အခန်း (၁၂၄၁-၁၂၄၅)
Vol. 65 Ch. 1241-1245
အပိုင်း ၁၂၄၁
တော်ဝင်သားတော်မွေးဖွားလာသည်နှင့် အခြားသူများအားလုံးက ပြင်ပသို့ နေရာရွှေ့ပြောင်းခံရမည်ဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်မူ တော်ဝင်သားတော်သတင်းလည်း မကြားရသလို မည်သူမျှလည်း အပြင်သို့ မထွက်နိုင်ကြသေးချေ။
ထို့အပြင် ပြိုင်ပွဲအတွက် ပြင်ဆင်ခိုင်းသော ဘိုးဘေး၏လေသံကလည်း ပျောက်ဆုံးနေပြီး အရိပ်အယောင်ကိုမျှ မကြားရတော့ချေ။
ကောင်းကင်နှင့်မြေပြင်အတွင်းတွင် သူတို့က ဖိနှိမ့်ခံထားရသလိုမျိုးဖြစ်နေခဲ့ပြီး သူတို့အား နေရာရွှေ့ပြောင်းပေးမည့် နေရာအခင်းအကျင်းကပင် ပျောက်ကွယ်နေသည်ဟု ခံစားနေရသည်။ ထို့အပြင် တော်ဝင်ဘိုးဘေး၏အရှိန်အဝါကို သူတို့က မခံစားရတော့ခြင်းဖြစ်သည်။
နောက်ထပ် ခုနှစ်ရက်ကြာပြီးနောက်တွင် လူအများက ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ချေ။
သူတို့အားလုံးက စွမ်းအားကြီးမားသူများဖြစ်ကြသော်လည်း ချိုင့်ဝှမ်းထဲမှ မထွက်နိုင်ကြလျှင် သူတို့ ရှင်သန်နိုင်တော့မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ သူတို့က လူသားများဖြစ်သည့်အတွက် စားသောက်ရန် လိုအပ်သေးလေသည်။
အချို့လူများက အစားအသောက်များကို ပြင်ဆင်ထားပြီး သူတို့၏ သိုလှောင်အိတ်များတွင် သိပ်ဆည်းထားကြသည်။ သို့သော် ထိုသို့သောကိစ္စမျိုးက လူတိုင်း၏ အကျင့်မဟုတ်ချေ။
ထို့အပြင် ငရဲခန်းမ ထာဝရရှင်သန်ခြင်းနယ်မြေက တဖြည်းဖြည်း ပျက်စီးလာနေသည်။
“ယွန်ရှန်းဂိုဏ်း၊ ကွေ့တုဂိုဏ်း မင်းတို့တွေ ဆိုးရွားစွာနဲ့ ငါတို့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်၊ ငါတို့က အပြင်ကိုထွက်နိုင်တာနဲ့ မင်းတို့အားလုံး ပြန်ပေးဆပ်ရမယ်”
လင်းကျန်းဖန်းက အော်သည်။ သူ၏အဖြူရောင်ဝတ်စုံက စုတ်ပြတ်သတ်နေကာ သူ၏ကိုယ်တွင်လည်း ဒဏ်ရာများက ပြည့်နှက်နေလေသည်။
သူ၏အနောက်တွင် လျန်ချင်းယွီနှင့် အခြားသောနှင်းပျံဂိုဏ်းမှ တပည့်ဂိုဏ်းသားများရှိနေကြသည်။ လျန်ချင်းယွီ၏မျက်နှာက စက္ကူစကဲ့သို့ဖြူဖျော့ပြီး ပတ်ဝန်းကျင်မှ လူတိုင်းကို ကြည့်သည်။
သူမကို လုယွီက ကယ်တင်ပြီးကတည်းက သူမက ဂိုဏ်းတူမောင်နှမများနှင့်အတူ စုစည်းကာ နေခဲ့သည်။ လျှို့ဝှက်နယ်မြေတွင် ၁၄ ရက်တိုင်တိုင်နေထိုင်ခဲ့ပြီးနောက်တွင် သူတို့၏အစာရေစာများက ကုန်ဆုံးသွားတော့မည်ဖြစ်သည်။ သို့သော် နှင်းပျံဂိုဏ်းမှ လူများအားလုံးက ကြိုတင်ပြင်ဆင်ထားသည့်အတွက် ယခုအချိန်အထိ နေနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် နှင်းပျံဂိုဏ်းမှ လူများအားလုံးက ထိုသို့အခြေအနေကောင်းနေကြောင်း မြင်သောအခါ အခြားလူများက ပြဿနာလာရှာကြသည်။အထူးသဖြင့် ယွန်ရှန်းဂိုဏ်းနှင့် ကွေ့တုဂိုဏ်းတို့ဖြစ်ကြသည်။ သူတို့က ဂိုဏ်းနှစ်ဂိုဏ်းပေါင်းကာ နှင်းပျံဂိုဏ်းကို ချုံခိုတိုက်ခိုက်ခဲ့သည်။ သူတို့အားလုံး သတိလက်လွတ်ဖြစ်ချိန်တွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားကြသည်။
ယွန်ရှန်းဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က နှာခေါင်းရှုံ့သည်။
“မင်းတို့ နှင်းပျံဂိုဏ်းကို ကြောင်တောင်တောင် ဖြစ်အောင် ဘယ်သူကလုပ်ထားလဲ၊ မင်းတို့က လူတိုင်းကို ယုံကြည်နေတာပဲ”
ပြောလိုက်သူက ရေခဲနယ်မြေကိုလာစဉ်က လုယွီနှင့် တစ်ကြိမ်ဆုံခဲ့ဖူးသော ထန်းယွီကျဲဖြစ်သည်။ သူ၏သိုလှောင်အိတ်ကို လုယွီကလုယက်ခဲ့သည့်အတွက် နောက်ဆုံးတွင် လုယွီကို ကလဲ့စားချေလိုခဲ့သော်လည်း ခက်ခဲခဲ့လေရာ စွန့်လွှတ်ခဲ့ရသည်။ သူတို့က နောက်ခံတူပြီး ပါရမီခြင်းလည်းတူသည့်အတွက် ထန်းယွီကျဲက တော်ဝင်နယ်မြေတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယခုအခါ သူက ယွန်ရှန်းဂိုဏ်းမှ ထောင်ကျစ်ဖြစ်နေသည်။
“မင်းတို့ဂိုဏ်းရဲ့အရှင်ငယ်က ဖန်းယွန်လို့ငါကြားတယ်၊ ကံဆိုးစွာနဲ့ သူက ဘယ်နေရာမှာ သေသွားမှန်းမသိဘူး၊ မဟုတ်ရင် ငါက သူ့ကို ကောင်းကောင်း ဆက်ဆံပေးမှာ”
ထန်းယွီကျဲ၏မျက်နှာက ခက်ထန်မှုများပြည့်နှက်လာသည်။ သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် လုယွီက သူတို့၏အရှေ့တွင် ရှိနေမည်ဆိုလျှင်ပင် ကိုင်တွယ်နိုင်မည်ဟု သူက ယုံကြည်မှုရှိသည်။ ထန်းယွီကျဲက တုံ့ဆိုင်းနေချိန်တွင် ကောင်းကင်တွင် ပေါက်ကွဲသံက ဆူညံစွာထွက်ပေါ်လာလေသည်။
ဝုန်း
ထိုပေါက်ကွဲသံကို ထိုနယ်မြေတွင်ရှိနေသမျှသော လူတိုင်းနီးပါးက ကြားလိုက်ရသည်။ ထို့ကြောင့် လူအများစုက သတိလက်လွတ်ဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
“ကောင်းကင်က တိမ်တွေက ထူးဆန်းနေသလိုပဲ”
ကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုးရေရွတ်သည်။
ကောင်းကင်တွင် တိမ်စိုင်များ ရှိသည်က ပုံမှန်ဖြစ်သော်လည်း ယခုကဲ့သို့ လျှို့ဝှက်နေရာတွင် ထိုမျှမရှိနေသင့်ပေ။ ထို့အပြင် တိမ်စိုင်များအားလုံးက တစ်နေရာတည်းသို့ဦးတည်ကာ လှည့်ပတ်နေသလိုဖြစ်နေခြင်းဖြစ်သည်။ တိမ်စင်များအတွင်းတွင် တစ်စုံတစ်ရာရှိနေသလို ခံစားရသည်။
ထန်းယွီကျဲက ကောင်းကင်ကို အေးစက်စွာစိုက်ကြည့်ကာပြောသည်။
“ဒီလျှို့ဝှက်နယ်မြေက မတည်ငြိမ်တော့ဘူး၊ အနာဂါတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးဆိုတော့ လူတွေပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်တွေကို ငါတို့ ဝေမျှရတော့မယ်”
အခြားတစ်ဖက်တွင် တစ္ဆေအဆိပ်ဂိုဏ်းမှ လူများကလည်း တုံ့ဆိုင်းမနေဘဲပြောသည်။
“သေချာတာပေါ့”
နှစ်ဖက်လုံးက သဘောတူညီပြီးသည်နှင့် ချက်ချင်းဆိုသလို တိုက်ကွက်များကို ထုတ်ဖော်ကြသည်။ လျန်ချင်းယွီနှင့်လင်းကျန်းဖုန်းတို့အားလုံးက တောင့်ခံနိုင်ရုံမျှသာ ရှိတော့သည်။ သူတို့၏ အရေအတွက်ကလည်း အားနည်းလွန်းနေခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် လင်းကျန်းဖန်းတို့က နောက်ဆုတ်ရလေသည်။
“မင်းတို့ ကြိုးစားမနေကြနဲ့၊ ငါတို့ကို ညီညီမျှမျှခွဲဝေပေးလိုက်တာက ပိုမကောင်းဘူးလား”
ထန်းယွီကျဲက ရုတ်တရက် သူ၏အင်္ကျီအိတ်အတွင်းမှ ဓါးရှည်တစ်ချောင်းကို ထုတ်လိုက်သည်။
“ဒီမှော်လက်နက်ကို ငါ့ရဲ့ဆရာကိုယ်တိုင် ပေးအပ်ခဲ့တာ၊ မင်းကသာ ဒီလက်နက်ရဲ့ တိုက်ကွက်တွေကို ရင်ဆိုင်နိုင်တယ်ဆိုရင် ငါက မင်းတို့ကို မသတ်ဘူး”
ထန်းယွီကျဲ၏မျက်နှာက ခက်ထန်လာသည်။ ထိုအခြေအနေကိုမြင်သောအခါ အခြား လူများအားလုံးက အနောက်သို့ ဆုတ်လိုက်ကြသည်။ ထို့နောက်အခြားဂိုဏ်းမှ ဦးဆောင်လာသူက အနက်ရောင်အလံတစ်ခုကိုထုတ်သည်။ ထိုအလံက ရှေ့နောက်လွင့်နေသည်။
အလံမှစတင်ပြီး အနက်ရောင်မြူထုများက ထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ကို ဖြန့်ကျက်လာတော့သည်။ ထိုကဲ့သို့ မှော်ရတနာနှစ်လက် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်၏အနေအထားက ပြောင်းလဲသွားသည်။
လျန်ချင်းယွီနှင့်လင်းကျန်းဖန်းတို့ အားလုံးက သူတို့၏အသက်ကို ကာကွယ်သည့် ရတနာများကို ထုတ်သုံးခဲ့ပြီးသားဖြစ်ကြသည်။
“ဟား ဟား နှင်းပျံဂိုဏ်းက အမှိုက်တစ်သိုက် သွားသေလိုက်တော့”
ထန်းယွီကျဲက အော်ရယ်ပြီးနောက် ဓါးရှည်ကို ထိန်းချုပ်ကာ လှီးဖြတ်ရန်ကြံစည်သည်။ သို့သော် ထိုအချိန်တွင်ပင် ဓါးရှည်နှင့်အလံတို့၏ အတွင်းမှထွက်လာသော အဆင့်လွန်စွမ်းအားများအားလုံးက ရပ်တန့်သွားရသည်။
ထို့နောက် မှော်လက်နက်များအားလုံးက စတင်တုန်ခါလာကာ မြေပြင်တွင် ထိုးစိုက်ကုန်ကြသည်။ သူတို့အားလုံးကလည်း ထိုကဲ့သို့ အခြေအနေအလှည့်အပြောင်းကို မမျှော်လင့်ထားကြချေ။
ထန်းယွီကျဲ၏မျက်နှာက နီရဲသွားသည်။
“ငါ ငါ မထိန်းချုပ်နိုင်တော့ဘူး”
တစ္ဆေအဆိပ်ဂိုဏ်းမှ လူများကလည်းပြောကြသည်။
“ငါတို့လည်း မထိန်းချုပ်နိုင်တော့ဘူး”
ထို့နောက် သူတို့အားလုံး၏အထက်မှ ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာသည်။ တဝုန်းဝုန်းမြည်သံများက ထွက်ပေါ်လာသည်။ နဂိုက မဲမှောင်နေသော ကောင်းကင်က ရုတ်တရက်ပြင်းထန်သည့် လေပြင်း၏ဆောင့်တွန်း တိုက်ခိုက်ခြင်းကိုခံရသည်။ သိပ်သည်းသောမိုးကြိုးများက ရုတ်တရက် ထွက်ပေါ်လာပြီးသည့်နောက်တွင် ကောင်းကင်တွင် လျှပ်စီးများက တလက်လက်ဖြစ်လာတော့သည်။ ထိုအခြေအနေတွင် တိမ်မဲများအားလုံးက စတင်လွင့်ပြယ်သွားသည်။ ထိုအခါ လူတိုင်းက ကောင်းကင်သို့ မော့ကြည့်လိုက်ရုံနှင့် ယခင်က တိမ်စိုင်များ၏အတွင်းတွင် ရှိနေခဲ့သော တင်ပလ္လင်ခွေထိုင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။ ထိုလူက လုယွီဖြစ်သည်။
ကောင်းကင်တွင်ဖြစ်တည်လာသော မိုးကြိုးများအားလုံးက လုယွီထံသို့ ကျဆင်းတော့မည့် အနေအထားဖြစ်လာခဲ့သည်။
အပိုင်း ၁၂၄၂
လျှပ်စီးများက လုယွီ၏ကိုယ်ဝန်းကျင်တွင် လက်လိုက်ချိန်တိုင်း လုယွီ၏ကိုယ်က ပို၍ရှင်းလင်းလာသည်။
“အရှင်ငယ်”
နှင်းပျံဂိုဏ်းမှ လူများက တအံ့တသြရေရွတ်ကြသည်။
သို့သော် အခြားဂိုဏ်းမှ လူများကမူ ကြောင်အစွာ စိုက်ကြည့်နေကြလေသည်။
“နှင်းပျံဂိုဏ်းရဲ့အရှင်ငယ်က ကောင်းကင်ပေါ်တက်ထိုင်ပြီး ဘာလုပ်နေတာလဲ”
“လျှို့ဝှက်ဆန်းကြယ်သလို ဟန်ဆောင်မနေနဲ့၊ မင်းက ထွက်လာပြီ ဆိုကတည်းက နှင်းပျံဂိုဏ်းကို ဖျက်ဆီးဖို့အချိန်ကျပြီ”
ထန်းယွီကျဲက ထိုသို့အော်ဟစ်လိုက်ပြီးသည်နှင့် သူ၏စွမ်းအားများအားလုံးကို ထုတ်ဖော်ကာ ကောင်းကင်သို့ထိုးတက်ရန်ကြံစည်သည်။ သို့ရာတွင် သူက လေပေါ်သို့ ခုန်မတက်နိုင်ခင်မှာပင် ပြင်းထန်သည့်ဖိအားက သူ့ကို တစ်ဖန်ဖိချလိုက်သည်။ ထန်းယွီကျဲက ထိုဖိအားကြောင့် မြေပြင်တွင်ပြားကပ်သွားလေသည်။
“ဘာဖြစ်သွားတာလဲ”
ထန်းယွီကျဲက အံကိုကြိတ်ထားသည်။ သူက ခေါင်းမော့ရန်ကြိုးစားချိန်တွင် သူ၏တစ်ကိုယ်လုံးက တုန်ယင်လာလေသည်။ လုယွီ၏အနောက်မှ အရာကို သူက ရှင်းလင်းစွာမြင်လိုက်ရသည်။ ထိုနေရာတွင် သင်္ကေတအခု ၃၀ က ထင်ရှားစွာ တောက်ပနေခြင်းဖြစ်သည်။
အပိုင်း ၁၂၄၃
လုယွီ၏ကျောဘက်တွင် သင်္ကေတအခုသုံးဆယ်ကျော် ပေါ်လာခဲ့ခြင်းဖြစ်သည်။ သင်္ကေတတစ်ခုချင်းဆီတွင် လမ်းစဉ်သီးသန့်ရှိနေသလိုမျိုး ခံစားချက်များဖြစ်ပေါ်လာစေကာ လူအများကို လျှိုု့ဝှက်ဆန်းကျယ်သည့် ခံစားချက်တစ်ရပ်ကို ဖမ်းဆုပ်မိလာစေသည်။
ကောင်းကင်မြင်ကွင်းကိုကြည့်နေသော လူတိုင်းက လေအေးများကို ရှူရှိုက်လိုက်ကြသည်။
ထျန်းယွီကျဲ၏မျက်နှာက ဖြူဖျော့သွားသည်။ အချိန်အတန်ကြာပြီးနောက်မှသာလျှင် သူက တုန်ယင်နေသောလေသံဖြင့်ပြောလိုက်သည်။
“သင်္ကေတထွင်းထုခြင်းနယ်မြေ ဘယ်လိုဖြစ်ပြီး တော့လဲ”
သူတို့အားလုံးက သင်္ကေတထွင်းထုခြင်းနယ်ပယ်တွင် အလွန်စွမ်းအားကြီးသူများ ဖြစ်မည်ဆိုလျှင်ပင် အများစုမှ သင်္ကေတ ကိုးခုသာလျှင် ပိုင်ဆိုင်ကြလေသည်။ ကိုးခုကတင်အဆင့်အမြင့်ဆုံးအဆင့်ဟု သတ်မှတ်နေကြချိန်တွင် ယခုကဲ့သို့ အခုသုံးဆယ်ကျော်ကို မြင်လိုက်ရသည်။
“ဒီနေရာမှာ သင်္ကေတအခုသုံးဆယ်ကျော်နေတယ်။ ငါဒါမျိုးကို ရှေးဟောင်းစာအုပ်တွေထဲမှာတောင် မမြင်ခဲ့ဖူးဘူး။ ပိုဆိုးတာက သူ့ရဲ့အသက်အရွယ်မှာ သူကစိတ်ဝိဉာဉ်နယ်မြေအဆင့် အကန့်အသတ်အထိ ရောက်ရှိနေတာပဲ”
တစ္ဆေဂိုဏ်းမှ တပည့်ဂိုဏ်းသားတစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
လူတိုင်းက ကောင်းကင်ကိုကြည့်ရင်း မင်သက်နေကြလေသည်။
သူကဘာမှလုပ်နေခြင်းမဟုတ်သော်လည်း ဒီအတိုင်းထိုင်နေရုံမျှနှင့်တင် သူ၏အနောက်မှသင်္ကေတများကိုကြည့်ပြီး လူတိုင်းက အံ့သြတုန်လှုပ်နေကြပြီဖြစ်သည်။
လေထဲတွင်…
မိုးကြိုးပစ်သံများက ဆက်တိုက်ထွက်ပေါ်လာနေပြီး လုယွီ၏ကိုယ်သို့ ဆက်တိုက်ထိမှန်နေသည်။ လုယွီ၏ကိုယ်မှ အရှိန်အဝါကလည်း ပြောင်းလဲသထက် ပြောင်းလဲနေခဲ့သည်။
တိရှားဘိုးဘေးက သေဆုံးသွားခဲ့ပြီး သူမ၏ကျန်ရစ်ခဲ့သော စိတ်ဝိဉာဉ်စွမ်းအားများက အလွန်ပြင်းထန်လွန်းနေခဲ့သည်။ ထိုရှေးဟောင်းနတ်ဆိုးက ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ကာ မရေမတွက်နိုင်သော စွမ်းအားကြီးမားသူများ၏ အသက်များကို စားသုံးခဲ့ပြီးလေပြီ။
ကောင်းကင်ဧကရာဇ်ဖြစ်သော ဧကရာဇ်တစ်ပါးကပင် သူမ၏လက်တွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။ သို့ရာတွင် တိရှားဘိုးဘေးက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားရုံသာမကလေဘဲ အဆင့်နိမ့်နယ်မြေသို့ရောက်နေခဲ့၍သာ လုယွီက ဝါးမြိုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အဆင့်နိမ့်နယ်မြေ၏ စည်းမျဉ်းများနှင့် နိယာမများက မပြီးပြည့်စုံသည့်အပြင် ကောင်းကင်လမ်းစဉ်ကဲ့သို့ ပြီးပြည့်စုံနေခြင်းမရှိသည့်အတွက် ယခုကဲ့သို့ အခွင့်ကောင်းရရှိခဲ့ခြင်းလည်းဖြစ်သည်။
“တိရှားဘိုးဘေးကို သတ်ပြီးတဲ့နောက်မှာ သူမက ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာကို ငါသိလိုက်ရတယ်။ သူမက ပြင်းပြင်းထန်ထန်ဒဏ်ရာရနေခဲ့လို့သာ မဟုတ်ရင် ငါ့အနေနဲ့ မလွယ်ကူလောက်ဘူး”
“အရင်တုန်းက ငါကအဆင့်လွန်နယ်မြေကို ချိုးဖြတ်ခဲ့တဲ့အချိန်မှာ အခုလောက်ထိသန်မာတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ခဲ့တာမျိုးမဟုတ်တဲ့အပြင် တာအိုနိယာမအပေါ် အခုလောက်ထိ နက်နက်ရှိုင်းရှိုင်းနားလည်ထားတာမျိုးမရှိသေးဘူး။ အဲ့ဒီအချိန်တုန်းက ငါက လမ်းမှားရွေးခဲ့တယ်”
လုယွီက အတွေးများအားလုံးကို ရုတ်သိမ်းပြီးနောက်တွင် ကောင်းကင်သို့ကြည့်လိုက်သည်။
“တားမြစ်ချက်တွေအားလုံးကို ထိုးဖောက်ပြီး မိုးကြိုးကိုဆင်းသက်ခိုင်းလိုက်”
လုယွီ၏အသံက ကောင်းကင်တွင်မြည်ဟိန်းသွားသည်။
ထိုအချိန်တွင် မိုးခြိမ်းသံများက ကျယ်လောင်စွာထွက်ပေါ်လာသည်။ယခင်က မိုးကြိုးမှစွမ်းအားအားလုံးကို လုယွီ၏ယခင်ပိုင်ဆိုင်မှုဖြစ်သော နတ်လက်နက်ဖြင့် ငရဲခန်းမက တားမြစ်ပေးနေခဲ့သည်။ သို့သော်လုယွီအတွက် အဆင့်တက်ရောက်ရန်က အလွန်အရေးကြီးနေလေသည်။ ထို့ကြောင့် ထိုတားမြစ်ချက်က မရှိသင့်ဘဲ လုယွီထံသို့သာ တိုက်ရိုက်လာခဲ့သင့်လေသည်။
“ဝုန်း”
လုယွီ၏စကားသံထွက်လာပြီးသည်နှင့် နဂိုက တားမြစ်ထားသည့် ကန့်သတ်ချက်များအားလုံးက ဖယ်ရှားခံရသည်။ ထိုသို့ဖြင့် လူအများ၏ရှေ့တွင် နေရာရွှေ့ပြောင်း ဝင်္ကပါအခင်းအကျင်းက ပေါ်လာသည်။
“နေရာရွှေ့ပြောင်းဝင်္ကပါအခင်းအကျင်းက ပြန်ပွင့်သွားပြီ”
“တော်ဝင်သားတော်ကို ရွေးချယ်ပြီးပြီပေ့ါ”
“လေထဲမှာအဆင့်တက်နေတဲ့တစ်ယောက်က နှင်းပျံဂိုဏ်းရဲ့အရှင်ငယ်လို့ပြောကြတယ်။ သူက ရေခဲနယ်မြေရဲ့ တော်ဝင်သားတော်လား”
လျှို့ဝှက်နေရာအသီးသီးမှ တပည့်ဂိုဏ်းသားပေါင်းများစွာက ထိုနေရာတွင် စုဝေးလာကြလေသည်။
အချို့သူများကလည်း အလောတကြီး ထိုနေရာသို့ရောက်လာကြသည်။ လူအများစုက လုယွီက အဆင့်တက်ခြင်းကို တွေ့မြင်လိုနေကြသည်။ လျှို့ဝှက်နယ်မြေဝင်ပေါက်ပွင့်သွားသည်နှင့် မရေမတွက်နိုင်သော နတ်ဘုရားအဆင့်အာရုံများက ကျဆင်းလာတော့သည်။
အပိုင်း ၁၂၄၄
တော်ဝင်ဘိုးဘေး၏အမွေဆက်ခံရခြင်းက ရေခဲနယ်မြေအတွက် ကိစ္စကြီးတစ်ခုဖြစ်သည့်အပြင် ရေခဲနယ်မြေမှ စွမ်းအားကြီးမားသူအများစု၏ ကိစ္စဖြစ်သည်။ သို့ရာတွင်ယခုကဲ့သို့ လျှို့ဝှက်နယ်မြေပွင့်ထားချိန်တွင် လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်မျိုးကလည်း တိတ်ဆိတ်စွာလျော့ပါးပျောက်ကွယ်သွားနေလေသည်။
ထို့နောက်အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ လူအများ၏စိတ်အတွင်း တစ်စုံတစ်ရာကို နားလည်လိုက်ကြသည်။
“တော်ဝင်ဘိုးဘေး သေသွားပြီ”
ရေခဲနယ်မြေကို ထိန်းချုပ်ထားသော ကန့်သတ်ချက်ကား ပျောက်ကွယ်သွားခြင်းကို လူတိုင်းက ခံစားလိုက်ကြရသည်။ တစ်ချိန်ထဲတွင် ရေခဲနယ်မြေ၏ ထောင့်တိုင်းမကျန်မှ စွမ်းအားကြီးမားသောအဆင့်လွန် ကျွမ်းကျင်ပညာရှင်များက ထိုနေရာသို့ အပြေးလာကြသည်။ ထို့အပြင် အချို့သောနေရာများမှလည်း အော်ဟစ်ငိုကြွေးသံများကလည်း ထွက်ပေါ်လာလေသည်။ အကြောင်းမူကား စွမ်းအားကြီးမားသောပုဂ္ဂိုလ်အများအပြား၏ ခန္ဓာကိုယ်များက မြေပြင်သို့လဲကျကာ ရုတ်တရက်သေဆုံးသွားသောကြောင့်ဖြစ်သည်။
သူတို့၏ ဒွာရခုနစ်ပေါက်မှ အနက်ရောင်မြူထုများထွက်ကာ အပြင်သို့ပျောက်ကွယ်သွားချိန်တွင် သူတို့၏ကိုယ်က ပုတ်ပွနေသောအလောင်းကောင်အဖြစ်သာ ကျန်ရစ်ခဲ့လေတော့သည်။
နှင်းပျံဂိုဏ်း…
လုထျန်းကန်းက ဂူဘုရားကျောင်းရှိရာဘက်သို့ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူသည်။
“ရေခဲနယ်မြေက ပြောင်းလဲတော့မယ်”
သူ၏အနောက်တွင်လည်း အတွင်းစည်းဂိုဏ်းမှ အကြီးအကဲပေါင်းများစွာ ရှိနေကြသည်။ ထို့အပြင် အဆင့်လွန်အဆင့်ကျွမ်းကျင်ပညာရှင်များအားလုံးကလည်း စိတ်လှုပ်ရှားစွာပြုံးကြသည်။ ယခင်အချိန်က တိရှားဘိုးဘေး၏ထိန်းချုပ်မှုကြောင့် သူတို့အားလုံးက ဒုက္ခဆင်းရဲကို ခံစားခဲ့ရသည်။
တိရှားဘိုးဘေးကိုပုန်ကန်ရဲလျှင် သူတို့က အတွေးတစ်ချက်နှင့်အတူ ရှင်းပစ်ခံရမည်ဖြစ်သည်။ ယခုအခါ တိရှားဘိုးဘေးက မရှိတော့သည့်အတွက် သူ၏ထိန်းချုပ်မှုအင်အားများက သက်ရောက်မှုမရှိနိုင်တော့ချေ။
“တော်ဝင်ဘိုးဘေးက သေဆုံးသွားပြီလား”
အကြီးအကဲများက ထိုသို့တွေးတောကြသည်။
လုထျန်းကန်းက ပြောသည်။
“ငါတို့ကိုယ်တိုင်သွားကြည့်ကြတာပေါ့ တော်ဝင်ဘိုးဘေးသေမသေ ငါတို့အတည်ပြုရမယ်”
ထို့နောက်သူက လူအဖွဲ့ကိုခေါ်ကာ လုယွီတို့ရှိရာဘက်သို့ ထွက်လာခဲ့လိုက်သည်။
တစ်ချိန်ထဲတွင်လည်း အခြားသောအင်အားစုကြီးများက အလားတူ ပြုမူနေခဲ့ကြသည်။ သူတို့က တိရှားဘိုးဘေးသေဆုံးသွားခြင်းကို ကိုယ်တိုင်မျက်မြင်တွေ့ကြုံလိုကြသည်။
…
ငရဲခန်းမ ထာဝရရှင်သန်ခြင်းနယ်မြေ…
နှင်းပျံဂိုဏ်းမှ လူအုပ်နှင့် ယခင်ပတ်ဝန်းကျင်မှုလူများက မည်သို့ဆက်လုပ်ရမည်ပင် မသိကြတော့ချေ။
“ထောင်ကျစ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
တစ်စုံတစ်ယောက်က မေးသည်။
ထျန်းယွီကျဲ၏မျက်ဝန်းတွင် ပုန်ကန်လိုသော အရိပ်အယောင်များက ထွက်ပေါ်လာသည်။ သူက ဖန်းယွန်ဟာ နှင်းပျံဂိုဏ်းမှ အရှင်ငယ်ဖြစ်ကြောင်း သိခဲ့သည့်အချိန်က ဒေါသထွက်ခဲ့သည်။ ထို့ကြောင့် သူမျက်နှာပျက်ခဲ့ရသည့်အဖြစ်အပျက်ကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားလိုခဲ့၏။ ယခုအခါအခွင့်အရေးရခဲ့သော်လည်း ထိုမျှကြီးမားသည့်ကိစ္စကြီးတစ်ခုက ဖြစ်လာပြန်သည်။
ကောင်းကင်မှလာသောဖိအားက ဟာသမဟုတ်ချေ။ ထို့အပြင် တစ်ချိန်က လုယွီနှင့်ရင်ဆိုင်ခဲ့ချိန်က ဖြစ်ခဲ့သည့်အဖြစ်အပျက်များအားလုံးကို ပြန်တွေးမိခဲ့ချိန်တွင် ထျန်းယွီကျဲအနေဖြင့် မကောင်းသောခံစားချက်တစ်မျိုးကို ရလိုက်သည်။ ဖြစ်နိုင်သည်မှာ လုယွီ၏ကျင့်ကြံခြင်းအဆင့်က သူ့ထက်မြင့်မားလွန်းနေဟန်ရသည်။ ထို့ကြောင့် လုယွီကို သူက လုံးဝမတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်လောက်သည်။
“ဒီနေ့ကိစ္စက နားလည်မှုလွဲတာပဲ နှုတ်ဆက်ပါတယ်”
အခြားတစ်ဖက်တွင် တစ္ဆေအဆိပ်ဂိုဏ်းမှ လူများအားလုံးက ချက်ချင်းလိုလိုထွက်သွားကြပြီးဖြစ်သည်။ ထိုအချိန်တွင် နေရာရွှေ့ပြောင်း ဝင်္ကပါအခင်းအကျင်းက ပွင့်သွားပြီဖြစ်သည့်အတွက် သူတို့က အစာအရင်းအမြစ်ကို ထပ်လုနေရန်မလိုအပ်တော့ချေ။
“ဒီအသုံးမကျတဲ့ကောင်တွေ”
ထျန်းယွီကျဲက အံကိုကြိတ်သည်။ သို့သော် သူက ကူကယ်ရာမဲ့သွားသည်။
သူက ဆန္ဒမရှိသော်လည်း အဆုံးတွင် အော်လိုက်ရသည်။
“သွားကြစို့”
ထျန်းယွီကျဲနှင့် တပည့်ဂိုဏ်းသားများအားလုံးက အနီးဆုံးနေရာရွှေ့ပြောင်းဝင်္ကပါအခင်းအကျင်းရှိရာနေရာသို့ သွားလိုက်ကြသည်။
အပ်ိုင်း ၁၂၄၅
“ငါမအောင်မြင်ဖူးဆိုပေမဲ့ ငါသူတို့ထဲက တစ်ယောက်ကိုမှမသတ်ခဲ့မိတဲ့အတွက် အနည်းဆုံးငါတို့ကြားမှာ အသေသတ်ရလောက်တဲ့အထိ မုန်းတီးမှုမရှိတော့ဘူးလို့ သတ်မှတ်ရတော့မှာပဲ”
ထျန်းယွီကျဲက ရင်ထဲတွင် ရေရွတ်နေသည်။ သူက ထိတ်လန့်လာ၏။
မမျှော်လင့်ထားသည်မှာ လုယွီက သင်္ကေတထွင်းထုခြင်းအဆင့်မှ အလွန်စွမ်းအားကြီးမားလွန်းသူတစ်ယောက်ဖြစ်နေခဲ့သည်။ ထို့အပြင် သူ၏အနောက်တွင် လွင့်မျောနေသည့်သင်္ကေတက အခုသုံးဆယ်ကျော်သည်။
နဂိုက ထျန်းယွီကျဲက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ကာ လုယွီကို အနိုင်ပိုင်းလိုခဲ့သည့်တိုင်အောင် ယခုအခါ ထိုသို့အခွင့်အရေး မရှိတော့ချေ။
သူကနေရာရွှေ့ပြောင်း ဝင်္ကပါအခင်းအကျင်းထဲသို့ ဝင်တော့မည့်အချိန်တွင် အလွန်သိပ်သည်းပြင်းထန်သည့်အလင်းတန်းများက ထိုဝင်္ကပါတွင် ပေါ်ထွက်လာသည်။ အလင်းတန်းများနှင့်အတူ ပုံရိပ်ဆယ်ခုကျော်က ထွက်ပေါ်လာတော့သည်။
“လမ်းဖယ်ကြ”
ထျန်းယွီကျဲက ချက်ချင်းစိုးရိမ်စွာအော်လိုက်သည်။
သူကခြေလှမ်းဦးစွာလှမ်းတော့မည့်အချိန်တွင် မမျှော်လင့်ထားစွာဖြင့် အခြားတစ်ဖက်မှ ကြီးမားသည့်အားက ထွက်ပေါ်လာပြီး သူ့ကိုလွင့်ထွက်သွားစေလိုက်သည်။
ဝင်္ကပါမှ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။ သူတို့အားလုံးက လူအိုကြီးအဖွဲ့လိုက်ဖြစ်သည်။
“ဘာလို့လဲ ဒါကယွန်ရှန်းဂိုဏ်းက တပည့်ဂိုဏ်းသားလား”
လူအိုကြီးတစ်ယောက်က မေးသည်။
ထိုလူအိုကြီး၏ပုံပန်းသွင်ပြင်ကို မြင်သောအခါ ထျန်းယွီကျဲက အံ့သြသွားပြီးနောက် ချက်ချင်းဒူးထောက်ချလိုက်ကာ အော်လိုက်သည်။
“ထျန်းယွီကျဲက ခုနစ်ဆယ့်ရှစ်ဆက်မြောက်မျိုးဆက်ကပါ။ ကျွန်တော်က လက်ရှိမျိုးဆက်မှာ ထောင်ကျစ်တစ်ယောက်ပါ ဘိုးဘေးကိုဂါဝရပြုပါတယ်”
သူ့ရှေ့ရှိလူအိုကြီးက သူတို့၏ဂိုဏ်းမှ ဘိုးဘေးဖြစ်နေသည်။
ထျန်းယွီကျဲကိုယ်တိုင်ပင် မျက်လုံးနှင့် ကိုယ်တိုင်မမြင်ခဲ့ဖူးသော်လည်း ဘိုးဘေးနှင့်ပတ်သတ်သည့် ရုပ်ထုများကို ကြိမ်ဖန်များစွာမြင်ခဲ့ဖူးသည့်အတွက် မှတ်မိနေခြင်းဖြစ်သည်။
ယွင်ရှန်းဂိုဏ်းမှဘိုးဘေးက အေးစက်စွာပြောသည်။
“ဒီနေရာမှာ မင်းရဲ့ကိစ္စမရှိနေဘူး ဘေးတစ်ဖက်မှာ သွားရပ်နေ”
သူ၏ဘိုးဘေးကိုယ်တိုင်က ထိုသို့ပြောလာသဖြင့် ထျန်းယွီကျဲက မလိုက်နာဘဲ မနေရဲတော့ချေ။ ထို့ကြောင့် ထောင့်တစ်နေရာတွင်သာ လိမ်မာစွာသွားရပ်နေလိုက်သည်။
ထို့နောက်ဝင်္ကပါအခင်းအကျင်းမှ တစ်ဖန်လင်းလက်သွားပြန်ကာ လူများစွာထွက်ပေါ်လာပြန်သည်။ ဒီတစ်ကြိမ်တွင် အစွမ်းထက်ဆုံးလူက အလွန်တည်ကြည်သောမျက်နှာထားကို ပိုင်ဆိုင်ထားသည်။
“ဘာဖြစ်တာလဲ”
“ငါတို့ဘိုးဘေးက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ရောက်လာတာလဲ”
ထျန်းယွီကျဲက အံ့သြနေသည်။ ထိုကိစ္စများက လုယွီနှင့်ပတ်သတ်သည်ဟု သူ၏မသိစိတ်က ပြောပြပေးနေသည်။
“နတ်ဆိုးခြံဝန်းက ဆရာသခင်ကိုယ်တိုင်လည်း ထွက်လာတယ်”
‘နေဦး အကြီးအကဲခေါင်းဆောင်နဲ့ ဧကရာဇ်တွေလည်း ရောက်လာတာပဲ”
“ဒါက နှင်းပျံဂိုဏ်းက လုထျန်းကန်းမဟုတ်လားသူ့ရဲ့အနောက်မှာ အတွင်းစည်း အကြီးအကဲတွေအားလုံး ပါလာကြတယ်”
ထျန်းယွီကျဲက အလွန်အံ့သြနေသည်။ လူအုပ်ကလည်း အံ့သြသွားပြီး ထောင့်တစ်နေရာသို့ပြေးကာ ပုန်းနေကြတော့သည်။
လုထျန်းကန်းကသာ ထျန်းယွီကျဲကို စုံစမ်းစစ်ဆေးလိုလျှင် သူ၏ဘိုးဘေးရှိနေလျှင်ပင် ကာကွယ်နိုင်မည်မထင်ပေ။ ထျန်းယွီကျဲက အလွန်စိုးရိမ်ပူပန်လာတော့သည်။သို့ရာတွင် လုထျန်းကန်းက သူ့ကိုအာရုံပင်မစိုက်ချေ။
ထိုအချိန်တွင် ငရဲခန်းမ ထာဝရရှင်သန်ခြင်းနယ်မြေတစ်ခုလုံးတွင် ရေခဲလွင်ပြင်တစ်ခုလုံးမှ စွမ်းအားအကြီးဆုံးသူများအားလုံး စုရုံးရောက်ရှိနေကြပြီဖြစ်သည်။ ထိုအခိုက် သူတို့က ကောင်းကင်သို့သာ စိုက်ကြည့်နေကြသည်။
သူတို့အားလုံး၏အကြည့်က လုယွီထံသို့သာရောက်လာသည်။
“တော်ဝင်သားတော်က ငယ်ရွယ်လွန်းတယ် ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က သင်္ကေတထွင်းထုခြင်းနယ်မြေအဆင့်ကိုရောက်ရှိနေပြီ”
“နေဦး သူ့ရဲ့အနောက်ကိုကြည့်လိုက်”
အစွမ်းထက်ဆုံးလူအနည်းစုက လုယွီ၏ထူးခြားမှုကိုမြင်သွားကြပြီး တအံ့တသြရေရွတ်ကြသည်။ အစွမ်းအထက်ဆုံးလူများအားလုံးက ထိုမြင်ကွင်းကိုကြည့်ကာ မင်သက်အံ့သြသွားကြရလေသည်။ သူတို့က မရေမတွက်နိုင်သောအတွေ့အကြုံများစွာရှိခဲ့ဖူးသည့်တိုင်အောင် ထိုကဲ့သို့သောမြင်ကွင်းမျိုးကို မမြင်ခဲ့ဖူးကြချေ။ သူ၏အနောက်တွင်ပေါ်နေသည်မှာ သင်္ကေတအခုသုံးဆယ် ကျော်သည်။
“သူက ဘယ်လိုများကျင့်ကြံခဲ့တာလဲ”
လုထျန်းကန်းက လေးနက်စွာပြောသည်။
“ဒါကငါတို့နှင်းပျံဂိုဏ်းရဲ့အရှင်ငယ်ပဲ အားလုံးဝင်ရောက်စွက်ဖက်ဖို့မကြိုးစားနဲ့”
ထိုအခိုက်နှင်းပျံဂိုဏ်းမှအကြီးအကဲများအားလုံးက လုယွီကိုဝိုင်းပတ်ကာ အခြားသူများက တိုက်ခိုက်လာမည့်အရေးမှ ကာကွယ်ရန်ကြိုးစားလိုက်ကြသည်။
ယွန်ရှန်းက မုတ်ဆိတ်ကိုပွတ်သတ်ပြီးနောက် လေးနက်စွာပြောသည်။
“အခြေအနေကို ငါတို့အားလုံးသိပါတယ် အခု တော်ဝင်ဘိုးဘေးဘယ်နေရာကိုရောက်သွားသလဲဆိုတာ စုံစမ်းရမဲ့အချိန်ပဲ တော်ဝင်ဘိုးဘေးကသာအဆင်ပြေရင် ငါတို့အားလုံး စိတ်အေးနိုင်ပြီ”
အခြားသောအဆင့်လွန်အဆင့်တစ်ယောက်ကပြောသည်။
“ဒါကရိုးရှင်းပါတယ် ဒီနေရာမှာအရင်ကရှိခဲ့တဲ့တပည့်ဂိုဏ်းသားတွေကို မေးလိုက်ကြပေါ့”
ယွန်ရှန်းဂိုဏ်းက ခေါင်းငြိမ့်ပြီးနောက် တစ်နေရာသို့လက်ကိုယမ်းပြသည်။ နဂိုက ထိုနေရာတွင်ပုန်းနေခဲ့သော ထျန်းယွီကျဲက သူ၏ကိုယ်ပေါ်ကျလာသည့် ဆွဲအားကို ခံစားလိုက်ရပြီးသည့်နောက်တွင် သူက ချက်ချင်းလိုလိုလေထဲသို့မြောက်တက်သွားကာ ဘိုးဘေး၏ရှေ့သို့ရောက်သွားသည်။
“ငါက မင်းကို မေးမယ် ဒီလျှို့ဝှက်နယ်မြေမှာ ဘာတွေဖြစ်ခဲ့တာလဲ။ တော်ဝင်ဖခင်က ဘယ်နေရာကိုရောက်သွားသလဲ”
“ကျွန်တော် ကျွန်တော် ကျွန်တော်”
ထျန်းယွီကျဲက မရေမတွက်နိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်များ၏စိုက်ကြည့်ခံရသဖြင့် အလွန်တုန်လှုပ်သွားသည်။
ယွန်ရှန်းဘိုးဘေးက မျက်မှောင်ကြုံ့သည်။
“မင်းရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအားက အားနည်းလှချည်လား ယွန်ရှန်းဂိုဏ်းက အခုတလော ဘာတွေမှားနေတာလဲ။ ဒီလိုလူမျိုးကို ထောင်ကျစ်ဘွဲ့ကို ပေးအပ်ခဲ့ရသလား”
ထျန်းယွီကျဲက အလွန်ရှက်သွားပြီးနောက်တွင် ထောင့်တစ်နေရာသို့ ဝင်ပုန်းချင်သွားသည်။ ထိုအချိန်တွင် သူ၏အကြည့်က လုယွီထံသို့ရောက်သွား၏။ လုယွီက ကျင့်ကြံနေရာတွင် အလွန်အရေးကြီးဆုံးအခြေအနေသို့ ရောက်ချိန်ဖြစ်နေခဲ့သည်။ နတ်ဆိုးဘိုးဘေး၏စိတ်ဝိဉာဉ်ကို လုယွီက အရည်ဖျော်ကာ ဝါးမြိုနေခြင်းဖြစ်သည့်အတွက် သူ၏ခွန်အားက ဆက်တိုက်တိုးတက်နေလေသည်။
ထျန်းယွီကျဲ၏အကြည့်ထဲတွင် မနာလိုဖြစ်သည့်အရိပ်အယောင်များက ပေါ်ထွက်လာသည်။ သူက ရုတ်တရက် လုယွီကို လက်ညိုးထိုးပြီးပြောလိုက်သည်။
“တော်ဝင်ဘိုးဘေးက ဘာဖြစ်သွားသလဲဆိုတဲ့ကိစ္စက ဒီတော်ဝင်သားတော်နဲ့ပတ်သတ်နေပါတယ်။ ဘိုးဘေး ဒီကောင်ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းကိုထူးဆန်းလွန်းနေတယ် ကျွန်တော်တို့သူ့ကိုမေးမြန်းမှဖြစ်ပါလိမ့်မယ်”
Thank For Reading.