အခန်း (၁၂၂၆-၁၂၃၀)
Vol. 65 Ch. 1226-1230
အပိုင်း ၁၂၂၆
ထိုက်ရိဂိုဏ်းနှင့်နှင်းပျံဂိုဏ်းတို့က မဟာမိတ်များဖြစ်ခဲ့ကြသောကြောင့် ထောင်ကျစ်အချင်းချင်းလည်း သိုင်းပြိုင်ခဲ့ဖူးသည်များလည်းရှိသည်။ ရွှီရှန်းထျန်းက နောက်ပိုင်းလူငယ်မျိုးဆက်ဖြစ်သော လင်းကျန်းဖန်းနှင့် မယှဉ်ပြိုင်နိုင်သည့်တိုင်အောင် လျန်ချင်းယွီ၏ တိုက်ကွက်များကိုမူ သူက ရင်းနှီးနေပြီးသားဖြစ်သည်။ အတိတ်တွင် သူတို့နှစ်ယောက်လုံးက သရေကျခဲ့ကြသည်။
“နင်က ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး စွမ်းအားကြီးသွားတာလဲ”
လျန်ချင်းယွီက ပြောသည်။
သူမ၏အနောက်တွင် အခြားသော တပည့်ဂိုဏ်းသားများကလည်း ရှိနေကြပြီး အသည်းအသန် ဝိုင်းကာ တိုက်ခိုက်ကြသည်။
ရွှီရှန်းထျန်းက ပြောသည်။
“ငါ့ရဲ့စွမ်းရည်ကို မင်းက နားလည်မှာတဲ့လား”
သူ၏ရင်ထဲတွင်မူ အလွန်ဂုဏ်ယူနေသည်။ သူ၏ပြိုင်ဘက်ဟောင်းက သူ၏ ဓါးချက်တွင် ရှုံးသွားကြောင်းမြင်သောအခါ သူ့ကိုယ်သူ အလွန်အဆင့်မြင့်သည်ဟု သတ်မှတ်လာမိသည်။
တိုက်ကွက်များအောက်တွင် လျန်ချင်းယွီက တောင့်မခံနိုင်တော့ချေ။ သူမက ဆက်တိုက်အနောက်သို့ ဆုတ်နေခဲ့ရသည်။ အခြားတစ်ဖက်တွင် သူမအနေနှင့်လည်း အခွင့်အရေးမရှိတော့ပြန်ချေ။ ထုတ်ဖော်သမျှသော သိုင်းကွက်တိုင်းကို တစ်ဖက်က အနိုင်ပိုင်းနေခဲ့သည်။ လျန်ချင်းယွီ၏ပါးစပ်မှပင် သွေးများ စီးကျလာတော့သည်။
“သူမရဲ့ အတွင်းအားတွေ ကုန်ဆုံးတော့မယ်”
အမျိုးသားတပည့်ဂိုဏ်းသားတစ်ယောက်က စိတ်လှုပ်ရှားစွာပြောသည်။ လျန်ချင်းယွီကို ကြည့်သောအကြည့်တွင် နတ်ဆိုးဆန်သော အလင်းတန်းများပင် တောက်ပလာသေးသည်။
ရုတ်တရက် လျန်ချင်းယွီက အခြေအနေမကောင်းကြောင်း ခံစားမိသည်နှင့် သူမက
သိုလှောင်အိတ်ထဲမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လိုက်သည်။ ထိုအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်သည်နှင့် ချက်ချင်းဆိုသလို တောက်ပလာကာ အဖြူရောင်ဓါးတစ်ချောင်းက တစ်လောကလုံးကို ဖျက်ဆီးတော့မည့် အနေအထားမျိုးဖြင့် ထင်ရှားစွာထွက်ပေါ်လာတော့သည်။
ထိုဓါးကို မြင်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လေထုအခြေအနေက ပြောင်းလဲသွားသည်။
“ဒါက အဆင့်လွန်အဆင့်က ပေးထားတဲ့အသက်ကယ် အဆောင်မဟုတ်လား”
“ဘာတွေ ကြောက်စရာရှိလဲ”
ရွှီရှန်းထျန်းက နှာခေါင်းရှုံ့ပြီးသည်နှင့် သူ၏ခါးမှ ဘူးသီးခြောက်ကို ထုတ်လိုက်သည်။ ဘူးသီးခြောက်ကို ဖွင့်လိုက်သည်နှင့် အထဲမှမီးတောက်က ဖျတ်ခနဲဆိုသလို တောက်လောင်လာပြီး နဂါး အရှိန်အဝါများက ထွက်ပေါ်လာတော့သည်။
နဂါးတစ်ကောင်နှင့်ဓါးတစ်ချောင်းတို့ ထိပ်တိုက်တွေ့ဆုံချိန်တွင် တစ်လောကလုံးကို ဟိန်းသံက ဖုံးလွှမ်းသွားပြီး လူအများစုက ပြင်းထန်သည့်အားလှိုင်းကြောင့် လွင့်ထွက်သွားရသည်။
ဂါထာနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် နှစ်ဖက်လုံးက ညီမျှနေခဲ့သည်။ အဆုံးတွင် ဂါထာနှစ်ခုလုံး၏ စွမ်းအင်များအားလုံးကလည်း ပျောက်ကွယ်သွားတော့သည်။
ရွှီရှန်းထျန်းက ဘူးသီးခြောက်ကို ရုတ်တရက်ပြန်ဖွင့်ပြန်ကာ အလွန်ထင်ရှားသည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်ပြီး လျန်ချင်းယွီ၏ အဆောင်လက်ဖွဲ့ကို လွင့်ထွက်သွားစေလိုက်သည်။
လျန်ချင်းယွီက အလွန်အံ့သြသွားသည်။ သူမက ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အတွက် တောင့်ခံနိုင်စွမ်းအားမရှိတော့ပေ။ ထိုအရှိန်အဝါက သူမ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
“ဒါက အဆိပ်ပဲ”
လျန်ချင်းယွီ၏ရင်က တုန်လှုပ်သွားသည်။ ထိုအချိန်တွင် လျန်ချင်းယွီက အားအင်မဲ့သွားပြီး မြေပြင်သို့ပြုတ်ကျသွားတော့သည်။
“လျန်ချင်းယွီ ဒါက အစပဲရှိသေးတယ်၊ ငါက မင်းတို့နှင်းပျံဂိုဏ်းကလူတိုင်းကို မြှုပ်စရာမရှိအောင် သတ်ဖြတ်ပြမယ်၊ ဒါပေါ့ မင်းကတော့ ကံကောင်းပါတယ်၊ ငါ မင်းကို အရှင်ထားပေးမယ်၊ ငါ့ရဲ့ညီငယ်တွေ ဆော့ကစားပြီးတာနဲ့ နှင်းပျံဂိုဏ်းကို ပြန်ပို့ပေးမယ်”
ရွှီရှန်းထျန်းက ရက်စက်စွာပြုံးသည်။
နှင်းပျံဂိုဏ်းကသာ အရှက်ကွဲလျှင် သူတို့ထိုက်ရိဂိုဏ်းအတွက် အကျိုးရှိသည်။
ရုတ်တရက် ရွှီရှန်းထျန်းက လျန်ချင်းယွီ၏ လက်ထဲမှ ဓါးမြှောင်တစ်ချောင်းကို မြင်လိုက်ရသည်။
“င့ါရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကို သတ်သေလို့ရမယ်လို့ ထင်နေတာလား”
ရွှီရှန်းထန်းက နှာခေါင်းရှုံ့လိုက်ပြီး ဓါးမြှောင်ကို လက်ဖြင့်ရိုက်ချလိုက်သည်။
လျန်ချင်းယွီ၏မျက်နှာက စက္ကူကဲ့သို့ ဖြူလျော့ သွားသည်။ သူမ၏မှော်စွမ်းအားများကလည်း ထုတ်ဖော်နိုင်စွမ်းမရှိတော့ချေ။
လျန်ချင်းယွီ၏ကိုယ်က တုန်ယင်လာကာ ရွှီရှန်းထျန်းကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
“ငါ့ဆရာသာသိလို့ကတော့နင် အသေပဲ”
“ကိစ္စမရှိဘူး အဲ့ဒီအချိန်ကျရင် ငါက တော်ဝင်သားတော်ဖြစ်နေလောက်ပြီ၊ မင်းရဲ့ဆရာက ငါ့ကိုဘာလုပ်နိုင်မှာလဲ”
ထို့နောက် ရွှီရှန်းထျန်းက လျန်ချင်းယွီ၏အနားသို့ တစ်လှမ်းချင်းကပ်လာကာ အဝတ်အစားများကို ထိတော့မည့်အချိန်တွင်ပင် အေးစက်သောအသံက ထွက်လာသည်။
“မင်းကတော့ တော်ဝင်သားတော်ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး”
တိတ်ဆိတ်သောခန်းမထဲတွင် ပေါ့ပါးသောခြေလှမ်းသံများက ထွက်ပေါ်လာပြီးသည်နှင့် ငွေရောင်သားမွှေးအပေါ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လုယွီက ခပ်ဖြေးဖြေးချင်း ပေါ်ထွက်လာသည်။
အပိုင်း ၁၂၂၇
“အမှိုက်ကောင် နင်ကိုယ်တိုင်လာရဲမယ်လို့ မထင်ထားဘူး”
ကျန်းရီကျင်းက လုယွီကိုမြင်သည်နှင့် အံကိုကြိတ်ကာပြောသည်။
အခြားသော ထိုက်ရိဂိုဏ်းမှ လူများကလည်း လုယွီကို ဝိုင်းလိုက်ကြသည်။
ရွှီရှန်းထျန်းက လုယွီကိုကြည့်ကာ ရယ်သည်။ လုယွီ၏အနောက်တွင်လည်း မည်သူမျှပါလာကြောင်း မမြင်ရချေ။
“ကောင်းကင်က တကယ်မျက်နှာသာပေးတာပဲ၊ မင်းမလာရင် ငါတို့က ကိုယ်တိုင်လာရှာဖို့ စဉ်းစားထားပေမယ့် မင်းက ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့ပြီ”
ရွှီရှန်းထျန်းက စိတ်လှုပ်ရှားစွာရယ်သည်။ သူက လုယွီကို သွားရှာရန်နည်းလမ်းများ စဉ်းစားခဲ့သော်လည်း မမျှော်လင့်ထားစွာပင် လုယွီက ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့သည်။
လုယွီက တည်ငြိမ်စွာပြောသည်။
“မင်းအနေနဲ့ နောက်ဆုံးစကားဆိုပြီး ပြောချင်တာရှိလား”
လုယွီက ထိုလူများကို ထိုက်ရိဂိုဏ်း၏လျှို့ဝှက်နယ်မြေထဲတွင် ကယ်ခဲ့ဖူးသည့်တိုင်အောင် ထိုလူများအားလုံးက အရူးလိုမျိုး ထိုအခြေအနေကို မေ့ပစ်ခဲ့ကြသည်။ ယခုလိုမျိုးထပ်ခါတလဲလဲ ပြဿနာရှာရဲနေကြလေသည်။ ထို့ကြောင့် လုယွီက သူတို့အား ခွင့်မလွှတ်နိုင်တော့ချေ။
ကျန်းရီကျင်းက ခေါင်းကိုမော့ကာ ပြောသည်။
“နင်က ဘာလုပ်နိုင်မယ်လို့ ထင်နေတာလဲ၊ နင်က ဒီအတိုင်းကံကောင်းခဲ့ရုံပဲ၊ အခု နင့်မှာ အခြားလူတွေရဲ့အကူအညီမရှိတော့ဘူး”
“ငါတို့ရှေ့မှာ မင်းက စကားကြီးစကားကျယ်လာပြောနေတာ မရှက်ဘူးလား”
လုယွီက ခေါင်းကိုအသာခါပြီး ကျန်းရီကျင်းကို စိုက်ကြည့်လိုက်သည်။
“ကောင်းပြီ၊ ငါ မင်းတို့နဲ့ အချိန်ဖြုန်းမနေတော့ဘူး”
လုယွီ၏မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များက ပြင်းထန်လာသည်။
လုယွီ၏မျက်နှာက ခက်ထန်နေပြီဖြစ်သည်။ သူက ကောင်းကင်နယ်မြေတွင်ပင် သန်မာသော တာအိုပညာရှင်တစ်ယောက်အဖြစ် ကျော်ကြားသည်။ ရွှီရှန်းထျန်းကဲ့သို့သော လူမျိုးများက သူ့အသက်အန္တရာယ်ကို မထိပါးသ၍ ခွင့်လွှတ်ပေးမည်ဖြစ်သည်။ သို့သော် ထပ်ခါတလဲလဲ ပြဿနာရှာနေလေရာ လုယွီက သူတို့အား သတ်လိုက်လျှင်လည်း စိတ်ထဲထားတော့မည်မဟုတ်ပေ။
ထိုအချိန်တွင် ခန်းမတစ်ခုလုံးကို သိပ်သည်းသောအနက်ရောင်မြူထုများက လွှမ်းခြုံသွားသည်။
“ဟီး ဟီး ဟီး ဒီနေရာက သတ္တဝါတွေက အရသာရှိမယ့်ပုံပဲ”
“သူတို့ရဲ့အိတ်တွေထဲက အရာတွေကလည်း အရသာရှိမယ့်ပုံပဲ၊ အဲ့ဒီကောင်လေးဆိုရင် ငါ တစ်ခါမှ မမြင်ခဲ့ဖူးသေးဘူး”
အနက်ရောင်မြူထုများမှ ရီမောသံများထွက်လာသည်။
ခန်းမထဲရှိလူများကလည်း ထိုအသံများကြောင့် ကြောင်သွားကြသည်။ ကျန်းရီကျင်း၏အနားမှ ဝမ်လော့က ဒေါသတကြီးအော်လိုက်သည်။
“ဘယ်မျိုးမစစ်ကောင်က ငါ့ကို ချောင်းတိုက်ချင်ရတာလဲ၊ ထွက်လာခဲ့စမ်း”
သူက အလောတကြီးခန်းမအပြင်သို့ ထွက်သွားချိန်တွင် သိပ်သည်းသော အနက်ရောင်မြူနက်များနှင့် တွေ့ဆုံသွားသည်။ မြူနက်များအတွင်းမှ အနက်ရောင်လက်ကြီးတစ်ဖက်က ထွက်လာကာ သူ့ကို ဖမ်းဆုပ်လာသည်။
“သောက်ကျိုးနဲ”
ဝမ်လော့က အံ့သြသွားပြီး ချက်ချင်းဆိုသလို ဓါးဖြင့်ခုတ်လိုက်သည်။ သို့ရာတွင် သူ၏ဓါးက ထိုလက်ကို ထိလိုက်ချိန်တွင် အကောင်အထည်မရှိသလိုမျိုး ဖောက်ထွက်သွားလေသည်။
ထို့နောက် အနက်ရောင်လက်မောင်းကြီးပေါင်းများစွာက မြူထဲမှ ထွက်လာခဲ့ကာ ဝမ်လော့၏ကိုယ်အတွင်းသို့ ထိုးဖောက်ရန်ကြိုးစားကြသည်။
“ဟီး ဟီး ဟီး ဒါကိုငါ့ခန္ဓာကိုယ်အဖြစ် ယူမယ်”
ဝမ်လော့၏ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ထိုအဖြစ်အပျက်က ခန်းမထဲရှိလူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ရွှီရှန်းထန်းက ချက်ချင်းဆိုသလို ထွက်ပြေးတော့သည်။ ကျန်းရီကျင်းကလည်း အနောက်မှ နီးကပ်စွာလိုက်သည်။ ထိုနောက်လိုက်များကလည်း မနှောင့်နှေးရဲကြချေ။
ထိုလက်မောင်းများက အလွန်သန်မာလွန်းလှကာ အချို့သော တပည့်များက ကံဆိုးစွာဖြင့် မြူနက်များ၏ဆွဲထားခြင်းကို ခံလိုက်ရသည်။
“အရှင်ငယ် ကယ်ပါအုံး”
ရွှီရှန်းထျန်းဘက်မှ တပည့်ဂိုဏ်းသားများက ရွှီရှန်းထန်း၏အင်္ကျီကိုဖမ်းဆွဲကာ အကူအညီတောင်းကြသည်။
“ဖယ်စမ်း”
ရွှီရှန်းထျန်းက ဓါးထုတ်ပြီး သူ၏အင်္ကျီကို လှမ်းဆွဲထားသည့်သူ၏ လက်မောင်းကို ခုတ်ဖြတ်လိုက်ကာ တစ်ဖက်လှည့်ထွက်သွားသည်။ သူက နောက်သို့ လှည့်ကြည့်ခြင်း မရှိတော့ချေ။
အချိန်တစ်ခုကြာပြီးနောက်တွင် လုယွီနှင့်လျန်ချင်းယွီတို့ကသာ ကျန်ရစ်တော့သည်။ လျန်ချင်းယွီက အဆိပ်မိထားသဖြင့် မလှုပ်ရှားနိုင်ချေ။ သူမ၏မျက်ဝန်းအတွင်း စိတ်ပျက်အားငယ်မှုကိုသာ မြင်ရတော့သည်။
“အရှင်ငယ် ပြန်သွားလို့ ကျွန်မရဲ့ဆရာကိုတွေ့ရင် စိတ်မကောင်းပါဘူးလို့ ပြောပေးပါ”
လျန်ချင်းယွီက တုန်ယင်နေသည်။
ရုတ်တရက် သူမ၏ကိုယ်က မြောက်တက်သွားသည်။ လျန်ချင်းယွီက မော့ကြည့်လိုက်ချိန်တွင် လုယွီက သူမကို ပွေ့ချီလိုက်ခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။ သူကတည်ငြိမ်သောလေသံမျိုးဖြင့် ရှေးဟောင်းနတ်ဆိုးများကို ကြည့်ကာ ပြောလိုက်သည်။
“စကားမပြောနဲ့ အဆင်ပြေတယ်”
အပိုင်း ၁၂၂၈
လုယွီ၏မျက်နှာတွင် ယုံကြည်မှုရှိမှုများက ပေါ်ထွက်လာသည်။ တခဏခန့်ကြာပြီးနောက် လျန်ချင်းယွီ၏ ရင်ခုန်နှုန်းများက မြန်လာသည်။ ပတ်ဝန်းကျင်တွင် ဝိုင်းပတ်ကာကြည့်နေကြသော ရှေးဟောင်းနတ်ဆိုးများ၏ အကြည့်များအောက်တွင် မြူနက်ထဲမှထူးဆန်းသောအသံတစ်သံက ထွက်ပေါ်လာသည်။
“ဘိုးဘေးရဲ့အမိန့်မရပဲ ဘယ်သူကမှသူ့အပေါ်လှုပ်ရှားခွင့်မပြုဘူး မနာခံတဲ့လူတိုင်း သေရမယ်”
ထိုအသံကို သူက ရင်းနှီးကျွမ်းဝင်နေသည်။ထိုအသံက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထွက်သွားခြင်းဖြစ်သည်။
အနက်ရောင်မြူထုများက အနည်းငယ် တုန်ခါသွားသည်။ ပုန်းကွယ်နေသော ရှေးဟောင်းနတ်ဆိုးများက လုယွီကို လောဘတကြီး ကြည့်နေသော်လည်း မလှုပ်ရှားရဲချေ။ ရှေးဟောင်းနတ်ဆိုးများအတွက် လုယွီ၏ရှေးဟောင်းခန္ဓာကိုယ်က အလွန်ဆွဲဆောင်မှုပြင်းနေသည်။ သို့ရာတွင် တော်ဝင်ဖခင်၏အမိန့်ကို သူတို့လွန်ဆန်၍မရချေ။
“အချိန်မကျသေးဘူး”
ခန်းမထဲမှာ အိုမင်းနေသောပုံရိပ်ကြီးတစ်ခုက ထွက်ပေါ်လာသည်။
ထိုလူက ခါးကုန်းနေသည်။ ဆံပင်များကလည်း ဖြူဖွေးနေပြီး ခန္ဓာကိုယ်က အလွန်ပိန်ပါးလေသည်။ သူ၏မျက်လုံးတွင် အဖြူရောင်မျက်အိမ်မရှိဘဲ တစ်ခုလုံးက မဲမှောင်နေသည်။
သူ၏ ပုံပန်းသွင်ပြင်ကိုကြည့်ရုံဖြင့်ပင် နတ်ဆိုးဆန်သောအရှိန်အဝါမျိုးကို ခံစားရကာ အများကိုတုန်ယင်စေနိုင်စွမ်းရှိသည်။
“ရှေးဟောင်းနတ်ဆိုးပဲ”
လုယွီ၏မျက်ဝန်းအတွင်း အေးစက် တင်းမာ လာသည်။ ထိုလူပေါ်လာသည်နှင့် သူ၏ပတ်ပတ်လည်တွင်ရှိသော အခြားသောရှေးဟောင်းနတ်ဆိုးများအားလုံးက ဖိအားကို တောင့်မခံနိုင်ကြဘဲ ထွက်ပြေးသွားကြသည်။
“တော်ဝင်ဖခင်က မင်းကိုစောင့်နေတာကြာပြီ ငါ့ရဲ့နောက်ကို လိုက်ခဲ့ပါ”
လူအိုကြီးက စိုးရိမ်စွာပြောသည်။
လုယွီကမူ မျက်နှာထား တည်တင်းစွာဖြင့် ပြောလိုက်သည်။
“ငါ သွားနိုင်တယ် ဒါပေမဲ့ အရင်ဆုံး သူမကို ကုသရမယ်”
ထို့နောက် လုယွီက လျန်ချင်းယွီကို မြေပြင်သို့ချပေးလိုက်သည်။
လူအိုကြီးက ဒေါသထွက်သွားသည်။
“ငါက တော်ဝင်ဖခင်ရဲ့အနီးကပ်အစေခံပဲ ငါ မင်းဆီကိုယ်တိုင်လာခဲ့တာက တော်ဝင်ဘိုးဘေးက မင်းကိုမျက်နှာသာပေးလို့ ကိုယ်တိုင်ကိုယ်ကျ တော်ဝင်သားတော်ဖြစ်စေချင်လို့ပဲ မင်းက အကောင်းအဆိုးကို နားမလည်ဘူးပဲ”
လျန်ချင်းယွီက အားနည်းနေသော်လည်း သူမ၏မျက်ဝန်းတွင် အံ့အားသင့်မှုများကို မြင်နိုင်သည်။ သူမက အလောတကြီးပြောလိုက်သည်။
“အရှင်ငယ် ကျွန်မကို စိတ်ထဲမထားပါနဲ့ တော်ဝင်ဘိုးဘေးကိုတော့ အပြစ်မပြုမိပါစေနဲ့”
လူအိုးကြီးက သူ့အားနှာခေါင်းရှုံ့လျက် ကြည့်ကာပြောသည်။
“တော်ဝင်ဘိုးဘေးက မင်းကို မျက်နှာသာပေးတယ်ဆိုကတည်းက မင်းရဲ့အခွင့်အရေးဖြစ်နေပြီ။ အချိန်ကို မဖြုန်းနဲ့”
လုယွီက လူအိုကြီးကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“သူ့ကို စောင့်ခိုင်းလိုက်ပါ”
“ဘာ”
လူအိုကြီး၏ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ထွက်ပေါ်လာကာ ကောင်းကင်သို့ထိုးတက်သွားရာ နန်းတော်၏ပတ်ဝန်းကျင်ကွင်းပြင်ကပင် ပျက်စီးရသည်။
အပိုင်း ၁၂၂၉
“ကောင်လေး မင်း ဘာပြောလိုက်သလဲဆိုတာကို နားလည်လား”
လျန်ချင်းယွီကလည်း ထိုလူ၏ဖိအားကြောင့် တုန်ယင်လာတော့သည်။
ထိုကဲ့သို့သောဖိအားမျိုးက အလွန်ပြင်းထန်ကာ စိတ်ဝိဉာဉ်အထက်အဆင့်နယ်မြေများကသာလျှင် ထုတ်လွတ်နိုင်စွမ်းရှိကြသည်။ လုယွီက အဆင့်လွန်အဆင့်များကို သတ်နိုင်သော်လည်း ယခုပိုင်နက်နယ်မြေက တော်ဝင်ဘိုးဘေး၏နယ်မြေဖြစ်နေသည်။
လုယွီက မထူးခြားနားစွာပြောသည်။
“ခင်ဗျားလုပ်ချင်တာကို လုပ်နိုင်တယ်။ ဒါပေမဲ့ ငါ့ကိုနာကျင်အောင်လုပ်မယ်ဆိုရင်တော့ အကျိုးဆက်ကို ခံစားရမှာပဲ”
ထို့နောက်လုယွီက သူ၏ထိုက်ချူခန္ဓာကိုယ် စွမ်းအားကို ထိန်းချုပ်ထားခြင်းမရှိဘဲ ဖော်ထုတ်လိုက်သည်။ ခန္ဓာကိုယ်ကို သန့်စင်သည့်ရှေးဟောင်းနည်းလမ်းများက ခန္ဓာကိုယ်မှ အသက်ချီစွမ်းအင်ကို ထူးဆန်းစွာမြင့်တက်စေသည်။
ထို့ကြောင့် တော်ဝင်ဘိုးဘေးက ထိုမျှပြင်းထန်သည့်စွမ်းအားမျိုးကို လက်လွှတ်ခံမည်မဟုတ်သည်မှာလည်း သေချာသည်။
လျှို့ဝှက်နယ်မြေအတွင်းရှိ မည်သူကမှ လုယွီကို ယှဉ်နိုင်မည်ဟုလည်း မထင်ချေ
ထိုလူအိုကြီးကသာ လုယွီကို လှုပ်ရှားရဲလျှင် တော်ဝင်ဘိုးဘေးက ထိုလူအိုကြီးကို ရှင်းပစ်လိုက်ပေလိမ့်မည်။
ရုတ်တရက်လူအိုကြီး၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူ၏အရှိန်အဝါကလည်း အားနည်းသွားသည်။
“ငါ့ရဲ့စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။ မြန်မြန်ကုပြီး ငါ့နောက်ကိုလိုက်ခဲ့”
လူအိုကြီးက လေးနက်သောလေသံဖြင့်ပြောသည်။
လုယွီက သူ့ကိုလျစ်လျူရှုလိုက်ပြီး လျန်ချင်းယွီကို ကုသသည်။
“ဒီဆေးကိုသောက်လိုက်ပါ ဒီလိုဆိုရင် သိပ်မကြာခင်မှာ မင်းပြန်ကောင်းသွားလိမ့်မယ်။ ဒါပေမဲ့ လျှောက်သွားမနေဘဲ တစ်နေရာရာမှာ ပုန်းနေပါ”
လုယွီက ထိုသို့အမိန့်ပေးလိုက်သည်။
တခဏခန့်ကြာလျှင် သူနှင့်တိရှားဘိုးဘေးတို့က ပြင်းထန်စွာတိုက်ခိုက်ကြတော့မည်ဖြစ်လေရာ ပတ်ဝန်းကျင်က ဖျက်ဆီးခံရနိုင်လေသည်။
သို့သော် လုယွီက လျန်ချင်းယွီ၏မျက်လုံးထဲမှ အလင်းရောင်ကို သတိမထားမိပေ။
လျန်ချင်းယွီက လုယွီကိုဘကြည့်ပြီးပြောလိုက်သည်။
“တကယ်လို့ နင်သာဆန္ဒရှိရင် ငါလည်း အဆင်ပြေတယ်”
“အာ”
လုယွီက အံ့သြသွားသည်။ ထို့နောက် သူ၏မျက်ဝန်းအရောင်က ပြောင်းလဲသွားတော့သည်။
“ဒီမျိုးမစစ်လေးက ဘာလုပ်ချင်နေတာလဲ သူတို့ကနွေဦးဝတ်မှုန်ဆေးမှုန်တွေတောင် ထည့်ထားတာပဲ”
သူသာရောက်မလာခဲ့လျှင် လျန်ချင်းယွီ၏အခြေအနေက မတွေးရဲစရာပင်။
လုယွီက ဆေးတစ်လုံးကိုထုတ်ပြီးနောက် လျန်ချင်းယွီကို တိုက်လိုက်သည်။ တခဏခန့်ကြာပြီးနောက် လျန်ချင်းယွီ၏မျက်လုံးများက ကြည်လင်လာတော့သည်။
“နေရာကောင်းတစ်ခုရှာပြီး ပုန်းနေလိုက်ပါ။အပြင်ကိုထွက်မလာခဲ့နဲ့”
လုယွီက ပြောပြီးနောက် လူအိုကြီးအနားသို့ သွားလိုက်သည်။
ထွက်သွားသောလုယွီ၏ကျောပြင်ကိုကြည့်နေသည့် လျန်ချင်းယွီကရယ်သည်။
“ဒီလိုသစ်သားတုံးက ဘာနားလည်မှာလဲ”
လျန်ချင်းယွီ၏မျက်တောင်ရှည်များက ကော့တက်နေသည်။
နက်ရှိုင်းသော ချိုင့်ဝှမ်းတစ်နေရာ…
ခြံဝန်း၏အတွင်းသို့ဝင်လေလေ ပတ်ဝန်းကျင်ရှိ အဆောက်အဦးများက ပို၍များပြားလေလေဖြစ်ကြောင်း မြင်ရမည်ဖြစ်သည်။ ကျိုးပဲ့နေသော အုတ်နံရံများနှင့် အဆောင်တော်များစွာကိုလည်း မြင်နိုင်သည်။ မှောင်မဲနေသော ချိုင့်ဝှမ်း၏အတွင်းတွင် မရေမတွက်နိုင်သောမျက်လုံးပေါင်းများစွာက လုယွီကို ကြည့်နေကြသော်လည်း အားလုံး၏အမူအယာက မဲမှောင်နေကြသည်။
“တော်ဝင်ဖခင်က မင်းကိုအထဲမှာစောင့်နေတယ် ဝင်သွားလိုက်ပါ”
လုယွီကိုကြည့်လျက် လူအိုကြီးကပြောသည်။
ခန်းမ၏တည်ဆောက်ပုံက အခြားသောနေရာများနှင့် ကွာခြားနေသည်။ ထိုခန်းမတစ်ခုလုံးကို အဖက်ဖက်မှ နံရံများဖြင့် ပိတ်ဆို့ထားသည်။ ပြတင်းပေါက်လည်းမရှိသည့်အပြင် ကြေးနီရောင်အခင်းတစ်ခုကလည်း လေးနက်စွာပိတ်ထားကာ ပွင့်မည့်အရိပ်အယောင်မရှိပေ။
လုယွီက ခန်းမကို တစ်ချက်ကြည့်ပြီးသည်နှင့် သူ၏စိတ်အတွင်း နာမည်တစ်ခုကပေါ်လာသည်။
“အပြစ်ဒဏ်အိမ်တော်”
လုယွီက အသက်ပြင်းပြင်းရှူသည်။ ထိုနေရာက ပြင်းထန်သည့်ရာဇဝတ်မှုများ ပြုသူများကို အပြစ်ပေးသည့်ခန်းမဖြစ်သည်။ ထိုပစ်မှုများထဲမှ အချို့က ပြင်းထန်ပြီး အချို့ကမူ ဧကရာဇ်အဆင့်များအတွက် သီးသန့်ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ လုယွီကမူ ထိုလူများကို ဒီအတိုင်းလွှတ်ထားလျှင် စိတ်မချသဖြင့် ကိုယ်တိုင်စောင့်ကြပ်လေ့ရှိသည်။
လုယွီက ခေါင်းကိုနောက်လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘိုးဘေးက ဒီလိုနေရာမျိုးမှာ နေမှာတဲ့လား”
လူအိုကြီးက စိတ်မရှည်စွာပြောသည်။
“ဘိုးဘေးဘယ်နေရာမှာနေနေ မင်းက ဘာသိမှာလဲ”
“သွား ကိုယ့်ရဲ့ကံကောင်းမှုကို ရှာဖွေလိုက်”
လုယွီက ခေါင်းငြိမ့်ပြီးနောက် အတွင်းသို့ဝင်လိုက်သည်။ သံသယရှိစရာမလိုလောက်အောင် အရာအားလုံးက ထူးခြားပြောင်မြောက်နေပေလိမ့်မည်။ အတွင်းသို့ဝင်လိုက်ချိန်တွင် သွေးညှီနံ့ကပြင်းထန်စွာ ထွက်ပေါ်လာသည်။ ထို့နောက်လုယွီ၏ရောက်လာသည့်အခြေအနေကို အာရုံခံမိသည့်အလား မီးများက ထိန်လင်းလာသည်။ ထို့အပြင် မီးအလင်းရောင်များက နေရာပေါင်းစုံကို လမ်းပြနေခဲ့ကာ သူ့ကို နေရာတစ်ခုရွေးချယ်ခိုင်းမည့် အနေအထားတွင် ရှိနေခဲ့သည်။
သို့ရာတွင်လုယွီက ထိုလမ်းသို့သွားရန် ဆန္ဒမရှိချေ။ သူ၏မှတ်ဉာဏ်ဖြင့် သူက ဘယ်ဘက်ခြမ်းသို့ဦးတည်ခဲ့လိုက်သည်။
ထောင်ကပြောင်ရှင်းနေသည်။ အပြင်အားတစ်ခုခုဖြင့် အတွင်းဘက်ခြမ်းကို ဖောက်ထွင်းခဲ့ဟန်ရကာ မူလကရှိနေခဲ့သော အဆောင်သင်္ကေတများ အားလုံးကလည်း ပျောက်ဆုံးနေသည်။
အပိုင်း ၁၂၃၀
“ဒီနေရာမှာအကျဉ်းချထားတဲ့ နတ်ဆိုးတွေအားလုံး လွတ်မြောက်ကုန်ကြပြီ။ ဒါပေမဲ့ သူတို့အားလုံးက အနည်းဆုံးအဆင့်နိမ့်ဧကရာဇ်အဆင့်တွေပဲ”
လုယွီက စိတ်မသက်မသာဖြစ်သွားသည်။
ထိုအချိန်တွင် မွှေးရနံ့တစ်ခုက သူ၏အနားသို့နီးကပ်လာကြောင်းကို ခံစားလိုက်ရလေသည်။
“တို့တောင်မဖိတ်ခေါ်ရသေးပဲနဲ့ ဘာလို့ဒီနေရာကို ရောက်နေရတာလဲ”
လုယွီက နောက်လှည့်ကြည့်လိုက်ချိန်တွင် အနီရောင်ဝတ်စုံဝတ်ထားသော ခြေဗလာနှင့် မိန်းမတစ်ယောက်ကို မြင်လိုက်ရလေသည်။ သူမက အလွန်အမင်းလှပလွန်းသည်။
ထိုအမျိုးသမီးက တိရှားဘိုးဘေးဖြစ်နေသည်။ သိပ်မကြာခင်အချိန်က သူမ၏ပုံရိပ်ကို လင်းရှောင်းဂိုဏ်းတွင် သူက မြင်ခဲ့ရသေးသည်။ တိရှားဘိုးဘေးက ရေခဲနယ်မြေတွင် တောက်လျှောက် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အပြင်သို့ ထွက်ခဲသည်။
ယခုလိုသူမကို တစ်ကြိမ်ပြန်မြင်ရချိန်တွင် တိရှားဘိုးဘေး၏စွမ်းအားအများစုက ပြန်လည်သက်သာနေပြီဖြစ်ကြောင်းကို လုယွီက ခံစားမိလိုက်လေသည်။
လုယွီ၏နှလုံးသားက လှုပ်ရှားသွားသည်။ သူက ချက်ချင်းလိုလို တိရှားဘိုးဘေးက သူ၏ရုပ်ဖျက်ထားခြင်းကို မမြင်နိုင်ကြောင်း နားလည်လိုက်လေသည်။
သူကရှေးဟောင်းတာအိုပညာရှင် ထာဝရရှင်သန်သူများ၏ ကျင့်ကြံသော သိုင်းတစ်ခုဖြစ်သော ထိုက်ချူသိုင်းကို ကျင့်ကြံခဲ့သည့်အတွက် အလွန်သန်မာသည့်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
“အရှင့်ကို ဂါဝရပြုပါတယ်”
လုယွီက အလျင်စလို ဦးညွှတ်လိုက်သည်။
တိရှားဘိုးဘေးက တောက်ပစွာပြုံးသည်။ သူမ၏အနီရောင်ဝတ်စုံက ရွေ့လျားသွားကာ အဖြူရောင်ကျောက်စိမ်းအသားအရေက ထွက်ပေါ်လာတော့သည်။
တစ်စုံတစ်ယောက်ကသာ အခြေအနေမှန်ကိုမသိလျှင် အထင်လွဲမှားသွားလောက်လေသည်။ သို့သော်လုယွီက ထိုသို့မဖြစ်ချေ။ သူ၏စိတ်က အလွန်ကြည်လင်နေသည်။ သို့တိုင်အောင် လုယွီက ထိန်းချုပ်ခံရသလိုမျိုး ဟန်ဆောင်လိုက်သည်။
“တို့ကို တော်ဝင်ဘိုးဘေးလို့မခေါ်ပါနဲ့ ဒါက အသက်ကြီးလွန်းရာရောက်တယ်။ မမလို့ပဲခေါ်ပါ။ တို့တော့ ဒီလောက်ငယ်ရွယ်ချောမောတဲ့ ပါရမီရှင်ကို တစ်ခါမှ မမြင်ခဲ့ဖူးသေးဘူး”
လုယွီကိုကြည့်သည့် သူမ၏အကြည့်များက ကိုယ်ပိုင်ခန္ဓာကိုယ်ကို မြင်နေရသကဲ့သို့ဖြစ်လာသည်။
ရှေးဟောင်းနတ်ဆိုးများက အခြားလူ၏ခန္ဓာကိုယ်များကို သိမ်းယူနိုင်စွမ်းအားရှိသော်လည်း တိရှားဘိုးဘေး၏ သန်မာသောစိတ်ဝိဉာဉ်ကို တောင့်ခံနိုင်သော ကိုယ်ခန္ဓာက ရှားသည်။ လုယွီ၏ ထိုက်ချူခန္ဓာကိုယ်က တိရှားဘိုးဘေး၏အကြိုက်နှင့် ကွက်တိကျနေလေသည်။
“တို့တွေ ဖြည်းဖြည်းခြင်း လျှောက်သွားရအောင်လား”
တိရှားဘိုးဘေးက မျက်ခုံးကိုပင့်ကာ လုယွီကို လက်ညိုးဖြင့် နောက်သို့လိုက်လာရန် ခေါ်ဆောင်ဟန်ပြသည်။
လူနှစ်ယောက်က အခန်းတစ်ခုထဲသို့ဝင်သွားကြသည်။ အခန်းအတွင်းတွင် ကြီးမားသော အိပ်ရာကြီးကို မြင်လိုက်ရသည်။ အိပ်ရာ၏ဘေးတွင် ကြေးနီရောင် မီးအိမ်တစ်ခုကို မြင်လိုက်ရသည်။ ထိုမီးအိမ်မှ ပန်းရောင်အလင်းများကိုလွှတ်ထုတ်နေလေသည်။
“မိတ်ဆွေလေး အိပ်ရာမှာအရင်လှဲနေလိုက်ပါလား အစ်မကြီးက ဘိုးဘေးအမွေအနှစ်တွေ ပေးချင်နေပြီ”
တိရှားဘိုးဘေးက တခစ်ခစ်ရယ်သည်။
လုယွီက ရုပ်သေးရုပ်လိုမျိုး အိပ်ရာသို့သွားကာ လှဲချလိုက်သည်။
“ဟားဟား ဒီအစ်မက ကောင်းကောင်းကြီး အကူအညီပေးမှာပါ”
တိရှားဘိုးဘေး၏မျက်ဝန်းမှ သွေးနီရောင်အလင်းများက ပို၍တောက်ပလာသည်။ သူမက လက်ဆန့်တန်းကာ လုယွီ၏အနားသို့ချည်းကပ်လာပြီး ခန္ဓာကိုယ်ကို ထိရန်ပြင်ဆင်လိုက်သည်။ သို့ရာတွင် ထိုလက်က လုယွီ၏မျက်နှာကို ထိတော့မည့်အချိန်တွင်ပင် လုယွီ၏ကိုယ်မှ ရွှေရောင်မီးတောက်က တောက်လောင်လာကာ တိရှားဘိုးဘေး၏ လက်ကို ဖမ်းကိုင်လိုက်သည်။ လုယွီ၏လက်က မိုးကြိုးလျှပ်စီးလက်သည်ထက်ပင် မြန်ဆန်နေသေးလေသည်။
တိရှားဘိုးဘေးက အခြေအနေကို နားမလည်နိုင်သည့်အချိန်မှာပင် လုယွီ၏လက်က သူမ၏မျက်ခုံးကြားအတွင်းသို့ ထိုးဖောက်ပြီးသားဖြစ်သွားသည်။
တိရှားဘိုးဘေးထံမှ ငယ်သံပါအောင် အော်ဟစ်သံက ထွက်ပေါ်လာသည်။ တိရှားဘိုးဘေး၏ အခြေအနေက အလွန်ဆိုးရွားသွားဟန်ရသည်။ သူမ၏ကျောက်စိမ်းကဲ့သို့ ခန္ဓာကိုယ်အနေအထားမှ ချက်ချင်းလိုလို အရေပြားများ တွန့်လိန်ရုပ်လျော့လာကာ အရိုးစုပုံအဖြစ် ပြောင်းလဲသွားသည်။ နဂိုကအလွန် ကြည့်ကောင်းသောရုပ်ရည်က အလွန်ဆုတ်ပြတ်သတ်သွားကာ အရိုးခြောက်ပုံသဏ္ဍန်ဖြစ်သွားခြင်းဖြစ်သည်။ သူမ၏ရုပ်ရည်က အလွန်အမင်းကြောက်လန့်ဖွယ် ကောင်းလွန်းနေခဲ့လေသည်။
ရွှေရောင်မီးတောက်က အနက်ရောင်မြူထုများထွက်မပြေးအောင် တားဆီးထားသည့်အတွက် တိရှားဘိုးဘေးက ထွက်ပြေးနိုင်စွမ်းမရှိခဲ့ချေ။ သို့ရာတွင် တိရှားဘိုးဘေး၏ ကိုယ်ခန္ဓာကမူ မည်သည့်အချိန်မှ မသေဆုံးတော့သလိုမျိုး ဆက်တိုက်ကျန်ရှိနေသေးလေသည်။
“ဒီလောက်အဆင့်အထိရောက်နေတဲ့မီးတောက်ကို နင်ဘယ်လိုများကျင့်ကြံထားတာလဲ။ နင်ကဘယ်သူလဲ”
တိရှားဘိုးဘေး၏ ခက်ထန်ကြမ်းကြုတ်သောအသံကြီးက ကျယ်လောင်စွာထွက်ပေါ်လာသည်။ လုယွီက နှာခေါင်းရှုံ့လိုက်ပြီးသည်နှင့် လေထဲတွင် ငါကိုယ်တော်ဆိုသည့် စကားလုံးကို ရေးသားလိုက်သည်။ ထိုစကားလုံးက လေထဲသို့မြောက်တက်သွားပြီးသည့်နောက်တွင် အုပ်ချုပ်သည်ဆိုသော စကားလုံးကို ထပ်မံရေးသားလိုက်ပြန်သည်။ ထိုစကားလုံးနှစ်လုံးမှ ထွက်ပေါ်လာသည့် ပြင်းထန်သောအရှိန်အဝါက တိရှားဘိုးဘေးထံသို့ ကျရောက်သွားကာ အထက်တန်းဆန်သော စိတ်စွမ်းအားများကလည်း ပျံ့လွင့်လာခဲ့သည်။ တိရှားဘိုးဘေးက ဟိန်းသံတစ်ချက်ပြုပြီး နောက်သို့လွင့်ထွက်သွားကာ နံရံနှင့်ဝင်ဆောင့်တိုက်မိသွားသည်။
“နင်ကတာအိုပညာရှင်လား သေစမ်း”
တိရှားဘိုးဘေးက အလွန်ဒေါသထွက်သွားပြီး သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲလိုက်သည်။ ထို့နောက် အနက်ရောင်အငွေ့များအဖြစ် တဖန်ပြောင်းလဲကာ လုယွီထံသို့ တိုးဝင်လာလေသည်။
“ကောင်လေး ငါအရမ်းပျင်းလို့ နင်နဲ့ဆက်ကစားပေးမယ်။ ငါက နင့်ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ဘယ်လိုသိမ်းယူမလဲဆိုတာကို ကြည့်လိုက်”
တိရှားဘိုးဘေးက ရူးသွပ်သွားသကဲ့သို့ဖြစ်သွားသည်။ လုယွီကမူ နဂိုနေရာတွင်ရပ်လျက် အမူအရာမပြောင်းလဲဘဲရှိနေလေသည်။
“မင်းက ဘယ်လိုများ ဒီခန္ဓာကို ယူသွားမလဲကြည့်မယ်”