← Chapters

အခန်း (၁၂၂၁-၁၂၂၅)

Vol. 64 Ch. 1221-1225

အခန်း (၁၂၂၁-၁၂၂၅)

Vol. 64 Ch. 1221-1225

အပိုင်း ၁၂၂၁

“ငါက မင်းတို့ကိုပြောနေတာ ကန်းနေလား”

ရွှီရှန်းထျန်းက လင်းကျန်းဖန်း၏အနားသို့သွားပြီး လက်ကိုဆွဲကိုင်ရန် ကြံစည်သည်။ သို့ရာတွင် သူ၏လက်က လင်းကျန်းဖန်းကို မထိနိင်ခင်မှာပင် ငလျင်လှုပ်သလိုဖြစ်ပြီး တုန်ခါကာ လွင့်ထွက်သွားသည်။ ဆယ်မီတာအကွာသို့ရောက်ပြီးမှသာလျှင် ငြိမ်သက်သွားတော့သည်။

“ဝေးဝေးသွားစမ်း”

လင်းကျန်းဖန်းက သူ့အား ထူးမခြားနားစွာကြည့်ကာ လေးနက်သောလေသံဖြင့် ပြောသည်။

“ထိုက်ရိဂိုဏ်းကအရှင်ငယ်ကို ဒီကောင်က နောက်ဆုတ်အောင်လုပ်နိုင်တယ်လား”

လူတိုင်းက သူတို့ရှေ့ရှိမြင်ကွင်းကို တအံ့တသြ ကြည့်လိုက်ကြသည်။

“သူက လင်းကျန်းဖန်းပဲ ပြောကြတာက နှင်းပျံဂိုဏ်းရဲ့အတွင်းစည်းဂိုဏ်းက အကြီးဆုံးတပည့်ဂိုဏ်းသားလို့ပြောကြတယ်။ အစကအတိုင်းဆိုရင် သူက အရှင်ငယ်နေရာကိုရဖို့ အလားအလာအရှိဆုံးပဲ”

“သူကရွှီရှန်းထျန်းကို နောက်လွင့်သွားအောင် လုပ်နိုင်တာ မအံ့သြတော့ပါဘူး။ သူက အရှင်ငယ်ဖြစ်နိုင်ချေရှိနေတာပဲ”

လူအများ၏မှတ်ချက်ကိုကြားသောအခါ ရွှီရှန်းထျန်း၏မျက်နှာက ကောင်းမွန်လာသည်။ သူက မျက်နှာပျက်ရသော်လည်း အနည်းဆုံးတစ်ဖက်သူက အရှင်ငယ်ဘွဲ့ရနိုင်သူဖြစ်သည်။

သို့သော် သူက ဒေါသကိုထိန်းထားပြီးနောက် အံကိုကြိတ်ကာ ပြောသည်။

“လင်းထောင်ယို့ မင်းအရမ်းလွန်သွားပြီ။ လူတိုင်းက ဒီနေရာမှာ စွမ်းအင်ကိုဝေမျှဖို့ ရောက်နေခဲ့တာကို မင်းတို့က အားလုံးကို အပိုင်စီးချင်နေတာလား”

တခြားသူများကလည်း လိုက်ယောင်ကြသည်။

နှင်းပျံဂိုဏ်းက စိတ်ဝိဉာဉ်စွမ်းအင်အများဆုံးရသောနေရာကို သိမ်းကျုံးယူထားသည့်အတွက် လူအများစုက အံ့သြကြရသည်။

လင်းကျန်းဖန်းက နှာခေါင်းရှုံ့သည်။

“ငါတို့ရဲ့အရှင်ငယ်က ဒီနေရာကိုရွေးတုန်းက မင်းပဲ လှောင်ခဲ့တာမဟုတ်ဘူးလား။ အဲ့ဒီတုန်းက ဘာလို့ အရင်မရွေးခဲ့တာလဲ”

“နေရာမှားရွေးပြီးတော့မှ ပြသနာလာရှာနေသေးတယ် သူတောင်းစားလောက်တောင် အဆင့်မရှိဘူး”

လုယွီက ထိုနေရာကိုရွေးခဲ့ချိန်က ရွှီရှန်းထျန်းက လှောင်ခဲ့သည်။ ယခုအခါ ဒီနေရာမှရသည့်အရှိန်အဝါက အများဆုံးဖြစ်ကြောင်း သိသောအခါ အပြေးအလွှား လာလုယူချင်နေသည်။

ရွှီရှန်းထျန်းက အရှက်ခွဲခံရသဖြင့် ဒေါသထွက်သွားသည်။

“ဒီနေရာက စွမ်းအင်တွေကို မင်းတို့နှင်းပျံဂိုဏ်းက အပိုင်လို့သတ်မှတ်နေတာလား”

အခြားသောအင်အားစုများကလည်း ပျော်ပွဲရွှင်ပွဲကို လာရောက်ကြည့်ရှုကြသည်။ မည်သို့ပင်ဆိုစေ သူတို့ကလည်း ဂိုဏ်းတစ်ခုထဲက အားသာသွားခြင်းကို မလိုချင်ကြပေ။ သူတို့သည်လည်း မနာလိုဖြစ်သွားကြသည်။

“သူကတစ်ယောက်ထဲပဲ နှင်းပျံဂိုဏ်းက အခြားသူတွေက ကျင့်ကြံနေကြတယ်”

“ဟုတ်တယ် စည်းမျဉ်းအရ ငါတို့လှုပ်ရှားခွင့်မရှိဘူးဆိုပေမဲ့ အရှိန်အဝါအရဖိနှိပ်တာကတော့ ဖြစ်နိုင်ပါတယ်”

ရွှီရှန်းထျန်းကပြောသည်။

“နှင်းပျံဂိုဏ်းကပဲ အရှိန်အဝါတွေယူသွားလို့မရဘူး ငါလည်း နည်းနည်းပါးပါးလောက် ဖမ်းဆုပ်ပါရစေဦး”

ထိုစကားကိုကြားသောအခါ လူတိုင်း၏မျက်ဝန်းအတွင်း ရန်လိုမှုက လင်းလက်လာသည်။ မည်သို့ပင်ဆိုစေ ထိုစွမ်းအင်များတွင် ပိုင်ရှင်မရှိချေ။ နှင်းပျံဂိုဏ်းတစ်ဂိုဏ်းထဲက အပိုင်စီးနေခြင်းက မဖြစ်သင့်ချေ။

ရုတ်တရက် အခြားသောအင်အားစုများမှ တပည့်ဂိုဏ်းသားများအားလုံးက တစ်ယောက်ပြီးတစ်ယောက် ပတ်ဝန်းကျင်တွင် ဝိုင်းလာကာ နှင်းပျံဂိုဏ်းရှေ့မှ ပိတ်ပင်လိုက်ကြသည်။ သူတို့ကလည်း ပတ်ဝန်းကျင်ရှိ အရှိန်အဝါများကို လုယူချင်ကြသည်။ လူအများစု၏ရူးသွပ်မှုအောက်တွင် နဂိုက နှင်းပျံဂိုဏ်းကသာ ပိုင်ထားသောအရှိန်အဝါများအားလုံးက လျော့နည်းလာတော့သည်။

ရွှီရှန်းထျန်းက နှာခေါင်းရှုံ့သည်။

“မင်းက ကံကောင်းတော့ရော ဘာဖြစ်လဲ။ ဒီအရှိန်အဝါကို မင်းမှ မထိန်းနိုင်တာ”

လူအင်အားကများသည့်အခါ ရလာသည့်အရှိန်အဝါက နည်းသထက်နည်းလာတော့သည်။

လူတိုင်းနီးပါးက နှင်းပျံဂိုဏ်းရှိရာဘက်သို့ ရောက်လာနေကြသည့်အတွက် နှင်းပျံဂိုဏ်းအတွက် အရှိန်အဝါမရသလောက်နီးပါး နည်းပါးလာတော့သည်။

နှင်းပျံဂိုဏ်းမှ ကျင့်ကြံနေကြသော တပည့်ဂိုဏ်းသားများကပင် နှောင့်ယှက်ခံရတော့သည်။

လုယွီကရုတ်တရက် မျက်လုံးကိုဖွင့်သည်။

“အစကငါက မင်းတို့အတွက် ချန်ထားပေးခဲ့ဦးမလို့ပဲ။ ဒါပေမဲ့ မင်းတို့က မလိုချင်ဘူးဆိုမှတော့ မချန်ထားပေးတော့ဘူး”

လုယွီက အေးစက်စွာပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်တွင်ရှိနေခဲ့သော စွမ်းအင်တိုင်းအားလုံးနီးပါးက နှင်းပျံဂိုဏ်းမှ တပည့်ဂိုဏ်းသားများ၏ကိုယ်အတွင်းသို့ တလဟောစီးဝင်လာတော့သည်။ အခြားတစ်ဖက်တွင် အခြားသောအင်အားစုမှ တပည့်ဂိုဏ်းသားများအတွက်မူ အရှိန်အဝါတစ်စွန်းမျှပင် မကျန်ရစ်ခဲ့ချေ။

အပိုင်း ၁၂၂၂

မျက်တောင်တခတ်အချိန်အတွင်းတွင်ပင် ရွှီရှန်းထျန်းနှင့် အခြားသောဂိုဏ်းမှ တပည့်ဂိုဏ်းသားများ ခိုးယူထားသည့် စွမ်းအားများအားလုံးက နှင်းပျံဂိုဏ်းမှ တပည့်ဂိုဏ်းသားများထံ ရောက်ရှိသွားသည်။ အဆုံးမသတ်နိုင်လောက်အောင် ပေါကြွယ်ဝသည့်အရှိန်အဝါစွမ်းအားများက နှင်းပျံဂိုဏ်းမှ တပည့်ဂိုဏ်းသားများ၏ ကျင့်ကြံခြင်းအဆင့်ကို လျှင်မြန်စွာ တိုးတက်လာစေခဲ့သည်။ ထိုအခွင့်အရေးကို တိုက်ရိုက်အားသာချက်ယူနိုင်သော အချို့သူများဆိုလျှင် အဆင့်တက်သွားကြလေသည်။

အခြားသူများ၏အမြင်တွင် ထိုအရှိန်အဝါများအားလုံးကို လုယွီက အညီအမျှခွဲဝေပေးသည်နှင့်ပင် တူညီသေးလေသည်။

“ဒီဝင်္ကပါက တိရှားဘိုးဘေးရဲ့ လုပ်နေကြပုံစံမဟုတ်ဘူး။ ကံဆိုးစွာနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေ စီစဉ်ထားတာဖြစ်လောက်တယ်”

လုယွီကရင်ထဲတွင် သက်ပြင်းချသည်။ သူက ခန်းမထဲသို့ဝင်လိုက်သည်နှင့် ခန်းမမှ ဖွဲ့စည်းပုံ ပုံစံအားလုံးကို သုံးသပ်ခဲ့ပြီးသားဖြစ်သည်။

ထိုအချိန်တွင် ခန်းမမှအရှိန်အဝါ ဝင်္ကပါအခင်းအကျင်းကို လုယွီက ထိန်းချုပ်ခဲ့ပြီးဖြစ်သည်။ လုယွီ၏ ဝင်္ကပါထိန်းချုပ်ဟန်က ဝင်္ကပါကို စောင့်ကြပ်ရန်တာဝန်ယူထားရသူများကို မခြောက်လန့်မိရန်အလို့ငှာ ဖြည်းညင်းစွာဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လုယွီက ထိုသို့ထိန်းချုပ်လိုက်သည့်တိုင်အောင် ထိုလူများက သတိထားမိမည်မဟုတ်ချေ။

“အဲ့ဒီလူကသာ တိရှားဘိုးဘေးဆိုရင် ငါက ခြေရာခံနိုင်ဦးမှာ”

လုယွီက သက်ပြင်းချသည်။ သို့ရာတွင် သူက သည်နေရာသို့ပင် ရောက်ရှိလာပြီးဖြစ်လေရာ အခွင့်အရေးက နီးကပ်နေပြီဖြစ်သည်။

“ပထမအဆင့် အဆုံးသတ်သွားရင် လူတိုင်းက နေရာရွှေ့ပြောင်းဝင်္ကပါ အခင်းအကျင်းထဲကိုဝင်ထားပြီး တော်ဝင်နယ်မြေမှာ ကျင့်ကြံခွင့် လက်ခံရရှိလိမ့်မယ်”

“မင်းတို့က ရှေးဟောင်းနယ်မြေကို ပို့ဆောင်ခံရတဲ့အချိန်မှာ ဘယ်နေရာကိုမဆိုသွားလာပြီး ရတနာတွေကို ရှာဖွေနိုင်တယ်။ မင်းတို့က သေခြင်းရှင်ခြင်းကိုလည်း ကြုံတွေ့ရနိုင်တယ်။ တော်ဝင်ဖခင်က မင်းတို့ကို သိုင်းပညာသင်ပေးဖို့အတွက် အထိုက်တန်ဆုံးသူကို ရွေးချယ်မှာဖြစ်တယ်။ အဲ့ဒီသူက နောင်တော်ဝင်သားတော်ဖြစ်လာပြီး ရေခဲနယ်မြေက အထွတ်အမြတ်ထား ကာကွယ်စောင့်ရှောက်ပေးခံရမယ်”

ခန်းမထဲတွင်တည်ငြိမ်သောအသံက ထွက်လာပြန်သည်။

မနာလိုမှုကြောင့်မဲမှောင်နေသောရွှီရှန်းထျန်း၏မျက်နှာက အထင်သေးဟန်ပြောင်းသွားသည်။

“ငါတို့က လေ့ကျင့်ဖို့အခွင့်အရေးကို ဖြုန်းတီးလိုက်မိပြီ။ ငါတို့လျှို့ဝှက်နယ်မြေမှာ စောင့်နေမယ်။ မင်းတို့ထဲက ဘယ်သူမှမလွတ်စေရဘူး”

ရွှီရှန်းထျန်းက နှင်းပျံဂိုဏ်းမှလူများကို ကြည့်ကာ ပြောလိုက်သည်။

အခြားသောအင်အားစုမှ လူများကလည်း ဒေါသထွက်နေကြသည်။

“အခုအရှိန်အဝါစွမ်းအင်တွေ အားလုံးကို မင်းတို့က ခိုးသွားပြီ။ နှင်းပျံဂိုဏ်းက ကိုယ့်ကိုယ်ကို ဘာများထင်နေတာလဲ”

ယခင်က စင်မြင့်ကြီးများကို သိမ်းယူခဲ့သူများအားလုံးကပင် လုယွီတို့ကိုလှောင်နေကြသည်။

“လက်မခံရဲတဲ့ကောင်ရှိရင် ဒီနေရာကို လာနိုင်တယ်”

လင်းကျန်းဖန်းက အေးစက်စွာနှာခေါင်းရှုံ့ပြီး သူ၏ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ လူအများစုက ထိုအရှိန်အဝါကြောင့် ထိတ်လန့်သွားကြကာ မျက်နှာအမူအရာက ပြောင်းလဲကုန်ကြသည်။

လင်းကျန်းဖန်း၏လုပ်ရပ်က လူတိုင်းကို ခြောက်ခြားသွားစေသည်။ ထို့အပြင် ရွှီရှန်းထျန်းကလည်း လင်းကျန်းဖန်း၏ပြိုင်ဘက်မဟုတ်ခဲ့ချေ။

ဆူညံပွက်လောရိုက်နေသည့်လေထုက ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။ ကျန်းရိကျင်းက အထွန့်တက်သည်။

“ဘာလို့ဒီကောင်က ဒီလောက်ကံကောင်းနေရတာလဲ။ ထိုက်ရိဂိုဏ်းမှာတုန်းကလည်း ကာကွယ်ခံရတယ်။ အခုလင်းကျန်းဖန်းက သူ့ကိုကာကွယ်ပေးနေပြန်ပြီ”

ရွှီရှန်းထျန်းက ပြောသည်။

“ဒီကောင်က ကံကောင်းမှုကို မှီခိုနေတာပဲ။ ဒါပေမဲ့ ကံကောင်းမှုကို မှီခိုရုံနဲ့ တော်ဝင်သားတော်ဖြစ်လာမှာမဟုတ်ဘူး။ ငါတို့ရဲ့ဘိုးဘေးက အစစ်အမှန်ပါရမီရှင်ကိုပဲ ရွေးချယ်မှာ”

ထိုအချိန်တွင် ခန်းမ၏အလယ်ဗဟိုနေရာတွင်ရှိသော နဂါးလေးကောင်ရှိသည့်စင်မြင့်က အက်ကွဲသွားသည်။ စင်မြင့်က အက်ကွဲသွားသည်နှင့် ကြီးမားသော နေရာရွေ့ပြောင်းဝင်္ကပါ အခင်းအကျင်းက ပေါ်လာသည်။ လူအုပ်က ကြည့်လိုက်ကြချိန်တွင် အလင်းရောင်က မှိန်ဖျော့ပြီး လေထုက အေးစက်နေကြောင်း ခံစားလိုက်ရသည်။ သူတို့၏အရှေ့တွင် အဆုံးမသတ်နိုင်အောင် ပြည့်နှက်နေသောတောင်တန်းများ၊ တောင်ကုန်းများ၊ ရေတံခွန်များ၊ တောတောင်များရှိနေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုတောင်တန်းများ၏အထက်တွင် အက်ကွဲပြိုကျနေဟန်တူသော ခန်းမကြီးများရှိနေသည်။

“ဒီနေရာရဲ့အရှိန်အဝါက ကြောက်ဖို့ကောင်းလိုက်တာ”

လူတိုင်းနီးပါးက အေးစက်မှုကိုခံစားလိုက်ရပြီး သူတို့၏နှလုံးသားက ဝရုန်းသုန်းကားဖြစ်သွားကြသည်။ ထိုနေရာရွှေ့ပြောင်း ဝင်္ကပါအခင်းအကျင်းထဲမှထွက်လာသော အရှိန်အဝါတစ်မျိုးကလည်း သူတို့အားလုံးကို ခြောက်ခြားသွားစေသည်။ အမှောင်ထဲမှသူတို့ကို စိုက်ကြည့်နေသည့် မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာ ရှိနေသကဲ့သို့ခံစားရစေသည်။

အပိုင်း ၁၂၂၃

လုယွီက ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

“ဒါကငရဲခန်းမပဲ ငရဲခန်းမက သူ့လက်ထဲကို ရောက်သွားတာလား”

လုယွီ၏နှလုံးသားအတွင်း စိတ်ပျက်သွားသောခံစားချက်က ထွက်ပေါ်လာသည်။

သူ၏ရှေ့ရှိမြင်ကွင်းနှင့် လုယွီက မစိမ်းသက်ချေ။ ရင်းနှီးကျွမ်းဝင်လွန်းသည့်အပြင် ထိုနောရာမှ အပင်တိုင်းကိုပင် သူက မှတ်မိနေသည်။ အကြောင်းမူကား ထိုငရဲခန်းမဟူသည့် ထာဝရရှင်သန်ခြင်းအဆင့် နယ်မြေကြီးက ကောင်းကင်နယ်မြေတောင်ပိုင်း လွင်ပြင်မှ ရခဲ့သော လုယွီ၏အပိုင် လက်နက်အတွင်းမှကုန်းမြေကြီးတစ်ခုဖြစ်နေလေသည်။

ရှေးအခါက လုယွီက နယ်သာလောကဟူသောကောင်းကင်လောကကြီး၏ ပြည်နယ်ဆယ့်ရှစ်ခုမှ အင်အားကြီးသူများစွာကို လာရောက်ဂါဝရပြုခွင့်ပြုသည့် နေရာတစ်ခုလည်းဖြစ်သည်။

“ကြည့်ရတာ နယ်သာလောကက ရှန်းလင်းလုံရဲ့လက်ထဲကို ကျသွားပြီပဲ။ ထာဝရရှင်သန်ခြင်းအဆင့် ငရဲခန်းမကတောင် တိရှားဘိုးဘေးဆီကို ရောက်သွားတယ်”

လုယွီက ထိုမြင်ကွင်းကိုကြည့်ပြီး နှလုံးသားက လေးလံသွားသည်။ ထိုအချိန်တွင် ရွှီရှန်းထျန်း၏မျက်နှာက တောက်ပလာသည်။

“အမှိုက်ကောင် မင်းက အဲ့ဒီကိုရောက်သွားရင် ကံကောင်းတော့မှာမဟုတ်ဘူး”

အခြားမြို့နယ်မှသူများအားလုံးကလည်း ဝိုင်းလာကြသည်။ သူတို့၏မျက်နှာအမူအရာကလည်း မကောင်းကြချေ။ မည်သို့ပင်ဆိုစေ ထိုစွမ်းအားများက သူတို့အတွက် အရေးကြီးသည်။ သို့သော် သူတို့က အနည်းငယ်သော်မျှ မရခဲ့ကြပဲ နှင်းပျံဂိုဏ်းကသာ သိမ်းယူသွားသည်။ လင်းကျန်းဖန်းက ရှေ့သို့တက်လာသည်။ သူကလုယွီ၏ရှေ့တွင် ပိတ်ရပ်ကာပြောလိုက်သည်။

“မင်းတို့တွေ အရှင်ငယ်ကို ရင်ဆိုင်ချင်ရင် ငါ့ကိုအရင် ကျော်ဖြတ်သွားမှရလိမ့်မယ်”

ထိုအချိန်တွင် ခမ်းနားသောအသံက ထွက်လာသည်။

“ဒုတိယအဆင့်မှာ သေခြင်းရှင်ခြင်းအကြောင်းကို ထည့်ပြောမနေနဲ့။ မင်းတို့က ဒီနယ်မြေထဲက ကြိုက်တာကိုယူနိုင်တယ်။ တော်ဝင်ဖခင်ကလည်း မင်းတို့လုပ်နိုင်တဲ့အတိုင်းအတာကို မူတည်ပြီး ရွေးချယ်လိမ့်မယ်။ ဘာလုပ်နိုင်မလဲဆိုတာက ကိုယ့်ကိုယ်ကိုအပေါ် မူတည်တယ်”

ထို့နောက် နေရာရွှေ့ပြောင်း ဝင်္ကပါအခင်းအကျင်းက တောက်ပလာသည်။ လူတိုင်းကလည်း အထဲသို့ဝင်လိုက်ကြချိန်တွင် သူတို့အားလုံးကို စွမ်းအင်တစ်မျိုးက လွှမ်းခြုံသွားကြောင်း ခံစားလိုက်ကြရသည်။ ထို့နောက်အခြားတစ်နေရာသို့ ပို့ဆောင်ပေးခံလိုက်ရသည်။

လုယွီကလည်း ထိုစွမ်းအင်ကို မငြင်းပယ်ချေ။ သူက တိရှားဘိုးဘေး၏ ပိုင်နက်နယ်မြေထဲသို့ရောက်သွားသဖြင့် ဂရုစိုက်သင့်သည်ဟု ခံစားရသည်။

“ကံကောင်းပါစေ”

ရွှီရှန်းထျန်းက လုယွီကို ခါးသီးစွာကြည့်သည်။

သူက လုယွီကို ထိုနေရာတွင် ရှင်းပစ်လိုသည်။

“ငါတို့အားလုံး နေရာအနှံ့အပြားမှာ ရှိနေကြမှာ။ ပတ်ဝန်းကျင်ကကောင်တွေက ဒီအမှိုက်ကောင်ကို မကာကွယ်တော့တဲ့အချိန်မှ ငါက လာသတ်ရမယ်။ အဲ့ဒီအချိန်ကျရင် သူ့ကိုသတ်ရတာက ကိတ်မုန့်စားရသလောက် လွယ်နေဦးမှာပဲ”

ရွှီရှန်းထျန်း၏နှုတ်ခမ်းထောင့်များက ကော့တက်နေသည်။

…

လူအများစုက တကွဲတပြားစီ ရောက်သွားကြလေသည်။ နေရာက ပြောင်းလဲသွားချိန်တွင် လုယွီက မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သူတို့၏ရှေ့တွင် ပျက်စီးနေသောခန်းမတစ်ခုရှိသည်။ လှေကားများကိုလည်း မြင်ရ၏။ လှေကားများကပင် ပြီးပြည့်စုံခြင်းမရှိဘဲ ပျက်စီးနေကြလေသည်။ ဘေးဘက်များက ကျိုးပဲ့ထွက်နေ၏။ ထို့အပြင် ခေါင်းပျောက်နေသော ကျောက်ရုပ်နှစ်ရုပ်ကိုလည်း မြင်ရသည်။

“ဒါကအရှေ့ခြံဝန်းက ထောင်ပဲ ဒီထောင်ထဲမှာ ငါက မိစ္ဆာနတ်ဆိုးဆယ်ကောင်ကျော် ပိတ်လှောင်ထားခဲ့ပေမဲ့ အားလုံးလွတ်မြောက်ကုန်ကြပြီ”

လုယွီက ကျိုးပဲ့နေသော ကျောက်ရုပ်ကိုကြည့်သည်။ ကျောက်ရုပ်ထဲမှ ဖျော့တော့သောအလင်းများက တောက်ပလာ၏။ သို့သော်ထိုအရာကလည်း ထွက်ပြေးသွားသည်။

“မင်းတို့က ငါ့ရဲ့သူတော်စင်ပုံရိပ်ကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုရင် အဲ့ဒီလူက ဧကရာဇ်အဆင့်တော့ ဖြစ်နေလောက်တယ်”

လုယွီ၏ရင်က ငြိမ်သက်သွားသည်။ ရုတ်တရက်လုယွီက အကျဉ်းထောင်၏မြောက်ဖက်ပိုင်းသို့ ကြည့်သည်။

“ငါ့ရဲ့အိပ်ဆောင်က ဘယ်လိုဖြစ်နေပြီလဲ မသိနိုင်ဘူး”

လုယွီက ချက်ချင်းလိုလို ထိုနေရာသို့ ပျံသန်းသွားသည်။ လမ်းတစ်လျှောက်တွင် တားမြစ်နယ်မြေများစွာကို ကျော်ဖြတ်ခဲ့သည်။ သို့ရာတွင် ထိုနေရာများတွင်ရှိသော ကန့်သတ်ချက် ဝင်္ကပါများအားလုံးကလည်း စွမ်းအားများ ယုတ်လျော့ကုန်ကျလေပြီ။ ငရဲခန်းမဟူသော ထာဝရရှင်သန်ခြင်းနယ်မြေ တစ်ခုလုံးက ဖျက်ဆီးခံထားရ၏။

နောက်ဆုံးတွင်လုယွီက နန်းတော်သို့ရောက်သွားသည်။

အပိုင်း ၁၂၂၄

နန်းတော်၏တစ်ဝက်ခန့်က မြေကြီးထဲနစ်မြုပ်ကာ ကျွံကျနေပြီး ခမ်းနားသောအဆောက်အဦးများကလည်း ဖျက်ဆီးခံထားရကာ အုတ်ကျိုးအုတ်ပဲ့ အပိုင်းအစတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့တော့သည်။ ကောင်းကင်သို့မော့ကြည့်ပြီးနောက်တွင် လုယွီက သက်ပြင်းချလိုက်သည်။ ထို့နောက်သူက နောက်လှည့်ပြီး နန်းတော်၏အနောက်မှ တိတ်ဆိတ်သောခြံဝန်းထဲသို့ ဝင်ရောက်လိုက်သည်။

ထိုနေရာတွင် သာမာန်ယာခင်းများသာရှိပြီး အစိမ်းရောင်အုတ်ကျိုးအုတ်ပဲ့များ၊ အစိမ်းရောင်တိုင်များကိုမြင်လိုက်ရသည်။ ပတ်ဝန်းကျင်တွင် အစိမ်းရောင်သစ်ပင်များစွာ ရှိနေ၏။

အပြင်လောကမှ လူများပင်ဖြစ်စေ ကောင်းကင်နယ်မြေမှလူများပင်ဖြစ်စေ နယ်သာလောကမှ ဧကရာဇ်တစ်ပါးက ထိုနေရာတွင် နေထိုင်ခဲ့ကြောင်းကို သိကြလိမ့်မည်မဟုတ်ချေ။

လုယွီက ခြံဝန်း၏အဓိကအခန်းသို့ လျှောက်ဝင်သွားလိုက်ပြီး နံရံပေါ်ရှိ မှော်အခင်းအကျင်းများကို ထိတွေ့လိုက်ချိန်တွင် နံရံတစ်ဖက်က ပွင့်ထွက်သွားပြီး မဲမှောင်သောအာကာသပြင်က ပေါ်လာသည်။ ထိုထဲတွင် မရေမတွက်နိုင်သော ရတနာများစွာက လင်းလက်တောက်ပနေလေသည်။

လုယွီက ထိုထဲသို့ခြေလှမ်းဝင်လိုက်ချိန်တွင် သူ၏မျက်ဝန်းရှေ့သို့တောက်ပသည့် ပုလဲတစ်လုံးက ရောက်လာသည်။ ထိုနေရာရှိ ရတနာများအားလုံးက တောင်ပုံရာပုံရှိနေသည့် ရတနာများအားလုံး၏အသိုက်ကြီးဖြစ်ပြီး ကောင်းကင်ဧကရာဇ်အပိုင်ဖြစ်သည်။

လုယွီက ထိုပစ္စည်းများကို ဂရုမစိုက်ပေ။ ထိုရတနာများက အလွန်ကောင်းသော်လည်း လုယွီအတွက်မူ အသုံးမဝင်ချေ။ သူကအတွင်းပိုင်းသို့သာ တိုက်ရိုက်ဝင်သွားလိုက်သည်။ ထို့နောက် ချောင်အကျဆုံး သစ်သားစင်တစ်ခုပေါ်တွင်ရှိနေသော ကြေးနီရောင်သတ္တာလေးတစ်ခုကို တွေ့လိုက်သည်။

“ရှန်းလင်းလုံက ဒီနယ်မြေတစ်ခုလုံးကို မြေလှန်ရှာထားပေမဲ့ နှမြောစရာကောင်းတာက ဒီလောက်နိမ့်ကျတဲ့ခြံဝန်းထဲကို မလာခဲ့လို့ ဒါကိုမတွေ့သွားခဲ့ဘူးပဲ”

လုယွီက နှာခေါင်းရှုံ့သည်။ ပြောရလျှင် ငရဲထာဝရရှင်သန်ခြင်းနယ်‌မြေတစ်ခုလုံးက လုယွီ၏အပိုင် မှော်လက်နက်တစ်ခုဖြစ်ခဲ့သည်။ ခန်းမအတွင်းရှိအရာအားလုံးက အဖိုးတန်သော်လည်း ကြေးနီရောင်သေတ္တာကသာ အဖိုးအတန်ဆုံးဖြစ်သည်။ လုယွီက သူ၏လက်ညိုးကို ကိုက်ဖောက်ပြီး သွေးစက်ကို ချလိုက်ချိန်တွင် ခရက်ကနဲမြည်သံနှင့်အတူ ထိုသေတ္တာက ပွင့်သွားသည်။

အထဲမှရှေးကျသောအရှိန်အဝါတစ်ခုက ပျံ့လွင့်လာသည်။ သေတ္တာ၏ထောင့်လေးထောင့်ထဲတွင် အနက်ရောင်ကျောက်စည်းတံဆိပ်ကရှိနေသည်။ လုယွီက ကျောက်စည်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်ချိန်တွင် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုက ပေါက်ထွက်လာတော့သည်။ အထဲတွင် စကားလုံးရှစ်လုံးကို ရေးထိုးထားသည်။

“နယ်သာလောကရဲ့အုပ်ချုပ်သူ”

ထိုတံဆိပ်က အုပ်ချုပ်သူတံဆိပ်ပြားဖြစ်သည်။

ဧကရာဇ်တိုင်းထိုသို့နယ်သာလောကကို အုပ်ချုပ်နိုင်စွမ်းမရှိကြချေ။ လုယွီကိုယ်တိုင်ကလည်း အမျိုးမျိုးသောတိုက်ပွဲများကို ကျော်ဖြတ်ပြီး မဆုံးနိုင်အောင်ကြိုးစားခဲ့ပြီးမှသာလျှင် အုပ်ချုပ်ပိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ နယ်သာလောကမှ ဧကရာဇ်က သေသွားခဲ့သည့်တိုင်အောင် စည်းတံဆိပ်ကို အခြားလူများက ပိုင်ဆိုင်ခွင့်မရှိကြချေ။ ထို့ကြောင့် သူကသာ လက်ရှိအုပ်ချုပ်သူအဖြစ် ရှိနေသေးသည်။

“ရှန်းလင်းလုံက မရသွားတာမအံ့သြတော့ပါဘူး။ ဒီမိန်းမရဲ့ဘဝင်မြင့်တဲ့စရိုက်နဲ့ဆိုရင် ဒီလိုနေရာကို မလာမှာကသေချာနေတာပဲ”

လုယွီက ခေါင်းခါလိုက်သည်။ အကြောင်းမူကား လုယွီက စည်းတံဆိပ်ကိုဖွက်ထားသောနေရာက ချောင်အကျဆုံး သာမာန်ယာခင်း ဖြစ်နေလေသည်။

ထို့အပြင် သာမာန်လူများကပင်လျှင် ဝင်ရောက်နိုင်ခြင်းရှိသည့်အတွက် ဂရုမထားခဲ့ခြင်းဖြစ်လောက်သည်။

စည်းတံဆိပ်ကို ယူပြီးနောက်တွင် လုယွီက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်သည်။ သူကအမျိုးမျိုးသောဓားများကို ယူပြီးသည့်နောက်တွင် ခြံဝန်းထဲမှထွက်လာလိုက်သည်။

ရတနာအများစုကို လုယွီက ယူသွားသည်။ ထာဝရရှင်သန်ခြင်းအဆင့်များအားလုံးကိုသာ ယူသွားခဲ့ခြင်းဖြစ်သည်။ သူ၏သိုလှောင်အိတ်ထဲတွင်ရှိသော အသေးစားလောက အာကာသပြင်ကျယ်က အလွန်တည်ငြိမ်သေးခြင်းမရှိချေ။ ပမာဏအများအပြားထည့်သွင်းလိုက်မည်ဆိုလျှင် ထိုလောကက ပြိုကျသွားနိုင်သည်။ ထို့ကြောင့်မလိုအပ်သောပစ္စည်းများကို ဖယ်ထားခဲ့ရခြင်းဖြစ်လေသည်။

“ငါက နယ်မြေတစ်ခုလုံးကိုမြေလှန်ရှာပေမဲ့ ဒီကောင်လေးကို ဒီနေရာမှာတွေ့ရမယ်လို့ မထင်ထားမိဘူး”

“ဒီအကောင်က နှင်းပျံဂိုဏ်းရဲ့အရှင်ငယ်ဆိုတဲ့ အသုံးမကျတဲ့အမှိုက်ကောင်မဟုတ်လား။ ဟီးဟီး ဒီကောင်က ကံကောင်းနေတာအံ့သြစရာမရှိတော့ဘူး။ သူက ဒီလိုခြံဝန်းပျက်ထဲကိုတောင် ဝင်လာခဲ့တယ်”

လုယွီ၏နားအတွင်းသို့ ထူးဆန်းသောအသံများက ဝင်လာပြီးသည်နှင့် ပုံရိပ်ပေါင်းများစွာကပေါ်လာသည်။ သူတို့ထံမှသွေးရနံ့များ ပျံ့နှံ့နေခဲ့လေရာ သူတို့က လူပေါင်းများစွာ သတ်ခဲ့ခြင်းဖြစ်လောက်သည်။

ထိုလူများက အမျိုးမျိုးသောဂိုဏ်းများမှလာသော တပည့်ဂိုဏ်းသားများဖြစ်ကြသည်။ သူတို့က မဟာမိတ်ဖွဲ့ထားကြ၏။ တစ်စုံတစ်ယောက်က ပထမဦးစွာ အသံကိုမြင့်ကာပြောလိုက်သည်။

“မင်းရဲ့ကျောမှာ လွယ်ထားတဲ့ဓားတွေကို ထုတ်ပေးလိုက် ငါတို့ကို ရက်စက်မိအောင် ဖိအားမပေးနဲ့”

လုယွီက မလှုပ်ကြောင်းမြင်သောအခါ ထိုလူများအားလုံးက ဒေါသထွက်သွားကြပြီး အော်ကြသည်။

“ကန်းနေလား ငါတို့မင်းကိုပြောနေတယ်”

ရုတ်တရက် လုယွီ၏ကျောမှ ဓားနှစ်လက်က အလိုလိုထွက်လာခဲ့ကာ အရိပ်အနက်များကဲ့သို့ လူအုပ်ထံ ဝင်တိုးဝင်သွားပြီး အားလုံး၏ရင်ဘက်ကို ထိုးဖောက်သွားသည်။ ထိုလူအုပ်တွင် လူဆယ်ယောက်ကျော်ရှိနေသော်လည်း အားလုံးက မျက်လုံးအပြူးသားဖြစ်နေကြသည်။ လုယွီက တိုက်ရိုက်လှုပ်ရှားလာမည်ဟု မထင်ထားကြပေ။ ထို့နောက်သူတို့အားလုံးက ချက်ချင်းလိုလိုမြေပြင်သို့ လဲကျသွားကြသည်။ သူတို့၏ကိုယ်မှလည်း သွေးများစီးထွက်လာတော့သည်။

လုယွီက သူတို့ကိုစကားပင်ဖက်ပြောမနေဘဲ အသက်ပြင်းပြင်းသာရှူလိုက်လျက် အေးစက်သောအလင်းများကိုသာ လွှတ်ထုတ်လိုက်သည်။

“တိရှား ငါ မင်းကို လာတွေ့ပြီ”

အပိုင်း ၁၂၂၅

ထိုလူများ၏အလောင်းများကို နင်းခြေကာ ဖြတ်လျှောက်ပြီးနောက် လုယွီက တောင်ပို့တစ်ခုထံသို့ ရောက်သွားသည်။ သူ၏အင်္ကျီလက်အတွင်းမှ အမွှေးတိုင်ရှည်သုံးချောင်းကို ထုတ်ယူလိုက်ပြီး တောင်ကုန်းပုထံသို့ ထိုးစိုက်ကာ ချက်ချင်းဆိုသလို မီးထွန်းညှိလိုက်သည်။ အမွှေးတိုင်များက လောင်ကျွမ်းလာသည်နှင့် မီးခိုးငွေ့များ လှိုင်တက်လာတော့သည်။ သို့ရာတွင် မှော်ဆန်သော တစ်စုံတစ်ရာက ဖြစ်ပျက်လာသည်။ ထိုမီးခိုးငွေ့များက တစ်ဖက်တည်းသို့သာ ဦးတည်သွားရမည့်အစား အရပ်မျက်နှာအနှံ့ခွဲကာ အလင်းတန်းမျှင်များ ထွက်ပေါ်လာပြီး မတူကွဲပြားသည့်နေရာအသီးသီးသို့ လွင့်ပျံသွားလေသည်။

“သူတော်စင်အဆင့်အထက်ရောက်နေတဲ့ ရှေးဟောင်းနတ်ဆိုးအကောင် တစ်ရာကျော်တာပဲ”

လုယွီ၏ ရင်ထဲမသက်မသာဖြစ်သွားသည်။ ထိုအမွှေးတိုင်က စိတ်ဝိဉာဉ်ဖမ်းနံ့သာတိုင်ဟုခေါ်သည်။ နတ်ဆိုးအရှင်သခင်အဆင့်က ရှေးဟောင်းနတ်ဆိုးများကို ခြေရာခံရန် ဖန်တီးထားခြင်းဖြစ်သည်။ ရှေးဟောင်းနတ်ဆိုးများက မည်သည့်အဆင့်သို့ ရောက်နေစေကာမူ သည်အမွှေးတိုင်လက်မှ လွတ်မြောက်မည်မဟုတ်ပေ။ သို့သော် သည်အခြေအနေကိုမြင်သောအခါ သည်ပတ်ဝန်းကျင်တွင် ရှေးဟောင်းနတ်ဆိုးများစွာရှိနေကြောင်း လုယွီသိလိုက်ရသည်။ ဘုရင်အဆင့်များပင် မရေမတွက်နိုင်အောင် ရှိနေသည်။ ရှေးဟောင်းနတ်ဆိုးများက အကောင်အထည်မရှိချေ။ အခြားသူများ၏ကိုယ်ကို ဝင်စီးပြီး ရှင်သန်နိုင်စွမ်းရှိကြသည်။ လုယွီ၏စိတ်အတွင်း ခံစားချက်များ ပြည့်နှက်နေတော့သည်။

“တိရှားဘိုးဘေးက အကြောက်အလန့်မဲ့တယ်၊ သူမကတော့ ဒီလိုအဆင့်နိမ့်လောကကို အာရုံစိုက်နိုင်မှာမဟုတ်ဘူး၊ အထူးသဖြင့် ဒီလိုရေခဲနယ်မြေကျဉ်းကျဉ်းလေးဆိုရင် ပိုတောင်ဆိုးသေးတယ်။”

“ဂိုဏ်းတွေထဲမှာ တော်ဝင်သားတော်ရဲ့မှတ်တမ်းတွေ နည်းနေတာ မအံ့သြတော့ဘူး၊ ဒီလူတွေအားလုံးက တကယ်တော့ အတုအယောင်ဖြစ်နေတာပဲ”

သူ၏နှလုံးသားအတွင်းမှ ထိတ်လန့်မှုကပင် ထွက်ပေါ်လာသည်။ သူ ထင်တာမမှားလျှင် တော်ဝင်နယ်မြေဆိုသည်မှာလည်း အတုအယောင်ဘွဲ့တစ်ခုမျှသာ ဖြစ်သည်။ ရှေးဟောင်းနတ်ဆိုးများက ရေခဲနယ်မြေအတွင်းမှ ပါရမီရှင်လူငယ်မျိုးဆက်များ အားလုံးကို ထိုနေရာတွင် စုဝေးစေပြီး တစ်ယောက်ပြီးတစ်ယောက်ကို စားသုံးခြင်းဖြစ်လောက်သည်။ ထို့နောက် အခြားဂိုဏ်းများသို့ ပြန်လည်ရောက်ရှိသွားသည့်အခါ ထိုလူများက သူတို့၏တပည့်ဂိုဏ်းသားများ မဟုတ်ကြတော့ဘဲ အယောင်ဆောင်များ ဖြစ်သွားကြလေသည်။

“ငါ အမြန်ဆုံးရှာဖို့လိုအပ်နေပြီ”

လုယွီကမီးခိုးများကို ငြှိမ်းသတ်ပြီးသည်နှင့် သူ၏မသိစိတ်ကပြောနေသော ဦးတည်ရာဘက်တစ်ခုသို့ ပျံသန်းသွားလိုက်သည်။

…

အခြားတစ်ဖက်တွင် …

ငရဲခန်းမှ ထာဝရရှင်သန်ခြင်းအဆောင်တော် …

မူလက ပြောင်ရှင်းကာ တိတ်ဆိတ်နေတတ်သော ခန်းမအတွင်း ဝရုန်းသုန်းကားဖြစ်နေသည်။

“နင်တို့က ငါ့လိုမိန်းကလေးတစ်ယောက်ကို လူအုပ်နဲ့ဝိုင်းပြီး တိုက်ခိုက်ကြတော့မယ်ပေါ့”

လျန်ချင်းယွီက ခက်ထန်စွာပြောလိုက်သည်။ သူမ၏အရှေ့တွင် ရွှီရှန်းထျန်းနှင့် လူဆယ်ယောက်ကျော်ရှိနေကြပြီး အားလုံးက သူမကို ဝိုင်းထားကြသည်။ လျန်ချင်းယွီ၏ ခြေထောက်နားတွင် အတွင်းစည်းတပည့်ဂိုဏ်းသားနှစ်ယောက်က လဲကျကာ သေဆုံးနေသည်။

ရွှီရှန်းထျန်း၏ဘက်မှ ကျန်းရိကျင်းက လျန်ချင်းယွီကို ဆူပူလိုက်သည်။

“လျန်ချင်းယွီ နင်က ငါ့ရဲ့ ဂိုဏ်းတူညီငယ်နှစ်ယောက်ကိုတောင် သတ်လိုက်တယ်၊ ဒီနေ့ နင် ဒီနေရာက အသက်ရှင်လျက် ထွက်သွားမယ်မစဉ်းစားနဲ့”

လျန်ချင်းယွီက နှာခေါင်းရှုံ့သည်။

“ငါက ရတနာကို အရင်ရှာတွေ့တာကိုမြင်နေတာပဲ၊ ဒါကို ဒီနှစ်ကောင်က လိုချင်လို့ ငါတို့တိုက်ခိုက်ကြရင်း သူတို့ သေသွားတာ ဘာမှားလဲ”

ထိုနှစ်ယောက်လုံးက လျန်ချင်းယွီက ရတနာကိုရှာတွေ့ကြောင်းမြင်သည်နှင့် သူတို့နှစ်ယောက်ပေါင်းကာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ သူတို့၏လောဘကသာ သူတို့ကို သတ်သွားခြင်းဖြစ်သည်။

“ဘာမှားလည်းဟုတ်လား၊ ငါတို့ကလည်း ဒီနည်းအတိုင်း ပြန်လုပ်လို့ရတာပဲ၊ အဲဒါကရော ဘာမှားလဲ”

ကျန်းရီကျင်း၏မျက်နှာက ခက်ထန်လာပြီးနောက် လျန်ချင်းယွီကို လက်ညှိုးထိုးကာပြောသည်။

“ဒီမိန်းမကို ဖမ်းလိုက်၊ ပြီးရင် နင်တို့ဆော့ကစားလို့ရပြီ”

သူမ၏အနောက်မှ တပည့်ဂိုဏ်းသားများအားလုံးက ပြီတီတီပြုံးလာကြသည်။

လျန်ချင်းယွီက ရုပ်ရည်လှပရုံသာမကလေဘဲ သူမ၏ နှင်းပျံဂိုဏ်းအတွင်းမှ အဆင့်အတန်းကလည်း အလွန်မြင့်သည်။ ထိုကဲ့သို့သော အမျိုးသမီးမျိုးကိုသာ ဆော့ကစားနိုင်မည်ဆိုလျှင် သူတို့ကိုယ်သူတို့ ဂုဏ်ယူနေရလောက်သည်။

“နင်တို့ ငါ့ကို ဖမ်းနိုင်တဲ့အထိစောင့်”

လျန်ချင်းယွီကလည်း မြေပြင်ကို ဖနောင့်ဖြင့်ပေါက်ပြီးသည်နှင့် အခြားတစ်ဖက်သို့ ထွက်ပြေးရန်ကြံစည်သည်။

ထိုအချိန်တွင် ရွှီရှန်းထျန်းက သူမ၏အရှေ့သို့ ရုတ်တရက်ရောက်သွားသည်။

“ငါ မရှိတော့ဘူးလို့ ထင်နေတာလား”

ရွှီရှန်းထျန်းက နှာခေါင်းရှုံ့ပြီးနောက်တွင် လျန်ချင်းယွီကို ဓါးရှည်ဖြင့် တားဆီးလိုက်သည်။

ရွှီရှန်းထျန်းကို မြင်သောအခါ လျန်ချင်းယွီ၏မျက်ဝန်းအတွင်း မသက်မသာဖြစ်သွားသည်။ ထို့နောက် ဝုန်းခနဲမြည်သံနှင့်အတူ လျန်ချင်းယွီ၏ တိုက်ကွက်ကို ရွှီရှန်းထျန်းက တားဆီးလိုက်တော့သည်။

Thank For Reading.

All Chapters