အခန်း (၁၂၈၆-၁၂၉၀)
Vol. 68 Ch. 1286-1290
အပိုင်း ၁၂၈၆
ဝုန်း
ကျယ်လောင်သည့်ပေါက်ကွဲသံက ပြင်းထန်စွာထွက်ပေါ်လာချိန်တွင် သုန့်ဝမ်ယွဲ့၏ မျက်နှာက အံ့အားတကြီးဖြစ်သွားသည်။
“ဒါက တိုက်ပွဲဝင်သိုင်းပဲ သူတို့ကဘယ်နေရာက ရလာရတာလဲ”
သူတို့အံ့သြသွားရသည်မှာ ထိတ်လန့်စရာမရှိပေ။ ထိုကဲ့သို့သောသိုင်းမျိုးက အလွန်အမင်းရှားပါးလွန်းကာ အင်အားကြီးသောသူများပင် ရရန် အလွန်ခက်ခဲလေသည်။ ထိုတိုက်ပွဲဝင်ဝင်္ကပါအခင်းအကျင်းနှင့်ဆိုလျှင် ထိုစစ်သည်များအားလုံး၏ သိုင်းကွက်များက ရောထွေးနေခြင်း ပျက်ယွင်းနေခြင်းမရှိတော့ဘဲ တညီတညာထဲ ပေါင်းစည်းသွားပေလိမ့်မည်။
“တယွီစစ်တပ်တစ်တပ်လုံးထွက်ကြသံတမာန်ကို သတ်ပြီး စစ်သေနာပတိချုပ် တိရှောင်းကို ကယ်တင်ကြမယ်”
လော့ကျန်းက အော်ဟစ်ပြီးသည်နှင့် သူတို့အားလုံးက ဂိတ်ပေါက်မှထွက်ကာ တိရှောင်းကို ဆွဲခေါ်သွားရာနောက်သို့ လိုက်ရန် ကြံစည်ကြသည်။
သုန့်ဝမ်မိသားစုမှ ကောင်မလေးနှစ်ယောက်က အခြေအနေကြည့်လိုက်ကြသည်။
“အစ်မ ငါတို့တားမှာလား”
သုန့်ဝမ်ကျင်းက အံကိုကြိတ်ကာမေးသည်။ သူတို့က အဆင့်လွန်အဆင့်များဆိုသော်လည်း ထိုမျှပမာဏကို မတားဆီးနိုင်ချေ။
သူန့်ဝမ်ယွဲ့က ခပ်တိုးတိုးပြောသည်။
“ငါတို့က သူတို့လှုပ်လှုပ်ရှားရှားဖြစ်သွားမှ သွားလည်ကြမယ်။ အဲ့ဒီမှာ လုမိသားစုက လူနဲ့အဆင့်လွန်အဆင့်လေးယောက်တောင် ရှိနေတာပဲ။ ကိစ္စမရှိပါဘူး”
လေ့ကျင့်ရေးကွင်းတစ်ခုရှိ ရွက်ဖျင်တဲတစ်ခုပေါ်တွင် သံကြိုးများဖြင့် တုတ်နှောင်ခံထားရသော တိရှောင်းတို့ညီအကိုသုံးယောက်ရှိနေလေသည်။ ထိုသံကြိုးများကို သံမဏိနက်များဖြင့် အထူးသီးသန့်လုပ်ဆောင်ထားသည့်အတွက် မှော်စွမ်းအားများဖြင့် ဖောက်ဖျက်၍ မရနိုင်ခဲ့ချေ။ ထို့ကြောင့်တိရှောင်းတို့က အင်အားကြီးမားသော်လည်း ရုန်းကန်နိုင်စွမ်းမရှိခဲ့ချေ။
“လုကျန်း မင်းကစည်းမျဉ်းကို ဖောက်ဖျက်နေတာပဲ မင်းသေရမှာ”
တိရှောင်းက ဒေါသတကြီးအော်ဟစ်သည်။ သူ၏သံကြိုးများက လှုပ်ခါလာတော့သည်
လုကျန်း၏မျက်နှာက ယောင်ကိုင်းနေသည်။ လော့ကျန်းက သူ့ကိုကောင်းကောင်းထိုးနှက်ထားလေသည်။ ထိုအချိန်တွင် သူ၏နှလုံးသားထဲ ဒေါသနှင့်အရှက်ရမှုများက ပြည့်နှက်နေကာ တိရှောင်းက အော်ဟစ်နေသည်ကို မြင်ချိန်တွင် ပါးစပ်ကို တိုက်ရိုက် ပိတ်ထားချင်လာသည်။
“ကောင်းပြီ မင်းတို့သေပြီးရင် ငါမင်းတို့ရဲ့စစ်တပ်ကို တစ်ယောက်ချင်းစီ ဖြေးဖြေးချင်းသတ်ပေးမယ်။ မြောက်ပိုင်းနေရာမှာ အန္တရာယ်များတဲ့နေရာတွေ အများကြီးရှိတာ ငါသူတို့အားလုံးကို ပို့လိုက်လို့ရတာပဲ။ ဘယ်သူကသိမှာလဲ”
လုကျန်းက အော်ရယ်သည်။
ထိုသို့ပြောပြီးနောက် တိရှောင်းက ပို၍ဒေါသထွက်သွားကာ အသားကုန်ရုန်းကန်သည်။ လုကျန်းကိုလည်း စိုက်ကြည့်လာသည်။
“ငါမင်းတို့ကို ဖြည်းဖြည်းချင်းရှင်းပြပေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က သေရတော့မှာပဲ”
လုကျန်းက ရယ်ပြီးနောက် တိရှောင်း၏မျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည်။
တိရှောင်းက သံကြိုးများဖြင့် အခတ်ခံထားရလေကာ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ သဲအိတ်ကဲ့သို့ အထိုးခံရသည်။
“ဒါကအဆင့်လွန်အဆင့်လား။ ငါ့ရဲ့လက်သီးအောက်မှာ မင်းတို့တွေ ငြိမ်ခံနေရတာပဲမဟုတ်ဘူးလား ဟားဟားဟားဟား”
လုကျန်းက ထိုအခြေအနေကိုမြင်သောအခါ အော်ရယ်တော့သည်။ သူက စိတ်ပြေသွားသည်။
သူက ဓမ္မအဆင့်နယ်မြေတွင်သာရှိနေလေသည်။ သို့သော် အဆင့်လွန်အဆင့်က သူ့ကြောင့် အထိုးခံနေရကြောင်းမြင်သောအခါ အလွန်ကျေနပ်နေမိလေသည်။ ထိုအချိန်တွင်ပင် တံခါးက ဆူညံပွက်လောရိုက်သံများကို ထွက်လာသည်။ ထို့ေနာက် သေခါနီးအော်ဟစ်သံကဲ့သို့သော အသံမျိုးက ထွက်လာလေသည်။
လုကျန်းက မျက်မှောင်ကြုံ့သည်။
“ဘာတွေဖြစ်နေတာလဲ ဆူလိုက်တာ”
အစေခံတစ်ယောက်က အပြေးဝင်လာပြီးပြောသည်။
“အရှင် မဟာတယွီစစ်တပ်က အပြေးဝင်လာပါတယ်”
“ဘာ”
လုကျန်းက မျက်မှောင်ကြုံ့သည်။
“စစ်သေနာပတိချုပ်ရဲ့နေရာကို သုန့်ဝမ်ကျင်းကို ပေးထားတာမဟုတ်ဘူးလား”
အစေခံက တုန့်ဆိုင်းနေသေးကာ ပြောသည်။
“အဲ့ဒီအဆင့်လွန်အဆင့်နှစ်ယောက်က ဒီလူတွေကို မဖိနှိပ်နိုင်တော့ပါဘူး။ သူတို့ကလည်း ပုန်ကန်တော့မယ်ထင်တယ်”
ထိုအချိန်တွင် အော်ဟစ်သံများက ကျယ်သထက်ကျယ်လာသည်။ လုကျန်းက အပြင်သို့ထွက်ကြည့်လိုက်ချိန်တွင် တယွီစစ်တပ်မှု မရေမတွက်နိုင်သော လူပေါင်းများစွာက အပြေးဝင်လာကာ သူ့ကိုသတ်ရန် ကျိန်ဆဲနေကြောင်းမြင်လိုက်ရသည်။ လူထောင်ပေါင်းများစွာ အတူတက်လာကြောင်း မြင်သောအခါ ပြင်းထန်သည့်အားကို ဖြစ်ပေါ်လာစေသည့်အတွက် လုကျန်းကပင် မျက်နှာပျက်သွားလေသည်။
“လာကြစမ်း အဆင့်လွန်အဆင့် အစောင့်လေးယောက်။ သူတို့အားလုံးကိုသွားခေါ်ကြ မြန်မြန်”
လုကျန်းက အသားကုန်အော်သည်။
ထိုအချိန်တွင် လော့ကျန်းက လူအုပ်ကို ဦးဆောင်လျက် ချည်းကပ်လာပြီဖြစ်သည်
လူအုပ်ထဲတွင် လုကျန်း၏မျက်နှာကို သူကတန်းမြင်လိုက်ရသည့်အတွက် သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။
“သစ္စာဖောက်က ဟိုမှာပဲ မလွတ်စေနဲ့ သတ်ကြ”
မရေမတွက်နိုင်သောမျှားပေါင်းများစွာက ရောက်ရှိလာခဲ့ကာ လုကျန်းထံ ချည်းကပ်လာသည်။စွပ်ကနဲ မြည်သံနှင့်အတူ မြားများ၏ အဝိုင်းခံရသဖြင့် လုကျန်းက မတိုက်ခိုက်နိုင်တော့ဘဲ ရှုံးနိမ့်သွားရသည်။
သူကအမြဲတစေ ကြွယ်၀ကာ သက်တောင့်သက်သာရှိစွာ ဘဝတွင် နေထိုင်လာခဲ့ပြီး အားနည်းသူများကို အမြဲတစေ အနိုင်ကျင့်နေကြဖြစ်သည်။ သို့သော် ယခုကဲ့သို့သောအခြေအနေမျိုးကို အတွေ့အကြုံရှိမနေချေ။ ထို့ကြောင့် သူက အလွန်တုန်လှုပ်သွားသည်။
ဝုန်း
ထိုအချိန်တွင် မဟာတယွီစစ်တပ်ကြီးက အရှိန်နှုန်းလျော့သွားသည်။ ပြင်းထန်သည့်အားက လေးဖက်လေးလံမှ ဝင်ရောက်လာခဲ့ကာ လူအုပ်ကို တွန်းပို့သည်။ ထိုနည်းအားဖြင့် သူတို့ကိုပြန်ဆုတ်စေသည်။
“မင်းတို့က ပုန်ကန်ချင်ကြတာလား”
လုကျန်း၏အစောင့်လေးယောက်က ရောက်လာကာ အေးစက်စွာနှာခေါင်းရှုံ့သည်။ သူတို့ကို လုမိသားစုက ပိုက်ဆံများစွာပေးကမ်းကာ ပျိုးထောင်ထားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့အခြေအနေ ကြုံသောအခါ ကာကွယ်ပေးရန် လိုအပ်လာသည်။ သို့သော် သူတို့အားလုံးက ဆေးလုံးများဖြင့် အဆင့်တက်လာခြင်းဖြစ်သည့်အခါ အစစ်အမှန် အဆင့်လွန်အဆင့်များနှင့် ကွာခြားလွန်းနေလေသည်။ သို့တိုင်အောင် လော့ကျန်းတို့ကိုမူ ရင်ဆိုင်ရန် လုံလောက်နေလေသည်။
ထိုအချိန်တွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။
“သံတမာန် ကျွန်မတို့သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ ဒီသစ္စာဖောက်တွေ ထွက်သွားလိမ့်မယ်လို့မထင်ထားမိဘူး။ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ စိတ်ဝိဉာဉ်မိုင်းတွင်းနှစ်တွင်းနဲ့ သံတမာန်ကို ဆုလာဘ်ချီးမြင့်မှာပါ”
သုန့်ဝမ်ညီအမနှစ်ယောက်က နောက်ကျမှရောက်လာပြီး လုကျန်းကို ပြုံးချိုစွာပြောသည်။
အပိုင်း ၁၂၈၇
လုကျန်းက ဒေါသထွက်နေသေးသည်။ သို့သော် သုန့်ဝမ်ယွဲ့၏စကားကို ကြားချိန်တွင် မျက်နှာကြောက ပျော့သွားသည်။
“ဒီလူတွေက ငါ့ကိုလုပ်ကြံဖို့ကြိုးစားကြတယ်၊ သူတို့ကိုအလွတ်ပေးလို့မရဘူး”
လုကျန်း၏အသံက လေးနက်စွာထွက်လာသည်။
သုန့်ဝမ်ယွဲ့ကလည်း ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့သံတမန် ဒီလူတွေအားလုံးက သစ္စာဖောက်တွေပဲ၊ သစ္စာဖောက်တွေကို သတ်လို့ရတယ်၊ ကျွန်မတို့က လော့ကျန်းတစ်ယောက်တည်းကိုပဲလို အပ်ပါတယ်၊ ကျွန်မတို့ သူနဲ့သီးသန့်ဆွေးနွေးလိုက်ပါ့မယ်”
သုန့်ဝမ်ညီအစ်မများက မိုင်းတွင်းနှစ်တွင်းကိုသုံးကာ ပေးလိုက်ခဲ့ခြင်းက လော့ကျန်း၏လက်ထဲတွင်ရှိသော တိုက်ပွဲဝင်ဝင်္ကပါအခင်းအကျင်းကို လိုချင်၍ဖြစ်သည်။ ထိုသိုင်းနှင့်ဆိုလျှင် သူမတို့၏အမျိုးသမီးစစ်တပ်က အဆင့်မြင့်မားသွားပေလိမ့်မည်။ အဆင့်လွန်အဆင့်များကိုပင် သူတို့က သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့သော အားသာချက်ရှိနေလေရာ မိုင်းတွင်းနှစ်ခုက ပြောပလောက်ခြင်း မရှိတော့ပေ။
လုကျန်းက ထိုကိစ္စကို နားမလည်သည့်အတွက် သဘောတူလိုက်သည်။
“ကောင်းပြီ”
သူက ထိုမဟာတယွီကြောင့် အလွန်မပျော်မရွှင်ဖြစ်နေခဲ့သည့်အတွက် ထိုမဟာတယွီစစ်တပ်၏ တောင်းဆိုချက်အခြေအနေများကို ဂရုစိုက်ခြင်းမရှိပေ။ မြောက်ပိုင်းနယ်မြေတွင်လည်း ယခုကဲ့သို့ အလားတူနယ်စပ်နယ်မြေများ ရှိနေသေးလေသည်။ လုပ်ကြံသတ်ဖြတ်သည့်ကိစ္စကိုသာ သူက မဆုံးဖြတ်နိုင်လျှင် အခြားသောနယ်မြေများသို့ သွားရောက်ရန် သူက မျက်နှာပြစရာရှိတော့မည် မဟုတ်ချေ။
ထိုအချိန်တွင် မဟာတယွီစစ်တပ်ကမူ ပြင်းထန်သည့်ဖိအားကို ခံစားနေရသည်။
“တိုက်ခိုက်ကြ၊ အသေခံကြမယ်”
လော့ကျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ မဟာတယွီစစ်တပ်ကို ဦးဆောင်ကာ ချက်ချင်းဆိုသလို ဝင်္ကပါအခင်းအကျင်းနှင့်အတူ ရှေ့သို့တက်သည်။ သူတို့၏အရှိန်အဝါများက ဝင်္ကပါအပေါ် အားဖြည့်ပေးထားကြသည့်အတွက် အားအင်အပြည့်ရှိနေကြလေသည်။
အလွန်ပြင်းထန်သောမှော်စွမ်းအားများ ထိုးထွက်လာသည့်အခါ လေထုအတွင်းတွင် ပြည့်နှက်လာသောကြောင့် လူထုက အသက်ရှူရန်ပင် ခက်ခဲလာသည်။
“တစ်ခုခုက မှားနေပြီ”
လုမိသားစုမှ အဆင့်လွန်အဆင့်အစောင့်က ပြောသည်။ သူ၏လက်ဝါးက ရွေ့လျားသွားပြီး ပြင်းထန်သည့်အတွင်းအားများက ပေါက်ထွက်ကာ လေထဲတွင်စုဝေးလာသော အတွင်းအားများနှင့်ဖြစ်တည်လာသည့် ကြီးမားသည့် သိန်းငှက်သားရဲကြီးကို ရိုက်ချရန်ကြံစည်သည်။ သို့ရာတွင် ထိုသိန်းငှက်သားရဲကြီးက ရှောင်ရှားခြင်းမရှိဘဲ သူ၏အတွင်းအားလက်ဝါးကို ဝင်တိုးသည်။ ဟိန်းဟောက်သံနှင့်အတူ အဆင့်လွန်အဆင့်အစောင့်က ထိုသိန်းငှက်ကြီး၏ ထိုးဆိတ်ခံရပြီး ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။
“ဘယ်လိုဖြစ်ပြီး အဆင့်လွန်စွမ်းအားတွေကို ရင်ဆိုင်နေရတာလဲ”
အစောင့်များက အံ့ဩသွားကြသည်။
လက်ရှိအချိန်တွင် ကျင့်ကြံခြင်းအဆင့်နှင့်အင်အားအရ ကွာခြားချက်ရှိနေသေးသည်။ သို့သော် တစ်ဖက်မှ တယွီစစ်တပ်အတွင်းတွင်မူ အဆင့်အမြင့်ဆုံးကမှ သင်္ကေတထွင်းထုခြင်းအဆင့်ဖြစ်သည်။ သို့သော် သူတို့က အဆင့်လွန်စွမ်းအားကို ထုတ်ဖော်နိုင်စွမ်းရှိနေခဲ့သည်။
“မင်းတို့ ငြိမ်ပြီးရပ်မနေကြနဲ့ မြန်မြန်သတ်လိုက်လေ”
လုကျန်းကလည်း ဘေးမှ လှမ်းအော်သည်။
သုန့်ဝမ်ယွဲ့က နှာခေါင်းရှုံ့ပြီးပြောသည်။
“ဟမ့် ရှေ့ဆုံးကလူတွေလောက်ပဲ အသက်ရှင်ခွင့်ပေးထားလိုက်ပါ၊ ကျန်တဲ့လူတွေအားလုံးကို သတ်လို့ရတယ်”
လုကျန်းက တိုက်ပွဲဝင်သိုင်း၏တည်ရှိမှုကို သိသွားမည်ကို မလိုချင်ချေ။ ထို့ကြောင့် အားလုံးကို သတ်ဖြတ်ခိုင်းခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုဝင်္ကပါကို သူမတို့အတွက် သီးသန့်သာ လိုအပ်လေသည်။
အဆင့်လွန်အဆင့် ခြောက်ယောက်ပေါင်းလိုက်ချိန်တွင် ပြင်းထန်သည့် မှော်စွမ်းအားများက ထွက်ပေါ်လာတော့ကာ ထိုမဟာတယွီစစ်တပ်ရှိရာထံသို့ ပြုံတိုးဆင်းသက်လာတော့သည်။
တိုက်ပွဲဝင်ဝင်္ကပါအခင်းအကျင်းက အလွန်အင်အားကြီးမားသော်လည်း ကြီးမားသော ပုံရိပ်ယောင်သိန်းငှက်သဏ္ဍာန်ကိုသာ ထုတ်ဖော်နိုင်စွမ်းရှိခဲ့လေရာ တစ်ဖက်မှ ခြောက်ယောက်လုံးကို ယှဉ်နိုင်ရန်ခက်ခဲလေသည်။ ထို့ကြောင့် သိပ်မကြာခင်အချိန်တွင် လူအုပ်က ရှုံးသွားကြပြီး ပုံရိပ်ကလည်း ပျောက်ကွယ်သွားသည်။
လော့ကျန်း၏ပါးစပ်မှ သွေးများစီးကျလာသည်။ သူ၏မျက်ဝန်းအတွင်း ဝမ်းနည်းမှုများကိုမြင်နိုင်သည်။ သူတို့က အကောင်းဆုံးကြိုးစားခဲ့သော်လည်း လုမိသားစုထံမှ ရသည့် ဆုလာဘ်ကမူ ဆိုးရွားလွန်းနေခဲ့သည်။ မြောက်ပိုင်းနယ်မြေကသာ ဖျက်ဆီးခံရမည်ဆိုလျှင် သူတို့၏မိသားစု၊ အပေါင်းအဖော်များက ရေခဲနယ်မြေများ၏လက်တွင် အသတ်ခံရမည်ဖြစ်သည်။ သို့သော် သူတို့က ရေခဲနယ်မြေကို တိုက်ခိုက်ခဲ့ကြသည့်တိုင်အောင် အဆုံးတွင် ကိုယ့်လူလက်ထဲတွင် ပြန်လည်သေဆုံးရတော့ပေမည်။
“လုကျန်း ငါ မင်းကို သေချာပေါက်သတ်မှာ”
လော့ကျန်းက လုကျန်းကို ကြည့်ပြီး ဒေါသတကြီးအော်ဟစ်သည်။
လုကျန်းက မကျေမနပ်ပြောသည်။
“မင်းက ငါ့ရဲ့အနားကို ကပ်နိုင်တဲ့အဆင့်အထိ စောင့်စမ်းပါ”
ယခုအခါ အနိုင်ကသေချာသွားပြီဖြစ်သည့်အတွက် သူက ဖိအားများမနေတော့ချေ။
ထိုအချိန်တွင် ယွန်လော့ချန်းမြို့ပေါ်သို့ ဖိအားတစ်ခုက ဆင်းသက်လာသည်။ ထိုဖိအားက တိမ်စင်များဝန်းရံကာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ခေါင်းလောင်းတီးသံများက ထွက်ပေါ်လာတော့သည်။ ထိုခေါင်းလောင်းတီးသံများကို ကြားချိန်တွင် လူတိုင်း၏မျက်နှာက ဖြူဖျော့သွားသည်။ ထိုကဲ့သို့သော ခေါင်းလောင်းသံက ရန်သူက အုပ်လိုက်ချဉ်းကပ်လာမှသာ ထွက်ပေါ်လာတတ်သည့်အသံဖြစ်သည်။
အပိုင်း ၁၂၈၈
“ရန်သူတွေချဉ်းကပ်လာပြီး အရေးပေါ်”
“သံတမန် ရေခဲနယ်မြေက လူတွေရောက်လာပြီ၊ သူတို့ရဲ့လူပမာဏက အရမ်းများတယ်”
ရှေ့ပြေးများက ချက်ချင်းပြန်ရောက်လာကြကာ အကြောင်းကြားကြသည်။
ထိုအချိန်တွင် ထိုရှေ့ပြေးများက အသုံးမဝင်တော့ချေ။ အကြောင်းမူကား ကောင်းကင်သို့မော့ကြည့်လိုက်ရုံမျှဖြင့် ရေခဲနယ်မြေမှ အင်အားကြီးမားသော လူအများရောက်လာကြောင်း ထင်ရှားစွာမြင်နေရလေသည်။ တစ်ယောက်ချင်းစီတိုင်းက အလွန်ပြင်းထန်သည့်အရှိန်အဝါကို ထုတ်ဖော်နေခဲ့ကြသည်။ အားလုံးက အဆင့်လွန်အဆင့်များဖြစ်နေကြပြီး အယောက်ရာကျော်နေလေသည်။
ရေခဲနယ်မြေမှ အဆင့်လွန်အဆင့်များ ရောက်လာကြခြင်းဖြစ်သည်။
လေထဲတွင် သတ်ဖြတ်ခြင်းချီစွမ်းအင်က ပြည့်နှက်လာသည်။ လုကျန်း၏မျက်နှာက တင်းမာသွားကာ စိတ်ထဲတွင်မူ အလွန်ထိတ်လန့်နေပြီဖြစ်သည်။ သူက လုမိသားစု ဒုတိယအိမ်တော်ခွဲမှ သခင်လေးတစ်ယောက်မျှသာလျှင်ဖြစ်ပြီး သံတမန်ဆိုသည့်အဆင့်အတန်းက သူ့ကို အခွင့်အရေးကောင်းများ ရရှိစေသည့်အတွက် ယူခဲ့ခြင်းဖြစ်သည်။ သူက အများအားဖြင့် နောက်ကွယ်တွင်သာ ပုန်းအောင်းနေခဲ့ပြီး အေးအေးသက်သာ အကျိုးအမြတ်များကို ရယူနေခဲ့သည်။ မမျှော်လင့်ထားစွာပင် ယခုကဲ့သို့ ကံဆိုးသည့်နေ့ရက်က ရောက်လာခဲ့သည်။ ရေခဲနယ်မြေမှ အဆင့်လွန်အဆင့်ပေါင်းများစွာနှင့် တွေ့ကြုံရလေပြီ။
“မြန်မြန်လာကြ ငါတို့ ဒီနေရာက ထွက်ကြမယ်”
လုကျန်းက စိုးရိမ်တကြီးအော်သည်။ ထိုသို့ဖြင့် အဆင့်လွန်အဆင့်တစ်ယောက်က လုကျန်းကို ဖမ်းဆွဲပြီးထွက်ပြေးရန်ကြံစည်သည်။ သို့ရာတွင် သူက ဝေးဝေးမပြေးနိုင်ခင်မှာပင် ပြင်းထန်သည့်အားတစ်ခုက သူ့ကို တိုက်ရိုက်ထိမှန်သွားပြီး လွင့်ထွက်သွားစေသည်။ ထိုမှော်စွမ်းအားများက ပြင်းထန်လွန်းကာ လုထျန်းကန်းက ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။
“မြောက်ပိုင်းနယ်မြေက အဆင့်လွန်အဆင့်က အားနည်းလှချည်လား”
လုထျန်းကန်းကမျက်ခုံးပင့်သည်။
သူက လက်ကိုအသာရမ်းလိုက်ရုံမျှဖြင့် ထိုအဆင့်လွန်အဆင့် အစောင့်များအားလုံးက တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။ သို့သော် သူ မသိသည်မှာ ထိုအဆင့်လွန်အဆင့်က ဆေးလုံးကြောင့် အဆင့်လွန်အဆင့်ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ထိုအခြေအနေကိုမြင်သောအခါ လုကျန်း၏မျက်နှာက ဖြူဖျော့သွားသည်။ သူ၏အဆင့်လွန်အဆင့်လေးယောက်လုံးက နောက်ဆုံးအားဖြစ်သော်လည်း မမျှော်လင့်ထားစွာပင် အသုံးမကျဖြစ်နေခဲ့သည်။
“ဘယ်သူတွေက မဟာတယွီစစ်တပ်က အဖွဲ့သားတွေလဲ”
လုထျန်းကန်းက ရုတ်တရက်မေးသည်။ ထိုအသံထွက်လာသည်နှင့်လူတိုင်းက ကြောင်သွားကြသည်။
လုကျန်း၏နှလုံးသားထဲ အံ့အားသင့်မှုက ထွက်ပေါ်လာသည်။ မဟာတယွီစစ်တပ်က မြောက်ပိုင်းရှေ့တန်းမှ အောင်မြင်စွာပြန်လာနိုင်ခဲ့သည်မှာ တစ်ဖက်ရေခဲနယ်မြေကို ရန်စခဲ့ခြင်းဖြစ်လောက်သည်။ ထို့ကြောင့် မဟာတယွီစစ်တပ်ကို လာရှာခြင်းဖြစ်လောက်လေသည်။
“သူတို့ပါပဲ၊ ငါက သူတို့ကို ရေခဲနယ်မြေကို မတိုက်ခိုက်ခိုင်းခဲ့ပါဘူး၊ ဒါပေမယ့် သူတို့က ငါ့ရဲ့အကြံပြုချက်ကို နားမထောင်ဘဲ ရေခဲနယ်မြေက စစ်သည်တော်တွေနဲ့ အမြဲတိုက်ခိုက်နေခဲ့တယ်၊ သူတို့ သေသင့်ပါတယ်”
လုကျန်းက လော့ကျန်းနှင့်အခြားသော စစ်သည်များကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
လုထျန်းကန်းက မျက်မှောင်ကြုတ်သည်။
“မင်းက ဘာကောင်လဲ”
လုကျန်းက အပြုံးနှင့်ပြောသည်။
“ငါက ရှားလုဆိုတဲ့လုမိသားစု ဒုတိယအိမ်တော်ခွဲက လုကျန်းပါ၊ တကယ်လို့ လူကြီးမင်းမှာ အမိန့်များရှိရင် ကျေးဇူးပြုပြီး ပြောနိုင်ပါတယ်”
လုထျန်းကန်းက လုကျန်းကိုအပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်သည်။
“မင်းက လုမိသားစုက လွှတ်ထားတဲ့သံတမန်ဖြစ်တယ်ဆိုရင် ငါတို့နဲ့ ရန်ငြှိုးသေချာပေါက်ရှိနေမှာပဲ၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် မဟာတယွီစစ်တပ်က မြောက်ပိုင်းရှေ့တန်းမှာ အင်အားအကြီးဆုံးတဲ့၊ မင်းက ဘာလို့ သူတို့ကို မတိုက်ခိုက်ခိုင်းတာလဲ”
ထိုအချိန်တွင် ရေခဲနယ်မြေမှ အင်အားကြီးမားသူကို ဖားယားနိုင်မည့် အခွင့်ကောင်းတစ်ခု ရောက်ရှိလာလေပြီ။
လုကျန်းက ထိုသို့တွေးလိုက်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်တော့ချေ။ သူက ဖားရန်ပြုံးလိုက်ပြီးပြောသည်။
“ငါက အမြဲတမ်း နယ်မြေနှစ်ခုလုံးအတွက် စဉ်းစားတွေးတောပေးတတ်တဲ့သူပါ၊ တကယ်တမ်းပြောရရင် ရေခဲနယ်မြေက ဘယ်လောက်အင်အားကြီးလိုက်သလဲ ငါကသာ လုမိသားစုက လူမဟုတ်ဘူးဆိုရင် ရေခဲနယ်မြေကို လာမှာ သေချာပါပဲ”
သံတမန်များက စစ်ပွဲမှ အခြေအနေများကို အမြဲတစေ ထောက်လှမ်းနေရပြီး တပ်ရင်းများအားလုံးကို အားအင်တက်ကြွအောင် ဆုလာဘ်ချီးမြှင့်ပေးရသူများ ဖြစ်ကြသည်။ ထိုနည်းအားဖြင့် ထိုလူအားများက အားအင်အပြည့်ဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် လုကျန်းကမူ ရှင်သန်ရန်အလို့ငှာ အများရှေ့တွင်ပင် မျိုးနွယ်ကို သစ္စာဖောက်လိုက်လေသည်။ လူတိုင်းက မျက်မှောင်ကြုတ်မိကြသည်။
လုကျန်းက ပြုံးကာပြောသည်။
“ငါတို့က ဒီနေ့ ဒီမနာခံတဲ့သူခိုးကောင်တွေကို ဖြေရှင်းဖို့ရောက်နေတာပါ၊ ဒီအတိုင်း လူကြီးမင်းအနေနဲ့ အမိန့်တစ်ခွန်းလောက် ပြောလိုက်ရင်ဖြစ်ပါတယ်၊ ကိုယ်တိုင်ကိုယ်ကျ လာဖို့မလိုပါဘူး”
လုထျန်းကန်းကလည်း လုကျန်း၏ဆိုလိုရင်းကို နားလည်လေသည်။ သူ၏ရှေ့ရှိလူက သူ၏အသက်အတွက် လူတိုင်း၏အသက်ကို ရောင်းချရန်ဆန္ဒရှိသော လူယုတ်မာတစ်ယောက်ဖြစ်သည်။
အပိုင်း ၁၂၈၉
“မင်း စမ်းကြည့်နိုင်တယ်၊ သူတို့အားလုံးသေကုန်မယ်ဆိုရင် မင်းလည်း ဆိုးဆိုးရွားရွား အဆုံးသတ်မှာပဲ”
လုထျန်းကန်းက လေးနက်စွာပြောသည်။
လုကျန်း၏မျက်နှာက တောင့်တင်းသွားပြီး နားမလည်နိုင်တော့ချေ။
လုထျန်းကန်းက လော့ကျန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ထဲမှ သိုလှောင်အိတ်ကို ပစ်ပေးလိုက်သည်။
“အဲ့ဒီထဲမှာ ဆေးလုံးတွေနဲ့စိတ်ဝိဉာဉ်ကျောက်တုံးတွေပါတယ်၊ ယူပြီး မြန်မြန်ကုသလိုက်”
လုထျန်းကန်းကပြောသည်။
“အာ ဒါက ဘာကိုဆိုလိုတာလဲ”
ရေခဲနယ်မြေမှ အလွန်စွမ်းအားကြီးမားသော အဆင့်လွန်အဆင့်တစ်ယောက်က ရောက်လာခဲ့ပြီး မဟာတယွီစစ်တပ်အားဆေးလုံးများနှင့် စိတ်ဝိဉာဉ်ကျောက်တုံးများ ကမ်းပေးနေလေသည်။
လော့ကျန်းက ကောက်မယူဘဲ တည်ငြိမ်စွာ ပြန်ပြောသည်။
“ငါက သေရမယ်ဆိုရင်တောင်မှ ရေခဲနယ်မြေက ပစ္စည်းတွေကို မယူနိုင်ဘူး”
ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အသံတစ်သံက ထွက်လာသည်။
“လော့ကျန်း မင်းက ငါ့ရဲ့ပစ္စည်းဆိုရင်ရော ယူမှာလား”
ရင်းနှီးကျွမ်းဝင်သောအသံကို ကြားလိုက်ရသောအခါ လော့ကျန်းက အလွန်အံ့ဩသွားပြီး သူ၏ဦးနှောက်ထဲတွင် အော်ဟစ်သံကပင် ထွက်ပေါ်လာသည်။
သူတို့အားလုံး မော့ကြည့်လိုက်ကြသောအခါ ကောင်းကင်တွင် အနက်ရောင်အစက်တစ်စက်ကို မြင်လိုက်ရသည်။ ထိုအစက်က တဖြည်းဖြည်း ကြီးသထက်ကြီးလာပြီး ခမ်းနားသော နဂါးများဆွဲသည့် ရထားလုံးဖြစ်ကြောင်း မြင်လိုက်ရသည်။ ရထားလုံးရှေ့တွင်ဆွဲသော သားရဲမှာ မီးများတောက်လောင်နေသော နဂါးတစ်ကောင်ဖြစ်ပြီး ရုတ်တရက် သူတို့၏အထက်တွင် ရပ်တန့်သွားလေသည်။
ခရက်
အဆင့်လွန်အဆင့်များထဲမှ တစ်ယောက်က အရှေ့သို့တက်ကာ ရထားလုံး၏တံခါးကို ဖွင့်ပေးသည်။
လုယွီက ရထားလုံးအတွင်းမှ ထွက်လာသည်။ သူ၏မျက်ဝန်းအတွင်း အေးစက်သောအလင်းက တောက်ပလာကာ ရှိသမျှလူတိုင်းကို တစ်ချက်ကြည့်သည်။
လုကျန်းကလုယွီကို မမှတ်မိသော်လည်း သုန့်ဝမ်ညီအစ်မနှစ်ယောက်ကမူ လုယွီကိုမြင်ရချိန်တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
“ဝမ်ချန်း နင် နင်က မသေဘူးလား”
သုန့်ဝမ်ယွဲ့၏ကိုယ်က တသိမ့်သိမ့်တုန်သွားသည်။
လုယွီကသာ အသက်ရှင်နေသေးကြောင်း သေချာလျှင် သူမက လုယွီကို ဘယ်သောအခါမှ ရင်ဆိုင်လိမ့်မည်မဟုတ်ချေ။ သို့ရာတွင် လုယွီက ပျောက်ကွယ်သွားပြီး သေဆုံးမည်ဟု ထင်ခဲ့သည့်အတွက် သူမ၏မျက်နှာအစစ်အမှန်ကို ထုတ်ပြကာ မဟာတယွီစစ်တပ်ကို ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။
မဟာတယွီစစ်တပ်မှ တိုက်ပွဲတွင် လုပ်ဆောင်မှုများအားလုံးက မြောက်ပိုင်းမဟာမိတ်နယ်မြေသို့ တင်ပြခဲ့ပြီးဖြစ်လေရာ သူမတို့ကသာ အပိုင်သိမ်းနိုင်လျှင်ထို အကျိုးအမြတ်များအားလုံးကို သူမတို့က ရရှိပေလိမ့်မည်။
သုန့်ဝမ်ယွဲ့က မောက်မာရဲခြင်းဟာလည်း လုယွီမရှိသောကြောင့်ဖြစ်သည်။ သို့ရာတွင် လုယွီက မသေသည့်အပြင် ထိုမျှအထိစွမ်းအားကြီးမားနေမည်ဟု မထင်ထားမိချေ။
“ငါက မသေသေးဘူး၊ မင်းတို့တော့ စိတ်ပျက်သွားမှာပဲ”
လုယွီက ဖျော့တော့စွာပြုံးလျက်ပြောပြီး ခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် ကောင်းကင်တွင် လေပြင်းများတိုက်ခတ်ကာ တိမ်စိုင်များပင် လွင့်ပျယ်သွားသည်။ နေမင်း၏တောက်ပသော အလင်းအောက်တွင် တိရှောင်းနှင့်အခြားသူများ၏ မျက်နှာကို မြင်လိုက်ရသည်။ သူတို့က ငယ်ရွယ်ကာ ခန့်ညားသော လူငယ်ကို မြင်လိုက်ရချိန်တွင် ပါးစပ်များဟလျက် တစ်စုံတစ်ရာပြောလိုကြသော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
“ငါ ဒီမှာမရှိတဲ့အချိန်မှာ မင်းတို့ အများကြီးပင်ပန်းသွားရပြီ”
လုယွီက လေးနက်စွာပြောလိုက်သည်။ မည်သို့ပင်ဆိုစေ တိရှောင်းတို့အားလုံးကို လုယွီက သိမ်းသွင်းခဲ့ခြင်းဖြစ်သည်။
အရေးကြီးဆုံးအချိန်တွင် တိရှောင်းက မဟာတယွီစစ်တပ်ကိုကောင်းမွန်စွာ ထိန်းချုပ်ပေးခဲ့ပြီး အသက်ကိုပင် စတေးရလုနီးပါးဖြစ်သွားခဲ့သည်။ ထို့ကြောင့် လုယွီက အလွန်ခံစားသွားရသည်။
သူတို့၏ကိုယ်ပေါ်တွင် ရစ်နှောင်ထားသော ချိန်းကြိုးများကို ကြည့်ပြီးနောက်တွင် လုယွီ၏နှလုံးသားက လှုပ်ရှားသွားသည်။ သူက လက်မြှောက်လိုက်ရာ ဓါးကျိုးတစ်ချောင်း ပေါ်လာသည်။ ထိုဓါးကျိုးကို ဖျတ်ခနဲ လေထဲတွင် ရမ်းလိုက်ရုံမျှဖြင့် အနက်ရောင်အလင်းက လက်သွားသည်။
ထိုသို့ဖြင့်တိရှောင်းနှင့် အခြားညီအစ်ကိုနှစ်ယောက်၏ကိုယ်ပေါ်တွင်ရှိသော သံမဏိချိန်းကြိုးများအားလုံးက ပေါက်ထွက်သွားလေသည်။ ထိုချိန်းကြိုးများကို အနက်ရောင်သံမဏိဓါးဖြင့် လုပ်ထားပြီး အလွန်ခိုင်မာကြောလှသော်လည်း လုယွီအမြင်တွင် ဘာမှမဟုတ်ချေ။
“တိရှောင်းက မာရှယ်ကို ဂါဝရပြုပါတယ်”
တိရှောင်းတို့အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ စစ်သေနာပတိချုပ်ကို တစ်ရက်တွင် ပြန်လည်တွေ့ဆုံရမည်ဟုပင် မထင်ထားမိချေ။
အခြားတစ်ဖက်တွင် လုကျန်းကမူ ကြောင်အနေလေပြီ။ သူ၏စိတ်ထဲတွင်မူ အဖြစ်အပျက်များကို လိုက်မမှီနိုင်တော့ချေ။
“မင်းက ဝမ်ချန်းလား၊ မင်းက ရေခဲနယ်မြေကို အချိန်အကြာကြီး သွားနေခဲ့တာကိုး”
လုကျန်းက နောက်ဆုံးတွင် နားလည်သွားသည်။ ထို့ကြောင့်သာလျှင် လုယွီက အခြားသောစွမ်းအားကြီးမားသူများ လိုက်သတ်ခြင်းမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်လောက်သည်။ ထိုဖြစ်နိုင်ခြေတစ်ခုအရ လုယွီက ရေခဲနယ်မြေသို့ သွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆင့်လွန်အဆင့်တစ်ယောက်ကပင် လုယွီအတွက် တံခါးဖွင့်ပေးသည့် မြင်ကွင်းကို ပြန်တွေးမိသောအခါ လုကျန်း၏နှလုံးသားထဲ မနာလိုမှုများက ပြည့်နှက်လာသည်။
“ဟားဟား ဒီတော့ ငါတို့က တစ်မိသားစုတည်းကပဲ၊ ဝမ်ချန်း မြန်မြန် မင်းရဲ့လက်အောက်ငယ်သားတွေ ရေခဲနယ်မြေပြန်ဖို့ အမိန့်ထုတ်လိုက်တော့”
လုကျန်းကပြောသည်။
တစ်ချိန်တည်းတွင်ပင် လုကျန်းက လုထျန်းကန်းတို့ကို ကြည့်နေလေသည်။ ထိုသူများ မည်သို့လုပ်မည်ဖြစ်ကြောင်း သူကသိလိုသည်။ သို့ရာတွင် သူ စိတ်ပျက်သွားရသည်မှာ လုထျန်းကန်းတို့က သူ့ကို ဂရုပင် မစိုက်နေချေ။
“လုမိသားစုက အားနည်းသထက်အားနည်းလာတာ အံ့ဩစရာမရှိတော့ဘူး၊ ဒီလိုအမှိုက်ကောင်တွေ ရှိနေတာကိုး”
လုယွီက နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ကာ လုကျန်းကို ရိုက်ထုတ်လိုက်သည်။ လုကျန်းက မြေပြင်သို့ ပြင်းထန်စွာ လဲသွားချိန်တွင် လော့ကျန်း၏ခြေထောက်ရှေ့တည့်တည့် လွင့်ထွက်သွားသည်။
“သူ့ကို ဂရုစိုက်လိုက်”
လုယွီက ပေါ့ပါးစွာပြောသည်။
“ဟုတ်ကဲ့မာရှယ်”
လော့ကျန်းက အားအင်အပြည့်ပြန်ဖြည့်လိုက်ပြီး လုကျန်း၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
အပိုင်း ၁၂၉၀
လုကျန်းကကြောင်သွားသည်။ အချိန်အတန်ကြာမှသာ တုန်လှုပ်သွားပြီး အော်တော့သည်။
“မင်းက ငါ့ကိုရိုက်ရဲတယ်”
“ဟုတ်တယ် ငါပြောထားသလိုပဲ ငါကမင်းကိုသတ်ပြမယ်”
လော့ကျန်းက မဲမှောင်စွာပြုံးလျက် ဆက်ပြောသည်။
“ငါအချိန်တောင်မစောင့်နိုင်တော့ဘူး ဒီနေ့ပဲလုပ်ရအောင်”
စစ်သားတစ်အုပ်ကလည်း ဝိုင်းလာသည်။ လုကျန်း၏နှလုံးသားကမူ ခြောက်ခြားသွားသည်။ သူကဒေါသကြီးနေသော စစ်သားများကိုကြည့်သည်။
“မင်းတို့မလွန်နဲ့ ငါပြောမယ် ငါကလုမိသားစုကပဲ မင်းတို့က ငါ့ကိုထိရဲရင် လုမိသားစုက မင်းတို့ကို လွှတ်ပေးမှာမဟုတ်ဘူး”
လုကျန်းက ဆက်တိုက်အော်နေသည်။
ဖုန်းးး
သူရသောအဖြေက ပြင်းထန်သောကန်ချက်ဖြစ်သည်။ သူက ခေါင်းစိုက်လျက် မြေပြင်ပေါ်သို့လဲကျသွားသည်။ သူ၏နှာခေါင်းမှပင် သွေးများက စီးကျလာလေသည်။
“ငါတို့ကိုတစ်ချိန်လုံး ဖိနှိပ်ခံထားရတာကို ငါတို့က မင်းကိုကြောက်နေဦးမယ်လို့ထင်လား”
“လုမိသားစုက ဘာမှမဟုတ်ဘူး ငါတို့က မင်းတို့ရဲ့သိုင်းတွေကို လိုချင်နေတယ်လို့ ထင်နေလား”
“မင်းတို့က ငါတို့ကို တစ်ချိန်လုံး အနိင်ကျင့်နေခဲ့တယ်။ နောက်ဆုံးတော့ မင်းသေပြီ”
ထိုမြင်ကွင်းကိုမြင်သော စစ်သားများအားလုံးက အံကိုကြိတ်လျက် ဝိုင်းလာကာ လုကျန်းကို ကန်ကျောက်ကြသည်။ လုကျန်းက အကူအညီတောင်းသော်လည်း မည်သူကမှ သူ့ကိုမကူညီကြချေ။ သိပ်မကြာခင်မှာတင် သူကအသံပျောက်သွားတော့သည်။
လူအုပ်က ဖယ်ခွာလိုက်ချိန်တွင် လုကျန်းက သွေးအိုင်နှင့် အသားပုံအဖြစ် ပြောင်းလဲနေလေပြီ။ သူကအရှင်လတ်လတ် ပြင်းထန်စွာကန်ကျောက်ခံရင်း သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
လုမိသားစုမှ အစောင့်များကမူ ရောက်ရာနေရာတွင်ရပ်လျက် မလှုပ်ရဲကြချေ။
လုယွီက သူတို့ကိုတစ်ချက်ကြည့်ပြီး ပေါ့ပါးစွာပြောသည်။
“မင်းတို့က ကိုယ့်စိတ်နဲ့ကိုယ်လုပ်တာမဟုတ်ပေမဲ့လည်း ဒီကောင်ကို ကူညီပေးခဲ့တယ်။ ဒီတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်လိုက်။ ကိုယ့်ဘာသာကိုယ်လုပ်ကြ”
လုယွီက သူ၏ပြင်းထန်သည့်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် လုမိသားစုမှ အစောင့်လေးယောက်လုံးက နာကျင်စွာ ညည်းညူလိုက်ကြသည်။ မူလက သူတို့ကအဆင့်လွန်အဆင့်သို့ ရောက်ခဲ့ခြင်းက ဆေးလုံးများကြောင့်ဖြစ်သည်။ ယခုအခါ သင်္ကေတထွင်းထုခြင်းနယ်မြေအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့လေပြီ
သူတို့၏နှုတ်ခမ်းများမှ သွေးများထွက်နေသည်။ သို့သော် သူတို့က မည်သည့်စကားမှ အထွန့်တက်မပြောရဲကြချေ။ လုယွီကိုသာ ဂါဝရပြုပြီးသည်နှင့် ထွက်ပြေးသွားကြတော့သည်။
လုယွီက သူတို့ကိုအသက်ရှင်ခိုင်းခြင်းကပင် ရက်စက်ခြင်းဖြစ်နေလေသည်။ သို့သော် လုယွီက ကိုယ်တိုင်မလှုပ်ရှားခဲ့ချေ။ သူတို့ကိုကိုယ်တိုင်လှုပ်ရှားရန် အခွင့်အရေးပေးခဲ့သည်။ လုယွီကသာ မလှုပ်ရှားလျှင်ပင် လုယွီ၏အနားတွင်လည်း အဆင့်လွန်အဆင့်က ရာကျော်ရှိနေသေးလေသည်။ အခြားလူများက လုပ်ပေးလျှင် လွယ်ကူတော့မည်မဟုတ်ချေ။ ထိုသို့ဖြင့် လုမိသားစုမှ အစောင့်များထွက်သွားသည့်အတွက် ထိုနေရာတွင် အပြင်လူဟူ၍ သုန့်ဝမ်ညီအမနှစ်ယောက်သာ ကျန်ရစ်တော့သည်။
သုန့်ဝမ်ယွဲ့က အံကိုကြိတ်ပြီးပြောသည်။
“ငါနင့်ကို ကျောက်စိမ်းမိန်းမပျို တစ်ဂိုဏ်းလုံးပေးနိုင်တယ်။ ငါနဲ့ငါ့ညီမကိုတော့ အရှင်ထားပါ”
သူမ၏အနားတွင်ရှိနေသော သုန့်ဝမ်ကျင်းကမူ စကားမပြောရဲလောက်အောင် တုန်ယင်နေသည်။ အတိတ်တွင် လုယွီ၏ သတိပေးစကားများက သူမ၏နားထဲတွင်ပြန်လည်ကြားယောင်ကာ ဟိန်းထွက်နေသည်။ လုယွီက သူမကို သတ်ရန်ဆန္ဒရှိမည်ဆိုလျှင် သူမက မည်သည့်နည်းနှင့်မျှ အသက်ရှင်နိုင်တော့မည်မဟုတ်ကြောင်း နားလည်သွားလေသည်။
“ငါကမင်းတို့ရဲ့ဂိုဏ်းက ကောင်မလေးတွေကို စိတ်မဝင်စားဘူး”
လုယွီက သူတို့နှစ်ယောက်ကိုကြည့်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။