← Chapters

အခန်း (၁၂၃၁-၁၂၃၅)

Vol. 65 Ch. 1231-1235

အခန်း (၁၂၃၁-၁၂၃၅)

Vol. 65 Ch. 1231-1235

အပိုင်း ၁၂၃၁

လုယွီ၏အသံထွက်လာသည်နှင့် လေးဖက်လေးလံလုံးမှ အန္တရာယ်ပြင်းသည့် အရှိန်အဝါများစွာက တိုးမြင့်ကာ ဝင်ရောက်လာတော့သည်။

လုယွီက အပြစ်ဒဏ်စံအိမ်တော်အတွင်းတွင် ရှိသမျှသော ကန့်သတ်ချက်ဝင်္ကပါများကို အသက်သွင်းလိုက်ခြင်းဖြစ်သည်။ ယခုအခါ အားလုံးက ပြင်းထန်သောစွမ်းအားများဖြင့် ပေါက်ထွက်လာတော့သည်။

“ဝုန်း”

တိရှားဘိုးဘေးက လုယွီ၏အနားသို့ မချည်းကပ်နိုင်ခင်မှာပင် အပေါ်မှ ကြီးမားသောအနက်ရောင်သံလှောင်အိမ်ကြီးက ပြုတ်ကျလာသည်။ လှောင်အိမ်၏မျက်နှာပြင်တွင် ရွှေရင့်ရောင်ဓားက ထင်ရှားစွာရှိနေလေပြီး သင်္ကေတပေါင်းများစွာကို ထွင်းထုထားလေသည်။

“ထိုးသွင်း”

သူ၏လက်က လှောင်အိမ်ထဲသို့ရောက်သွားပြီး ထိတွေ့လိုက်ချိန်တွင် အဖြူရောင်အခိုးအငွေ့များက ထွက်လာကြောင်းကို မြင်လိုက်ရသည်။

“နတ်ဘုရားနက်သံမဏိသစ်သား မဟုတ်လား”

တိရှားဘိုးဘေးက ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ အနက်ရောင်မြူထုကလည်း တွန့်လိန်ရှုံ့တွလာတော့သည်။ သို့သော် လှောင်အိမ်တစ်ခုလုံးက ပြင်းထန်စွာတုန်ခါလာသည်။

လှောင်အိမ်၏မျက်နှာပြင်တွင် ကွဲအက်ရာများက ထွက်ပေါ်လာတော့ကာ ဆက်တိုက်ပျံ့နှံ့သွားလေသည်။ လုယွီပြင်ဆင်ထားသော ထိုလှောင်အိမ်က ပြင်းထန်သော သက်ရောက်မှုရှိနေသည့်တိုင်အောင် တိရှားဘိုးဘေးက သာမာန်ရှေးဟောင်းနတ်ဆိုးမဟုတ်ချေ။ သူက ဧကရာဇ်အဆင့်ကိုပင် တုန်လှုပ်အောင်လုပ်နိုင်စွမ်းရှိသူဖြစ်လေရာ ထိုကဲ့သို့သောလှောင်အိမ်အဆင့်လောက်နှင့် ထိခိုက်သွားလိမ့်မည်မဟုတ်ချေ။

“ငါအရင်က နင့်ကိုသေအောင်သတ်ခဲ့ပြီးပြီ။ ဒါတောင်မှ နင်က ငါ့ဆီ ပြန်လာရဲသေးတာလား”

တိရှားဘိုးဘေးက ပြောသည်။ သူမက လုယွီ၏ ပုံစံကို ချက်ချင်းလိုလို မှတ်မိသွားလေသည်။

ရုတ်တရက် တိရှားဘိုးဘေးက အနီရောင်ဝတ်စုံနှင့်မိန်းမတစ်ယောက်ပုံသဏ္ဍန်ပြောင်းလျက် လုယွီကို စိုက်ကြည့်ကာ သံလှောင်အိမ်ကို လက်ဖြင့်ရိုက်ချလိုက်သည်။

ဝုန်းကနဲမြည်သံနှင့်အတူ သံလှောင်အိမ်က ကျိုးပြတ်သွားပြီး အပိုင်းအစများစွာက ပတ်ဝန်းကျင်အနှံ့ ပျံ့လွင့်သွားသည်။ ထို့နောက် လုယွီထံသို့ ဆက်တိုက် တိုးဝင်လာသည်။ သူမ၏ပတ်ဝန်းကျင်တွင်လည်း အနက်ရောင်မြူထုများက ကပ်ပါလာလေသည်။ ထို့နောက် လုယွီ၏မျက်ခုံးကြားအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလာတော့သည်။

“မင်းက အခြားနေရာကိုရွေးရင် မင်းနိုင်ကောင်းနိုင် နိုင်ပေမဲ့ ဒီနေရာက ငါ့ရဲ့ကိုယ်ပိုင်မှော်လက်နက် နယ်မြေဖြစ်နေတယ်။ ဒီတော့မင်းဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူး”

လုယွီကတုန့်ဆိုင်းမနေဘဲ သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်တော့သည်။

မြေအောက်လောက နတ်ဘုရင်၏ပြင်းထန်သောအရှိန်အဝါက ပျံ့လွင့်လာချိန်တွင် အပြစ်ဒဏ်ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ယခင်ပိုင်ရှင်၏အရှိန်အဝါကိုခံစားမိဟန်ဖြင့် ခန်းမအတွင်းမှ အမျိုးမျိုးသောထောင့်တိုင်းတွင် ရှိနေသည့်မီးအိမ်များအားလုံးက အသက်ဝင်လာသလိုမျိုး မီးတောက်များ တောက်လောင်လာတော့သည်။ လူနှစ်ယောက်က ပြင်းထန်စွာဖြင့် တိုက်ခိုက်ကြသည်။ သဏ္ဍာန်မဲ့သော ပြင်းထန်သည့်စွမ်းအားများကိုထုတ်ဖော်နေခဲ့လေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက ဖျက်ဆီးခံနေရလေသည်။ သို့ရာတွင် သူတို့နှစ်ယောက်လုံး၏တိုက်ပွဲက လက်ရည်ညီနေခဲ့သည်။

“နင်ငါ့ကိုထိခိုက်ဒဏ်ရာရအောင် လုပ်လို့မရဘူး။ ဒါပေမဲ့ ငါတစ်ခုခုဖြစ်သွားရင်တောင်မှ ငါက နင့်ကိုအပါခေါ်သွားဦးမှာပဲ”

သူမက လက်ထဲတွင်လက်နက်တစ်ခုကို ယမ်းပြသည်။ ထိုလက်နက်က လုယွီ၏နယ်မြေ လက်နက်ဖြစ်နေသည်။

အပိုင်း ၁၂၃၂

သူမ ရှိနေခဲ့သည်က လုယွီ၏ လက်နက်အတွင်းတွင်ဖြစ်သဖြင့် လုယွီက ပိုင်ရှင်ဖြစ်လေရာ နေရာတိုင်းကို ကောင်းမွန်နှံ့စပ်စွာ သိနေလေပေလိမ့်မည်။ ထို့ကြောင့်သူမက ဒီနေရာမှ ထွက်သွားရန် လိုအပ်လေသည်။

“မင်း ထွက်ပြေးလို့မရဘူး”

လုယွီ၏မျက်ဝန်းမှ အေးစက်သောအလင်းရောင်များကို လွှတ်ထုတ်လာသည်။

သူ၏လက်ညိုးမှ အနက်ရောင်မြူထု အနည်းငယ်ထွက်သွားပြီးသည်နှင့် တိရှားဘိုးဘေး ထွက်ပြေးနေသောအရှေ့တွင် ကျောက်တုံးနံရံပေါင်းများစွာ အထပ်ထပ်ထွက်ပေါ်လာကာ သူမကို ပိတ်ပင်တားဆီးလာလေသည်။

ဒေါသထွက်သွားသော တိရှားဘိုးဘေးက အသားကုန်အော်ဟစ်လိုက်ရာ ထိုနေရာတစ်ခုလုံးတွင် သူမ၏အော်ဟစ်သံကသာ ပဲ့တင်ထွက်သွားတော့သည်။

လုယွီက နတ်ဆိုးဘိုးဘေးကို ဖိနှိပ်နိုင်ရန်အတွက် ထိုအချိန်ကိုစောင့်ဆိုင်းနေခဲ့သည်မှာ ကြာလှချေပြီ။

“မင်း မလွတ်ပါဘူး”

လုယွီ၏မျက်ဝန်းက အလွန်အမင်းအေးစက်လာသည်။

ငရဲထာဝရရှင်သန်ခြင်းခန်းမက မှော်လက်နက်အတွင်းမှ နယ်မြေတစ်ခုဖြစ်ပြီး သူ၏ကိုယ်ပိုင်လက်နက်မှ ပိုင်နက်နယ်မြေတစ်ခုလည်း ဖြစ်နေသေးသည်။ ခန်းမတစ်ခုလုံးကို လုယွီက ကိုယ်တိုင်ပြင်ဆင်ထားခဲ့သည့်အတွက် နေရာတိုင်းကို သူက အပြည့်အ၀ နားလည်နေလေသည်။

အမျိုးမျိုးသောထောင်ချောက်များနှင့် စက်ယန္တရားများအားလုံးက အသက်ဝင်လာတော့ကာ တိရှားဘိုးဘေးကို ဝန်းရံလာသည်။

“ နင်က တာအိုပညာရှင်တစ်ယောက်မဟုတ်တော့ဘူး။ နင့်ရဲ့အခုလက်ရှိစွမ်းအားလောက်နဲ့ ငါ့ကိုဘာလုပ်နိုင်မယ်ထင်နေတာလဲ”

တိရှားဘိုးဘေးက အသားကုန်အော်ဟစ်ရယ်မောလိုက်သည်။ သူမကိုပိတ်လှောင်ထားသည့်နံရံများအားလုံးကလည်း ချက်ချင်းလိုလိုအက်ကွဲသွားတော့ကာ သူမကလည်း ထောင်ချောက်အတွင်းမှ လွတ်မြောက်သွားတော့သည်။

ထိုအချိန်တွင် အပြစ်ပေးခန်းမအတွင်းမှ ထောင်ချောက်များအားလုံးကို တိရှားဘိုးဘေးက ဖောက်ထွက်သွားကြောင်းမြင်လိုက်ရလေသည်။ လုယွီက သူ၏အတွင်းအားများကို ပို့လွှတ်ကာ လေထဲတွင် ရှေးဟောင်းသင်္ကေတစာသားများကို ရေးထိုးလိုက်သည်။

ထိုစာသားများက ထွက်ပေါ်လာသည်နှင့်ပတ်ဝန်းကျင်ရှိ အမှောင်ထုက ချက်ချင်းလိုလိုလင်းချင်းသွားပြီး တောက်ပသောအလင်းတန်းများဖြင့် လွှမ်းခြုံသွားတော့သည်။

လုယွီ၏လက်ချောင်းများက တိရှားဘိုးဘေးထံသို့နီးကပ်သွားကာ ပြင်းထန်သောစွမ်းအားများနှင့် သူမ၏ကိုယ်ကို ရိုက်ချလိုက်သည်။

ထိုအချိန်တွင် တိရှားဘိုးဘေး၏အရှိန်အဝါက လုယွီ၏ဖိနှိပ်ခြင်းကို ခံလိုက်ရလေသည်။

“နင်ငါ့ကိုသတ်လို့မရပါဘူး”

တိရှားဘိုးဘေးက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ လုယွီက မထူးခြားနားစွာပြောသည်။

“ငါကတော့ မင်းဒီနေ့သေမှာကို သေချာသိနေပြီ”

အရာအားလုံးက ထိုနေရာတွင် ဖြစ်ပွားကတည်းက သူ့ဘက်က အားသာထားပြီးသားဖြစ်သည်။ ထိုအချိန်တွင် တိရှားဘိုးဘေး၏ခုခံအားက အကန့်အသတ်တစ်ခုအထိ အားနည်းသွားပြီး သူမ၏စိတ်ဝိဉာဉ်ကို လုယွီက ကြိုတင်ပြင်ဆင်ထားသည့် ထောင်ချောက်များက ပိတ်လှောင်တော့သည်။

တိရှားဘိုးဘေးက လုယွီကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

“နင်က တကယ်ကြောင်တာပဲ နင်က ဒီလောက်နဲ့ ငါ့ကိုရင်ဆိုင်နိုင်ပြီလို့ထင်နေတာလား”

တိရှားဘိုးဘေး၏ အေးစက်သောအသံက လေထုအတွင်း ပျံ့လွင့်လာလေသည်။

ရုတ်တရက် အပြစ်ဒဏ်ခန်းမ၏မြေပြင်က ပြင်းထန်စွာဖြင့် တုန်ခါလာတော့သည်။

ခြိမ်းခြိမ်းခြိမ်း

မြေပြင်မှကျယ်လောင်သောအက်ကွဲသံထွက်ပေါ်လာပြီးသည်နှင့် အပြစ်ဒဏ် ခန်းမတစ်ခုလုံးက ပေါက်ကွဲထွက်တော့သည်။

“နင်က အဲဒီနှစ်တွေတုန်းက စွမ်းအားအကြီးဆုံးတာအိုဧကရာဇ်ဖြစ်ခဲ့ပေမဲ့ ဒီနေ့ဒီနေရာမှာတော့ ငါသတ်တာကို ခံရမှာပဲ”

တိရှားဘိုးဘေးက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြန်သည်။

ထိုစကားကိုပြောလိုက်ပြီးသည်နှင့် အပြစ်ဒဏ်ခန်းမတစ်ခုလုံးက ပြင်းထန်စွာပေါက်ကွဲသွားပြီဖြစ်သည်။

လုယွီက အပြစ်ပေးခန်းမအတွင်းတွင် နှစ်ပေါင်းများစွာကြာသည်အထိ နတ်ဆိုးများကို ထိန်းချုပ်ထားခဲ့သည်။ အပြစ်ဒဏ်ခန်းမကို ဖျက်ဆီးရန်ရှန်းလင်းလုံပင် မလုပ်ဆောင်ခဲ့ချေ။

ဝုန်း

သို့သော်ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အပြစ်ဒဏ်ခန်းမတစ်ခုလုံးက ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ရုတ်တရက် အထက်သို့ ထိုးထွက်လာသော ကြီးမားသည့်လက်ကြီးတစ်ဖက်က လုယွီထံသို့နီးကပ်လာပြီး လုယွီကိုရိုက်ချရန် ကြံစည်လာသည်။ လုယွီ၏ခန္ဓာကိုယ်က ရွေ့လျားသွားပြီး ကောင်းကင်သို့ခုန်တက်လိုက်ကာ ထိုလက်ကို ရှောင်ရှားလိုက်သည်။ ထိုသို့ခုန်တက်လိုက်ပြီးသည်နှင့် လုယွီက ချက်ချင်းလိုလို အောက်သို့ပြန်ခုန်ချလိုက်၏။

သူ၏အရှေ့တွင်ကြီးမားသော ပုံရိပ်ကြီးကပေါ်လာသည်။ ထိုပုံရိပ်ကြီးက ကောင်းကင်ကိုပင် ဖုန်းလွှမ်းနေကာ နေကိုပင်ကွယ်ထားသည်။ ထိုပုံရိပ်ကြီးက ဒေါသကြီးကြီးဖြစ်နေလေပြီး ကြီးမားသောအစွယ်ကြီးများကို ဖြဲကာ လုယွီကို ခက်ထန်စွာ ကြည့်နေလေသည်။

ထို့နောက် သူ၏လက်ရှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်မှာ သစ်ပင်ကြီးတစ်ပင်နှင့်ပင် တူနေသေးလေသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ချိန်တိုင်း ပတ်ဝန်းကျင်တစ်ခုလုံးက တုန်ခါလာရသည်။

“ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ဒီနေရာမှာ ရှိနေသေးတယ်”

တိရှားဘိုးဘေးက ထိုသို့အော်လိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ ရှေးဟောင်းနတ်ဆိုးများက ပုံမှန်အားဖြင့် သူတို့၏ခန္ဓာကိုယ်အစစ်အမှန်ကို ဖော်ထုတ်ပြသလေ့မရှိကြချေ။

လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက စွမ်းအားကြီးမားသော ဧကရာဇ်တစ်ပါးက ရှေးဟောင်းနတ်ဆိုးများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ရှေးဟောင်းနတ်ဆိုးများ၏ အသတ်ခံခဲ့ရသူများက နှစ်ရာပေါင်းများစွာကြာလျှင် ပြန်လည်မွေးဖွားလာမည်ဖြစ်ကြသည်။ သို့သော် ရှေးဟောင်းနတ်ဆိုးများကမူ နှစ်ရာပေါင်းများစွာကြာသည်အထိ တစ်ဖန် ရှင်သန်နေဦးမည်ဖြစ်ပြီး သူတို့ကသေဆုံးသွားလျှင်ပင် သူတို့၏အစစ်အမှန်ခန္ဓာကိုယ်ကို အမြဲလိုလိုဖုံးကွယ်ထားလေ့ရှိသည့်အတွက် စိတ်ဝိဥာဥ်ကိုသာ ဝါးမြိုခံရခြင်းမရှိလျင် ထိုခန္ဓာကိုယ်တွင် ပြန်လည် ရှင်သန်နိုင်ကြလေသည်။

ရုတ်တရက်လုယွီက လေထဲသို့ခုန်တက်လိုက်သည်။ သူ၏ခြေထောက်က ကောင်းကင်ကိုဆောင့်နင်းလိုက်ပြီးသည်နှင့် သူ၏လက်ချောင်းများမှ စိတ်ဝိဉာဉ်စွမ်းအင်များ ထွက်ပေါ်လာတော့သည်။

ပြင်းထန်သည့်ဆေဘာချီတစ်မျိုးက ထိုးထွက်လာချိန်တွင် ချက်ချင်းလိုလို ကျန်းဆယ်ချီ မြင့်တက်သွားကာ ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးကာတော့မတတ် ကြီးထွားလာတော့သည်။

ထိုအချိန်တွင် လုယွီ၏အနားတွင် သင်္ကေတအခုသုံးဆယ်ကျော် ထွက်ပေါ်လာပြီး သူ၏အရှိန်အဝါကလည်း အလွန်ပြင်းထန်ကာ မြင့်တက်လာလေသည်။

အပိုင်း ၁၂၃၃

ဝုန်း

ကြီးမားသောဓားချီကြီးက ကောင်းကင်ကို ဟက်တက်ခွဲရန်ကြိုးစားလေသည်။ တိရှားဘိုးဘေး၏အစစ်အမှန် ခန္ဓာကိုယ်ကပင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရလေသည်။ သို့သော် နောက်ဆုတ်လိုက်ရုံမျှသာလျှင်ဖြစ်သည်။

“ဟား ဟား ဒီလောက်ပဲလား နင်ကအားနည်းပါသေးတယ်”

တိရှားဘိုးဘေးက ကျယ်လောင်စွာ အော်ရယ်နေသည်။

“ဟုတ်လား”

လုယွီကဖျော့တော့စွာပြုံးပြီး တိရှားဘိုးဘေး၏ကျောပြင်ထံသို့ လက်ညိုးညွှန်လိုက်သည်။

“ဒါဆိုရင် မင်းသူနဲ့အရင်စမ်းသပ်လိုက်ပါဦး”

တိရှားဘိုးဘေးက အံ့သြသွားပြီး ချက်ချင်းလိုလိုလှည့်ကြည့်လိုက်ချိန်တွင် အနောက်ဘက်မှ ပြင်းထန်သောအရှိန်အဝါများက သူ့ထံချင်းနင်းဝင်ရောက်လာကြောင်းကို ခံစားလိုက်ရလေသည်။

သူမ၏ကိုယ်ပိုင်စိတ်ဝိဉာဉ်ကပင် လှုပ်ခါသွားသလိုခံစားလိုက်ရသည်။ သူမ၏အစစ်အမှန်ခန္ဓာကိုယ်က အလွန်ထွားကျိုင်းနေသည်မှာ နဂိုမျိုးရိုးကြောင့်ဖြစ်နေသည်။

သို့သော်သူ၏အနောက်တွင်လည်း အလွန်ထူးခြားသော ပုံရိပ်ဖြူတစ်ခုက ထွက်ပေါ်နေပြီဖြစ်သည်။ ထို့နောက် လက်သီးတစ်လုံးက သူမထံ တိုးဝင်လာတော့၏။

ဝုန်း

ပေါက်ကွဲသံနှင့်အတူ တိရှားဘိုးဘေးက လွင့်ထွက်သွားသည်။ တိရှားဘိုးဘေး၏အစစ်အမှန်ခန္ဓာကိုယ်ကပင် လှုပ်ခါသွားကာ တစ်နေရာသို့လွင့်ထွက်သွားတော့သည်။

ကြီးမားသောကိုယ်ကြီးက ပြုတ်ကျသွားချိန်တွင်မြေပြင်ကပင် တုန်ခါသွားရသည်။

“နင်က ဘယ်သူလဲ”

တိရှားဘိုးဘေးက အော်ဟစ်လိုက်သည်။ သူမ၏အကြည့်က အရှေ့ရှိပုံရိပ်ထံသို့ရောက်သွားချိန်တွင် ထိုလူ၏မျက်နှာကိုမြင်လိုက်ရပြီး အော်ဟစ်လိုက်မိတော့သည်။

“နင် မသေသေးဘူးလား”

တိရှားဘိုးဘေးက တအံ့တသြအော်လိုက်သည်။

သူမရှေ့ရှိလူကိုမြင်ပြီး သူမက အလွန်ထိတ်လန့်သွားလေသည်။

တယွီမင်းဆက်မှ မရေမတွက်နိုင်သော သတ္တဝါသန်းရာကျော်ကို အုပ်ချုပ်သည့် ဧကရာဇ်ကို သူမက မြင်လိုက်ရခြင်းဖြစ်သည်။ သို့ရာတွင် ဒဏ္ဍာရီထဲတွင်ဆိုလျှင် သူက တာအိုအရှင်သခင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သင့်သည်မှာကြာလှချေပြီ။

တာအိုသခင် အသက်ရှင်လျက်ရှိနေကတည်းက သူက သေဆုံးသွားခဲ့သင့်သည်။

ရုတ်တရက် တိရှားဘိုးဘေးက ကြောက်မက်ဖွယ်ကောင်းသောအခြေအနေတစ်ခုကို သတိထားလိုက်မိလေသည်။ သူမက လုယွီကိုလက်ညိုးထိုးပြီး တုန်ယင်သောလေသံဖြင့်ပြောလိုက်သည်။

“နင်သူ့ရဲ့ကိုယ်ခန္ဓာကို ယူသွားခဲ့တာမဟုတ်လား”

“အခုမှသိလဲ နောက်ကျသွားပြီ”

လုယွီက အေးစက်စွာပြောလိုက်သည်။

ထိုသို့ဆိုလျှင် လုယွီက မည်သည့်အတွက်ကြောင့်ထိုသို့စွမ်းအားကြီးနေကြောင်း သက်သေပြပြီးသားဖြစ်သည်။

ထိုပုံရိပ်မှမျက်ဝန်းများက လုယွီ၏မျက်ဝန်းများနှင့် တူနေလေသည်။

ရေခဲနယ်မြေ၏အလယ်ဗဟိုနှင့် သန်းပေါင်းများစွာဝေးကွာသောနေရာတွင်ရှိနေသည့် တယွီဧကရာဇ်၏ ကိုခန္ဓာက သည်နေရာသို့ ရောက်ရှိလာနိုင်ခဲ့သည်။

တိရှားဘိုးဘေးကလည်း လုယွီ၏ ဝှက်ဖဲက တယွီဧကရာဇ်ဖြစ်နေမည်ဟု မထင်ထားမိပေ။

ဓားချီကြီးကိုကိုင်ဆွဲထားသည့် ထိုဧကရာဇ်က တိရှားဘိုးဘေးကို ထပ်ခါတလဲလဲတိုက်ခိုက်ရာ သူမကပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲနေရပြီး ဖိအားများက ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။ သူမ၏ မြူနက်ထဲမှ သွေးများပင် စီးကျလာလေသည်။ တိရှားဘိုးဘေး၏အရှိန်အဝါကလည်း ဆက်တိုက် ကျဆင်းလာတော့သည်။

“ ငါ နင့်ကို သတ်မယ် ငါ နင့်ကို သတ်မယ်”

တိရှားဘိုးဘေးက နတ်ဆိုးရူးတစ်ကောင်ကဲ့သို့ ဆက်တိုက်အော်ဟစ်နေလေသည်။

ဂူ၏ထောင့်တိုင်းမှ ငရဲမှတွားသွားတက်လာခဲ့သော အကောင်များ၏ညည်းသံများက ဆက်တိုက်ထွက်ပေါ်လာသည်။ တိရှားဘိုးဘေးကို မြူထုက သိပ်သည်းစွာဝိုင်းရံလာပြီးနောက်တွင် သွေးမြူထုက လုယွီထံ ဖြည်းညင်းစွာဖြင့် ချီးကပ်လာတော့သည်။

“ဒီကောင့်ကိုသတ်ကြ”

တိရှားဘိုးဘေးက ထိုသို့ကျယ်လောင်စွာအော်ဟစ်လိုက်ကာ လုယွီကိုလက်ညိုးထိုးလိုက်သည်။ သူမက ကောင်းကင်ဧကရာဇ်ကို တဖက်က အချိန်ဆွဲထားချိန်တွင် ထွက်ပြေးနိုင်မည်ဖြစ်သည်။

ကောင်းကင်တွင် အလင်းရောင် ဖြတ်ခနဲလက်ပြီးသည်နှင့် အဆုံးမသတ်နိုင်ဟုထင်ရလောက်သော မရေမတွက်နိုင်သည့် ရှေးဟောင်းနတ်ဆိုးပေါင်းများစွာထွက်ပေါ်လာသည်။ သူတို့အားလုံး၏အရေအတွက်က ထောင်ကျော်နိုင်သည်။ ထိုမျှတောင်ပုံရာပုံဖြစ်နေသည့်အတွက် လုယွီကိုသတ်နိုင်မည်ဟု သူမက ယူဆသည်။

လုယွီက ထိုမျှများပြားသည့် နတ်ဆိုးများနှင့်ရင်ဆိုင်ရချိန်တွင် သိုလှောင်အိတ်ထဲမှ ဝါးလိပ်တစ်လိတ်ကိုထုတ်လိုက်သည်။ ထိုဝါးလိပ်ကိုဖြည်လိုက်သည်နှင့်ဖြူဖျော့သောအလင်းတန်းက ထွက်ပေါ်လာပြီး တောက်ပသည့်အလင်းတန်းက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

“ဒါက”

တိရှားဘိုးဘေး၏မျက်နှာက ပျက်ယွင်းသွားသည်။ သူမက လုယွီကို လက်ညိုးထိုးပြီးအော်သည်။

“ဂရုမစိုက်နဲ့ အားလုံး ဒီကောင့်ကို ပေါင်းပြီးသတ်ကြ”

မရေမတွက်နိုင်သောနတ်ဆိုးများအားလုံးက လုယွီထံ ခုန်တိုးဝင်သွားကြသည်။ သို့သော်ထိုအချိန်တွင် ဝါးလိပ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများက ပို၍တောက်ပစွာဖြင့်ထွက်ပေါ်လာသည်။ ရှေးဟောင်းနတ်ဆိုးပေါင်းများစွာက ထိုအလင်းတန်းများ၏ ဖုံးလွှမ်းခံရပြီးသည်နှင့် ငယ်သံပါအောင် အော်ဟစ်ကြရတော့သည်။

တိရှားဘိုးဘေးက နောက်ဆုံးတွင် လုယွီကိုင်ထားသည့်အရာကိုရှင်းလင်းစွာမြင်လိုက်ရသည်။ သူမက အလန့်တကြားအော်ဟစ်လိုက်တော့သည်။

“ဘယ်လိုဖြစ်ပြီး နင့်မှာဒီတံဆိပ်ပြားရှိနေတာလဲ”

တိရှားဘိုးဘေးက အသားကုန်အော်ဟစ်လိုက်သည်။

အပိုင်း ၁၂၃၄

ထိုနယ်မြေတစ်ခုလုံးကို ပြင်းထန်သော အရှိန်အဝါအပြည့်ပါလာသည့် အဖြူရောင်အလင်းတန်းက လွှမ်းခြုံထားသည်။ မူလက ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းနတ်ဆိုးများအားလုံးက ထိုအဖြူရောင်အလင်းဖြင့် ဖယ်ရှားခြင်းကိုခံရပြီး အော်ဟစ်ငိုယိုသံများက ထွက်ပေါ်လာတော့သည်။ မူလက မြူနက်များဖုံးအုပ်နေသော ကောင်းကင်က ယခုအခါ တောက်ပသော တော်ဝင်အလင်းတန်းများဖြင့် လွှမ်းခြုံခံရပြီဖြစ်သည်။

ဝါးစာလိပ်ပြားမှထွက်ပေါ်လာသော အရိပ်ကြီးက ရှေးဟောင်းနတ်ဆိုးများကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

ထိုသို့အော်ဟစ်သံထွက်ပေါ်လာသည်နှင့် ပို၍တောက်ပသောအလင်းတန်းများကသာ ထွက်ပေါ်လာတော့သည်။

“သောက်ကျိုးနည်း တာအိုစွမ်းအားတွေကို သုံးနေပြန်ပြီ။ ငါက ဒီကောင်တွေကို အရင်ဆုံး သတ်ပစ်ခဲ့သင့်တာ”

တော်ဝင်ဘိုးဘေးက ပြင်းထန်သောအော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။

ရှေးဟောင်းနတ်ဆိုးများအားလုံးကို သူမက ဖန်တီးထားခြင်းဖြစ်သည်။ ထိုနတ်ဆိုးများအသတ်ခံရခြင်းက သူမကိုလည်း ဆိုးရွားစွာ ထိခိုက်ပျက်ဆီးစေလေသည်။

အခြားတစ်ဖက်တွင် တိရှားဘိုးဘေးက ဆင့်ခေါ်ခြင်းဧကရာဇ်၏လက်အောက်မှဖြစ်ကာ သူမ၏အာဏာကလည်း ပြင်းထန်စွာဆုတ်ယုတ်လာလေသည်။

“နင်က တယွီဧကရာဇ်ကိုဆင့်ခေါ်ထားနိုင်ရင် ငါကလည်း ခေါ်ထားနိုင်တယ်”

အနီရောင်ဝတ်စုံနှင့် တိရှားနတ်ဆိုးဘိုးဘေး၏ပုံရိပ်အဖြစ် ပြန်ပြောင်းသွားပြီးနောက် ထိုပုံရိပ်က အလွန်ကြီးမားသထက်ကြီးမားလာသည်။ ထိုအနီရောင်ပုံရိပ်ကြီးက ထျန်းချန်းဧကရာဇ်၏မျက်ဝန်းများကို အသက်သွင်းလိုက်သည်။

ထိုအချိန်တွင် တယွီဧကရာဇ်က ခံစားချက်မဲ့သွားသည်။

သေဆုံးပြီးသော ဧကရာဇ်၏ စိတ်ဝိဉာဉ်တစ်ပိုင်းတစ်စက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သေးလေရာ သူက အလွန်စွမ်းအားကြီးမားသော ဧကရာဇ်နှစ်ပါး၏တိုက်ခိုက်မှုကို ခံနေရသကဲ့သို့ဖြစ်လာသည်။

အခြားတစ်ဖက်တွင် လုယွီက တာအိုဘုန်းတော်ကြီးအဆင့် နတ်ဘုရားတစ်ပါးဖြစ်ခဲ့လေပြီး အခြားတစ်ဖက်ကမူ နတ်ဆိုးအဆင့် တိရှားဘိုးဘေးဖြစ်နေလေသည်။

“ဒါပေမဲ့ မင်းအတွက်အချိန်ရမှာမဟုတ်ဘူး”

“ငါကရှေးခေတ်ကတည်းက မွေးဖွားလာခဲ့တာ ဖြစ်နိုင်မယ်ဆိုရင် ငါကကောင်းကင်ဧကရာဇ်ရဲ့အလောင်းကိုတောင် ထိန်းချုပ်ခွင့် ရခဲ့သင့်သေးတာ”

တိရှားဘိုးဘေးက ထိုသို့အော်ဟစ်လိုက်ပြီးသည်နှင့် ရှေ့သို့ထိုးတက်လာခဲ့သည်။ ထိုအချိန်တွင် လုယွီကလည်း တယွီဧကရာဇ်၏ခန္ဓာကိုယ်ကို အပြည့်အဝထိန်းချုပ်လိုက်တော့သည်။ လုယွီ၏နှလုံးသားအောက်ခြေမှ အေးစက်မှုကိုခံစားနေရသည်။

ရှေးဟောင်းနတ်ဆိုးများက ခန္ဓာကိုယ်တစ်ခုကို ဝင်ဆီးလိုက်သည်နှင့် သူတို့၏စွမ်းအားက တစ်ဖန်ထိုးတက်သွားဦးမည်ဖြစ်သည်။ ထို့အပြင် တယွီဧကရာဇ်၏ ခန္ဓာကိုယ်ဆိုလျှင် ပို၍ဆိုးပေလိမ့်မည်။

လုယွီဆိုလျှင် သူ၏စိတ်စွမ်းအားက အလွန်သန်မာနေသည့်တိုင်အောင် ခြေတစ်လှမ်းနှေးကွေးနေသေးလေသည်။

“ဟား ဟား ဟား နင်အခုဘာလုပ်နိုင်သေးလဲ ဒါပေမဲ့ ငါ့ကို ဒီခန္ဓာကိုယ်ကောင်းတစ်ခုလာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

တိရှားဘိုးဘေးက ကျယ်လောင်စွာအော်ရယ်သည်။

သူမကသာ ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်ကို အပိုင်စီးယူနိုင်မည်ဆိုလျှင် လက်ရှိအစွမ်းထက်ဆုံးတစ်ယောက်ကတောင် သူမကိုမယှဉ်နိုင်လောက်တော့ချေ။

ချက်ချင်းဆိုသလို ဧကရာဇ်၏ခန္ဓာကိုယ်က တိရှားဘိုးဘေး၏ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျားရောက်ရှိသွားခဲ့သည်။ သူမက ချက်ချင်းလိုလို အပြည့်အဝပေါင်းစပ်ရန်ပြင်ဆင်လိုက်ချိန်တွင် တအံ့တသြရေရွတ်လိုက်သည်။

“ဘယ်လောက်တောင် ခံစားလို့ကောင်းလိုက်သလဲ”

သူမက မြောက်များလှစွာသော အင်အားကြီးသူများကို အနိုင်ရရှိခဲ့ပြီးသည့်တိုင်အောင် ယခုကဲ့သို့ အင်အားကြီးမားသော ခန္ဓာကိုယ်တစ်ခုကို မပိုင်ဆိုင်ခဲ့ဖူးချေ။ ယခုကဲ့သို့လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သောခန္ဓာကိုယ်အပြင် တာအိုဧကရာဇ်ပေါင်းများစွာ၏အထက်တွင် ရှိနေကတည်းက အသန်မာဆုံးတစ်ယောက်ဖြစ်နေခဲ့ပြီးသားဖြစ်သည်။

ထိုအချိန်တွင် တိရှားဘိုးဘေးက အနိုင်ရသူဖြစ်သွားသည်။ သူမက လုယွီကို ခက်ထန်စွာကြည့်လိုက်သည်။

“နင်တော့ အဆုံးသတ်သွားပြီ”

သူမက လုယွီ၏စိတ်စွမ်းအားများအားလုံးကို ဖယ်ရှားလိုက်ကာ လက်သီးဖြင့်ထိုးလိုက်သည်။ ထိုလက်သီးက အလွန်ပြင်းထန်ကာ လုယွီကိုယ်တိုင်ပင် မင်သက်အံ့သြသွားရပြီး အလျှင်စလို ရှောင်ရှားလိုက်ရသည်။

လုယွီက လျှင်မြန်စွာရှောင်ရှားလိုက်သောကြောင့် လက်သီးဖြင့် တည့်တိုးအတိုက်ခိုက်မခံရသော်လည်း လက်သီးမှထွက်လာသည့် အားများ၏သက်ရောက်မှုကို ခံလိုက်ရသည်။

လုယွီကလွင့်ထွက်သွားပြီး သွေးအပြည့် အန်ထုတ်လိုက်ရသည်။ နဂိုမူရင်းခန္ဓာကိုယ်နှင့်တင် ထိုလက်သီးအားအပြည့်ကို လုယွီက ခံနိုင်ရုံမျှသာရှိနေသည့်တိုင်အောင် ယခုကဲ့သို့ခန္ဓာကိုယ်မျိုးဆိုလျှင် ပို၍ဆိုးရွားလေသည်။ ထို့အပြင် ထိုခန္ဓာကိုယ်ကြီးက ဧကရာဇ်များကိုပင် လှုပ်ခါနိုင်စွမ်းရှိနိုင်လောက်အောင် ပြင်းထန်သည့်စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။

သူ၏အထွတ်အထိပ်အခြေအနေတွင်ပင် သူက ရင်မဆိုင်ရဲခဲ့ချေ။ လက်ရှိအခြေအနေတွင် ဧကရာဇ်တစ်ပါးသာလျှင် ထိုအလောင်းကို ထိန်းချုပ်ထားတော့လေသည်။ တိရှားဘိုးဘေးက ထိန်းချုပ်ပြီးခါစဖြစ်သည့်တိုင်အောင် ထိုထိန်းချုပ်ပြီးခါစ စွမ်းအားကိုပင် လုယွီက မခံနိုင်ခဲ့ချေ။

အပိုင်း ၁၂၃၅

“စိတ်အေးအေးထားစမ်းပါ။ ငါကနင့်ရဲ့ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်းသုံးပေးမှာပါ”

တိရှားဘိုးဘေးက ရက်စက်စွာပြုံးလျက် တစ်လှမ်းခြင်းတိုးလာသည်။

“မင်း စမ်းကြည့်နိုင်တယ် သူကသူ့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးမယ်ဆိုရင်တောင်မှ မင်းသေချာပေါက် သေသွားရလိမ့်မယ်”

လုယွီက ဓားကျိုးတစ်ခုကို ထုတ်လိုက်သည်။ ထိုဓားကျိုးမှ အနက်ရောင်အေးစက်သော ဓားအလင်းတန်းများကို လွှတ်ထုတ်လိုက်လေသည်။ သူကဒီအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထိုအချိန်တွင် တိရှားဘိုးဘေးက တစ်လှမ်းချင်းလှမ်းနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ တိရှားဘိုးဘေးက တုန်ယင်ခြောက်ခြားဖွယ်ကောင်းသော အသံတစ်ခုကိုကြားလိုက်ရပြီး သူမ၏တစ်ကိုယ်လုံးက လှုပ်ခါသွားတော့သည်။

အကြောင်းမူကား သူမထိန်းချုပ်ထားသောကိုယ်က ဆက်တိုက်တုန်ခါလာခြင်းဖြစ်ပြီး အရေပြားများမှ အနက်ရောင်မြူထုများက စိမ့်ထွက်လာခြင်းဖြစ်သည်။

“မဖြစ်နိုင်ဘူး ငါဒီခန္ဓာကိုယ်ကို အပိုင်စီးထားပြီးသား ဘာလို့ထိန်းချုပ်လို့မရတာလဲ”

တိရှားဘိုးဘေးက အလွန်ဒေါသထွက်လာသည်။ သူမ၏လက်ရှိအနေအထားမျိုးဖြင့် ဒီလိုအခြေအနေမျိုးကို လက်မခံနိုင်ချေ။

ထိုအချိန်တွင် သူမထိန်းချုပ်ထားသော ဧကရာဇ်အလောင်း၏နှလုံးသားထဲမှ ရှေးဟောင်းအရှိန်အဝါများက ထွက်ပေါ်လာသည်။

ကောင်းကင်ဧကရာဇ်၏အလောင်း၏ရင်ဘက်နေရာမှ ရှုပ်ထွေးကာခက်ခဲသောစကားသံများက ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လုယွီ၏အရေပြားမျက်နှာပြင်ပေါ်မှလည်း ရှေးဟောင်းချိတ်စည်းသင်္ကေတများက ထွက်ပေါ်လာတော့သည်။

“ရှေးဟောင်းသိုင်းဟုတ်လား ထိုက်ချန်က ဘယ်လိုသိုင်းကိုကျင့်ထားတာလဲ”

လုယွီက အံ့သြသွားသည်။

အဝေးမှကြည့်လျင် တိရှားဘိုးဘေး၏ စိတ်ဝိဉာဉ်က ထိုကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်း ဖမ်းချုပ်ခံလိုက်ရခြင်းကို မြင်ရလေသည်။

“ရှေးခေတ်ကောင်းကင်ဘုံရဲ့ သိုင်းကျမ်းပဲ မဖြစ်နိုင်ဘူး တယွီဧကရာဇ် နင်က သေသွားပြီးပြီ။ နင်က နင့်ရဲ့ခန္ဓာကိုယ်ကို ငါ့ကိုအပိုင်စီးခွင့် ပေးလိုက်တာကောင်းမယ်”

တိရှားဘိုးဘေးက အော်လိုက်သည်။ သို့ရာတွင် သူမက မည်မျှပင်အော်ဟစ်စေကာမူ ထိုဧကရာဇ်အလောင်းက သူမကို မတုန့်ပြန်တော့ချေ။

တစ်ချိန်ထဲတွင်ပင် လုယွီကလည်း သူကထိုက်ချန်ဧကရာဇ်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအားရှိကြောင်းကို ခံစားလိုက်ရသည်။

မျက်တောင်တခတ်အချိန်အတွင်းတွင် လုယွီက ဧကရာဇ်၏ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ထိန်းချုပ်လိုက်နိုင်သည်။

“မမျှတဘူး နင် သူ့ကို ယူသွားလို့မရဘူး”

တိရှားဘိုးဘေးက ရုတ်တရက် သွေးဖြူများကို လွှတ်ထုတ်လိုက်ကာ ဧကရာဇ်၏မျက်ခုံးကြားအတွင်းသို့ တိုးဝင်ရန်ကြံစည်သည်။

စိတ်ဝိဉာဉ်နေရာတွင် ရှိနေခဲ့သော ရှေးဟောင်းချိတ်စည်းတံဆိပ်က ပြင်းထန်သောအရှိန်အဝါများစွာကို လွှတ်ထုတ်နေသေးလေရာ သူမအနေဖြင့် တတ်နိုင်စွမ်းအားမဲ့ရလေသည်။

“ဟမ့် ဒီလိုဆိုရင် ငါတို့နောက်မှထပ်တွေ့တာပေါ့”

တိရှားဘိုးဘေးက ချက်ချင်းလိုလိုပြောပြီးသည်နှင့် အဝေးသို့ထွက်ပြေးသည်။ လုယွီက အေးစက်စွာကြည့်လိုက်သည်။

“ငါက ထွက်သွားခွင့်ပြုလား”

ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်က သူမ၏စိတ်ဝိဉာဉ်ကို ထိန်းချုပ်ထားနေသေးသည့်အပြင် လုယွီကလည်း နောက်မှဆက်တိုက်လိုက်ဖမ်းနေသောကြောင့် တိရှားဘိုးဘေးအနေဖြင့် တတ်နိုင်စွမ်းအားမဲ့ရသည်။

“နင် မလွန်လာနဲ့”

တိရှားဘိုးဘေးက အော်သည်။ သူမက အကျီလက်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြန်ကာ ထွက်ပြေးရန်ကြိုးစားပြန်သည်။

ထိုအချိန်တွင် လုယွီကို သွေးလွှမ်းနေသောအနက်ရောင်အရိပ်ကြီးက တိုက်ခိုက်လာသည်။ လုယွီက မြင်လိုက်သော်လည်း အလျှင်မလိုပေ။ သူက သိုလှောင်အိတ်ထဲမှ စာလိတ်တစ်လိပ်ကို ထုတ်လိုက်ပြန်သည်။ ထိုစာလိပ်အထဲတွင် ဝမ်ရှန်းတိုက်ပွဲဝင် အမိန့်စကားလုံးများ ပါဝင်နေလေရာ ထိုစကားလုံးများက ထိုသွေးရောင်ပုံရိပ်ကို ထိပ်တိုက်တွေ့သွားသည်နှင့် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ဝါးစာလိပ်ထဲမှ အထက်တန်းဆန်သည့် စိတ်ဝိဉာဉ်စွမ်းအားများကလည်း ထိုသို့အသုံးပြုပြီးသည်နှင့် ချက်ချင်းလိုလိုပျောက်ကွယ်သွားတော့လေသည်။

“ထပ်ပြီး တာအိုစွမ်းအားကို သုံးပြန်ပြီ”

တိရှားဘိုးဘေးက အလွန်ဒေါသထွက်နေသည်။

သူမ၏လက်ရှိခွန်အားက သံသယဝင်ရန်မလိုလောက်အောင် လုယွီထက် သန်မာနေပြီးသားဖြစ်သည်။ သို့သော် လုယွီက ပစ္စည်းတစ်ခုပြီးတစ်ခုကို ထုတ်နေခဲ့ကာ သူမ၏စွမ်းအားကို ကန့်သတ်နေခဲ့သည်။ ထို့အပြင် သူမဝင်ပူးထားသောခန္ဓာကိုယ်ကလည်း သူမ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပြန်ချေ။

“မလှုပ်နဲ့”

လုယွီက အနက်ရောင်နဂါးလက်သည်းများကို ထုတ်ဖော်ကာ တိရှားဘိုးဘေးကို ဖမ်းဆွဲလိုက်သည်။

ထိုအခြေအနေကိုမြင်သောအခါ တိရှားဘိုးဘေးကလည်း အခြေအနေကို နားလည်လိုက်သည်။ သူမက တစ်ဖန်သွေးမြူများအဖြစ်ပြောင်းကာ လုယွီ၏ နဂါးလက်သည်းကိုတားဆီးပြီး အရပ်မျက်နှာတစ်ခုသို့ ထွက်ပြေးပြန်သည်။

တစ်ခုပြီးတစ်ခု၏ ဖိနှိပ်ခံရပြီး တစ်ကွက်ပြီးတစ်ကွက်၏ တိုက်ခိုက်ခံနေရသည့်အခါ တိရှားဘိုးဘေးကလည်း ခါးသီးသောအားနည်းမှုကို ခံစားလာရတော့သည်။

“ငါ ပြောထားပြီးသား မင်းဒီနေ့ထွက်သွားလို့မရဘူး”

လုယွီ၏မျက်ဝန်းတွင်လည်း ခြောက်ခြားဖွယ်ရက်စက်သည့်အလင်းတန်းများက ထွက်ပေါ်လာလေသည်။

ငရဲခန်းမထာဝရရှင်သန်ခြင်းနယ်မြေကြီးတစ်ခုလုံး အထဲတွင်ရှိနေသမျှသော ရှေးဟောင်းနတ်ဆိုးများအားလုံးက လုယွီ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ကျန်ရှိသောပမာဏအနည်းငယ်ကပင် တိရှားဘိုးဘေးကို ကူညီနိုင်စွမ်းမရှိတော့ချေ။ ထို့ကြောင့် တိရှားဘိုးဘေးက တစ်ဦးထဲရင်ဆိုင်နေရသကဲ့သို့ဖြစ်လာသည်။ ထိုအချိန်တွင်ရုတ်တရက်ကောင်းကင်တွင် ပုံရိပ်များစွာပေါ်လာသည်။

ရွှီရှန်းထျန်းက ဦးစွာပေါ်လာသူဖြစ်သည်။ သူက ကျန်းရိကျင်းနှင့်အခြားသူများကို ခေါ်လာခဲ့ကာ ခန်းမအတွင်းသို့ ရောက်လာသည်။

သူတို့က ရတနာများကို လာရောက်ရှာဖွေခြင်းဖြစ်သော်လည်း ခန်းမကအလွန်တိတ်ဆိတ်လွန်းနေခဲ့သည်။

“လာပါဦး ကျွန်မရဲ့နောက်ကလူကို တားပေးပါ”

ထိုအချိန်တွင် တိရှားဘိုးဘေးက အလွန်ပျော်သွားပြီး အော်ဟစ်ကာ အကူအညီတောင်းလိုက်သည်။

ထိုအချိန်တွင် တိရှားဘိုးဘေးက အလွန်အမင်းလှပသော အနီရောင်ဝတ်စုံနှင့် မိန်းမတစ်ယောက်၏ ပုံပန်းသွင်ပြင်အဖြစ် ပြန်ပြောင်းထားသည်။ သူမက အလွန်အမင်းရှက်ရွံ့နေသကဲ့သို့ အားကိုးတကြီး ရွီှရှန်းထျန်းတို့ကို အကူအညီတောင်းလိုက်ခြင်းဖြစ်သည်။

“မင်းက ဘယ်ဂိုဏ်းကလဲ”

ရွှီရှန်းထျန်းက မေးသည်။ သူ့အနေဖြင့် ဒီလိုအခြေအနေမျိုးကိုကြုံရခြင်းက ပထမဆုံးအကြိမ်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ တိရှားဘိုးဘေးက အလွန်လှပသောအမျိုးသမီးအဖြစ် ပြောင်းထားသည့်အပြင် သူမက ကူကယ်ရာမဲ့ကာ သနားစဖွယ်လေးဖြစ်နေသည့်အတွက် သူတို့အားလုံးက ရင်နာသွားသောခံစားချက်မျိုးကို ထုတ်ဖော်လာကြသည်။

All Chapters