အခန်း (၁၂၃၆-၁၂၄၀)
Vol. 65 Ch. 1236-1240
အပိုင်း ၁၂၃၆
ရွှီရှန်းထျန်းကိုမြင်လိုက်သည်နှင့် တိရှားဘိုးဘေး၏မျက်ဝန်းအတွင်း အနီရောင်အလင်းက လက်လာသည်။ သူမက လုယွီကို လက်ညိုးထိုးပြီး သနားစဖွယ်ပြောသည်။
“ကျွန်မက တော်ဝင်ဘိုးဘေးရဲ့သမီးတော်ပါ ကျွန်မရဲ့အနောက်ကလူက ရူးနေသလားမသိပါဘူး ကျွန်မကိုခေါ်သွားပြီး တော်ဝင်ဖခင်ကို ချိန်းခြောက်ချင်နေတယ်”
“တော်ဝင်ဖခင်ရဲ့သမီးတော်ဟုတ်လား”
ရွှီရှန်းထျန်းတို့အားလုံး၏မျက်ဝန်းက တောက်ပသွားကြသည်။ ထို့နောက် သူတို့က လုယွီကိုမြင်လိုက်ရသည်။
“ဖန်းယွန် မင်းက ငါ့ရှေ့မှာ ပေါ်လာရဲသေးတယ်လား”
ရွှီရှန်းထျန်းက ဒေါသတကြီးအော်လိုက်သည်။ သူက လုယွီကို ချက်ချင်းလိုလို တားဆီးရန်ကြိုးစားလိုက်သည်။
လုယွီကလည်း ဝမ်လော့နည်းတူ အနက်ရောင်မြူထုများ၏ ဖမ်းစားခံခဲ့ရသည်ဟု သူက ထင်ခဲ့ခြင်းဖြစ်သည်။မမျှော်လင့်ထားစွာပင် သူ့ရှေ့သို့ ရောက်လာခဲ့သေးသည်။
လုယွီကလည်း ထိုလူအုပ်ကိုမြင်သောအခါ သူက စိတ်ပျက်သွားရလေသည်။ သူ့အနေဖြင့် ထိုအကြောင်းအရာများကို တွေးချိန်မရှိသည့်အတွက် တိရှားဘိုးဘေးကိုသာ ဖမ်းဆီးရတော့မည်ဖြစ်သည်။
“ထွက်ပြေးချင်တယ်ဟုတ်လား”
လုယွီက တိရှားဘိုးဘေး၏ရှေ့သို့ချက်ချင်းလိုလို ရောက်သွားသည်။
“သူ…သူ…ထပ်လာနေပြန်ပြီ”
တိရှားဘိုးဘေးကလည်း အော်သည်။
ရွှီရှန်းထျန်းက သူ၏ရင်ဘက်ကိုပုတ်ကာ ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
“မိန်းကလေး ထွက်သွားပါ ငါက ဒီနေရာမှာ ရှိနေသမျှကာလပတ်လုံး သူက မင်းကို ဘာမှမလုပ်နိုင်စေရဘူး”
သူက သူမကိုသာကယ်နိုင်လျှင် တော်ဝင်ဖခင်က သူ့အပေါ်အမြင်ကောင်းရှိသွားပေလိမ့်မည်။ ထိုနည်းအားဖြင့် သူကတော်ဝင်သားတော်တစ်ပါးဖြစ်လာနိုင်သေးလေသည်။
တိရှားဘိုးဘေးကလည်း ရွှီရှန်းထျန်း၏အမူအရာကိုမြင်လိုက်သည်နှင့် အခြေအနေကို သိလိုက်သည်။ သူမက ချက်ချင်းလိုလို ထွက်ပြေးသွားလေသည်။
လုယွီက သူမ၏နောက်သို့ မျက်ဝန်းများအေးစက်လျက် ချက်ချင်းလိုလို ပြေးလိုက်သည်။
“ဖန်းယွန် တော်လောက်ပြီ။ ငါတို့က အရင်က တစ်ဂိုဏ်းထဲက ဖြစ်ခဲ့လို့ငါက အကြံပေးမယ်။ ရူးကြောင်ကြောင်တွေမလုပ်နဲ့”
ရွှီရှန်းထျန်းက ကောင်းကင်သို့ခြေလှမ်းတက်ပြီးသည်နှင့် လုယွီကို တိုက်ခိုက်ရန်ကြံစည်လိုက်လေသည်။
သူ၏အနောက်တွင်ရှိသော ကျန်းရိကျင်းတို့အားလုံးကလည်း အလျင်စလို ကူညီလာကြသည်။
“အသုံးမကျတဲ့ကောင်က အသုံးမကျတာပဲ နင်က ဘာတွေများ ကြောင်တောင်တောင်ဟန်ဆောင်နေတာလဲ။ နင့်လိုကောင်မျိုးက တော်ဝင်ဖခင်ရဲ့သမီးတော်ကိုတောင် တိုက်ခိုက်ရဲတယ်။ နင်က အသက် မရှင်ချင်တော့ဘူးထင်တယ်”
ကျန်းရိကျင်းက ဆူပူသည်။
လုယွီအနေဖြင့် သူတို့နှင့် အချိန် မဖြုန်းနိုင်ချေ။
“ဒီနေရာက ထွက်သွား”
လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီး လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ကာ ရွှီရှန်းထျန်းတို့အားလုံးကို လွင့်ထွက်သွားစေလိုက်သည်။
သူတို့အားလုံးက တည်ငြိမ်စွာမရပ်နိုင်သွားကြဘဲ လေထဲမှအောက်သို့ ပြုတ်ကျကုန်ကြသည်။
“သူက ဘာလို့ဒီလောက်အထိ စွမ်းအားကြီးနေတာလဲ”
အနောက်မှလူများအားလုံးကလည်း အံ့သြသွားကြလေသည်။
လုယွီကမူ တိရှားဘိုးဘေးထွက်သွားသည့်ဘက်သို့ အလျှင်စလိုပြေးလိုက်သည်။ သို့သော် ထိုအချိန်တွင် ခမ်းနားသောမှော်စွမ်းအားများက သူ့အားတားဆီးလာပြန်သည်။
ရွှီရှန်းထျန်းက ဒေါသတကြီးပြောသည်။
“ကောင်လေး မင်းက ဘာမှော်စွမ်းအားတွေ ထုတ်သုံးနေသလဲမသိပေမဲ့ မင်း ဒီနေ့ သေရမယ်ဆိုတာကတော့ သေချာတယ်”
သူ၏လက်ထဲတွင် ဘူးသီးခြောက်တစ်ခုကိုကိုင်ထားသည်။ ထိုဘူးသီးခြောက်ထဲမှ အလွန်ပြင်းထန်သည့် မီးနဂါးများကို မှုတ်ထုတ်ကာ တစ်ကိုယ်လုံးကိုမီးတောက်များဖြင့် ဖုံးလွှမ်းသွားစေလိုက်သည်။ ထိုအချိန်တွင် အလွန်ပြင်းထန်သည့်အရှိန်အဝါက လေထဲတွင်ပြည့်နှက်သွားသည်။
“ဒီမှော်လက်နက်က ငါ့ဆရာကိုယ်တိုင် ငါ့ကို ချီးမြင့်ထားတာ မင်းကတော့ ဒီနေ့ သေရမယ်”
ရွှီရှန်းထျန်းက အလွန်ခက်ထန်စွာဖြင့် လက်ကိုမြောက်ကာ လုယွီထံညွှန်လိုက်သည်။ ထိုအခါ မီးနဂါးအရှိန်အဝါများက လုယွီထံ တိုးဝင်လာတော့သည်။
ထိုစွမ်းအင်များက လုယွီကိုဖမ်းချုပ်ထားသည်။ သူက မည်သို့ပင်ရှောင်ရှားစေကာမူ မျက်နှာချင်းဆိုင်ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထိုသို့ဖြင့်မီးတောက်များအားလုံးက လုယွီ၏ ကိုယ်ပေါ်ကျရောက်သွားခဲ့လေပြီး သူ၏တစ်ကိုယ်လုံးက မီးတောက်များဖြင့် စွဲလောင်သွားတော့သည်။
အပိုင်း ၁၂၃၇
ကောင်းကင်တစ်ဝက်ခန့်ကို ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ ထိုသို့ပြင်းထန်သော အပူမီးအောက်တွင် ရွှီရှန်းထျန်းတို့အဖွဲ့က ကူကယ်ရာမဲ့စွာဖြင့် ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်ရသေးလေသည်။
“ဒီမှော်လက်နက်ကို ငါ့ဆရာကိုယ်တိုင် သန့်စင်ထားတာ၊ ဒီကောင်လေးကတော့ သေချာပေါက် သေမှာပဲ”
ရွှီရှန်းထျန်းက အံကိုကြိတ်ထားသည်။
ကျန်းရီကျင်းက အေးစက်စွာပြောသည်။
“ဒီအမှိုက်ကောင်က ဒီလိုနဲ့ သေသွားပြီပဲ”
သူမက လုယွီကို ဖမ်းပြီး နှိပ်စက်ရန်ကြံစည်ထားခြင်းဖြစ်သည်။ ရွှီရှန်းထျန်းက ပြောလိုက်သည်။
“ဒီလိုကောင်မျိုးက ငါတို့ရဲ့ ရှည်လျားတဲ့သက်တမ်းတစ်လျှောက်က ဖြတ်လျှောက်တစ်ယောက်သာသာပါပဲ၊ ငါတို့ရဲ့ခြေထောက်မှာ နင်းခြေခံရမယ့် ကံဇာတာပါခဲ့ပြီးသား”
ထို့နောက် သူက လှည့်ကာ ဂုဏ်ယူစွာပြောသည်။
“သွားလို့ရပြီ”
ရုတ်တရက် ရွှီရှန်းထျန်းက ကျန်းရီကျင်းတို့အားလုံး၏ အမူအရာက ထူးဆန်းစွာဖြင့် သူ၏အနောက်သို့ ကြည့်နေကြောင်းမြင်လိုက်ရသည်။
“ဘာဖြစ်တာလဲ”
ရွှီရှန်းထျန်းက မျက်ခုံးပင့်လိုက်ပြီး လှည့်ကြည့်လိုက်မိသည်။ ထိုအခါ မီးတောက်များအတွင်းမှ ပုံရိပ်တစ်ခုက ဖြေးညှင်းစွာဖြင့် ခုန်ထွက်လာပြီး အဝေးသို့ ပျံသွားကြောင်း မြင်လိုက်ရသည်။ ထိုလူက လုယွီဖြစ်နေသည်။
အဆင့်လွန်မီးတောက်များက သူ၏အဝတ်ကိုပင် လောင်ကျွမ်းအောင် မလုပ်နိုင်ခဲ့ချေ။
လုယွီက ရွှီရှန်းထျန်းကို လျစ်လျူရှုထားပြီးနောက် တိရှားဘိုးဘေးထံသို့ ဆက်တိုက်ခုန်ဝင်ကာ လိုက်သွားသည်။
ထွက်သွားသော လုယွီ၏ပုံရိပ်ကိုမြင်သောအခါ ရွှီရှန်းထျန်းအားလုံးက အချင်းချင်းကြည့်လိုက်ကြသည်။ လုယွီက အဆင့်မြင့်မှော်လက်နက်၏လက်အောက်မှ ရှင်သန်ကျန်ရစ်နိုင်မည်ဟု မထင်ထားမိချေ။ ရွှီရှန်းထျန်းက အံကိုကြိတ်ကာပြောသည်။
“ဒီကောင်က နှင်းဓါးဂိုဏ်းရဲ့အရှင်ငယ်တစ်ပါးဆိုတော့ သူ့ရဲ့ကိုယ်မှာ အကာအကွယ်ရတနာတွေ ရှိနေတာဖြစ်ရမယ်၊ ဒါကြောင့် လုံခြုံသွားတာဖြစ်ရမယ်”
ထိုစကားကိုကြားသောအခါ အခြားလူများကလည်း ယုံကြည်လက်ခံသွားကြ သည်။ ထိုနည်းကြောင့်သာလျှင် သူတို့၏ကြောက်မက်ဖွယ်ကောင်းသည့် အတွေးများကို ရပ်တန့်နိုင်စွမ်းရှိပေလိမ့်မည်။
ကျန်းရီကျင်း၏မျက်နှာက ခက်ထန်သွားပြန်သည်။
“ဒီကောင်ရဲ့ကံကောင်းမှုက ပုံမှန်တော့မဟုတ်ဘူးပဲ၊ သူက ဘယ်လိုမှကို မသေနိုင်ဘူး”
ရွှီရှန်းထျန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“နောက်တစ်ကြိမ်ကျရင် ဒီကောင် ဒီလောက် ကံမကောင်းတော့ပါဘူး”
သူတို့ကလုယွီက ကံကောင်းသွားပြီး ပြင်ပအကူအညီများကြောင့် ယခုကဲ့သို့ ရှင်သန်နိုင်စွမ်းရှိသည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။ ရွှီရှန်းထျန်းက ထွက်သွားတော့မည့် အချိန်တွင် ခြံဝန်း၏နက်ရှိုင်းသောအပိုင်းမှ ဖျော့တော့သောအသံကို ကြားလိုက်ရသည်။
“ဒီနေရာကို လာပါ”
ထိုအသံကိုကြားသောအခါ ရွှီရှန်းထျန်းက အခြားလူများကို မေးလိုက်သည်။
“မင်းတို့အသံ ကြားလား”
ကျန်းရီကျင်းတို့က အံ့အားသင့်သွားကြသည်။
“ဘာအသံလဲ”
ယခင်တစ်ခေါက်က နတ်ဆိုးများ၏တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်တွင် သူတို့အားလုံးက အထိမခံသောငှက်ငယ်များကဲ့သို့ ဖြစ်နေကြလေသည်။ သူတို့ က တုံ့ဆိုင်းပြီးနောက် အသံက ထပ်ထွက်လာကြောင်းကို ကြားလိုက်ရသည်။
“ငါက တော်ဝင်ဖခင်ပါ”
“ငါက အခုပဲ မင်းကို တော်ဝင်သားတော်နေရာကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိတယ်”
“မင်းရဲ့လူတွေကိုခေါ်ပြီး ဒီနေရာကိုလာခဲ့ပါ”
ထိုအသံက အလွန်အားနည်းနေသော်လည်း မေးခွန်းထုတ်ချင်စိတ် မရှိလောက်အောင် အာဏာသံအပြည့်ပါနေသေးလေသည်။
ရွှီရှန်းထျန်းက ထိုစကားကိုကြားချိန်တွင် သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူ၏မျက်ဝန်းတွင် တောက်ပသောအလင်း ထွက်ပေါ်လာတော့သည်။
“တော်ဝင်ဖခင်က သူ့ကိုခေါ်နေတာပဲ”
“ဒါကငါက တော်ဝင်သမီးတော်ကို ကယ်တင်ခဲ့လို့ဖြစ်ရမယ်”
ရွှီရှန်းထျန်းက အလွန်ပျော်ရွှင်သွားသည်။ အခြားလူများက သူ၏အမူအရာကို မြင်သောအခါ မနာလိုဖြစ်သွားကြလေသည်။
“သွားစို့ တော်ဝင်ဖခင်က ခေါ်နေပြီ၊ မြန်မြန်သွားရမယ်”
ရွှီရှန်းထျန်းက သူ၏လူများကိုခေါ်ကာ အသံလာရာဘက်သို့ အလောတကြီးသွားသည်။
….
ကောင်းကင်တွင် …
လုယွီက တိရှားဘိုးဘေး၏အနောက်မှ ဆက်တိုက်လိုက်နေသည်။ ရုတ်တရက် တိရှားဘိုးဘေးက ထိုလျှို့ဝှက်ပိုင်နက်မှ ထွက်သွားတော့မည့်အချိန်တွင် လုယွီက ရောက်ရှိလာသည်။ လုယွီ၏မျက်ဝန်းမှ အေးစက်သောအလင်းက လက်နေသည်။
“ငါ့ရဲ့နယ်မြေထဲကနေ မင်းက ထွက်ပြေးနိုင်မယ်ထင်နေလား”
လုယွီ၏စိတ်ဝိဉာဉ်ဖြင့် ထိန်းချုပ်လိုက်မှုအောက်တွင် သည်ခန်းမတစ်ခုလုံးက ပိတ်ဆို့ခံရသည်။ ယခင်က တိရှားဘိုးဘေး ထွက်ပြေးတော့မည့် နေရာလပ်အက်ကွဲကြောင်းကလည်း ပိတ်ဆို့သွားပြီး တိရှားဘိုးဘေးက လျှို့ဝှက်နယ်မြေအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ ထွက်ပြေးနိုင်စွမ်း မရှိတော့ချေ။
“နင် အရမ်းမလွန်လာနဲ့”
တိရှားဘိုးဘေးက အသားကုန်အော်ဟစ်လိုက်သည်။ သူ၏စိတ်ဝိဉာဉ်က ဧကရာဇ်၏ကိုယ်မှ ရုန်းထွက်ကာ ကောင်းကင်သို့ ဖောက်ထွက်သွားရန် ကြံစည်သော်လည်း ကောင်းကင်က ပိတ်ဆို့နေသလိုမျိုး ကျော်ဖြတ်သွား၍ မရခဲ့ချေ။
တိရှားဘိုးဘေးက လုယွီကို အေးစက်စွာစိုက်ကြည့်သည်။
“နင်က တာအိုအရှင်သခင်မဟုတ်တော့ဘူး၊ ဒါတောင်မှ ငါ့ကို လာပြီး သတ်ဖို့ ကြိုးစားရဲသေးတာလား”
အပိုင်း ၁၂၃၈
လုယွီက အေးစက်စွာ နှာခေါင်းရှုံ့သည်။
“မင်း စမ်းကြည့်လိုက်လေ”
လုယွီ၏ပတ်ပတ်လည်တွင် သင်္ကေတကိုးခုက ထွန်းလင်းတောက်ပလာသည်။ လုယွီက သူမနှင့်အပိုစကားပြောမနေတော့ဘဲ ထိုသင်္ကေတများကို ပို၍သာ တောက်ပလာစေပြီး တိရှားဘိုးဘေးထံသို့ ပစ်လွှတ်လိုက်တော့သည်။
ထိုသင်္ကေတများက တိရှားဘိုးဘေးကို ထိတော့မည့်အချိန်တွင် ရုတ်တရက် ပြင်းထန်သော အားလှိုင်းတစ်ရပ်က ထွက်ပေါ်လာသည်။
တိရှားဘိုးဘေးကိုယ်တိုင် ဖန်ဆင်းထားသည့် အနက်ရောင်မြူထုထဲမှ ပုံရိပ်တစ်ခုက ဖြေးညှင်းစွာထွက်လာသည်။ ထိုပုံရိပ်က အလွန်ကြီးပြီး လူသားပုံသဏ္ဍာန်ရှိသည့် ကြီးမားသည့်ဝက်ဝံကြီးတစ်ကောင်နှင့်ပင် တူနေသေးလေသည်။ သူ၏ကျောတွင် သိပ်သည်းသော ချိတ်စည်းသင်္ကေတများကို ထွင်းထုထားကာ ရွှေရင့်ရောင်အလင်းရောင်များ တောက်ပနေလေသည်။
သူ၏အနောက်တွင်လည်း တောခုတ်ဓါးကြီးကို လွယ်ထားသေးသည်။ သူ၏ခြေတစ်လှမ်းချင်းစီတိုင်းက မြေပြင်ကို တသိမ့်သိမ့်တုန်ခါစေသည်။ သူက အလွန်စွမ်းအားကြီးကြောင်း သိသာနေလေသည်။
မြူနက်များဖြင့် အဝိုင်းခံထားရပြီးမှ သူက ရုတ်တရက်ခေါင်းကိုမော့ကာ လုယွီကို ကြည့်သည်။ သူတို့အချင်းချင်း မျက်နှာချင်းဆိုင်သွားချိန်တွင် လုယွီ၏ကိုယ်က တုန်ယင်သွားလေသည်။
“ဒါ ငါ ချိတ်ပိတ်ထားတဲ့နတ်ဆိုးပဲ”
လုယွီက ရေရွတ်လိုက်သည်။
ထိုကဲ့သို့အရေးကြီးဆုံးအခြေအနေတွင် နတ်ဆိုးဘုရင်အဆင့်တစ်ပါးနှင့် တွေ့ရမည်ဟု မထင်ထားမိပေ။ သူက ဖုန်းမော့၏ ဂူသင်္ချိုင်းထံသို့ သွားခဲ့ချိန်တွင် ဖုန်းမော့ကိုယ်တိုင်က သေဆုံးသွားသူကို ပြန်နိုးထအောင် မည်သို့သောလျှို့ဝှက်နည်းလမ်းကို အသုံးပြုရမည်ဖြစ်ကြောင်း ပြောပြခဲ့သေးသည်။
သူ့ရှေ့တွင်ရပ်နေသော ထိုနတ်ဆိုးကမူ အလွန်ပြီးပြည့်စုံသောအခြေအနေတွင် နိုးထလာခဲ့ဟန်ရသည်။
“ဖုန်းမော့က သူမသေခင်မှာ သူ့ရဲ့ကိုယ်ကို ကိုယ်ပွားများစွာခွဲပြီး အဆင့်နိမ့်လောကရဲ့ ထောင့်တိုင်း ထောင့်တိုင်းမှာ မြှုပ်နှံထားခဲ့တယ်၊ ကံဆိုးစွာနဲ့ သူက ငါ့ရဲ့စွမ်းရည်ကို အထင်သေးခဲ့တယ်လေ”
တိရှားဘိုးဘေးက စိတ်လှုပ်ရှားစွာ အော်ရယ်သည်။
“ငါက သူ့ရဲ့နောက်လိုက်တွေကို ဖယ်ရှားဖို့ လူတစ်ယောက်ကို စေလွှတ်ခဲ့တယ်၊ နောက်တော့ သူ့ရဲ့အလောင်းကို တူးထုတ်ပြီး အားလုံးကို ပေါင်းစည်းခဲ့တယ်”
“အခု နင့်ရဲ့မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ရတာ ဘယ်လိုခံစားရလဲ”
တိရှားဘိုးဘေးက ကျယ်လောင်စွာအော်ရယ်ပြီး လုယွီ၏ပျက်ယွင်းနေသော မျက်နှာကို ခက်ထန်စွာကြည့်သည်။
လုယွီ၏အရှေ့တွင် ရောက်နေသောလူက တစ်ချိန်က လုယွီနှင့် အလွန်ရင်းနှီးခဲ့သူဖြစ်သည်။ ထိုသူကလုယွီ၏ အနားသို့ တစ်လှမ်းချင်းတိုးလာသည်။ ဖုန်းမော့၏ မျက်နှာအမူအရာက ယခင်အတိုင်း တည်ငြိမ်နေသေးသည်။
လုယွီက သူ နောက်ဆုံးချိတ်ပိတ်ခဲ့သည့် နတ်ဆိုးတစ်ကောင်နှင့် ပြန်လည်ရင်ဆိုင်ရချိန်တွင် သက်ပြင်းသာချမိတော့သည်။
“စိတ်မကောင်းပါဘူး”
တိရှားဘိုးဘေးနှင့် မျက်နှာချင်းဆိုင်ရသည့် အခွင့်အရေးက တစ်ဘဝတွင် တစ်ကြိမ်သာ ရှိနိုင်သဖြင့် သူက လက်မလျှော့နိုင်ချေ။ လက်ရှိအချိန်တွင် သူ့လမ်းပိတ်သမျှအရာအားလုံးကို ရှင်းပစ်ရတော့ပေမည်။
တိရှားဘိုးဘေးက ရယ်သည်။
“ငါ နင့်ကို ပြောဖို့မေ့နေတာ၊ သူက အလောင်းကောင်လို့ထင်ရပေမယ့် သူ့မှာနတ်ဘုရားနယ်မြေကို အက်ကွဲနိုင်စွမ်းရှိတဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားသေးတယ်၊ ဆိုတော့ နှုတ်ဆက်ပါတယ်”
သူမက ချက်ချင်းလှည့်ကာ ထွက်ပြေးသည်။
နတ်ဆိုးအလောင်းကောင်က ဘုရင် အဆင့်ရှိနေသဖြင့် သူမအတွက် အချိန်လုံလောက်စွာရပလသည်။
“အရှင် တိရှားနောက်ကို လိုက်သွားပါ၊ ကျွန်တော် သူ့ကို တားထားပေးမယ်”
လုယွီ၏ဘေးတွင်လည်း ရင်းနှီးသောပုံစံတစ်ခုက ပေါ်လာသည်။ ထိုပုံရိပ်က စုတ်ပြတ်သတ်နေသော အဝတ်အစားကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်ရှည်ကြီးကို ပိုင်ဆိုင်ထားသည်။ သူက သူတောင်းစားတစ်ယောက်သာသာသာလျှင်ဖြစ်သည်။ သို့သော် သူက လုယွီနှင့်ရင်းနှီးသော ဟန်လျန်ဖြစ်နေသည်။
အတိတ်တွင် သူက အဆင့်နိမ့်နယ်မြေတွင် နေထိုင်ခဲ့ပြီး ကောင်းကင်နောက်လိုက်နတ်ဆိုးများကို ဖိနှိမ့်ရန်တာဝန်ယူထားခဲ့သည်။ သို့သော် မည်သည့်နည်းလမ်းကိုသုံးပြီး ယခုကဲ့သို့ လျှို့ဝှက်နေရာသို့ ခိုးဝင်လာကြောင်းကို မသိထားချေ။
ဟန်လျန်က ဖုန်းမော့ကို တားဆီးထားချိန်တွင် လုယွီက တိရှားဘိုးဘေးနောက်သို့ အလျင်စလိုလိုက်သွားသည်။
ထိုအခြေအနေကိုမြင်သောအခါ တိရှားဘိုးဘေးက အသားကုန်ပြေးတော့သည်။ သို့သော် လုယွီက ထိုသို့အခွင့်အရေးကို ပေးတော့မည်မဟုတ်ချေ။
“အရမ်းနီးနေပြီ”
လုယွီက သူ၏အင်္ကျီမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်လိုက်သည်။ သံလိုက်အိမ်မြှောင်းက ပြင်ဆင်ပြီးကာစဖြစ်သည့်အတွက် သူ၏အဆုံးစွန်သော စွမ်းအားများကို ထုတ်ပြရမည့်အချိန်ဖြစ်လာခဲ့သည်။
သံလိုက်အိမ်မြှောင်မှ အာကာသစွမ်းအားများက ပြင်းထန်စွာဖြင့် စုဝေးလာပြီးနောက်တွင် လုယွီက တိရှားဘိုးဘေးရှေ့သို့ ချက်ချင်းဆိုသလို ရောက်သွားသည်။
“သေလိုက်တော့”
တိရှားဘိုးဘေး၏မျက်ခုံးကြားထဲသို့ လုယွီက တိုက်ရိုက်ရိုက်ချလိုက်တော့သည်။
ထိုရိုက်ချက်အောက်တွင် တိရှားဘိုးဘေး၏ စိတ်ဝိဉာဉ်စွမ်းအားများက ဝါးမြိုခံလိုက်ရသည်။
“ နင် ငါ့ကို ဒီလိုသတ်လို့မရဘူး”
“ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ရှေးခေတ်ကောင်းကင်ဧကရာဇ်တောင်မှ မဖျက်ဆီးနိုင်ဘူး၊ နင့်လိုနောက်ပိုင်းမျိုးဆက်အတုအယောင် ထာဝရရှင်သန်သူလောက်က ဘာလုပ်နိုင်မှာလဲ”
လုယွီက ကန်းနေသလိုမျိုး ထိုစကားများကို လျစ်လျူရှုထားလိုက်သည်။
သူ၏လက်ဝါးအောက်တွင် ပြင်းထန်သည့်စွမ်းအားများက ဆွဲစုပ်ယူခံရသည်။ တိရှားဘိုးဘေး၏စိတ်ဝိဉာဉ်က ပြင်းထန်စွာ ဖောင်းကြွလာပြီးနောက်တွင် သူမ၏မျက်နှာတွင် ထိတ်လန့်မှုကို ဖော်ထုတ်ပြသလာတော့သည်။
“နင်က ဒီလိုမျိုး ငါ့ကို သတ်တော့မှာလား၊ ရှန်းလင်းလုံ အဲ့ဒီမိန်းမကနင့်ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူးလား၊ ငါက နင့်ကိုကူညီပြီး အဲ့ဒီမိန်းမကို ပြန်သတ်ပေးမယ်”
တိရှားဘိုးဘေး၏အသံက ထက်ရှသထက်ထက်ရှလာသည်။
ဝုန်း
ရုတ်တရက် လုယွီက လက်နှစ်ဖက်လုံးကို ဆန့်တန်းလိုက်ပြီး တိရှားဘိုးဘေး၏ခေါင်းကို ရိုက်ချလိုက်တော့သည်။
“ငါက ကလဲ့စားချေဖို့အတွက် မင်းရဲ့အကူအညီမလိုဘူး”
လုယွီက သူမ၏ပြင်းထန်သန်မာသည့် စိတ်ဝိဉာဉ်စွမ်းအားများအားလုံးကို ဝါးမြိုပြီး သူ၏ကိုယ်ပိုင်စိတ်စွမ်းအားများအဖြစ် ပြောင်းလဲနေသည်။ သူ၏ကိုယ်ပေါ်ရှိ အဖြူရောင်သားမွှေးဝတ်ရုံက ပေါက်ကွဲကာ တစ်စစီဖြစ်သွားသည်။ သူ၏ အလွန်မာကြောသော ကြေးနီရောင်အသားအရေက ထွက်ပေါ်လာသည်။ ကြွက်သားများ၏ ထောင့်တိုင်းမကျန် အလွန်အမင်းဖောင်းပွလာပြီး လျှိုု့ဝှက်ဆန်းကြယ်သော ရှေးဟောင်းသင်္ကေတများက ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ယူကြုံးမရဖြစ်နေသော ငိုသံကြီးက ထွက်ပေါ်လာသည်။
အပိုင်း ၁၂၃၉
“ဒါက ချွီဟုန်ရဲ့မူလအဆင့်သိုင်းပဲ”
“ဘယ်လိုဖြစ်ပြီး နင့်လက်ထဲကိုရောက်သွားတာလဲ”
“နင် ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ အနာဂါတ်မှာ နင့်ကိုပြန်ကယ်နိုင်သေးတယ်။
ငါက ထာဝရရှင်သန်သူ၊ ငါက မသေမျိုး၊ ငါက ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့တဲ့ မသေမျိုးပဲ၊ နင် ငါ့ကို ဒီလိုသတ်လို့မရဘူး၊ ငါ ပြန်လည်မွေးဖွားတာနဲ့ နင်တို့အားလုံးသေရမယ်”
လုယွီက နှာခေါင်းရှုံ့သည်၊
“ဆူလိုက်တာ”
သူ၏ရင်ခေါင်းထဲမှ လာသောကျယ်လောင်သည့်အသံက ထွက်ပေါ်လာပြီးသည်နှင့် လူတိုင်း၏ နှလုံးသားက တုန်ယင်သွားရသည်။
ထိုအချိန်တွင် တစ်ဖက်လူနှင့် တိုက်ခိုက်နေသည့် ဟန်လျန်က နတ်ဆိုးဖုန်းဟောင်၏ကိုယ်ကို ဖမ်းဆုပ်နိုင်သွားသည်။
“အရှင် ကျွန်တော်ရဲ့တာဝန်က ပြီးဆုံးသွားပြီ၊ ဒါကြောင့် ကျွန်တော့်ကို ထွက်သွားခွင့်ပြုပါအုံး”
ဟန်လျန်၏အသံက တုန်ယင်နေသေးလေသည်။ သူက နတ်ဆိုး၏ကိုယ်ကို ချုပ်ကိုင်ပြီးသည်နှင့် ထိုကိုယ်က ချက်ချင်းဆိုသလို ပေါက်ထွက်သွားသည်။
ဝုန်း
ပြင်းထန်သည့်ပေါက်ကွဲသံက လေထဲတွင် ပျံ့နှံ့သွားသည်။ ဟန်လျန်က သူ၏အသက်ကို စတေးကာ သူ၏အရှင်အတွက် ပေးဆပ်ခဲ့သည်။
အရှင်နှင့်ကျွန်တို့စုံတွဲက ရှေးခေတ်အချိန်ကတည်းက အတူတကွ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူတို့ သေဆုံးသည်အထိ ဆက်တိုက်တိုက်ခိုက်နေခဲ့ရ၏။
ထိုသို့ပြင်းထန်သည့်ပေါက်ကွဲသံ ပြီးဆုံးသွားသည့်နောက်တွင် ကျန်ရစ်ခဲ့သော နတ်ဆိုး၏အလောင်းက အမှုန်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ထိုအခါ တိရှားဘိုးဘေး၏စွမ်းအားကလည်း အားနည်းသထက်အားနည်းလာပြီး ပေါက်ကွဲတော့မည့်အနေအထားအထိ ရောက်ရှိလာသည်။
“နင် နောင်တရလိမ့်မယ်”
တိရှားဘိုးဘေးက ပြောသည်။
လုယွီ၏မျက်ဝန်းကပို၍ ခက်ထန်လာသည်။
“မင်းမှာ အခွင့်အရေးကိုမရှိဘူး”
လုယွီက ချက်ချင်းဆိုသလို သူ၏ ထိုက်ချီ ခြောက်ထောင့်ပုံစံငယ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။
လုယွီ၏စိတ်ဝိဉာဉ်က ပြင်းထန်စွာသန်မာလာသည်။ သူ၏ပတ်ပတ်လည်တွင် လေထုက တဖြည်းဖြည်းချင်း တိတ်ဆိတ်သွားချိန်တွင် လုယွီက လေပေါ်မြောက်တက်သွားကာ တင်ပလ္လင်ခွေထိုင်သော အနေအထားမျိုးဖြင့် တိတ်ဆိတ်သွားသည်။ သို့သော် အချိန်ကြာလေလေ သူ၏ကိုယ်မှ ထွက်ပေါ်လာသောအရှိန်အဝါက ပြင်းထန်သထက်ပြင်းထန်လာလေသည်။
…
အခြားတစ်ဖက်အပြစ်ဒဏ်ခန်းမရှေ့တွင်
ရွှီရှန်းထျန်းတို့အဖွဲ့က ခေါ်ရာနောက်သို့ လိုက်လာခဲ့ပြီး ထိုနေရာသို့ ရောက်လာခဲ့သည်။
“ဘာလို့ ဒီနေရာက ပျက်စီးနေတာလဲ”
ကျန်းရီကျင်းက မျက်မှောင်ကြုတ်သည်။
တော်ဝင်ဘိုးဘေး၏ ခေါ်သံကြားပြီးနောက်တွင် သူတို့အားလုံးက ထိုခန်းမရှေ့သို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် ထိုနေရာက ပျက်စီးနေသည့်အတွက် သူတို့အားလုံး စိတ်ပျက်သွားရသည်။
“ဝင်လာခဲ့ပါ”
အသံက ထပ်ထွက်လာပြန်သည်။
ရွှီရှန်းထျန်း၏စိတ်ဝိဉာဉ်က တုန်ခါသွားချိန်တွင် သူကအသံကိုမြှင့်လိုက်သည်။
“ဒါက ငါတို့ကို ဘိုးဘေးက စမ်းသပ်နေတာဖြစ်လောက်တယ်၊ ဒီနေရာက ပျက်စီးနေတော့ရော ဘာဖြစ်လဲ ဖြတ်လျှောက်သွားရုံပေါ့”
ထိုသို့ဖြင့် ရွှီရှန်းထျန်းက အထဲသို့ဝင်ကာ စွန့်ပြစ်ခန်းမသို့သွားသည်။
“တော်ဝင်ဘိုးဘေး လူငယ်မျိုးဆက်က ရောက်နေပါပြီ”
ရွှီရှန်းထျန်းက ကျယ်လောင်စွာ အော်လိုက်သည်။
“ဝင်လာခဲ့ပါ၊ ငါက ဒီမှာ”
အသံကျယ်က ထပ်ထွက်လာပြန်သည်။
သိပ်မကြာခင်အချိန်တွင် ရွှီရှန်းထျန်းက အသံအရင်းအမြစ်ထံသို့ ရောက်သွားသည်။ ထိုနေရာတွင်ပြိုကျနေသော နံရံတစ်ခုရှိပြီး အောက်တွင် ပိနေသော အခေါင်းတစ်ခုကို မြင်ရသည်။ အသံက အခေါင်းထဲမှ လာခြင်းဖြစ်သည်။
အပိုင်း ၁၂၄၀
ရွှီရှန်းထျန်းက သတိထားကာမေးသည်။
“တော်ဝင်ဘိုးဘေးလား”
သူ၏နှလုံးသား၏အောက်ခြေထဲတွင် သံသယများရှိနေသေးလေသည်။ တော်ဝင်ဘိုးဘေးက ရေခဲနယ်မြေတစ်ခုလုံးကို ထိန်းချုပ်သူဖြစ်နေသော်လည်း ယခုကဲ့သို့ အခေါင်းအတွင်းရှိမနေသင့်ချေ။
ထိုအချိန်တွင် အခေါင်း၏ထိပ်မှ အရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထိုအရိပ်ထွက်ပေါ်လာသည်နှင့် အလွန်ပြင်းထန်သောအရှိန်အဝါများက ပေါ်ထွက်လာတော့သည်။ သူ၏မျက်ဝန်းက ရှိနေသော လူအားလုံးအပေါ် ဖြန့်ကျက်လိုက်ချိန်တွင် လူတိုင်း၏ စိတ်က တုန်ယင်သွားရလေသည်။
“တော်ဝင်ဘိုးဘေးကို ဂါဝရပြုပါတယ်”
ထိုအခါ ရွှီရှန်းထျန်းတို့အားလုံးက ချက်ချင်းဒူးထောက်လိုက်ကြသည်။ ထိုအရိပ်က လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက်တွင် ရွှီရှန်းထျန်းထံသို့ ရောက်သွားသည်။
“ငါက ရှေးဟောင်းသိုင်းကိုကျင့်ကြံနေလို့ အခေါင်းထဲက ထွက်လို့မရဘူး၊ ဒါပေမယ့် ငါ မင်းကို စွမ်းအင်တွေပေးသနားနိုင်တယ်၊ ဒီနေ့ကစပြီး မင်းက ရေခဲနယ်မြေရဲ့ တော်ဝင်သားတော်ဖြစ်လာလိမ့်မယ်”
“ဒီလျှို့ဝှက်နေရာက စွမ်းအင်ကုန်ဆုံးတဲ့အကန့်အသတ်ကို ရောက်သွားပြီ၊ ဒီတော့ ဘာမှ ရှင်သန်ကျန်ရစ်တော့မှာမဟုတ်ဘူး၊ မင်းက ငါ့ရဲ့အခေါင်းကိုသယ်ပြီး အပြင်ကိုထွက်သွားပါ၊ ဒီလိုဆိုရင် ငါ မင်းကို အဆင့်မြင့်သိုင်းသင်ပေးမယ်”
ထို့နောက် ထိုအရိပ်က လက်ကိုမြှောက်ကာ ရွှီရှန်းထျန်း၏ခေါင်းကို ထိလိုက်ချိန်တွင် သူ၏အရှိန်အဝါများက ပြောင်းလဲသွားသည်။ သူ၏ကိုယ်အတွင်းသို့ ပြင်းထန်သည့်စွမ်းအားများ ဝင်ရောက်လာခြင်းကို ခံစားလိုက်ရပြီးသည့်နောက်တွင် သူ၏ကိုယ်မှ ပေါက်ကွဲသံထွက်လာလေသည်။
ထို့နောက် ကွဲအက်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏အရိုးနှင့်ကြွက်သားများက ပြောင်းလဲလာတော့သည်။ ရွှီရှန်းထျန်းက ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကောင်းကင်သို့ ထိုးတက်သွားသော သူ၏ကိုယ်ထဲမှ ထွက်လာသည့် အနက်ရောင်သားရဲကြီးကို မြင်လိုက်ရသည်။ သူ၏မျက်ဝန်းများက တောက်ပသွားတော့သည်။ သူက နောက်ဆုံးတွင် စိတ်ဝိဉာဉ်စွမ်းအင်သို့ ချိုးဖြတ်တက်ရောက်သွားလေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
ရွှီရှန်းထျန်းက အလျင်စလိုဒူးထောက်လိုက်သည်။ သည်အခွင့်အရေးက အဖိုးတန်လွန်းသည်။ ကျန်းရီကျင်းနှင့် အခြားသူများအားလုံးကလည်း ရွီရှန်းထျန်းကို မနာလိုကြီးစွာ ကြည့်ကြလေသည်။
တစ်စုံတစ်ယောက်က အတွင်းစည်းအကြီးအကဲဖြစ်လိုလျှင် စိတ်ဝိဉာဉ်အဆင့်သို့ ရောက်နေမှဖြစ်ပေလိမ့်မည်။ ထို့နောက် စိတ်ဝိဉာဉ်အဆင့်သို့ ချိုးဖြတ်တက်ရောက်မှု လုပ်ပြီးသည်နှင့် အလွန်သန်မာသော လူတစ်ယောက်ဖြစ်လာမည်ဆိုသော အာမခံချက်က ရှိနေပြီးသားဖြစ်သည်။
ထိုအရိပ်က အခြားလူများကိုကြည့်ပြီးနောက် ဖျော့တော့စွာပြုံးသည်။
“အနာဂါတ်မှာ မင်းတို့က ငါ့အတွက် ကိစ္စကောင်းတွေလုပ်ပေးရင် ငါကလည်း မင်းတို့ကို ဆက်လက်ချီးမြှင့်မှာပါ”
ထို့နောက် လေထဲတွင် အနက်ရောင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီးသည်နှင့် ကျန်းရီကျင်းတို့အားလုံး၏ ကိုယ်အတွင်းသို့ဝင်သွားပြန်သည်။ ထို့နောက်ပေါက်ကွဲသံများနှင့်အတူ သူတို့၏အဆင့်များကလည်း ချိုးဖြတ်တက်ရောက်သွားကြလေသည်။ အချိန်တိုအတွင်းတွင် ထိုလူများအားလုံးက ယခုအဆင့်ထက် မြင့်မားသည့်အဆင့်သို့ အသီးသီးဝင်ရောက်သွားကြသည်။
“ဘိုးဘေးကို ဂါဝရပြုပါတယ်”
ကျန်းရီချင်းနှင့်အားလုံးကလည်း ချက်ချင်းဆိုသလို ဂါဝရပြုလိုက်ကြသည်။
ဘိုးဘေးက စိတ်မရှည်စွာပြောသည်။
“အခု ငါ ရှိတဲ့နေရာကနေ အခေါင်းကိုခေါ်ထုတ်သွားတော့ မှတ်ထား ဘယ်သူမှမသိစေနဲ့”
ရွှီရှန်းထျန်းက မတ်တပ်ထရပ်ပြီးနောက်တွင် သူတို့၏နဂါးလှေကို ထုတ်လိုက်သည်။ ထိုနဂါးလှေက အဆင့်လွန်ရတနာဖြစ်ပြီး သူက ပြိုင်ပွဲတွင်သာ တစ်ကြိမ် အသုံးပြုခဲ့ဖူးသေးလေသည်။ ထိုကဲ့သို့သော ရတနာမျိုးက ကပ်ဘေးတွင် ထွက်ပြေးရန် အသင့်ပြင်ထားခြင်းဖြစ်သည်။ ယခုကဲ့သို့ အခွင့်အရေးက ရှားပါးလေရာ သူက ထိုအရေးကို အမိအရဖမ်းဆုပ်ရန်စီစဉ်ထားသည်။ ရွှီရှန်းထျန်းတို့အားလုံးက အခေါင်းကို နဂါးလှေပေါ်သို့ တင်ပြီးနောက်တွင် အပြင်ဘက်သို့ မောင်းထွက်လိုက်သည်။ သို့ရာတွင် သူတို့က အပြစ်ပေးခန်းမ၏အပြင်ဘက်သို့ ရောက်သည်နှင့် ကောင်းကင်က အလွန်အမင်းမဲမှောင်နေကြောင်း မြင်လိုက်ရသည်။ ကောင်းကင်တွင် ထူထပ်သိပ်သည်းသောတိမ်စိုင်များက ပြည့်နှက်နေကာ လူတိုင်းကို စိတ်ဓါတ်ကျစေသည်။
“နဂို နေရာ ရွှေ့ပြောင်းအခင်းအကျင်းကို သွားလို့မဖြစ်ဘူး၊ အဲ့ဒီနေရာက ပိတ်သွားပြီ၊ အရှေ့ဘက်ကိုသွား”
ထိုအရိပ်၏အသံက အလွန်စိုးရိမ်သည့်အနေအထားသို့ ရောက်သွားသည်။
ထိုအရိပ်ကသာ အစစ်အမှန်ဘိုးဘေးဆိုလျှင် လူငယ်မျိုးဆက်များကို သယ်ဆောင်ခိုင်းပြီး ထွက်ပြေးခိုင်းလိမ့်မည်မဟုတ်ချေ။ သို့သော် လက်ရှိအချိန်တွင် ရွှီရှန်းကျန်း၏စိတ်ကို တော်ဝင်သားတော်ဖြစ်သွားသည်ဆိုသော ပျော်ရွှင်မှုကသာ ကြီးစိုးထားသဖြင့် ထိုအကြောင်းအရာများကို မတွေးနိုင်တော့ခြင်းဖြစ်သည်၊
လုယွီက အဆင့်တက်နေသောကြောင့် ကောင်းကင်က တဖြည်းဖြည်းချင်း မဲမှောင်လာခြင်းဖြစ်သည်။ ထိုလောက၏ နိယာမများကမူ အသက်ဝင်နေသေးသည်။ လုယွီက တင်ပလ္လင်ခွေလျက် တရားထိုင်နေချိန်တွင် သူ၏ကိုယ်က အဆုံးအစမဲ့သော တိမ်မဲများအတွင်း ဖုံးကွယ်နေသလိုဖြစ်လာသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ရင်ဘတ်ထဲမှ ဟိန်းဟောက်သံများကိုပင် ကြားနိုင်ပေလိမ့်မည်။
တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာပြီး လုယွီ၏အရေပြားများအားလုံးတွင် အစင်းကြောင်းရာများဖြစ်နေခဲ့သည်။ ထိုအစင်းကြောင်းများက သင်္ကေတများဖြစ်ပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်ကာ လျှို့ဝှက်ဆန်းကြသည့်ဖြစ်စဉ်တစ်ခုကို အသက်သွင်းနေလေသည်။
တစ်ရက် … နှစ်ရက်
ခုနှစ်ရက်တိုင်တိုင်ကြာသွားသည်အထိ လုယွီက ကျင့်ကြံသည့် အခြေအနေအတိုင်းရှိနေသည်။ သို့ရာတွင် ငရဲခန်းမ ထာဝရရှင်သန်ခြင်းနယ်မြေ တစ်ခုလုံးအတွင်းတွင်ရှိသော အမျိုးမျိုးသော တပည့်ဂိုဏ်းသားများအားလုံးကမူ ဖိအားများလာကြပြီဖြစ်သည်။ ယခင်ပြိုင်ပွဲများက ယခုလောက်အထိ ကြာရှည်ခြင်းမရှိခဲ့ပေ။ ပုံမှန်အားဖြင့် တော်ဝင်ဖခင်က သုံးရက်အတွင်း တော်ဝင်သားတော်ကို ရွေးချယ်လေ့ရှိသည်။