အခန်း (၁၂၇၁-၁၂၇၅)
Vol. 67 Ch. 1271-1275
အပိုင်း ၁၂၇၁
လုထျန်းကန်းတို့အဖွဲ့က တိုက်ရိုက်ဖောက်ဝင်သွားကြသည်။ ဧည့်သည်တော်များအားလုံးက ထိုအခြေအနေကို မြင်သွားကြကာ အံ့သြသွားကြလေသည်။ ထိုအဆင့်လွန် အဆင့်များက လူများကိုပင် ထိခိုက်ဒဏ်ရာရအောင် လုပ်ရဲကြသည်။
“သူတို့က ရွှီရှန်းထျန်းနဲ့ ရင်ဆိုင်ရမှာကို မကြောက်ဘူးလား”
ရွှီရှန်းထျန်းက ထိုအခြေအနေကိုမြင်သောအခါ မတ်တပ်ထရပ်ပြီး ဒေါသတကြီး အော်တော့သည်။
“မင်းတို့ ဘာလုပ်တာလဲ ငါ့ရဲ့ လူတွေကို ဒဏ်ရာရအောင်လုပ်ရဲတယ်လား”
သူကမတ်တပ်ထရပ်ပြီး အသားကုန်အော်ဟစ်လိုက်လေရာ ဧည့်သည်တော်များအားလုံးက အံ့သြသွားကြသည်။
“ဒီကောင်ရူးသွားပြီလား”
“အဆင့်လွန် အဆင့်တွေရဲ့ရှေ့မှာ သူကဘာလုပ်ရဲနေတာလဲ”
သို့သော် ရွှီရှန်းထျန်း၏နောက်ခံကို ပြန်တွေးမိကြပြီး သူတို့စိတ်အေးသွားကြသည်။ ရွှီရှန်းထျန်းက လက်ရှိအခြေအနေတွင် တော်ဝင်သားတော်ဖြစ်နေလေသည်။ အချိန်တစ်ခုကြာလျှင် တော်ဝင်ဘိုးဘေးက ရောက်လာတော့မည်ဖြစ်လေရာ ထိုသူများအားလုံးက တော်ဝင်ဘိုးဘေးကို ဦးညွှတ်ရတော့မည်ဖြစ်သည်။
“မင်းကတော်ဝင်သားတော်ဖြစ်ချင်တယ်ဟုတ်လား အိမ်မက်ထဲမှာပဲရမယ်”
လုထျန်းကန်းက အချိန်တစ်ခုကြာ ကြောင်အံ့သွားပြီးသည့်နောက်တွင် လှောင်ရယ်တော့သည်။ သူကလက်တစ်ဖက်ရမ်းလိုက်ပြီးသည့်နောက်တွင် စားပွဲခုံများအားလုံးက ပြောင်းပြန်လန်ကုန်ကာ အားလုံးက ဖျက်ဆီးခံလိုက်ရသည်
အခမ်းအနားတွင် ရှိနေကြသော အဆင့်လွန်အဆင့်များအားလုံးက ရွီှရှန်းထျန်းကို ဝိုင်းပတ်လိုက်ကြပြီး လုထျန်းကန်းကို ရင်ဆိုင်ရန် ကြံစည်ကြသည်။ သို့သော် လုထျန်းကန်းတွင်ပါလာသော အဆင့်လွန်အဆင့်အယောက်တစ်ရာကျော်က ခမ်းမအပြင်တွင်ဖြစ်စေ အတွင်းတွင်ဖြစ်စေ အားလုံးကို ဝိုင်းထားပြီးလေပြီ။ ထိုမြင်ကွင်းက လူတိုင်းကို ကြောင်အသွားစေသည်။ အဆင့်လွန်အဆင့်များစွာ၏ အဝိုင်းခံထားရသည့်အခါ ပြင်းထန်သည့် ဖိအားက သူတို့အားလုံးကို ထိတ်လန့်သွားစေလေသည်။
“လုထျန်းကန်း မင်းက ဘာလုပ်ချင်နေတာလဲ”
ဟယ်ရွှမ်ကျီးက မတ်တပ်ထရပ်ပြီး လေးနက်စွာပြောသည်။ သူ၏အနောက်တွင် အတွင်းစည်းဂိုဏ်းမှ အကြီးအကဲပေါင်းများစွာ ရှိနေကြသည့်တိုင်အောင် တစ်ဖက်က အဆင့်လွန်အဆင့်ရာကျော်နေသည်။
လုထျန်းကန်းက ရယ်သည်။
“ဟယ်ရွှမ်ကျီး ငါမင်းနဲ့ပေါက်ကရတွေ မပြောချင်ဘူး။ ဒီနေ့ ကိစ္စက မင်းဝင်မပါသင့်ဘူး။ ငါလည်းမင်းကို ပြသနာလာရှာတာမဟုတ်လို့ ဘေးဖယ်နေလိုက်”
ဟယ်ရွှမ်ကျီး၏ ကိုယ်ပိုင်ခွန်အားက နဂိုကတည်းက လုထျန်းကန်းကို မယှဉ်နိုင်ခဲ့ချေ။ ထို့အပြင် လုထျန်းကန်းက လုယွီ၏အဆုံးအမများကို ခံယူခဲ့ပြီးသည့်နောက်တွင် ပို၍အင်အားကြီးမားသွားခဲ့လေရာ ဟယ်ရွှမ်ကျီးကို ဂရုစိုက်ရန်ပင် မလိုအပ်တော့ချေ။
ဟယ်ရွှမ်ကျီး၏မျက်နှာက နီရဲသွားသည်။ သူကလေးနက်သောအမူအရာဖြင့်ပြောသည်။
“တော်ဝင်ဘိုးဘေးက မင်းတို့ကို အပြစ်တင်မှာကို မကြောက်ဘူးလား”
သူ၏အနောက်တွင်ရှိနေသော ရွှီရှန်းထျန်းကလည်း အော်သည်။
“ငါက တော်ဝင်သားတော်ပဲ မင်းတို့က ငါ့ကိုရိုင်းရဲရင် သေဖို့သာစောင့်နေကြ”
လုထျန်းကန်းက သူ့ကိုအာရုံမစိုက်တော့ပေ။ သူကဟယ်ရွှမ်ကျီးကို ကြည့်သည်။
“မင်းကိုယ်တိုင်ခံစားကြည့်စမ်းပါ တော်ဝင်ဘိုးဘေးရဲ့အရှိန်အဝါတွေ ပျောက်ကွယ်သွားပြီလို့ မခံစားမိဘူးလား”
ဟယ်ရွှမ်ကျီးက မျက်လုံးပြူးသွားသည်။ သူသည်လည်း အံ့သြသွားလေသည်။ တော်ဝင်ဘိုးဘေးက ရေခဲနယ်မြေမှ အဆင့်လွန်အဆင့်တိုင်းကို ထိန်းချုပ်ထားလေရာ ထိုအရှိန်အဝါက အချိန်တိုင်းလိုလို သူတို့ခံစားမိနေကြဖြစ်သည်။ သို့သော်ယခုအခါ ထိုအရှိန်အဝါက လုံးဝပျောက်ကွယ်နေသည်။ ထိုအချိန်က အဆင့်လွန်အဆင့်များအားလုံးက အခြေအနေကို သွားရှာရန်စုံစမ်းခဲ့သော်လည်း ဟယ်ရွှမ်ကျီးက မလုပ်ခဲ့ချေ။
အပိုင်း ၁၂၇၂
သူထင်ခဲ့သည်မှာ တော်ဝင်ဘိုးဘေးက တော်ဝင်သားတော်ကို လက်ခံလိုက်သဖြင့် ထိုသို့အပြောင်းအလဲဖြစ်သွားသည်ဟုသာ ရိုးရှင်းစွာ တွေးလိုက်ခြင်းဖြစ်သည်။
လုထျန်းကန်းကလည်း ဟယ်ရွှမ်ကျီး၏အတွေးကို ခံစားမိဟန်ဖြင့် ပြောသည်။
“မင်းကအရူးလား ဒီလိုအခြေအနေမျိုးမှာတောင် နားမလည်ဘဲနဲ့ ဆက်ပြီးဟန်ဆောင်နေသေးတယ်။ တကယ်တော့ တော်ဝင်ဘိုးဘေးက သေသွားပြီ”
ပတ်ဝန်းကျင်ရှိဧည့်သည်တော်များအားလုံးက ကိုယ့်နားကိုယ် မယုံကြည်နိုင်ကြတော့ချေ။ ထိုသတင်းက သူတို့အားလုံးကို ဖြူဖျော့စေသည်။
“တော်ဝင်ဘိုးဘေးက သေသွားပြီဟုတ်လား”
ထိုလူက ရေခဲနယ်မြေမှ အစွမ်းအထက်ဆုံးဖြစ်သည်။ ဒီနေရာတွင်ရှိသော အစွမ်းထက်ဆုံးသူများအားလုံးကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည့်လူက သေဆုံးသွားပြီဟု ဆိုလာသည်။
ဟယ်ရွှမ်ကျီးက အံကိုကြိတ်ကာပြောသည်။
“တော်ဝင်ဘိုးဘေးက ဘယ်လိုသေနိုင်မှာလဲ ငါမယုံဘူး”
လုထျန်းကန်းက နှာခေါင်းရှုံ့သည်။
“ငါကလည်းမင်းကို မရှင်းပြချင်နေပါဘူး။ အရှင်က ခဏနေရင် ရောက်လာတော့မယ်။ အဲ့ဒီအချိန်ကျမှ မင်းကိုယ်တိုင်ကြည့်လိုက်”
ထိုအချိန်တွင် အထက်ကောင်းကင်တွင် လုယွီက အစွမ်းထက်ဆုံး အဆင့်လွန်အဆင့်နှစ်ယောက်ကို ခြံရံလျက် ရောက်လာသည်။
လုယွီကရောက်လာသည်နှင့် ပတ်ဝန်းကျင်တွင်ရှိသမျှသော အဆင့်လွန်အဆင့်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် ဂါဝရပြုကြသည်။
“အရှင်”
“ အရှင်ဟုတ်လား”
ဟယ်ရွှမ်ကျီးက ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကြောင်သွားသည်။
အရှင်ဆိုသည်မှာ ယခင်က တော်ဝင်ဘိုးဘေးများကို သတ်ဖြတ်ပြီးမှ ရခဲ့သော ရာထူးရှိလူများကို ခေါ်ဆိုခြင်းဖြစ်သည်။
“ဘယ်တုန်းက အသစ်တစ်ယောက်ပေါ်လာတာလဲ”
သို့သော် လုယွီ၏မျက်နှာကို မြင်လိုက်ရချိန်တွင် ဟယ်ရွှမ်ကျီးက အေးခဲသွားသည်။
“ဖန်းယွန်မဟုတ်လား”
လုယွီကလည်း ထိုက်ရိဂိုဏ်းကိုလာရန်အတွက် ဖန်းယွန်မျက်နှာကို ပြန်လည်ပြောင်းလဲထားခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် လုယွီကို ထိုက်ရိဂိုဏ်းက မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရင်းနှီးသူများအားလုံးက ထိုအကြောင်းအရာပုံပြင်ကို သိထားကြလေသည်။
ထိုကဲ့သို့သောသူမျိုးက တစ်ချိန်တွင် ထိုမျှ ခမ်းနားစွာပြန်လာမည်ဟု မထင်ထားမိပေ။
“ဟယ်ရွှမ်ကျီး အရင်ကအဖြစ်အပျက်တွေကို ငါ ဂရုမစိုက်ဘူး။ လက်လွှတ်လိုက်ပါ”
လုယွီက ပေါ့ပါးစွာပြောသည်။
လုယွီက ပါးစပ်ဟလိုက်သည်နှင့် မေးခွန်းထုတ်နိုင်ခြင်းမရှိလောက်အောင် ပြင်းထန်သည့်အရှိန်အဝါတစ်မျိုးက ထွက်ပေါ်လာသည်။
ဟယ်ရွှမ်ကျီးက ပြန်ငြင်းလိုသည်။ ပြန်အော်လိုသည်။ သို့သော် ကောင်းကင်မှ အရှိန်အဝါတစ်ရပ်က သူ့ကိုဖိနှိပ်လာပြီး ထိုသို့ပြန်ပြောချင်စိတ်ကို တားမြစ်လာသည်။
သူကသာ လုယွီကို စကားဖြင့်ပင်ဖြစ်စေ အံတုရဲလျှင် ဒုက္ခရောက်သွားမည်ဟု ခံစားလာရလေသည်။
“မင်းကဘယ်လိုဖြစ်ပြီး အရှင်သခင်ဖြစ်နေတာလဲ”
ဟယ်ရွှမ်ကျီး၏ ကိုယ်က တုန်ယင်နေသည်။ ထိုကဲ့သို့သောအခြေအနေမျိုးကို သူကမတွေးခဲ့ဖူးချေ။
လုယွီက သာမာန်တပည့်ဂိုဏ်းသား တစ်ယောက်မျှသာဖြစ်သည်။ သူ့တွင် ပါရမီအလွန်ကြီးလျှင်ပင် ထိုမျှအထိ မဖြစ်လာသင့်ပေ။
“မင်းဒီနေရာက ထွက်သွားချင်တယ်ဆိုရင် ထွက်သွားလိုက် ပေါက်ကရတွေပြောမနေနဲ့”
လုထျန်းကန်းက မျက်မှောင်ကြုံ့လာပြီး လက်တစ်ဖက်ယမ်းလိုက်သည်။ ထိုအခါပြင်းထန်သည့်လေပြင်းက ဟယ်ရွှမ်ကျီးကို ရိုက်ခတ်လာလိုက်ကာ ဟယ်ရွှမ်ကျီး၏ကိုယ်က ခြံဝန်းအပြင်သို့ လွင့်ထွက်သွားပြန်သည်။
“မင်း မင်းအဆင့်တက်သွားပြန်ပြီ”
လွင့်ထွက်သွားသော ဟယ်ရွှမ်ကျီးက တအံ့တသြပြောသည်။
ယခင်ကတည်းက ဟယ်ရွှမ်ကျီးက လုထျန်းကန်းကို မယှဉ်နိုင်ခဲ့ချေ။ ယခုအခါ သူတို့တွေ့ဆုံကာစသာရှိသေးသည်။ လုထျန်းကန်း၏ တစ်ချက်ရမ်းလိုက်သည့် လက်က သူ့ကိုပင် တုန်လှုပ်သွားစေသည်အထိ ခံစားမိစေသည်။
“အနားကိုကပ်မလာနဲ့ ငါပြောမယ်။ ဒီနေရာက ငါ့ရဲ့ဂိုဏ်းကြီးပဲ မင်းငါ့ကိုသတ်ရဲလား”
ရွှီရှန်းထျန်းက တစ်လှမ်းချင်းစီနောက်ဆုတ်ကာ တုန်ယင်စွာပြောသည်။
သို့သော် သူ၏စကားမဆုံးခင်မှာပင် လုယွီက သူ၏ရှေ့သို့ ချက်ချင်းရောက်သွားပြီး ရွှီရှန်းထျန်း၏ အကျီကော်လန်မှ ကိုင်ကာ လေထဲသို့ ဆွဲမြောက်လိုက်သည်။
“မင်းလျှို့ဝှက်နယ်မြေကနေ ဘာယူသွားတာလဲ”
လုယွီက မေးသည်။
“ရွှီရှန်းထျန်းက တော်ဝင်သားတော်ဟု သူ့ကိုယ်သူ ပြောနေကတည်းက တစ်စုံတစ်ရာ ပတ်သတ်နေရပေမည်။
ရွှီရှန်းထျန်းက ရုန်းကန်ကာ အံကြိတ်ပြီးပြောသည်။
“မင်းစောင့်နေစမ်းပါ တော်ဝင်ဘိုးဘေးရောက်လာလိမ့်မယ်”
ထိုအချိန်ထိ သူ၏စိတ်က တော်ဝင်ဘိုးဘေး၏ အခေါင်းထံသို့ ရောက်နေသေးသည်။ လုယွီက ခေါင်းခါပြီး ဘေးသို့လွှတ်ထုတ်လိုက်သည်။
“ခြိမ်း”
အပိုင်း ၁၂၇၃
ရွှီရှန်းထျန်း၏ကိုယ်က မြေပြင်သို့ ပြင်းထန်စွာပြုတ်ကျသွားပြီး သွေးအပြည့်အန်ထုတ်လိုက်ရသည်။ သူကအလွန်ထိတ်လန့်သွားလေသည်။ သူကလည်း အခြေအနေကို နားမလည်နိင်တော့ပေ။
“ဘာလို့ဖန်းယွန်က ဒီလောက်အထိ အင်အားကြီးနေတာလဲ”
“အရှင် ကျွန်တော်သူ့ကိုကိုင်တွယ်ရမဲ့ နည်းလမ်းကိုသိတယ်”
ရုတ်တရက် အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က ပြောသည်။
“ညရဲ့အရှင်”
ထိုလူကိုမြင်ချိန်တွင် ရွှီရှန်းထျန်းက တုန်ယင်သွားသည်။ ထိုလူက နှိပ်စက်ရာတွင် အလွန်ကျော်ကြားပြီး အလွန်ကောက်ကျစ်ကာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်လွန်အဆင့်ဖြစ်သည်။
ထိုလူ၏ လက်ထဲသို့သာ ရောက်သွားမည်ဆိုလျှင် အရိုးက မည်မျှမာစေကာမူ သေရန်ပင်တောင်းဆိုရသည်အထိ ခြောက်ခြားသွားရပေလိမ့်မည်။
ရွှီရှန်းထျန်းက ချက်ချင်းလိုလိုတုန်လှုပ်သွားပြီး အော်လိုက်သည်။
“ငါပြောမယ်။ ငါကလျှို့ဝှက်နယ်မြေကနေ အခေါင်းတစ်ခေါင်းကို ထုတ်လာခဲ့တာပါ။ အဲ့ဒီအခေါင်းက ငါ့ရဲ့အဆောင်ထဲမှာ ရှိပါတယ်”
…
ထိုက်ရိဂိုဏ်း ရွှီရှန်းထျန်း၏အဆောင်တော်…
ထိုနေရာတွင် ရွှီရှန်းထျန်းက ရက်သတ္တပတ်တိုင်း နေလေသည်။ ထိုနေရာက အလွန်ခမ်းနားပြီး အစေခံပေါင်းများစွာ ရှိလေသည်။
ထိုနေရာကို နေ့ရောညပါစောင့်ကြပ်သူတိုင်းက စိတ်ဝိဉာဉ်အဆင့်များ ဖြစ်နေကြလေသည်။ ရွှီရှန်းထျန်း၏ လက်ထောက်များနှင့် သူ၏အပေါင်းအပါတစ်သိုက်မှ လွဲပြီး မည်သူကမှ ခွင့်ပြုချက်မရှိဘဲ မဝင်ရချေ။ ဝင်လျှင် အသတ်ခံရမည်ဖြစ်သည်။
ထိုအဆောင်တော်၏ အနောက်ဖက်ခြံဝန်းထဲတွင် ကျန်းရီကျင်းက သူမရှေ့တွင်ရှိသော အခေါင်းကိုကြည့်နေသည်။ အခေါင်း၏ရှေ့တွင် တပည့်ဂိုဏ်းသားတစ်ယောက်၏ အလောင်းက ရှိနေသည်။ ထိုအလောင်းက ရွှီရှန်းထျန်း၏ လက်ထောက်တစ်ယောက်ဖြစ်သည်။ သူက သတိမေ့အောင် အရိုက်ခံရပြီး မြေပြင်တွင် တုံးလုံးလှဲခံလိုက်ရသည်။
အခေါင်းထဲမှ အနက်ရောင်အငွေ့များထွက်လာကာ ထိုအလောင်းထဲသို့ ဝင်သွားသည်။ နှစ်ခုက ပေါင်းစပ်ပြီးနောက်တွင် ရုတ်တရက် မျက်လုံးကို ဖွင့်လာသည်။
“ဒီခန္ဓာကိုယ်က မကောင်းဘူး ငါအစက အဲ့ဒီရွှီရှန်းထျန်းဆိုတဲ့ကောင်ရဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာ။ ဒါပေမဲ့ ယို့မင်က သူ့ကို ရှာတွေ့သွားပြီ”
ထိုတပည့်ဂိုဏ်းသားက သူမကိုသြရှသောလေသံဖြင့်ပြောသည်။
သူကလုယွီလိုက်ရှာနေသည့် အခြားသောရှေးဟောင်းနတ်ဆိုးခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူ့ကိုကောင်းကင်နတ်ဆိုးဘိုးဘေးဟု ခေါ်သည်။
အတိတ်ကဆိုလျှင် ရှေးဟောင်းနတ်ဆိုးများထဲတွင် သူကဒုက္ခအပေးဆုံးဖြစ်သည်။
“ခန္ဓာကိုယ်ကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်”
ကျန်းရိကျင်းကပြောသည်။ ရွှီရှန်းထျန်းပင် သတိမထားမိခင် ကျန်းရီကျင်းက ကောင်းကင်နတ်ဆိုးဘိုးဘေးနှင့် ပူးပေါင်းခဲ့ပြီးဖြစ်သည်။
ကောင်းကင်နတ်ဆိုးဘိုးဘေးက ကျန်းရီကျင်း၏ မေးစေ့ကို ပွတ်သတ်လိုက်ပြီးနောက် ပြုံးလိုက်ကာ ပြောသည်။
“အခုကစပြီး မင်းက တိရှားအသစ်ပဲ”
သူ၏လက်တစ်ဖက်ယမ်းပြီးနောက်တွင် အနက်ရောင်သွေးမျိုးစေ့တစ်ခုက ကျန်းရီကျင်း၏ကိုယ်ထဲသို့ ဝင်သွားသည်။
သူမ၏မျက်ခုံးအောက်တွင် ပန်းတစ်ပွင့်ပုံ ထွက်ပေါ်လာလေသည်။ သူမက မျက်တောင်တစ်ဖျက်ဖျက်ခတ်လိုက်သောအခါ အနီရောင်အရှိန်အဝါများက ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးတွင်ရှိသော အရှိန်အဝါက ပြောင်းလဲသွားသည်။ ကျန်းရီကျင်းက အလွန်အံ့သြသွားသည်။
“ကျွန်မက စ်တ်ဝိဥာဥ် အဆင့်ကိုရောက်သွားပြီပဲ”
“ဒါကစိတ်ဝိဉာဉ်အဆင့်ပါပဲ နောက်ပိုင်းမှာ ဒီထက်ပိုပြီး အံ့သြစရာကောင်းလာလိမ့်မယ်”
ကောင်းကင်နတ်ဆိုးဘိုးဘေးက အဝေးသို့တစ်ချက်ကြည့်ပြီးနောက် ကျန်းရီကျင်းကို ဖမ်းကိုင်လိုက်ကာပြောသည်။
“ငါတို့ဒီနေရာမှာ ဆက်နေလို့မရဘူး သွားကြစို့”
ထိုနှစ်ယောက်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ သူတို့ပျောက်ကွယ်သွားပြီးပြီးချင်းမှာတင် ထိုအဆောက်အဦးတစ်ခုလုံးက လုယွီ၏ ကိုင်ပေါက်ခြင်းကိုခံလိုက်ရသည်။
သူက အနောက်ဘက်ခြံဝင်းသို့ရောက်လာခဲ့ချိန်တွင် ရှေးဟောင်းမှော်စွမ်းအင်များကို ခံစားလိုက်မိသည်။
“ယင်ရှန်းရဲ့အခေါင်းပဲ”
လုရီ၏မျက်နှာကအေးစက်သွားသည်။ ထိုနေရာတွင် သုံးထားသော ရှေးဟောင်းစွမ်းအားများက အလွန်အားနည်းနေသော နတ်ဆိုးများကိုပင် စိတ်ဝိဉာဉ်စွမ်းအားများဖြင့် ပြန်ဖြည့်ပေးနိုင်စွမ်းရှိနေလေသည်။
ထိုနေရာတွင် ကျန်ရစ်နေသေးသော အရှိန်အဝါများအရ ကောင်းကင်နတ်ဆိုးဘိုးဘေးက ဒီနေရာတွင် နေထိုင်ခဲ့ခြင်းဖြစ်လောက်သည်။
“ဟမ့် မင်းဘယ်မှာ ပုန်းမလဲ ငါကြည့်မယ်”
လုယွီက ကောင်းကင်သို့ ခြေလှမ်းတက်ပြီးသည်နှင့် နေရာမှ ချက်ချင်းလိုလို ပျောက်ကွယ်သွားကာ ကောင်းကင်ကို ဖြန့်ကျက်ရှာဖွေလေတော့သည်။ ရုတ်တရက်သူ၏အကြည့်က
အဝေးတစ်နေရာရှိ တောင်တန်းများထံသို့ရောက်သွားသည်။
သူကချက်ချင်းလိုလို ထိုနေရာသို့ရောက်သွားလေသည်။
“ငါတို့ထပ်တွေ့ဦးမှာပါ”
ကောင်းကင်နတ်ဆိုးဘိုးဘေးက တစ်ချက်လှည့်ကြည့်ကာ လုယွီကို ပြုံးပြပြီး နောက်တွင် နေရာရွှေ့ပြောင်းအခင်းအကျင်းထဲသို့ ဝင်ရောက်သွားသည်။ လုယွီက အေးစက်စွာနှာခေါင်းရှုံ့သည်။
“မင်းက လွတ်မယ်ထင်နေတာလား “
သူကလက်ကိုဆန့်တန်းကာ လေထဲသို့ ဖမ်းဆုပ်ဟန်လုပ်လိုက်ချိန်တွင် ပြင်းထန်သည့်အရှိန်အဝါတစ်ခုက ပျံ့လွင့်လာသည်။ ထို့နောက်သူ၏အသံကလည်းကပ်ပါလာသည်။
“မိုးကြိုးအပြစ်ဒဏ်”
ခြိမ်း
ပြင်းထန်သည့်ပေါက်ကွဲသံနှင့်အတူ ကောင်းကင်မှမိုးကြိုးက ပစ်ခတ်လာသည်။ ကောင်းကင်မှ စွမ်းအားများက လျှို့ဝှက်ဆန်းကျယ်သည့်အရှိန်အဝါတစ်ခုကို လွှမ်းခြုံလာပြီး နေရာရွှေ့ပြောင်းဝင်္ကပါအခင်းအကျင်းက ပေါက်ကွဲသွားသည်။ အတွင်းမှ ကောင်းကင်နတ်ဆိုးဘိုးဘေး၏ ဒေါသတကြီးအော်ဟစ်သံက ထွက်ပေါ်လာသေးလေသည်။
မိုးကြိုးက ဆက်တိုက်ဆင်းသက်လာပြီး ကိုးကြိမ်ကြာသွားချိန်မှ အရာအားလုံးက ပျောက်ကွယ်သွားသည်။ နေရာရွှေ့ပြောင်းဝင်္ကပါအခင်းအကျင်းရှိရာ နေရာတွင်လည်း မည်သည့်အရိပ်အယောင်ကိုမျှ မမြင်ရတော့ဘဲ တွင်းပေါက်ကြီးသာရှိနေတော့လေသည်။
သို့သော် ကောင်းကင်နတ်ဆိုးဘိုးဘေးနှင့် ကျန်းရိကျင်းတို့ကမူ ပျောက်ကွယ်သွားလေသည်။
‘ထွက်သွားတာလား’
လုယွီ၏မျက်နှာက မဲမှောင်သွားသည်။ သူကတစ်ချက်ကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် ရေခဲနယ်မြေတွင် နတ်ဆိုးဘိုးဘေးများ၏ အရှိန်အဝါကို မခံစားရတော့ချေ။ ဒီနယ်မြေမှ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားလေသည်။
လုယွီက နတ်ဘုရားအသိစိတ်ကို ပြန်လည်သိမ်းလိုက်ချိန်တွင် ပတ်ဝန်းကျင်မှ အကြီးအကဲများက သူ့ကိုအံ့အားတကြီးကြည့်နေကြောင်း မြင်လိုက်ရလေသည်။ ထိုကဲ့သို့သောအဖြစ်အပျက်မျိုးက မည်သူမှမကြားခဲ့ဖူးသော ကိစ္စမျိုးဖြစ်နေလေသည်။
သို့သော် လုယွီက မည်သူ့ကိုမှ အာရုံမစိုက်ချေ။ သူ၏ရင်ကို လေးလံနေသည်။ အခွင့်အရေးက လွဲချော်သွားလေပြီ
ရှေးဟောင်းနတ်ဆိုးဘိုးဘေးများက အလွန်ကောက်ကျစ်ယုတ်မာသူများဖြစ်ကြသည်။ တိရှားဘိုးဘေးက သေသွားကတည်းက ထိုကောင်းကင်ဘိုးဘေးတို့က အလွန်သတိထားနေမည်မှာ သေချာနေပေသည်။
“ဒီနေရာက လေထုက ထူးဆန်းတယ်”
လုထျန်းကန်းက တစ်စုံတစ်ရာကို သတိထားမိသွားသည်။ အနောက်ဘက်ခြံဝန်းမှ သွေးညှီနံ့များ ပြည့်နှက်နေလေသည်။ သိပ်မကြာခင်ချိန်တွင် သူတို့က အထဲသို့ဝင်သွားချိန်တွင် တပည့်ဂိုဏ်းသားများ၏ အလောင်းများကို မြင်လိုက်၇သည်။
လုယွီက စစ်ကြည့်ပြီးနောက် ပြောလိုက်သည်။
“အားလုံး စတေးခံထားရတာပဲ”
အားလုံး၏ခန္ဓာကိုယ်မှ နှလုံးသားများပျောက်ဆုံးနေသည့်အပြင် သွေးအများစုကလည်း ဆုံးရှုံးနေသည်။ သူတို့၏ စိတ်ဝိဉာဉ်ကပင် ဖျက်ဆီးခံထားရသည်။ ထိုတပည့်ဂိုဏ်းသားများကို အခေါင်းထဲမှ နတ်ဆိုးအလောင်းအတွက် စတေးခဲ့ခြင်း ဖြစ်လောက်သည်။
ဟယ်ရွှမ်ကျီးနှင့် အခြားသောအကြီးအကဲများအားလုံးကလည်း ရောက်လာကြပြီး ထိုမြင်ကွင်းကို မြင်သွားကြသည်။
“ဒါကချင်းယွီတောင်ထိပ်က ဂိတ်စောင့်ပဲ ငါသူ့ကိုမှတ်မိတယ်။ အစတုန်းက သူကငါတို့တောင်ထိပ်ကို ဝင်ချင်နေခဲ့တာ။ ငါကသဘောမတူခဲ့ဘူး။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ သူကဒီနေရာမှာ သေသွားခဲ့ပြီ”
အကြီးအကဲတစ်ယောက်က အလောင်းများထဲမှ တစ်ခုကို ညွှန်ပြကာပြောသည်။
မည်သို့ပင်ဆိုစေ ထိုက်ရိဂိုဏ်းမှ တပည့်ဂိုဏ်းသားများအားလုံးက သူတို့ဂိုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သည်။ ထို့အပြင် မကောင်းသောရည်ရွယ်ချက်များေကြာင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ထျန်းအာ ထျန်းအာဘယ်လိုဖြစ်ပြီး ဒီနေရာမှာ သေနေတာလဲ”
ရုတ်တရက် အတွင်းစည်းအကြီးအကဲတစ်ယောက်က အော်ဟစ်ကာ အလောင်းတစ်လောင်းထံ ပြေးဝင်သွားသည်။ တခြားသောအကြီးအကဲများကမူ စိတ်လေးလံသွားကြသည်။
“ဒါကထျန်းရှန်းအကြီးအကဲပဲ သူကသူ့သားကိုအရမ်းချစ်တာ။ မမျှော်လင့်ထားဘဲ သူ့သားက ဂိုဏ်းကလူအချင်းချင်းသတ်လို့ သေသွားခဲ့ရပြီ”
အကြီးအကဲများက သက်ပြင်းချကြသည်။ သူတို့၏ကိုယ်ပိုင်တပည့်ဂိုဏ်းသားများနှင့် သားသမီးများက ဂိုဏ်းအတွင်းရှိ အတွင်းလူတစ်ယောက်ကြောင့် သေဆုံးသွားခဲ့ခြင်းက ရင်နာစရာကောင်းနေသည်။ ထျန်းရှန်းအကြီးအကဲက အော်ဟစ်လိုက်သည်။
“ရွှီရွှမ်းထျန်း ငါမင်းကိုသတ်မယ်”
ဝုန်း
သူ၏ခန္ဓာကိုယ်မှ ထွက်လာသည့်အရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ အစောင့်များနှင့် အဆောက်အဦးများအားလုံးက လွင့်ထွက်သွားကြသည်။ ရွှီရွှမ်းထျန်း၏မျက်နှာက ဖြူဖျော့သွားပြီး ကြောက်လန့်သွားသည်။ အရာအားလုံးက သူ မျှော်လင့်ထားခြင်းမှ လွဲချော်သွားခဲ့သည်။
အပိုင်း ၁၂၇၄
သူကတော်ဝင်ဘိုးဘေးကို နောက်ဆုံးအသက်ကယ်တင်ရှင်အဖြစ် စောင့်ဆိုင်းနေခဲ့သော်လည်း ထိုတော်ဝင်ဘိုးဘေးက အရေးကြီးဆုံးအချိန်တွင် ထွက်ပြေးသွားခဲ့သည်။
“ဆရာ ကျွန်တော့်ကိုကယ်ပါ”
လေပြင်းများဖြတ်တိုက်သွားပြီးနောက်တွင် ရွှီရွှမ်းထျန်းက ငယ်သံပါအောင် အော်ဟစ်လိုက်တော့သည်။
ဟယ်ရွှမ်ကျီးက သက်ပြင်းချကာ ရှေ့တက်လာသည်။ သူက ချန်ခွန်းအကြီးအကဲ၏ရှေ့တွင် ပိတ်ရပ်ကာ ပြောလိုက်သည်။
“ခဏလောက်နေပါဦး”
ချန်ခွန်းအကြီးအကဲက ဒေါသထွက်နေသည်။ ထျန်းရှန်းအကြီးအကဲကလည်း အလားတူသာလျှင်ဖြစ်သည်။
“ဟယ်ရွှမ်ကျီး ဒီမျိုးမစစ်ကောင်က ငါ့ရဲ့သားကိုသတ်သွားတယ်။ ဒါတောင်မှ မင်းကသူ့ကိုကာကွယ်ချင်နေသေးတာလား”
သူကလည်းအဆင့်လွန်နယ်မြေမှ စွမ်းအားကြီးမားသူတစ်ယောက်ဖြစ်သည်။ ဟယ်ရွှမ်ကျီးကပင် ပြင်းထန်သည့် ဖိအားကိုခံစားရလေသည်။ ဟယ်ရွှမ်ကျီးက မဲမှောင်သောလသံဖြင့် ပြောသည်။
“ဒီကိစ္စတွေကို အရင်ဆုံးရှင်းလင်းအောင်လုပ်သင့်တယ်။ ဒီမှာဘာသက်သေမှ မရှိတာ။ သူ လုပ်တယ်လို့ မပြောနိုင်ပါဘူး”
“သေတဲ့သူက သူ့ရဲ့အိမ်မှာသေသွားတာ။ ဒီထက်ပိုပြီး လုံလောက်တဲ့သက်သေရှိရဦးမှာလား”
ထျန်းရှန်းအကြီးအကဲက အလွန်ဒေါသထွက်နေသည်။
ဟယ်ရွှမ်ကျီးက အသက်ပြင်းပြင်းရှူကာ ရွှီရွှမ်းထျန်းကိုပြောလိုက်သည်။
“ထျန်းအာ အမှန်အတိုင်းပြောလိုက် ဘာတွေဖြစ်ခဲ့တာလဲ”
“မဟုတ်ဘူး ကျွန်တော်က မလုပ်ခဲ့ဘူး ဒါတွေအားလုံးကို ကျွန်တော့်ရဲ့နောက်ကွယ်မှာ ကျန်းရီကျင်းက လုပ်ခဲ့တာ”
ရွှီရွှမ်းထျန်းက အော်သည်။
“တွေ့လား ထျန်းအာက သူမလုပ်ခဲ့ဘူးလို့ပြောနေတယ်။ သူမလုပ်ခဲ့တာကို မင်းတို့အတင်း အပြစ်မတင်ကြပါနဲ့”
ထိုစကားများကိုကြားသောအခါ ထျန်းရှန်းအကြီးအကဲက မျက်နှာပျက်သွားသည်။ ထိုအချိန်တွင် ရွှီရွှမ်းထျန်း၏ လက်ထောက်တစ်ယောက်က ရှေ့တက်လာကာပြောသည်။
“သူတို့ကိုရွှီရွှမ်းထျန်းက သတ်ခဲ့တာမဟုတ်ပါဘူး”
ထိုစကားကိုကြားသောအခါ ရွှီရွှမ်းထျန်းကပျော်သွားသည်။ သူကပြောသည်။
“ကျွန်တော်က ဘာပြောနိုင်ဦးမှာလဲ။ ကျွန်တော်ကမှားခဲ့တာပါ။ ဒီအိမ်က ကျွန်တော့်ရဲ့အိမ်ဆိုပေမဲ့ ကျွန်တော်ဒီမှာ မနေခဲ့ပါဘူး”
ပြောရလျှင် ထိုအနောက်ဘက်ခြံဝန်းကို နတ်ဆိုးဘိုးဘေးအတွက် ပေးထားခဲ့ခြင်းဖြစ်သည်။ ရွှီရွှမ်းထျန်းက အခြားသော အဆောင်တစ်ခုတွင်သာ နေထိုင်သည်။
“ဒါပေမဲ့ သူက အမိန့်ပေးခဲ့တယ်”
ထိုလက်ထောက်က ဆက်ပြောသည်။
“ရွှီရွှမ်းထျန်းက လူတွေကို ခိုင်းစေခဲ့တယ်။ ဒီလူတွေကို လိမ်ညာလှည့်စားပြီး ဒီထဲကိုဝင်လာစေခဲ့တဲ့အပြင် လက်အောက်ငယ်သားတွေကိုပြောပြီး သတ်ခိုင်းခဲ့တာပါ”
“ဟုတ်တယ် ကျွန်တော်လည်း သက်သေပြုပေးနိုင်ပါတယ်”
ရွှီရွှမ်းထျန်း၏မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။ သူက နောက်လှည့်ကြည့်ပြီးအော်သည်။
“မင်းတို့က ငါ့ကိုသစ္စာဖောက်တာလား”
အခြားသောလက်ထောက်တစ်ယောက်ကလည်း ရှေ့တက်လာကာ ရွှီရွှမ်းထျန်းကိုလက်ညိုးထိုးပြီး အော်သည်။
“မင်းကအမြဲတမ်း မင်းရဲ့နောက်ခံကိုမှီခိုပြီး ငါတို့ကိုဒုက္ခပေးနေခဲ့တာ။ ငါတို့သည်းခံလာတာ လုံလောက်ပြီ”
ယခင်က ရွှီရွှမ်းထျန်း၏နောက်လိုက်များ အားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြကာ ရွှီရွှမ်းထျန်းကို ပြောဆိုကြသည်။ ရွှီရွှမ်းထျန်းက တော်ဝင်သားတော်ဖြစ်တော့မည်ဟု ကြားသည်နှင့် အလွန်မောက်မာသွားခဲ့ကာ အခြားလူများ သည်းမခံနိုင်အောင်ပင် လွန်ကျူးလာခဲ့သည်။ ထို့ကြောင့် သူတို့အားလုံးက ရွှီရွှမ်းထျန်းကို မုန်းတီးနေကြလေသည်။
“ငါ့သားအတွက် ငါမင်းကိုပြန်သတ်ရမယ်”
ထျန်းရှန်းအကြီးအကဲက အော်ဟစ်လိုက်သည်။ အဆင့်လွန်အဆင့်တစ်ယောက်က သူ့ကိုသတ်ချင်လျှင် သူမည်သို့မျှ လုပ်နိင်တော့မည်မဟုတ်ပေ။ ရွှီရွှမ်းထျန်း၏ မျက်နှာကလည်း ပျက်ယွင်းသွားကာ ဟယ်ရွှမ်ကျီးကို အကူအညီတောင်းသည်။
“ဆရာ ကျွန်တော့်ကိုကယ်ပါ”
ထိုအချိန်ထိ ရွှီရွှမ်းထျန်းက အရာအားလုံးက သူ့ဘက်မှ ရှိနေဦးမည်ဟု ထင်ခဲ့သေးလေသည်။ သို့သော် သူကယခုမူ နောင်တရနေလေပြီ။ သူကအမြဲတစေ သိုသိပ်စွာသာနေခဲ့သင့်သည်။ ထိုအလောင်းများအားလုံးကိုလည်း ကြိုတင်ဖျောက်ဖျက်ခိုင်းသင့်လေသည်။ ယခုမူ အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။
ဟယ်ရွှမ်ကျီးက ရှေ့တက်လာပြီး သူ့ကိုကယ်ဆယ်ချင်သည်။သို့သော် အခြားသောအကြီးအကဲများက ဝိုင်းကာ တားထားလိုက်ကြသည်။
အပိုင်း ၁၂၇၅
“မင်းတို့က ဘာလုပ်တာလဲ လမ်းကဖယ်”
ဟယ်ရွှမ်ကျီးက အော်သည်။
အကြီးအကဲများအားလုံးက သူ့ကိုဝိုင်းတားကြသည်။ တစ်ယောက်ကပြောသည်။
“ရွှီရွှမ်းထျန်းရဲ့အနားက နောက်ပြန်ဆုတ်လိုက် ဒီကောင်က သေရလိမ့်မယ်”
ရွှီရွှမ်းထျန်း၏ နေ့စဉ်အပြုအမူများအားလုံးက လူတိုင်းကို စိတ်ပျက်စေခဲ့သည်။ သို့သော် တော်တန်ရုံဆိုလျင် လျစ်လျူရှုနိုင်လေသည်။ သို့သော် ရွှီရွှမ်းထျန်းက သူတို့၏နောက်ကွယ်တွင် တပည့်ဂိုဏ်းသားများကို သတ်ဖြတ်ခြင်းကမူ လက်မခံနိုင်သည့် အပြုအမူဖြစ်သည်။ မည်သို့ပင်ဆိုစေ အတွင်းဖောက်ပြန်ခြင်းက ပို၍ဆိုးရွားလေသည်။ သူတို့၏ တပည့်ဂိုဏ်းသားများနှင့် သားမြေးများက ရွှီရွှမ်းထျန်း၏လက်တွင်သေဆုံးသွားမည်ကို စိုးရိမ်ကြသည့်အတွက် အားလုံးက ရွှီရွှမ်းထျန်းကို ရှင်းပစ်လိုကြသည်။
ဒီအချိန်တွင် သူ့အားတားလာသူ မရှိတော့ချေ။ ထျန်းရှန်းအကြီးအကဲက မဲမှောင်စွာဖြင့် ရွှီရွှမ်းထျန်း၏ရှေ့သို့ ချက်ချင်းရောက်သွားသည်။
“အနားကပ်မလာနဲ့ အနားကပ်မလာနဲ့”
ရွှီရွှမ်းထျန်းက အသားကုန်အော်ဟစ်ကာ ထွက်ပြေးရန်ကြံစည်သည်။
“ငါ့ရဲ့အရှေ့မှာ မင်းက ပြေးလွတ်မှာလား”
ထျန်းရှန်းအကြီးအကဲက လေထုထဲ လက်ဖမ်းဆုပ်ဟန် လုပ်လိုက်သည်နှင့် ရွှီရှန်းထျန်းက ဖမ်းချုပ်ခံရသည်။ မှော်စွမ်းအားများက လက်မောင်းကြီးများအဖြစ် ပြောင်းလဲကာ ရွှီရှန်းထျန်း၏ ခြေမျက်စိကို ဖမ်းကိုင်လိုက်ခြင်းဖြစ်သည်။ ရွှီရှန်းထျန်းက လေထဲတွင် ပြောင်းပြန် တွဲလောင်းအဆွဲခံရချိန်တွင် သူ၏အတွင်းအားများအားလုံးကလည်း ပေါက်ထွက်လာသည်ဟု ခံစားလိုက်ရသည်။
“အသုံးမဝင်ဘူး”
ထျန်းရှန်းအကြီးအကဲက ရွှီရွှမ်းထျန်းကို တိုက်ရိုက်တရွတ်တိုက်ဆွဲပြီးနောက် ချန်ခွန်အကြီးအကဲထံ ပို့ပေးလိုက်လေသည်။
ချန်ခွန်းအကြီးအကဲက တစ်ချက်ကြည့်သည်။
“မစိုးရိမ်နဲ့ ငါမင်းရဲ့သွေးတစ်စက်ချင်းစီ ထုတ်ပေးမယ်”
ထို့နောက် ရွှီရွှမ်းထျန်း၏ကိုယ်တွင် ဒဏ်ရာပေါင်းများစွာထွက်ပေါ်လာသည်။ သွေးများကလည်း ဆက်တိုက်စီးထွက်နေတော့သည်။ ရွှီရွှမ်းထျန်းက ငယ်သံပါအောင် အော်ဟစ်နေသည်။
ရုတ်တရက် သူ၏အသံက ရပ်တန့်သွားပြိး သူ၏မျက်နှာတွင် ထိတ်လန့်မှုက ကြီးဆိုးလာတော့သည်။
“သေရမှာကြောက်တယ်ပေါ့ဟမ်”
မဲမှောင်သောမျက်နှာထားနှင့် အကြီးအကဲက ရွှီရွှမ်းထျန်း၏လည်ကိုချိုးလိုက်ကာ စိတ်ဝိဉာဉ်ကို ရှင်းပစ်လိုက်တော့လေသည်။
ရွှီရွှမ်းထျန်းကသေဆုံးသွားသည်နှင့် တပည့်ဂိုဏ်းသားများက စိတ်အေးသွားကြသည်။ သူတို့၏ခေါင်းပေါ်မှ ကျောက်တုံးကြီးက ပျောက်ကွယ်သွားသလို ခံစားလိုက်ကြရလေသည်။
“ငါတို့ရဲ့အနာဂတ်ကတော့ သန့်သွားပြီ”
“ထိုက်ရိဂိုဏ်းရဲ့အနာဂတ်က ဒီလိုလူတွေလက်ထဲကိုသာ ထည့်လိုက်ရင် ဒုက္ခရောက်သွားမှာပဲ”
ထျန်းရှန်းအကြီးအကဲက ဟယ်ရွှမ်ကျီးကို လက်ညိုးထိုးသည်။
“ဒါ့အပြင် မင်းဘာလုပ်ခဲ့သလဲဆိုတာ ငါတို့အားလုံးမြင်နိုင်တယ်။ ဂိုဏ်းအကျိုးအတွက် စဉ်းစားရမဲ့အစား မင်းကမင်းရဲ့ကိုယ်ပိုင်တပည့်ကိုပဲ ဂရုစိုက်နေခဲ့တယ်”
“ရွှီရွှမ်းထျန်းက ကလန်မှာ နှစ်ပေါင်းများစွာ ဒီလိုနေထိုင်ခဲ့တာ။မင်းက မျက်ကွယ်ပြုထားတယ်”
“ဒီလိုအခြေအနေမျိုးမှာတောင်မှ မင်းကသူ့ကို တပည့်ရာထူးကိုပေးဖို့ ပျိုးထောင်ပေးနေခဲ့သေးတယ်။ ထိုက်ရိဂိုဏ်းက တပည့်ဂိုဏ်းသားတွေက တိုးတက်မှုမရှိတာမဟုတ်ဘဲ ခေါင်းဆောင်ကကို အသုံးမကျဖြစ်နေတာ။ ဒီအတိုင်းဆိုရင် ငါတို့အားလုံး အဆုံးသတ်သွားလိမ့်မယ်”
ဟယ်ရွှမ်ကျီးက အော်သည်။
“ငါက ဂိုဏ်းအတွက်ပဲလုပ်ခဲ့တာ ရွှီရွှမ်းထျန်းကသာ အင်အားကြီးလာရင် အနာဂတ်မှာ ဂိုဏ်းကိုပဲ အကျိုးပြုမှာပဲ”
“ဟားဟား သူကအင်အားကြီးသွားရင် မင်းကိုတောင်ဆရာအဖြစ် မှတ်မိမယ်လို့ထင်လား သူ့စရိုက်ကို မသိဘူးလား”
“သူက ရွှီမိသားစုရဲ့အထောက်အပံ့ကိုရဖို့အတွက် အမေကိုစွန့်ပစ်ပြီး ဂိုဏ်းထဲကိုဝင်လာခဲ့တယ်။ သူ့အမေသေသွားတာကိုတောင် ဂရုစိုက်ခဲ့တာမဟုတ်ဘူး ရွှီရွှမ်းထျန်းက အပြင်စည်းဂိုဏ်းထဲကို ဝင်လာခဲ့တဲ့အချိန်တုန်းက ပထမအဆင့်အကြီးအကဲက သူ့ကိုကယ်ဖို့အတွက် လက်မောင်းတွေကျိုးသွားခဲ့တယ်။ ဒါပေမဲ့ ရွှီရွှမ်းထျန်း ထောင်ကျစ်ဖြစ်လာတဲ့အချိန်မှာ အဲ့ဒီဆရာသခင်က သူ့ကိုစကားအနည်းငယ် ပုန်ကန်သလိုပြောမိတာနဲ့ ဂိုဏ်းကနေ နှင်ထုတ်လိုက်တာပဲ မဟုတ်ဘူးလား”
“ဒီလိုကောင်မျိုးက မင်းကိုဆရာအဖြစ် မှတ်မိမယ်လို့ထင်လား”
ဟယ်ရွှမ်ကျီးက ခေါင်းမော့ကာပြောသည်။
“ဒါတွေအားလုံးက မင်းတို့တွေ ထျန်းအာအကြောင်းမသိလို့ပါ”
ထိုအချိန်ထိ သူကသူ၏တပည့်ကိုသာ ယုံကြည်ချင်နေသေးသည်။ ထျန်းရှန်းအကြီးအကဲက သက်ပြင်းချသည်။
“မင်းက တကယ်ကို မျှော်လင့်ချက်မရှိတော့ဘူး”
ထို့နောက် ချန်ခွန်းအကြီးအကဲက လုယွီကိုကြည့်လိုက်သည်။
“ထိုက်ရိဂိုဏ်းက ခေါင်းဆောင်အပြောင်းအလဲလုပ်ချင်ပါတယ်။ ကျေးဇူးပြုပြီးအရှင်ကပဲ သတ်မှတ်ပေးပါ”
ဟယ်ရွှမ်ကျီးက ဒေါသတကြီးပြောသည်။
“မင်း ရူးနေလား ငါကခေါင်းဆောင်ပဲ ဒါတောင်မှ သစ္စာဖောက်ကို ဆုံးဖြတ်ခိုင်းမလို့လား”
အကြီးအကဲများအားလုံးက သူ့ကိုလျစ်လျူရှုထားသည်။ အရှင်သခင်က ရေခဲနယ်မြေတစ်ခုလုံး၏အရှင်သခင်ဖြစ်သည်။ ထို့အပြင် ဟယ်ရွှမ်ကျီး၏အမျိုးမျိုးသော လုပ်ဆောင်မှုများအားလုံးက အကြီးအကဲများကို သူ့ကိုစိတ်ပျက်စေခဲ့သည်။