← Chapters

အခန်း (၁၃၁၆-၁၃၂၀)

Vol. 69 Ch. 1316-1320

အခန်း (၁၃၁၆-၁၃၂၀)

Vol. 69 Ch. 1316-1320

အပိုင်း ၁၃၁၆

မြောက်ပိုင်းနယ်မြေ ဖုန်းရှန်းပိုင်နက်…

ကွေ့ဖုန်းဂိုဏ်းသည် အလယ်အလတ်အဆင့် ဂိုဏ်းတစ်ခုဖြစ်ပြီး တောင်ဂိတ်သည် ကွေ့ဖုန်းတောင်တန်းများတွင် တည်ရှိလေသည်။

“နင်တို့ နောင်တရလိမ့်မယ်။ ငါရဲ့အဖေက လုမိသားစုအတွက် အများကြီးစတေးထားတာ သူကနင်တို့ကို အလွတ်ပေးမှာမဟုတ်ဘူး”

ဝေ့လင်းအာက တောင်ဂိတ်အရှေ့တွင် ဂိတ်အုတ်ရိုးကိုကိုင်ကာ ရပ်နေရသည်။ သူမ၏အရှေ့တွင် အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်ပေါင်းများစွာက သူမအား တိုက်ခိုက်ရန်အသင့်ရှိနေသည်။

သူမ၏အင်အားက မြင့်မားသော်လည်း ပြိုင်ဘက်၏အရေအတွက်က များပြားလွန်းနေသည့်အတွက် ဝေ့လင်းအာက ရှုံးသွားရခြင်းဖြစ်သည်။ သူမ၏ အနောက်တွင် တစ်ဂိုဏ်းထဲမှ တပည့်ဂိုဏ်းသူဂိုဏ်းသားများ ရှိနေကြသော်လည်း မည်သူကမှ မကူညီပေးကြချေ။ အကြောင်းမူကား တစ်ဖက်က လုမိသားစုမှ ဖြစ်နေသောကြောင့်ဖြစ်သည်။ လုမိသားစုဝင်များနှင့်ရင်ဆိုင်ရမည်ဆိုလျှင် သူတို့က မကူညီပေးရဲကြချေ။

အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ရယ်ကာပြောလိုက်သည်။

“ဘာကိုစတေးတာလဲ သူကမိသားစုပျောက်နေတဲ့ ခွေးတစ်ကောင်သာသာပဲ မင်းရဲ့အဖေက သူ့ကိုပေးထားတဲ့သတ်မှတ်ချိန်ကို ကုန်လွန်သွားလို့ သူလိုက်နာအောင် ငါတို့က လုပ်ရတော့မယ်”

ထိုအချိန်တွင် လုယွီက လူကြီးမင်းဝေကိုခေါ်လျက် ကွေ့ဖုန်းဂိုဏ်းသို့ ရောက်သွားပြီဖြစ်သည်။

“လင်းအာ”

လူကြီးမင်းဝေ၏ မျက်ဝန်းများက ဝမ်းနည်းမှုများနှင့်ပြည့်နှက်သွားကာ ချက်ချင်းလိုလို ဝေလင်းအာ၏အနားသို့ အပြေးသွားလိုက်သည်။

လူကြီးမင်းဝေက လက်ညိုးညွှန်လိုက်ချိန်တွင် ဓားပေါင်းများစွာက ပျံသန်းထွက်သွားသည်။ လုယွီ၏ဆေးလုံးမှ အကူအညီရရှိခဲ့သောကြောင့် လူကြီးမင်းဝေအနေနှင့် သူ၏အင်အားအားလုံး ပြန်လည်ရရှိနေပြီဖြစ်ကာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

“ဝေရှင်းချန်”

အနက်ရောင်ဝတ်စုံနှင့်လူငယ်များအားလုံးက အံ့သြသွားကြကာ အလျင်စလို ရပ်တန့်လိုက်ကြသည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ ထိုသူများအားလုံး၏လက်အတွင်းမှ ဓားများ လွင့်ထွက်သွားပြီး လူအများစု သေဆုံးသွားကြသည်။ ကျန်ရစ်သော အနက်ရောင်ဝတ်စုံဝတ်လူငယ်များထဲမှ တစ်ယောက်က အံ့အားတသင့်ပြောလိုက်သည်။

“ခင်ဗျားက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ ခင်ဗျားရဲ့စွမ်းအားတွေကို ထုတ်သုံးနိုင်ခဲ့တာမဟုတ်ဘူးလေ ခင်ဗျားဘယ်ကနေ မကောင်းတဲ့အတတ်တွေနဲ့ ရောက်လာတာလဲ”

မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေက သူတို့ရရှိထားသော သတင်းနှင့် ကွာခြားနေလေသည်။

“မင်းတို့အားလုံး သွားသေလိုက်တော့”

လူကြီးမင်းဝေက အလွန်ဒေါသထွက်သွားပြီး သူ၏လက်အတွင်းမှ သံလိုက်အိမ်မြောင်ကို ထုတ်သုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ပတ်ဝန်းကျင် မီတာတစ်ရာဝန်းကျင်ရှိသူများအားလုံး၏လှုပ်ရှားမှုများ သက်ရောက်ခံရသည်။ လုယွီကမူ ချွင်းချက်ဖြစ်သည်။

လူကြီးမင်းဝေက သူ၏ဓားကိုဆွဲထုတ်ပြီးသည်နှင့် ကျန်ရစ်သောလူတိုင်း၏အသက်ကို အဆုံးသတ်ပေးလိုက်၏။

“လင်းအာ လင်းအာလေး အဆင်ပြေတာေတာ်သေးတယ်”

လူကြီးမင်းဝေက သူ၏သမီးကိုဖက်ထားသည်။ လူကြီးမင်းဝေက လူအားလုံးကိုသတ်လိုက်ချိန်တွင် ဝေလင်းအာ၏ဂိုဏ်းမှလူများအကြား ဝရုန်းသုန်းကားဖြစ်သွားလေသည်။

လူအုပ်ကြားမှနေ၍ လှပသောအမျိုးသမီးတစ်ယောက် ထွက်လာပြီး ဒေါသတကြီးပြောဆိုသည်။

“ဝေရှင်းချန် နင်ရူးနေလား။ နင်ဘာလို့ငါတို့ဂိုဏ်းကလူတွေကိုပါ သတ်လိုက်တာလဲ”

လူကြီးမင်းဝေ၏မျက်နှာက ပျက်သွားသည်။

“မင်းကငါ့သမီးရဲ့ ဆရာတစ်ယောက်ဖြစ်နေပြီး အခုလိုဒုက္ခရောက်နေတာကို ထိုင်ကြည့်နေခဲ့တာမဟုတ်ဘူးလား”

ထိုအမျိုးသမီးက ဝေလင်းအာ၏ ဆရာဖြစ်သည်။ သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်သူများက လုမိသားစုမှ ဆိုသည်နှင့် သူတို့အားလုံးက ဂရုမစိုက်ကြဘဲ ရပ်ကြည့်နေကြသည်။

ထိုလှပသောအမျိုးသမီးက အော်ဟစ်ပြောဆိုသည်။

“ငါက ဂိုဏ်းအတွက် လုပ်နေတာ… နင်ကလုမိသားစုကို ရန်စထားပြီးသား ဒီအတွက်ကြောင့်နဲ့ ငါတို့ဂိုဏ်းအပေါ် ဒုက္ခမပေးနဲ့”

ထို့နောက် သူမက ဝေလင်းအာကိုကြည့်ကာ ရွံရှာစွာပြောသည်။

“ဘယ်လိုတောင် အရှုံးသမားလဲ အစကတည်းက သူမက ဘာများလုပ်နိုင်နေလို့လဲ… အလကားသက်သက်ငါတို့ဂိုဏ်းကို ဒုက္ခလာပေးနေတာ”

ဝေလင်းအာ၏ခန္ဓာ ကိုယ်တုန်ယင်သွားကာ သူမ၏ ဆရာသခင်ဖြစ်သူကို မယုံကြည်နိုင်သလိုကြည့်သည်။ သူမ၏ ဆရာက ယခုကဲ့သို့အခြေအနေမျိုးတွင် သူမအား စွန့်ပစ်မည်ဟု မထင်ထားမိပေ။

လူကြီးမင်းဝေက ပြောသည်။

“ငါက လုမိသားစုက လူတွေကိုသတ်လိုက်တယ် ဒါက မင်းနဲ့ဘာဆိုင်လဲ”

သူက တည်ငြိမ်နေသည်။သူ မည်သည့်အရာအား ပြုလုပ်နေပါစေ ထိုအမျိုးသမီးကို ပြောနေရန် အကြောင်းမရှိပေ။

ထိုအမျိုးသမီးက မျက်ခုံးပင့်ကာ လေးနက်သောလေသံဖြင့်ပြောသည်။

“နင်ထွက်သွားမယ်ဆိုရင်တောင်မှ ငါတို့ဂိုဏ်းက ဒုက္ခရောက်နေဦးမှာပဲ… ဒီတော့ နင့်ရဲ့ခေါင်းကို ထားခဲ့ရင်ကောင်းမယ်”

ထို့နောက် သူမက လူကြီးမင်းဝေကို လက်ညိုးညွှန်လိုက်သည်

“နင်ထွက်သွားလို့မရဘူး။ ငါတို့လုမိသားစုကို အကြောင်းကြားပြီးသား သူတို့က သိပ်မကြာခင်ရောက်လာလိမ့်မယ်”

ထို့နောက် ကွေ့ဖုန်းဂိုဏ်းသားများက လူကြီးမင်းဝေတို့ကို ဝိုင်းလိုက်ကြသည်။ ဝေလင်းအာက တောင်းပန်သည်။

“ဆရာ ကျွန်မက ဒီနေရာမှာ ကျန်နေရစ်ခဲ့ပါ့မယ်။ အဖေ့ကိုတော့ သွားခွင့်ပြုလိုက်ပါ”

လူကြီးမင်းဝေက လုမိသားစုမှ လူများကိုသတ်ထားသည်။ ထို့ကြောင့် လုမိသားစုက အလွတ်ပေးတော့မည်မဟုတ်ချေ။

လှပသောအမျိုးသမီးက မျက်ခုံးပင့်သည်။

“မဖြစ်နိုင်ဘူး။ သူထွက်သွားမယ်ဆိုရင် သူသတ်သွားတဲ့လူတွေအတွက်ကို ငါတို့က ဘယ်လိုဖြေရှင်းပေးရမှာလဲ”

လူကြီးမင်းဝေက လုယွီကို တောင်းပန်သလိုကြည့်သည်။

“မင်းထွက်သွားရင်ကောင်းမယ် ငါကဒီကိစ္စတွေအားလုံးကို စတင်ခဲ့တဲ့သူပဲ မင်းက ဝင်မပါပါနဲ့”

လုယွီ၏မျက်နှာက မပြောင်းလဲချေ။

“ကိစ္စမရှိဘူး”

ထိုအချိန်တွင် ကောင်းကင်ယံ၌ မဟာနဂါးကြီးတစ်ကောင်က ပျံသန်း၍ ထွက်ပေါ်လာသည်။ ဧရာမနဂါးကြီးသည် တောင်ပံကြီးများကို ဖြန့်ကျက်ကာ အောက်သို့ဆင်းသက်လာပေ၏။ ထို့နောက် နဂါး၏ကျောပေါ်မှ လူအချို့က ဆင်းသက်လာကြကာ အေးစက်စွာပြောသည်။

“ဘယ်သူက လုမိသားစုဝင်တွေကို သတ်တာလဲ”

လှပသောအမျိုးသမီးက လူကြီးမင်းဝေကို လက်ညိုးထိုးသည်။

“သူပါပဲ ကြီးကြပ်သူတို့ သူပါပဲ။ ဒီကိစ္စက ကျွန်မတို့နဲ့ မသက်ဆိုင်ပါဘူး”

အပိုင်း ၁၃၁၇

လုမိသားစုဝင်များမှ ကြီးကြပ်သူများက လူကြီးမင်းဝေကိုကြည့်ပြီး နှာခေါင်းရှုံ့ကာပြောသည်။

“ဆိုတော့ ဝေ့ကုန်းဖြစ်နေတာကိုး အရင်က မင်းက အဓိကအိမ်တော်က မကောင်းဆိုးဝါးလေးတွေကို ဖွက်ပေးထားခဲ့တယ်။ ငါတို့က မင်းကိုရှင်သန်ဖို့အခွင့်အရေးပေးပေမဲ့လည်း မင်းက မယူချင်မှတော့ သွားသေလိုက်ပါတော့လား”

လူကြီးမင်းဝေက လေးနက်စွာပြောသည်။

“ငါက မင်းနဲ့လိုက်ခဲ့နိုင်တယ် ငါ့ရဲ့သမီးကိုတော့ လွှတ်ပေးလိုက်”

လုမိသားစုမှ လက်ရွေးစင်ကလေးများအားလုံးက လုမိသားစု၏ ကြီးကြပ်သူများဖြစ်လာကြသည်။ နှစ်အနည်းငယ်ခန့်အတွေ့အကြုံယူပြီးနောက်တွင် ထိုသူများအားလုံးက စစ်ပွဲများသို့သွားကာ ထောက်လှမ်းနိုင်ကြသည့်အပြင် အမျိုးမျိုးသောအင်အားစုများသို့သွားကာ ကြီးကြပ်နိုင်ကြလေသည်။

လူကြီးမင်းဝေက ကံကောင်းသွားပြီး အနက်ရောင်ဝတ်စုံနှင့် လူများကိုသက်ဖြတ်နိုင်လိုက်သည်။ သို့ရာတွင် ဤကြီးကြပ်သူများကို သတ်ဖြတ်ရန်မူ ခက်ခဲသွားပေလိမ့်မည်။

“မင်းကငါ့ရဲ့ လုမိသားဝင်ကို သတ်ပြီးမှတော့ ညှိနှိုင်းရဲသေးတာလား”

လုမိသားစုမှ ကြီးကြပ်သူတစ်ယောက်က နှာခေါင်းရှုံ့ပြီးသည်နှင့် လူကြီးမင်းဝေ၏ ခေါင်းကို ကြာပွတ်ဖြင့် လှမ်းရိုက်သည်။

လေတိုးသံ ထွက်ပေါ်လာပြီးသည်နှင့် ကြာပွတ်က လူကြီးမင်းဝေထံသို့ ကျဆင်းလာသည်။ ထိုအချိန်တွင် ကြာပွတ်က ရုတ်တရက် ဖြူဖျော့သွယ်လျသော လက်တစ်ဖက်၏ အဖမ်းခံလိုက်ရသည်။

လုယွီက ကြာပွတ်ကိုကိုင်ပြီးနောက် အေးစက်စွာမေးသည်။

“ဘာလဲ လုမိသားစုက လူသတ်ခွင့်တော့ရှိပြီး အခြားသူတွေက ပြန်သတ်ခွင့်တော့မရှိဘူးလား”

ရှင်းလင်းစွာ မစုံစမ်းမစစ်ဆေးရသေးခင်မှာတင် သူတို့က တရားမဲ့စွာ လုပ်ဆောင်နေကြသည်။ လုမိသားစုမှ ကြီးကြပ်သူက ဒေါသထွက်သွားပြီးအော်သည်။

“ဒါက မင်းနဲ့ဘာဆိုင်လဲ”

“ငါသတ်ခဲ့တာပါ သူနဲ့မဆိုင်ပါဘူး”

လူကြီးမင်းဝေက ခပ်မြန်မြန်ပြောသည်။

“မင်းဝင်မပါပါနဲ့ ငါသတ်ခဲ့တဲ့လူတွေက အပြင်ဂိုဏ်းသားတွေပဲ ဒါပေမဲ့ ဒီကြီးကြပ်သူတွေကတော့ မတူဘူး။ မင်းသူတို့ကို ရန်စလိုက်ရင် လုမိသားစုနဲ့ ရန်သူဖြစ်သွားလိမ့်မယ်”

လုယွီက သူ့အားကူညီခဲ့သည့်အတွက် သူကကျေးဇူးအလွန်တင်မိလေသည်။ လုယွီကသာ ဒုက္ခတွင်းထဲ ပါလာမည်ဆိုလျှင် သူစိတ်ကောင်းနိုင်တော့မည်မဟုတ်ချေ။

ကွေ့ဖုန်းဂိုဏ်းမှ လှပသောအမျိုးသမီးက လုယွီကို လက်ညိုးထိုးကာပြောသည်။

“သူကလည်း အပေါင်းအဖော်ပဲ သူ့ကိုမလွှတ်ပေးနဲ့”

ဤသည်ကကြိုတင်ကြံစည်ခြင်းဖြစ်သည်။ အပြစ်အားလုံးကို လူကြီးမင်းဝေနှင့် လုယွီထံသို့သာ လွှဲချနိုင်မည်ဆိုလျှင် သူတို့ဂိုဏ်းအတွက် အခွင့်အရေး ရလာပေလိမ့်မည်။

ကြီးကြပ်သူက ဒေါသတကြီးရယ်သည်။

“တချို့သူတွေက တကယ်ကို ခွေးဆန်တာပဲ ငါတို့က မင်းကိုပြသနာမရှာချင်ပေမဲ့ မင်းကကိုယ်တိုင်ရောက်လာတယ်”

အခြားသော ကြီးကြပ်သူများအားလုံးကလည်း လုယွီကိုဝိုင်းလိုက်ကြသည်။ သူတို့၏မျက်နှာများက ခက်ထန်နေသည်။

“ဝေရှင်းချန် မင်းကအသုံးဝင်နေသေးတယ်… မင်းကတော့ သွားသေလိုက်တော့”

လုမိသားစုမှ ကြီးကြပ်သူက လုယွီထံသို့ အပြေးလာသည်။

လုယွီက မျက်လုံးကိုမှေးကျဉ်းလိုက်သည်။ ရုတ်တရက် သူ၏ကိုယ်မှ ပြင်းထန်သည့်အရှိန်အဝါများက ထွက်ပေါ်လာပြီး နောက်တွင် သူက မြေပြင်ကို ဖနောင့်ဖြင့်ပေါက်သည်။

ဝုန်း

မြေပြင်က တသိမ့်သိမ့်တုန်သွားပြီးသည့်နောက်တွင် လုယွီ၏ခြေထောက်အောက်မှ စတင်ကာ အက်ကွဲရာများက စတင်ပျံ့နှံ့လာသည်။ ထိုအချိန်တွင် လုယွီ၏ ရှည်လျားသောအကျီလက်က တစ်ချက် ရမ်းသွားပြီးနောက်တွင် ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ သူ၏အနားသို့ကပ်လာသမျှ ကြီးကြပ်သူများက လွင့်ထွက်သွားတော့သည်။

အားလှိုင်းများ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက်တွင် လုမိသားစုမှလူများသည် ခွေးသေများ အကန်ထုတ်ခံရသကဲ့သို့ လွင့်စင်ကုန်ကာ နံရံနှင့် ဆောင့်ရိုက်မိကြကုန်လေသည်။

လုယွီက အင်အားကြီးမားသောစွမ်းရည်ကို ထုတ်ဖော်လိုက်သောအခါ ကြီးကြပ်သူများ၏ မျက်နှာအမူအယာများက ပြောင်းလဲသွားကြသည်။

“ငါတို့က လုမိသားစုက ကြီးကြပ်သူတွေပဲ မင်း မလုပ်…”

ပြောလိုက်သူ၏ စကားမဆုံးခင်မှာပင် လုယွီက သူ၏အကျီကော်လံမှ မြောက်ကိုင်လိုက်ပြီဖြစ်သည်။

“ဝေရှင်းချန်ကို ဘယ်သူက ဖမ်းခိုင်းတာလဲ”

ပြင်းထန်သည့်ဖိအားက ထိုကြီးကြပ်သူ၏ ကိုယ်အတွင်းသို့စိမ့်ဝင်လာကာ အသိစိတ်ကို ခြောက်ခြားသွားစေသည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားပြီး တုန်ယင်သောလေသံဖြင့်ပြောသည်။

“ဟုတ်ဟုတ် အရှင်ငယ် အိမ်တော်က အိမ်တော်ထိန်းရှဲ့ပါ သူက အဓိက အိမ်တော်က ကျန်ရှိနေတဲ့မကောင်းဆိုးဝါးတွေအားလုံးကို ဝေရှင်းချန်ဖွက်ထားတယ်လို့ပြောပါတယ်။ ဒါကြောင့် ဒီနေရာကို ရောက်နေတာပါ”

လူကြီးမင်းဝေက ထိုစကားကိုကြားသောအခါ ဒေါသတကြီးပြောသည်။

“အဲဒိ ရှဲ့ရှောင်းဆိုတဲ့ ခွေးသားပဲ။ ငါဒီကောင်ကို တောင်ပိုင်းနယ်မြေကနေ လွတ်မြောက်အောင် ခေါ်လာပေးခဲ့တာ…မမျှော်လင့်ထားဘဲ ဒီကောင်က သစ္စာဖောက်သွားတယ်”

“ရှဲ့ရှောင်းဟုတ်လား”

လုယွီကတွေးတောလိုက်သည်။ သိပ်မကြာခင်အချိန်တွင် ပုံရိပ်တစ်ခုကို မြင်ယောင်လိုက်လေသည်။

ရှဲ့ရှောင်းက သမင်ဖြူအကယ်ဒမီ၏ စီနီယာအကိုဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ရှဲ့ရှောင်းက အလယ်ပိုင်းနယ်မြေသို့ အခေါ်သွားခံခဲ့ရပြီး မမျှော်လင့်ထားစွာပင် အခြားအိမ်တော်ခွဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“သူက ဘယ်မှာလဲ”

လုယွီက ပေါ့ပါးစွာမေးသည်။

အပိုင်း ၁၃၁၈

လုယွီ၏မျက်ဝန်းဖြင့် စိုက်ကြည့်ခံရသည့်အခါ ကော်လံမှ ဆွဲကိုင်ထားခံရသော ကြီးကြပ်သူက ရေခဲဂူအတွင်းသို့ ပစ်သွင်းခံလိုက်ရသလိုမျိုးခြောက်ခြားသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဟု ခံစားလိုက်ရသည်။

သူ၏အရှေ့မှလူက သူ့အားအလွယ်တကူသတ်နိုင်သည်။

“အိမ်တော်ထိန်းရှဲ့က ဒုတိယအိမ်တော်ခွဲရဲ့အိမ်တော်မှာပါ”

ထိုသူက တိုက်ရိုက်ပြောလိုက်သည်။

ရှဲ့ရှောင်းနှင့် သူ့ကြားမည်သည့်ကျေးဇူးကြွေးမှ မရှိချေ။ ထို့အပြင် လုယွီက သူ့အား သတ်မည့်လူနှင့် တူနေသေးလေသည်။ ထို့ကြောင့် လုယွီက သူ့အားလွှင့်ပစ်လိုက်သည်နှင့် သူကချက်ချင်းပျော်ရွှင်သွားတော့သည်။

“ဒုတိယအိမ်တော်ခွဲက ကောင်တွေ ငါက ဒီနေ့ မင်းတို့ကို မသတ်ဘူး။ ကျန်တဲ့ကိစ္စတွေကို ငါ ဂရုစိုက်လိုက်မယ်။ မင်းတို့ထွက်သွားတော့”

လုယွီက အေးစက်စွာပြောသည်။

လုယွီက အလွန်ကြင်နာလွန်း၍မဟုတ်ချေ။ ထိုလူများကိုသတ်ရန်အထိ မလိုအပ်သေးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေထိုလူများအားလုံးက လုမိသားစုဝင်များ ဖြစ်နေသေးလေသည်။

ကိစ္စအားလုံး၏နောက်ကွယ်မှ အဓိကမကောင်းသောလူတစ်ယောက်ကို ရှင်းလင်းလိုက်ရုံမျှဖြင့် လုံလောက်လေပြီ။ မည်သို့ပင်ဆိုစေ ထိုအရှင်ငယ်ဆိုသောအကောင်၏ ညွှန်ကြားမှုများကြောင့်သာလျှင် ထိုလူများက လာလုပ်ရခြင်းဖြစ်သည်။ ထို့အပြင် ယခုကဲ့သို့အနိုင်ကျင့်ခံရမှုများက ထျန်းကျင်းမြို့အတွင်း မည်မျှရှိနေမည်ဖြစ်ကြောင်းလည်း မသိနိုင်သေးချေ။ တစ်ယောက်နှစ်ယောက်ကိုသတ်ရုံဖြင့် မလုံလောက်သေးချေ။ ထို့ကြောင့် အဓိက အရင်းအမြစ်ကို ရှင်းလင်းလိုက်မှသာလျှင် အရာအားလုံးက အဆင်ပြေသွားပေလိမ့်မည်။

လုမိသားစုဝင်မှ ကြီးကြပ်သူများအားလုံးက နဂါးပေါ်သို့ ပြန်တက်ကာ လျင်မြန်စွာ ထွက်ပြေးသွားကြသည်။

လုယွီက ချက်ချင်းလိုလိုလှပသောအမျိုးသမီးကို ပြန်ကြည့်လိုက်သည်။ သူမ၏နောက်တွင်ရှိသောသူများအားလုံးကလည်း ထိတ်လန့်ကာ နောက်ဆုတ်နေကြတော့လေသည်။

“မင်းကသစ္စာဖောက် ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအင်တွေနဲ့တောင် မတန်ဘူး”

လုယွီက နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ကိုမြောက်ကာ မြေပြင်ကိုတစ်ချက်ရိုက်ဟန်လုပ်လိုက်သည်။ ထိုအခါ ကွေ့ဖုန်းတစ်တောင်လုံးသို့ ကျယ်လောင်သောနဂါးဟိန်းသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာတော့သည်။

“ပတ်ဝန်းကျင်က စွမ်းအင်အဆီအနှစ်တွေပျောက်ကွယ်သွားပြီ”

လူအုပ်က အလန့်တကြားအော်ကြသည်။

တချို့သူများက ထိုအဆီအနှစ်များကို စုစည်းရန်ကြိုးစားကြသော်လည်း အသုံးမဝင်ခဲ့ချေ။ ကွေ့ဖုန်းဂိုဏ်းက ထိုကဲ့သို့အထွတ်အမြတ်နေရာကို ပိုင်ဆိုင်ထားသဖြင့်သာ လူအများစုကို ဂိုဏ်းသို့ဝင်အောင် စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုအခြေအနေက ပျောက်ကွယ်သွားချေပြီ။

နေ၏အရိပ်အယောင်မရှိတော့သည့်အခါ ကွေ့ဖုန်းတောင်တန်းမှ အသက်စွမ်းအင်များအားလုံးက ပျောက်ကွယ်သွားပေလိမ့်မည်။ တောင်တန်းတစ်ခုလုံးက လွင်ထီးခေါင်နေရာတစ်ခုဖြစ်သွားကာ သေမျိုးတိုင်းပြည်များပင် မလာတတ်သောနေရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“အကြီးအကဲ ကျွန်မမှားမှန်းသိပါပြီ။ ကျွန်မကို အခွင့်အရေးပေးပါ”

သူတို့က မောက်မာကြသော်လည်း အင်အားကြီးမားသူများကိုမူ ရန်မစရဲကြချေ။

ထိုအမျိုးသမီးကလည်း အလားတူသာလျှင်ဖြစ်သည်။ လုမိသားစုအိမ်မှ လူများပျောက်ကွယ်သွားပြီဖြစ်လေရာ အင်အားကြီးမားသောလူထံသို့ သူတို့က အကူအညီတောင်းရပေလိမ့်မည်။

လုယွီက မထူးခြားနားစွာပြောသည်။

“ငါကမင်းကိုအခွင့်အရေးပေးမယ် ဒီလိုဆိုရင် ဒီသားအဖနှစ်ယောက်ကို ဘယ်သူက ပြန်အခွင့်အရေးပေးမှာလဲ”

ထိုအမျိုးသမီးအတွက် တွေးတောနေရန်အချိန်မရှိချေ။ ကွေ့ဖုန်းဂိုဏ်းမှလူများက ခပ်မြန်မြန် အကောင်အထည်ဖော်ကြသည်။သူတို့က ချက်ချင်းလိုလို ထွက်ပြေးကြသည်။

“နင်တို့အားလုံး ရပ်ကြစမ်း ရူးနေလား”

လှပသောအမျိုးသမီးက အော်သည်။ ထိုအခါ ထွက်ပြေးနေသူများအားလုံးက ရပ်တန့်သွားကြလေသည်။ ထိုအမျိုးသမီးက ထိုအခြေအနေကိုမြင်သောအခါ ဝမ်းသာသွားသည်။ ထိုလူများတွင် အနည်းဆုံးအသိစိတ်ရှိသေးလေသည်။ ထိုလူများကို သူမက ပြန်လည်သွေးဆောင်နိုင်လောက်သည်။

“မင်းက ကိုယ့်တပည့်ကိုယ်တောင် ပြန်ရောင်းစားတဲ့ မိန်းမမျိုးပဲ။ ဒီလိုလူမျိုးအတွက်ဘယ်သူက မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုပေးမှာလဲ”

“ဟုတ်တယ် လုမိသားစုက တစ်ရက်မှာ ငါ့ကိုသတ်ချင်လာခဲ့ရင်လည်း ဒီမိန်းမက ငါတို့ကိုရောင်းထုတ်ဦးမှာပဲ”

“အစက ဒီနေရာပတ်ဝန်းကျင်မှာ ပြည့်နှက်နေတဲ့ စွမ်းအင်အဆီအနှစ်တွေကြောင့် ငါတို့က ဒီနေရာမှာ ကျင့်ကြံချင်ခဲ့တာ အခုလိုနေရာမျိုးမှာ ဘယ်သူကနေချင်မှာလဲ။ အခြားသူတွေရဲ့နောက်လိုက်ပဲ သွားလုပ်တာကမှ ကောင်းဦးမယ်”

ထိုတပည့်ဂိုဏ်းသားများအားလုံးက နှာခေါင်းရှုံ့ကာပြောပြီးသည်နှင့် ထွက်ပြေးသွားကြတော့သည်။ ထိုအမျိုးသမီး၏ အနောက်တွင် အကြီးအကဲတစ်ချို့က ကျန်နေရစ်သေးသည်။ သို့သော် သူတို့က တခဏခန့်တွေးတောပြီးသည်နှင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားကြပြန်သည်။

သူတို့၏ဂိုဏ်းခေါင်းဆောင်က လုမိသားစုမှ အင်အားကိုမြင်ခဲ့ပြီး တပည့်ဂိုဏ်းသားများအသတ်ခံရခြင်းကိုမတားမြစ်ခဲ့ချေ။ ယခုအခါ ထိုသို့ဆက်လုပ်ရန် မလိုအပ်တော့ချေ။

ဝရုန်းသုန်းကားမြင်ကွင်းကိုလျစ်လျူရှုထားသော လုယွီက လူကြီးမင်းဝေကို ကြည့်လိုက်သည်။

“ငါက ရှဲ့ရှောင်းကိုသွားရှာမယ်။ မင်းကတော့ တတိယအိမ်တော်ခွဲကိုသွားပါ။ ဒါက အိမ်တော်သခင်ခေါင်းဆောင်ရဲ့တံဆိပ်ပြားပဲ။ မင်းဒါကိုပြလိုက်ရင် သူတို့မင်းကို ဒုက္ခမပေးရဲဘူး”

လူကြီးမင်းဝေက တံဆိပ်ပြားကိုယူပြီး ထိတ်လန့်သွားသည်။

ထိုတံဆိပ်ပြားက အိမ်တော်သခင်၏ တံဆိပ်ပြားဖြစ်နေသည်။ တံဆိပ်ပြားကိုမြင်ရသည်နှင့် ပိုင်ရှင်သခင်ကိုယ်တိုင်ရောက်လာသကဲ့သို့ ခံစားမိမည်ဖြစ်ကာ မည်သူကမှ မပုန်ကန်ရဲကြချေ။

“ဒါဆိုရင် ဒီလူငယ်ရဲ့နောက်ခံကဘာလဲ”

အပိုင်း ၁၃၁၉

လုမိသားစု ဒုတိယအိမ်တော်ခွဲ …

လုချန်းဖုန်းက လုကောင်းမင်၏အကျဉ်းချခံထားရသည်။ သူ့အားအပြင် မထွက်ရန် တားမြစ်ခံထားရလေသည်။ ထိုအချိန်အတောအတွင်းတွင် သူက သည်အဆောင်အတွင်းတွင် သာ နေရပေလိမ့်မည်။

အနောက်ဘက်ခြံဝန်းတွင် အမျိုးမျိုးသော ဆေးဝါးအကူများနှင့်သမားတော်များက လုချန်းဖုန်းကို ဆက်တိုက်ကူညီကုသပေးနေကြသည့်တိုင်အောင် သူက ဆက်တိုက် အော်ဟစ်နေရသေးလေသည်။

“အရှင်ငယ် အရှင်ငယ် ဘယ်လိုဖြစ်ပြီး ဒီလို ဒဏ်ရာပြင်းပြင်းထန်ထန်ရလာတာလဲ၊ ဘယ်ကောင်က မြေကြီးရဲ့အတိမ်အနက်ကို မသိတာလဲ၊ အရှင်ငယ်ကိုတောင် ဒုက္ခပေးရဲသေးတယ်”

ရှဲ့ရှောင်းက အလောတကြီးပြေးလာကာ ခပ်တိုးတိုးအသံဖြင့်မေးသည်။

ထိုအချိန်တွင် ရှဲ့ရှောင်းက သမင်ဖြူအကယ်ဒမီမှ ပထမမျိုးဆက်ကဲ့သို့ မမောက်မာ မထောင်လွှားရဲတော့ဘဲ အစေခံတစ်ယောက်ကဲ့သို့ ကျိုးနွံနေပြီဖြစ်သည်။

လူကြီးမင်းဝေက နန်ဟွမ်မှ လူများကို အခြားတစ်နေရာသို့ ပို့လွှတ်လိုက်ပြီးနောက်တွင် သူတို့က အဓိကအိမ်တော်မှလူများက ဒုက္ခရောက်နေကြောင်း နားလည်လိုက်ကြလေသည်။ ထို့နောက် လူကြီးမင်းဝေ၏အနောက်သို့ လူအနည်းစုကသာလျှင် လိုက်သွားခဲ့ကြသည်။ အခြားလူများကမူ ကိုယ်ပိုင်လွတ်လမ်းကို ရှာကြသည်။

ရှဲ့ရှောင်းက နေရာမှန်ကို ရှာတွေ့ခဲ့သည်။ သူက ကိုယ်ပိုင်လုပ်ဆောင်နိုင်စွမ်းရည် အနည်းငယ်ရှိနေသေးသည့်အတွက် ယခုကဲ့သို့နေရာကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ဆောင်နိုင်စွမ်းက အဓိကအိမ်တော်၏ သတင်းအချက်အလက်များကို သိနေခြင်းဖြစ်သည်။ သူက လုမိသားစုအိမ်တော်ခွဲကို အထက်သို့ မှီခိုခဲ့သည့်အတွက် တစ်လှမ်းချင်းတက်လှမ်း နိုင်ခဲ့လေသည်။

ရှဲ့ရှောင်းအနေနှင့် အချို့လူများကို စုစည်းခဲ့ကာ ဒုတိယအိမ်တော်ခွဲထံ ခစားခဲ့သည်။ သူတို့ရရှိထားသော သတင်းအချက်အလက်များကြောင့် ဒုတိယအိမ်တော်ခွဲကလည်း ယခုကဲ့သို့နေရာ ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုသတင်းအချက်အလက်များကြောင့် အဓိကအိမ်တော်မှ မျိုးဆက်များကို သတ်ဖြတ်နိုင်ခဲ့သည်။

ပြောရလျှင် ရှဲ့ရှောင်း ယခုရရှိထားသောအဆင့်အတန်းသည် အဓိကအိမ်တော်မှ တပည့်ဂိုဏ်းသားပေါင်းများစွာ၏ အသွေး၊အသား၊အရိုးများအပေါ် ဖြတ်နင်းပြီးမှ ရောက်လာခဲ့ခြင်းဖြစ်သည်။

လုချန်းဖုန်းက အော်ဟစ်ပြန်သည်။ သူက စိတ်မရှည်စွာ လက်ရမ်းပြသည်။

“ဒါက မင်းနဲ့ဘာဆိုင်လဲ သွားစမ်း၊ အဓိကအိမ်တော်က အဲ့ဒီအမွှာညီအစ်မနှစ်ယောက်ကို သွားရှာ၊ ငါ ဒီနေ့ ဒီမိန်းမနှစ်ယောက်ကို ကစားမှ စိတ်ပြေနိုင်လိမ့်မယ်”

လုယွီက လုချန်းဖုန်းကို စိတ်ဓါတ်ကျအောင် သွန်သင်ဆုံးမခဲ့သည်။ သို့သော် သူက လုယွီထံ ဒေါသမဖောက်ထုတ်နိုင်ချေ။ မည်သို့ပင်ဆိုစေ လုယွီကိုယ်တိုင်ကလည်း သိုင်းသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်ပြီး လက်ညှိုးဖြင့်ပင် သူ့အား အသာအယာ သတ်နိုင်စွမ်းရှိလေသည်။ ဒုတိယအချက်အနေနှင့် သူက ဘာကောင်မှ မဟုတ်သေးချေ။ သူကသာ ကလဲ့စားချေလျင် သူက ပြက်လုံးဖြစ်သွားပေလိမ့်မည်။

ရှဲ့ရှောင်းက ချက်ချင်းဆိုသလို ပြုံးလိုက်သည်။

“အရှင်ငယ် စိတ်အေးအေးထားပါ၊ ကျွန်တော်က အဲ့ဒီအမွှာညီအစ်မ နှစ်ယောက်အတွက် ပြင်ဆင်ထားပြီးပါပြီ၊ သူတို့ကိုအရှေ့ဘက် အဆောင်ခန်းမှာ ကြိုတင်ပြင်ဆင်ထားပါတယ်၊ အရှင်ငယ်က ကြိုက်သလို သာယာမှုကို ခံစားလို့ရပါတယ်”

ထိုအခါမှသာ လုချန်းဖုန်းက ကျေနပ်သွားသည်။

ပန်းများကဲ့သို့လှပသော အမွှာညီအစ်မနှစ်ယောက်အကြောင်း တွေးလိုက်ချိန်တွင် လုချန်းဖုန်း၏နှလုံးသားက ရင်ခုန်နှုန်းမြန်လာသည်။ သူ၏စိတ်ဓါတ်ကျမှုများကပင် ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် ရုတ်တရက် တံခါးစောင့်က အပြေးဝင်လာသည်။ သူ၏မျက်နှာကလည်း စိုးရိမ်နေဟန်ရသည်။

“ဘာတွေ အထိတ်တလန့်ဖြစ်နေတာလဲ၊ မြန်မြန်ပြောစမ်း”

ရှဲ့ရှောင်းက ဒေါသတကြီး ဆူပူလိုက်သည်။

“ထျန်းကျင်းမြို့က ကင်းလှည့်ထွက်သွားတဲ့ ဝေရှင်းချန်ကို သွားဖမ်းတဲ့လူတွေအားလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး ပြန်လာတာကို စစ်ဆေးတွေ့ခဲ့ရပါတယ်၊ သူတို့တွေ အပြင်မှာ အရှင်ငယ်ကို တွေ့ခွင့်တောင်းနေပါတယ်”

လုချန်းဖုန်းက မျက်မှောင်ကြုတ်သည်။

“နိမ့်ကျတဲ့ဝေရှင်းချန်လိုအကောင်ကိုတောင် မင်းတို့က မကိုင်တွယ်နိုင်ဘူးလား”

သူက ထိုကိစ္စကို ရှဲ့ရှောင်းအား ကိုင်တွယ်ရန် အမိန့်ပေးခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် လုချန်းဖုန်းက မေးသောအခါ ရှဲ့ရှောင်းက အလျင်စလိုပြောလိုက်သည်။

“ဒီအသုံးမကျတဲ့အမှိုက်တွေကတော့ အမှားအယွင်းဖြစ်အောင် လုပ်လိုက်သေး တယ်၊ အရှင်ငယ် ကျွန်တော်က သွားကြည့်လိုက်ပါ့မယ်”

ရှဲ့ရှောင်းက အလွန်ပြင်းထန်သောအရှိန်အဝါမျိုးဖြင့် တံခါးမှ ထွက်သွားချိန်တွင် ကြီးကြပ်သူများကို မြင်လိုက်ရလေသည်။

ထိုလူများက ယခင်က အလွန်ပါရမီကြီးသူများဖြစ်သည့်အတွက် ရှဲ့ရှောင်းက ခေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

“လူတစ်ယောက်က မင်းရဲ့ရှေ့မှာတင် ဝေရှင်းချန်ကို ကယ်သွားတယ်၊ မင်းတို့ကိုတောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်တယ်ဟုတ်လား”

အပိုင်း ၁၃၂၀

ရှဲ့ရှောင်းက ဒေါသထွက်သွားသည်။ သူက တစ်ဖက်မှ ရလာမည့် အဓိကအိမ်တော်၏မျိုးဆက်များကို လုချန်းဖုန်းထံပေးရန် ကြံစည်ထားသဖြင့် ယခုလို ဖြစ်သွားသောအခါ မမျှော်လင့်စွာပင် သူ၏ဆုလာဘ်များက အလကားဖြစ်ရပေတော့မည်။

“သူ့သမီးကို မခေါ်နိုင်ရင် အခြားနည်းလမ်းကို စဉ်းစားရလိမ့်မယ်”

ရှဲ့ရှောင်းက ရုတ်တရက် ပြုံးလိုက်သည်။ သူက ကြီးကြပ်သူတစ်ယောက်ကို လက်ညှိုးထိုးကာပြောသည်။

“အခုလေးတင် ဖမ်းမိထားတဲ့ အဓိကအိမ်တော်က လူအယောက်တစ်ရာကျော် ရှိနေသေးတယ် မဟုတ်လား၊ သူတို့တွေ ဘယ်မှာလဲ”

ထိုကြီးကြပ်သူက ချက်ချင်းပြောသည်။

“သူတို့အားလုံးကို အနောက်ဘက်ခြံဝန်းကို ပို့ထားပါတယ်၊ အားလုံးကို ကျွန်အဖြစ် ပြောင်းလဲဖို့အသင့်ပြင်ထားပြီးပါပြီ”

“အယောက်နှစ်ဆယ်လောက် ဒီကို အရင်ခေါ်ခဲ့”

ရှဲ့ရှောင်းက ရယ်သည်။

“ဝေရှင်းချန်က မလာဘူးလို့ပြောမှတော့ အဓိကအိမ်တော်က တစ်ယောက်ချင်းစီတိုင်းကို သတ်ပစ်ပြရမှာပေါ့၊ ဟမ့် သူ ဘယ်အချိန်လာမလဲ ငါ ကြည့်မယ်”

ထိုလူများအားလုံးကလည်း လုမိသားစုမှ အဓိကအိမ်တော်မှဖြစ်သည်။ အားလုံး အယောက်တစ်ရာကျော်ပြီး အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီးပေါင်းများစွာ ရှိနေကြကာ သူတို့၏ကိုယ်များက ဒဏ်ရာများပြည့်နှက်နေသည်။ သူတို့က အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံထားရသည်မှာ သေချာလေသည်။

သူတို့၏လှုပ်ရှားမှုက နှေးကွေးလျှင် သူတို့အား ဆက်တိုက် ရိုက်နှက်ကြလေသည်။ ထို့အပြင် သူတို့အနေဖြင့် အတွင်းအားများ သုံးခွင့်မရှိအောင် အကြောပိတ်ခံထားရသေးလေသည်။

ရှဲ့ရှောင်းက ထိုလူများကိုကြည့်ကာ ကလေးအချို့ကို လက်ညှိုးထိုးပြီးပြောသည်။

“ကောင်းပြီ သူတို့ကစမယ်”

ထိုကလေးများက အနာဂါတ်မျှော်လင့်ချက်ဖြစ်သည်။ လူကြီးမင်းဝေ၏ အဓိကအိမ်တော်ကို သစ္စာရှိမှုအရ သူက သေချာပေါက် ရောက်လာပေလိမ့်မည်။

“မင်း ဘာလုပ်တာလဲ ငါ့သားကိုလွှတ်လိုက်စမ်း”

“မလုပ်ပါနဲ့ သူတို့က ကလေးတွေပါ၊ မင်းတို့မှာ စွမ်းရည်ရှိရင် ငါတို့ကိုတိုက်ခိုက်ပါ”

ထိုကလေးများ၏ မိဘများက အော်ဟစ်ကာငိုယိုကြသည်။ သို့သော် သိပ်မကြာခင်မှာပင် လုမိသားစုမှ ကြီးကြပ်သူများ၏ ရိုက်နှက်မှုကိုခံရလေသည်။

ရှဲ့ရှောင်းက မဲမှောင်စွာပြောသည်။

“မင်းတို့က ဘာလုပ်နိုင်မှာမို့လို့လဲ၊ အဲ့ဒီကလေးအယောက်နှစ်ဆယ်ကို ချည်ထားလိုက်၊ လီဝေက စပြီးသတ်”

ကြီးကြပ်သူတစ်ယောက်က ရုတ်တရက် ကလေးတစ်ယောက်ကို ဖမ်းဆွဲလိုက်ကာ မြေပြင်တွင် ဖိချထားသည်။ ထိုကလေး၏မိဘများကမူ မျက်လုံးများနီရဲလျက် အော်ငိုယိုကြကာ ကယ်ဆယ်လိုကြသည်။ကံဆိုးစွာဖြင့်ပင် သူတို့၏ လုပ်ဆောင်မှုများက မလုံလောက်ခဲ့ချေ။ သူတို့ကို ကြီးကြပ်သူများက ကန်ထုတ်လိုက်သည်နှင့် မြေပြင်တွင် သွေးချင်းချင်းရဲသွားသည်။

ရှဲ့ရှောင်းက ပြောသည်။

“မင်းတို့ရဲ့အိမ်မှာ ဖုံးကွယ်ထားတဲ့ရတနာတွေရှိနေသေးရင် ငါ့ကိုပြောစမ်း၊ မင်းတို့ရဲ့ကလေးကို သက်ညှာပေးမယ်၊ ဒါက အခွင့်အရေးတစ်ကြိမ်ပဲရှိတာနော်၊ ထပ်တွေးမနေနဲ့”

အဓိကအိမ်တော်မှ လူများအားလုံးက နာကျင်သွားကြသည်။ သူတို့အားလုံးက လမ်းတစ်လျှောက်လုံး ဒုက္ခများစွာနှင့်ကြုံတွေ့ခဲ့လေရာ သူတို့၏မိသားစုကို အပြင်လူကပင် နှိပ်စက်အနိုင်ကျင့်နေလေသည်။

“ငါက အဓိကအိမ်တော်က ခေါင်းဆောင်အိုကြီးပဲ၊ ငါ့ရဲ့သိုလှောင်အိတ်ထဲမှာ စိတ်ဝိဉာဉ်ကျောက်တုံး ဆယ်သန်းရှိနေသေးတယ်၊ ဒီကလေးတွေရဲ့အသက်ကို လဲလှယ်ချင်တယ်”

ရုတ်တရက် လူအိုကြီးတစ်ယောက်က ရှေ့ထွက်လာကာ သိုလှောင်အိတ်ကို ပေးလိုက်သည်။

ရှဲ့ရှောင်း၏မျက်ဝန်းက တောက်ပသွားပြီး သိုလှောင်အိတ်ကို ယူကာ ဖွင့်လိုက်သည်။

အထဲတွင် စိတ်ဝိဥာဥ်ကျောက်တုံး ဆယ်သန်းကျော်ရှိနေသေးလေသည်။

“ဆယ်သန်းနဲ့ကလေးတစ်ယောက်ရဲ့အသက်ကို အလျှော့ပေးရမယ်၊ ငါက ရူးနေလို့လား”

ရှဲ့ရှောင်းက အေးစက်သောလေသံဖြင့်ပြောသည်။

“ကြည့်ရတာ မင်းအရင်က ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တာပဲ၊ နောက်ထပ် သန်းတစ်ရာထုတ်လိုက်၊ ဒီလိုဆိုရင် နောက်ထပ်တစ်ယောက်အတွက် အလျှော့ပေးမယ်”

“ဘာ”

အားလုံးက အံ့ဩကုန်ကြသည်။

အဓိကအိမ်တော်မှပိုင်ဆိုင်မှုများကို အခြားသော အိမ်တော်ခွဲများက သိမ်းယူခဲ့ပြီးလေရာ သူတို့တွင်လည်း စိတ်ဝိဉာဉ်ကျောက်တုံးများ မရှိတော့ချေ။ ဆယ်သန်းကပင် သူတို့၏နောက်ဆုံးပိုင်ဆိုင်မှု ဖြစ်လေရာ သန်းတစ်ရာကို ထပ် မထုတ်နိုင်တော့ချေ။ ရှင်းလင်းစွာဖြင့်ပင် တစ်ဖက်က တမင်ဒုက္ခပေးနေခြင်းဖြစ်သည်။

All Chapters