← Chapters

အခန်း (၁၂၇၆-၁၂၈၀)

Vol. 67 Ch. 1276-1280

အခန်း (၁၂၇၆-၁၂၈၀)

Vol. 67 Ch. 1276-1280

အပိုင်း ၁၂၇၆

လုယွီက ဟယ်ရွှမ်ကျီးကိုကြည့်ကာ ပြုံးလိုက်သည်။

“ဟယ်ရွှမ်ကျီးကတော့ ဆက်ပြီး ခေါင်းဆောင် ဖြစ်လို့မရတော့ဘူး”

“ခေါင်းဆောင်အသစ်အတွက်ကတော့ အတွင်းစည်းဂိုဏ်းက အကြီးအကဲတွေပဲ ရွေးချယ်လိုက်ကြပါ။ ရွေးချယ်ပြီးသွားရင် ငါ့ကိုအကြောင်းကြားလိုက်”

အကြီးအကဲများအားလုံးက ဦးညွှတ်ဂါဝရပြုကြသည်။

“အမိန့်ကိုနာခံပါတယ်”

“ပေါက်ကရတွေ ငါကဂိုဏ်းခေါင်းဆောင်ပဲ မင်းတို့က ဒီလိုဆုံးဖြတ်နိုင်မှာလား”

ဟယ်ရွှမ်ကျီး၏မျက်နှာက နီရဲလာသည်။ ဟယ်ရွှမ်ကျီးအတွက် သူ့ကိုနေရာမှဖယ်ရှားမည်ဆိုသည့်စကားက သံသယဝင်ရန်မလိုလောက်အောင် မျက်နှာပျက်ရခြင်းဖြစ်သည်။

ချန်ခွန်းအကြီးအကဲက နှာခေါင်းရှုံ့သည်။

“မင်းပါးစပ်ပိတ်နေလိုက်တာ ကောင်းမယ်ထင်တယ်။ အရှင်သခင်ရဲ့စကားထဲမှာ သံသယဝင်စရာအချက်တစ်ချက်မှကို မရှိဘူး။ မင်းရိုးရိုးသားသားနေတာကောင်းမယ်။ ဒီလိုဆိုရင် အနာဂတ်မှာ အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်နိုင်သေးတယ်”

ဟယ်ရွှမ်ကျီးက တုန်ယင်စွာဖြင့် ချန်ခွန်းအကြီးအကဲက လက်ညိုးထိုးကာပြောသည်။

“မင်းတို့အားလုံးက သစ္စာဖောက်တွေပဲ သိပ်မကြာခင်မှာ ငါတို့ ထိုက်ရိဂိုဏ်းက ပျက်စီးသွားလိမ့်မယ်”

ထို့နောက်သူက လုယွီကိုလှည့်ကြည့်ကာ ခက်ထန်သောလေသံဖြင့်ပြောသည်။

“သားရိုင်းကောင် ငါမင်းကိုသတ်မယ်”

“ရိုင်းလိုက်တာ”

လုထျန်းကန်းက မတ်တပ်ထရပ်ပြီး တားဆီးလိုသည်။ သို့သော် လုယွီက တားလိုက်သည်။

“ကိစ္စမရှိဘူး”

လုယွီ၏မျက်နှာက တည်ငြိမ်နေသည်။ သူကဟယ်ရွှမ်ကျီး၏ရှေ့သို့ တစ်လှမ်းချင်းတိုးလာလေသည်။ ဟယ်ရွှမ်ကျီး၏ အလွန်ပြင်းထန်သည့် အဆင့်လွန်အဆင့် စွမ်းအားများက ထွက်ပေါ်လာကာ လုယွီထံသို့ တိုးဝင်လာသည်။ သူ၏တစ်ကိုယ်လုံးမှ အတွင်းအားများက ဓားကြီးတစ်လက်အဖြစ် သိပ်သည်းလာကာ အလွန်ပြင်းထန်သောစွမ်းအားများကို ထုတ်ဖော်လာပြီး လုယွီကို တိုက်ခိုက်လာတော့သည်။

ထိုဓားက ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အုတ်ကျိုးအပိုင်းအစများအားလုံးက လွင့်စင်ကုန်သည်။

ဟယ်ရွှမ်ကျီးက ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်အလျောက် သူက အဆင့်လွန်နှောင်းပိုင်းအဆင့်တွင်လည်း ရှိနေသေးလေသည်။ သူသည်လည်း အင်အားကြီးမားသည်။

“ဒါက ဖန်းယွန်ကို သတ်နိုင်လောက်တယ်”

အခြားသောအကြီးအကဲများက ကြောက်လန့်သွားကြသည်။ သို့သော် လုယွီ၏ဘက်မှ အဆင့်လွန်အဆင့်များကမူ မည်သူကမှ မကူညီကြချေ။ သူတို့အားလုံးက ယုံကြည်မှုရှိနေကြသည်။

ဝုန်း

ရုတ်တရက် ခပ်အုတ်အုတ်အသံထွက်ပေါ်လာသည်။ လူတိုင်းက အလျှင်စလိုကြည့်လိုက်ကြချိန်တွင် လုယွီက လက်မြောက်လျက် ထိုဓားကို အသာအယာတားဆီးလိုက်ကြောင်း မြင်လိုက်ရလေသည်။ ထိုဓားချီက လေထဲတွင်ပေါက်ထွက်သွားပြီး ပြင်းထန်သည့်စွမ်းအားက အပိုင်းပိုင်း အစစဖြစ်ကာ ပျောက်ကွယ်သွားသည်။

“မင်းသာလုံလောက်အောင်သန်မာနေရင် မင်းကို ဂိုဏ်းခေါင်းဆောင်ပြန်လုပ်ခိုင်းဖို့ ငါစဉ်းစားမိလောက်တယ်။ ဒါပေမဲ့ နှမြောစရာပဲ”

“မင်းရဲ့ဓားစိတ်ဝိဉာဉ်က စွမ်းအားကြီးတာမှန်ပေမဲ့ လုံလောက်တဲ့ သတ်ဖြတ်နိုင်စွမ်းအားမရှိဘူး။ မင်းကြည့်ရတာ မတိုက်ခိုက်ပဲနေတာကြာလောက်ပြီ”

အပိုင်း ၁၂၇၇

လုယွီ၏စကားက မိုးခြိမ်းသံကဲ့သို့ ဟယ်ရွှမ်ကျီး၏ရင်ကို ရိုက်ခတ်သွားသည်။ ဒီနှစ်များအတွင်း သူကအလွန်ငြိမ်းချမ်းစွာနေထိုင်ခဲ့ရသည်။ သူကထိုက်ရိဂိုဏ်းမှ အရှင်သခင်ဖြစ်သည့်အလျောက် မည်သူကမှလည်း သူ့ကို ရန်မစခဲ့ကြပေ။ထို့အပြင် အချင်းချင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့၏နောက်ကွယ်တွင် ဂိုဏ်းကြီးရှိနေသည့်အတွက် မည်သူကမှ သူ့အား ရန်မစခဲ့ကြချေ။ ထိုသို့ဖြင့် သူက တဖြည်းဖြည်းချင်း အားနည်းလာခြင်းကို မသိခဲ့ချေ။

“ငါ့ရဲ့ကိစ္စကို မင်းကပြောစရာမလိုပါဘူး”

ဟယ်ရွှမ်ကျီးကဒေါသထွက်လာကာ လှုပ်ရှားရန်ကြံစည်သည်။ လုယွီက နှာခေါင်းရှုံ့လိုက်ပြီးသည်နှင့် လက်ဖြင့်တစ်ချက်ရိုက်ချလိုက်ရာ ပြင်းထန်သည့်မှော်စွမ်းအားက ထိုးထွက်လာသည်။ သူကအဆင့်တူအတွင်းတွင် ပြိုင်ဘက်ကင်းလေသည်။

ဟယ်ရွှမ်ကျီးကအော်ဟစ်ကာ ပြင်းထန်သည့်အားကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“မင်းထပ်သိအောင်ပြောရမယ်။ ငါ့ရဲ့နာမည်က လုယွီ ငါက ရေခဲနယ်မြေရဲ့ အရှင်သခင်ပဲ”

လုယွီက ဟယ်ရွှမ်ကျီးကိုကြည့်လိုက်ချိန်တွင် သူ၏မျက်နှာမှ ရုပ်ရည်က ပြန်လည်ပြောင်းလဲသွားလေသည်။

“ရေခဲနယ်မြေမှာ ခပ်အေးအေးနေခဲ့ရတော့ စည်းမျဉ်းတွေကို မေ့သွားခဲ့တဲ့ပုံပဲ”

ထို့နောက် လုယွီက ဟယ်ရွှမ်ကျီးကို လျစ်လျူရှုပြီးနောက်တွင် ပတ်ဝန်းကျင်မှ အကြီးအကဲများအားလုံးကိုကြည့်လိုက်သည်။

“ရေခဲနယ်မြေက ဒီတစ်ကြိမ်မှာ အပြောင်းအလဲဖြစ်တော့မယ်။ခင်ဗျားတို့အားလုံးက မကြိုးစားရင် ထောင့်တစ်နေရာမှာပဲ ခွေနေရလိမ့်မယ်”

ချန်ခွန်းအကြီးအကဲ၏မျက်နှာအမူအရာက ခါးသက်သွားဟန်ပြောင်းသွားပြီးနောက် ပြောလာသည်။

“ငါတို့က အဆင့်လွန်အဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာ အကန့်အသတ်ကို ရောက်လုနီးပါးဖြစ်နေပါပြီ။ ဒီထပ်ပိုပြီး တိုးတက်အောင် ကျင့်ကြံနိုင်တော့မှာမဟုတ်ဘူး။ အရှင်က နောက်ပိုင်းကောင်းကင်နယ်မြေကိုသွားဖို့ လူရွေးချယ်တဲ့အခါမှပဲ ကျွန်တော်တို့က ဒီအခွင့်အရေးကိုယူပြီး အဆင့်မြင့်တက်နိုင်တဲ့အခွင့်အရေးကိုရရှိမှာပါ”

သူတို့တွင်လည်း ကိုယ်ပိုင်အခက်အခဲရှိသည်။ သူတို့ကလည်း မိုးကြိုးစမ်းသပ်စစ်ဆေးမှုကို မခံယူ မကျော်ဖြတ်နိုင်ချေ။ သို့သော် ကောင်းကင်နယ်မြေသို့သွားသည့်လမ်းတွင်လည်း အခက်အခဲပေါင်းများစွာကို ကြုံတွေ့ရဦးမည်ဖြစ်သည်။ ထိုနေရာတွင် မြုပ်နှံစရာအလောင်းမကျန်ရစ်ပဲ သေဆုံးသွားသည့်ဖြစ်စဉ်မျိုး ဖြစ်နိုင်သေးလေသည်။

ရှင်သန်ကျော်ဖြတ်နိုင်သူများကလည်း သူတို့၏နိမ့်ကျသောနယ်မြေမှ သိုင်းပညာများ၏လိုအပ်ချက်ကြောင့် အောက်ဆုံးအဆင့်သို့သာ ရောက်နိုင်လေသည်။ အချိန်ကြာလာသည့်အခါ ဖျက်ဆီးခံရဦးမည်မှာ သေချာနေလေသည်။

လုယွီက ခေါင်းခါသည်။

“ကျင့်ကြံတယ်ဆိုတာက ကောင်းကင်ကိုတိုက်ခိုက်ဖို့ပဲ။ မတိုက်ခိုက်ရဲဘူးဆိုရင် ဘာလို့သန်မာချင်နေရတာလဲ”

ကောင်းကင်မိုးကြိုးက အန္တရာယ်များသော်လည်း အောင်မြင်သူများလည်း ရှိနေသေးလေသည်။ အောင်မြင်ချင်စိတ်သန်မာမှသာ ကောင်းကင်က အခွင့်အရေးပေးပေလိမ့်မည်။ ဒီတိုင်းထိုင်နေရုံမျှဖြင့် မည်သူကမှ အခွင့်အရေးမရနိုင်ချေ။

လုယွီ၏ယခင်ဘဝတွင်ဆိုလျှင် သူ၏သာမာန်နောက်ခံနှင့် မရေမတွက်နိုင်သော ပါရမီရှင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ထိုအခြေအနေကို ရရှိခဲ့ခြင်းဖြစ်သည်။

“သိုင်းတွေကို ငါပေးနိုင်တယ်။ မင်းတို့ကသာ ငါ့နောက်ကို လိုက်မယ်လို့ဆန္ဒရှိရင် မင်းတို့အားလုံး ကိုယ်ပိုင်သိုင်းတွေကို ပိုင်ဆိုင်ရမှာပဲ”

လုယွီ၏စိတ်ဝိဉာဉ်က အဆင့်လွန်အဆင့်များအားလုံးကိုလွှမ်းခြုံပြီးသည်နှင့် သိုင်းအသီးသီးကို လက်ဆင့်ကမ်းပေးလိုက်သည်။

“ဒါက…”

ထိုအကြီးအကဲများအားလုံးက တအံ့တသြဖြစ်သွားကြသည်။ သူတို့၏စိတ်အတွင်းတွင် သိုင်းများပေါ်လာကြလေသည်။ မည်သူကမှ စကားမဆိုကြတော့ပဲ ထိုသိုင်းများတွင်သာ အာရုံနစ်မြုပ်ထကြတော့လေသည်။

အချိန်အတန်ကြာပြီးသည့်နောက်တွင် ထိုသိုင်းများအားလုံးက သူတို့အတွက် သီးသန့်လုပ်ပေးထားသည့်အလား အလွန်လိုက်ဖက်ညီနေကြောင်း မြင်လိုက်ရလေသည်။ ထို့အပြင် အဆင့်လွန်အဆင့်ကျော်လွန်ပြီးနောက် ဆက်လက်ကျင့်ကြံရမည့် နည်းလမ်းများကိုလည်း ဖော်ပြထားလေရာ အလွန်အဖိုးတန်လေသည်။

ထိုအဖွဲ့က ဒီအဆင့်တွင်တစ်နေကြသည်မှာလည်း နောက်ဆက်တွဲကျင့်ကြံရမည့်သိုင်းများကို မပိုင်ဆိုင်၍ဖြစ်သည်။ ယခုအခါ အားလုံးတွင် မျှော်လင့်ချက် ရှိလာလေပြီ။

“အရှင် အရှင်က ဒီလောကကို စုစည်းချင်တာပါလား”

လုထျန်းကန်း၏မျက်နှာက စိတ်လှုပ်ရှားလာသည်။

လုယွီတွင်ကောင်းကင်နယ်မြေသိုင်းများ ရှိနေခြင်းကတင် အင်အားစုကြီးကို တည်ထောင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

လုယွီက ခေါင်းခါသည်။ သူကကောင်းကင်သို့ လက်ညိုးထိုးပြီးပြောသည်။

“ဒီနေရာက အနိမ့်စား အစွန်အဖျားနယ်မြေတစ်ခုပဲ မလုံလောက်သေးဘူး။ ကောင်းကင်နယ်မြေကို တက်ရောက်မှပဲ မင်းတို့တွေဘယ်လောက်အားနည်းလဲ သိရလိမ့်မယ်”

…

ထိုက်ရိဂိုဏ်းမှ လုယွီက တစ်ယောက်ထဲ ထွက်သွားခဲ့သည်။ အဆင့်လွန်အဆင့်များကိုမူ လုယွီက နေရာအသီးသီးသို့ပြန်ခိုင်းလိုက်ပြီး ကျင့်ကြံခိုင်းလိုက်သည်။ သူက ထိုလူများထံမှ ကံကောင်းခြင်းစွမ်းအင်များကို ပိုင်ဆိုင်ပြီးလေပြီး ယခုအခါတွင်မူ သူ့တွင်လည်း ကိုယ်ပိုင်အင်အားစုတည်ထောင်သင့်ကြောင်း နားလည်လာလေသည်။

ရေခဲနယ်မြေဆွေ့ဟန်ကျွန်း…

ကျွန်းကအလွန်ကြီးသည်။ သေမျိုးတိုင်းပြည်သုံးခုပေါင်းကာ တည်ထောင်ထားခြင်းဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး စည်ကားနေလေ့ရှိသည်။

လုယွီက ကျွန်းပေါ်ခြေချလိုက်သောအခါ အောက်ဘက်တွင် ပြင်းထန်သည့်အားလှိုင်းများက လှုပ်ခါသွားသည်။ မရေမတွက်နိုင်သည့် သေမျိုးစစ်သည်များအားလုံးကလှုပ်ရှားသွားလာနေကြသည့်တိုင်အောင် လုယွီကို ရှာမတွေ့ခဲ့ကြချေ။

အပိုင်း ၁၂၇၈

သိပ်မကြာခင်အချိန်တွင် လုယွီက နယ်စပ်မြို့အတွင်းသို့ဝင်ရောက်သွားသည်။ ထို့နောက်စားသောက်ဆိုင်တစ်ဆိုင်ကိုရှာကာ ထိုင်လိုက်သည်။ ထိုစားသောက်ဆိုင်မှ လူတစ်ယောက်က သူ့ကိုနှုတ်ဆက်ရမည့်အစား တံခါးကိုသာ ပျင်းတိပျင်းရွဲ မှီလျက် သန်းနေသည်။ ထိုအချိန်တွင် ဆိုင်ရှင်က လုယွီထံသို့ မျက်စိမျက်နှာပျက်စွာဖြင့် ရောက်လာကာမေးသည်။

“အရှင် ငါဘယ်တုန်းကများ မင်းကိုရန်စမိလို့လဲ”

လုယွီက သူ့ကိုကြည့်သည်။

“ငါဒီနေရာကိုလာတာက ဒီအတိုင်း ဝိုင်သောက်ချင်လို့ပဲ။ ဘာလို့ငါ့ကို ဝိုင်တောင်မတိုက်ရတာလဲ”

ဆိုင်ရှင်က နှာခေါင်းရှုံ့သည်။ သူက သက်လတ်ပိုင်းလူကို လှမ်းခေါ်ပြီးနောက် ဝိုင်ချခိုင်းလိုက်သည်။

“ဒါပေါ့ ဝိုင်ကတော့ ချပေးနိုင်တာပေါ့။ ဒါပေမဲ့ အရှင်က ဝိုင်လာသောက်ရုံလောက် မရိုးရှင်းဘူးလို့ခံစားနေရတယ်”

ဆိုင်ရှင်က သတိထားကာပြောသည်။ လုယွီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ပုန်းမနေနဲ့ ထွက်လာခဲ့”

ပတ်ဝန်းကျင်အာကာပြင်က လိန်တွန့်သွားပြီးနောက်တွင် အဖွားကြီးတစ်ယောက်နှင့် သူတောင်းစားတစ်ယောက်ကထွက်လာသည်။ ထိုသူတောင်းစားက အလွန်အိုမင်းနေပြီး မုတ်ဆိတ်မွှေးအရှည်ကြီးကို ပိုင်ဆိုင်ထားကာ မသပ်မရပ်ဖြစ်နေသည်။ အဖွားအိုကြီးကမူ လုယွီကယွန်ရှန်းဘိုးဘေးကို မသတ်ရန်တားမြစ်ခဲ့သော အင်အားကြီးမားသော နတ်သူငယ်နယ်မြေအဆင့်တစ်ယောက်ဖြစ်သည်။

“အရှင်က ငါတို့ဆွေ့ဟန်ကျွန်းကိုလာတာက ငါတို့ကိုသိမ်းသွင်းဖို့များလား”

အဖွားအိုကြီးက လုယွီကိုစိုက်ကြည့်သည်။ နောက်ဆုံးတစ်ကြိမ်မှာ လုယွီက သူမကို မျက်နှာမပေးခဲ့ချေ။ ထို့ကြောင့် အဘွားအိုကြီးကလည်း မျက်နှာသာမပေးချင်ပေ။

သူတောင်းစားက ဖျော့တော့စွာပြုံးသည်။

“အရှင် ငါကအိုနေပါပြီ။ အရှင့်နောက်ကို မလိုက်မှာနိုင်ပဲစိုးရိမ်ရတယ်။ ရေခဲနယ်မြေမှာ ပါရမီရှိတဲ့သူတွေ အများကြီးရှိနေတာပဲ။ ဘာလို့ငါတို့ဆီလာခဲ့တာလဲ”

ထိုအရှင်သခင်က ငြင်းဆန်လိုသည်။ သူတို့အားလုံး၏အတွေးကတူသည်။ လုယွီက ဒီတစ်ကြိမ်လာခြင်းက သူတို့ကို သိမ်းသွင်းရန်ဖြစ်နေလောက်လေသည်။

ယခင်သူတော်စင်ကြီးများ အသက်ရှင်နေခဲ့ချိန်ကပင် သူတို့အား သတိထားကာ ဆက်ဆံရလေသည်။ ယခုအခါ လုယွီက အထွတ်အထိပ်အခြေအနေသို့ ရောက်ခါစဖြစ်လေရာ သူတို့အား သိမ်းသွင်းချင်မည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။

“သိမ်းသွင်းဖို့ဟုတ်လား”

လုယွီ၏မျက်နှာရှိ အပြုံးက ပျောက်ကွယ်သွားပြီးပြောသည်။

“ငါက ဘာလို့သိမ်းသွင်းရမှာလဲ”

“တိုက်ခိုက်ချင်စိတ်လဲမရှိတဲ့လူတွေထက် မိုးကြိုးစမ်းသပ်စစ်ဆေးမှုမှာလည်း ကျဆုံးသွားခဲ့တဲ့ လူတွေက ပိုသာတယ်။ ဒီလိုလူတွေက ထပ်ပြီးကျင့်ကြံရင် ကောင်းကင်ကိုဆန်တက်သွားနိုင်ပေမဲ့ အသုံးမှမကျတာ ဘာများလုပ်နိုင်မှာလဲ”

လုယွီက အေးစက်စွာပြောသည်။

“သိပ်မကြာခင်မှာ ရေခဲနယ်မြေက တသားထဲပေါင်းစည်းသွားလိမ့်မယ်။ ငါက ဒီနေရာကိုလာပြီး သတိပေးရုံပဲ မင်းတို့ကထပ်ပြီး သာမာန်အဆင့်အတန်းမှာပဲနေချင်တယ်ဆိုရင် ရိုးရိုးသားသားနေကြ။ ဒါပေမဲ့ အရင်တစ်ခေါက်ကလို ကိစ္စမျိုး တစ်ယောက်ယောက်ကထပ်ပြီး နှောင့်ယှက်ပေးတာမျိုး ကြုံရမယ်ဆိုရင်တော့ ဒီနေရာမှာ ဆက်နေခွင့်မရှိတော့ဘူးလို့ ပြောချင်တယ်”

သူက သူတို့ကို သိမ်းသွင်းရန် ရောက်လာခဲ့ခြင်းမဟုတ်ဘဲ ဆုံးမရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုသူများအားလုံးက တစ်ချိန်ထဲလိုလို မတ်တပ်ထရပ်ကာ လုယွီကိုစိုက်ကြည့်လာကြသည်။ ဆိုင်ရှင်ကပြောသည်။

“ကောင်လေး မင်းကအရှင်ဆိုရင်တောင်မှပဲ မင်းက အဆင့်လွန်အဆင့်ကို ဝင်ရောက်ခါစပဲ ငါမင်းကိုသတ်လိုက်နိုင်တယ်ဆိုတာ ယုံလား”

ထိုအရှေ့ရှိသုံးယောက်က အ​စောပိုင်းနတ်သူငယ်နယ်မြေမှဖြစ်သည်။ ထို့ကြောင့် အဆင့်နိမ့်လောကတွင်မူ စွမ်းအားအကြီးဆုံးတည်ရှိမှုများဖြစ်ကြလေသည်။

လုယွီက ဝိုင်တစ်ခွက်သောက်ပြီး နောက် ပြောလိုက်သည်။

“ခင်ဗျားတို့ စမ်းကြည့်နိုင်တယ်။ တတ်နိုင်မယ်ဆိုရင်ပေါ့”

ထိုအချိန်တွင် လုယွီက အတွင်းအားအားလုံးကို သဲလွန်စပင်မရှိအောင် ဖုံးကွယ်ထားသဖြင့် သာမာန်သေမျိုးတစ်ယောက်နှင့်တူနေသည်။ သို့သော် တစ်ဖက်က မလှုပ်ရှားရဲတော့ချေ။

သူတောင်းစားက နှာခေါင်းရှုံ့သည်။

“ငါက ကလေးတွေကို အနိုင်မကျင့်ဘူး”

ထို့နောက် သူက အရှေ့သို့တက်လာသည်။ သူကလက်ကိုဆန့်တန်းလိုက်ကာ လုယွီ၏အနားမှ ဝိုင်အိုးကိုယူရန် ကြံစည်လိုက်သော်လည်း သူ၏လက်က ဝိုင်အိုးအနားသို့ရောက်သွားသည်နှင့် မျက်နှာအမူအယာကပြောင်းလဲသွားသည်။ ဝိုင်အိုးထဲမှ အလွန်ပြင်းထန်သည့် မှော်စွမ်းအားများက ပေါက်ထွက်လာကာ သူတောင်းစား၏လက်ကို ထိမှန်သွားပြီး နောက်သို့လွင့်ထွက်သွားလေသည်။ ထိုသူတောင်းစားက မြေပြင်တွင် ဖင်ထိုင်ရက် လဲကျသွားကာ တစ်ကိုယ်လုံးကလည်း စုတ်ပြတ်သတ်သွားသည်။

သို့သော် ဆိုင်အတွင်းမှ ဧည့်သည်တော်များကမူ မည်သည့်အရာကိုမှ မမြင်ရသည့်အလား ဂရုမစိုက်မိကြချေ။

“ဒီနေရာမှာပဲနေကြ”

လုယွီက သက်ပြင်းချပြီးနောက် ထွက်သွားသည်။

သူ၏စိတ်ထဲတွင် သိမ်းသွင်းလိုစိတ် ဆန္ဒရှိခဲ့သည်။ ထိုလူများကသာ အလျှင်လှုပ်ရှားခဲ့လျှင် သူကတစ်မျိုးတွေးမိလောက်သည်။ သို့ရာတွင် ထိုလူများအားလုံးက တစ်ပိုင်းတစ်စကွဲထွက်နေသည့် ထာဝရရှင်သန်ခြင်းနယ်မြေမှ လူများကဲ့သို့ အင်အားများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် သူတို့၏နှလုံးသားအတွင်းတွင် တိုက်ခိုက်လိုစိတ်က ပျောက်ဆုံးနေပြီဖြစ်သည်။ သူတို့က သူ့အား မတိုက်ခိုက်ရဲကြချေ။

အပိုင်း ၁၂၇၉

ရေခဲနယ်မြေ နှင်းပျံဂိုဏ်း…

လုယွီက သူ၏နဂိုတောင်ထိပ်စံအိမ်တွင်သာနေကာ ရောက်လာသမျှ ဧည့်သည်တော်တိုင်း၏ ဂါဝရပြုမှုကို လက်ခံသည်။

ရေခဲနယ်မြေအတွင်းတွင် အဆင့်လွန်အဆင့် ကျွမ်းကျင်ပညာရှင်နှစ်ရာခုနစ်ဆယ့်သုံးယောက်ရှိကာ အားလုံးက လုယွီထံ သစ္စာခံခဲ့ကြသည်။ တံခါးပိတ်ကျင့်ကြံနေကြသော လူအိုကြီးများကလည်း လုယွီကို လာရောက်တွေ့ဆုံကြလေသည်။

လုယွီက အားလုံး၏ဂါဝရပြုမှုကို လက်ခံကာ ထိုသူများအားလုံးကို အကြံအစည်များ ပေးခဲ့သည်။ သိုင်းများလည်း ပေးအပ်ခဲ့သည်။ ထိုသိုင်းများက လောကတွင် ရှားပါးခြင်းမရှိသော်လည်း ထိုသူများအတွက်မူ အလွန်ရှားပါးလွန်းနေခဲ့လေသည်။

ထျန်းကျန်းခြံဝန်း

လုယွီက တံခါးကိုပိတ်လိုက်ပြီးနောက် မျက်လုံးကိုမှိတ်ကာ တိတ်ဆိတ်စွာဖြင့် ကျင့်ကြံတော့သည်။ သူကဧကရာဇ် ထျန်း၏ သိုင်းများကို ပြန်လည်သုံးသပ်သည်။ ထိုအချိန်တွင် ရှေးဟောင်းခန္ဓာကိုယ် ကျင့်ကြံခြင်းသိုင်းက ထိုဧကရာဇ်ကိုယ်တိုင် ချန်ရစ်ထားခဲ့ခြင်းဖြစ်လေရာ လုယွီက အလွန်သဘော ကျမိလေသည်။

“တော်ဝင်ဧကရာဇ်က ရှေးခေတ်ကတည်းက ထိပ်တန်းအဆင့် ကျင့်ကြံခြင်းသိုင်းကို ပိုင်ထားတဲ့သူပဲ”

လုယွီ၏မျက်လုံးအတွင်း တောက်ပသောအလင်းက လက်လာသည်။

လုယွီ၏ ထိုက်ချူခန္ဓာကိုယ်က ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူက နောက်ပိုင်းနယ်မြေသို့ ရောက်သွားသည့်အခါ ချွီဟောင်ထံမှ အမွေအနှစ်များကို လက်ခံရရှိနိုင်လောက်သည်။ ထို့နောက် လုယွီက ဧကရာဇ်သိုင်းကို ဆက်လက်ကြည့်ရှုလိုက်သည်။

ထိုအချိန်တွင် တိရှားနတ်ဆိုးဘိုးဘေးကို ဖယ်ရှားပစ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် လုယွီက ထိုသိုင်းကို အပြည့်အ၀ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ လက်ရှိအချိန်ထိ မည်သည့်အတွက်ကြောင့် ကောင်းကင်ဧကရာဇ်က သူ့အားလိုလိုလျားလျားဖြင့် သိုင်းကိုလက်ဆင့်ကမ်းပေးခဲ့ကြောင်း နားမလည်နိုင်ခဲ့ပေ။

“ကောင်းကင်ကိုတက်ရောက်တဲ့လမ်းစဉ်မှာ ငါ့ရဲ့နောက်ခံ ပေါ်ကောင်းပေါ်သွားနိုင်တယ်။ ရှန်းလင်းလုံက ငါ့ကိုသတိထားမိသွားခဲ့ရင် မမျှော်လင့်ထားတာတွေ မဖြစ်လာအောင် ငါပိုပြီးအင်အားကြီးမားအောင် လုပ်ရလိမ့်မယ်”

လုယွီက လက်သီးကိုတင်းကြပ်စွာဆုပ်ထားသည်။

“အရှင် အရှင်လိုချင်တဲ့ပစ္စည်းတွေ လာပို့ပါပြီ”

ဟန်လျန်အာက စာအုပ်တစ်ထပ်ကိုကိုင်လာကာ လုယွီထံ လာပို့ပေးသည်။ လုယွီက စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီးနောက် စတင်လှန်ဖတ်သည်။ ထိုစာအုပ်က ကျိုကျိုး ထောင်ကျင်းဟု ခေါ်သည်။ ထိုကဲ့သို့သော စာအုပ်အများစုက လုယက်ခံရခြင်းဖြင့် ပျောက်ဆုံးသွားခဲ့ပြီး ရှေးခေတ်က အစစ်အမှန်စာအုပ်များဆိုလျှင် ပျောက်ဆုံးသွားပြီဖြစ်သည်။ ပြောကြသည်မှာ ကျိုကျိုးထောင်ကျင်း(ခေတ်သမိုင်းစာအုပ်)က ရှေးခေတ်အချိန်ကတည်းက လက်ဆင့်ကမ်းပေးသည်ဟု ဆိုသည်။ အဆက်ဆက်နားလည်အောင် ပြန်လည်သုံးသပ်ဘာသာပြန်ရေးသားထားပြီး လေ့လာခဲ့မှုများကြောင့် ယခုကဲ့သို့ စာအုပ်သီးသန့်ဖြင့် ပြန်လည်ကူးယူထားခြင်းလည်း ရှိနေခြင်းလည်းဖြစ်သည်။

“ဒီအဆင့်နိမ့်နယ်မြေတွေက ထင်သလောက် မရိုးရှင်းဘူးပဲ”

သူကစာအုပ်ကိုကြည့်လေလေ အံ့သြရလေလေဖြစ်သည်။ ရှေးခေတ်စာအုပ်များအရ ဒီနယ်မြေက အဆင့်နိမ့်နယ်မြေမဟုတ်ဘဲ လောကတစ်ခုလုံး၏ အချက်အချာကျရာ နေရာဟု ဆိုထားသည်။ ရေးသားထားသော လက်ရေးများမှာ မရှင်းလင်းသည့်အတွက် လုယွီလည်း ဂရုစိုက်ကြည့်ရသည်။ သို့သော် ရှေးခေတ်ထျန်းတင်အရေးအသား အရေးလက္ခဏာများကို မြင်ရသေးလေသည်။

ရှေးခေတ် တာအိုဂူသချိုင်းများဖြစ်သည့် ရှန်းချွီနှင့် တုန့်ပင်တို့၏ နန်းတော်ဟောင်းများကို ရှာတွေ့ခဲ့ဖူးသည့်အလျောက် လုယွီအကြံတစ်ခုရလာသည်။ ဒီနယ်မြေက အဆင့်နိမ့်နယ်မြေတစ်ခုဖြစ်လျှင်ပင် ရှေးခေတ်ထျန်းတင်တို့နှင့် ပတ်သတ်နေလောက်သည်။ ထို့ကြောင့် ထျန်းတင်၏ ကျန်ရစ်သောပစ္စည်းများ ရှိနိုင်လောက်သေးသည်။ မဟုတ်လျှင် လုယွီအနေနှင့် သူ၏လက်ထဲတွင်ရှိနေခဲ့သော တရားဝင်ချိတ်စည်းတံဆိပ်ထဲမှ အဆင့်နိမ့်ကောင်းကင်စွမ်းအားများကို ခံစားမိလိမ့်မည်မဟုတ်ချေ။

အပိုင်း ၁၂၈၀

လုယွီက တစ်စုံတစ်ရာကို တွေးမိသွားသည်။ ယခင်ကဒီနယ်မြေကို အုပ်ချုပ်ခဲ့သူများက ရှိနေသေးလျှင်ပင် အင်အားကုန်ဆုံးသွားလောက်ချေပြီ။ သို့ရာတွင် သူတို့ရှိနေသည့် အဆင့်နိမ့်နယ်မြေကမူ သူတို့ပိုင်ဆိုင်သည့် အကျွင်းအကျန်ပစ္စည်းများကို ပိုင်ဆိုင်ရသေးလောက်လေသည်။ ထို့ကြောင့် လုယွီအနေဖြင့် တစ်စိတ်တစ်ပိုင်းကိုလောက်ဖြင့် ဆက်သွယ်နိုင်လောက်လေသည်။

“ချွီဟောင်က သိလောက်တယ်။ သူနဲ့ထပ်တွေ့တဲ့အခါကျမှ မေးရမယ်”

လုယွီက စိတ်ဆုံးဖြတ်လိုက်ပြီး သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးများစွာ ထွက်ပေါ်လာသည်။

“တိရှားဘိုးဘေး သေသွားပြီဆိုမှတော့ လုမိသားစုကိုပြန်ပြီး မျှမျှတတဖြစ်အောင် ပြန်လုပ်သင့်ပြီ”

အတိတ်အချိန်က လုယွီက ဝမ်ထျန်းဆိုသည့်နာမည်ဖြင့် လုမိသားစုထံသို့ သွားခဲ့သည်။ လုမိသားစုက ကျဆုံးနေကြောင်းမြင်ခဲ့ပြီး သူ၏အဘိုးကိုလည်း အခြားသူများက ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့သည့်အတွက် ဒီအတိုင်းလွှတ်မထားသင့်ပေ။ သူ၏ဖခင်က လုအိမ်တော်မှ ပထမသားဖြစ်သော်လည်း အပျက်အစီးနယ်မြေတွင်သာ ပုန်းအောင်းနေရပြီး အိမ်ပြန်၍မရခဲ့ချေ။

“လုအိမ်တော် ငါပြန်လာပြီ”

လုယွီ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းရောင်က လက်လာသည်။

မြောက်ပိုင်းနယ်မြေသံမဏိမြို့..

ထိုနေရာတွင် ကန္တာရကသာ ဖုန်းလွှမ်းနေပြီး လွင်ထီးခေါင် နယ်မြေတစ်ခုဖြစ်နေသည်။ ထိုအခိုက် သံမဏိမြို့ကို စောင့်ကြပ်နေသောအစောင့်များအားလုံးက စိတ်ပျက်ခြောက်ခြားနေကြသည်။ မြို့၏အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်စစ်သည်များစွာ ရှိနေကြသော်လည်း မြို့အတွင်းမှလူများကို စိတ်ပျက်လက်ပျက်ပင် ကြည့်နေကြပြန်သည်။

“လုမိသားစုက မျိုးမစစ်ကောင်တွေ ငါတို့ရဲ့စစ်တပ်ကို အဆုံးသတ်ခိုင်းနေတာပဲ”

လော့ကျန်းနှင့် အခြားသူများက လေးလံသော မျက်နှာထားဖြင့်ပြောသည်။

သူတို့၏ မဟာတယွီစစ်တပ်က ဒီအထီးကျန်မြို့တွင် စောင့်ကြပ်ပေးနေရသည်မှာ တစ်လခန့်ကြာသွားခဲ့သော်လည်း အထောက်အပံ့နှင့် ရိက္ခာများက ရောက်လာခဲ့ခြင်းမရှိသေးချေ။

ဝမ်ချန်းက ရေခဲနယ်မြေမှ အစွမ်းအထက်ဆုံးသူကို သတ်ဖြတ်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူသေသွားပြီဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် သူ၏အုပ်ချုပ်မှုအောက်တွင် ရှိနေခဲ့သော မဟာတယွီကိုလည်း လုမိသားစုက ထိန်းချုပ်ထားခဲ့ကာ အချိန်တိုင်းလိုလို အန္တရာယ်အများဆုံးနေရာသို့ ပို့ပေးနေခဲ့သည်။

လွန်ခဲ့သောတစ်လခန့်က ရေခဲနယ်မြေမှ အဆင့်လွန်အဆင့်ငါးယောက်ပါသော စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့သည်။ ပုံမှန်အတိုင်းဆိုလျှင် မြောက်ပိုင်းနယ်မြေက မဟာတယွီစစ်တပ်ကို ရိက္ခာများနှင့် တပ်ကူများပို့ပေးသင့်လေသည်။ သို့ရာတွင် ထိုသို့မပို့ပေးခဲ့ချေ။ သူတို့ကိုသာ ဒီအတိုင်းစေလွှတ်ခဲ့သည်။ နောက်ပိုင်းအချိန်အတန်ကြာမှ တပ်ကူများရောက်ခဲ့သည့်တိုင်အောင် ဒီနေရာတွင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။ မဟာတယွီက ဆုံးရှုံးမှုကြီးမားလွန်းခဲ့သည်။

“ဗိုလ်ချုပ် ရန်သူတွေ ထပ်လာပြန်ပြီ”

ရုတ်တရက် စစ်သားများက တင်ပြလာကြသည်။

လော့ကျန်းက မျက်မှောင်ကြုံ့ပြီး လက်ကာပြသည်။

“စိတ်ဝိဉာဉ်ကျောက်တုံးတွေ အတူစုစည်းပြီး သတ်ဖြတ်ခြင်းဝင်္ကပါကို ခင်းကျင်းကြ။ သူတို့အားလုံးကို မောင်းထုတ်ကြမယ်”

ဒီတစ်လတာ အတောအတွင်း သူတို့၏လက်ထဲတွင်ရှိသော စိတ်ဝိဉာဉ်ကျောက်တုံးအများစုက ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့လေပြီ။ သူတို့က တဖြည်းဖြည်းချင်း အသတ်ခံရလုနီးပါး ဖြစ်လာသည်။

“ငါတို့သုံးယောက်က သူတို့ကိုတားထားမယ်။ မင်းတို့က ထွက်ပြေးကြတော့”

တိရှောင်းက သူ၏ညီအကိုနှစ်ယောက်နှင့်အတူ ရှေ့ထွက်ရပ်ရင်းပြောသည်။ သူတို့အားလုံးက လုယွီကသိမ်းသွင်းခဲ့သော အဆိပ်ပြင်းပင့်ကူဂိုဏ်းမှဖြစ်သည်။ အဆင့်လွန်အဆင့်များက အင်အားကြီးမည်မှာ သေချာသော်လည်း ယခုအခါ သူတို့အားလုံးက စုတ်ပြတ်သတ်နေပြီး ဒဏ်ရာများ ဖုံးလွှမ်းနေပြီဖြစ်သည်။ အဆင့်လွန်အဆင့်များလည်း လူသားများဖြစ်သည့်အတွက် သူတို့တွင်လည်း အကန့်အသတ်ရှိနေလေသည်။ လော့ကျန်းက ပြောသည်။

“မဟာတယွီက ဒီလိုစွန့်ပြစ်မဲ့တပ် မဟုတ်ဘူး။ ငါတို့သေရင် အတူသေမယ်”

“ရှုပ်ထွေးအောင် လုပ်မနေနဲ့”

တိရှောင်းက အော်သည်။

“လုမိသားစုကကောင်တွေက ငါတို့ကိုသေလမ်းပို့နေတာ။ မင်းတို့ပါသေသွားရင် ဘယ်သူကငါတို့အစား ကလဲ့စားချေပေးတော့မှာလဲ”

ဝုန်း ဝုန်း ဝုန်း ဝုန်း

ရေခဲနယ်မြေက တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး ကျယ်လောက်သည့် ဗုံတီးသံကြီးက ထွက်ပေါ်လာသည်။ ရေခဲနယ်မြေမှ ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက သူတို့လက်နက်များကို မြောက်တင်လိုက်ကာမြို့ထံသို့ ဦးတည်လာတော့သည်။

“ဒီတစ်ကြိမ် လူတွေပိုများတယ်”

လော့ကျန်းက အခြေအနေကိုကြည့်ပြီး မျက်နှာကဖြူဖျော့သွားသည်။ ယခင်ရန်သူတပ်များကို သူတို့အထင်သေးနေခြင်းမဟုတ်သည့်တိုင်အောင် ဒီတစ်ကြိမ်ပမာဏက အလွန်များလွန်းနေခြင်းဖြစ်သည်။

“အဆင့်လွန်အဆင့်ရှစ်ယောက်တောင်ပါလာတယ်။ ဒီတစ်ကြိမ်အန္တရာယ်များလွန်းနေမှာပဲ စိုးရိမ်ရတယ်”

တိရှောင်းက ပြောသည်။

မဟာတယွီဘက်မှ စစ်သည်များအားလုံးက စိတ်ပျက်အားငယ်သွားကြသည်။ မူလက လုယွီကဲ့သို့စွမ်းအားအကြီးဆုံးသူက သူတို့ကိုဦးဆောင်ခဲ့သဖြင့် အရာအားလုံးက အေးဆေးခဲ့သည်။ ယခုအခါတွင်မူ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။

All Chapters