← Chapters

အခန်း (၁၂၄၆-၁၂၅၀)

Vol. 66 Ch. 1246-4250

အခန်း (၁၂၄၆-၁၂၅၀)

Vol. 66 Ch. 1246-4250

အပိုင်း ၁၂၄၆

လုယွီ၏အနောက်တွင်ရှိနေသောအဆောင်သင်္ကေတများမှ လင်းလက်တောက်ပလာခြင်းကို သူတို့အားလုံး မြင်လိုက်ကြရသည်။

“တာအိုမိတ်ဆွေတို့ ဒီသားတော်ရဲ့ကျင့်ကြံခြင်း အဆင့်က အရမ်းထူးဆန်းတယ်လို့ ငါတော့ခံစားရတယ်။ သူအသက်ငယ်တာကို မပြောနဲ့ဦး သူကဘယ်လိုများ သင်္ကေတထွင်းထုခြင်းအဆင့်ကို သင်္ကေတသုံးဆယ်ကျော်တဲ့အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာလဲ”

ယွန်ရှန်းဂိုဏ်းဘိုးဘေးက ပြောလိုက်သည်နှင့် အခြားသောအဆင့်လွန် အဆင့်များအားလုံးက လုယွီကို ခြားနားသောအမြင်မျိုးဖြင့် ကြည့်လာကြသည်။

ကျင့်ကြံခြင်းလောကတွင် သင်္ကေတကိုးခုကသာ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထိုလူများက မည်သို့ပင်ကျင့်ကြံစေကာမူ သင်္ကေတကိုးခုထက် ပိုခဲ့ခြင်းမရှိခဲ့ကြချေ။ သို့ရာတွင် လုယွီကမူ သင်္ကေတအခုသုံးဆယ်ကျော်နေခဲ့သည်။ သူက မည်သို့သောသိုင်းကို သုံးစေကာမူ ထိုသိုင်းက ယခုကဲ့သို့အနေအထားမျိုးရောက်အောင် လုပ်ပေးခဲ့ခြင်းဖြစ်သည့်အတွက် လူတိုင်းသိချင်ကြသည့် လျှို့ဝှက်ချက်တစ်ခုဖြစ်လာသည်။

လုထျန်းကန်းက ရှေ့သို့တိုးကာ တည်ငြိမ်စွာပြောသည်။

“ဖန်းယွန်က ငါတို့နှင်းပျံဂိုဏ်းရဲ့အရှင်ငယ်ပဲ ငါရှိနေသမျှကာလပတ်လုံး မင်းတို့သူကျင့်ကြံတာကို နှောင့်ယှက်ခွင့်မရှိဘူး”

သူ၏အနောက်တွင်လည်းအခြားသောအတွင်းစည်းအကြီးအကဲများအားလုံးက ရှေ့သို့လှမ်းတက်လာကြသည်။

ယွန်ရှန်းဘိုးဘေးက အေးစက်စွာပြောသည်။

“တော်ဝင်ဘိုးဘေးက ဒီနေရာမှာမရှိနေဘူး ဒါပေမဲ့ ဒီလိုထူးဆန်းတဲ့ကောင်က ရုတ်တရက် ပေါ်လာတယ်။ ဒီတော့တော်ဝင်ဘိုးဘေးကိုရှာဖို့အတွက် ဒီကောင်ကျင့်ကြံတာကိုနှောင့်ယှက်ရမှာလဲ။ အဲ့ဒီအတွက်တော့ ငါနောက်မှ အ​လျော်ပေးမယ်”

သူကထိုသို့ပြောပြီးသည်နှင့် လုထျန်းကန်းကိုဂရုမစိုက်ဘဲ လုယွီထံသို့တဖြောင့်ထဲ တိုးဝင်သွားသည်။

“မင်း လုပ်ရဲတယ်”

လုထျန်းကန်းကအော်သည်။

နှစ်ဖက်လုံးက စွမ်းအားအကြီးဆုံးလူများဖြစ်ကြသည်။ သူတို့ကတိုက်ခိုက်လိုက်သည်နှင့် ပြင်းထန်သည့်အားလှိုင်းများက ပြန့်လွင့်လာတော့သည်။

အခြားသောဂိုဏ်းမှအကြီးအကဲတစ်ယောက်က အံ့အားတကြီးပြောသည်။

“ဒီနှစ်တွေအတွင်းမှာ မမျှော်လင့်ထားပဲ လုထျန်းကန်းက ဒီလောက်အထိ တိုးတက်သွားခဲ့ပြီ”

လုထျန်းကန်းနှင့် ယွန်ရှန်းဘိုးဘေးတို့က သက်တူရွယ်တူမဟုတ်ကြချေ။ စီနီယာပိုင်းဆိုလျှင် လုထျန်းကန်းက ဂျူနီယာအဆင့်မျှသာရှိသည်။

သို့သော် လုထျန်းကန်းက သူနှင့်စွမ်းအားညီမျှနေလေသည်။ လုထျန်းကန်းက လေးနက်သောလေသံဖြင့်ပြောလိုက်သည်။

“ငါတို့အရှင်ငယ်ကို တိုက်ခိုက်ရဲတဲ့သူရှိသမျှကာလပတ်လုံး အဲ့ဒီကောင်က ငါ့ရဲ့ရန်သူပဲ အနာဂတ်မှာ ငါ့ရှေ့ပေါ်မလာအောင် စောင့်နေကြ။ မဟုတ်ရင် ငါကိုယ်တိုင်လာရှာပြီး သတ်မယ်”

လုထျန်းကန်း၏စကားက အခြားသောလူများကို ကြက်သီးထသွားစေသည်။

ယွီရှန်းဂိုဏ်းဘိုးဘေး၏အမူအရာက ပြောင်းလဲသွားသည်။

“နှင်းပျံဂိုဏ်းချုပ် ဒီကောင်လေးတစ်ယောက်အတွက်နဲ့ မင်းကဒီလောက်အထိ လုပ်ဖို့လိုလို့လား”

သူ၏တိုက်ကွက်က လုထျန်းကန်း၏တားဆီးခြင်းကို ခံခဲ့ရသည်။ သို့သော် ဆိုလိုသည်မှာ အခြားသောအဆင့်လွန်အဆင့်များက အလကားနေမည်မဟုတ်ချေ။ သိပ်မကြာခင်အချိန်တွင် စွမ်းအားအကြီးဆုံးသူများအားလုံးက လုယွီထံ ခုန်တိုးဝင်သွားကြသည်။ ထိုသူများအားလုံးက နှင်းပျံဂိုဏ်းမှအကြီးအကဲများအားလုံး၏တားဆီးမှုအောက်တွင်ရှိနေသည့်တိုင်အောင် အချို့က သတိလက်လွတ်ဖြစ်သွားကြသေးလေသည်။

“တော်ဝင်သားတော်က ရှေးဟောင်းလျှို့ဝှက်သိုင်းတွေကို သိထားလိမ့်မယ်။ ဒီတော့ အားလုံးနဲ့ဝေမျှတာက မကောင်းဘူးလား။ ဒါကရေခဲနယ်မြေကောင်းဖို့အတွက်ပဲ”

ချင်းရီအဆင့်လွန်ဆရာသခင်တစ်ပါးက ဖျော့တော့စွာပြုံးရင်းပြောသည်။ သူ၏လက်ဝါးမှ အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများက ပျံ့နှံ့ထွက်လာပြီး လုယွီ၏ကိုယ်ကို ရိုက်နှက်ရန်ကြံစည်လိုက်သည်။ သို့သော်ထိုအချိန်တွင် …

ကောင်းကင်ရှိတိမ်ဆိုင်အတွင်းမှ မိုးခြိမ်းသံက ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက်အလွန်တောက်ပသောအလင်းတန်းက ကောင်းကင်မှဖြာဆင်းလာကာ လုယွီထံသို့ ရောက်သွားသည်။

“မဟုတ်ဘူး ဒါကမိုးကြိုးပဲ”

ထိုချင်းရီဆရာသခင်က အံ့သြသွားပြီး ခပ်မြန်မြန်နောက်သို့ဆုတ်လိုက်သည်။ သူ၏လက်ဝါးက မတော်တဆ လက်နေသောလျှပ်စီးနှင့် ရှပ်ထိသွားမိကာ သူ၏နဂိုဖြူဖွေးသောလက်ဝါးက အနက်ရောင်မီးခိုးငွေ့များ ထွက်ပေါ်နေလေသည်။

အပိုင်း ၁၂၄၇

အခြားသော လုယွီကို ဝိုင်းနေကြသည့်အဆင့်လွန်အဆင့်များအားလုံးကလည်း နောက်သို့ဆုတ်လိုက်ကြသည်။ ထိုအဆင့်မိုးကြိုးက သူတို့ရင်မဆိုင်ရဲသည့်အဆင့်အတန်းမျိုးဖြစ်သည်။

သူတို့ကအောင်မြင်စွာကျော်ဖြတ်နိုင်မည်ဆိုလျှင် သူတို့က ထာဝရရှင်သန်နိုင်သည့်အဆင့်သို့ရောက်ပြီး ကောင်းကင်ဘုံသို့တက်လှမ်းနိုင်ပေလိမ့်မည်။ သို့သော် သူတို့၏ရှေးမျိုးဆက်မှ ကြိုးစားသမျှအားလုံးဟာ ပြာပုံဖြစ်သွားခဲ့ရလေသည်။

နှစ်တိုင်းလိုလို ရဲရင့်သောသူများက စမ်းသပ်လေ့ရှိကြသော်လည်း အားလုံးနီးပါးက သေဆုံးသွားခဲ့သည်ချည်းသာလျင် ဖြစ်သည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် ကောင်းကင်တွင်မရေမတွက်နိုင်သောမိုးကြိုးလျှပ်စီးများက ဖုံးကွယ်နေမည်ဖြစ်ကြောင်းကို မြင်ရမည်ဖြစ်သည်။ လုယွီ၏ပုံပန်းသွင်ပြင်ဟာ မိုးကြိုးများအကြား နစ် မြုပ်လျက်ပျောက်ကွယ်သွားသည်။

ယွန်ရှန်းဂိုဏ်းမှဘိုးဘေးက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“အခုတော့ သွားပြီ ဒီကောင်လေးဆီမှာ လျှို့ဝှက်သိုင်းရှိနေလည်း သူငါတို့ကို လက်ဆင့်မကမ်းပေးနိုင်တော့ဘူး”

လူတိုင်းလိုလိုက လုယွီက သေလူဟု သတ်မှတ်လိုက်ကြသည်။ စွမ်းအားအကြီးဆုံးသူများက အချိန်အတန်ကြာကျော်ကြားနေခဲ့သည့်အလျောက် မိုးကြိုးနှင့် ရင်းနှီးသူများဖြစ်နေကြသည်။ လုယွီက အလွန်ငယ်ရွယ်သည်ကို မဆိုထားဘိ သူ၏ကျင့်ကြံခြင်းအဆင့်ကလည်း အလွန်ထူးခြားလွန်းနေခဲ့သေးသည်။

လုထျန်းကန်းက လူအုပ်ကို တစ်ချက်ကြည့်ပြီး တင်းမာသောလေသံဖြင့်ပြောသည်။

“အခုလေးတင်လှုပ်ရှားသွားတဲ့ကောင်တွေအားလုံးကို ငါ့ရဲ့နှလုံးသားထဲမှာ မှတ်ထားတယ်”

“ပြန်ပြီးစစ်ပွဲအတွက်ပြင်ဆင်တော့ ငါက မင်းတို့ရဲ့ကလန်ဆီကို လာပြီး တစ်ယောက်ချင်းစီ လာသတ်ပေးမယ်”

ယခုလေးတင်လှုပ်ရှားခဲ့သူများကမူ မျက်နှာပျက်ယွင်းသွားကြသည်။ ထို့အပြင် လုထျန်းကန်းက ဂိုဏ်းတစ်ခု၏ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေသေးသည်။ သူကထိုသို့ပြောလျှင် သံသယဝင်ရန်မရှိတော့ပေ။ သူကအစစ်အမှန်တိုက်ခိုက်တော့မည့်အနေအထားတွင် ရှိနေသည်။

လုထျန်းကန်းက မြင့်တက်နေသောကြယ်တစ်စင်းနှင့်တူသည်။ သူ၏စကားလုံးတိုင်းက ရက်စက်ပြီး သူ၏ကျော်ကြားမှုက ရေခဲနယ်မြေအနှံ့ပျံ့နှံ့ခဲ့ပြီးသားဖြစ်သည်။ ထိုကဲ့သို့သောလူမျိုးကိုသာ အိမ်တံခါးဝသို့ ဖိတ်ခေါ်လိုက်မည်ဆိုလျှင် လူပေါင်းများစွာသေကြေပျက်စီးမည်မှာ သေချာနေလေသည်။

“ဒီကောင်က သေလူပဲ သူကပါရမီကြီးတယ်ဆိုရင်တောင်မှ သေလူနဲ့အမှိုက်ကြား ကွာခြားချက်မှမရှိတာ။ ဘာလို့မင်းက ဒီလောက်အထိ ဒုက္ခခံနေမှာလဲ”

ထိုအချိန်တွင် ကောင်းကင်တွင်မိုးခြိမ်းသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။ အဆင့်လွန်အဆင့်များအားလုံးက တစ်ချက်ကြည့်ပြီးသည့်နောက်တွင် သူတို့၏အကြည့်များကို အခြားနေရာသို့ရွှေ့လိုက်ကြတော့သည်။

မည်သူကမှ ထိုမိုးကြိုးအောက်တွင် မရှင်သန်နိုင်ခဲ့ကြချေ။ အလွန်ကံကောင်းသည့် ရှင်သန်ခဲ့သူများကလည်း ရေခဲနယ်မြေတွင် မရှိခဲ့ဖူးကြချေ။

ကောင်းကင်မှမြင်ကွင်းကိုကြည့်ရုံဖြင့်ပင် လင်းကျန်းဖန်းနှင့် လျန်ချင်းယွီတို့၏မျက်နှာက ဖြူဖျော့လာသည်။

“သောက်ကျိုးနည်းကောင်တွေ ငါဒီကောင်တွေအားလုံးကို အနာဂတ်မှာ ဖျက်ဆီးပြမယ်”

လင်းကျန်းဖန်း၏မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသည့်အလင်းတန်းက လင်းလက်လာသည်။

အခြားတစ်ဖက်တွင် လျန်ချင်းယွီကလည်း နှုတ်ခမ်းကိုကိုက်ထားသည်။ သူမက ကောင်းကင်ရှိပုံရိပ်ကိုသာကြည့်ပြီး အတွေးနက်သွားလေသည်။

ငရဲခန်းမ ထာဝရရှင်သန်ခြင်းနယ်မြေ…

ရေခဲနယ်မြေအသီးသီးမှရောက်လာကြသော အဆင့်လွန်အဆင့်များအားလုံးက ပတ်ဝန်းကျင်တွင် စတင်ရှာဖွေကြလေသည်။ ဒီနယ်မြေတွင် ရတနာပစ္စည်းအများအပြားရှိနိုင်လေသည်။ ဖျက်စီးခံခဲ့ရသော ငရဲခန်းမမှ ပစ္စည်းများကို မည်သူကမှ ဂရုမစိုက်ကြချေ။ လူငယ်များကမူ ထိုသို့တွေးသော်လည်း အဆင့်လွန်အဆင့်များအတွက်မူ သူတို့ကရတနာကို ခွဲခြားသိမြင်နိုင်သည့်အတွက် အရာအားလုံကို နားလည်နေခြင်းဖြစ်သည်။

“ဒီဖန်းယွန်က ဘာဖြစ်သွားတာလဲ။ ငါ့ကိုအသေးစိတ်ပြောပြ”

ယွန်ရှန်းက ထျန်းယွီကျဲကိုကြည့်ကာပြောသည်။

သူ၏ရှေ့တွင် ဘိုးဘေးက ရောက်နေသောအခါ ထျန်းယွီကျဲက မည်သည့်အရာကိုမှ ဖုံးကွယ်မထားရဲချေ။ သူကဖန်းယွန်နှင့်သူနှင့် တွေ့ဆုံခဲ့ဖူးသည့်အကြောင်းအရာကစပြီး အရာအားလုံးကိုပြောပြလိုက်သည်။

“ဆိုတော့သူက လွန်ခဲ့တဲ့နှစ်ဝက်လောက်က ထိုက်ရိဂိုဏ်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ တပည့်ဂိုဏ်းသားတစ်ယောက်ပေါ့။ ဒီလောက်အချိန်တိုအတွင်းမှာ သူကနှင်းပျံဂိုဏ်းရဲ့ အရှင်ငယ်ဖြစ်လာတယ်”

အပိုင်း ၁၂၄၈

သူ၏နှလုံးသားထဲတွင်မူ အလွန်စိတ်လှုပ်ရှားလာပြီဖြစ်သည်။ လုယွီက အံ့အားသင့်ဖွယ်ကောင်းသည့်ခရီးလမ်းကို ကြုံတွေ့ခဲ့ရဟန်ရသည်။

ယခင်ကသာဆိုလျှင် သူကထိုအခွင့်အရေးကို ဖမ်းယူရန်ကြိုးစားမိလောက်သော်လည်း ယခုမိုးကြိုးအောက်တွင် လုယွီက ရှင်သန်နိင်တော့မည်မဟုတ်သည့်အတွက် လုယွီကို လက်လွှတ်ရတော့ပေမည်။

“ကောင်းပြီ ဒီနေရာမှာ ရတနာကောင်းတွေရှိနိုင်တယ် မင်းသူတို့ကိုခေါ်သွားပြီး ရှာဖွေလိုက် မင်းတို့ဘယ်လောက်ရရ ဒါကမင်းတို့ရဲ့ကိုယ်ပိုင်လုပ်နိုင်စွမ်းအားပေါ်မူတည်လို့ မင်းတို့ကိုယ်ပိုင်အကျိုးခံစားခွင့်လို့ ငါသတ်မှတ်ပေးမယ်”

ယွန်ရှန်းဘိုးဘေးက ထိုသို့ပြောလိုက်သည်။

ထျန်းယွီကျဲက အလွန်ပျော်သွားပြီး ချက်ချင်းလိုလိုဖားယားတော့သည်။

“ဒီငယ်သားက အချို့နေရာတွေကို သိပါတယ်။ ကျွန်တော်တို့ဘာကိုရှာနိုင်ရှာနိုင် ကျွန်တော်တို့က ဘိုးဘေးကိုပဲ ပြန်ပေးအပ်မှာပါ”

ယွန်ရှန်းဘိုးဘေးက ပို၍ကျေနပ်သွားကာ သဘောတကျခေါင်းငြိမ့်သည်။

ယခုလေးတင် လုထျန်းကန်းနှင့် တိုက်ခိုက်ခဲ့သည့်အချိန်က သူတို့၏စွမ်းအားက ညီမျှသည်ဟု ထင်ရသော်လည်း မမျှော်လင့်ထားစွာပင် ယွန်ရှန်းဘိုးဘေးက အသေးစားဒဏ်ရာများကို ရရှိခဲ့လေသည်။ ဆိုလိုသည်မှာ သူကလုထျန်းကန်း၏ ခြိမ်းခြောက်ခံနေရသည်။ ထိုကြောင့် သူဆက်လက်မတိုက်ခိုက်ရဲခြင်းလည်းဖြစ်သည်။ ယခုအခါ သူက နေရာတစ်ခုရှာကာသာ ကုသချင်နေတော့လေသည်။

ပတ်ဝန်းကျင်တွင်လည်း ဂူပေါင်းများစွာ ရှိနေလေသည်။ ထျန်းယွီကျဲက အသေးစားခြံဝန်းတစ်ခုကို တွန်းဖွင့်လိုက်သည်။ ထို့နောက် ယွန်ရှန်းဘိုးဘေးကို အထဲသို့ခေါ်ဆောင်သွားလေသည်။ သို့ရာတွင် ထိုခြံဝန်းတံခါးပွင့်သွားသည်နှင့် ပျက်စီးနေသော နံရံကိုထင်ရှားစွာမြင်လိုက်ရသည်။ ထိုနံရံ၏အနောက်တွင် မျက်စိကျိမ်းမတတ်တောက်ပနေသော မှော်လက်နက်များစွာကို မြင်လိုက်ရလေသည်။

“နေဦး”

ယွန်ရှန်းဘိုးဘေး၏အမူအရာက ပျက်ယွင်းသွားပြီး ထိုနေရာသို့ချက်ချင်းလိုလိုသွားသည်။ သူကအဓိကခန်းမအတွင်းသို့ ရောက်သွားချိန်တွင် ဝင်ပင်မဝင်ရသေးသော်လည်း ပြင်းထန်သည့်အရှိန်အဝါများစွာကို ခံစားလိုက်ရလေသည်။ ထိုနေရာတွင် သူမြင်ပင်မမြင်ဖူးသော မှော်လက်နက်ပေါင်းများစွာ ရှိနေသည်။ သူကနံရံကိုတွန်းဖွင့်လိုက်ပြီးနောက် အလွန်ကျယ်ပြောသော ခန်းမကြီးကို မြင်လိုက်ရသည်။ အထဲတွင် ထာဝရရှင်သန်ခြင်းအဆင့် မှော်လက်နက်ပေါင်းမရေမတွက်နိုင်အောင်ရှိနေပြီး တောင်ပုံရာပုံဖြစ်နေသည်။ ထို့အပြင် တလက်လက်တောက်ပနေသည့် ရတနာများကလည်း သူ၏မျက်စိပင် ကန်းစေမတတ်ဖြစ်သွားသည်။

သူက နီးရာဓားမြောင်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ ထိုဓားမြောင်က အလွန်အမင်းလေးလံလွန်းနေလေသည်။ ယွန်ရှန်းဘိုးဘေးက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး သူ၏အဆင့်လွန်စွမ်းအားများကို လွှတ်ထုတ်မှသာလျှင် မနိုင်ရုံမျှသာ တတ်နိုင်လေသည်။ တစ်ချက်ကမ်းကြည့်ပြီးနောက်တွင် ထက်ရှသည့်သတ်ဖြတ်ခြင်းအရှိန်အဝါက ထွက်ပေါ်လာကြောင်းကို ခံစားလိုက်ရသည်။

“ဒီလက်နက်က ဘယ်အဆင့်တောင်လဲ”

သူ၏နှလုံးသားက တုန်ယင်သွားသည်။ သူကခပ်မြန်မြန် သိုလှောင်အိတ်ကိုဖွင့်လိုက်ကာ ဒိုင်းတစ်ခုကို ထုတ်လိုက်သည်။ ထိုဒိုင်းကိုအသက်သွင်းပြီးသည်နှင့်တစ်ဖက်ကို ခုတ်ချလိုက်သည်။ သို့သော် ယွန်ရှန်းဘိုးဘေးက ဓားမြောင်ကိုယမ်းကာ ထိုးစိုက်လိုက်ချိန်တွင် အလွန်ထက်ရှသောဓားသွားက စက္ကူပါးကိုထိုးဖောက်သွားသလိုမျိုး ဒိုင်းကအက်ကွဲပျက်စီးသွားရကြောင်းကို မြင်လိုက်ရလေသည်။

“အကောင်းဆုံးမှော်လက်နက်ကတောင်မှ နည်းနည်းလေးတောင်မတောင့်ခံနိုင်ဘူးပဲ”

ယွန်ရှန်းဘိုးဘေး၏စိတ်က အလွန်လှုပ်ရှားသွားသည်။

ထျန်းယွီကျဲနှင့် အခြားသူများကလည်း ဝင်လိုက်လာပြီး ထိုမြင်ကွင်းကိုမြင်လိုက်ရကာ ပျော်ရွှင်သွားကြသည်။

“ဘိုးဘေး ဒီနေရာက တော်ဝင်ဖခင်ရဲ့ လျှို့ဝှက်ရတနာတွေ ဆုဆောင်းထားတဲ့နေရာဖြစ်လောက်တယ်”

ထျန်းယွီကျဲက ပြောသည်။

“ပါးစပ်ပိတ်”

ယွန်ရှန်းဘိုးဘေးက ခေါင်းလှည့်ပြီး ဂရုတစိုက်ပြောသည်။

“အပြင်မှာ လူနှစ်ယောက်ကို စောင့်ကြည့်ဖို့လွှတ်ထားလိုက် ဘယ်သူမှဝင်မလာစေနဲ့”

တပည့်ဂိုဏ်းသားနှစ်ယောက်က အလျှင်အမြန်ထွက်သွားကြသည်။ ကျန်သူများအားလုံးကလည်း ဒီတောင်ပုံရာပုံဖြစ်နေသော ရတနာများကိုကြည့်ကြသည်။ ယွန်ရှန်းဘိုးဘေးက ပတ်ဝန်းကျင်ကိုကြည့်ပြီးသည့်နောက်တွင် မှော်လက်နက်အချို့ကောက်ကိုင်ကာ ဟိုသွားဒီသွားဖြင့် လက်နက်ကောင်းများကို ရွေးချယ်နေခဲ့သည်။ ထိုမှော်လက်နက်များအားလုံးက တောင်ပုံရာပုံဖြစ်နေခဲ့သည်။ မည်သည့်လက်နက်ကမှ ချိတ်ပိတ်ထားခြင်းမရှိပေ။တစ်ချက်ရမ်းလိုက်ရုံမျှဖြင့် အလွယ်တကူယူနိုင်စွမ်း ရှိနေခဲ့လေသည်။ နောက်ဆုံးတွင် ဒီနေရာတွင်ရှိခဲ့သော မှော်လက်နက်များအားလုံးက သူမြင်ခဲ့ဖူးသော မှော်လက်နက်များအားလုံး၏ အထက်အဆင့်တွင်ရှိနိုင်ကြောင်း သူက နားလည်လိုက်ရသည်။ အားလုံးက နတ်ဘုရားနယ်မြေမှ လက်နက်များနှင့်ပင် တူနေသေးလေသည်။

ယွန်ရှန်းဘိုးဘေးက ရယ်သည်။

“ငါကတစ်ချိန်မှာ အစွမ်းအထက်ဆုံးဘိုးဘေးတစ်ပါးဖြစ်လာလိမ့်မယ် ဟား ဟား ဟား ဟား”

သူကသိုလှောင်အိတ်ကိုထုတ်ပြီးသည်နှင့် အရာအားလုံးကို ထည့်ယူတော့သည်။ သို့သော်မှော်လက်နက်များက အထဲသို့ရောက်သွားသည်နှင့် သိုလှောင်အိတ်က စတင်ကာ ဖိအားကို ခံစားလာရပြီး တစ်အိတ်လုံးက ပျက်စီးလာတော့သည်။

ယွန်ရှန်းဘိုးဘေးက မျက်မှောင်ကြုံ့ကာ တစ်ဖန်ထည့်ကြည့်သော်လည်း အလားတူဖြစ်လာခဲ့သည်။

ထျန်းယွီကျဲက စိုးရိမ်စွာပြောသည်။

“ဘိုးဘေး သိုလှောင်အိတ်ထဲ ထည့်လို့မရဘူးထင်တယ်”

မှော်လက်နက်များက ဒီနေရာတွင် တောင်ပုံရာပုံရှိနေခဲ့သည်။ ဘိုးဘေးကရှိနေသောကြောင့် သူကမလုရဲခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုမျှများပြားသောလက်နက်များကို မြင်ရုံဖြင့်ပင် သူတို့မယူသွားနိုင်ဟု တွေးမိသည့်အခါ ထျန်းယွီကျဲက စတင်စိုးရိမ်လာတော့သည်။

ယွန်ရှန်းဘိုးဘေးက တွေးတောပြီးနောက်ပြောသည်။

“ဒီလိုပဲလုပ်ရအောင်”

သူကလက်ကိုမြောက်ပြီးနောက် အလယ်အလတ်အရွယ်အစားရှိသော ကြီးမားသည့်သင်္ဘောကြီးကိုထွက်ပေါ်လာစေလိုက်သည်။

“အရာအားလုံးကိုဒီအပေါ်ကို ​ရွေ့လိုက် ငါတို့အခုသွားကြမယ်”

ယွန်ရှန်းဘိုးဘေးက ပြောသည်။

တော်ဝင်ဖခင်က မည်သည့်နေရာသို့ရောက်သွားကြောင်း မသိနိုင်ပေ။ သို့သော် ဒီနေရာကမူ တော်ဝင်ဖခင်ကိုယ်တိုင် ပစ္စည်းများကို သိမ်းဆည်းထားသည့် နေရာဖြစ်နိုင်သည်။ ထို့ကြောင့် မည်သူမှသတိမထားမိခင်အားလုံးကိုယူသွားသည်က အကောင်းဆုံးဖြစ်သည်။

ထျန်းယွီကျဲက ဓားရှည်တစ်ချောင်းကို ကောက်ကိုင်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ထိုဓားရှည်က အလွန်လေးလံလွန်းနေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် အလွန်ခက်ခဲလွန်းနေခဲ့သည်။ သို့ရာတွင် လောဘကကြီးမားလွန်းနေသည့်အခါ လူအားလုံးက တစ်နာရီခန့်အချိန်ယူပြီး အရာအားလုံးကို ရွှေ့ပြောင်းလိုက်ကြလေသည်။

“ငါက ဒီနေရာကိုချိတ်ပိတ်ထားလိုက်မယ် မင်းက လူတစ်ယောက်လွှတ်ပြီး ဂိုဏ်းကို စစ်သင်္ဘောကြီးတစ်စင်းပြင်ဆင်ဖို့ အကြောင်းကြားလိုက်”

ယွန်ရှန်းဘိုးဘေးက ချက်ချင်းလိုလိုပြောလိုက်သည်။

အပိုင်း ၁၂၄၉

ထျန်းယွီကျဲက လောဘတကြီး ချက်ချင်းလိုလိုဂိုဏ်းသို့ အကြောင်းကြားလိုက်သည်။

ယွန်ရှန်းဂိုဏ်းက ရေခဲနယ်မြေ၏ အစွန်အဖျားပိုင်းတွင် တည်ရှိသည့်အတွက် ထိုနေရာနှင့် အလွန်ဝေးကွာလေသည်။ သူတို့က ယခုအကြောင်းကြားလိုက်မည်ဆိုလျှင်ပင် နေ့တစ်ရက်ခန့်ကြာမှသာ ဒီနေရာသို့ ရောက်လာလောက်လေသည်။

“အခုနောက်ကျနေပြီ အရင်နည်းနည်းယူပြီးထွက်ရအောင်”

ယွန်ရှန်းဂိုဏ်းမှ ဘိုးဘေး၏မျက်ဝန်းအတွင်း စိုးရိမ်စိတ်များက လင်းလက်တောက်ပနေသည်။ ဒီနေရာတွင်ရှိသည့် ရတနာများက်ု အခြားသူများရသွားမည်ကို သူက အလွန်စိုးရိမ်နေသည်။

တော်ဝင်ဘိုးဘေးကိုယ်တိုင်သာ ဒီနေရာသို့လာကာ သိမ်းထားခြင်းဆိုလျှင် အခြားသောအဆင့်လွန်အဆင့်များနှင့် အခြားလူအုပ်က တွေ့သွားခဲ့မည်ဆိုလျှင်ပင် သူကလက်နက်များကို တစ်ဦးထဲ အပိုင်စီးနိုင်တော့မည်မဟုတ်ချေ။

သင်္ဘောမှဝင်္ကပါကို အသက်သွင်းလိုက်ပြီးသည်နှင့် သူကမြေပြင်မှထွက်ခွာရန် ကြံစည်လိုက်သည်။ သို့ရာတွင် မှော်လက်နက်များက အလွန်အမင်းလေးလံသည့်အတွက် သင်္ဘောက မြေပြင်မှမီတာသုံးဆယ်လေးဆယ်ခန့်အထိသာ ရောက်နိုင်လေသည်။

“ဘိုးဘေး ဒီပစ္စည်းတွေက အရမ်းလေးလွန်းနေတယ်”

ထျန်းယွီကျဲက စိုးရိမ်တကြီးပြောသည်။

“သင်္ဘောထဲကို စိတ်ဝိဉာဉ်ကျောက်တုံးတွေ ပိုထည့်ပြီးသွားကြရအောင်”

ဘိုးဘေးက ချက်ချင်းလိုလို သူ၏သိုလှောင်အိတ်ကို ပစ်ချလိုက်သည်။ ထိုထဲမှ စိတ်ဝိဉာဉ်ကျောက်တုံးပေါင်းများစွာက သင်္ဘော၏ဝင်္ကပါထဲသို့ ထည့်လိုက်ချိန်တွင် သင်္ဘောက နောက်ဆုံးတွင် ပျံသန်းနိုင်စွမ်းရှိသွားလေသည်။

အခြားသောတစ်နေရာတွင်…

ထိုနေရာတွင် စွမ်းအားကြီးမားသူတိုင်းက ပြင်းထန်သည့်ဖိအားကိုခံစားနေရချိန်တွင် သူတို့အားလုံးက ကောင်းကင်ကို စိတ်ပျက်အားငယ်စွာ ကြည့်နေကြသည်။ အချိန်တိုင်းလိုလို မိုးကြိုးများက ရှင်းသွားချိန်တွင် ကောင်းကင်တွင်ရှိနေသည့် ပုံရိပ်တစ်ခုကို မြင်နေရလေသည်။ ထိုပုံရိပ်က လုယွီဖြစ်သည်။ သူ၏ငွေရောင်ဝတ်စုံက ပျက်စီးနေသည့်အတွက် အောက်မှ သန်မာသောကြွက်သားများကို မြင်နေရသည်။

ပစ်ခတ်နေသည့်မိုးကြိုးများက လူတိုင်း၏စိတ်နှလုံးသားကို တုန်ယင်စေသည်။ သို့သော်လုယွီကိုယ်တွင်မူ ဒဏ်ရာများသာရသွားစေခဲ့ပြီး ဒဏ်ရများကလည်း ချက်ချင်းလိုလို ပျောက်ကင်းသွားလေသည်။

“ဒီကောင်က ဘယ်လိုအသားအရေမျိုးကို ပိုင်ဆိုင်ထားတာလဲ”

ယွန်ရှန်းဂိုဏ်းမှလူများက ထိုပုံရိပ်ကိုကြည့်ကာ ထိတ်လန့်တကြားပြောသည်။

မိုးကြိုးအောက်တွင် အရာအားလုံးက ပျက်စီးရသည်။ ဒါက သာမာန်လောက၏ ဖြစ်လေ့ရှိသောအချက်ဖြစ်သည်။ ထာဝရရှင်သန်သူများကသာလျှင် မိုးကြိုးကိုတောင့်ခံနိုင်လောက်သည်။

“အရှင်ငယ်က မသေဘူး”

“သူက အသက်ရှင်နေတုန်းပဲ ဖန်းယွန်သူက ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ”

နှင်းပျံဂိုဏ်းမှလူများအားလုံးက စိတ်လှုပ်ရှားသွားကြသည်။

လုယွီက ယခင်က အဆင့်လွန်အဆင့်များကို တိုက်ခိုက်ဖူးသော်လည်း လူတိုင်းက ကြီးမားသည့်တုန်လှုပ်မှုကို ခံစားနေရသေးလေသည်။ ယခုအဖြစ်အပျက်ကမူ လူတိုင်းလက်ခံနိုင်သည်ထက် ကျော်လွန်သွားခဲ့လေပြီ။

လုထျန်းကန်းက ရုတ်တရက်ပြောသည်။

“ဒီတစ်ကြိမ်မှာ ဘယ်သူမှ ဖန်းယွန်ကို နှောင့်ယှက်ခွင့်မရှိဘူး”

ထိုသို့အမိန့်ထုတ်လိုက်ပြီးသည်နှင့် အတွင်းစည်းဂိုဏ်းမှ အကြီးအကဲအားလုံး၏မျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့်အလင်းတန်းများပေါ်ထွက်လာလေတော့သည်။

အသက်သုံးဆယ်အောက်၊ အဆင့်လွန်အဆင့်ကိုတက်နိုင်ပြီး မိုးကြိုးဒဏ်ကို ခံနိုင်သောလူ လုယွီက ကြီးပြင်းလာသည်နှင့် ဂိုဏ်းကိုအကျိုးပြုမည်မှာ သေချာနေလေသည်။

ထိုအချိန်တွင်လုယွီကို မိုးကြိုးများက ဝိုင်းပတ်ထားပြီး သူ၏ကိုယ်က စွမ်းအားများအပြည့်ဖြင့် လွှမ်းခြုံခံလိုက်ရလေသည်။

အပိုင်း ၁၂၅၀

“မိုးကြိုးထဲမှာ ရှေးဟောင်းမူလစွမ်းအင် တစ်စွမ်းတစ်စပါဝင်လာတယ်”

လုယွီက မျက်လုံးကိုရုတ်တရက်ဖွင့်ပြီးသည့်နောက် သူ၏မျက်ဝန်းအတွင်း တောက်ပသည့်အလင်းတန်းက ထွက်ပေါ်လာသည်။

အဆင့်နိမ့်လောကနှင့်ကောင်းကင်လောက နှစ်ခုလုံးတွင် ရှိသမျှသောလူတိုင်းကမိုးကြိုး၏ဆွဲဆောင်မှုကိုခံရသည်။ မိုးကြိုး၏ဖျက်ဆီးခြင်းကို ခံရ၏။ သူ၏ထိုက်ချူခန္ဓာကိုယ်သိုင်းမှ ဖော်ပြချက်အရဆိုလျှင် ရှေးခေတ်တာအိုထာဝရရှင်သန်သူများက အဆင့်တက်ရာတွင် မိုးကြိုးဒဏ်ကိုခံရသည်ဟု ဆိုကြသည်။

“အခုခေတ်လူတွေက အရင်ထက်ပိုပြီး အားနည်းလာတာ အံ့သြစရာမရှိတော့ဘူးပဲ။ ဒါတွေအားလုံးက ကျင့်ကြံတဲ့သိုင်းတွေ ကွာခြားလို့ဖြစ်နေတာပဲ”

“ငါအခု မိုးကြိုးကပ်ဘေးကနေ အတွေ့အကြုံကိုအပြည့်အဝမရနိုင်သေးဘူး”

လုယွီက မိုးကြိုးကိုကြည့်ပြီးသည့်နောက်တွင် ရုတ်တရက်ခြေတစ်လှမ်းထွက်ကာ တိမ်ဆိုင်များဆီသို့ ထွက်လိုက်သည်။

ထိုဖြစ်ရပ်က လူတိုင်းကိုမင်သက်သွားစေခဲ့သည်။

လုထျန်းကန်း၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီးအော်လိုက်သည်။

“ပြန်လာခဲ့ ရူးနေလား”

လုယွီက ထိုမိုးကြိုးတိမ်ဆိုင်များထံသို့ ရှေ့တိုးသွားချိန်တွင် မိုးကြိုးများ၏ခြိမ်းမှုနှင့်ပစ်ခတ်မှုက ပို၍ပြင်းထန်သထက် ပြင်းထန်လာတော့သည်။

သူ၏ပတ်ဝန်းကျင်တွင်မူ မိုးကြိုးများက ထူထဲသထက်ထူထဲလာပြီး သူ၏အသားအရေနှင့်အရေပြားတွေအားလုံးက စုတ်ပြတ်သတ်သွားသည်။ သူ၏တစ်ကိုယ်လုံးတွင် သွေးလွှမ်းသောနေရာများကသာ ပြည့်နှက်လာတော့ကာ အရိုးထိတိုင်မြင်နေရလေသည်။

သူ၏ခန္ဓာကိုယ်က ဆက်တိုက်ကုစားနိုင်စွမ်းရှိနေသည့်တိုင်အောင် မိုးကြိုးကထပ်ခါတလဲလဲပစ်ခတ်နေသည့်အတွက် ဆိုးရွားသောဒဏ်ရာများက ဆက်တိုက်ဖြစ်ပေါ်လာနေတော့လေသည်။

“သူ ရူးသွားပြီလား”

နှင်းပျံဂိုဏ်းမှ အတွင်းစည်းအကြီးအကဲတစ်ယောက်က တအံ့တသြပြောသည်။

သူတို့အတွက် ထိုအပြုအမူမျိုးက သေလမ်းရှာနေခြင်းဖြစ်သည်။

လုထျန်းကန်းက မျက်မှောင်ကြုံ့သည်။

“သူက ဒီလောက်အထိ လုပ်နိုင်နေမှတော့ အရူးမဟုတ်တာသေချာတယ်။ သူဒီလိုလုပ်လိုက်ကတည်းက သူလုပ်နိုင်မယ်လို့ ထင်လို့ဖြစ်မယ်”

ထိုအချိန်တွင် လုယွီက မိုးကြိုးများပြည့်နေသည့်တိမ်ဆိုင်အတွင်းသို့ရောက်ရှိသွားပြီဖြစ်သည်။ ထိုက်ချူခန္ဓာကိုယ်၏ပြန်လည်ကုစားနိုင်စွမ်းက အကန့်အသတ်ထိ ရောက်ရှိသွားသည်။ သူ၏ကိုယ်အတွင်းတွင်ရှိသော သွေးကြောများအားလုံးက ပေါက်ထွက်ကာ တစ်ကိုယ်လုံးသွေးများ စိုရွှဲသွားတော့ကာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသွားတော့သည်။ လုယွီက ကိုယ်မှ နာကျင်မှုကိုတောင့်ခံပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအော်ဟစ်သံ၏အနောက်တွင် သင်္ကေတတစ်ခု ထပ်မံထွက်ပေါ်လာတော့သည်။

“ဒီလောက်နဲ့တိရှားဘိုးဘေးရဲ့စိတ်ဝိဉာဉ်ကို အပြည့်အ၀ ဝါးမြိုဖို့ မလုံလောက်သေးဘူး။ ငါကဖျက်ဆီးခံရတဲ့ခန္ဓာကိုယ်ကို တစ်ဖန်ပြန်လည်မွေးဖွားအောင်လုပ်နေရင်းနဲ့ စွမ်းအားကြီးမားလာအောင် အခွင့်ကောင်းယူရမယ်”

လုယွီ၏မျက်ဝန်းအတွင်း တောက်ပသည့်အလင်းတန်းက လက်လာသည်။

ဖျက်ဆီးခံရလျင် တစ်ဖန်ပြန်လည်တည်ဆောက်နိုင်သည်။ ခန္ဓာကိုယ်က ဖျက်ဆီးခံရသမျှ ကာလပတ်လုံး အသစ်ပြန်လည်မွေးဖွားကာ ပို၍အဆင့်မြင့်သည့်ခန္ဓာကိုယ်စွမ်းအားများကို ပိုင်ဆိုင်လာပေလိမ့်မည်။ လုယွီက သေဆုံးပြီးနောက် ပြန်လည်မွေးဖွားသည့် ခံစားချက်မျိုးနှင့် အကျွမ်းဝင်နေခဲ့လေပြီ။

“ငါဒီတစ်ကြိမ်မှာ ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ မသိနိုင်ဘူး”

နောက်ထပ်မိုးကြိုးပစ်ခတ်သံထွက်ပေါ်လာပြီးသည့်နောက်တွင် လုယွီ၏ခန္ဓာကိုယ်က တဖန်ဖျက်ဆီးခံရပြန်သည်။ ထိုက်ချူခန္ဓာကိုယ်က ဆက်တိုက်ပြန်လည်ကုစားပေးနေခဲ့၏။ ခန္ဓာကိုယ်အသားရေများ အသစ်ပြန်လည်ထွက်ပေါ်လာချိန်တွင် လုယွီ၏ကျောဘက်တွင် သင်္ကေတများက တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။ ထိုမြင်ကွင်းက အောက်ဖက်မှကြည့်နေသောအဆင့်လွန်အဆင့်တိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေသည်။ သူတို့၏မျက်လုံးများကပင် မျက်အိမ်ထဲမှ ပေါက်ထွက်လာတော့မည်ဟု ခံစားနေရလေသည်။

လုထျန်းကန်းပင် မျက်မှောင်ကြုံ့မိလေသည်။

သူတို့အားလုံးက သင်္ကေတထွင်းထုခြင်းအဆင့်ကို ကျော်ဖြတ်လာခဲ့ရသူများဖြစ်ပြီး သင်္ကေတတစ်ခုထွက်ပေါ်လာရန် မည်မျှခက်ခဲကြောင်း နားလည်ထားကြသည်။ နှစ်ပေါင်းများစွာအချိန်ယူကာ ကျင့်ခဲ့ကြပြီးမှသာလျှင် သင်္ကေတတစ်ခု ထွက်ပေါ်လာလေ့ရှိသည်။

သို့သော် ဒီနေရာတွင်သင်္ကေတပေါင်းများစွာ ထွက်ပေါ်နေသည်။ သင်္ကေတတစ်ခုချင်းဆီတိုင်းက အဆင့်လွန်အဆင့်တိုင်းအတွက် စွမ်းအားကြီးမားနေသည်ဟု ဆိုလိုနေသည်။

လူအများစုက ထိုအမှန်တရားကို သိနေကြသည့်တိုင်အောင် သူတို့အတွက် ခက်ခဲလွန်းနေသည်ဟု ခံစားနေရသည်။

သူတို့က ဆက်ဖြစ်လာမည့်အကြောင်းအရာများကို စောင့်ကြည့်ရန် မစောင့်နိုင်တော့ချေ။

“သူက ဘယ်လိုများလုပ်လိုက်တာလဲ”

အဆင့်လွန်အဆင့်များထဲမှ တစ်ယောက်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

All Chapters