← Chapters

အခန်း (၁၃၁၁-၁၃၁၅)

Vol. 69 Ch. 1311-1315

အခန်း (၁၃၁၁-၁၃၁၅)

Vol. 69 Ch. 1311-1315

အပိုင်း ၁၃၁၁

လုယွီက ခေါင်းခါသည်။

“သူ့ကို ထားဖို့ နေရာရှာပြီးတဲ့အထိ စောင့်”

ချူယွီလော်၏စိတ်ဝိဉာဉ်စွမ်းအားက ပို၍အင်အားကြီးမားလာသော်လည်း လုယွီ၏လက်ထဲတွင် မေ့မျောနေသေးလေသည်။

လုကျန်းဟိုင်က ပြောသည်။

“ဒါက ချူမိသားစုက ပထမသခင်မလေးဖြစ်နေတာကိုး မင်းစိတ်အေးအေးထားပါ ပထမသခင်မလေးက ငါတို့လုမိသားစုရဲ့လေးစားရတဲ့ဧည့်သည်တော်ပါ။ ငါတို့သေချာပေါက် စီစဉ်ပေးလိုက်ပါ့မယ်”

ထိုအချိန်တွင်ပင် လုမိသားစုမှ အစေခံအမျိုးသမီးများစွာထွက်လာကာ ချူယွီလော်ကို အနားယူရန် ခေါ်ဆောင်သွားကြသည်။

“ဆရာသခင် ဝမ်ချန်း ကျေးဇူးပြုလို့”

လုကျန်းဟိုင်က လုယွီကို ရထားလုံးထဲသို့ ဖိတ်ခေါ်သည်။

လုကျန်းဟိုင်က တံခါးကိုဖွင့်ပေးချိန်တွင် လုယွီက အထဲသို့ဝင်သွားသည်။ ထို့နောက် သူတို့က လုမိသားစု အိမ်တော်သို့ ပြန်လာခဲ့လိုက်ကြလေသည်။

ထိုအချိန်တွင် လုယွီ၏ စိတ်ဝိဉာဉ်စွမ်းအားက အရပ်မျက်နှာအနှံ့မှ ရှိနေသောအင်အားကြီးမားသူများကို ခံစားမိလိုက်လေသည်။

လုကျန်းဟိုင်က လုယွီကို လျှို့ဝှက်အခန်းထဲသို့ ခေါ်သွားသည်။ သူ၏မျက်နှာအမူအရာက သုန်မှုန်နေပေ၏။

“ဆရာသခင်ဝမ်ချန်းကလည်း လုမိသားစုအိမ်တော်က ဘိုးဘေးက ကျင့်ကြံတာကနေထွက်လာတော့မယ်ဆိုတာ သိထားမယ်ထင်တယ်”

လုကျန်းဟိုင်က လေးနက်စွာပြောသည်။

လုယွီက ခေါင်းငြိမ့်ကာပြောသည်။

“ငါကြားထားပါတယ်”

လုကျန်းဟိုင်က ဆက်ပြောသည်။

“ဒီနှစ်တွေမှာ အဓိက အိမ်တော်က အခြေအနေမကောင်းတော့ဘဲ အိမ်တော်ခွဲတိုင်းက အင်အားကြီးမားလာကြတယ်။ ဆယ်ခုမြောက်အိမ်တော်ခွဲက လုမိသားစုအိမ်တော်ကထွက်သွားပြီး အလယ်ပိုင်း နယ်မြေကိုရောက်သွားခဲ့တယ်။ ဒီတော့အခြားအိမ်တော်ခွဲတွေက အင်အားကြီးလာပြီး အဓိက အိမ်တော်က အင်အားစုတွေကို အပိုင်သိမ်းဖို့ကြိုးစားလာခဲ့တယ်”

“ဘိုးဘေးအိုကြီးရဲ့အခြေအနေကလည်း ဆိုးသထက်ဆိုးလာတယ် အိမ်တော်ခွဲအများစုက သူဘယ်တော့မှ ထွက်မလာနိုင်တော့ဘူးလို့ တွေးနေကြတယ်”

“ဒါပေမဲ့ လွန်ခဲ့တဲ့တစ်နှစ်လောက်က လောင်ဇွီက ရုတ်တရက်အခြေအနေပိုကောင်းလာပြီး ရေခဲနယ်မြေကို တိုက်ခိုက်ဖို့ အမိန့်ထုတ်ခဲ့တယ်”

လုယွီက မျက်ခုံးပင့်လိုက်သည်။

“ခင်ဗျားက လုမိသားစုဘိုးဘေးကို မထွက်လာစေချင်ဘူးလား”

လုမိသားစု ဘိုးဘေးက အခြေအနေဆိုးများစွာကို ရင်ဆိုင်ခဲ့ရဖူးလေသည်။ သို့သော် လုယွီက တစ်နှစ်ခန့်သာအချိန်ယူပြီး သူ့ကို အထွတ်အထိပ်အခြေအနေသို့ရောက်အောင် လုပ်နိုင်စွမ်းအားရှိနေသည်။

ထို့ကြောင့် ကုန်လွန်ခဲ့သောအချိန်များအတောအတွင်း လုမိသားစု ဘိုးဘေး၏ အခြေအနေက အလွန်တိုးတက်ကောင်းမွန်ခဲ့လောက်သည်။ ထို့ကြောင့်အိမ်တော်ခွဲများက ထိတ်လန့်နေခြင်းဖြစ်လောက်သည်။ လုကျန်းဟိုင်က ကျယ်လောင်စွာပြောသည်။

“သေချာပေါက်မဟုတ်ဘူးပေါ့။ ငါကဒီလူတွေနဲ့ကွာခြားတယ်။လုမိသားစု အိမ်တော်က အင်အားကြီးမားလာဖို့အတွက်ဆိုရင် ငါတို့အားလုံး ပူးပေါင်းဖို့လိုအပ်တယ်”

သူက အထင်တသေးပြောသည်။

“ဒီလူတစ်အုပ်က ဘိုးဘေးကိုဆွဲချချင်နေတာ သူတို့က ရက်ရက်စက်စက်ပြုမူရဲကြတယ်။ သူတို့က အဓိက အိမ်တော်က သူတွေကိုတောင် အစေခံတွေလို့ သတ်မှတ်ကြသေးတယ်။ သူတို့က သေချင်နေတာ အသိသာကြီးပဲ”

“အထူးသဖြင့် ဒုတိယအိမ်တော်ခွဲနဲ့ နံပါတ်လေးအိမ်တော်ခွဲက လူတွေပဲ။ သူတို့က ပြင်ပအင်အားစုတွေနဲ့တောင် မိတ်ဆွေဖွဲ့ထားကြသေးတယ်။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်အားကို တိုးမြင့်အောင်လုပ်ပြီး အိမ်တော်ကို ဝံပုလွေတွေ ဆွဲသွင်းချင်နေတာ”

“ငါက ပိုက်ဆံအတွက်လောဘကြီးပြီး အဓိက အိမ်တော်က အရင်းအနှီးတွေကိုလည်း လိုချင်တာမှန်ပေမဲ့ လုမိသားစုအတွက် ကောင်းတာတွေကိုပဲ လုပ်ဖို့ ငါကဆန္ဒရှိတာပါ”

လုကျန်းဟိုင်ပြောသမျှက အမှန်ဖြစ်သည်။ လုယွီ၏ မျက်နှာအမူအရာက မပြောင်းလဲချေ။

“ဒါက လုမိသားစုအိမ်တော်က လျှို့ဝှက်ချက်တွေပဲ ဘာလို့ငါ့ကိုပြောပြနေတာလဲ”

လုယွီက သူ၏နောက်ခံကို အတည်မပြုရသေးသည့်အတွက် ထိုလူများအတွက် သူကလူစိမ်းတစ်ယောက်မျှသာဖြစ်သည်။ သို့သော် သူ့အား ထိုကဲ့သို့အရာများကို ပြောပြနေလေသည်။

အပိုင်း ၁၃၁၂

လုကျန်းဟိုင်၏မျက်နှာက လေးနက်သွားသည်။

“သူတို့က လောင်ဇွီထွက်လာတဲ့အချိန်မှာ ပြသနာရှာချင်နေတယ်။ ငါက သတင်းကြားထားတာကြာပြီ။ အထူးသဖြင့် အဆင့်လွန်ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး အကူအညီတောင်းဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စအရ ငါအပြင်လူတွေကို အသိပေးသင့်တယ်လို့ မထင်ဘူး”

“ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းက ဒီလောက်ငယ်ရွယ်တဲ့အသက်မှာတင် အဆင့်လွန်အဆင့်ကို ဝင်ရောက်နိုင်ခဲ့တယ်။ ငါက မင်းကို ရေကိုစမ်းသပ်ခိုင်းတာတော့မဟုတ်ပေမဲ့ လုမိသားစုက အရမ်းအရေးကြီးတဲ့အခြေအနေမျိုးရောက်ခဲ့ရင် ငါ့မှာရှိတဲ့အဆက်အသွယ်တွေအားလုံးကို အသုံးပြုရမှာပဲ”

လုယွီက လုကျန်းဟိုင်၏မျက်နှာအမူအရာကို ကြည့်လိုက်သည်။ ထိုလူအိုကြီးက လုံခြုံဘေးကင်းသမျှ ကာလပတ်လုံး သူက လုမိသားစုမှ လေးစားရသော ဧည့်သည်တော်တစ်ယောက် ရှိနေလောက်လေသည်။

လုကျန်းဟိုင်က သူ့အားအကူအညီတောင်းရန် ခေါ်ခဲ့ခြင်းဖြစ်သည်။

လုယွီက တတိယအိမ်တော်ခွဲသခင်ကို အပေါ်အောက်စုံချည်ဆန်ချည်ကြည့်သည်။ မူလက အိမ်တော်ခွဲအသီးသီးမှ အိမ်တော်ခွဲခေါင်းဆောင်အသီးသီးက ပုန်ကန်ချင်နေကြခြင်းဟု ထင်ထားခဲ့ခြင်းဖြစ်သည်။မမျှော်လင့်ထားစွာပင် ဘိုးဘေးကို ကာကွယ်ချင်သူများ ရှိနေသေးသည်။

“ငါ တွေးပါရစေဦး”

လုယွီက ဖျော့တော့စွာပြောသည်။

လုကျန်းဟိုင်က လုယွီကို ထိုသို့ပြောထားသော်လည်း သူကအလွယ်တကူ မယုံသင့်သေးချေ။

အဆင့်လွန်အဆင့်တစ်ယောက်အနေနှင့် ခြေလှမ်းများကို သတိထားသင့်လေသည်။

လုယွီက သတိလက်လွတ် လုကျန်းဟိုင်ကို မယုံကြည်သေးချေ။ မည်သို့ပင်ဆိုစေ တစ်ဖက်သူလုပ်ခဲ့သမျှကလည်း ကောင်းသောအရာများ မရှိသေးချေ။

လုကျန်းဟိုင်၏ မျက်နှာက ပြေလျော့သွားသည်။

“ဒါက ငါ့ရဲ့တံဆိပ်ပြားပါ။ မင်းမှာသာ ဒီတံဆိပ်ပြားရှိရင် အိမ်တော်အနှံ့ကို သွားလာလို့ရတယ်။ မင်းဒီရက်တွေမှာ လုအိမ်တော်မှာပဲနေပါ။ လိုအပ်တာရှိရင် ငါ့ကိုပြောလို့ရတယ်”

သူ့တွင်လည်း မျှော်လင့်ချက်မရှိချေ။ မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်ထံမှ အကူအညီရလျှင်လည်း အဆင်ပြေလေသည်။

လုယွီက တံဆိပ်ပြားကို ယူလိုက်ပြီးသည့်နောက်တွင် တိတ်ဆိတ်စွာဖြင့် အိတ်ထဲသို့ထည့်ကာ ရုတ်တရက်ပြောလိုက်သည်။

“လုမိသားစုအကြောင်း ငါက ဘာမှမသိထားဘူးဆိုတော့ အခုတလော ဖြစ်ပျက်ခဲ့တဲ့သတင်းအချက်အလက်တွေ ရနိုင်မလား”

လုကျန်းဟိုင်က ကြောင်သွားပြီးနောက်တွင် တစ်စုံတစ်ရာကိုခန့်မှန်းမိကာ ပြုံးလိုက်သည်။

“ဒါကပုံမှန်ပါပဲ ငါတစ်ယောက်ယောက်ကိုလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်”

လျှို့ဝှက်ခန်းထဲမှ ထွက်သွားပြီးနောက်တွင် အစေခံတစ်ယောက်က လုယွီကို အနားယူရန် အခန်းတစ်ခန်းသို့ခေါ်သွားသည်။

လုယွီက အနားယူရန်ထွက်သွားသောအခါ အမှောင်ထဲမှ အိမ်တော်ထိန်းကဲ့သို့ထင်ရသူက ထွက်လာသည်။

“အရှင် ဒီသတင်းအချက်အလက်တွေ သူ့ကိုပေးဖို့လိုအပ်လို့လား”

လုကျန်းဟိုင်က ပြောသည်။

“ပေးလိုက် သုံးရက်ကြာပြီးရင် ဘာတွေပဲဖြစ်လာဖြစ်လာ လုမိသားစုက အခြေအနေပြောင်းလဲသွားတော့မှာပဲ ဒီတော့ ဒီသတင်းအချက်အလက်တွေက အဖိုးမတန်တော့ဘူး”

“ဟုတ်ကဲ့အရှင်”

ထိုလူအိုကြီးက ဆက်ပြောသည်။

“ဒါ့အပြင် ထျန်းကျင်းမြို့ကို မီးဖယောင်းဓားရောက်လာပါပြီ”

“ဘာ”

“သူအခုဘယ်မှာလဲ”

လုကျန်းဟိုင်၏မျက်နှာတွင် အပြုံးက ပေါ်လာသည်။ ထိုလူက ပြောသည်။

“ကျွန်တော်တို့ရဲ့လူတွေက ဆရာသခင်ကို အနားယူဖို့ခေါ်သွားပါတယ်”

“ကောင်းပြီ ငါအခုပဲသွားတွေ့မယ်”

လုကျန်းဟိုင်က ရယ်မောကာ ထွက်သွားသည်။

လုယွီက ကူညီပေးလျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် ထိုလူငယ်တစ်ယောက်က အဆင့်လွန်အဆင့်ဖြစ်နေမည်ဆိုလျှင်ပင် အလွန်အင်အားကြီးမားမည်ဟု မယုံကြည်ပေ။ သူ၏နှလုံးသားထဲတွင် လုကျန်းဟိုင်အနေနှင့် မီးဖယောင်းဓားကိုသာလျှင် အရေးကြီးဆုံးတည်ရှိမှုတစ်ခုအဖြစ် မှတ်သားထားလေသည်။

ပြောကြသည်မှာ ထိုမီးဖယောင်းဓားသမားက ကောင်းကင်ကိုပင် တည်ဆောက်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ သူက နတ်သူငယ်နယ်မြေအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာသောသူလည်း ဖြစ်သည်။

ထိုကဲ့သို့အင်အားကြီးမားသူသာ ရောက်လာခဲ့မည်ဆိုလျှင် လုကျန်းဟိုင်အနေဖြင့် အလောတကြီး သွားရောက်ကြိုဆိုသင့်လေသည်။

လုယွီအတွက်ကမူ သူက ကတိပေးသည်ဖြစ်စေ ငြင်းဆန်သည်ဖြစ်စေ သူ၏စီစဉ်မှုများအပေါ် သက်ရောက်မှုရှိတော့မည်မဟုတ်ချေ။

…

အပိုင်း ၁၂၁၃

အိမ်တော်တွင်..

လုယွီက အခန်းထဲတွင် နေရာချထားပေးခံရပြီးသောအခါ လာပို့သွားသော သတင်းအချက်အလက်များကို ဖတ်ရှုလိုက်သည်။သတင်းအချက်အလက်များကို ဖတ်ရှုပြီးသည့်နောက်တွင် လုယွီက မျက်ခုံးပင့်လိုက်မိသည်။ တတိယအိမ်တော်ခွဲက ဒီနှစ်အတောအတွင်းစီစဉ်ထားမှုများကို သူ မြင်နိုင်လေသည်။

ထိုအချက်များထဲတွင် မှတ်တမ်းတင်ထားသည်မှာ လုမိသားစု၏ အဓိက အိမ်တော်တွင် သူတို့၏ ချီကျင့်ကြံခြင်းအဆင့်များက ရူးသွပ်စွာ ထိုးကျလာခဲ့သည့်အတွက် အဓိက အိမ်တော်ကို အားနည်းသွားစေခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအိမ်တော်ခွဲက အဓိက အိမ်တော်ခွဲကို လွှမ်းမိုးထားသည်ဟု ဆိုထားသည်။

အဓိက အိမ်တော်က ထိုသို့အားအင်လျော့ကျလာချိန်တွင် အဓိကအိမ်တော်ပိုင်ဆိုင်သမျှအရာအားလုံးကို အခြားသောအိမ်တော်ခွဲများက ခွဲဝေယူခဲ့သည်။ ကျင့်ကြံခြင်းနယ်မြေတွင်ဖြစ်စေ အရင်းအမြစ်နယ်မြေတွင်ဖြစ်စေ အရာအားလုံးကို ခွဲဝေယူခဲ့ခြင်းဖြစ်သည်။

အဓိက အိမ်တော်မှလူများကလည်း မောင်းထုတ်ခံရခြင်း သို့မဟုတ် ကျွန်အဖြစ် နှင်ထုတ်ခံရခြင်းများ ရှိခဲ့လေသည်။ အချို့ကမူ အရှင်လတ်လတ်နှိပ်စက်ကာ သတ်ဖြတ်ခံခဲ့ရသည်။ ထိုသတင်းအချက်အလက်များထဲတွင် လုကျန်းဟိုင်က ထူးဆန်းသောလူတစ်ယောက်ဖြစ်နေသည်။ အပေါ်ယံတွင် သူက အခြားသောအိမ်တော်ခွဲများနှင့် ပူးပေါင်းထားသော်လည်း နောက်ကွယ်တွင်မူ လုမိသားစုအိမ်တော်မှ အဓိက မျိုးဆက်များကို လိုက်လံကာကွယ်ပေးခဲ့လေသည်။

ထိုသို့လုပ်ခြင်းက ဉာဏ်ပညာရှိသော ချည်းကပ်မှုဖြစ်သည်။ ဂရုတစိုက်တွေးကြည့်မည်ဆိုလျှင် သူကအမြဲတမ်းရည်ရွယ်ချက်များကို သိုဝှက်ထားလေသည်။

“သူက လွတ်လမ်းရှာထားတာပဲ”

လုယွီက ရေရွတ်သည်။

နောက်ဆုံးအိမ်တော်ခွဲက အောင်မြင်သွားခြင်းဖြစ်စေ အဓိက အိမ်တော်က ဘိုးဘေးကြောင့် ပြန်လည်နေရာရသွားခြင်းဖြစ်စေ လုကျန်းဟိုင်အတွက် လွတ်မြောက်သည့်လမ်းက ရှိပြီးသားဖြစ်နေသည်

တိတ်ဆိတ်စွာဖြင့်ပင် လုယွီက နောက်လုပ်မည့်ကိစ္စကို တွေးတောကြည့်သည်။

သူကလုမိသားစုအိမ်တော်သို့ပြန်လာပြီးသည့်နောက်တွင် သူ၏ နောက်ခံကို လျို့ဝှက်ထားခဲ့သည်။ သို့မှသာလျှင် မြေခွေးအိုများက ထွက်ပေါ်လာပေလိမ့်မည်။ သူတို့က လက်ထဲတွင် အနိုင်ရနိုင်ချေရှိထားပြီးသည်ဟု ထင်ထားသည့်အချိန်မှသာ ကစားပွဲကို အဆုံးသတ်ရန် အချိန်ဖြစ်သည်။

“လောလောဆယ် လုမိသားစုမှာ အဆင့်လွန်အဆင့် အယောက်တစ်ရာ့နှစ်ယောက်ရှိနေတယ်။ လုမိသားစုက လူတွေကလွဲပြီး အခြားပြင်ပက လူတွေလည်း ရှိနေသေးတာပဲ”

လုယွီက ရေရွတ်လိုက်သည်။ နောက်ဆုံးတစ်ကြိမ်သူရောက်လာခဲ့ချိန်က အဆင့်လွန်အဆင့်ဆယ်ယောက်သာ ရှိနေခဲ့လေသည်။ ထိုလူများက လုမိသားစုမှ ဘိုးဘေးအိုကြီးထံသို့ ရောက်လာခဲ့ခြင်းဖြစ်လောက်ပေသည်။

လုယွီ၏ စိတ်စွမ်းအင်က အလွန်အင်အားကြီးမားလွန်းသည့်အတွက် ချက်ချင်းဖြန့်ကျက်လိုက်သည်နှင့် တစ်အိမ်လုံးမှအရာအားလုံးကို အသေးစိတ်မြင်လိုက်ရလေသည်။ ရုတ်တရက် လုယွီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက လူကြီမင်း ဝေကို မြင်လိုက်ရသည်။ ထိုအချိန်က လူကြီးမင်းဝေက တောင်ပိုင်းနယ်မြေသို့ သွားပြီး လုယွီကို ကျုံးထူသို့ ပို့ပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုလှေက လမ်းတွင် တိုက်ခိုက်ခံခဲ့ရကာ လုယွီတို့က လှေပေါ်မှခုန်ဆင်းခဲ့ရပြီး လင်းရှောင်းမြို့သို့ တစ်ယောက်ထဲ ထွက်လာခဲ့ရခြင်းဖြစ်သည်။

လုရွှမ်အာပြောသည့်အတိုင်းဆိုလျှင် လူကြီးမင်းဝေက လုအိမ်တော်မှလူများကို ပြန်ခေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“လူကြီးမင်းဝေက သူ့အနေအထားအရဆိုရင် လုအိမ်တော်မှာ အဆင့်အတန်း မြင့်သင့်တာကို ဘယ်လိုဖြစ်ပြီး အဲ့ဒီလိုနေရာမှာ နေနေရတာလဲ”

လူကြီးမင်းဝေ နေနေသောနေရာကို အကဲခတ်ပြီးနောက်တွင် လုယွီ၏ မျက်နှာက ပျက်သွားလေသည်။

လုမိသားစုအိမ်တော် အနောက်ဖက်ပိုင်း စွန့်ပစ်အိမ်တစ်ခုတွင်…

ထိုနေရာက အလွန်တသီးတခြားရှိသောနေရာဖြစ်ပြီး ပတ်ဝန်းကျင်ရှိအိမ်အများစုက ပျက်ဆီးနေကာ မည်သူကမှ ပြင်ဆင်ထားခြင်းမရှိပေ။ လူအနည်းစုသာလျှင် ထိုနေရာတွင်နေသည်။ နံရံ၏ထောင့်တစ်နေရာတွင် မြက်ခင်းများပေါက်နေကာ တသီးတသန့်တည်ရှိနေလေသည်။ ထိုနေရာက လုမိသားစု အိမ်တော်မှ အစေခံများနေရာဖြစ်သည်။ နောက်ပိုင်းတွင် အစေခံများက အခြားနေရာများသို့ အပို့ခံလိုက်ရသည့်အတွက် စွန့်ပစ်နယ်မြေဖြစ်သွားသည်။

လုမိသားစုအိမ်တော်မှ အဆင့်အနိမ့်ဆုံးအစေခံပင် ထိုနေရာတွင် မနေရတော့ချေ။

ဝုန်း

ရုတ်တရက် ယိုင်နဲ့နေသော သစ်သားတံခါးက ကန်ထုတ်ခံရလေသည်။

“ဝေ့ရှင်းချန် မင်းကဒီမှာပုန်းနေတာနဲ့ ငါတို့က မရှာနိုင်ဘူးထင်နေတာလား”

အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်သုံးယောက်က ခေါင်းမော့ကာ တက်ကြွစွာဝင်လာလေသည်။

ထိုလူသုံးယောက်ဝင်လာချိန်တွင် အနက်ရောင်အရိပ်တစ်ခုက ပြတင်းပေါက်မှ ခုန်ထွက်ရန် ကြံစည်လေသည်။

“ဟမ့် ပိုးကောင်လိုအဆင့်လောက်နဲ့ ဘာလုပ်နိုင်မှာလဲ”

လူငယ်တစ်ယောက်က ချက်ချင်းလိုလိုအော်ရယ်လိုက်ပြီး လက်တစ်ဖက်မြောက်လိုက်ချိန်တွင် ထိုအရိပ်က အထဲသို့ ပြန်လွင့်လာသည်။

ထိုအရိပ်က ပြင်းထန်စွာအရိုက်ခံရပြီး နံရံနှင့်တိုက်ရိုက် စောင့်တိုက်မိသွားသည်။ စွန့်ပစ်နံရံများအားလုံးက ထိုဒဏ်ကို မတောင့်ခံနိုင်တော့ဘဲ ပြိုကျသွားရလေကာ လူကြီးမင်းဝေ၏ ပုံရိပ်ကလည်း အပျက်အစီးများကြား မြုတ်သွားလေသည်။

ထိုအချိန်တွင် သူ့အနေနှင့် မတည်ငြိမ်နိုင်တော့ချေ။ လူကြီးမင်းဝေက စုတ်ပြတ်သတ်နေသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဆံပင်များက ဖွာလန်ကြဲနေသည်။ မျက်နှာများကလည်း ယောင်ကိုင်းနေသည်။

အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က နှာခေါင်းရှုံ့ကာပြောသည်။

“အဓိက အိမ်တော်က အစေခံတွေဘယ်နေရာမှာရှိလဲ ပြောလိုက်စမ်းပါ။ မင်းနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးခံချင်လို့လား”

လူကြီးမင်းဝေက ပြောသည်။

“လုမိသားစု ဘိုးဘေးက ထွက်လာတော့မှာ မင်းတို့တွေရက်အနည်းငယ်လောက်ပဲ ခေါင်းမာလို့ရဦးမှာပါ”

အနက်ရောင်လူငယ်ထဲမှ ဝေ့ရန်ဆိုသူက ရယ်သည်။

“လုမိသားစုဘိုးဘေးက ချက်ချင်းထွက်လာပြီးကောင်းကင်ကိုပြောင်းပြန်လှန်နိုင်စွမ်းရှိမယ်လို့ ထင်နေတာလား အခုအဆင့်မြင့်အဆင့်တွေအများကြီးကို ဖိတ်ခေါ်ထားတာက အလကားလား… ဘိုးဘေးသေသွားတာနဲ့ အဓိက အိမ်တော်က ဘယ်တော့မှ ဦးမော့နိုင်တော့မှာမဟုတ်ဘူး”

အပိုင်း ၁၃၁၄

ခေါင်းဆောင်ဖြစ်ဟန်ရသည့် အနက်ရောင်ဝတ်စုံနှင့်လူက အော်ရယ်ကာပြောသည်။

“ကျန်တဲ့လူတွေကဘယ်မှာလဲ။ သူတို့ရှိတဲ့နေရာကိုပြောပေးရင် ငါတို့မင်းကိုလွှတ်ပေးနိုင်တယ်။ မင်းရဲ့သမီးက ဂိုဏ်းတစ်ခုမှာ ကျင့်ကြံနေတာမဟုတ်လား”

လူကြီးမင်းဝေ၏မျက်နှာအမူအရာကပြောင်းလဲသွားသည်။

“မင်းက ဘာကိုဆိုလိုတာလဲ”

ထိုလူက ဆက်ပြောသည်။

“ကွေ့ဖုန်းဂိုဏ်းက လုမိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်။ မင်းရဲ့သမီးကိုမေးလိုက်မယ်ဆိုရင် သူတို့က မပေးဘူးလို့ထင်လား”

လူကြီးမင်းဝေ၏ဇနီးက စောစီးစွာသေဆုံးသွားခဲ့သဖြင့် သူ့တွင်သမီးတစ်ယောက်သာ ကျန်ရှိတော့လေသည်။ ထို့ကြောင့် သူ၏သမီးကို သူ၏အသက်ထက်ပင် အလေးထားလေသည်။

“မင်းရဲ့သမီးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ပြောဖို့ခက်သွားလိမ့်မယ်။ ဟီးဟီး လုမိသားစုက အိမ်တော်ခွဲက လူတစ်ယောက်က လူသတ်ချင်တယ်ဆိုရင် ဘယ်သူကမှ မေးခွန်းမထုတ်ရဲဘူး”

သူတို့အားလုံးက လူကြီးမင်းဝေကို ချိန်းခြောက်နေကြခြင်းဖြစ်သည်။ သူတို့ကသာ လူကြီးမင်းဝေ ဝှက်ထားသောလူများကိုဖမ်းနိုင်မည်ဆိုလျှင် သူတို့၏တာဝန်က ပြီးဆုံးလေပြီ။

ဝေ့ရှန်း၏ တစ်ကိုယ်လုံးက ဒေါသများကြောင့် တုန်ယင်သွားသည်။

“မင်းတို့အားလုံးကို ငါကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပေးခဲ့တာပဲ။ ဒါကို မင်းတို့က ဒီလိုပြန်ပြီး သစ္စာဖောက်လိုက်တာပေါ့”

လက်ရှိတွင် ထိုသူများအားလုံးက တစ်ချိန်က နန်ဟွမ်တွင်နေခဲ့ပြီး အဓိက အိမ်တော်လက်အောက်မှ လူများဖြစ်ခဲ့ကြလေသည်။ သို့သော် ဒီလိုအခြေအနေမျိုးတွင် သူတို့က အခြားအိမ်တော်ခွဲများထံသို့ ပြောင်းသွားခဲ့ကာ အဓိက အိမ်တော်မှ လူများကိုပင် ပြန်လည်ဒုက္ခပေးနေခဲ့လေပြီ။ လူကြီးမင်းဝေ၏ ကိုယ်ပေါ်မှ ဒဏ်ရာများကလည်း သူတို့က ရုတ်တရက် ချောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က တည်ငြိမ်စွာပြောသည်။

“အပိုတွေပြောမနေနဲ့ ငါတို့အားလုံးက အခြေအနေကို နားလည်နေတဲ့လူတွေပဲ အဓိက အိမ်တော်ကပြီးဆုံးသွားပြီ။ ငါတို့ကမင်းနဲ့အတူ သေရမှာလား”

“အာစကားမစပ် ငါပြောဖို့မေ့နေတာ ငါတို့မလာခင်ကတည်းက မင်းရဲ့သမီးကို သွားခေါ်ခိုင်းထားပြီးသား အဓိကအိမ်တော်ရဲ့အခြားသူတွေအကြောင်း မမှောင်ခင်မှာမသိရဘူးဆိုရင် မင်းရဲ့သမီးရဲ့ခေါင်းကိုပဲ ရလိမ့်မယ်”

“ဘာ”

လူကြီးမင်းဝေက အလွန်ဒေါသထွက်သွားသည်။

သူ၏သမီးက သူ၏နောက်ဆုံးရှင်သန်ရာဖြစ်သည်။ မည်သူကမှ ထိခွင့်မပြုနိုင်ချေ။

“မင်းတို့သူမကို ထိရဲရင် ငါက မင်းတို့အားလုံးကိုသတ်မယ်”

သူက အော်သည်။

ရုတ်တရက် လူကြီးမင်းဝေ၏ လက်ထဲမှ သံလိုက်အိမ်မြောင်တစ်ခုကထွက်လာသည်။ ပြင်းထန်သည့်မှော်စွမ်းအင်များက ထွက်ပေါ်လာလေတော့သည်။

“ကောင်းကင်ရဲ့ကံကြမ္မာ အားလုံးကလိုက်နာရမယ်”

လူကြီးမင်းဝေက ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သံလိုက်အိမ်မြှောင်က လျှင်မြန်စွာလှည့်ပတ်တော့သည်။ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအင်များက ထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး အနက်ရောင်ဝတ်လူသုံးယောက်လုံး၏ လှုပ်ရှားမှုများက နှေးကွေးသွားတော့သည်။

လူကြီးမင်းဝေက တိုက်ရိုက်ခုန်တက်သွားပြီး လူတစ်ယောက်ကို လက်သီးဖြင့်ထိုးသည်။ ထိုလူ၏နှာခေါင်းမှ သွေးများတိုက်ရိုက် ပန်းထွက်လာတော့သည်။

သူက အသက်စွမ်းအားကို ထုတ်သုံးထားခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် တိုက်ပွဲတွင် အခြားသူများ၏ ကံကြမ္မာကို လွှမ်းမိုးနိုင်စွမ်းရှိလေသည်။ ထိုကဲ့သို့သောမှော်စွမ်းအင်အမျိုးအစားက အလွန်လေးနက်လွန်းကာ သူ့အပေါ်လည်း သက်ရောက်မှုက ပြင်းထန်လေသည်။

ထို့ကြောင့် လူကြီးမင်းဝေက ပြီးဆုံးအောင်မတိုက်ခိုက်နိင်ခင်မှာတင် ချက်ချင်းလိုလို သွေးအန်လိုက်ရလေသည်။

အခြားသောလူသုံးယောက်လုံး၏ လှုပ်ရှားမှုများကို နှေးကွေးခံထားရခြင်းကလည်း ချက်ချင်းလိုလိုပြန်လည်ကောင်းမွန်သွားသည်။

“မင်းကများ ငါ့ကို ရိုက်ရဲတယ်”

အရိုက်ခံလိုက်ရသောလူက အလွန်ဒေါသထွက်သွားပြီး လူကြီးမင်းဝေကို ကန်ထုတ်သည်။

“အရင်က ငါက မင်းကို မျက်နှာသာပေးချင်နေခဲ့တာ ဒါပေမဲ့ မင်းကဒီသခင်လေးကို တိုက်ခိုက်ရဲနေမှတော့ သွားသေလိုက်တော့”

အနက်ရောင်ဝတ်စုံဝတ်လူများအားလုံးက လူကြီးမင်းဝေထံသို့ ခုန်ဝင်သွားကာ ကန်ကြောက်ကြသည်။

လူကြီးမင်းဝေက ရုန်းကန်သော်လည်း သူ၏ပါးစပ်ထဲမှ သွေးများဆက်တိုက် စီးကျလာတော့သည်။

“ကျေးဇူးပြုပြီး ငါ့ရဲ့သမီးကို နာကျင်အောင်မလုပ်ပါနဲ့”

လူကြီးမင်းဝေက အသနားခံသည်။ လူငယ်များက ရက်စက်စွာပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့ မင်းရဲ့သမီးက ကြည့်ကောင်းသားပဲ အလကား အသေခံရမှာလား”

“ငါတို့သူမကို ပြန်ရမဲ့အချိန်မှာ နှိပ်စက်မဲ့နည်းလမ်းတွေရှိပြီးသား စကားမစပ် မင်းကိုယ်တိုင်မျက်လုံးနဲ့ မင်းရဲ့သမီးရဲ့ကံကြမ္မာကိုမြင်နိုင်ဖို့ ငါက ခေါ်လာခဲ့ပေးမယ် ဟားဟားဟား”

အနက်ရောင်ဝတ်စုံနှင့်လူငယ်များက ရယ်ကြသည်။ သူတို့က ရယ်မောပြီးနောက်တွင် ရုတ်တရက် အပြုံးက ပျောက်ကွယ်သွားလေသည်။

ရုတ်တရက် အနက်ရောင်အလင်းတန်းက ဖြတ်သန်းသွားချိန်တွင် ထိုလူသုံးယောက်လုံး၏ ခေါင်းများက မြေပြင်သို့ ပြုတ်ကျသွားပြီဖြစ်သည်။

အပိုင်း ၁၃၁၅

ခြံဝန်းတံခါးက တွန်းဖွင့်ခံရပြီးသည်နှင့် လုယွီက မဲမှောင်သောမျက်နှာထားဖြင့် ဝင်လာသည်။ သူက လူကြီးမင်းဝေထံသို့သွားကာ ဒဏ်ရာများကို စစ်ဆေးလိုက်ပြီးနောက်တွင် ကံကောင်းစွာဖြင့် ထိုလူများက သူ့အားသတ်ရန် ဆန္ဒမရှိခဲ့သည့်အတွက် အကောင်းအတိုင်း ကျန်နေရစ်ကြောင်း မြင်လိုက်ရလေသည်။

“မင်းက…”

လူကြီးမင်းဝေက မျက်လုံးများကိုကျဉ်းမြောင်းကာ လုယွီကိုကြည့်လိုက်သည်။ လုယွီကို ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားရသော်လည်း မည်သည့်နေရာတွင် ရင်းနှီးခဲ့ကြောင်း သတိမထားမိပြန်ချေ။ သူကမြောက်ပိုင်းနယ်မြေသို့ လာရောက်ခဲ့ချိန်တွင် လုယွီက သူ၏မျက်နှာကို ဝမ်ချန်း၏မျက်နှာပုံစံအတိုင်းပြန်ပြောင်းထားလိုက်သည်။ ထို့ကြောင့် လူကြီးမင်းဝေအနေနှင့် လုယွီနှင့် တွေ့ခဲ့ဖူးသည့်တိုင်အောင် မမှတ်မိခဲ့ခြင်းဖြစ်သည်။

လုယွီက ဖျော့တော့စွာပြောလိုက်သည်။

“အတိတ်မှာ အဓိကအိမ်တော်က ငါ့အပေါ်ကောင်းခဲ့ဖူးတာရှိတယ် ဒီနေ့ ငါက ပြန်ပေးဆပ်ပေးမယ်”

သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကိုထုတ်ပြီးနောက်တွင် လုယွီက လူကြီးမင်းဝေ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီဆေးကို အရင်သောက်လိုက်ပါ”

လူကြီးမင်းဝေကလည်း တုန့်ဆိုင်းမှုမရှိဘဲ သောက်လိုက်လေသည်။ တစ်ဖက်သူကသာ သူ့အားသတ်ချင်လျှင် ယခုလောက်ထိ ဒုက္ခခံမနေလောက်ချေ။

ဆေးလုံးက ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် လူကြီးမင်းဝေ၏မျက်လုံးက အပြူးသားဖြစ်သွားသည်။

“ဒါက ဘယ်အဆင့်ဆေးလုံးလဲ”

သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံးက ပြန်လည်သက်သာလာရုံသာမကလေဘဲ အတွင်းဒဏ်ရာများကလည်း ကောင်းမွန်လာလေသည်။

“ထည့်ပြောဖို့တောင် မလိုအပ်ပါဘူး”

လုယွီက လက်ကာပြလိုက်သည်။

“လူကြီးမင်း အရင်ဆုံး စွမ်းအင်တွေပြန်ရအောင် ကျင့်ကြံလိုက်ပါ။ ငါက ခင်ဗျားရဲ့သမီးကိစ္စကို သွားလုပ်ပေးမယ်”

လူကြီးမင်းဝေက မတ်တပ်ထရပ်ပြီး စိုးရိမ်စွာပြောသည်။

“ငါ့ရဲ့ကလေးမလေးကိစ္စကို ငါက မင်းကိုဘယ်လိုများ ဒုက္ခပေးရမှာလဲ”

လုယွီက သူ့အားထူပေးလိုက်သည်။ လုယွီက သူ့အားကူညီပေးသည့်အတွက် သူက အလွန်ကျေးဇူးတင်နေလေသည်။ ယခုအခါ သူ၏ကျင့်ကြံခြင်းအဆင့်က ပြန်လည်ရရှိပြီဖြစ်သည့်အတွက် သူ၏သမီးကို ကိုယ်တိုင်သွားကယ်လိုလေသည်။

လုယွီက တွေးတောပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ ဒါဆိုရင် ငါနဲ့လိုက်ခဲ့ပါ”

လူကြီးမင်းဝေက ပြောသည်။

“လုမိသားစုတစ်ခုလုံးကို ပိတ်လှောင်ထားတာ ဘယ်လိုများခိုးထွက်ကြမှာလဲ”

“ခိုးထွက်မယ်ဟုတ်လား”

လုယွီက ခေါင်းခါသည်။

“မလိုဘူး”

ထို့နောက် သူကလူကြီးမင်းဝေ၏ ပုခုံးကို ဖမ်းကိုင်လိုက်ပြီးသည်နှင့် လေထဲသို့ပစ်လွှတ်လိုက်သည်။ လူကြီးမင်းဝေက ပတ်ဝန်းကျင်သည် လှုပ်ခါသွားကြောင်း ခံစားလိုက်မိပြီး ရှင်းလင်းစွာမြင်လိုက်ရချိန်တွင် လုမိသားစု၏ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။

“ကွေ့ဖုန်းဂိုဏ်းက ဘယ်နေရာမှာလဲ”

လုယွီက မေးလိုက်သည်။ လူကြီးမင်းဝေ၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ထင်ဟပ်လာသည်။ လုယွီက ပတ်ဝန်းကျင်တွင် ရှိသောအကာအကွယ်လွှာ၏ ကန့်သတ်မှုကို မခံရချေ။ သူကသာဆန္ဒရှိလျှင် မည်သူကမှ မတားနိုင်လောက်ချေ။ ထို့အပြင် လုမိသားစုမှအင်အားကြီးသူများကလည်း သတိမထားမိခဲ့ခြင်းဖြစ်သည်။

လူကြီးမင်းဝေက ပြောသည်။

“ထျန်းကျင်းမြို့ရဲ့အရှေ့ဘက်အပိုင်းမှာပါ”

လုယွီက ခေါင်းမော့လိုက်ကာ စိတ်ဝိဉာဉ်စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ထျန်းကျင်းမြို့သို့တိုက်ရိုက်ကြည့်လိုက်၏။ သူက ခြေတစ်လှမ်းလှမ်းလိုက်ပြီးသည်နှင့် လူကြီးမင်းဝေကို ပုခုံးမှ ဆွဲခေါ်ကာ ကွေ့ဖုန်းဂိုဏ်းသို့ ချက်ချင်းသွားလိုက်သည်။

All Chapters