← Chapters

အခန်း (၁၂၀၆-၁၂၁၀)

Vol. 64 Ch. 1206-1210

အခန်း (၁၂၀၆-၁၂၁၀)

Vol. 64 Ch. 1206-1210

အပိုင်း ၁၂၀၆

လုယွီက လင်းကျန်းဖုန်း၏ အနားသို့ လျှောက်သွားပြီး သူ၏ သိုလှောင်အိမ်ထဲမှ ဆေးတစ်လုံးကို ထုတ်ကာ လင်းကျန်းဖုန်းကို တွဲထားသည့် တပည့်ဂိုဏ်းသားကို ပေးလိုက်သည်။ဆေးသောက်လိုက်သည်နှင့် လင်းကျန်းဖုန်း၏ မျက်ခွံများက လှုပ်လာသည်။

ထို့နောက် ဖြေးညင်းစွာ မျက်လုံးဖွင့်လာပြီး သူ၏မျက်ဝန်းအတွင်းမှ အလင်းများကို မြင်လိုက်ကြရသည်။ ဆေး၏ သက်ရောက်မှုက တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားချိန်တွင်သူ၏ အရေပြားက ရတနာတစ်ခုလို တောက်ပလာသည်။

ထိုအလင်းများ၏အောက်တွင်သူ၏ကိုယ်မှ ဒဏ်ရာတိုင်းက ချက်ချင်းလိုလို ပျောက်ကင်းသွားသည့်အပြင် သူ၏အတွင်းအားကလည်း တိုးတက်လာကာ ကျင့်ကြံခြင်းအဆင့်က အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

လင်းကျန်းဖုန်းက အလွန် အံ့သြသွားသည်။ ဆေးတစ်လုံးတည်းက သူ့ကို ဒဏ်ရာများ ပျောက်ကင်းစေသည့်အပြင် စွမ်းအားလည်း တိုးလာစေသည်။

ရပ်ကြည့်နေကြသည့် အခြားသောတပည့်ဂိုဏ်းသားများကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

‘ ဒါက ဘာဆေးလဲ’

သို့သော် သူတို့၏အာရုံက အခြားဘက်သို့ ပြန်ရောက်သွားသည်။ လုယွီက အကြီးအကဲတစ်ယောက်ကို သတ်လိုက်သည်။ထိုကိစ္စကို အရှင်က မည်သို့ဖြေရှင်းမည်ဖြစ်ကြောင်း သိလိုကြသည်။

လင်းကျန်းဖုန်းက ယခုမှသတိရလာသော်လည်း အားလုံးကို သိနေခဲ့သည်။ သူက ဂါရဝပြုလိုက်သည်။

“ ကျေးဇူးတင်ပါတယ် အရှင်ငယ်”

လွန်ခဲ့သော လအနည်းငယ်ခန့်ကဆိုလျင် သူတို့က အဆင့်တူခဲ့သည်။ ယခုမူ သူက နောက်တွင် ကျန်ရစ်ခဲ့လေပြီ။

“ မင်းက ငါ့ကြောင့် ဒဏ်ရာရသွားခဲ့ရတယ်။ ဒီဆေးလုံးက မင်းရဲ့ကိုယ်ထဲမှာ စိမ့်ဝင်နေလိမ့်မယ်။ အနာဂတ်မှာ မင်းက စိတ်ဝိဉာဉ်အဆင့်ကို တက်တဲ့အခါ မင်းရဲ့စိတ်ဝိဉာဉ်က သန်မာလာပြီး အဆင့်လွန်အဆင့်ကို ဝင်ရောက်သွားနိုင်လိမ့်မယ်”

ထို့နောက် လုယွီ၏လက်ထဲတွင် ဆေးတစ်လုံးပေါ်လာသည်။ဆေးလုံးက မည်းတူးနေသော်လည်း ရွှေရောင်တောက်ပနေသည်။ ဆေးလုံး၏အပေါ်တွင် နဂါးတစ်ကောင်က လှည့်ပတ်နေပုံကို မြင်ရသည်။

“ ဒါက စိတ်စွမ်းအားဆေးပဲ”

“ မဟုတ်ဘူး၊ အဲဒိထက်အဆင့်မြင့်တယ်”

“ ဒီဆေးက နှင်းပျံဂိုဏ်းမှာ.. မဟုတ်သေးဘူး တစ်လောကလုံးမှာတောင် ရှားပါးတဲ့အဆင့်ပဲ”

အဝေးမှ ကြည့်နေသော တောင်ထိပ်အသီးသီးမှ အကြီးအကဲများက တံတွေးမြိုချကြသည်။အဆင့်လွန်အဆင့်သို့ ရောက်သွားလျင် အဆင့်တိုင်းက ခက်ခဲသွားပြီဖြစ်သည်။လောကတွင် အဂ္ဂိရက်ပညာရှင်များက ရှားပါးနေရခြင်းသည် သူတို့၏စိတ်ဝိဉာဉ်ကို ကျင့်ကြံရခြင်းကြောင့်ဖြစ်သည်။ အဆင့်လွန်အဆင့်တွင်လည်း အလားတူဖြစ်သည်။

လုယွီကသာ ထိုဆေးလုံးကို လေလံတင်လိုလျင် အင်အားစုကြီးများစွာက လာရောက်လေလံဆွဲကြပေလိမ့်မည်။

လင်းကျန်းဖုန်းက တုန်ယင်သွားသည်။

“ ဒါက တန်ဖိုးကြီးလွန်းပါတယ်”

သူက စိတ်လှုပ်ရှားခြင်းထက် ဖိအားကို ခံစားနေရသည်။ လုယွီက ဆေးလုံးကို လင်းကျန်းဖုန်း၏ကိုယ်ထဲသို့ ပစ်ထည့်လိုက်သည်။ဆေးလုံးက သူ၏ကိုယ်ကို ထိသည်နှင့်ကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။

“ မင်းနဲ့ ထိုက်တန်ပါတယ်”

လင်းကျန်းဖုန်းကလည်း ချက်ချင်းထိုင်ကာကျင့်ကြံသည်။တခဏခန့်ကြာပြီးနောက် သူ၏အရှိန်အဝါက ထိုးတက်လာကာ မျက်ခုံးကြားတွင်လည်း အလင်းရောင်က တောက်ပလာသည်။

အကြီးအကဲများ၏မျက်ဝန်းက မှိန်သွားသည်။

တောင်ထိပ်တစ်ခုတွင်….

လျန်ချင်းယွီက ခြေဆောင့်နေသည်။ သူမတွင် လုယွီကို ကယ်ရန်အခွင့်အရေး နှစ်ကြိမ် ရခဲ့သည်။လင်းကျန်းဖုန်းနှင့်မတူသည်မှာ သူမကလည်း ထောင်ကျစ်တစ်ယောက်ဖြစ်သည်။ထိုကြောင့် သူမကသာ တားလိုလျင် လီကျယ်က လုယွီ၏ခြံဝန်းထဲသို့ ဝင်ခွင့်ရခဲ့မည် မဟုတ်ချေ။

‘ ငါက မတုန့်ဆိုင်းခဲ့သင့်ဘူး’

“ နောင်တရနေပြီလား”

ထိုအချိန်တွင် လျန်ချင်းယွီ၏အနားတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

လျန်ချင်းယွီက ခြေဆောင့်သည်။

“ ဆရာ ဆရာက ကျွန်မကို လာလှောင်နေတာပဲ”

“ စိတ်မပူပါနဲ့။ ငါ မင်းအတွက် လက်ဆောင်ပြင်ထားတယ်။ အဲဒါကို ယူပြီး အရှင်ငယ်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားပါ”

အပိုင်း ၁၂၀၇

လျန်ချင်းယွီက ပြောသည်။

“ အခုဆိုရင် လူပေါင်းများစွာက သူ့ကို ဝိုင်းနေတော့မှာ။ ကျွန်မအတွက် နေရာမရှိနိုင်ပါဘူး”

“ မင်းက အသက်အရွယ်ကလည်း သင့်တော်တဲ့ အရွယ်ကို ရောက်နေပြီ။ မင်းရဲ့ လှပမှုကလည်း ပြိုင်ဘက်ကင်းတယ်။ ဘာလို့ကိုယ့်ကိုယ်ကိုယ် လက်ဆောင်အဖြစ်သုံးပြီး အရှင်ငယ့်ဆီ မချဉ်းကပ်တာလဲ”

ထိုအချိန်တွင် လူအိုကြီးတစ်ယောက်က ထျန်းချန်းတောင်ထိပ်သို့ ရောက်လာကာ အော်ဟစ်သည်။

“ အရှင်ငယ်၊ အရှင်ငယ်က အကြီးအကဲတစ်ယောက်ကို သတ်တာ မသင့်တော်ပါဘူး။ အခုပဲ ထျန်းရှင်းတောင်ထိပ်ကို လိုက်ခဲ့ပြီး အပြစ်ခံယူပါ”

“ တွေ့လား ပြဿနာရှာမယ့်လူတစ်ယောက်က ရောက်လာပြန်ပြီ”

လူတိုင်းက အသံလာရာသို့ ကြည့်လိုက်ကြသည်။လုယွီက ယခုလေးတင် အကြီးအကဲတစ်ယောက်ကို သတ်ခဲပြီးလေပြီ။ သို့သော် သူ့အား ပြဿနာ လာရှာသူက ရှိနေသေးသည်။ ထိုလူက ကိုယ်ကိုယ်ကိုယ် သေတွင်းတူးနေခြင်းဖြစ်သည်။

“ လတ်စသတ်တော့ ထျန်းချင်းအကြီးအကဲ ဖြစ်နေတာပဲ”

“ ထျန်းရှင်းအကြီးအကဲက အရှင်ရဲ့ ညီလေ။ သူက အပြစ်ပေးတဲ့နေရာမှာ အရမ်းတင်းကြပ်တယ်။ ဒီတစ်ကြိမ်တော့ အရှင်ငယ် ဒုက္ခများနိုင်တယ်”

“ ဒါပေမဲ့ အရှင်လည်း ရှိနေတော့ အခြေအနေက ပြောရခက်တယ်”

“ သူက အရှင်ငယ်ကို ဖိနှိပ်ချင်တာဖြစ်မယ်။ ဒါဆိုရင် အနာဂတ်မှာ ခေါင်းဆောင်နေရာအတွက်ပြိုင်ဆိုင်ရင် သူက အားသာသွားမှာလေ”

လုယွီ၏မျက်လုံးများက မှေးကျဉ်းသွားသည်။

“ ခင်များက ထျန်းရှင်းတောင်ထိပ်ကဆိုရင် ဒီလူတွေ ငါ့ကို လာသတ်တုန်းက ဘာလုပ်နေလဲ”

“ သူတို့က ငါ့ကိုသ တ်ချင်လို့ ငါက ပြန်သတ်တာ ဘာမှားလဲ”

ထျန်းရှင်းအကြီးအကဲက ရယ်သည်။

“ ဟားဟားဟား ဒီလိုဆိုရင် မင်းက ထျန်းရှင်းတောင်ထိပ်ကို လာပြီး ငါ့ကို အခြေအနေ အရပ်ရပ်ကို ပြောပြသင့်တယ်။ “

“ ငါက တစ်ခုခု လုပ်ချင်ရင် ခင်များလို အတွင်းစည်းအကြီးအကဲ တစ်ယောက်ကို တင်ပြနေရမှာလား”

သူက အရှင်ငယ်ဖြစ်သည်။အနာဂတ်အရှင်လောင်းတစ်ယောက်က အတွင်းစည်းအကြီးအကဲ တစ်ယောက်လောက်ကို ဂရုစိုက်ရန် မလိုချေ။ အရှင်ကိုယ်တိုင်ကသာ သူ့အား အပြစ်ပေးပိုင်ခွင့်ရှိသည်။

အရှင်က မည်သည့်စကားမျှမဆိုဘဲ ရပ်ကြည့်နေသည်။သို့သော် အခြားသော အကြီးအကဲများကမူ ကိုယ်ပိုင်ထင်မြင်ချက်များ ပြောပိုင်ခွင့်ရှိသည်။

အကြီးအကဲ တစ်ယောက်က ပြောသည်။

“ နှင်းဓားအကြီးအကဲနဲ့ လီကျယ်က ပြဿနာရှာပြီး အရှင်ငယ်ကို တိုက်ခိုက်ခဲ့တယ်။ အရှင်ငယ်က သူတို့ကို သတ်လိုက်တာက ဂိုဏ်းကိုတောင် သန့်ရှင်းသွားစေသေးတယ်။ မင်း ထပ်မပြောနဲ့တော့”

လုယွီက ဂိုဏ်းသို့ ရောက်လာကတည်းက ခြံဝန်းအပြင်သို့ပင် မထွက်ခဲ့ချေ။ နှင်းဓားအကြီးအကဲနှင့် လီကျယ်ကသာ လုယွီ၏ အဆင့်တက်နေချိန်တွင် ပြဿနာ သွားရှာခြင်းဖြစ်သည်။

ထျန်းရှင်းအကြီးအကဲက ပြောသည်။

“သူက အရှင်ငယ်ဖြစ်နေရင်တောင် ရှင်းပြချက်တော့ ပေးရမှာပဲ။ ငါက ဒီနေ့ မင်းရဲ့ မကောင်းမှုတွေကို အများသိအောင်လုပ်ပြမယ်”

တစ်ဂိုဏ်းလုံးက ထျန်းရှင်း အကြီးအကဲကို ရွံ့ရှာစက်စုပ်မှုအပြည့်ဖြင့် ကြည့်ကြသည်။ သူတို့၏ အရှင်ငယ်ကို မကောင်းသော နှင်းဓားအကြီးအကဲနှင့် လီကျယ်တို့က လာသတ်ချိန်တွင် ရပ်ကြည့်နေခဲ့သူက ယခုမှလာကာ စည်းကမ်းများအကြောင်း ပြောနေသည်။ထို့ထက်ရယ်ရသော ဟာသ မရှိတော့ချေ။

အပိုင်း ၁၂၀၈

လုယွီက ပြောသည်။

“ ခင်များက ရှင်းပြချက်လိုချင်ရင်ငါက ပေးလို့ရတယ်”

သူက လက်ကိုမြောက်လိုက်ကာ ထျန်းရှင်းအကြီးအကဲကို ရိုက်ချသည်။

“ မင်းက နှင်းဓားအကြီးအကဲကို သတ်နိုင်ပေမဲ့ ငါ့ကိုတော့ မရဘူး”

ထျန်းရှင်းအကြီးအကဲက လက်ကို လှုပ်ရှားလိုက်ချိန်တွင် သူ၏အရှေ့တွင် လေနံရံတစ်ခုက ပေါ်လာသည်။ သူက လုယွီ လှုပ်ရှားမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။

လုယွီက အကြီးအကဲတစ်ယောက်ကို သတ်လိုက်ပြီး ပြိုင်ဘက်ကင်းဘွဲ့ရသွားမည်အား သူက စိုးရိမ်သည်။ထို့အပြင် လုယွီက အကြီးအကဲတစ်ယောက်နှင့် ထောင်ကျစ်တစ်ယောက်ကို သတ်လိုက်ပြီးသဖြင့် အတွင်းအားများ ကုန်ဆုံးနေလောက်ချေပြီ။

ဝုန်း

လုယွီ၏ လက်၏လှုပ်ရှားမှုအတိုင်း ကောင်းကင်မှ ကျဆင်းလာသော ကြီးမားသည့် လက်ဖဝါးကြီးက လေနံရံကို ရိုက်ချသည်။

ဝုန်း

ထျန်းရှင်းအကြီးအကဲ၏ မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားသည်။ သူ၏ ဂုဏ်ယူရသော လေနံရံကို ပေါက်ကွဲသွားပြီး လက်ဝါးချက်က သူ့ထံ တိုက်ရိုက်ရောက်လာသည်။ ထျန်းရှင်းအကြီးအကဲက နှင်းထုထဲ နစ်မြုပ်သွားလေသည်။

လုယွီက ထျန်းရှင်းအကြီးအကဲကို မသတ်ချေ။ သို့တိုင်အောင် ထျန်းရှင်းအကြီးအကဲ၏ အဝတ်များက စုတ်ပြတ်သတ်ကုန်ကာ သွေးများကလည်း စိမ့်ထွက်နေသည်။

လုယွီက နှင်းဓားအကြီးအကဲကို မတော်တဆ သတ်နိုင်ခဲ့ခြင်းဆိုလျင် ယခုတစ်ခေါက်က မတော်တဆ မဟုတ်နိုင်တော့ချေ။ ထို့အပြင် ထျန်းရှင်းအကြီးကလည်း အလွန်စွမ်းအားကြီးမားသူဖြစ်သည်။

“ အဟွတ် အဟွတ်”

“ ကောင်စုတ်လေး မင်းက ဘာမကောင်းတဲ့ လှည့်ကွက်တွေသုံးလိုက်တာလဲ”

ထျန်းရှင်းအကြီးအကဲက နှင်းထုထဲမှ ကုန်းထလာသည်။ သို့သော်လုယွီက လက်ဝါးတစ်ချက်နှင့်သာပြန်ဖြေသည်။

ထျန်းရှင်း အကြီးအကဲက လေထဲ လွင့်ထွက်သွားပြီး ကျောက်နံရံတစ်ခုနှင့် ဆောင့်တိုက်မိသည်။ လုယွီက ပြောသည်။

“ ငါက အကြီးအကဲတစ်ယောက်ကို သတ်ချင်ရင် အကြောင်းပြချက် လိုလား”

အတွင်းစည်းအကြီးအကဲများက မျက်မှောင်ကြုတ်သည်။ထိုလေသံက တပည့်ဂိုဏ်းသားတစ်ယောက်က အကြီးအကဲတစ်ယောက်ကို ပြောသင့်သော လေသံ မဟုတ်ချေ။ သူက အဆင့်လွန်အဆင့်များကိုပင် ဂရုစိုက်ဟန် မရချေ။

လုယွီက ပြောသည်။

“ ခင်များက သေချင်ရင် ထပ်စမ်းနိုင်တယ်”

ထျန်းရှင်းအကြီးအကဲက နှင်းထုပေါ်သို့ ပြန်ပြုတ်ကျလာပြီဖြစ်သည်။ သူက ပြန်လည်ကုန်းထပြီးနောက် လုယွီကို ဒေါသတကြီးကြည့်သည်။သို့သော် လုယွီ၏အကြည့်ကို မြင်လိုက်ချိန်တွင် စကားမပြောနိုင်လောက်အောင် ကြောက်လန့်သွားတော့သည်။

အရှင်ငယ်က သူ့ကို သတ်နိုင်သည်။သူ့ကို သတ်နိုင်သောစွမ်းအားရှိသည်။ သူက ထိုအချက်ကို မေ့နေခဲ့သည်။

‘ ငါ ဘယ်လိုလူကို ရန်စလိုက်မိတာလဲ’

သူက လုယွီကို တက်နင်းပြီး ထိပ်သို့ တက်လိုခဲ့သည်။ အဆုံးသတ်တွင် သူကသာ အနင်းခံရသူဖြစ်လာသည်။

လုထျန်းကန်းက နောက်ဆုံးတွင် အမိန့်ထုတ်လာသည်။

“ ငါ အမိန့်ထုတ်မယ်။ သူ့ရဲ့ ထျန်းရှင်းအကြီးအကဲ နေရာကို ယုတ်သိမ်းပြီး ဆယ်နှစ် စံအိမ်တော် အကျဉ်းချထားမယ်။ ငါရဲ့အမိန့်မပါဘဲ ဘယ်ကောင်ကမှ မလွှတ်ပေးရဘူး”

အပိုင်း ၁၂၀၉

ထျန်းရှင်းအကြီးအကဲက ခါးသီးစွာသက်ပြင်းချသည်။

“ ဟုတ်ကဲ့”

အနည်းဆုံး သူက မသေတော့ချေ။ သို့သော် မည်သူကမျှ သူ့ကို ဂရုမစိုက်ချေ။ လူတိုင်း၏ အကြည့်က လုယွီထံသို့ ရောက်နေသည်။ လုယွီက အလွန်အင်အားကြီးမားလွန်းသဖြင့် သူတို့က လုယွီကိုကြည့်သောအကြည့်တွင် လေးစားရိုသေသော အလင်းများက တောက်ပနေသည်။

“ ရှန်းလုံတောင်ထိပ် ရန်ယန်ယွန်က အရှင်ငယ်ကို ဂါရဝပြုပါတယ်”

“….”

“လျှိုဟုန်ဟန်တောင်ထိပ်က လျှိုဟုန်က အရှင်ငယ်ကို ဂါရဝပြုပါတယ်”

.....

“ လျန်ထောင်ကျစ်က အရှင်ငယ်ကို ဂါရဝပြုပါတယ်”

လျန်ချင်းယွီက လုယွီကို တွေ့ဆုံနိုင်ရန် သေချာပြင်ဆင်လာခဲ့သည်။ သူမက အပြာနှင့် ပန်းနုရောင် ရောယှက်ထားသည့် လှပသောဝတ်စုံကို ဝတ်ထားသည်။ သူမ၏ နှုတ်ခမ်းရဲရဲများနှင့် သွားဖြူဖြူများက လိုက်ဖက်သည်။ အကုန်လုံးခြုံကြည့်လိုက်လျင် အလွန်တောက်ပကာ ဆွဲဆောင်မှုပြင်းလေသည်။

သို့သော် လုယွီက သူမကို ကြည့်ပင် မကြည့်ချေ။

“ ကိစ္စမရှိတော့ရင် ပြန်ပြီး ကျင့်ကြံတော့မယ်”

လုယွီက ဂိုဏ်းခေါင်းဆောင် နေရာကို စိတ်မဝင်စားသည့်အတွက် အရေးကိစ္စများကို အာရုံမစိုက်ချင်ချေ။

သူက စိတ်ဝင်စားသည်မှာ တိရှားဘိုးဘေးနှင့် မတွေ့ဆုံခင် အဆင်သင့်ဖြစ်နေရန်ဖြစ်သည်။ လုထျန်းကန်းက ပြောသည်။

“ တစ်လနေရင် တော်ဝင်ဘိုးဘေးရဲ့ ဆက်ဆံသူ နေရာ ယှဉ်ပြိုင်ပွဲ စတင်တော့မယ်။ အချိန်မီ ထွက်လာခဲ့ဖို့ သတိရပါ”

လုယွီက ခေါင်းညိတ်သည်။

သူက လှည့်ထွက်ပြီးမှ တစ်စုံတစ်ရာကိုသ တိရကာပြန်လှည့်မေးသည်။

“ ဒါနဲ့ ငါ့ကို ပေးထားတဲ့ အဲဒီအစေခံကောင်မလေးက ဘယ်ရောက်သွားတာလဲ”

လုယွီက လျန်အာကို ပထုတ်ခဲ့သော်လည်း သူက ကျင့်ကြံနေခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး လျန်အာက ပေါ်မလာခဲ့ချေ။

လုထျန်းကန်းက မျက်မှောင်ကြုတ်သည်။

“ ငါ့အမိန်မပါဘဲ သူမက ထွက်မသွားနိုင်ပါဘူး။ ငါက အမိန့်ထုတ်ပြီး ရှာပေးရမလား”

……

နှင်းပျံဂိုဏ်း အပြင်ဌာန…

အပြင်ဌာနသည် နှင်းပျံဂိုဏ်း၏ လက်အောက်မှ အင်အားနည်းသောမြို့များနှင့် ဂိုဏ်းများမှ အရေးကိစ္စများကို ကိုင်တွယ်ရသည်။ ထိုဂိုဏ်းများ၊ ကလန်များက အချင်းချင်း တိုက်ခိုက်ပြီး ဖြေရှင်းရန် လိုအပ်လာသည့်အခါ အပြင်ဌာနမှ တပည့်ဂိုဏ်းသားများကသ ွားရောက်ကာဖြေရှင်းရသည်။ ထိုနေရာသို့ ရောက်နေသူများကလည်း ကျင့်ကြံခြင်းအဆင့်နိမ့်သူများ ဖြစ်ကြသည်။

“ဟန်လျန်အာ မင်းနဲ့အတူတာဝန်ကျတဲ့ လူတွေက ဒီနေ့ ခွင့်ယူထားကြတယ်။ ဒီတော့ သူတို့ရဲ့ တာဝန်တွေကို မင်းကပဲ လုပ်ရမယ်”

“ လုံဖန်းကျိုးမှာ သေမျိုးတိုင်းပြည် ၇၀ရှိတယ်။ ငါတို့နဲ့ ပူးပေါင်းချင်တဲ့ မိသားစုတွေလည်း ရှိနေသေးတယ်။မင်းက သူတို့အားလုံးရဲ့ နာမည်ကို ချရေးထားပြီး အသိအမှတ်ပြု တံဆိပ်ပြားတွေ လုပ်ရမယ်”

အခြားသော တပည့်ဂိုဏ်းသားများက လျန်အာကို ကြည့်သည်။ လျန်အာက ထိတ်လန့်စွာ ပြောသည်။

“ စီနီယာ အစ်ကို ညီမ… ညီမ ဒါတွေကို တစ်ယောက်တည်း ပြီးမယ် မထင်ဘူး”

အပိုင်း ၁၂၁၀

သေမျိုးတိုင်းပြည်များတွင် ဂိုဏ်းပေါင်းများစွာရှိတတ်သည်။ထို့အပြင် ခေါင်းဆောင်မှစတင်ပြီး တပည့်ဂိုဏ်းသားများအထိ အရေအတွက်က အလွန်များသည်။ ထိုမျှ များပြားသောပမာဏကို သူမတစ်ယောက်တည်းအားဖြင့် မလုပ်နိုင်လောက်ချေ။ ထို့အပြင် ကလန်နှင့် ဂိုဏ်းများ၏ အရေအတွက်ကလည်း မနည်းပါးချေ။

ပုံမှန်အားဖြင့် ထိုသို့သော အလုပ်များကို တပည့်ဂိုဏ်းသား အနည်းဆုံး သုံးယောက် လုပ်ကြရသည်။

“ ဒါက မင်းရဲ့ တာဝန်ပဲ၊ မခိုကပ်နေနဲ့”

တပည့်ဂိုဏ်းသားတစ်ယောက်က လျန်အာကို စာ လိပ်အပုံလိုက် ပေးလာသည်။ဟန်လျန်အာက ထိုစာလိပ်များကို ခါးသီးစွာ ယူလိုက်သည်။ အပြင်စည်းဂိုဏ်းတွင် ဝေ့ကွမ်းရှီကို ဖားရန်အတွက် သူမကို ဒုက္ခပေးချင်သူများ များပြားနေလေသည်။

လျန်အာက အပြင်သို့ ထွက်လိုက်ချိန်တွင် အမျိုးသမီး တစ်အုပ်ကိုမြင်လိုက်ရလေသည်။

“ နင်က ဟန်လျန်အာလား”

ဦးဆောင်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပြောသည်။ သူမက ဝတုတ်နေကာ ဟန်လျန်အာထက် အရပ်မြင့်သည်။ ထိုအချိန်တွင် ထိုအမျိုးသမီး၏ လျန်အာကို ကြည့်လာသော အကြည့်က အန္တရာယ်များလွန်းနေသည်။

လျန်အာက အံ့သြသွားသည်။ သူမကလည်း ထိုအမျိုးသမီးကို သိသည်။သူမက လီဖုန်းချွမ်ဖြစ်ပြီး ဝေ့ကွမ်းရှီ၏ ဇနီးဖြစ်သည်။သူမက လီကျယ်၏ ဝမ်းကွဲဖြစ်သည်။နောက်ပိုင်းတွင် ဝေ့ကွမ်းရှီနှင့် လက်ထပ်ခဲ့သည်။

ဝေ့ကွမ်းရှီက သာမန် အိမ်တော်ထိန်းတစ်ယောက်ဖြစ်သည်။ လီဖုန်းချွမ်ကြောင့်သာ လက်ရှိရာထူးကို ရထားခြင်းဖြစ်သည်။

“ ဂိုဏ်းတူအစ်မကြီးလီက မေးနေတယ်၊ နင်က ပြန်ဖြေရကောင်းမှန်း မသိဘူးလား”

လီဖုန်းချွမ်၏ဘေးမှ မိန်းမတစ်ယောက်က အော်သည်။

သူမ၏ အသံက ကျယ်သဖြင့် ပတ်ဝန်းကျင်မှ လူများက ကြည့်လာကြသည်။သို့သော် လီဖုန်းချွမ်ကို မြင်သည်နှင့် အကြည့်ပြန်လွှဲသွားကြသည်။ လီဖုန်းချွမ်က ထောင်ကျစ်နှင့် ဆွေမျိုးတော်စပ်သူဆိုပြီး ထောင်လွှားသည်။

သူမကို ပြဿနာ ရှာဖူးသော ဂိုဏ်းသားတစ်ယောာက်ဆိုလျင် လက်မောင်းတဖက် အဖြတ်ခံရပြီး အစေခံအဆင့်သို့ လျှော့ချခံခဲ့ရသည်။ ယခုနောက်ပိုင်း ထိုဂိုဏ်းသားကို မမြင်ရတော့ချေ။

ဟန်လျန်အာကလည်း အလွန် ထိတ်လန့်သွားသည်။ သူမက ပြန်ဖြေသည်။

“ ကျွန်မပါ”

လျန်အာက ပြန်ဖြေရဲမည်ဟု မထင်ထားသော လီဖုန်းချွမ်က ဒေါသထွက်သွားသည်။

“ ခွေးမ”

သူမက အနားတိုးသွားပြီး လျန်အာ၏ ပါးကို ဖြန်းခနဲ ရိုက်သည်။

“ ငါ့ယောင်္ကျားကို မြူစွယ်တာ နင်ဖြစ်နေတာပဲ ခွေးမ”

လီဖုန်းချွမ်က လျန်အာ၏ မျက်နှာကို ထပ်ရိုက်ပြန်သည်။

လျန်အာက မြေပြင်သို့ ဖင်ထိုင်လျက် ပြုတ်ကျသည်။ သူမ၏ပါးပြင်က ပူလောင် ကျိန်းစက်လာသည်။ သူမက ငိုယိုကာ ပြောသည်။

“ ကျွန်မ မလုပ်ပါဘူး”

“ ခွေးမ နင်က ပြန်ပြောရဲတာလား”

လီဖုန်းချွမ်ကသတင်းရထားသည်မှာ ဝေ့ကွမ်းရှီက ဟန်လျန်အာနှင့်အတူ တစ်နေရာသို့ ထွက်သွားသည်ဟု ဆိုသည်။ သူမ၏ ဆွေးမျိုးများ၏ စကားအရ ဝေ့ကွမ်းရှီက လျန်အာကို ဆူပူကျိန်းမောင်းနေသည်ဟု ဆိုသည်။ ထိုစကားများထဲတွင် ‘ ခစားခွင့်ရတာကတင် မင်းအတွက် ကံကောင်းတာ’ဆိုသော စကားများလည်း ပါကြောင်း သိခဲ့ရသည်။

သူမက အလွန် သဝန်တိုသွားပြီး ဒေါသတကြီး ဖြစ်လာသည်။ သူမ၏ အမြင်တွင် ဝေ့ကွမ်းရှီက ဟန်လျန်အာကို ရရန်ကြိုးစားနေခြင်း ဖြစ်လောက်သည်။

All Chapters