အခန်း (၁၂၁၁-၁၂၁၅)
Vol. 64 Ch. 1211-1215
အပိုင်း ၁၂၁၁
ထိုသို့မဟုတ်လျင် အပြင်စည်းတပည့်ဂိုဏ်းသူတစ်ယောက်ကို အပြင်ဌာနသို့ ပို့ကာ ဒုက္ခပေးနေမည်ဟုတ်ချေ။
သူမရထားသော သတင်းများအရ ဟန်လျန်အာက ဂိုဏ်းထဲသို့ ဝင်နိုင်ခဲ့ခြင်းသည် ဝေ့ကွမ်းရှီကြောင့်ဟု ဆိုသည်။ ထိုသို့တွေးမိရုံနှင့်တင် သူမက အလွန် ဒေါသထွက်လာသည်။
“ ဒီခွေးမက နည်းနည်းလေး လှပေမဲ့ နှမြောစရာက ဒီအတိုင်း ဆက်ထားလို့ မရတာပဲ”
လီဖုန်းချွမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
“ ဒီမိန်းမရဲ့ အဝတ်တွေကို ဆွဲချွတ်လိုက်”
လီဖုန်းချွမ်၏ အနောက်မှ ထောင်ထောင်မောင်းမောင်း အမျိုးသမီးကြီးများက ရှေ့တက်လာကာ ဟန်လျန်အာ၏ အဝတ်များကို ဆွဲဖြဲကြသည်။
လျန်အာ၏ အပြင်ဝတ်က ပြဲထွက်သွားပြီး ကျွတ်ထွက်သွားကာ သူမ၏ ပါးလျသော အတွင်းဝတ်က ပေါ်လာသည်။ လေအေးက တိုက်ခတ်သွားချိန်တွင် သူမ၏ ကိုယ်က ခိုက်ခိုက်တုန်လာသည်။
“ ဒါက အပြင်စည်းဂိုဏ်းပဲ၊ နင်တို့ ဒီလိုလုပ်လို့ မရဘူး”
ဟန်လျန်အာက အံကိုကြိတ်ကာ ပြောသည်။သူမ၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လာသည်။
“ ဒီမြေခွေးမကို ကြိုးချည်လိုက်၊ ငါတို့ လမ်းတစ်ပတ် လျှောက်ကြမယ် “
လီဖုန်းချွမ်က အော်ရယ်နေသည်။
“ နင်တို့.. နင်တို့ မလွန်လာနဲ့”
လျန်အာက ထွက်ပြေးလိုသော်လည်း မိန်းမကြီးများကသန်မာလွန်းသည်။ သူတို့က သူမကို ဖမ်းချုပ်ကြသည်။ ထိုသို့ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် သူမ၏ ခါးမှ တံဆိပ်ပြားက ပြုတ်ကျသွားသည်။
ထိုတံဆိပ်ပြားက ထျန်းချန်းယွမ်မှဖြစ်သည်။
လီဖုန်းချွမ်က တံဆိပ်ပြားကို ကောက်ယူပြီး ကြည့်သည်။
“ မြေခွေးမ နင်က ဒီတံဆိပ်ပြားကိုတောင် ခိုးထားတာ ပါလား”
ဟန်လျန်အာက အလျင်အမြန် ပြန်ယူရန် ကြိုးစားသော်လည်း လီဖုန်းချွမ်က နောက်သို့ ဆုတ်သွားသည်။လီဖုန်းချွမ်က တံဆိပ်ပြားကို ကြည့်ရင်း မနာလိုဖြစ်လာကာ လျန်အာ၏ကိုယ်ပေါ်မှ ကျန်သောအဝတ်ကို ဆွဲချွတ်ရန် ြ ပင်လိုက်သည်။
ထိုအချိန်တွင် သူမ၏ရှေ့တွင် လူတစ်ယောက်က လာရပ်သည်။ လီဖုန်းချွမ်က ထိုလူကို ထိလိုက်မိချိန်တွင် တွန်းအားတစ်မျိုးထွက်လာကာ သူမကို ခြေလှမ်းများစွာ ဆုတ်လိုက်ရစေသည်။
ထိုအခါမှသာ ချောမောသော ကောင်ငယ်လေးတစ်ယောက်ကို သတိထားလိုက်မိသည်။
လုယွီက လီဖုန်းချွမ်၏ကိုယ်ပေါ်မှ သားမွှေဝတ်ရုံကို ဆွဲဖြဲယူပြီး လျန်အာ၏ကိုယ်ပေါ်သို့ အုပ်ပေးသည်။ သူက ပေါ့ပါးသော လေသံဖြင့် ပြောသည်။
“ ခြံဝန်းကိုသ န့်ရှင်းဖို့ မင်းပဲ တာဝန်ယူချင်ခဲ့တာ မဟုတ်ဘူးလား။ ခြံဝန်းထဲမှာ သစ်ရွက်တွေအပြည့်ရှိနေတယ်။ မင်းကတော့ ဒီနေရာကို ရောက်နေတယ်ပေါ့လေ”
လုယွီကိုမြင်လိုက်ရချိန်တွင် လျန်အာ၏ မြိုသိပ်ထားသော ဝမ်းနည်းမှုများက ဆောင့်တက်လာပြီး အော်ငိုတော့သည်။ လျန်အာက လုယွီကို ဖက်ကာ ဆက်တိုက် အော်ငိုလေသည်။
လုယွီလည်း ကြောင်သွားသည်။ သူက လျန်အာ၏ မျက်နှာပေါ်ဖုံးနေသည့် ဆံပင်များကို သပ်တင်ပေးသည်။ထိုအခါမှသာ ချစ်စဖွယ်ကောင်းကာ နူးညံ့သော မျက်နှာကနီရဲ ယောင်ကိုင်းနေကြောင်း မြင်လိုက်ရလေသည်။
“နှင်းပျံဂိုဏ်းထဲမှာ ဘယ်ကောင်က ငါရဲ့ အစေခံကို ထိရဲတာလဲ”
လုယွီ၏ အသံအတွင်း ရက်စက်ကြမ်းတမ်းမှုများက အပြည့်ပါသည်။
အပိုင်း ၁၂၁၂
လုယွီ၏အသံက ထွက်ပေါ်လာသည်နှင့် မမြင်ရသောဖိအားက လွှမ်းခြုံလာလေသည်။ ရဲရင့်သော မိန်းမကြီးများကပင် ရေခဲဂူထဲ ရောက်သွားသလို တုန်ယင်သွားကြသည်။ ထိုကောင်လေးက လက်တစ်ချက် ရမ်းလိုက်ရုံဖြင့် သူတို့က ချက်ချင်းသေသွားနိုင်သလို ခံစားလိုက်ကြရသည်။
လုယွီ၏ကိုယ်ပေါ်မှ အဖြူရောင် သားမွှေးဝတ်ရုံကို ကြည့်ပြီးနောက် လီဖုန်းချွမ်က နားလည်သွားသည်။ ထိုသားမွှေးဝတ်ရုံက မှော်ရတနာဖြစ်သည်။ ရာသီဥတုဒဏ်ကို ထိန်းညှိပေးနိုင်ပြီး စွမ်းအားများ၏ ဒဏ်မှလည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်သည်။ စီနီယာကျသော အတွင်းစည်း တပည့်ဂိုဏ်းသားများကသာ ဝတ်ဆင်နိုင်ကြသည်။
“ နင် ဒီလောက်အထိ ထောင်လွှားနေတာ မအံ့သြတော့ပါဘူး။ ဒါက နင်ရဲ့ မိတ်ဆွေကောင်းလား “
လုယွီက မျက်မှောင်ကြုတ်သည်။ သူက အရှင်ငယ်ဖြစ်သည်။ အကြီးအကဲတိုင်းက သူ့ကို မြင်သည်နှင့် ဦးညွှတ်ရသည်။ သို့သော် ထိုမိန်းမက သူ့ကိုပင် ပြန်ခံပြောရဲနေသည်။
“ မင်းက ဘယ်သူလဲ”
လီဖုန်းချွမ်က လုယွီကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်ပြီးနောက် သူမသိထားသော အတွင်းစည်းတပည့်ဂိုဏ်းသားများ မဟုတ်ကြောင်း သေချာသွားမှသာ ပြောလိုက်သည်။
“ ငါက ဒီခွေးမရဲ့ စီနီယာ အစ်မ လီဖုန်းချွမ်ပဲ။ ဒီကောင်မက ငါ့ရဲ့ ယောက်င်္ကျားကို မြူစွယ်တယ် ၊ဒါကြောင့်ငါက ဆုံးမနေတာပဲ”
လုယွီက မျက်မှောင်ကြုတ်သည်။သူ၏ အရှေ့တွင် သူ၏ အစေခံကို ခွေးမဟု ခေါ်နေခြင်းက သူ့ကို ဒေါသထွက်စေသည်။
လုယွီက ခေါင်းလှည့်ကာ မေးသည်။
“ ဟုတ်လား”
“ မဟုတ်ပါဘူး။ ကျွန်မကို ဝေ့ကွမ်းရှီက ထောင်ကျစ်ဆီ ပို့ချင်နေတာပါ။ ကျွန်မက လက်မခံတာနဲ့ အခုလို အလုပ်တွေ လုပ်ခိုင်းတာပါ”
“ နင့်လို ခွေးမက ငါရဲ့ဝမ်းကွဲကို ခစားဖို့ တန်မှာတဲ့လား”
လီဖုန်းချွမ်က လှောင်သည်။
“ မင်းရဲ့ ပါးစပ်ကို ပိတ်ထားလိုက်”
“ နင်.. နင် ဘယ်လို ပြောလိုက်တယ်”
ဂိုဏ်းအတွင်း မည်သူကမျှ သူမကို ထိုသို့ မပြောရဲချေ။ အတွင်းစည်း တပည့်ဂိုဏ်းသားများကပင် သူမကို တွေ့လျင် တလေးတစား နှုတ်ဆက်ကြလေသည်။
အပိုင်း ၁၂၁၃
လုယွီက လေးနက်သောလေသံဖြင့်ပြောသည်။
“ငါက
ဒီကိစ္စကိုစုံစမ်းဖို့ လူလွှတ်လိုက်မယ်၊ မင်းက ငါ့ရှေ့မှာ ပေါက်ကရတွေ ထပ်ပြီးပြောနေမယ်ဆိုရင် ဒီနေရာမှာ ဆက်နေဖို့မလိုဘူး”
လီဖုန်းချွမ်က ဒေါသတကြီးအော်ရယ်သည်။ သူမဝမ်းကွဲ၏နောက်ခံကြောင့် သူမက အမြဲတစေထောင်လွှားနေခဲ့သူဖြစ်သည်။ မည်သူကမျှ သူမအား ရန်မစရဲခဲ့ချေ။ ထိုအမည်မသိရသောဂိုဏ်းသားက သူမအား အမိန့်လာပေးနေခြင်းကို လက်ခံလိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ အချို့လူတွေရဲ့ဦးနှောက်က ပြဿနာရှိနေတဲ့ပုံပဲ၊ ဒီလိုအခြေအနေမျိုးမှာတောင် အသနားခံရကောင်းမှန်းမသိဘူး ဟီးဟီး၊ ဒီမိန်းမက ဒီလိုလူမျိုးနဲ့ပဲတန်တယ်၊ တကယ်လိုက်ဖက်သားပဲ”
သူမက လက်ရမ်းပြီး အနားတွင်ရှိသောသန်မာသည့်မိန်းမများကို ပြောလိုက်သည်။
“အဲ့ဒီကောင်လေးကိုလည်း ဖမ်းပြီးအဝတ်တွေချွတ်ပြီး ကြိုးချည်ထားလိုက်၊ ငါတို့ အပြင်မှာတစ်ပတ်လမ်းလျှောက်ကြမယ်”
လီဖုန်းချွမ်၏မျက်နှာတွင် ရက်စက်သောအပြုံးကပေါ်လာသည်။ သူမက နှိပ်စက်ရခြင်းကို သဘောအကျဆုံးဖြစ်၏။
ထိုမိန်းမများက လုယွီ၏အနားသို့ ချဉ်းကပ်သွားကြသည်။
“ဖယ်စမ်း”
လုယွီက အေးစက်စွာနှာခေါင်းရှုံ့သည်။ သူ၏ကိုယ်မှ ပြင်းထန်သော ချီစွမ်းအင်များက ပေါက်ထွက်လာပြီး ထိုမိန်းမတိုင်းကို လွင့်ပျံသွားစေသည်။
တဝုန်းဝုန်းမြည်သံများ ထွက်လာပြီးနောက်တွင် အားလုံးက သတိလက်လွတ်ဖြစ်ကာ လဲကျသွားကြ၏။
“ကိုယ့်ပါးစပ်ကိုယ် မထိန်းနိုင်ရင်ဘာစကားမှ ထွက်မလာ စေနဲ့”
လုယွီက ရှေ့သို့တိုးပြီး လီဖုန်းချွမ်၏ပါးကို ဖျန်းခနဲရိုက်သည်။
ထိုလက်ဝါးချက်က လီဖုန်းချွမ်၏မျက်နှာသို့ ရက်စက်ကြမ်းတမ်းစွာကျသွားသည်။ လီဖုန်းချွမ်က တစ်ခဏခန့် ကြောင်သွားပြီးနောက်တွင် အော်တော့သည်။
“နင် သေချင်နေပြီလား”
သူမက လက်ကိုဆန့်ထုတ်ကာ လုယွီ၏မျက်နှာကို ပြန်ရိုက်လိုသည်။ သို့ရာတွင် သူမ၏လက်က လုယွီ၏ကိုယ်အနားသို့ကပ်၍မရချေ။
လုယွီက ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများကို ထွက်ပေါ်လာစေပြီး သူမ၏ကိုယ်ကို လွင့်ထွက်သွားစေကာ အပြင်သို့ ကန်ထုတ်လိုက်သည်။
လီဖုန်းချွမ်က မြေပြင်သို့ မျက်နှာအပ်လျက်ပြုတ်ကျသည်။ သူမ၏ မျက်နှာတစ်ခုလုံးက ညစ်ပေသွားသည့်အပြင် ခန္ဓာကိုယ်ပြုတ်ကျသွားသည့် နေရာတွင်လည်း မြေများက ကွဲအက်လာသည်။ လီဖုန်းချွမ်က အော်တော့၏။
"အား...နင်..."
“မသေချင်ရင် ထွက်သွား”
လုယွီ၏ မျက်ဝန်းအတွင်း ရက်စက်သောအလင်းတန်းက လက်လာသည်။
လီဖုန်းချွမ်က သူ့ကိုရွံရှာစေသည်။
လီကျယ်၏ ဝမ်းကွဲတစ်ယောက်ဖြစ်သော လီဖုန်းချွမ်က အမြဲတစေထောင်လွှားနေခဲ့ခြင်းဖြစ်ကာ သည်အခြေအနေကို လက်သင့်မခံနိုင်တော့ပေ။
“မျိုးမစစ်ကောင် နင်က …”
ဖြန်း
သူမ၏စကားမဆုံးသေးခင်မှာပင် လုယွီက တစ်ဖန်ရိုက်နှက်လိုက်ပြန်သည်။ နှစ်ကြိမ်တိုင် တစ်ဆက်တည်း အရိုက်ခံရပြီးနောက်တွင် လီဖုန်းချွမ်၏မျက်နှာက ရောင်ကိုင်းသွားသည်။
သူမက လုယွီကို ခက်ထန်စွာ ကြည့်သည်။ ထိုအချိန်တွင် ခြံဝန်းအပြင်ဘက်တံခါးက တွန်းဖွင့်ခံရပြီး အဖြူရောင်ဝတ်စုံဝတ်ထားသော လူအချို့က ဝင်လာသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော လူအိုကြီးကိုမြင်သောအခါ လီဖုန်းချွမ်က အလျင်စလိုပြောတော့သည်။
“အကြီးအကဲယွီ ကျွန်မအတွက် ဆုံးဖြတ်ချက်ချပေးမှရတော့မယ်”
သူမက လုယွီကို လက်ညှိုးထိုးကာပြောသည်။
“ဒီမကောင်းတဲ့အကောင်က အပြင်စည်းတပည့်ဂိုဏ်းသားနဲ့ပေါင်းပြီး ကျွန်မကိုရိုက်နေတယ်”
လီဖုန်းချွမ်၏မျက်နှာက ဝက်တစ်ကောင်၏ခေါင်းကဲ့သို့ ယောင်ကိုင်းနေသည်။ သူမက ဝမ်းနည်းသောလေသံဖြင့်ပြော၏။
“နှင်းပျံဂိုဏ်းထဲမှာ ဒီလိုအကောင်မျိုးရှိမနေသင့်ဘူး၊ သူ့ကို မောင်းထုတ်လိုက်ပါ အကြီးအကဲ”
အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲက လီဖုန်းချွမ်ကို တစ်ချက်ကြည့်ပြီးနောက်တွင် အံ့ဩသွားသည်။ လီဖုန်းချွမ်က အပြင်စည်းဂိုဏ်းတွင် မကောင်းသောနာမည်ဖြင့် ကျော်ကြားသူဖြစ်သည်။ ပုံမှန်အားဖြင့် အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲက လျစ်လျူရှုပေးလိုက်မည်ဖြစ်သည်။
သို့သော် ယခုအခါတွင် ထောင်ကျစ်ကလည်း သေဆုံးသွားပြီဖြစ်ပြီး နှင်းဓါးအကြီးအကဲကလည်း အသတ်ခံလိုက်ရပြီဖြစ်သည့်အတွက် ဘက်လိုက်ပေးစရာမလိုတော့ချေ။
လီဖုန်းချွမ်ကို ဆောင့်ကန်လိုက်သည့်အခါ လီဖုန်းချွမ်က ဒေါသထွက်သွားသည်။
“နင်က ငါ့ကိုထိရဲတယ်”
သူမက အော်ပြန်သည်။
“ငါ အခုချက်ချင်းသွားပြီး ငါ့ရဲ့ဝမ်းကွဲနဲ့စကားပြောမယ်၊ နင် အသက်ရှင်စရာ မလိုတော့ဘူး”
“ကြိုက်သလိုလုပ်”
အကြီးအကဲက အေးစက်စွာပြောသည်။
ထို့နောက် လုယွီ၏အနားသို့ ကပ်သွားပြီးပြောသည်။
“အရှင်ငယ် အရှင်ငယ်စိုးရိမ်တဲ့ကိစ္စကို ဒီအစေခံက စုံစမ်းပြီးပါပြီ၊ ဝေ့ကွမ်းရှီဆိုတဲ့ကောင်က အရှင်ငယ်ရဲ့အစေခံကို လီကျယ်ကိုပေးချင်ခဲ့တာပါ၊ ကျွန်တော်က ဒီကိစ္စတွေအားလုံးကို စုံစမ်းပြီးပါပြီ၊ အခု ဝေ့ကွမ်းရှီကို ဖမ်းဖို့လူလွှတ်လိုက်ပါပြီ၊ ကျွန်တော်က တရားမျှတမှုရှိအောင် လုပ်ပေးမှာပါ”
လီဖုန်းချွမ်က သူမ၏နားကိုပင် မယုံကြည်နိုင်တော့ချေ။ သူမက လုယွီကို လက်ညှိုးထိုးပြီးပြောသည်။
“အကြီးအကဲယွီ အခု သူက ဘာလို့ပြောလိုက်တာလဲ”
အပိုင်း ၁၂၁၄
အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲက အေးစက်စွာပြောသည်။
“လီဖုန်းချွမ် ဒီအသုံးမကျတဲ့မိန်းမက အပြင်စည်းဂိုဏ်းမှာ ပြစ်မှုတွေအများကြီးကို လုပ်ထားခဲ့တယ်၊ ဒီကိစ္စကိုဖြေရှင်းဖို့ ထန်းရှင်းတောင်ထိပ်ကို ပို့လိုက်ကြ”
ထိုအခါ ဂိုဏ်းသားများက ထွက်လာပြီး လီဖုန်းချွမ်ကို တရွတ်တိုက် ဆွဲခေါ်သွားသည်။
“ငါ့ကို ဘယ်သူထိရဲလဲ၊ ငါ့ရဲ့ဝမ်းကွဲက ထောင်ကျစ်ပဲ၊ နင်တို့သေချင်နေကြပြီလား”
လီဖုန်းချွမ်က အော်သည်။
အဖြူရောင်ဝတ်စုံနှင့်အကြီးအကဲက နှာခေါင်းရှုံ့သည်။
“ငါပြောဖို့မေ့နေတာ၊ လီကျယ်က အရှင်ငယ်ကျင့်ကြံနေတဲ့အချိန်မှာ ခိုးပြီး တိုက်ခိုက်ရဲလို့ အသတ်ခံလိုက်ရပြီ အခုကစပြီး လီကျယ်ဆိုတဲ့ကောင် မရှိတော့ဘူး”
ထိုစကားက လီဖုန်းချွမ်၏နားထဲသို့ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။ သူမက နေရာတွင်ပင် အေးခဲသွားကာအော်ဟစ်တော့၏။
“မဟုတ်ဘူး ငါ့ရဲ့ဝမ်းကွဲက နှင်းဓါးအကြီးအကဲရဲ့တပည့်ပဲ၊ သူက ထောင်ကျစ်တစ်ယောက်ဖြစ်တယ်၊ မသေနိုင်ဘူး”
လီဖုန်းချွမ်၏စကားကို လူတိုင်းက လျစ်လျူရှုထားသည်။
ဂိုဏ်းသားများအားလုံးက သူမကို တံခါးမှ တရွတ်တိုက်ဆွဲခေါ်သွားကြသည်။
လီဖုန်းချွမ်တွင် ရန်သူပေါင်းများစွာရှိသည့်အခါ ယခုအခါတွင် ရက်စက်စွာ ကလဲ့စားချေခံရတော့မည်မှာ သေချာသည်။ သူမက ထျန်းရှင်းတောင်ထိပ်သို့ အပို့ခံရသည်။ သူမအတွက် အဆုံးသတ်မကောင်းနိုင်ပေ။
အခြားတစ်ဖက်တွင် …
ယွဲ့စီရင်စု၊ လင်းရှီတိုင်းပြည်မြို့တော် …
ခမ်းနားသောခန်းမတစ်ခုထဲတွင် ဝေ့ကွမ်းရှီက အကမယ်များခြံရံလျက် ပျော်ပါးနေသည်။ သူ လက်ရှိရောက်နေသည်မှာ ဇိမ်ခံစားပွဲကြီးဖြစ်ပြီး လေထဲတွင်ဝိုင်ရနံ့များက ပျံ့နှံ့နေ၏။
သူက သူကိုဧည့်ခံပုံကို သဘောကျသွားသည်။ ဝေ့ကွမ်းရှီက အပြုံးနှင့်ပြော၏။
“လင်းရှီတိုင်းပြည်ရဲ့ဘုရင် နောက်ဆုံးတစ်ကြိမ်က မင်းပြောတဲ့ အဲ့ဒီမိန်းမက ဘယ်မှာလဲ”
“သခင်လေးအတွက် အားလုံးက အဆင်သင့်ဖြစ်နေပါပြီ”
သူ၏အနားတွင် နဂါးတံဆိပ်ပါသောဝတ်ရုံကို ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ရှိသည်။ သူက တရိုတသေပြောသည်။ ထို့နောက် အချက်ပြလိုက်ချိန်တွင် တုန်ယင်ကာငိုယိုနေသည့် ကောင်မလေးတစ်ယောက်ကို ဆွဲခေါ်လာလေသည်။
ထိုကောင်မလေးက အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ်သာလျှင်ရှိပြီး ဝေ့ကွမ်းရှီကို ထိတ်လန့်စွာကြည့်သည်။
“ကောင်းပြီ ငါ စစ်ဆေးကြည့်မယ်”
ဝေ့ကွမ်းရှီက သူ၏အဆောင်တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက်တံဆိပ်ပေါ်တွင် ရေးထွင်းထားသည့်ဂါထာက လင်းလက်တောက်ပလာသည်။
ဝေ့ကွမ်းရှီက ကောင်မလေးထံ ညွှန်ပြလိုက်ချိန်တွင် အဆောင်တံဆိပ်က အနားသို့ ပျံသန်းသွားသည်။
အဆောင်တံဆိပ်က ကောင်မလေး၏အနားသို့ ကပ်သွားချိန်တွင် တစ်စုံတစ်ယောက်၏ သက်ရောက်မှုခံရသည့်အလား လေထဲတွင် အေးခဲသွားလေသည်။
“သခင်လေး ဒါက …”
“ဟား ဟား ဒါက ရေခဲခန္ဓာကိုယ်ပဲ၊ စိတ်ဝိဉာဉ်ခန္ဓာကိုယ်ထက် အခြေအနေဆိုးပေမယ့် ကောင်းတော့ကောင်းသေးတာပါပဲ”
ဝေ့ကွမ်းရှီက ကျေနပ်စွာပြုံးသည်။
နောက်ဆုံးတစ်ကြိမ် ဟန်လျန်အာ၏ကိစ္စပြီးသည့်နောက်တွင် ဝေ့ကွမ်းရှီက ထောင်ကျစ်၏မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ သူက ထိုကိစ္စကို စိုးရိမ်နေခဲ့ရ၏။ ယခုအခါ အခြားတစ်ယောက်ကိုပြန်ရှာတွေ့လေပြီ။
“နှမြောစရာကောင်းတာက ဟန်လျန်အာလောက် ကြည့်မကောင်းနေတာပဲ၊ ဒါပေမယ့် ထောင်ကျစ်ကတော့ ကျေးဇူးတင်မှာပါ”
ဝေ့ကွမ်းရှီက ပြုံးသည်။ သူကသာ ထောင်ကျစ်ကို ဖားယားနိုင်မည်ဆိုလျှင် သူ၏အနာဂါတ်က ကောင်းမွန်နေပေလိမ့်မည်။
သက်လတ်ပိုင်းလူကလည်း ကျေနပ်သွားပြီးပြောသည်။
“သခင်လေး ဒါဆိုရင်ကျွန်တော်က …”
“မစိုးရိမ်နဲ့ ခင်ဗျားမှာ ပါရမီမရှိပေမယ့် ငါက အပြင်စည်းဂိုဏ်းမှာ အချို့ကိစ္စတွေကို ကိုင်တွယ်နိုင်လို့ ခင်ဗျားက လာလို့ရတယ်”
ဝေ့ကွမ်းရှီက ပြုံးသည်။
နှင်းပျံဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးသို့ဝင်ရောက်ချင်သူက များသည်။သို့သော်ဝင်ရောက်ခွင့်က အလွန်တင်းကြပ်၏။ သို့ရာတွင် ဝေ့ကွမ်းရှီက ထိုကိစ္စများကို ကိုင်တွယ်ခဲ့သည်မှာ ကြာလှပြီဖြစ်လေရာ သူ့အတွက် ကိုယ်ပိုင်လမ်းကြောင်းရှိသည်။
သက်လတ်ပိုင်းလူက စိတ်လှုပ်ရှားစွာဖြင့် မြေပြင်တွင် ဒူးထောက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
သေမျိုးတိုင်းပြည်တွင် ဧကရာဇ်တစ်ပါးဖြစ်ရသည်က ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း သူတို့အားလုံးက ယခုကဲ့သို့ကျင့်ကြံခြင်း ဂိုဏ်းများကို နတ်ဘုရားများလို ကိုးကွယ်ကြလေသည်။
ထိုဂိုဏ်းများသို့သာဝင်နိုင်မည်ဆိုလျှင် အသက်ရှည်နိုင်မည်ဟု ဆိုရိုးစကားရှိကြလေရာ အားလုံးက ထိုအိပ်မက်ကိုဆက်လိုကြသည်။
ထိုအချိန်တွင် သက်တော်စောင့် အချို့က ခန်းမထဲသို့ဝင်လာသည်။
“ဘာဖြစ်တာလဲ၊ ငါက သခင်လေးနဲ့ သောက်စားနေတာမမြင်ဘူးလား”
သက်လတ်ပိုင်းလူက အော်သည်။
ထိုသက်တော်စောင့်များအားလုံးက အထိတ်တလန့်ဝင်လာကြပြီး တစ်နေရာကို လက်ညှိုးထိုးကြသည်။ ထိုအခါ အနက်ရောင်ဝတ်စုံနှင့် လူငယ်အချို့ကို မြင်လိုက်ရ၏။
ထိုလူငယ်များက အနက်ရောင်ဝတ်စုံဝတ်ထားပြီး မာနကြီးကာ ထောင်လွှားမောက်မာဟန်ရသည်။ သူတို့၏အနောက်တွင် ဓါးရှည်များကို လွယ်ထားကြ၏။
ထိုလူငယ်များကို မြင်သောအခါ ဝေ့ကွမ်းရှီက ချက်ချင်းဆိုသလို မတ်တပ်ထရပ်ပြီးပြောသည်။
“စီနီယာအစ်ကိုတို့ ရောက်လာတာပါလား၊ ကျွန်တော်က ဘာများကူညီပေးရမလဲ”
“ငါတို့က ထျန်းရှင်းတောင်ထိပ် အကျဉ်းထောင်ခန်းမကပဲ ဝေ့ကွမ်းရှီ မင်းက အပြင်စည်းဂိုဏ်းက အိမ်တော်ထိန်းတစ်ယောက်ဖြစ်ပြီး ပြဿနာရှာတယ်၊ စည်းမျဉ်းအရ ငါတို့ မင်းကို ဖမ်းချုပ်ရလိမ့်မယ်၊ ခုခံရင်သေဒဏ်ပဲ”
အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က ပြောလိုက်သည်။
အပိုင်း ၁၂၁၅
ဝေ့ကွမ်းရှီက တုန်ယင်သွားသည်။ သို့သော် သူက လီကျယ်၏ကာကွယ်မှုဖြင့် အမြဲတစေ မောက်မာစွာနေထိုင်ခဲ့လေသည်။ သူ့ထက်အင်အားကြီးမားသူများကိုလည်း တော်တန်ရုံကြောက်လေ့မရှိပေ။ ထို့ကြောင့် သူက တည်ငြိမ်စွာ လိုက်ပါသွားရန် ပြင်ဆင်လိုက်၏။
“ဒါနဲ့ခင်ဗျားက ဒီတိုင်းပြည်ရဲ့ဘုရင်လား”
အနက်ရောင်ဝတ်စုံနှင့်လူက ရုတ်တရက် သက်လတ်ပိုင်းလူကိုမေးသည်။
သက်လတ်ပိုင်းလူက တုန်ယင်သွားပြီးပြောသည်။
“ဟုတ်ပါတယ်”
“ခင်ဗျားက အခွင့်အာဏာမရှိဘဲ သေမျိုးမိန်းမတွေကိုဖမ်းဆီးတယ်၊ ဒါတောင်မှ အပြစ်မကင်းသလို မခံစားရဘူးပဲ၊ ခင်ဗျားကို ဧကရာဇ်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီ အပြင်မှာ အကျဉ်းထောင်အရာရှိက အဆင်သင့်ရှိနေတယ်၊ အခုချက်ချင်းထွက်သွားတော့”
အနက်ရောင်ဝတ်စုံနှင့်လူက လက်မောင်းထဲတွင်ပါလာသော စာလွှာကို ပစ်ပေးလိုက်သည်။ သက်လတ်ပိုင်းလူက အလွန်ထိတ်လန့်သွားကာ မျက်နှာက ဖြူဖျော့သွားသည်။
“ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ”
သက်လတ်ပိုင်းလူက တုန်ယင်သွားသည်။
“ဒီကိစ္စကြောင့်နဲ့ ငါ့ရဲ့အဆင့်အတန်းကို ဖယ်ရှားတာလား”
အနက်ရောင်ဝတ်စုံနှင့်လူငယ်က ထပ်ပြောသည်။
“ငါ့ကိုတောင် ထပ်ပြီးညှိနှိုင်းချင်နေသေးတာလား၊ သေချင်လို့လား”
ထိုလူထက်စာလျင် ဝေ့ကွမ်းရှီက ပို၍တည်ငြိမ်နေသည်။
“ဂိုဏ်းတူအစ်ကို အစ်ကိုသိလား၊ ငါက လီကျယ်ရဲ့အိမ်တော်ထိန်းတစ်ယောက်ပဲ၊ ငါ့ရဲ့မိန်းမဆိုရင် ထောင်ကျစ်ရဲ့ဝမ်းကွဲပဲ”
ခရက်
ထျန်းရှင်းတောင်ထိပ်မှ တပည့်ဂိုဏ်းသားက ဝေ့ကွမ်းရှီ၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ပေါက်ကရတွေ ထပ်မပြောနဲ့ လီကျယ်က သေသွားပြီ၊ ဒါတောင်မှ ထပ်ပြီးမောက်မာရဲသေးတယ်ပေါ့”
ထိုလူက အော်သည်။
“ဘာ”
ဝေ့ကွမ်းရှီ၏ပုခုံးက တုန်သွားသည်။
“မဖြစ်နိုင်ဘူး သူက ထောင်ကျစ်တစ်ယောက်လေ ဘယ်လိုသေမှာလဲ”
အနက်ရောင်ဝတ်စုံနှင့်လူငယ်က ဝေ့ကွမ်းရှီကိုကြည့်သည်။
“တကယ်ကို အကြောက်အလန့်မဲ့နေတာပဲ၊ လီကျယ်နဲ့နှင်းဓါးအကြီးအကဲက အရှင်ငယ်ကို မလေးမစားလုပ်လို့ အရှင်ငယ်ကိုယ်တိုင် သတ်ပြီးသွားပြီ”
“လီကျယ် သေသွားပြီလား”
ဝေ့ကွမ်းရှီက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့ကို ဆွဲထုတ်သွားသည့်အချိန်တွင် သက်လတ်ပိုင်းအရွယ်လူကိုလည်း အခြားသော သာမန်ဧကရာဇ်တစ်ယောက်က စစ်တပ်ကိုစေလွှတ်ကာ ဖမ်းဆီးခိုင်းမည်ဖြစ်သည်။
တော်ဝင်နန်းတော်တစ်ခုလုံးကို ရှာဖွေပြီးနောက်တွင် ဝေ့ကွမ်းရှီကရှာဖွေခိုင်းသော မိန်းကလေး အပြင် လျှို့ဝှက်စွာဖမ်းဆီးထားသော လှပသောအမျိုးသမီးများစွာကိုလည်း မြင်လိုက်ရသည်။ ထို့ကြောင့် ထိုအမျိုးသမီးများကို နေရာသို့ပြန်ပို့စေသည်။
…
ထျန်းချန်းတောင်ထိပ် …
လုယွီက ဟန်လျန်အာကို ပြန်ခေါ်သွားသည်။ ထိုနေရာတွင် စုစည်းနေသော အကြီးအကဲများအားလုံးက နေရာသို့ပြန်သွားကြပြီဖြစ်သည်။ သို့သော် လျန်ချင်းယွီက ရှိနေသေးသည်။
“အရှင်ငယ် အရှင်က ဒီလောက်အကြာကြီးထွက်သွားတာ ဒီမိန်းမကို ပြန်ခေါ်လာဖို့လား”
လျန်ချင်းယွီက ဟန်လျန်အာကိုကြည့်ပြီး ညင်သာစွာပြုံးသည်။ သို့သော် သူမ၏မျက်ဝန်းက တောက်ပနေ၏။
လုယွီက ပြောသည်။
“ဒါက ငါ့ရဲ့အစေခံပဲ၊ လျန်ထောင်ကျစ်က ထူးထူးခြားခြားကိစ္စမရှိတော့ဘူးဆိုရင် ပြန်သင့်ပြီ”
“အရှင်ငယ် အရှင်ငယ်က ဒီခံစားချက်ကို တကယ်နားမလည်ဘူးပဲ၊ သူများက အကြာကြီးစောင့်နေခဲ့ရတာလေ”
လျန်ချင်းယွီက ဒေါသထွက်သွားသည်။
သူမက လက်မောင်းထဲအုပ်ကာ ကိုင်လာသည့် သိုလှောင်အိတ်ကိုထုတ်ပြီး လုယွီ၏ လက်ထဲထည့်သည်။
“ဒါက ကျွန်မဆရာ ပေးခိုင်းလိုက်တဲ့ လက်ဆောင်ပဲ”
လျန်ချင်းယွီက တခစ်ခစ်ရယ်သည်။
ထိုအိတ်ကို ထိတွေ့လိုက်မိသည်နှင့် နွေးထွေးမှုကိုခံစားရသည်။ မွှေးပျံ့သောရနံ့ကလည်း ကပ်ပါလာ၏။
လုယွီက ငြင်းဆန်လိုသော်လည်း သူ၏စိတ်အာရုံဖြင့် အတွင်းသို့စစ်ဆေးပြီးနောက်တွင် သူ၏မျက်ဝန်းက တောက်ပလာသည်။
“ဒီလိုဆိုရင် နောက်မှလာပြီး ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်လိုက်ပါ့မယ်”
လုယွီက သိုလှောင်အိတ်ကိုယူသည်။