ကိုကြီးကတော့ လောလောဆယ် အသင်္ချေတောကောင်တောင်ကြောရိုးမှာ မရှိဘူး”

“ဪ… ဟုတ်လား”

ဆူဇီမိုက ဟန်လုပ်၍ ပြုံးနေသော်လည်း သူက ကောင်းကင်ဘုံသာလွန်သူဝံပုလွေ၏ စကားကို ထောက်နေခြင်းမရှိပေ။ သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်သည် မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦး၏ အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။ စောစောက သူ၏ စိတ်ဝိညာဉ်ကို ဖြန့်ကြက်ခဲ့စဉ် ဖုံးကွယ်ထားသော လိုဏ်ဂူခန်းဝါတစ်ခုမှာ သိပ်သည်းပြင်းထန်သော စွမ်းအားအတက်အကျတစ်ခု ဖြာထွက်နေသည်ကို သူက ခပ်ရေးရေးအာရုံခံမိခဲ့၏။

ဤသည်မှာ တစ်ယောက်ယောက်သည် သူ့ကျင့်ကြံမှုနယ်ပယ်၏ အဟန့်အတားကို ချိးဖျက်ရန် ခွန်အားကို စုဆောင်းနေသည့် လက္ခဏာဖြစ်သည်။

ကောင်းကင်ဘုံသာလွန်သူဝံပုလွေ၏ တုံ့ပြန်ပုံအရ သူ့ကျင့်ကြံမှုနယ်ပယ်၏ အဟန့်အတားကို ချိုးဖျက်ဖို့ ကြိုးပမ်းနေသည့်လူက ကောင်းကင်ဘုံသာလွန်သူတောခွေးဖြစ်နိုင်လေသည်။

“ရတယ်လေ… တကယ်တော့ ဒါက အတော်လေးရိုးရှင်းတဲ့ကိစ္စပဲ”

ဆူဇီမိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။

ကစဉ့်ကလျားနန်းတော်က အခုချိန်ထိ အခြေချစရာနေရာမရှိသေးဘူး… မင်းတို့ရဲ့ အသင်္ချေတောကောင်တောင်ကြောရိုးက မဆိုးဘူးလို့ ငါထင်တယ်… ဒီနေရာကို စွန့်လွှတ်လိုက်တော့”

ရှုလွေ၊ ချန်ချင်းဟယ်နှင့် မုံ့ရှစ်တို့က ကြက်သေသေနေပြီး သူတို့က ထင်ယောင်ထင်မှားမြင်နေသည်ဟုပင် ခံစားရသည်။

ဆူဇီမိုက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

သူသည် ကောင်းကင်ဘုံသာလွန်သူ ပညာရှင်သုံးဦးကို အသင်္ချေတောကောင်တောင်ကြောရိုးကနေ ထွက်ခွာခိုင်းနေတာလား။

ဒါ့အပြင် သူက ထိုကိစ္စကို သာမန်ကာလျှံကာပြောဆိုနေ၏။

သူသည် အလွန်တရာ သာမန်သာဖြစ်သော တစ်စုံတစ်ရာကို ပြောဆိုနေသည့်အလားပင်။

ထိုမျှသာမက သူ့လေသံသည် ညှိနှိုင်းဆွေးနွေးနေခြင်းနှင့်မတူဘဲ အမိန့်ပေးနေခြင်းနှင့်ပိုတူနေ၏။

ဆူဇီမို၏ စကားမှာ ကစဉ့်ကလျားနန်းတော်မှလူတိုင်းက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။

ရှုလွေနှင့် အခြားနှစ်ယောက်ပင်လျှင် လှည့်ထွက်ပြေးချင်စိတ်ကို မနည်းထိန်းထားရ၏။

သူတို့သည် နေရာမှာပင် မတ်တတ်ရပ်ပြီး အသင်္ချေတောကောင်တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူသုံးဦး၏ အမူအရာကို ဂရုတစိုက်အကဲခတ်ကြည့်လိုက်၏။

ထူးဆန်းသည်မှာ ကောင်းကင်ဘုံသာလွန်သူသုံးဦးသည် ဒေါသထွက်မသွားရုံသာမက သူတို့က လုံးဝအံ့အားသင့်ခြင်းမရှိသည့်ပုံပင်။

“ကောင်းကင်ဘုံသာလွန်သူပညာရှင်တွေဆိုတဲ့အတိုင်းပဲ သူတို့က ဒီလောက်တောင် ဣန္ဒြေရတာလား”

မုံ့ရှစ်က တိတ်တဆိတ်ဆွံ့အသွား၏။

ဆူဇီမို၏ စကားကိုကြားပြီးနောက် ဆူဇီမိုသည် မဟူရာဆိတ်တောင်ကြောရိုးမှ ဖြစ်သည်ဟု ကောင်ကင်ဘုံသာလွန်သူဝံပုလွေနှင့် အခြားနှစ်ယောက်က ပို၍ပင် လက်ခံယုံကြည်သွားသည်ကို သူက မသိရှိပေ။

“တာအိုရောင်းရင်းဆူ.. ညှိနှိုင်းဆွေးနွေးလို့ မရတော့ဘူးလား”

ကောင်းကင်ဘုံသာလွန်ဝံပုလွေက လေးနက်သောအသံဖြင့်မေးလိုက်၏။

ကစဉ့်ကလျားနန်းတော်မှလူတိုင်းက ကြက်သေသေနေကြသည်။

ဤကောင်းကင်ဘုံသာလွန်သူပညာရှင်များကို သူတို့၏ ပိုင်နက်နယ်မြေကနေ ထွက်ခွာခိုင်းထား၏။ သို့သော်လည်း သူတို့သည် ထိုအခိုက်အတန့်မှာ တာအိုပြယုဂ်နယ်ပယ် သာလွန်သူတစ်ဦးနှင့် တကယ်ပင် ညှိနှိုင်းဆွေးနွေးလိုနေ၏။

“မင်းတို့က ဘယ်လိုညှိနှိုင်းဆွေးနွေးချင်လို့လဲ”

ဆူဇီမိုက ပြန်မေးလိုက်၏။

“ငါ့ဆီမှာ အညံ့ခံပြီး ကစဉ့်ကလျားနန်းတော်ကို ဝင်မလား”

အသင်္ချေတောကောင်တောင်ကြောရိုးမှာ ကောင်းကင်ဘုံသာလွန်သူပညာရှင်သုံးဦးက ဤမျှအထိ သတ္တိကြောင်ပြီး သူနှင့်ညှိနှိုင်းဆွေးနွေးလာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

တကယ်ဆို သူ၏ နောက်ခံကို အမှတ်တမဲ့ ထုတ်ဖော်မိပြီး ကောင်းကင်ဘုံသာလွန်သူသုံးဦးက ကြောက်လန့်နေသလားဟုပင် ဆူဇီမိုက စဉ်းစားတွေးတောနေမိ၏။

အသင်္ချေတောကောင်တောင်ကြောရိုးမှ ကောင်းကင်ဘုံသာလွန်သူသုံးဦးသည် ဤမျှအထိ အလိုက်သိပြီး သဘောကောင်းနေမှတော့ သူ့အနေဖြင့်လည်း တိုက်ခိုက်ဖို့က မသင့်လျော်ပေ။

“ဆူဇီမို… သိပ်ပြီးတော့ လွန်မလာနဲ့”

ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ကောင်းကင်ဘုံသာလွန်သူကျားက စားပွဲကို ဘန်းခနဲရိုက်ကာ မတ်တတ်ထရပ်လိုက်၏။ သိပ်သည်းပြင်းထန်သောသားရဲချီက သူ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ သူက ကောင်းကင်ဘုံသာလွန်သူတစ်ဦး၏ စွမ်းပကားကို ထုတ်ဖော်လိုက်၏။

“ညီ-၃… မဆင်မခြင်မလုပ်နဲ့”

ကောင်းကင်ဘုံသာလွန်သူဝံပုလွေနှင့် ကောင်းကင်ဘုံသာလွန်သူကျားသစ်က အလောတကြီးမတ်တတ်ထရပ်ပြီး ကောင်းကင်ဘုံသာလွန်သူကျားကို သူ၏ ထိုင်ခုံမှာ ပြန်ထိုင်စေရန် တားဆီးလိုက်၏။

“အရှည်ကို စဉ်းစားကြည့်…”

ကောင်းကင်ဘုံသာလွန်သူဝံပုလွေက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပြီး တည်တံ့စွာပြောလိုက်၏။ သူက ကောင်းကင်ဘုံသာလွန်သူကျားကို ခေါင်းညိတ်ပြပြီး လောလောဆယ်မှာ သည်းခံနေဖို့ အမူအရာပြလိုက်၏။

ကောင်းကင်ဘုံသာလွန်သူကျားက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး အံကိုကြိတ်ထား၏။ သူက လက်သီးနှစ်ဖက်ကို ဆုပ်ထားပြီး တဖြောက်ဖြောက်မြည်နေ၏။

ထိုစဉ်မှာပင် ဆူဇီမိုက အသင်္ချေတောကောင်တောင်ကြောရိုး၏ အပြင်ဘက်ကို လှမ်းကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။

ကောင်းကင်ဘုံသာလွန်သူသုံးဦးသည် ယခုအချိန်ထိ တစ်စုံတစ်ရာကို မတွေ့ရှိသေးဘဲ လောလောဆယ်မှာ သူတို့အစ်ကိုကြီးအတွက် ဘယ်လိုအချိန်ဆွဲထားရမလဲကိုသာ သူတို့၏ စိတ်ဝိညာည်အသိစိတ်များဖြင့် ဆွေးနွေးနေကြဆဲဖြစ်၏။

“ဟမ်…”

နောက်ခဏ၌ ကောင်းကင်ဘုံသာလွန်သူဝံပုလွေ၏ အမူအရာက ပြောင်းလဲသွား၏။ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူက ခန်းမ၏ အပြင်ဘက်ကို ဆတ်ခနဲလှည့်ကြည့်လိုက်၏။

ထို့နောက်ချက်ချင်းပင် အသင်္ချေတောကောင်တောင်ကြောရိုး၏ အထက်ကို ဆင်းသက်လာသည့် အလွန်တရာစီးပိုးခြယ်လှယ်နိုင်သော အော်ရာနှစ်ခုကို ကောင်းကင်ဘုံသာလွန်သူကျားနှင့် ကောင်းကင်ဘုံသာလွန်သူကျားသစ်က အာရုံခံမိသွား၏။

“အဲဒါ.. မဟာကောင်းကင်ဘုံသာလွန်သူပဲ”

ကောင်းကင်ဘုံသာလွန်သူဝံပုလွေက တည်တံ့သောအမူအရာဖြင့် ရေရွတ်လိုက်၏။

မဟာကောင်းကင်ဘုံသာလွန်သူပညာရှင်တစ်ဦးသာ ဤကဲ့သို့သောအော်ရာတစ်ခုကို ထုတ်ဖော်နိုင်သည်။

မဟူရာဆိတ်တောင်ကြောရိုးမှ အဓိကဇာတ်ကောင်က မည်သို့ပင်ဆိုစေ ရောက်ရှိလာဆဲဖြစ်သည်။

မဟာကောင်းကင်ဘုံသာလွန်သူဟူသောစကားကို ကြားရချိန်မှာ ကစဉ့်ကလျားနန်းတော်မှလူတိုင်းသည် ဆက်လက်၍ ကြောက်ရွံ့မနေတော့ဘဲ စိတ်ပျက်အားငယ်မှုကိုသာ ခံစားရတော့၏။

ရှုလွေ၊ ချန်ချင်းဟယ်နှင့် မုံ့ရှစ်တို့က စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်ကြ၏။ သူတို့သည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း သူတို့က မကျေနပ်သောအငွေ့အသက်တစ်ခုနှင့်အတူ ဆူဇီမိုကို ကြည့်နေကြ၏။

ကျားသစ်မသာလွန်သူ၏ သေဆုံးမှုနှင့်အတူ သူတို့က မထိမခိုက်ပြန်ထွက်နိုင်ခဲ့၏။

သို့သော်ယခု မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးပင် ဤနေရာကို ရောက်ရှိလာခဲ့လေပြီ။

ကစဉ့်ကလျားနန်းတော်မှလူတိုင်းသည် ရှေးဟောင်းသတ္တဝါတချို့၏ ခြေဖဝါးအောက် သူတို့က ရောက်ရှိသွားသည့်အလား ခံစားလိုက်ရ၏။ ဤရှေးဟောင်းသတ္တဝါကြီးများသည် အနည်းငယ်လှုပ်ရှားရုံဖြင့် သူတို့ကို နင်းခြေသတ်ဖြတ်နိုင်လေသည်။

“အသင်္ချေတောကောင်တောင်ကြောရိုးက မင်းတို့လေးယောက် ဘယ်လိုစဉ်းစားထားလဲ”

ထိုစဉ်မှာပင် အပြင်ဘက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။

နောက်ခဏ၌ လူနှစ်ယောက်က အသင်္ချေတောကောင်ခန်းမထဲသို့ ဝင်ရောက်လာသည်။

All Chapters