အခန်း (၁၂၈၁-၁၂၈၅)
Vol. 67 Ch. 1281-1285
အပိုင်း ၁၂၈၁
လော့ကျန်းကလေးလံသော အမူအရာဖြင့်ပြောသည်။
“အကာအကွယ်ဝင်္ကပါကိုဖွင့်လိုက်ကြ ငါတို့တိုက်ခိုက်ဖို့ပြင်ဆင်ကြမယ်”
သံမဏိမြို့ကို ဖုန်းလွှမ်းသော အကာအကွယ်လွှာက ထွက်ပေါ်လာခဲ့ပြီး အားလုံးကိုလွှမ်းခြုံသွားသည်။ အပြင်ဘက်တွင်မူ သတ်ဖြတ်ခြင်းအငွေ့အသက်များက ထွက်ပေါ်လာတော့သည်။ သို့သော် ထိုအချိန်တွင် ရေခဲနယ်မြေဘက်မှ ရုတ်တရက် ရွှေရောင်အမိန့်စာလွှာက ထွက်ပေါ်လာပြီး လင်းလက်တောက်ပလာသည်။
“အရှင့်ရဲ့အမိန့်နဲ့အတူ ရေခဲနယ်မြေက ရှေ့တန်းကိုရောက်နေသူတိုင်း ချက်ချင်း ဆုတ်မယ်။ အဆင့်လွန်အဆင့်ကစပြီး စစ်သည်တော်တိုင်း နောက်ပြန်ဆုတ်ရမယ်။ အမိန့်ကိုမနာခံတဲ့သူတိုင်း အသတ်ခံရမယ်”
ထိုသို့ဖြင့် လေထဲတွင် မှော်ဆန်သောအသံက ပျံ့လွင့်လာသည်။
ထိုအသံပျောက်ကွယ်သွားချိန်တွင် ရေခဲနယ်မြေမှ စစ်တပ်က ချက်ချင်းလိုလို နောက်ဆုတ်ကာ ထွက်ခွာသွားတော့သည်။ ထိုသို့ဖြင့် မြို့က ငြိမ်းအေးသွားတော့သည်။
“ဒါကဘာလဲ ရေခဲနယ်မြေက အကြံအစည်ချထားတာလား”
လော့ကျင်းက သံသယဝင်သွားသည်။
“ရေခဲနယ်မြေက လူတွေအားလုံးသွားပြီ”
တိရှောင်းက သူ၏နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက်တွင် ပြောလိုက်သည်။
“ဒါက ငါတို့ထွက်ခွာလို့ရမဲ့အခွင့်အရေးပဲ။ လုမိသားစုဆီကိုပြန်ပြီး ဘာလို့ငါတို့ကို သေလမ်းပို့လဲဆိုတာ မေးရမယ်”
မြို့အပြင်ဘက်တွင် စောင့်ကြပ်ထောက်လှမ်းသူများစွာ ရှိနေခဲ့သည်။ လုမိသားစုကလည်း ရှေ့တန်းနယ်မြေ တစ်နေရာချင်းစီတိုင်းတွင် သံတမာန်များကို စေလွှတ်ပေးထားသည်။
“ဒါတွေက ကျွန်မတို့သိပ်မကြာခင်ကမှ ရရှိခဲ့တဲ့ မိုင်းတွင်းတွေပါ ကျွန်မတို့လည်း ဒီမိုင်းတွင်းတွေကို မထိန်းချုပ်နိုင်တာနဲ့ သံတမာန်ကိုပဲ လက်ဆောင်ပေးပါရစေ”
အရှေ့တွင် သုန့်ဝမ်ကျင်းနှင့် သုန့်ဝမ်ယွဲ့တို့ ညီအမနှစ်ယောက်က မိုင်းတွင်းမြေပုံများကို ဂရုတစိုက်ဖြင့် သံတမာန်ကိုပေးသည်။
ဒီတစ်ကြိမ်တွင် သံတမာန်က လုအိမ်တော်မှ စေလွှတ်ထားသည့် လုကျန်းဖြစ်သည်။ သူကအဆင့်လွန်အဆင့်များနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် မောက်မာနေသေးသည်။
“မင်းတို့မှာ စိတ်နှလုံးကောင်းရှိတာပဲ။ ငါက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံလိုက်ပါ့မယ်”
လုကျန်းက ပြုံးသည်။
မြေပုံကိုယူသွားသောအခါ သုန့်ဝမ်ညီအမနှစ်ယောက် ရင်နာသွားလေသည်။ စိတ်ဝိဉာဉ်ကျောက်တုံးမိုင်းတွင်းက သူတို့အတွက် အလွန်အဖိုးတန်နေသည်။ မည်သူမှ မပေးအပ်ချင်ကြပေ။ သို့သော် လုမိသားစုက အလွန်အင်အားကြီးမားလွန်းလှသဖြင့် သူတို့ကလည်း ပြန်ရင်မဆိုင်ရဲကြချေ။
လုကျန်းက နှာခေါင်းရှုံ့ကာပြောသည်။
“စိတ်အေးအေးထားပါ။ မင်းတို့ရဲ့နယ်မြေက အန္တရာယ်တွေ့တဲ့အချိန်မှာ ရေခဲနယ်မြေကိုရင်ဆိုင်ဖို့ စစ်တပ်ကြီးစေလွှတ်ပေးထားမယ်။ ဒီလိုနည်းအားဖြင့် မင်းတို့တွေအန္တရာယ်မရှိနိုင်ဘူး”
သုန့်ဝမ်ယွဲ့က ပြောလိုက်သည်။
“ဒါက သံတမာန်က ကူညီပေးလို့ပါပဲ။ ကျွန်မတို့တိုက်ပွဲမှာနိုင်သွားခဲ့ရင် အမှတ်တစ်ဝက်ကို သံတမာန်ပဲ ရယူသင့်ပါတယ်”
လုကျန်း၏မျက်နှာက ပို၍ တောက်ပသွားသည်။ သုန့်ဝမ်ညီအမက အလွန်နားလည်နိုင်စွမ်း ရှိလေသည်။ ထိုအချိန်တွင် အပြင်ဘက်မှ စစ်သည်တော်တစ်ယောက်က အပြေးဝင်လာကာ အလန့်တကြားပြောသည်။
“သံတမာန်အပြင်ဘက်မှာ မဟာတယွီ စစ်တပ်ကလူတွေရောက်လာပါပြီ”
“ဘာ”
လုကျန်းက ထခုန်ကာပြောသည်။
“အဆင့်လွန်အဆင့်ရှစ်ယောက်က သူတို့ကို မသတ်လိုက်ဘူးလား”
ပိုင်နက်နယ်မြေနှစ်ခုစစ်ဖြစ်သည်နှင့် သူက အထောက်တော်ပေါင်းများစွာကို စေလွှတ်ပြီးသားဖြစ်သည်။ ဒီတစ်ကြိမ်တွင် မဟာတယွီစစ်တပ်ကို အဆင့်လွန်အဆင့်ရှစ်ယောက်က လာရောက်တိုက်ခိုက်ကြောင်း သူတို့သိထားပြီးသားဖြစ်သည်။
“သူတို့ဘယ်နှယောက် ရှင်သန်လဲ”
လုကျန်းက မေးသည်။
အစေခံက ဖြေသည်
“လူအများကြီးတော့သေသွားပါတယ်။ ဒါပေမဲ့ ထောင်ကျော်ရှိနေပါသေးတယ်”
“ထောင်ကျော်ဟုတ်လား ဘယ်လိုဖြစ်နိုင်မှာလဲ”
လုကျန်းက ပြောသည်။
“သွားကြည့်ရအောင်”
ထိုအချိန်တွင် အလွန်ပြင်းထန်သည့်လေပြင်းများ တိုက်ခတ်သွားပြီး ပြင်းထန်သည့်ဖိအားများက အလုံးလိုက်ဝင်လာသည်။ တိရှောင်းက မဲမှောင်သောမျက်နှာထားဖြင့် ရောက်လာသည်။
“ထွက်ဖို့မလိုဘူး ငါ ရောက်လာပြီ ဒီနေရာမှာပဲပြောမယ်”
တိရှောင်းကို မြင်သောအခါ လုကျန်းက သတိလက်လွတ်ဖြင့် နောက်ဆုတ်လိုက်မိသည်။ သို့ရာတွင် သူက အထက်တန်းဆန်မှုကို ပြန်လည်ထိန်းချုပ်ကာ အော်ဟစ်လိုက်သည်။
“မင်းက ဘာလုပ်ချင်တာလဲပုန်ကန်တာလား ထွက်သွားစမ်း”
အပိုင်း ၁၂၈၂
တိရှောင်းက ပြောသည်။
“ငါက ငါ့ခေါင်းကိုယ်ငါ အရှေ့ချပြီး ရှေ့တန်းကနေ ကာကွယ်ပေးတယ်။ မင်းတို့မျိုးမစစ်တွေကတော့ နောက်တန်းကနေနေပြီး ငါ့ကိုအမိန့်ပေးရဲတာလား ငါက မတိုက်ခိုက်ရဲဘူးထင်လို့လား”
အတိတ်တွင်လည်း သူကအဆိပ်ပြင်းပင့်ကူဂိုဏ်းမှဖြစ်ကာ ရက်စက်ကြမ်းတမ်းသည့်သဘာဝကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
ဆွစ်
ထိုအချိန်တွင် လုကျန်း၏အရှေ့တွင် ကိုယ်ရံတော်လေးယောက်ပေါ်လာသည်။ အားလုံးကလည်း အလွန်စွမ်းအားကြီးမားသူများဖြစ်ကြပြီး အဆင့်လွန် ကျွမ်းကျင်ပညာရှင်အဆင့် ဖြစ်နေကြလေသည်။ သူတို့အားလုံးကို လုမိသားစုမှ သေချာရွေးချယ်ထားပြီး ကင်းလှည့်ရာတွင် ကာကွယ်ရန်အတွက် လေ့ကျင့်ပေးထားခြင်းဖြစ်သည်။
လုကျန်းက တိရှောင်းကိုစိုက်ကြည့်ကာအော်လိုက်သည်။
“ငါက မင်းတို့ကို သံမဏိမြို့အပြင်ဘက်မှာ စောင့်ကြပ်ခိုင်းထားတာ။ ဘာလို့ဒီနေရာကို ခွင့်ပြုချက်မရှိပဲ ပြန်လာတာလဲ။ စစ်စည်းကမ်းအရ မင်းတို့က အမိန့်ဖောက်ဖျက်မှုနဲ့ အပြစ်ပေးခံရမယ်”
“တပ်ကူတွေလည်း ရောက်မလာဘူး စိတ်ဝိဉာဉ်ကျောက်တုံးတွေလည်း မပို့လာဘူး”
တိရှောင်းက အော်လာသည်။
“မင်းတို့က ငါတို့ကိုအဲ့ဒီနေရာမှာ တစ်လတောင် နေခိုင်းခဲ့တယ်။ ဒါကိုငါက ပြန်လာတာဘာဖြစ်လဲ”
လုကျန်းက ခါးကိုမတ်လိုက်ကာပြောသည်။
“ဒီလိုဆိုတိုင်း မင်းက အကြောင်းပြချက်ပေးပြီး ထွက်ပြေးလို့မရဘူး”
သူ၏အမြင်တွင် မဟာတယွီက ထွက်ပြေးရန်နောက်ဆုတ်လာခြင်းဖြစ်သည်ဟု ထင်နေခြင်းဖြစ်သည်။ မဟုတ်လျှင် ထိုမျှများပြားသောအဆင့်လွန်အဆင့်များက သူတို့ကို သတ်ဖြတ်ပြီးလောက်လေပြီ။
တိရှောင်းက ဒေါသတကြီးအော်ရယ်သည်။
“မင်းတို့သတင်းတွေက အရမ်းမြန်နေပါလား။ ဒါပေမဲ့ မင်းတို့မသိတာက ရေခဲနယ်မြေက တပ်ကူတွေပြန်နောက်ဆုတ်သွားတယ်”
‘ဘာ”
လုကျန်းက အံ့သြသွားသည်။ သူ၏အထောက်တော်တစ်ယောက်က သတင်းပို့လာသည်။
“အခုပဲ သတင်းရောက်ပါတယ်အရှင် ရေခဲနယ်မြေက ကျွမ်းကျင်ပညာရှင်တွေပေါ်ထွက်လာပြီး တပ်တွေအားလုံးကို ရုတ်သိမ်းသွားပါတယ်”
လုကျန်းက မယုံကြည်နိုင်တော့ချေ။
‘ငါတို့အချင်းချင်း ဒီလောက်သတ်ဖြတ်ထားတာ။ ဒါကမချေဖျက်နိုင်တဲ့ရန်ကြွေးပဲ။ သူတို့ကဘယ်လိုများ တပ်တွေရုတ်သိမ်းသွားရတာလဲ”
သူ၏စိတ်ထဲတွင်မူ သူက နယ်မြေနှစ်ခုကို မငြိမ်းချမ်းချင်ပေ။ ထိုနည်းအားဖြင့်သာ သူ့အနေနှင့် ယခုကဲ့သို့ နယ်မြေများကိုလာရောက်ပြီး အကျိုးအမြတ်များ ရယူနိုင်မည်ဖြစ်သည်။
“လုကျန်း ငါက မင်းရဲ့ကိစ္စကို မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းကို သွားပြီးတင်ပြမယ်။ လုမိသားစုက ငါတို့ကိုဘယ်လိုဆက်ဆံလဲဆိုတာ လူတိုင်းမြင်ရစေမယ်”
တိရှောင်းက ပြောပြီး ထွက်သွားသည်။
လုကျန်း၏ မျက်နှာကမဲမှောင်သွားသည်။ သူလုပ်ခဲ့သောကိစ္စများကို မိသားစုက သိ၍မဖြစ်ပေ။ မဟုတ်လျှင် သူက အကျိုးဆက်ကို တောင့်ခံနိုင်မည်မဟုတ်ချေ။
လုကျန်းက ရုတ်တရက် တိရှောင်းကို လက်ညိုးထိုးကာအော်သည်။
“တိရှောင်းက ရေခဲနယ်မြေနဲ့ပတ်သတ်နေတယ်။ သူကသစ္စာဖောက်ကောင်ပဲဖြစ်ရမယ်။ သူ့ကိုအခုချက်ချင်း ဖမ်းကြစမ်း”
လုကျန်း၏အနားမှ ကိုယ်ရံတော်လေးယောက်လုံးက ချက်ချင်းလိုလို တိရှောင်းကိုဝိုင်းဖမ်းကြသည်။
“လုကျန်း မင်းလုပ်ရဲလား”
တိရှောင်းကအော်ကာ ရင်ဆိုင်ရန် ကြံစည်သည်။ သို့ရာတွင် သူ၏တစ်ကိုယ်လုံးတွင် ဒဏ်ရာများကပြည့်နှက်နေပြီး အားအင်က ကုန်ခမ်းနေသည့်အတွက် တစ်ဖက်လေးယောက်နှင့် မယှဉ်နိုင်တော့ချေ။ ထိုသို့ဖြင့်တိရှောင်းက ဖိနှိပ်ခံလိုက်ရသည်။
လုကျန်းက အော်သည်။
“တိရှောင်း မင်းကမဟာတယွီ စစ်တပ်ရဲ့ စစ်သေနာပတိချုပ်အဖြစ် တာဝန်ယူခဲ့တယ်။ ဒါပေမဲ့ ဝမ်ချန်းက မင်းရဲ့လှည့်စားတာကို ခံခဲ့ရပြီး အခုလိုသေဆုံးသွားရတာဖြစ်လောက်တယ်။ ဒါတွေအားလုံးက မင်းကြောင့်ပဲ အခုချက်ချင်း မင်းရဲ့ခေါင်းကို ဖြတ်ရမယ်”
တိရှောင်းက အော်သည်။
“လုကျန်း”
ထိုကိစ္စက ကလဲ့စားချေခြင်းဖြစ်သည်။ သူတို့က တမင်သက်သက် တစ်လတိတိအပြင်တွင်ပြစ်ထားကာ အထောက်အပံ့များအားလုံးကို ဖြတ်တောက်ခဲ့ပြီး အလွန်အကျူး တာဝန်ပေးခံခဲ့ရသည်။ ယခုကဲ့သို့ ရန်သူက ဆုတ်ခွာသွားသည့်တိုင်အောင် နောက်သို့ ပြန်ဆုတ်လာခွင့်ရခဲ့သော်လည်း ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ခံရပြန်သည်။
တိရှောင်း၏အခြားသောညီနှစ်ယောက်ကလည်း အော်ဟစ်ကြကာ ကာကွယ်ရန် ကြံစည်ကြသည်။
“အကိုကြီး”
သို့ရာတွင် သူတို့ကလည်း မကယ်နိုင်ကြချေ။
လုကျန်းကပြောသည်။
“သူတို့အားလုံးကို ဖမ်းလိုက်ကြ”
အစောင့်များအားလုံးက သုံးယောက်လုံးကို ဖမ်းလိုက်ကြသည်။
“သူတို့သုံးယောက်လုံးက ရေခဲနယ်မြေကပဲ သူတို့အားလုံးက သစ္စာဖောက်တွေဖြစ်လောက်တယ်”
ကံကောင်းစွာဖြင့် လုကျန်းကအရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ တိရှောင်းတို့သုံးယောက်ကမူ ဝမ်းနည်းနေကြချေပြိီ။ သူတို့က နယ်စပ်တွင် သေရေးရှင်ရေးအခြေအနေပေါင်းများစွာကို ကျော်ဖြတ်ကာ တိုက်ခိုက်ခဲ့သော်လည်း မည်သူကမှ သူတို့ကို မသနားကြချေ။ သူတို့ယခုလိုပြန်လာရန် မလွယ်ကူခဲ့သော်လည်း ပြန်လာချိန်တွင် အားလုံးက ယခုကဲ့သို့ ဆိုးရွားစွာ ဆက်ဆံနေလေသည်။
“ဟား ဟား ဟား ဟား”
ရုတ်တရက်တိရှောင်းက ကောင်းကင်ကိုကြည့်ကာ အော်ရယ်သည်။
“မြောက်ပိုင်းနယ်မြေက ဘာလို့အမြဲတမ်း ရေခဲနယ်မြေရဲ့ဖိနှိပ်တာကို ခံနေရသလဲဆိုတာကို ငါနားလည်သွားပြီ။ ဒီလူတွေအားလုံးက နောက်ကွယ်မှာပဲနေပြီး ရှေ့ထွက်မတိုက်ခိုက်ရဲတဲ့ ငကြောက်တွေပဲ”
ထိုသို့အဖော်ခံလိုက်ရသဖြင့် လုကျန်း၏ မျက်နှာက ပျက်ယွင်းသွားကာ အလွန်ဒေါသထွက်သွားသည်။ သူက တိရှောင်းကိုစိုက်ကြည့်ကာအော်သည်။
“ဒီလူတွေအားလုံးကို ဖမ်းလာခဲ့ကြ။ သူတို့ကိုဒီနေ့ပဲ ခေါင်းဖြတ်မယ်”
လုကျန်းက သူတို့လက်ထောက်များကိုမေးလိုက်သည်။
“မဟာတယွီစစ်တပ်က ဘယ်မှာလဲ”
“သူတို့အားလုံး အရှေ့ဖက်စခန်းမှာ အနားယူနေကြပါတယ်”
“သွားမယ်”
လုကျန်းက သုန့်ဝမ်ညီအမနှစ်ယောက်ကိုကြည့်သည်။
“မင်းတို့နှစ်ယောက်လည်း လိုက်ခဲ့ကြပါ
အပိုင်း ၁၂၈၃
ယွန်လော့ချန်း…
မဟာတယွီစစ်တပ်က အရှေ့ဘက်စခန်းတွင် စောင့်ဆိုင်းနေကြသည်။ သို့သော် အချိန်အတန်ကြာသည်အထိ တိရှောင်းက ပြန်ရောက်မလာသည့်အခါ လော့ကျန်းက ခပ်တိုးတိုးရေရွတ်သည်။ သူ၏စိတ်ထဲ မသက်မသာဖြစ်လာသည်။ထိုအချိန်တွင်ပင် ကျယ်လောက်သည့် ဗုံတီးသံကို ကြားလိုက်ရသည်။
“ဘာလို့ ဗုံတီးသံ ထွက်လာရတာလဲ။ ဘယ်သူကတီးတာလဲ”
လော့ကျန်းက အံ့သြသွားသည်။
စစ်သေနာပတိချုပ်က အမိန့်ပေးလိုသည့်အခါမှသာ ထိုဗုံကို တီးကြခြင်းဖြစ်သည်။ စစ်သည်တော်များကလည်း ဗုံတီးသံကို ကြားကြသည့်အတွက် သူတို့ချက်ချင်းလိုလို ကွင်းပြင်တွင်စုစည်းရန် အပြေးသွားကြတော့သည်။ မဟုတ်လျှင် အပြစ်ခံရပေလိမ့်မည်။
လော့ကျန်းကလည်း သူ့အနားရှိလူများကိုခေါ်ကာ ထိုနေရာသို့ အပြေးသွားလိုက်ချိန်တွင် ကွင်းပြင်အနှံ့ တယွီစစ်တပ်မှ လူများရှိနေကြောင်း မြင်လိုက်ရသည်။ မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် ထိုင်နေသော လုကျန်းကိုလဲ မြင်လိုက်ရသည်။
“ဒါက စစ်သေနာပတိချုပ်ရဲ့ထိုင်ခုံပဲ။ သူက သာမာန်သံတမာန်တစ်ယောက်ပဲ မဟုတ်ဘူးလား။ သူ့အဆင့်နဲ့ ဒီနေရာမှာ ထိုင်စရာလား”
လော့ကျန်းက ဒေါသထွက်သွားသည်။
တိရှောင်းက စစ်သေနာပတိချုပ်နေရာကိုယူကာ တာဝန်ယူကွပ်ကဲခဲ့ချိန်ကပင် ထိုနေရာတွင် မထိုင်ဖူးခဲ့ချေ။ ထိုနေရာက လုယွီတစ်ယောက်ထဲနှင့်သာ သက်ဆိုင်သည်။
လူတိုင်းက ရောက်လာကြောင်းမြင်သောအခါ လုကျန်းက တင်းမာသော မျက်နှာထားဖြင့်ပြောသည်။
“ဒီနေ့ကစပြီး မင်းတို့မဟာတယွီစစ်တပ်ရဲ့ စစ်သေနာပတိချုပ်က ငါပဲ။ မင်းတို့အားလုံး ငါ့ရဲ့အမိန့်ကိုနာခံရမယ်။ ငါဒီနေ့ ဒီနေရာကိုရောက်လာတာက ရေခဲနယ်မြေနဲ့ ပူးပေါင်းထားတဲ့ သစ္စာဖောက်အချို့ကို ကွပ်မျက်ပြပြီး အားလုံးကို မှတ်မိစေချင်လို့ပဲ”
‘ဘာ”
ထိုစကားကိုကြားသောအခါ ကွင်းပြင်က ဆူညံပွက်လောရိုက်သွားတော့သည်။ ထို့အပြင် လူအများချုပ်ထားသော တိရှောင်းတို့ကိုလည်း မြင်လိုက်ရသည်။ သူတို့နှင့် တိရှောင်းတို့ အတူရှိခဲ့ချိန်ကာလအတွင်း သူတို့က စစ်မြေပြင်တွင် အတူတကွ တိုက်ခိုက်ခဲ့သည်။ အချိန်တိုင်းနီးပါး သေလုနီးပါးဖြစ်ခဲ့သော်လည်း တိရှောင်းက သူတို့ကို ကောင်းမွန်စွာ ဦးဆောင် ကာကွယ်ပေးနိုင်ခဲ့လေသည်။ထိုကဲ့သို့သောလူမျိုးက ရေခဲနယ်မြေနဲ့ပတ်သတ်စရာ အကြောင်းမရှိပေ။
လော့ကျန်းက အော်သည်။
‘မင်းက ပေါက်ကရတွေပြောနေတာပဲ။ စစ်သေနာပတိချုပ်တိရှောင်းက ငါတို့နဲ့အတူ အချိန်တိုင်း တိုက်ခိုက်ခဲ့တာ။ ဘာလို့ သူပျောက်ကွယ်သွားပြီး ရေခဲနယ်မြေနဲ့ ပူးပေါင်းနေတဲ့ အထောက်အထားမျိုး မမြင်ရတာလဲ။ မင်းမှာ ဘာသက်သေရှိလဲ”
“ဟုတ်တယ် မင်းတို့ လုမိသားစုက စွက်ဖက်လွန်းတာများပြီ”
“ဟားဟား ဒီရက်တွေမှာ တပ်ကူတွေလည်းမပေး ရိက္ခာတွေလည်းမပေးဘဲ အခုကျမှလာပြီး ပူးပေါင်းတယ်ဆိုပြီးလာပြောနေတယ်။ မင်းတို့က တမင်သက်သက် တစ်စုံတစ်ယောက်ကို ချောက်ချနေတာပဲ”
စစ်သည်တော်များအားလုံးက ဒေါသထွက်သွားကြပြီး လုကျန်းကို ဝိုင်းဝန်းပြောဆိုကြသည်။
လုကျန်းက အံကြိတ်ကာ ပြန်ပြောသည်။
“အရူးတစ်သိုက် သူတို့ကန်းနေကြပြီ”
သို့ရာတွင် သူ၏စကားများက ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
“မင်းတို့ရဲ့ စစ်သေနာပတိချုပ်က ရေခဲနယ်မြေနဲ့ ပတ်သတ်မှုရှိတယ်ဆိုရင် သက်သေက ဘယ်မှာလဲ”
“ဟုတ်တယ် ဒီအတိုင်းပြောရုံနဲ့ ငါတို့က ယုံရမှာလား။ သက်သေကဘယ်မှာလဲ”
လုကျန်းက ခေါင်းမာကာဆက်ပြောသည်။
“ရေခဲနယ်မြေက နောက်ဆုတ်သွားပြီ။ စစ်သေနာပတိချုပ်တစ်ယောက်အနေနဲ့ သူက နောက်ကလိုက်တိုက်ဖို့ အမိန့်ပေးရမဲ့အစား တပ်ကိုပြန်ဆုတ်ခွာလာခဲ့တယ်။ဒါက သစ္စာဖောက်တာမဟုတ်ရင်ဘာလဲ”
ထိုအခါ လေထုက တိတ်ဆိတ်သွားသည်။ စစ်သည်တော်များအားလုံးက လုကျန်းကိုကြည့်ကြသည်။ သူတို့စိတ်ထဲတွင် ဝမ်းနည်းသွားကြလေသည်။ သူတို့အားလုံးက တစ်လလုံးလုံး အပိတ်လှောင်ခံထားရပြီး ဆက်တိုက် တိုက်ခိုက်ခဲ့ရသည်။ သို့ရာတွင် သူတို့မည်မျှ ခက်ခဲစွာ ကြိုးစားခဲ့ရကြောင်း မည်သူမျှမသိခဲ့ချေ။ မည်သူကမှလည်း ဆုလာဘ်မပေးကြချေ။ သူတို့၏ ပြန်လာသည့်အရေအတွက်က သွားရချိန်ကနှင့် အလွန်အမင်းကွာခြားနေသည့်တိုင်အောင် သူတို့အပေါ်နားလည်မှုမရှိကြချေ။ ထို့အပြင် တစ်ဖက်ရန်သူက အဆင့်လွန်အဆင့်ရှစ်ယောက်ရှိနေခဲ့ပြီး သူတို့ဘက်က သုံးယောက်သာလျှင် ရှိနေခဲ့သည်။ ပမာဏက အလွန်ကွာခြားနေသည့်အတွက် သူတို့ကသာ နောက်မှလိုက်လျှင် သေလမ်းသာလျှင်ရှိသည်။
အပိုင်း ၁၂၈၄
လုကျန်းက မျက်မှောင်ကြုံ့သည်။
“ဘာလဲ ငါပြောတာမှန်တယ်မဟုတ်လား”
“မင်းက ချီးစကားတွေပြောနေတာပဲ”
ရုတ်တရက် အရိပ်တစ်ရိပ်က စင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။ ထိုလူက လော့ကျန်းဖြစ်သည်။ သူက လုယွီ၏ကောင်းကင်အဆင့်သိုင်းကြောင့် သူ၏အင်အားက သိသိသာသာ တိုးတက်လာခဲ့ပြီး သင်္ကေတထွင်းထုခြင်း နယ်မြေအဆင့်သို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ လော့ကျန်းက စင်မြင့်ပေါ်သို့ ရောက်သွားချိန်တွင် လုကျန်း၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်သည်။
“ငါတို့က မင်းကို မျက်နှာသာပေးနေလို့ မင်းကရောင့်တတ်နေတာလား။ မင်းက ဘာကောင်လဲ”
“လုမိသားစုဆိုတာက ဘာလဲ ဒီသခင်ကြီးက စစ်အမှတ်တွေကြောင့်သာမဟုတ်ရင် အဲ့ဒီမဟာမိတ်အဖွဲ့ကြီးကို ဂရုကိုစိုက်မနေဘူး”
“တစ်ယောက်ပြီးတစ်ယောက် သစ္စာဖောက်နေကြတယ်ပေါ့။ ငါမင်းတို့အားလုံးကို နယ်စပ်မှာ ကြိုးချည်ထားပြီး ပုန်ကန်သူတွေရဲ့နမူနာအဖြစ် ပြသပေးမယ်”
လော့ကျန်း၏ ပါးရိုက်ချက် တစ်ချက်ပြီးတစ်ချက် ကျဆင်းနေခဲ့သဖြင့် လုကျန်း၏မျက်နှာက ယောင်ကိုင်းလာသည်။ သူကထိုသို့ထပ်ရိုက်တော့မည့်အချိန်တွင် သုန့်ဝမ်ကျင်းက နှာခေါင်းရှုံ့လျက် လော့ကျန်းကို လွင့်ထွက်သွားစေသည်။
“ငါ့အတွက် ဒီကောင့်ကိုသတ်ပေးစမ်းပါ”
လုကျန်းက အရူးတစ်ယောက်ကဲ့သို့အော်သည်။
“သူ့ကို မင်းတို့ပဲခေါ်ထားလိုက်တော့။ ငါတို့က တိရှောင်းတို့ကိုခေါ်သွားပြီး ကွပ်မျက်မယ်”
လော့ကျန်းကမတ်တပ်ထရပ်ကာစ ရှိသေးသည်။ လုမိသားစုမှ အစောင့်များအားလုံးက သူ့ကိုကြိုးချည်ရန် ကြိုးစားလာကြသည်။ အခြားသောစစ်သားများက ထိုအခြေအနေကိုမြင်သောအခါ အပြေးလာရောက်ကယ်ဆယ်ကြသည်။ ထိုသို့ဖြင့် လုမိသားစုမှ အစောင့်များနှင့် တိုက်ခိုက်ကြတော့သည်။
“မင်းတို့က ဘာလုပ်တာလဲ ပုန်ကန်ချင်ကြတာလား”
လုကျန်းက အော်နေသေးသည်။
“ဘာကိုပုန်ကန်တာလဲ”
လူအုပ်ကလည်း ဒေါသတကြီးအော်သည်။
“မင်းကိုယ်မင်းဘာလုပ်နေတယ်ထင်လဲ။ ငါတို့က ဒီနေရာက နယ်မြေငြိမ်းချမ်းအောင် လာကူညီပေးတာ။ မင်းကိုယ်မင်းအထက်တန်းလွှာလို့များ ထင်နေတာလား”
“ဟုတ်တယ် မြောက်ပိုင်းနယ်မြေက ဘုရင်စနစ်အုပ်ချုပ်ရေးစနစ်မှ မဟုတ်တာ ဒီကောင်က ဘာထင်နေတာလဲ”
“သံတမာန်တစ်ယောက်ကိုသတ်လိုက်ပြီး လုမိသားစု မရှာဖွေနိုင်အောင် သတင်းအစအနဖျောက်ပစ်လိုက်မယ်ဆိုရင် ဘယ်သူက ဘာလုပ်နိုင်မှာလဲ”
ထိုသို့ဖြင့် ဒေါသထွက်လာသည့်အသံများပြည့်နှက်လာသောအခါ လုကျန်း၏မျက်နှာအမူအရာက ပြောင်းလဲလာတော့သည်။ ပတ်ဝန်းကျင်ရှိ အစောင့်များက တစ်ဖက်စစ်တပ်နှင့်ယှဉ်လျှင် အလွန်ပမာဏနည်းပါးလေသည်။ ထိုလူများကသာ ဝရုန်းသုန်းကား ဝင်ရောက်လာမည်ဆိုလျှင် သူ့အတွက် အသက်ရှင်စရာအကြောင်း မရှိချေ။
“ငါအခုပဲ သုန့်ဝမ်ကျင်းကို မဟာတယွီစစ်တပ်ရဲ့ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်တယ်။ မင်းတို့တွေ မြန်မြန်လေးထိန်းချုပ်လိုက်ကြတော့”
ထိုသို့ပြောပြီးသည်နှင့် လုကျန်းက ထွက်ပြေးသွားတော့သည်။ သို့ရာတွင် သူကထွက်ပြေးလိုသော်လည်း မဟာတယွီက ခွင့်မပြုချေ။ လော့ကျန်းက ကျန်ရှိသောအင်အားများဖြင့် ရုန်းကန်ပြီးနောက် လုကျန်းကို အော်ဟစ်သည်။
“မင်းတို့တွေ ဒီကောင့်ကိုမလွှတ်ပေးကြနဲ့”
စစ်သားများအားလုံးကလည်း အပြေးရောက်လာကြပြီး လုကျန်းကို သတ်ဖြတ်ရန်ကြံစည်ကြသည်။
“တကယ်ကို စည်းမဲ့ကမ်းမဲ့ဖြစ်နေတာပဲ ဒါပေမဲ့ သူတို့ကရဲရင့်တယ်”
သုန့်ဝမ်ကျင်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးနောက် ပြင်းထန်သည့်အားတစ်ခုကို ထုတ်ဖော်လိုက်ကာ အားလုံးကို လွင့်ထွက်သွားစေလိုက်သည်။
လုကျန်းက ထိုအခြေအနေကိုမြင်သောအခါ ချက်ချင်းလိုလိုထွက်ပြေးတော့သည်။
“သုန့်ဝမ်ကျင်း ငါတို့ရဲ့စစ်သေနာပတိချုပ်က မင်းကိုအစပိုင်းတုန်းက တစ်ခါကယ်တင်ခဲ့ဖူးတယ်။ ဒါကို ဘာလို့ ဒီလိုပြန်ကျေးဇူးဆပ်တာလဲ”
လော့ကျင်းက ပြောသည်။
လုယွီက မြောက်ပိုင်းနယ်မြေတွင် ရှိနေခဲ့ချိန်က ရေခဲနယ်မြေမှ နတ်ဆိုးသိုင်းကျင့်ကြံသူများက ထိုညီအမနှစ်ယောက်ကို ပိတ်လှောင်ထားခဲ့သည်။ ထိုအချိန်က လုယွီက သွားရောက်ကယ်ဆယ်ခဲ့ဖူးလေသည်။ ယခုအခါတွင်မူ ထိုညီအမနှစ်ယောက်လုံးက လုယွီ၏လက်အောက်မှ မဟာတယွီစစ်တပ်ကို ထိန်းချုပ်ရန်ကြိုးစားလာကြခြင်းဖြစ်သည်။
သုန့်ဝမ်ကျင်းက အေးစက်စွာပြောသည်။
“အနိုင်ရတဲ့သူက ဘုရင်ဖြစ်နေမှတော့ ဘယ်သူ့စကားကိုနားထောင်ရမှာလဲ”
“ဝမ်ချန်းက ပါရမီကြီးမာတယ်။ ဒါပေမဲ့ သူမသေမှပဲဖြစ်လိမ့်မယ်။ အခု သူ သေသွားပြီ။ သူက ဘာလုပ်နိုင်မှာလဲ”
လော့ကျန်းက အံကိုကြိတ်ကာပြောသည်။
“မဟာတယွီစစ်တပ်က အရှင်နဲ့တိရှောင်းကိုပဲ စစ်သေနာပတိချုပ်အဖြစ် သတ်မှတ်တယ် မင်းဆိုရင် မဖြစ်နိုင်ဘူး”
“ဟမ့်ဘယ်လိုအသက်ရှင်ရမလဲတောင် နားမလည်တော့ဘူးပဲ”
သုန့်ဝမ်ကျင်းက အေးစက်စွာပြောပြီးနောက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ ပြင်းထန်သောအော်ဟစ်သံနှင့်အတူ ရှေ့ဆုံးတွင်ရပ်နေသော စစ်သည်များအားလုံးက ပြင်းထန်သည့်အားကြောင့် လွင့်ထွက်သွားကြသည်။
အပိုင်း ၁၂၈၅
“နင်တို့ကိုကြည့်စမ်းပါဦး ပြန်တောင်မတိုက်ခိုက်နိုင်ဘူး ဝမ်ချန်းက နင်တို့ကို သိုင်းကောင်းတွေ မပေးထားခဲ့ဖူးပဲ”
သုန့်ဝမ်ကျင်း၏မျက်ဝန်းအတွင်း အလင်းရောင်လက်လာသည်။
“ဒီလိုဆိုရင် ငါနင်တို့ကို လက်ဆောင်ပေးမယ်”
ရုတ်တရက် သုန့်ဝမ်ကျင်းက သူမ၏သိုလှောင်အိတ်ထဲမှ သိုင်းတစ်အုပ်ကိုထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချပေးလိုက်သည်။ ထိုသိုင်းက ပြီးပြည့်စုံသောအဆင့်ဖြစ်သည်။ ထိပ်တန်းအဆင့်မဟုတ်သည့်တိုင်အောင် အလွန်အမင်းရှားပါးသေးလေသည်။
“ဘာတွေကြောင်နေကြတာလဲ မြန်မြန်ကျေးဇူးမတင်ကြဘူးလား”
သုန့်ဝမ်ကျင်းက အေးစက်စွာနှာခေါင်းရှုံ့ပြီးပြောသည်။
သူမ၏အမြင်တွင် ထိုကဲ့သို့သောသိုင်းကပင် စစ်သားများအားလုံး သူမကို သစ္စာရှိရန် လုံလောက်နေလေပြီ။
“ဟမ့် ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ်”
လော့ကျန်းက အေးစက်စွာနှာခေါင်းရှုံ့ပြီး ထိုသိုင်းကို ကန်ထုတ်လိုက်သည်။
“ဒိသိုင်းက ငါတို့ကျင့်တဲ့သိုင်းရဲ့ သုံးပုံတစ်ပုံလောက်တောင် အဆင့်မမှီဘူး”
“ရိုးရိုးသားသားပြောရရင် မင်းကသာ အဆင့်လွန်အဆင့်မဟုတ်ဘူးဆိုရင် ငါတို့သတ်ပြီးလောက်ပြီ”
အခြားသောစစ်သားများကလည်း လှောင်ကြသည်။ လုယွီကသူတို့ကိုပေးထားသောသိုင်းက ကောင်းကင်အဆင့်သိုင်းဖြစ်သည်။သူတို့က ကောင်းကင်အဆင့်သိုင်းမျိုးကို ကျင့်ကြံပြီးချိန်တွင် ဒီလိုသာမာန်အဆင့်နိမ့်သိုင်းမျိုးကို မကြည့်ချင်ကြတော့ချေ။
သုန့်ဝမ်ကျင်းက တိတ်ဆိတ်စွာဖြင့် နှာခေါင်းရှုံ့ကာပြောသည်။
“ဟမ့် လူရိုင်းတစ်အုပ် အသိဉာဏ်ဗဟုသုတကိုမရှိဘူး”
သူမကထုတ်ပေးလိုက်သော ထိုသိုင်းက ပတ်ဝန်းကျင်ကိုသာ သတင်းပျံ့သွားခဲ့မည်ဆိုလျှင် သွေးလွှမ်းသော တိုက်ပွဲဖြစ်နိုင်စွမ်းရှိလေသည်။ သုန့်ဝမ်ကျင်း၏အမြင်တွင် ထိုလူများက ဗဟုသုတမရှိခြင်း နားမလည်ခြင်းဟု နားလည်လိုက်သည်။ ထိုသို့တွေးမိပြီးနောက် သူမက ပို၍ ဝမ်းနည်းသွားပြန်သည်။
“ဝမ်ချန်းနဲ့တိရှောင်းတို့က နင်တို့ကိုအုပ်ချုပ်ဖို့ အဆင့်မမီဘူးထင်ပါတယ်။ ဒီနေ့ကစပြီး နင်တို့အားလုံးက ငါပေးတဲ့ဝင်္ကပါသိုင်းတွေပဲ ကျင့်ကြံရမယ်”
သုန့်ဝမ်ကျင်းက ထိုသို့တိတ်ဆိတ်စွာပြောသည်။
သူမကထိုသို့ပြောလိုက်သည်နှင့် လူတိုင်းကကြောင်အသွားကြသည်။
လော့ကျန်းက စိတ်ပျက်အားငယ်စွာပြောသည်။
“ငါတို့မှာ ပိုကောင်းတဲ့သိုင်းတွေရှိတယ်။ ဘာလို့မင်းပြောတဲ့ အဆင့်နိမ့်သိုင်းတွေကို ကျင့်ရမှာလဲ”
သူတို့က ကောင်းကင်အဆင့်သိုင်းများကို ကျင့်ကြံထားခြင်းဖြစ်သည်။ ထိုသိုင်းက လျှို့ဝှက်ဆန်းကျယ်သောကြောင့် သူတို့က အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း တိုးတက်မှုက နှေးကွေးနေခြင်းဖြစ်သည်။
“ငါဘာပြောသလဲဆိုတာ နင်တို့နားလည်လာပါလိမ့်မယ်”
သုန့်ဝမ်ကျင်းက တိတ်ဆိတ်စွာပြောပြီးသည့်နောက်တွင် လူတိုင်း၏ဒေါသထွက်နေသော အမူအရာကို လျစ်လျူရှုထားသည်။ ရုတ်တရက်သူမက အပေါ်သို့တက်သွားပြီး လုယွီ၏နေရာတွင် ဝင်ထိုင်လေသည်။ သူမက လူအုပ်ကိုတစ်ချက်ကြည့်ကာပြောသည်။
“မဟာတယွီစစ်တပ်က ဝမ်ချန်းနဲ့တိရှောင်းတို့လက်အောက်မှာ ရှိခဲ့ပြီး အများကြီးပျက်စီးဆုံးရှုံးခဲ့ရတယ်။ ဒီနေ့ကစပြီး ငါကနင်တို့ရဲ့စစ်သေနာပတိချုပ်ပဲ။ ဒီတော့အလံကိုလဲ ပုံသဏ္ဍာန်ပြောင်းသင့်နေပြီ”
သုန့်ဝမ်ကျင်းက လက်တစ်ဖက်ကို ရမ်းလိုက်သောအခါ လွင့်ထူနေသောအလံများအားလုံးက အောက်သို့ပြုတ်ကျသွားသည်။ ထိုအလံများတွင် ဝမ်ဆိုသည့် ဝမ်ချန်း၏နာမည်မှ စကားလုံးက ပါဝင်နေသည်။ ယခုအခါတွင်မူ အားလုံးက ကျင်းဆိုသော နာမည်ပြောင်းသွားလေသည်။
တိရှောင်းက စစ်သေနာပတိချုပ်လုပ်ခဲ့ချိန်ကပင် ထိုသို့ မပြုမူခဲ့ဖူးချေ။
“ကိုယ့်စစ်တပ်ကိုသွားပြီး စစ်သေနာပတိချုပ်သွားလုပ်ချည် အရူးမ”
“ဘာကိုသောက်ကျိုးနည်း မြောက်ပိုင်းမဟာမိတ်လဲ။ ငါတို့လုပ်ခဲ့သမျှအရာအားလုံးက အလကားပဲ။ ငါတို့က ဘာကြောင့် ဒီမိန်းမအတွက် အသက်ကို စတေးပေးရမှာလဲ”
“အားလုံးပဲ အတူတိုက်ခိုက်ကြရအောင် အဆင့်လွန်အဆင့်လဲ သေရမှာပဲ”
လူထောင်ပေါင်းများစွာ၏ ဒေါသတကြီး ကြုံးဝါးသံများအောက်တွင် သူတို့အားလုံးက ဝင်္ကပါသိုင်းများကို ထုတ်သုံးလိုက်ကြသည်။
အနားတွင် တိတ်ဆိတ်စွာရှိနေသော သုန့်ဝမ်ယွဲ့နှင့် ထိုင်ခုံပေါ်တွင်ထိုင်နေသော တုန့်ဝမ်ကျင်းတို့က အထင်တသေးကြည့်လိုက်ကြသည်။ သို့ရာတွင် စစ်တပ်၏ ဝင်္ကပါသိုင်းက အသက်ဝင်လာသည်နှင့် နှစ်ယောက်လုံး၏ မျက်နှာအမူအရာက ပြောင်းလဲသွားကြသည်။ သူတို့ပုရွက်ဆိတ်ဟုထင်ရသောထိုလူတစ်အုပ်၏အရှိန်အဝါကပင် အဆင့်တစ်ဆင့်မြင့်ကာ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
“အသုံးမကျတဲ့အမှိုက်တွေ နင်တို့က အဆင့်လွန်အဆင့်ကို မေးခွန်းထုတ်ရဲတာလား”
ညီအမနှစ်ယောက်လုံးက အေးစက်စွာဖြင့် နှာခေါင်းရှုံ့ကာ ပြင်းထန်သည့် စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။
အချိန်တစ်ခုကြာသည်အထိ တစ်ဖက်မှလူ၏ ပူးပေါင်းအားက သူတို့ကို အလဲထိုးနိုင်လေသည်။
လော့ကျန်းက ဓားကိုဆွဲထုတ်လိုက်ကာ အလယ်ဗဟိုနေရာသို့ ဝင်လိုက်သည်။ အခြားသော စစ်သည်တော်များအားလုံးကလည်း ကွင်းပြင်တစ်ခုလုံးကို မြူထုများဖုံးလွှမ်းစေသည့် ပြင်းထန်သည့်တိုက်ကွက်ကို ဖော်ထုတ်တော့သည်။ ထို့နောက် မြူထုများအတွင်းတွင် ကြီးမားလှသည့် သိမ်းငှက်ကြီးတစ်ကောင်က ထွက်ပေါ်လာကာ သုန့်ဝမ်မိသားစုမှ နှစ်ယောက်လုံးထံ ဖြတ်ရိုက်ရန် တိုးဝင်သွားသည်။
Thank For Reading.