အခန်း (၁၃၂၁-၁၃၂၅)
Vol. 69 Ch. 1321-1325
အပိုင်း ၁၃၂၁
ထိုလူအိုကြီးက လုမိသားစုမှ အကြီးအကဲတစ်ယောက်ဖြစ်သည်။
သူ၏ကျင့်ကြံခြင်းအဆင့် ကျသွားသောအခါ သူ၏သက်လုံကလည်း ကျဆင်းခဲ့ရလေသည်။
ရှဲ့ရှောင်း၏မျက်လုံးက အေးစက်သွားသည်။ သူက ရုတ်တရက် အော်ဟစ်ကာ ပြောဆိုလိုက်သည်။
“ဒီအဖိုးကြီးကို ရိုက်နှက်လိုက်စမ်း မျက်စိရှုပ်တယ်”
ရှဲ့ရှောင်းက ဒေါသထွက်လာသည်။
ထိုလူအိုကြီးက အစောင့်များ၏ ရိုက်နှက်ခံရသည်။ ထိုလူအိုကြီး၏ကိုယ်က နှစ်ပေါင်းများစွာ နှိပ်စက်ခံထားရပြီးလေရာ ယခုကဲ့သို့ရိုက်နှက်ခံရချိန်တွင် သွေးအိုင်ထဲ လဲသွားတော့သည်။ ရှဲ့ရှောင်းက ကောင်လေးကို လက်ညှိုးထိုးသည်။
“သူ့ကိုအရင်သတ်”
ကြီးကြပ်သူတစ်ယောက်က ဓါးကို ထုတ်လိုက်သည်။ သူက ထိုကောင်လေး၏ လည်ပင်းကို ခုတ်ဖြတ်ရန်ကြံစည်ထားလေသည်။
“သား”
ထိုကလေး၏မိဘများက အသားကုန်အော်ဟစ်ကြသော်လည်း တတ်နိုင်စွမ်းအား မဲ့ရသည်။
“ဟမ့် အသုံးမကျတဲ့အကောင်တွေ”
ရှဲ့ရှောင်း၏မျက်ဝန်းအတွင်း အလင်းရောင်လက်လာသည်။
ထိုအချိန်တွင် ဓါးရှည်က ရမ်းသွားကြောင်း မြင်လိုက်ရသည်။
ချွင်…
ရုတ်တရက် ပေါ့ပါးသောအသံ ထွက်လာပြီးသည်နှင့် ထိုဓါးက လေထဲတွင် နှစ်ခြမ်းကွဲသွားသည်။
“မင်းတို့က သေချင်နေတာပဲ”
လုယွီက ရှဲ့ရှောင်း၏အနောက်သို့ ရောက်လာသည်။
“ဘယ်ကောင်လဲ”
ရှဲ့ရှောင်းက အလွန်ဒေါသထွက်သွားကာ ချက်ချင်းဆိုသလို ခေါင်းလှည့်ကြည့်လိုက်သည်။ ဒုတိယအိမ်တော်ခွဲတွင် လုချန်းဖုန်းမှလွဲပြီး သူ့အထက်တွင် လူတစ်ယောက်သာလျှင် ကျန်ရစ်တော့သည်။ အခြားလူများ၏ အမိန့်ကိုသူက နာခံစရာမလိုတော့ချေ။ ထို့ကြောင့် လှည့်ကြည့်လိုက်သည်နှင့် လုယွီကို မြင်လိုက်ရသည်။ တစ်ဖက်သူက လူငယ်တစ်ယောက်ဖြစ်ကြောင်းမြင်သောအခါ သူ၏မျက်ဝန်းအတွင်း အလင်းရောင်က လက်လာသည်။
“ကောင်လေး မင်းက ဘယ်အိမ်တော်ခွဲကလဲ၊ ဒီလူတွေအားလုံးက အဓိကအိမ်တော်ကပဲ မင်းက သူတို့ကိုကယ်ရဲတာလား၊ ဒီကျန်ရစ်တဲ့ နတ်ဆိုးကောင်တွေကို မင်းက ကယ်တင်ချင်နေတာလား”
ရှဲ့ရှောင်းက အေးစက်စွာပြောသည်။
ရှဲ့ရှောင်းအနေနှင့် လုယွီက ကောင်းကင်နှင့်မြေပြင်၏အတိမ်အနက်ကိုမသိသော သာမန်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ထင်မြင်လိုက်မိခြင်းဖြစ်သည်။ နေ့တိုင်း အဓိကအိမ်တော်မှ လူများအနိုင်ကျင့်ခံရခြင်းကို သဘောမကျ၍ လာကူညီခြင်း ဖြစ်လောက်သည်ဟု တွေးမိလိုက်သည်။
လုယွီက မျက်နှာသေဖြင့်ပြောသည်။
“ဟုတ်တယ် ငါက အဓိကအိမ်တော်ကပဲ”
“ဘာ”
ရှဲ့ရှောင်း၏နှလုံးခုန်သံ မြန်သွားသည်။ သူက အံ့အားသင့်သွားလေသည်။ အဓိကအိမ်တော်မှ လူက တံခါးဝသို့ပင်ရောက်လာကာ ကိုယ်တိုင်အသေခံနေသည်။ ရှဲ့ရှောင်းက ခက်ထန်စွာပြုံးလိုက်သည်။
“ဘာလဲ သူတို့နဲ့အတူသေချင်လို့လား၊ ကောင်းပြီလေ၊ ဒီကောင့်ကိုအရင်သတ်”
သို့ရာတွင် ရှဲ့ရှောင်းက အမိန့်မထုတ်နိုင်ခင်မှာပင် မည်သူကမျှ မရွေ့တော့ကြောင်း မြင်လိုက်ရသည်။
“ဘာလဲ အားလုံးကန်းနေကြလား၊ ငါ ပြောတာမကြားဘူးလား”
ရှဲ့ရှောင်းက မျက်မှောင်ကြုတ်သည်။
မည်သို့ပင်ဆိုစေ ဒုတိယအိမ်တော်ခွဲတွင် သူက အိမ်တော်ထိန်း တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကြီးကြပ်သူများအားလုံးကလည်း ရှဲ့ရှောင်းကို လေးစားရလေသည်။
ထိုလူများအားလုံးက လုယွီကို ထိတ်လန့်တကြားကြည့်ကြသည်။ တစ်စုံတစ်ယောက်က တုန်ယင်စွာပြောသည်။
“ဝေရှင်းချန်ကို ကယ်သွားတာ သူပါ”
“ဘာ”
ရှဲ့ရှောင်းက အံ့ဩသွားပြီးပြောသည်။
“မင်းတို့က လူငယ်မျိုးဆက်တစ်ယောက်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်၊ အသုံးမကျဘူးပဲ”
သူက လုယွီကို လက်ညှိုးထိုးပြီးပြောသည်။
“ဒီနေရာက ဒုတိယအိမ်တော်ခွဲပဲ၊ သူက မင်းတို့ကို ဘာမှမလုပ်ရဲဘူး၊ ဒီကောင်ကို အရင်ခေါ်ပြီး သတ်လိုက်”
သို့ရာတွင် မည်သူကမျှ မလှုပ်ကြချေ။
လုယွီက သူတို့အား လေးနက်သောခံစားချက်ကို ဖြစ်လာစေသည်။ သူတို့ရှေ့ရှိလူက အလွန်အင်အားကြီးမားလွန်းသည်ဟု မထင်ရသည့်တိုင်အောင် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့က နားလည်ထားကြလေသည်။
ရှဲ့ရှောင်းက ဒေါသထွက်သွားသည်။
“အသုံးမကျတဲ့အမှိုက်တွေ၊ ကောင်လေးတစ်ယောက်ကိုတောင် စမတိုက်ရဲဘူး၊ မင်းတို့ဘာများ အသုံးဝင်တော့မှာလဲ”
ကြီးကြပ်သူများ၏မျက်နှာက ပျက်ယွင်းသွားသည်။
“မင်းကိုယ်တိုင်မြင်ဖူးရင် ဒီလိုမပြောရဲပါဘူး”
ကြီးကြပ်သူတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။
“အပိုစကားတွေ ပြောမနေနဲ့၊ မင်းလုပ်ရဲရင် လုပ်လိုက်”
“ဟုတ်တယ် ငါတို့ကို ပြန်အော်မနေနဲ့ မင်းဖမ်းနိုင်ရင်ဖမ်းလေ”
“ငါတို့အားလုံးက လုအိမ်တော်ကပဲ မင်းလိုလုအိမ်တော်ရဲ့ခွေးတစ်ကောင်က ပြန်မောက်မာရဲတာလား”
ကြီးကြပ်သူများအားလုံးက အလွန်ဒေါသထွက်သွားကြကာ အထွန့်တက်ကြတော့သည်။ ရှဲ့ရှောင်း၏မျက်နှာက ပျက်ယွင်းသွားသည်။
သူက အလွန်ဒေါသထွက်ကာ ခြေဆောင့်ပြီးနောက်အော်သည်။
“အသုံးမကျတဲ့ကောင်တွေ ငါ့ကိုတောင်ပြန်ပြီး ပြောရဲတယ်လား၊ မင်းတို့တွေ ကောင်းကောင်းပုန်းနေလိုက်၊ မဟုတ်ရင် ငါ ဒီကောင်ကိုကိုင်တွယ်ပြီးတာနဲ့ မင်းတို့ရဲ့အလှည့်ပဲ”
ထို့နောက် သူက လုယွီထံသို့ ချဉ်းကပ်သွားသည်။ သူသည်လည်း ကျင့်ကြံခြင်းအရင်းအမြစ်ပေါင်းများစွာကို ရရှိခဲ့သည့်အတွက် မြင့်မားသော အဆင့်တစ်နေရာသို့ ပိုင်ဆိုင်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် လုအိမ်တော်မှ သာမန်မိသားစုဝင်ကပင် ရှဲ့ရှောင်းကိုမနိုင်နိုင်ကြချေ။ ဒါကပင် သူက ဂုဏ်ယူရသည့်အချက်ဖြစ်သည်။
“အဖြူရောင်တုတ်ဓါး”
ရှဲ့ရှောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လုယွီကို ဓါးဖြင့် ခုတ်ရန်ကြံစည်သည်။
ဓါးမှ ဟိန်းသံထွက်လာပြီးသည်နှင့် အဖြူရောင်ဓါးချီများက ရုတ်တရက် ထွက်လာကာ လုယွီထံခုန်ဝင်သွားသည်။
“မျက်လုံးဖွင့်ပြီး သေချာကြည့်ကြ၊ ငါ ဒီကောင်လေးကို ဘယ်လိုရှင်းလိုက်သလဲ ဆိုတာကို မင်းတို့အားလုံး ကြည့်ထားရမယ်”
အပိုင်း ၁၃၂၂
ရှဲ့ရှောင်းက လှည့်ကာအော်လိုက်သေးသည်။ သူ၏ဓါးက လုယွီအပေါ် ကျသွားသည်နှင့် တစ်ဖက်သူက ချက်ချင်းသေဆုံးသွားမည်ဟု ယုံကြည်မှုရှိနေလေသည်။
“ကြည့်ထား လုမိသားစုကို အတိုက်အခံလုပ်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို မင်းတို့အားလုံး ကြည့်ထားကြ”
ရှဲ့ရှောင်းက ခက်ထန်စွာပြောသည်။
“အသုံးမကျတဲ့အမှိုက်တစ်အုပ် မင်းတို့မှာ ဘာမှ လုပ်နိုင်စွမ်းအားမရှိတာနဲ့ အသုံးမကျဖြစ်နေကြတယ်”
ရုတ်တရက် ထိုကြီးကြပ်သူများ၏မျက်ဝန်းက တစ်စုံတစ်ရာမှားယွင်းနေကြောင်း သူက ခံစားမိလိုက်ကြသည်။
“ဘာလဲ ဘယ်လိုတွေ လာကြည့်နေတာလဲ”
ကြီးကြပ်သူတစ်ယောက်က ရှဲ့ရှောင်း၏အနောက်သို့ လက်ညှိုးညွှန်ပြသည်။ သူ၏မျက်ဝန်းက ကြောင်အမှုများဖြင့် တောက်ပနေလေသည်။ ရှဲ့ရှောင်းကပို၍ ခက်ထန်စွာပြောသည်။
“မင်းတို့က ဒီအမူအရာကို ထုတ်ပြနေတုန်းလား၊ လူသေကောင်ကို မမြင်ဖူးဘူးလား”
ရုတ်တရက် ရှဲ့ရှောင်း၏ပုခုံးကို လက်တစ်ဖက်က လာတို့ပြီးနောက် အဝေးသို့ တွန်းထုတ်လိုက်သည်။ ရှဲ့ရှောင်းက အနည်းငယ်မျှသော ခုခံမှုများကိုပင် မလုပ်နိုင်ခဲ့ဘဲ သဲအိတ်တစ်အိတ်ကဲ့သို့ လွင့်ထွက်သွားကာ နံရံနှင့် ဝင်ဆောင့်တိုက်မိသွားသည်။
ဝုန်း
ကျယ်လောင်သောအသံနှင့်အတူ ရှဲ့ရှောင်းက နံရံအတွင်းသို့ တိုက်ရိုက်ကျွံဝင်သွားကာ အပျက်အစီးပုံများကြား မြုပ်သွားလေသည်။
လုယွီက တည်ငြိမ်စွာပြောသည်။
“စိတ်မရှိပါနဲ့၊ ဒီလောက်နဲ့ ငါ့ကို ဘာမှ မလုပ်နိုင်ဘူး”
ချက်ချင်းဆိုသလို လုယွီက အခြားလူများကို ကြည့်လိုက်သည်။ လုယွီ၏အကြည့်က ထိုလူများကို တုန်ယင်သွားစေသည်။
“ဒီလိုမကောင်းတဲ့အကောင်ကို ကူညီတယ်၊ မင်းတို့အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်ပြီး အပြစ်ပေးရမယ်၊ ထွက်သွား”
လုယွီက အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ကာ အရပ်မျက်နှာအနှံ့ပျံ့နှံ့သွားတော့သည်။ ထိုလူများအားလုံးက အသံကိုကြားလိုက်ရသည်နှင့် ဗိုက်ထဲမှ နာကျင်မှုကိုခံစားလိုက်ကြရသည်။ သူတို့၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီးနောက်တွင် သူတို့အားလုံး အားနည်းသွားသလို ခံစားလိုက်ကြရလေသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်များက ကျဆင်းသွားလေပြီ။ အချို့သော ကျင့်ကြံသူများက အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏မျက်ဝန်းအတွင်း ခြောက်ခြားမှုများကို မြင်နိုင်လေသည်။ သူတို့က ထိုကဲ့သို့သော လူမျိုးကို ရန်မစရဲချေ။
“အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထိုလူများအားလုံးက ထွက်သွားကြသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က ကျဆင်းသွားသော်လည်း နယ်ပယ်ကြီးတစ်ဆင့်သာလျှင် ကျဆင်းသွားခဲ့ခြင်းဖြစ်လေရာ ကြိုးစားကျင့်ကြံနိုင်သေးလေသည်။
လုယွီက အဓိကအိမ်တော်မှ လူများကို ကြည့်ကာ သိုလှောင်အိတ်ကို ကောက်ကိုင်လိုက်ပြီး ထိုလူအိုကြီးကို ပြန်ပေးလိုက်သည်။
“လူငယ်လေး မင်းက ငါတို့မိသားစုကမဟုတ်ဘူး”
ထိုလူအိုကြီးက ကျေးဇူးတင်စွာပြောသည်။ သို့သော် သူက စိုးရိမ်နေသေးသည်။
“ဒီနေရာက ဒုတိယအိမ်တော်ခွဲပဲ၊ ဒီကလူတွေက ဒီလိုလူမျိုးကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး၊ မင်း ထွက်သွားတာကောင်းမယ်၊ ဝင်မပါပါနဲ့”
“ဘယ်သူမှ မထွက်သွားရဘူး”
ရှဲ့ရှောင်းက ခုန်ထလာသည်။ သူ၏မျက်နှာတွင် သွေးများက လွှမ်းနေကာ မျက်နှာအမူအရာက ခက်ထန်နေလေသည်။
“မင်း မသွားရဘူး”
ရှဲ့ရှောင်းက သိုလှောင်အိတ်ထဲမှ အချက်ပြမြှားကိုထုတ်ကာ လေထဲသို့ ပစ်လွှတ်လိုက်သည်။ ထိုမြှားက လေထဲတွင်ပေါက်ကွဲသွားသည်နှင့် မျက်စိကျိန်းမတတ်တောက်ပသော အလင်းတန်းများက ထိန်လင်းလာတော့သည်။ ရုတ်တရက် အရှင်ငယ်စံအိမ်တစ်ခုလုံးမှနေ၍ အရိပ်ပေါင်းများစွာ၏ လှုပ်ရှားသံများကို ကြားလိုက်ရလေသည်။
လဖက်ရည်တစ်ခွက်ဖျော်ချိန်အတွင်းတွင် ခြံဝန်းငယ်လေးထဲတွင် လုမိသားစုအိမ်တော်မှ အစောင့်ပေါင်းများစွာ ပြည့်သွားလေသည်။
“မင်း အခုသွားချင်ရင်တောင်မှ မဖြစ်နိုင်တော့ဘူး၊ ဒီနေရာက ဒုတိယအိမ်တော်ခွဲပဲ၊ ဒီအိမ်တော်က အစောင့်တွေအားလုံးက ပထမအဆင့်လက်ရွေးစင်တွေချည်းပဲ၊ အပြင်က ကြီးကြပ်သူတွေလို အသုံးမကျတဲ့အကောင်တွေမဟုတ်ဘူး၊ မင်း သူတို့ကို တိုက်ခိုက်ရဲရင်တောင်မှ မလွတ်မြောက်နိုင်ဘူး”
ရှဲ့ရှောင်း၏မျက်နှာတွင် ခက်ထန်မှုများက ပြည့်နှက်နေလေသည်။
လုယွီ၏မျက်နှာက တည်ငြိမ်နေသည်။ သူက ရှေ့သို့တက်လှမ်းပြီးနောက် ရှဲ့ရှောင်းကို ပါးရိုက်သည်။
ဖြန်း
ရှဲ့ရှောင်း၏မျက်နှာက ချက်ချင်းဆိုသလိုနီရဲသွားသည်။
ပတ်ဝန်းကျင်မှ အစောင့်များက ထိုအခြေအနေကိုမြင်သောအခါ အပြေးလာကြသည်။ အချို့လူများက အရှင်ငယ်၏အိမ်တော်အတွင်းတွင် အိမ်တော်ထိန်းကို တိုက်ခိုက်ရဲကတည်းက သူတို့က လက်လွှတ်ပေး၍မရတော့ချေ။
“ဒီကောင်လေး ရူးနေတာလား၊ လာအသေခံတာလား”
လုယွီက ရောက်လာသူများကို ဖျော့တော့စွာကြည့်ကာပြောသည်။
“ထွက်သွား”
ထိုအသံက တိုးလျသော်လည်းလေထဲတွင် ဟိန်းသံကြီးက ထွက်ပေါ်လာကာ လုယွီကို ဗဟိုပြုလျက် အားလှိုင်းများက ပျံ့နှံ့သွားသည်။ အစောင့်များအားလုံးက မတ်မတ်ပင် မရပ်နိုင်ကြတော့ဘဲ မြေပြင်သို့လဲကျသွားလေသည်။
ခြံဝန်း၏တစ်ဖက်ဘေးတွင်ရှိသော ကျောက်တုံးနံရံက အလွန်ခိုင်မာ မြင့်မားလေသည်။ သို့သော် ထိုအသံကြောင့် ကွဲအက်ရာများ ထွက်ပေါ်လာကာ တစ်စပြီးတစ်စ ပြိုကျလာတော့သည်။
ထိုအသံများက အဆုံးသတ်သွားချိန်တွင် ကျောက်တုံးနံရံကလည်း မရှိတော့ချေ။
“ဘယ်သူက ငါ သခင်လေးရဲ့အိမ်မှာ ပြဿနာလာရှာတာလဲ”
အဝေးတွင် လုချန်းဖုန်း၏ဒေါသတကြီးအော်ဟစ်သံကို ကြားရသည်။
အပိုင်း ၁၃၂၃
အဓိက အိမ်တော်အတွင်းမှ လုချန်းဖုန်းကထွက်လာသည်။ သူက တစ်စုံတစ်ယောက်က သူ၏အိမ်တော်သို့လာကာ ပြသနာရှာရဲကြောင်း ကြားထားကတည်းက အလွန်ဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။ ယနေ့အတွက် သူဒေါသဖြေဖျောက်ရန် လိုအပ်နေသည်။
သူက လုယွီ၏အရှေ့တွင် မျက်နှာပျက်ရသော်လည်း သူကဒုတိယအိမ်တော်ခွဲ အထူးသဖြင့် သည်စံအိမ်တော်မှ အရှင်သခင်ဖြစ်နေခဲ့သေးသည်။ ထို့ကြောင့် အခြားသူများက သူ့အားအရှက်လာခွဲခြင်းကို လက်သင့်မခံနိုင်ချေ။
မြောက်များလှသော အစောင့်များဖြင့်၀ိုင်းနေသော လုချန်းဖုန်းက ခြံ၀န်းထဲသို့ တိုက်ရိုက်၀င်လာသည်။ သူက ပတ်၀န်းကျင်ကိုတစ်ချက်ကြည့်ပြီးနောက်တွင် ခြံ၀န်းထဲတွင် အားနည်းစွာလဲလျောင်းနေသော အိုမင်းနေသည့် အဓိကအိမ်တော်မှ လူများကို မြင်လိုက်ရကာ အေးစက်စွာပြောသည်။
“မင်းတို့လား ပြသနာလာရှာတာ”
အဓိက အိမ်တော်မှ လူများက ထိုသို့ပြသနာလာရှာရဲမည်ဟု မထင်ထားမိပေ။ လုချန်းဖုန်းက ဒေါသထွက်တော့မည့်အခိျန်တွင် အေးစက်သောအသံက ထွက်ပေါ်လာသည်
“မင်းသူတို့ကိုဒုက္ခပေးစရာမလိုဘူး ငါ လုပ်တာ”
လုယွီက သူ့အားတိတ်ဆိတ်စွာကြည့်သည်။ သူ၏အကြည့်များက အေးစက်နေသည်။
သူကဖနောင့်ပေါက်လိုက်ရုံမျှဖြင့် ထိုစံအိမ်တော်မှ အစောင့်များအားလုံးက လွင့်ထွက်ကုန်ရသည်။ ထိုသူများအားလုံးက နာကျင်စွာ ညည်းညူနေကြသေးလေသည်။
ရှဲ့ရှောင်းက လုချန်းဖုန်းရောက်လာကြောင်းမြင်သောအခါ အလွန်အံ့သြသွားပြီး ပြောလိုက်သည်။
“အရှင်ငယ် ကျွန်တော့်ကိုမြန်မြန်ကယ်ပါ။ ဒီအကောင်က ကျွန်တော့်ကို ဒုက္ခပေးတဲ့အပြင် နတ်ဆိုးကောင်တွေကိုလည်း ကယ်တင်ချင်နေပါတယ်”
သူ၏နှလုံးသားထဲတွင် လုမိသားစုမလုပ်နိုင်သော ကိစ္စဟူ၍ မရှိနေခဲ့ချေ။လုချန်းဖုန်းကသာ ကူညီမည်ဆိုလျှင် လုယွီက မည်မျှပင်အင်အားကြီးမားနေစေကာမူ အသုံးမ၀င်ချေ။
ရှဲ့ရှောင်းက လုယွီကိုကြည့်ကာ ရယ်သည်။
“ကောင်စုတ်လေး မင်းကပြသနာအရမ်းရှာတာပဲ။ စိတ်အေးအေးထားစမ်းပါ မင်းက ငါ့ရဲ့လက်ထဲကို ကျရောက်တော့မှာပါ။ ငါမင်းကို ဖြည်းဖြည်းချင်းနှိပ်စက်ပြမယ်”
ရှဲ့ရှောင်းက နှိပ်စက်ရန်အတွက် သီးသန့်ခန်းတစ်ခုကိုပင် ပြင်ဆင်ထားသေးသည်။ ထိုနေရာတွင် သီးသန့်အကျဉ်းထောင်လည်းရှိသည်။ သူကြည့်မရသောသူမှန်သမျှ ထိုနေရာသို့ဆွဲချကာ သေသည်အထိ နှိပ်စက်ခံရတတ်လေသည်။
လုယွီက လုချန်းဖုန်းကိုကြည့်သည်။
“ငါတို့မကြာခင်မှာ ပြန်တွေ့ကြတာပဲ”
လုယွီကို ပြန်တွေ့သောအခါ လုချန်းဖုန်း၏ ဒူးခေါင်းများကပင် ပျော့ခွေသွားသည်။ သူငိုချင်သော်လည်း မျက်ရည်ကမထွက်ချေ။
‘ငါဘယ်သူ့ကိုရန်စမိပြန်တာလဲ’
လုချန်းဖုန်း၏ အကြီးမားဆုံးသောဆန္ဒက တစ်ဘ၀လုံး လုယွီကို ထပ်မတွေ့ရန်ဖြစ်သည်။ သူက လုယွီ က ထျန်းကျင်းမြို့မှမထွက်မချင်း စံအိမ်တော်မှ မထွက်ရန်ပင် ဆုံးဖြတ်ခဲ့ပြီးလေပြီ။ သို့ရာတွင် လုယွီက သူ့အားလာရှာသည်။
“အကြီးအကဲ ကျွန်တော်က ဘာများ လုပ်မိလို့ပါလဲ”
လုချန်းဖုန်းကပြောလိုက်သည်။
လုယွီက ဒေါသထွက်ပြီး သူ့အားသတ်လိုက်မည်ကို သူကစိုးရိမ်မိသည်။
လုယွီက သူ့ကိုအေးစက်စွာကြည့်ပြီးပြောသည်။
“မင်းက အဓိက အိမ်တော်ကလူတွေကို ဖမ်းနေတယ်လို့ငါကြားထားတယ်။ ဒါ့အပြင် ဝေရှင်းချန်ရဲ့သမီးကိုတောင် ခြိမ်းခြောက်ခဲ့သေးတာပဲ”
လုချန်းဖုန်းက တုန်ယင်သွားပြီးပြောသည်။
“ကျွန်တော်က ကျွန်တော်တို့အိမ်တော် ခေါင်းဆောင်ရဲ့အမိန့်အတိုင်းလုပ်ဆောင်တာပါ။ဝေရှင်းချန်နဲ့သူ့ သမီးကိုခြိမ်းခြောက်တာကတော့ ကျွန်တော် မသိပါဘူး”
ရှဲ့ရှောင်းက ကိစ္စများကို မည်သို့ကိုင်တွယ်ကြောင်း သူသည်လည်းမသိပေ။ သူက အိမ်တော်ခွဲငယ်တစ်ခုမှ အရှင်ငယ်တစ်ယောက်အနေနှင့် လူအများကိူ အမိန့်ပေးသည့်ကိစ္စများကိုသာ လုပ်ဆောင်သည်။ ကျန်သောကိစ္စများက သူနှင့် မသက်ဆိုင်တော့ချေ။
ရုတ်တရက် လုချန်းဖုန်း၏ နှလုံးသားထဲကတင် အေးစက်သွားလေသည်။ လုယွီကဒီနေရာသို့ ရောက်လာခဲ့ခြင်းက ရိုးရှင်းသော ကိစ္စကြောင့်မဟုတ်ကြောင်း သူက နားလည်လိုက်သည်။
“ပထမတစ်ချက်အနေနဲ့ မင်းက မင်းရဲ့အိမ်တော်ထဲမှာ ဒီကိစ္စတွေလုပ်တာကို ခွင့်ပြုထားတယ်။ ထပ်ပြီးဖြေရှင်းချက်တွေပေးနေတာမျိုးကို ငါမကြားချင်ဘူး။ မင်းရဲ့အိမ်ထဲကို လူတွေ ဝင်လာပြီး မင်းကို ဒုက္ခပေးသွားမယ်ဆိုရင် မင်းဘာလုပ်နိုင်ဦးမှာလဲ”
လုယွီ၏အသံက လေးနက်လာသည်။
လုချန်းဖုန်း၏မျက်နှာက တောင့်တင်းသွားသည်။ ထိုအခိျန်တွင် လုယွီက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့မသိဘူးဆိုတဲ့စကားကိုယုံကြည်ပေးလိုက်မယ်။ မင်းကိုနောက်တစ်ကြိမ်အခွင့်အရေးပေးမယ်”
လုချန်းဖုန်းက ခေါင်းကို တဆက်ဆက်ငြိမ့်သည်။ ထိုအချိန်တွင် သူနှင့်လုမိသားစုအဓိက အိမ်တော်မှ မည်သို့ပင် မုန်းတီးမှုများ ရှိမနေခဲ့သည့်အတွက် ထိုလူသတ်ကောင်ကို ကျေနပ်စေရန် သူက အလျော့ပေးရမည်ဖြစ်သည်။
“ဒုတိယတစ်ချက်အနေနဲ့ ငါမင်းကို အချိန်တစ်နာရီပေးမယ်။ မင်းက ေ၀ရှင်းချန်တို့ သားအဖကိုသွားရှာပြီး မျက်နှာချင်းဆိုင်တောင်းပန်မယ်ဆိုရင် ငါမင်းရဲ့စိတ်ရင်းကို လက်ခံပေးမယ်”
လုချန်းဖုန်းက မျက်မှောင်ကြုံ့သည်။ သူက ကတိပေးရန်ပြင်ပြီးချိန်တွင် ရှဲ့ရှောင်းက လှမ်းအော်လိုက်သည်။
“ကောင်စုတ်လေး မင်းကိုယ်မင်းဘာကောင်ထင်နေတာလဲ ငါတို့ရဲ့အရှင်ငယ်ကိုတောင် ပြသနာလာရှာရဲတယ်လား”
အပိုင်း ၁၃၂၄
လုယွီက သူ့ကိုလျစ်လျူရှုပြီး ရှဲ့ရှောင်းကို လက်ညိုးထိုးကာပြောသည်။
“သူ့ကိုသတ်လိုက် ငါ့ရဲ့လက်တွေ အညစ်ပတ်မခံနိုင်ဘူး။ နောက်ပြီး ငါထွက်သွားပြီးတာနဲ့ ဒီကောင်နဲ့ပတ်သတ်တဲ့အကြောင်းတွေ ငါမကြားချင်ဘူး”
ရှဲ့ရှောင်းက နှာခေါင်းရှုံကာပြောသည်။
“မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ”
သူ၏နှလုံးသားထဲတွင် ယုံကြည်မှုက အပြည့်ရှိနေသည်။ အဓိက အိမ်တော်နှင့်ပတ်သတ်သမျှ သတင်းတိုင်းကို သူကသိထားလေရာ လုချန်းဖုန်းက သူ့အားမသတ်နိုင်ချေ။
သူကထိုသို့အထင်တသေးတွေးနေချိန်တွင် လုချန်းဖုန်းက ရုတ်တရက် ပြုံးလိုက်သည်။
“ဒီအစေခံက အခြားသူတွေကို အနိုင်ကျင့်နေတာပဲ။ သူ့ကို၀အောင်ကျွေးပြီး ကောင်းအောင်ခိုင်းပြီးရင် သုတ်သင်ဖို့က မခက်ပါဘူး။ အကြီးအကဲ သဘောကျ ကျွန်တော်လုပ်ပေးပါမယ်”
ရှဲ့ရှောင်း၏ မျက်နှာကတောင့်တင်းသွားသည်။ သူကချက်ချင်းလိုလို လှည့်ကြည့်ကာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။
“အရှင်ငယ် အရှင်ငယ်မှားနေတာလား အရှင်ငယ်က ဒီကောင်ကို ဖမ်းသင့်တာလေ”
ရှဲ့ရှောင်းက နားမလည်တော့ချေ။ သူ၏သခင်လေးက အမြဲတစေ ထောင်လွှားမောက်မာနေကြဖြစ်သည်။ ယခုအခါတွင်မူ အပြင်လူရှေ့တွင် အလွန်ယဉ်ကျေးပြနေသည်။
ဖြန်း
လုချန်းဖုန်းက ရှေ့သို့တက်လာပြီး သူ့ကိုမျက်နှာအား ဖြတ်ရိုက်ကာ ဆူပူသည်။
“မျိုးမစစ်ကောင် မင်းရဲ့ခွေးမျက်လုံးက ကန်းနေတာလား.. ငါက ဒုက္ခရောက်နေတာလေ”
ရှဲ့ရှောင်းကလည်း ပဟေဠိဖြစ်သွားသည်။
“ဒီကောင်လေးကို ဒုက္ခလို့သတ်မှတ်လို့ရလို့လား”
လုချန်းဖုန်းက လေးနက်သောလေသံဖြင့်ပြောသည်။
“မြောက်ပိုင်းနယ်မြေက ဆရာသခင်၀မ်ချန်းကိုတောင် မင်းကမသိပဲ ဟောင်ရဲတယ်လား”
လုမိသားစုမှ အစောင့်များကလည်း ချက်ချင်းလိုလို ရှဲ့ရှောင်းကိုဖမ်းဆီးကြသည်။ လုချန်းဖုန်းက လေးနက်စွာပြောသည်။
“မင်းအရင်က ကိုယ်တိုင်သီးသန့်ဆောက်ထားတဲ့အကျဉ်းထောင်မှာပဲ သွားနေလိုက်ပါဦး။ အဲ့ဒီနေရာအကြောင်း ငါမသိဘူး ထင်နေတာလား သူ့ကိုဆွဲချသွားပြီး သူတည်ဆောက်ထားတဲ့ အကျဉ်းထောင်ရဲ့အရသာကို ခံစားခိုင်းလိုက်”
ရှဲ့ရှောင်း၏မျက်နှာတွင် ကြောက်လန့်မှုများ ပြည့်နှက်လာကာ အသနားခံတော့သည်။ သို့ရာတွင် မည်သူကမှ သူ့အား ဂရုမစိုက်တော့ချေ။ ထို့အပြင် သူကလည်း မည်သူနှင့်မှ ကောင်းသောဆက်ဆံရေးမရှိခဲ့ဖူးသည့်အတွက် မည်သူကမှ သူ့အတွက် မတောင်းပန်ပေးကြချေ။
ရှဲ့ရှောင်းက ချန်းဖုန်း၏ လက်ထောက်ဖြစ်လာကတည်းက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသည်ဟု ထင်မှတ်ခဲ့ပြီး အကျိုးအမြတ်ကိုတောင် တစ်ယောက်ထဲ သီးသန့်လက်ဝါးကြီးအုပ်ယူကာ အခြားသူများကို ဒုက္ခပေးခဲ့သည်။ ထို့ကြောင့် လူအများစုက သူ့ကို ကျိန်ဆဲနေကြဖြစ်သည်။ ယခုကဲ့သို့အခြေအနေဖြစ်သွားခဲ့ချိန်တွင်မူ မည်သူကမှ သူ့အတွက်၀မ်းမနည်းပေးကြသည့်အပြင် ၀မ်းသာနေကြလေသည်။
ရှဲ့ရှောင်းကို ထိုသို့ဆွဲခေါ်ခံရပြီး သိပ်မကြာခင်အချိန်တွင် သက်တော်စောင့်တစ်ယောက်က ရောက်လာကာ ပြောသည်။
“အရှင်ငယ် ရှဲ့ရှောင်းက ပထမအဆင့်နှိပ်စက်မှုကိုတောင် မခံနိုင်ဘဲ သေသွားပါပြီ”
“ဒါဆိုလည်း မီးရှို့လိုက်”
လုချန်းဖုန်းက ထိုသို့ပြောပြီးသည့်နောက်တွင် တစ်ဖက်လှည့်ကာပြောသည်။
“ဆရာသခင် ၀မ်ချန်း ကြည့်ပါ”
လုယွီက ရှဲ့ရှောင်းသေဆုံးသွားသည့်အတွက် ၀မ်းမနည်းချေ။ လူကြီးမင်ဝေရှောင်းဟွမ်နောက်သို့လိုက်ခဲ့ပြီး တစ်ဖန်ပြန်လည်သစ္စာဖောက်ကာ ဒုက္ခပေးသောသူများက သေသင့်သည်။
“တစ်နာရီအချိန်က စပြီ”
လုယွီက ပြောပြီးထွက်သွားသည်။ သူက သူ့အရှေ့ရှိလူတိုင်းကို ကယ်တင်သွားလိမ့်မည်ဟုတ်ချေ။ အဓိက အိမ်တော်သည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရကာ လူတိုင်းကို လိုက်ကယ်ရန် မဖြစ်နိုင်ချေ။
အပိုင်း ၁၃၂၅
သုံးရက်ကြာပြီးနောက် လုမိသားစုမှဘိုးဘေးက ကျင့်ကြံရာမှထွက်လာသည်နှင့် အခြေအနေအားလုံးက ပြောင်းလဲသွားပေလိမ့်မည်။
“ရထားလုံးအမြန်သွားစီစဉ် ငါတို့သွားရမယ်”
လုချန်းဖုန်းက အလျှင်စလို ၀တ်စုံလဲပြီးသည်နှင့် သူ၏လက်ထောက်ကိုပြောသည်။
“မြန်မြန်လုပ် ဝေရှင်းချန်ကို မြန်မြန်ရှာစမ်း။ ငါ သွားတောင်းပန်ရမယ်”
သိပ်မကြာခင်အချိန်တွင် ဝေရှင်းချန်ရှိရာနေရာသို့ သွားလိုက်သည်။ ထိုနေရာက လုမိသားစု၏ စွန့်ပစ်စံအိမ်တွင်ဖြစ်သည်။ ေ၀ရှင်းချန်က လုယွီက ပေးလိုက်သော တံဆိပ်ပြားကိုယူသွားသည့်အတွက် သူ၏ခရီးလမ်းက ချောမွေ့ခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် မဟုတ်ရင် ဒီတစ်ကြိမ်လည်း ဒုက္ခရောက်သွားခဲ့မှာ”
ဝေရှင်းချန်က သက်ပြင်းချသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေလှမ်းသံများကိုကြားလိုက်ရသည်။ဝေရှင်းချန်က အလန့်တကြားဖြစ်သွားကာ မတ်တပ်ထရပ်လိုက်ချိန်တွင် လုချန်းဖုန်းတို့ အလောတကြီး၀င်လာကြောင်း မြင်လိုက်ရလေသည်။
“လင်းအာ သွားစို့”
ေ၀ရှင်းချန်က စိုးရိမ်တကြီးပြောသည်။
ထိုကြီးကြပ်သူများအားလုံးက လုမိသားစု၏ အဓိကနောက်လိုက်များဖြစ်ပြီး လုချန်းဖုန်းအတွက် အလုပ်လုပ်ပေးနေကြသူများဖြစ်ကြသည်။ ထို့ကြောင့် လုချန်းဖုန်းရောက်လာကတည်းက ကောင်းသောကိစ္စမဖြစ်နိုင်တော့ချေ။ သို့သော် ထိုအချိန်တွင် လုချန်းဖုန်းက ရုတ်တရက်ရှေ့တက်လာကာဝေရှင်းချန်အနားသို့ ကပ်ပြီးပြောသည်။
“လူကြီးမင်ဝေ ငါ့ရဲ့အစေခံက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချပြီး ခင်ဗျားကိုဒုက္ခပေးခဲ့တယ်။ ဒီအတွက်ကြောင့် တောင်းပန်ပါတယ်… ကျေးဇူးပြုပြီးလက်ခံပေးပါ”
လုချန်းဖုန်းက လေးနက်စွာပြောသည်။
သူ၏လက်ထဲတွင် ရွှေရောင်အလင်းများတောက်ပနေသော မှော်လက်နက်တစ်ခုရှိသည်။ကြည့်လိုက်ရုံဖြင့် အလွန်အမင်းအဖိုးတန်ကြောင်း သိသာလေသည်။
ဝေရှင်းချန်က ကြောင်အစွာဖြင့်သာ နေရာတွင် ရပ်နေမိလေသည်။ လုမိသားစုမှ အရှင်ငယ်က သူ့အားကိုယ်တိုင်ကိုယ်ကျ လာရောက်တောင်းပန်လေသည်။
ဝေရှင်းချန်၏ခေါင်းက တဇီဇီမြည်သံများနှင့် အတူ မူးဝေသွားလေသည်။ သူက ရုတ်တရက်တွေးမိလိုက်သည်။
“အဲ့ဒီလူငယ်က လုပ်ပေးတာလား”
သုံးရက်ကြာပြီးနောက် လုမိသားစု အဓိကခန်းမ..
လုမိသားစုတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားစေသော သာယာသည့်ခေါင်းလောင်းသံက မြည်ဟည်းလာသည်။
မိသားစုကြီးများအားလုံးက မဟာပွဲတော်ကြီးကို ဆင်နွှဲကြမည်ဖြစ်သည်။
လုမိသားစု၏ ခန်းမအတွင်းတွင် လုအိမ်တော်မှလူများအပြင် အိမ်တော်ခွဲအသီးသီးမှ မျိုးဆက်များလည်း ရောက်နေကြသည်။ သူတို့အားလုံးက စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
ယနေ့တွင် လုမိသားစုမှ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံရာမှ ပြန်ထွက်လာမည်ဖြစ်သည်။ ဤတစ်ကြိမ်မြောက်ပိုင်းနယ်မြေကို လွှမ်းမိုးနိုင်စွမ်းရှိမရှိ အဆုံးဖြတ်ပေးလာမည့် အချိန်လည်းဖြစ်သည်။ လူတိုင်းက ထိုဘိုးဘေးသေသွားမည်ဟု ထင်ထားကြသော်လည်း အခြေအနေက အားလုံး၏ထင်မြင်ချက်မှ လွဲချော်နေခဲ့သည်။
လူအများစုက ထိုမြင်ကွင်းကို မျှော်လင့်တကြီးဖြစ်နေကြသည်။ သို့သော် အချို့ကမူ စိုးရိမ်ကာ ကြောက်လန့်နေကြသည်။
ထိုနေရာတွင် အများဆုံးရှိနေသည်မှာ အိမ်တော်ခွဲအသီးသီးမှ လူများဖြစ်ကြသည်။ ဤနှစ်များအတောအတွင်းတွင် အိမ်တော်ခွဲများက အဓိက အိမ်တော်ကို လွှမ်းမိုးချုပ်ကိုင်ကာ အရင်းအမြစ်များကို ဝါးမြိုခဲ့ပြီး မျိုးဆက်များအားလုံးကို ကျွန်အဖြစ် ပြောင်းလဲခဲ့သည်။
ထိုအကြောင်းအရာများကို လုမိသားစု ဘိုးဘေးသိသွားသည်နှင့် ကောင်းသောအကျိုးဆက်ဖြစ်လာတော့မည်မဟုတ်ချေ။
တတိယအိမ်တော်ခွဲက နေရာတကျတည်ရှိနေသည်။ လုကျန်းဟိုင်က ကုလားထိုင်တွင်ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သူ၏အနားတွင် နေရာတကျခင်းကျင်းထားသော ထိုင်ခုံသုံးဆယ်ကျော်ရှိပြီး ထိုင်နေကြသူအသီးသီးကလည်း မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသူများဖြစ်ကြသည်။
ပတ်၀န်းကျင်ရှိမျိုးဆက်လူငယ်များက ထိုလူများကိုမြင်သောအခါ လေးစားမှုများကိုပြကြသည်။ ထိုကဲ့သို့သောနေရာမျိုးတွင် ထိုင်နိုင်စွမ်းရှိသူမှာ အဆင့်လွန်အဆင့်ဖြစ်ကြပြီး စွမ်းအားကြီးမားသူများဖြစ်ကြလေသည်။ ထာ၀ရရှင်သန်သူများမှလွဲပြီး တစ်လောကလုံးတွင် အင်အားအကြီးမားဆုံး အင်အားစုကြီးလည်းဖြစ်လေသည်။
“အစ်ကို မီးဖယောင်း ဒီတစ်ကြိမ်တော့ အစ်ကို့ကိုပဲ အားကိုးရတော့မယ်”
လုကျန်းဟိုင်က သူ၏အနားတွင်ရှိသော လူအိုကြီးကိုလှည့်ကြည့်ကာ ရယ်လျက်ပြောသည်။
သူ၏အနားတွင်ဆံပင် တစ်ခေါင်းလုံးဖြူဖွေးနေသော အဖိုးကြီးတစ်ယောက်က ထိုင်နေလေသည်။ သူ၏မျက်နှာထားက တည်ငြိမ်နေကာ တစ်ဖက်သူ၏စကားကိုကြားပြီးနောက် အလွန်အမင်းဂုဏ်ယူဟန်ဖြင့် မျက်နှာက မာတင်းသွားသည်။
သူကထိုသို့ မောက်မာပြနေသော်လည်း လုကျန်းဟိုင်ကမူ မှားယွင်းသည်ဟု မထင်ပေ။ ထိုအဖိုးကြီးက မီးဖယောင်းဓားဟူ၍ မြောက်ပိုင်းနယ်မြေတွင် အလွန်ကျော်ကြားသူဖြစ်သည်။ ပြောကြသည်မှာ သူကအဆင့်လွန်နှောင်းပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့သည်မှာ ကြာလှပြီဟုဆိုသည်။ သူကအဆင့်ချိုးဖြတ်သက်ရောက်ပြီး ကောင်းကင်ဘုံသို့တက်လှမ်းကာ ထာ၀ရရှင်သန်သူဖြစ်ရန် အလားအလာအလွန်မြင့်မားသူလည်း ဖြစ်နေလေသည်။
မီးဖယောင်းဓားကိုယ်တိုင် အင်အားကြီးမားလွန်းလှလေရာ ထိုလူ၏စကားတစ်ခွန်းထဲကတင် အရေးပါအရာရောက်လေသည်။
Thank For Reading.