← Chapters

အခန်း (၁၃၂၆-၁၃၃၀)

Vol. 70 Ch. 1326-1330

အခန်း (၁၃၂၆-၁၃၃၀)

Vol. 70 Ch. 1326-1330

အပိုင်း ၁၃၂၆

လူအနည်းစုက မီးဖယောင်းဓားကိုမြင်ခဲ့ဖူးကြလေရာ ယခုကဲ့သို့ပြန်မြင်ရချိန်တွင် မင်သက်အံ့သြရသည်။ အချို့သူများကဆိုလျှင် သူကသေဆုံးသွားခဲ့ပြီဟု ထင်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် ထိုင်ခုံအနောက်တွင်ရှိသောလူအုပ်က ရုတ်တ၇က် စိတ်ရှုပ်ထွေးသွားကြသည်။ တစ်စုံတစ်ယောက်က ခန်းမရှေ့တွင် အတင်း၀င်ရန် ကြိုးစားနေဟန်ရသည်။

“မင်းက ဘာကောင်လဲ ထွက်သွားစမ်း”

ဂိတ်မှအစောင့်များက လုယွီကိုမောင်းထုတ်သည်။ လုယွီက အလွန်ငယ်သေးသည်။ ထို့အပြင် စည်းမျဉ်းများကို မရင်းနှီးဟု သူတို့က ထင်လိုက်ကြသည်။ လက်ရှိအချိန်တွင် အင်အားအကြီးဆုံးလူများသာရှိနေလေရာ ထိုကဲ့သို့ကလေးတစ်ယောက်က မ၀င်သင့်ချေ။

လုယွီက လေသံတိုးတိုးဖြင့် ပြောသည်။

“မင်းတို့ရဲ့အရှင်က ငါ့ကိုဖိတ်ထားတာ”

“အရှင် ဘယ်အရှင်လဲ”

အစောင့်ကလုယွီကိုကြည့်ပြီး အထင်တသေးပြောသည်။

“အရှင်က မင်းကိုဖိတ်တယ်ဆိုရင် ငါက လုမိသားစုရဲ့ဘိုးဘေးပဲ”

လုယွီက မျက်မှောင်ကြုံ့ကာ ကျယ်လောင်စွာအော်လိုက်သည်။

“အရှင်ကျန်းဟိုင် ငါ၀င်လာလို့ရလား”

လုယွီ၏အသံကိုကြားသောအခါ လုကျန်းဟိုင်က ကြောင်သွားသည်။ လုယွီက လက်မခံခဲ့သဖြင့် မလာတော့ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် လုယွီက ရောက်လာခဲ့သည်။ ပတ်၀န်းကျင်ကိုကြည့်ပြီးနောက်တွင် လုယွီအတွက် ထိုင်ခုံမရှိနေခဲ့ချေ။

လုကျန်းဟိုင်က အလျှင်စလိုမတ်တပ်ထရပ်ပြီး အပြုံးဖြင့်ပြောလိုက်သည်။

“ဒါကဆရာသခင်၀မ်ချန်းပဲ နောက်ကျလိုက်တာ”

ထို့နောက်သူက ဆက်ပြောလိုက်သည်။

“မြန်မြန် ဆရာသခင်၀မ်ချန်းအတွက် ထိုင်ခုံပြင်ကြစမ်း”

ထို့နောက် လက်အောက်ငယ်သားများက လေးလံသော သစ်သားခုံတစ်ခုံကိုဆွဲလာကာ လုယွီအတွက် တစ်ဖက်ခြမ်းတွင် ပြင်ဆင်ပေးသည်။

လုယွီက ခပ်တည်တည်ဖြင့် ထိုနေရာတွင် ၀င်ထိုင်လိုက်သည်။ ပတ်၀န်းကျင်ရှိလူများအားလုံးက ဆံပင်ဖြူနှင့်လူအိုကြီးများဖြစ်ကြသည်။ လုယွီတစ်ယောက်ကသာလျှင် ငယ်ရွယ်ချောမောနေသူဖြစ်နေခဲ့သည်။ ထို့ကြောင့် လူအများစုက သူ့အားကြည့်ကြသည်။

“သူက ဘာလဲ”

မီးဖယောင်းဓားက မျက်မှောင်ကြုတ်ကာပြောသည်။

လုကျန်းဟိုင်က အလျှင်စလိုမိတ်ဆက်ပေးလိုက်သည်

“သူကအရင်တစ်ခေါက်က အရမ်းကျော်ကြားသွားတဲ့ ဆေးအရှင်သခင် ဆရာသခင်၀မ်ချန်းပါ”

မီးဖယောင်းဓား၏မျက်၀န်းထဲတွင် အလင်းရောင်များက လင်းလက်သွားသည်။

“အော် မင်းကိုး မင်းကဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့အဆင့်လွန်အဆင့်ကိုရောက်တာ မအံ့သြတော့ဘူး”

သူကလုယွီကိုကြည့်ပြီး ခေါင်းထပ်ခါသည်။

“ကံဆိုးတာက မင်းကဘယ်လောက်ပဲ ဆေးပညာမှာတော်တော် ကျင့်ကြံခြင်းအဆင့်ဆိုတာ တစ်ဆင့်ချင်းစီ တက်လှမ်းရမှန်း နားမလည်ခဲ့ဖူးပဲ မင်းက ဆေးလုံးတွေနဲ့ ကောင်းကင်ပေါ်တက်နိုင်မယ်လို့ထင်နေတယ်။ မင်းအခုလောက်ထိ ရောက်နေတာက အံ့သြစရာကောင်းနေတာတော့ မှန်ပေမဲ့ မင်းရဲ့အုတ်မြစ်က မခိုင်တော့ မင်းရဲ့အနာဂတ်က ဒီလောက်နဲ့ပြီးသွားပြီ”

မီးဖယောင်းဓားက ထိုသို့မှတ်ချက်ချကာ လုယွီကိုကြည့်သည်။ သူကလူငယ်မျိုးဆက်ကိုတွေ့ရသော အကြီးအကဲတစ်ယောက်ကဲ့သို့ ဟိတ်ဟန်ထုတ်ပြနေသည်။

လုယွီက အေးစက်စွာပြောလိုက်သည်။

“ခင်ဗျားက ဒီထက်ပိုလုပ်နိုင်ရင် အဆင့်တက်ခဲ့ပြီးသင့်တာကြာပြီမဟုတ်ဘူးလား ကျုပ်ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဝေဖန်နေရအောင် ခင်ဗျားက ဘာလဲ”

အတွေ့အကြုံအရပြောရလျှင် လုယွီကို ယှဉ်နိုင်သူမရှိချေ။

ကောလဟာလအရ မြောက်ပိုင်းနယ်မြေမှ ကျော်ကြားသောလူငယ်အဆင့်လွန်အဆင့် ဆရာသခင်၀မ်ချန်းက ဆေးလုံးများကို မှီခိုပြီး အဆင့်တက်ခဲ့ခြင်းဟူသော သတင်းက ပျံ့နှံ့နေသည့်အတွက် မည်သူကမှ သူ့အားအလေးမထားကြချေ။

“ဒီနေ့ခေတ်လူငယ်တွေက ကောင်းကင်က ဘယ်လောက်မြင့်မှန်း နားမလည်ကြဘူးပဲ။ငါကကြင်နာစွာနဲ့ လမ်းညွှန်ပြသပေးတာကို အခုလိုမျိုးသတ်မှတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် မင်းအနာဂတ်မှာ နောင်တရလိမ့်မယ်”

ထိုတခဏတွင် လေထုအတွင်း၌ တင်းမာမှုအရိပ်အယောင်များ ပျံ့နှံ့လာသည်။ လုကျင်းဟိုင်က အလျှင်စလိုပြောသည်။

“မငြင်းခုန်ကြပါနဲ့ ဘိုးဘေးက ထွက်လာတော့မှာပါ ကျေးဇူးပြုပြီးတိတ်တိတ်ဆိတ်ဆိတ်စောင့်ဆိုင်းကြပါ”

ထို့နောက်သူကခေါင်းလှည့်ကာ မီးဖယောင်းဓားကိုကြည့်သည်။

“ဆရာသခင်၀မ်ချန်းက ငယ်သေးတော့ အခုလိုမျိုးမာနကြီးတာပါ။ အစ်ကိုမီးဖယောင်းကပဲ လူကြီးဆိုတော့ ခွင့်လွှတ်ပေးလိုက်ပါ”

သူ၏စကားအသွားအလာအရ လုကျန်းဟိုင်က သူ့ကိုမျက်နှာချိုသွေးနေကြောင်း သိသာလေသည်။ သူကအဆင့်လွန်အဆင့်ထဲတွင် စွမ်းအားအကြီးဆုံးသူကို လှုပ်ရှားရန်အကူအညီတောင်းနေရချိန်တွင် သာမာန်လူများအတွက် အာရုံစိုက်နေရန် အခိျန်မရှိချေ။

လုယွီအတွက်ကမူ အရေအတွက်ဖြည့်ရုံမျှသာဖြစ်သည်။ လုကျန်းဟိုင်က အလေးအနက်မထားချေ။ စကားအရဆိုလျှင် ရှိလျှင်အကောင်းဆုံးဖြစ်သည်။ မရှိလျှင်လည်း ကိစ္စမရှိချေ။

လုမိသားစုမှ လုယွီကိုတားခဲ့သောအစောင့်များကလည်း တစ်ဖက်လှည့်သွားကြသည်။ လုယွီက ထိုသို့သောသူဖြစ်နေမည်ဟု မထင်ထားကြချေ။

“သူကဆေးလုံးတွေနဲ့အဆင့်တက်လာတာပဲ၊ငါ့မှာသာဆေးလုံးတွေရှိရင် ငါလည်းအဆင့်လွန်အဆင့်ဖြစ်နေမှာပဲ”

လုမိသားစုမှ အစောင့်များက မနာလိုကြီးစွာပြောကြသည်။

လုယွီ၏ကျင့်ကြံခြင်းအဆင့်က အဆင့်လွန်အဆင့်သို့ရောက်နေခဲ့သည်မှာ ဆေးလုံးများကြောင့်ဟု လူတိုင်းက တသမတ်ယုံကြည်ထားကြသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့ဆေးဝါးအရှင်သခင်တစ်ပါးအနေနှင့် ဆေးလုံးများနှင့် ကျင့်ကြံခြင်းအဆင့်မြင့်ခြင်းက ပြဿနာမရှိချေ။ ထို့ကြောင့် လူတိုင်းက သူ့အားမနာလို ဖြစ်နေကြလေသည်။

လူတိုင်းက ထိုအကြောင်းအရာပြောနေကြချိန်တွင် ဒုတိယနှင့် စတုတ္ထအိမ်တော်ခွဲများရှိ လူများလည်း ရောက်လာကြသည်။

လုကောင်းမင်နှင့် လုနန်ဖုန်းတို့က ကိုယ်ပိုင်အင်အားအသီးသီးကို ခေါ်လာကြကာ အဓိကခန်းမအတွင်းသို့၀င်လာသည်။ ထိုအိမ်တော်ခွဲသုံးခုလုံးက အင်အားကြီးမားဆုံးသော အိမ်တော်ခွဲများဖြစ်ကြသည်။ ခန်းမထဲသို့ရောက်သောအခါ အလွန်ပြင်းထန်သော အရှိန်အဝါများကို ထုတ်ပြလေသည်။

လုယွီနှင့် စတုတ္ထအိမ်တော်ခွဲမှ လုနန်ဖုန်းတို့ကြား ကတောက်ကဆရှိခဲ့သည်။ ယခုအခါ လုယွီက အတွင်းဘက်အကျဆုံးအပိုင်းတွင် ထိုင်နေခဲ့သဖြင့် လုနန်ဖုန်းက သတိမထားမိခဲ့ချေ။

“ဘာလို့ဒီလူတွေဆီမှာ ယင်စွမ်းအင်တွေပါနေတာလဲ”

လုယွီက ရုတ်တရက် မျက်မှောင်ကြုံ့သည်။ သူ၏အကြည့်က လုနန်ဖုန်း၏အနောက်တွင်ပါလာသော အနက်ရောင်၀တ်စုံနှင့်လူများထံသို့ရောက်သွားသည်။

ထိုလူများအားလုံးသည် ခန္ဓာကိုယ်တစ်ကိုယ်လုံးအပြည့် အနက်ရောင်၀တ်ရုံများကို ခြုံထားကြကာ ခေါင်းတွင်လည်း ဦးထုပ်ဆောင်းထားကြပြီး မျက်နှာကိုတင်းတင်းကြပ်ကြပ်ပိတ် ဖုံးကွယ်ထားသည်။

အခြားလူများက မသိသွားစေရန် သူတို့၏ကိုယ်ပေါ်ရှိ မှော်လက်နက်များဖြင့် သူတို့၏အရှိန်အဝါများကို ပိတ်ပင်ထားလေသည်။ ထိုသူများသည် လုံခြုံစွာဖုံးကွယ်ထားသော်လည်း လုယွီကမူ မြင်နိုင်စွမ်းရှိနေခဲ့သည်။ ထိုလူများ၏ အရှိန်အဝါကို သူကရင်းနှီးလွန်းနေခဲ့သည်။

“ဒီလူတွေထဲမှာ မိစ္ဆာအတတ် ကျင့်ကြံသူတွေ ရှိနေတာပဲ”

အပိုင်း ၁၃၂၇

ထိုလူများ၏အရှိန်အဝါအရ မိစ္ဆာစွမ်းအင်များနှင့် ဆက်စပ်နေလေသည်။

တောင်ပိုင်းနယ်မြေသို့ မရောက်ခင်ကဆိုလျှင် သူက ယင်လော့ဂိုဏ်းမှ ဆရာသခင်နှင့် တွေ့ဆုံခဲ့သေးသည်။ ထိုသူကလည်း မိစ္ဆာအတတ်ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်နေသည်။

ယခင်ဘဝတွင် လုယွီက မြေအောက်လောကမှ ဧကရာဇ်တစ်ပါးအနေနှင့် မြောက်များလှစွာသောမိစ္ဆာအတတ်ကျင့်ကြံခြင်းသိုင်းပညာရပ်များကို ဖန်တီးခဲ့သည်။ ထိုသိုင်းပညာရပ်များ ပျံ့နှံ့သွားချိန်တွင် အဆင့်နိမ့်နယ်မြေများမှ အနည်းအကျဉ်းကို ပိုင်ဆိုင်ကာ ဆက်လက်ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လုယွီအနေဖြင့် ထိုကဲ့သို့သောသိုင်းပညာရပ်များ၏ အတွင်းအားလှည့်ပတ်ဟန်နှင့် ရင်းနှီးနေလေသည်။

“အစ်ကိုနှစ် ညီငယ်လေး မင်းတို့ နည်းနည်းတော့နောက်ကျတယ်… ဒီနေ့က ဘိုးဘေးရဲ့ နေ့ကြီးရက်ကြီးပဲ မင်းတို့နည်းနည်းလေး စောစောလာပြီး ယဉ်ကျေးမှုမပြသင့်ဘူးလား”

လုကျန်းဟိုင်က ရယ်ကာပြောသည်။

လုကောင်းမင်က ပေါ့ပါးစွာပြောသည်။

“ငါတို့က ငါတို့ရဲ့ဘိုးဘေးကို အလေးထားဆုံးပဲ”

ထိုစကားပြောလာသည်နှင့် လူအများစု၏ အမူအရာပြောင်းလဲသွားကြသည်။ ထိုသို့ပြောခြင်းက မယဉ်ကျေးလွန်းရာ ရောက်နေသည်။ သူက လုဘိုးဘေးကို အာရုံပင်မစိုက်ကြောင်း သိသာလာ၏။

တစ်ဖန်ပြောရမည်ဆိုလျှင် လူအများစုက လုကောင်းမင်ဟာ ထိုသို့ပြောရန် အဆင့်မီကြောင်း တွေးတောမိကြပြန်သည်။ လုမိသားစုတစ်ခုလုံးတွင် မြောက်ပိုင်းနယ်မြေအပါအဝင် အရာအားလုံးက လုကောင်းမင်၏ထိန်းချုပ်မှုအောက်တွင် ရှိနေလေသည်။

လုမိသားစုမှ ဝါအကြီးဆုံးလုနန်ဖုန်းကပင် သူ၏အင်အားကို အထင်မသေးရဲချေ။

ထိုအိမ်တော်ခွဲနှစ်ခုသာ စည်းလုံးသွားလျှင် လုဘိုးဘေးကိုပင် မျက်နှာသာပေးရန် မလိုအပ်တော့ချေ။

လုကျန်းဟိုင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူကလေးနက်စွာပြောသည်။

“ဘိုးဘေးကထွက်လာတော့မယ်။ မင်းတို့တွေ ဘာမှထပ်မလုပ်တာကောင်းမယ်လို့ ငါအကြံပေးချင်တယ်”

လုကောင်းမင်က နှာခေါင်းရှုံ့သည်။

“မင်းက ငါတို့ကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးတဲ့ပုံပဲ။ နှစ်ပေါင်းများစွာကြာအောင် မင်းက ငွေကြေးတွေအများကြီး စုစည်းထားလိမ့်မယ်။ ဒါပေမဲ့ အင်အားကတော့ ငါတို့ရဲ့နောက်မှာပဲ”

သူတို့အချင်းချင်းထိုသို့ပြောဆိုနေကြချိန်တွင် လုကျန်းဟိုင်က လက်သီးကိုတင်းကြပ်စွာဆုပ်ထားသည်။ သူက လုဘိုးဘေးကို ထောက်ပံ့ရန် ရွေးချယ်ခဲ့သည်ကလည်း သူက အိမ်တော်ခွဲများထဲတွင် အားအနည်းဆုံးဖြစ်နေသောကြောင့်ဖြစ်သည်။

လုကျန်းဟိုင်သည် ယခင်က လုမိသားစုမှ မဟုတ်ခဲ့ချေ။ သူသည် သာမာန်စျေးဆိုင်ပိုင်ရှင်မျှသာလျှင် ဖြစ်ခဲ့ပြီး အိမ်တော်အရှင်သခင်နေရာကို ရရှိရန်အတွက် ကြိုးစားခဲ့ရခြင်းဖြစ်သည်။ တတိယအိမ်တော်ခွဲသည် အင်အားအကြီးဆုံးမဟုတ်ဘဲ အချမ်းသာဆုံးဖြစ်သည်။ သို့ရာတွင် အင်အားကို ငွေကြေးဖြင့် တိုင်းတာ၍မရချေ။

လုကျန်းဟိုင်က အင်အားမလုံလောက်ချေ။ ထို့ကြောင့် နောက်ဆုံးတွင် အဓိက အိမ်တော်ကို ဝါးမြိုရန် တခြားအိမ်တော်များမှ ကြိုးစားခဲ့ကြသည့်တိုင်အောင် သူ မပါဝင်ခဲ့ချေ။

အခြားသော အိမ်တော်ခွဲများထံသို့ ကြွယ်ဝမှုများပေးကာ ပျောက်ကွယ်သွားရမည့်အစား သူက ဘိုးဘေးကိုကာကွယ်ရန် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။

တစ်ဖက်တွင်ရှိသော မီးဖယောင်းဓားက ရုတ်တရက်မျက်လုံးကိုဖွင့်လိုက်ကာ ဖျော့တော့စွာပြောသည်။

“မစိုးရိမ်နဲ့ ဒီနေရာမှာ ဒီအဖိုးကြီးရှိနေသေးတယ်။ သူတို့တွေမင်းကို ဘာမှမလုပ်နိုင်ဘူး”

လုကောင်းမင်ကလည်း ထိုသူကိုမြင်သွားကာ မျက်မှောင်ကြုံ့သည်။ သူက ခေါင်းအနည်းငယ်ညွှတ်ပြီးသည်နှင့် သူ့အနောက်မှ အနက်ရောင်ဝတ်စုံနှင့်သူများကို စကားအနည်းငယ်ပြောလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်သူက သြရှသောလေသံဖြင့် ထူးဆန်းစွာပြုံးကာပြောသည်။

“ဘယ်ကသောက်ကျိုးနည်းမီးဖယောင်းဓားလဲ ဒီအတိုင်းငါကသာ သူ့ကိုသတ်ချင်ရင် တစ်ကွက်ထဲနဲ့ရတယ်”

မီးဖယောင်းဓားက အေးစက်စွာနှာမှုတ်လိုက်သည်။

“ဟမ့် အပြောကတော့ကောင်းတယ်။ အခုအချိန်ရှိသေးတာဆိုတော့ ငါတို့အချင်းချင်း လျှင်လျှင်မြန်မြန် တစ်ပွဲလောက်တိုက်ခိုက်လိုက်ရင် မကောင်းဘူးလား”

အနက်ရောင်ဝတ်စုံနှင့်သူက ရယ်သည်။ သို့သော် သူကမဖြေပေ။ ထိုအချိန်တွင် ခန်းမ၏အထက်တွင် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မူလက တည်ငြိမ်နေသောကောင်းကင်တွင် လေဟာနယ်က လိမ်တွန့်သွားသကဲ့သို့ဖြစ်လာကာ စုတ်ဖြဲခံရပြီး အနက်ရောင်အရိပ်တစ်ခုပေါ်လာသည်။ မူလက ဆူညံနေသောဝန်းကျင်ကလည်း တိတ်ဆိတ်သွားတော့သည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ လေးလံသောခြေလှမ်းသံများက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ ထို့နောက် လူတိုင်း၏ရှေ့သို့ လုဝူတိက ထွက်ပေါ်လာတော့သည်။

ကောင်းကင်တွင် ရုတ်တရက် ဆန်သောအလင်းတန်းက ပေါက်ထွက်လာချိန်တွင် ခပ်တိုးတိုးမြည်လာသော ခေါင်းလောင်းသံကလည်း လုအိမ်တော်တစ်ခုလုံး မြည်ဟီးသွားတော့သည်။ တချိန်ထဲတွင်ပင် ထျန်းကျင်းတစ်မြို့လုံးတွင်ရှိသော လူတိုင်းက လုမိသားစုရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့အားလုံးကလည်း ဆိုလိုရင်းကို နားလည်နေကြသည်။ လုမိသားစုဘိုးဘေးက တံခါးပိတ်ကျင့်ကြံရာက ထွက်လာလေပြီ။

လုဝူတိကထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သွားသည်။

သူတို့၏ရှေ့တွင်ရှိသော အလွန်အင်အားကြီးမားသူကို ကြည့်နေကြချိန်တွင် လုမိသားစုမှ ကလေးပေါင်းများစွာကလည်း စကားတစ်ခွန်းမဆိုရဲကြတော့ချေ။ ဆယ်စုနှစ်ပေါင်းများစွာ ကျော်ဖြတ်သွားခဲ့ပြီး လုမိသားစုဘိုးဘေးက တံခါးပိတ်ကျင့်ကြံကာ ပျောက်ကွယ်သွားခဲ့သည်။ သို့တိုင်အောင် သူကလုမိသားစုတစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်ကြောင်း မြောက်ပိုင်းနယ်မြေတစ်ခုလုံးသိကြသည်။

အပိုင်း ၁၃၂၈

“ပြန်လည်ထွက်ပေါ်လာနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

လုကျန်းဟိုင်က ရှေ့သို့တိုးကပ်လိုက်ကာ ရိုသေလေးစားစွာပြောသည်။ သူကဦးဆောင်မှုပြုပြီးသည်နှင့် ခန်းမတစ်ခုလုံးက ကြိုဆိုသံများက ထွက်ပေါ်လာတော့သည်။

အခြားအိမ်တော်ခွဲများကလည်းတိတ်ဆိတ်နေကြသည်။ လုဝူတိက မျက်ခုံးပင့်ကာ လေးနက်စွာပြောသည်။

“ကြည့်ရတာအချို့သူတွေက ငါ့ကိုထွက်မလာစေချင်ဘူးပဲ”

လေထဲတွင်မမြင်ရသောဖိအားများက ပြည့်နှက်လာသည်။

ချက်ချင်းလိုလို လူအများစုက သူတို့အပေါ် အလွန်ကြီးမားသောတောင်တန်းကြီးက ပိကျလာကြောင်းခံစားလိုက်ရကာ အသက်ရှူခက်သွားသည်။

“ဘိုးဘေးက ကျန်းမာရေးက ဆိုးသထက် ဆိုးလာတယ်လို့ ဘယ်သူပြောတာလဲ။ ပြောတော့အသက်မရှင်တော့ဘူးဆို”

လုဝူတိက ပေါ်ထွက်လာရုံမျှသာ ရှိသေးသည်။ လူအများစုက ပါးစပ်ပိတ်ရန် ဆုံးဖြတ်ကြပြီးဖြစ်သည်။

တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာသည်။ လုဝူတိက သူ၏ကိုယ်ပေါ်သို့ နေရောင်ဖြာကျခြင်းမရှိခင် ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။

“ငါအပြင်ရောက်နေတဲ့အချိန်မှာ အချို့သူတွေက ငါ့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်။ ငါ့သားတောင်မှ မင်းတို့ကြောင့် မောင်းထုတ်ခံခဲ့ရတယ်”

လုဝူတိက ရပ်တန့်ပြီးနောက် ရုတ်တရက်အော်သည်။

“မင်းတို့အရမ်းသတ္တိရှိလွန်းတယ်”

လူတိုင်း၏စိတ်အတွင်းသို့ မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့သောအသံက ဆူညံပွက်လောရိုက်ကာ ထွက်ပေါ်လာသည်။ အချို့သူများကမူ ကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့်အတွက် သွေးများ တိုက်ရိုက်အန်လိုက်ကြရသည်။ အချို့သူများကမူ နှလုံးကွဲကြေသွားကြသည်။

လုကောင်းမင်က မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာပြောသည်

“လုဝူတိ အချိန်က ပြောင်းသွားပြီ။ ကျင့်ကြံခြင်းလောကမှာ အားနည်းသူကို အားကြီးသူက စားတာပဲ။ အဓိက အိမ်တော်က အားနည်းသွားပြီ။ ငါတို့က ကောင်းကင်ရဲ့နိယာမအတိုင်းလုပ်လိုက်တာပဲ။ မင်းက ဘာပြောချင်လဲ”

လုနန်ဖုန်းကလည်း မတ်တပ်ထရပ်လိုက်ကာပြောသည်။

“မင်းကအိမ်တော်သခင်ဖြစ်ဖို့ အရည်အချင်းမမှီဘူး အခုချက်ချင်းဆင်းလိုက်တော့ နေရာကနေ ဖယ်ပေးလိုက်တာ အကောင်းဆုံးပဲ”

“အားနည်းသူကိုအားကြီးသူက စားတယ်ဟုတ်လား မင်းပြောတာမှန်တယ်။ ဒီတော့ ငါမင်းတို့အားလုံးထက် သာနေတာ သေချာနေတာပဲ။ သွေးကြွေးဆပ်ဖို့အချိန်ကြပြီ”

လုဝူတိ၏မျက်နှာအမူအရာက ရုတ်တရက် ရက်စက်ဟန်ပြောင်းသွားသည်။

“မင်းတို့ကိုလုမိသားစုဝင်တွေရဲ့ သွေးဖောက်ထုတ်လိုက်ကာ ပိုမကောင်းဘူးလား။ ဒီနေ့ကစပြီး ဒုတိယနဲ့ စတုတ္ထအိမ်တော်ခွဲက လုမိသားစုဝင်တွေ မဟုတ်တော့ဘူး”

လုဝူတိကအော်သည်။

လုမိသားစုတွင် လုဝူတိက ကောင်းကင်ဖြစ်သည်။ သူ၏စကားက ကောင်းကင်နိယာမကဲ့သို့ နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်။

လေထဲတွင် ကျယ်လောင်သောဆူညံသံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဒုတိယနှင့် စတုတ္ထအိမ်တော်ခွဲမှ လူအများစုက သူတို့၏ကိုယ်အတွင်းသို့ တစ်စုံတစ်ရာက ဖြတ်သန်းသွားသလို ခံစားလိုက်ရသည်။ ထိုအရာက သူတို့၏သွေးစွမ်းအားဖြစ်သည်။

လုမိသားစုမှ သွေးများမရှိတော့လျှင် သူတို့၏လုပ်ဆောင်ထားမှုများအားလုံးက ပျောက်ဆုံးသွားကာ နယ်​ပယ်များကျဆင်းသွားကြတော့သည်။

လုကောင်းမင်နှင့် လုနန်ဖုန်းတို့၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူတို့က အဆင့်လွန်အဆင့်များဖြစ်ကြသော်လည်း သူတို့လုပ်ဆောင်ထားမှုများအားလုံးက လျော့ကျသွားကြလေပြီ။ ထိုအချိန်မှစပြီး သူတို့၏မျိုးရိုးနာမည်က လုမဖြစ်နိုင်တော့ချေ။

“မင်းမှာ အိမ်တော်သခင်ဆိုတဲ့အင်အားရှိနေမယ်ဆိုရင်တောင်မှ ငါတို့ရဲ့သွေးတွေကို ပြန်ဖောက်ထုတ်လိုက်မယ်ဆိုရင်တောင်မှ ငါတို့ရဲ့မျိုးရိုးနာမည်က လုဖြစ်နေတုန်းပဲ”

လုနန်ဖုန်းကအော်သည်။

အပိုင်း ၁၃၂၉

သူ၏မျိုးရိုးနာမည်ကိုသာ လုဖြုတ်ရမည်ဆိုလျှင် သူကဒီနေ့ကစပြီး နန်ဖုန်းဖြစ်သွားလိမ့်မည်။ ထို့အပြင် သူ၏မျိုးဆက်များကလည်း မျိုးရိုးနာမည်အသုံးမပြုနိုင်ကြတော့ချေ။

“လုဝူတိက လုမိသားရဲ့ခေါင်းဆောင်တင်မဟုတ်ဘူး။ မြောက်ပိုင်းနယ်မြေတစ်ခုလုံးရဲ့ ခေါင်းဆောင်ပဲ”

ရုတ်တရက် လုကောင်းမင်က ခေါင်းလှည့်ကာ သူ၏အနောက်မှ အနက်ရောင်ဝတ်စုံနှင့်လူများကို လှည့်ကြည့်ကာ ပြောသည်။

“လူကြီးမင်းတို့ ကျေးဇူးပြုပြီး ဒီပြသနာကို ဖြေရှင်းပေးပါ”

ထိုသို့ပြောလိုက်သည်နှင့် လုမိသားစုမှ ခန်းမတစ်ခုလုံးက လေထုက တင်းကြပ်သွားလေသည်။ အနက်ရောင်ဝတ်စုံနှင့်လူများက နှာခေါင်းရှုံ့လျက် ရှေ့တက်လာကြသည်။ တစ်ယောက်က ပြောသည်။

“လုဘိုးဘေး မင်းကိုအရှက်ရအောင်လုပ်မိမှာပဲစိုးရတယ်။ မင်းရဲ့မျိုးရိုးနာမည်ကို လုယူတာက ဘာများမှားလို့လဲ”

“လုဝူတိကိုသတ်ပြီး သူ့ဆီက အိမ်တော်သခင်စည်းတံဆိပ်ကိုယူပြီးရင် မျိုးရိုးနာမည်ပြန်ပြောင်းလို့ရပြီ”

လုကောင်းမင်က အလျှင်စလိုပြောသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး ကြိုးစားပေးပါဦး အောင်မြင်သွားတာနဲ့ ဆုလာဘ်တွေအားလုံးကို အတူတကွရရှိမှာပါ”

အနက်ရောင်ဝတ်စုံနှင့်လူများစွာက ရှေ့တက်လာကြသည်။ တစ်ယောက်က နှာခေါင်းရှုံ့သည်။

“မစိုးရိမ်ပါနဲ့ ဒီကိစ္စက လွယ်တယ်”

လုဝူတိက ထိုလူများကိုကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုံ့သည်။

“မင်းတို့က မြောက်ပိုင်းနယ်မြေက မဟုတ်ဘူး”

မြောက်ပိုင်းနယ်မြေတွင် မွေးဖွားလာသူများအားလုံးက ရွှေရောင်စည်းတံဆိပ်၏ သက်ရောက်မှုခံရမည်ဖြစ်သည်။ အနက်ရောင်ဝတ်စုံဝတ်လူများကမူ ထိုစည်းတံဆိပ်၏ သက်ရောက်မှု မခံရချေ။

“လုဝူတိ ငါ့ရဲ့မျိုးရိုးနာမည်က ယင်ဖေးဟန်ပဲ မင်းကိုသတ်မဲ့လူ”

ပထမဦးစာ ရှေ့တက်လာသူက ပြောလိုက်သည်။

လုဝူတိ၏မျက်နှာက မဲမှောင်သွားသည်။

“ငါရှိနေတဲ့အချိန်မှာတောင် လုမိသားစုဝင်တွေက သတ္တိကြောင်သွားကြပြီလား။ မင်းတို့က ငါ့ရဲ့အရှင်သခင်နေရာကို လုယူချင်လို့ ပြင်ပအားတွေနဲ့ပူးပေါင်းထားကြတယ်ပေါ့လေ။ ငါတကယ်ကို စိတ်ပျက်ရွံရှာမိတယ်”

လုကောင်းမင်က အော်ရယ်သည်။

“ပေါက်ကရတွေပြောမနေနဲ့ ခင်ဗျားက သေမှာပဲ။ အဲ့ဒီအချိန်ကျရင် ငါက လုမိသားစုရဲ့ခေါင်းဆောင်အသစ်ဖြစ်လာလိမ့်မယ်။ ဒါတွေအားလုံးက အကိုဖေးဟန်အပေါ်ပဲ မူတည်တော့မယ်”

ယင်ဖေးဟန်က အသာအယာပင် လုဝူတိ၏အနားသို့ ချည်းကပ်သွားသည်။ သူကထိုဘိုးဘေးကို အာရုံပင်မစိုက်ချေ။

လုကျန်းဟိုင်က ကြည့်နေချိန်တွင် ရုတ်တရက် မတ်တပ်ထရပ်ကာပြောသည်။

“မင်းကိုရင်ဆိုင်ဖို့အတွက် ဘိုးဘေးကိုယ်တိုင်လုပ်စရာမလိုပါဘူး”

သူကနောက်လှည့်ပြီးနောက် လူအိုကြီးတစ်​ယောက်ကို ကြည့်ကာပြောလိုက်သည်။

“ဆရာသခင် ခမ်းယွဲ့ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး ဒီကိစ္စက ဆရာသခင်အပေါ် မူတည်သွားပြီ”

ထိုလူအိုကြီးက ဖြည်းညင်းစွာ မတ်တပ်ထရပ်လာကာ အပြုံးနှင့်ပြောသည်။

“ငါ့ရဲ့ဘဝမှာ အမြီးနဲ့ခေါင်းကိုဖွက်ပြီး ခိုးကြောင်ခိုးဝှက်ရင်ဆိုင်တာမျိုးကို အမုန်းဆုံးပဲ မင်း ဘယ်လိုသေသွားမလဲကြည့်လိုက်”

ထိုစကားများပြောပြီးသည်နှင့် ဆရာသခင် ခမ်းယွဲ့က ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော သားရဲဝင်သက်အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ သူ့ကိုလုကျန်းဟိုင်က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ယင်ဖေးဟန်က ရယ်သည်။

“လုဝူတိ ခင်ဗျားက ဒီလိုအမှိုက်တွေကို မှီခိုမယ်လို့မထင်ထားမိဘူး”

သူကရုတ်တရက် ခေါင်းလှည့်ကာ ဆရာသခင်ခမ်းယွဲ့ကိုကြည့်ပြီးရယ်သည်။

“ကောင်းပြီ ဒီအမှိုက်ကို အရင်ဆုံးသတ်ပေးရမှာပေါ့”

ဆရာသခင်ခမ်းယွဲ့ကပြုံးကာ ခက်ထန်သောစကားများကို ပြောတော့မည့်အချိန်တွင် ရုတ်တရက် သူ၏ညာဘက်လက်မှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ အသံ အရင်းအမြစ်က အရိုးကျိုးသံဖြစ်သည်။ ဆရာသခင်ခမ်းယွဲ့၏ညာလက်က ချက်ချင်းလိုလိုလွင့်ထွက်သွားသည်။

“မင်း”

ဆရာသခင်ခမ်းယွဲ့က တအံ့တသြအော်လိုက်ကာ မှော်လက်နက်ကို ဆင့်ခေါ်လိုက်သည်။ ထိုမှော်လက်နက်က ယပ်တောင်ဖြစ်သည်။ ယပ်တောင်က ပြန့်သွားသည်နှင့် ရှေးဟောင်းအရှိန်အဝါများက ထွက်ပေါ်လာကာ ဆရာသခင်ခမ်းယွဲ့ကိုလွှမ်းခြုံသွားတော့သည်။

“ငါစိတ်ဝိဉာဉ်ကျောက်တုံး ဘီလီယံနဲ့ချီပြီး သုံးပြီး ဒီယပ်တောင်ကို ဝယ်ထားခဲ့တာ မင်းဒါကို မထိုးဖောက်နိုင်ဘူး”

ဝုန်း

ဝုန်းဝုန်း..

ယင်ဖေးဟန်၏လက်အတွင်းမှ အနက်ရောင်လေပြင်းများက တိုက်ခတ်လာချိန်တွင် သူကထိုယပ်တောင်ကို လွှဲခုတ်လိုက်တော့သည်။ သူ၏ ခုခံမှုအားက အလွန်ပြင်းထန်လွန်းလှသဖြင့် လေပြင်းများက မထိုးဖောက်နိုင်တော့ချေ။

ဆရာသခင် ခမ်းယွဲ့က ယုံကြည်မှုအပြည့်ရှိနေသည်။ ထိုအချိန်တွင် သူ၏နားထဲတွင် အေးစက်သောအသံကိုကြားလိုက်ရသည်။

“မင်းက ငါ့ကို ဘယ်လိုတောင်တားရဲတာလဲ”

ဂျွက်ကနဲအသံနှင့်အတူ ယပ်တောင်က ကျိုးသွားသည်။ ယင်ဖေးဟန်၏လက်က ယပ်တောင်ထဲကို ရက်စက်စွာဖြင့် ထိုးဖောက်လာပြီး တစ်ဆက်တည်းလိုလို ဆရာသခင်ခမ်းယွဲ့၏နှလုံးသားကို ထိုးနှိုက်တော့သည်။

“အား အား အား”

ဆရာသခင်ခမ်းယွဲ့ ငယ်သံပါအောင် အော်ဟစ်သည်။

ယင်ဖေးဟန်က သူ့ကိုလျှင်မြန်စွာမသေခိုင်းချေ။ အဆုံးမသတ်သောနာကျင်မှုများကို ခံစားရရန် ထိုနှလုံးကို ဆက်တိုက်ဖိညှစ်ထားခဲ့သည်။

“ဒီလိုအမှိုက်မျိုးက ငါ့ကိုတားရဲတယ်”

အပိုင်း ၁၃၃၀

ယင်ဖေးဟန်၏မျက်ဝန်းများတွင် ကြောက်မက်ဖွယ်ကောင်းသောအလင်းများက တောက်ပလာသည်။

လုကျန်းဟိုင်၏မျက်နှာက အစိမ်းရောင်သန်းသွားတော့သည်။ ဆရာသခင်ခမ်းယွဲ့က သူမှီခိုအားထားအရဆုံးသူဖြစ်သည်။ သူ့ကိုဖိတ်ခေါ်ရန်အတွက် လုကျန်းဟိုင်ကတန်ကြေးပေါင်းများစွာ ပေးဆပ်ထားခဲ့ရသည်။ မမျှော်လင့်ထားစွာပင် ထိုလူက ချက်ချင်းလိုလိုအသတ်ခံလိုက်ရသည်။

လုကောင်းမင်က ရယ်သည်။

“အဘိုးကြီး မင်းဘယ်လိုအမှိုက်အကောင်ကို ဖိတ်ခေါ်ထားတာလဲ အသုံးမကျဘူး”

ယခုအခါ လုကျန်းဟိုင်ကို လှောင်ပြောင်ရန်အခွင့်အရေးရပြီဖြစ်သည့်အတွက် လက်လွှတ်မခံပေ။

“ကောင်းပြီ ဘယ်ဘက်က စွမ်းအားအကြီးဆုံးလဲဆိုတာ သိသာနေပြီပဲ ဒီလူက ရှင်းပစ်ခံရသင့်ပါတယ်”

တစ်စုံတစ်ယောက်က ထိုသို့ပြောပြီးသည်နှင့် တတိယအိမ်တော်ခွဲ၏မျက်နှာက ပိုကောင်းသွားသည်။ လုကျန်းဟိုင်က ကျေးဇူးတင်လိုက်သည်

“ဒီလိုအရေးကြီးဆုံးသောအချိန်မျိုးမှာ အကြီးအကဲကိုပဲ မှီခိုရတော့မယ်”

သူဖိတ်ခေါ်ထားသောလူအများစုက အရေအတွက်ပြည့်မှီအောင်သာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယင်ဖေးဟန်က တစ်ချက်ကြည့်လိုက်သည်။

“ဘယ်လိုအမှိုက်ကို ထပ်ပို့ပြီး သေခိုင်းဦးမှာလဲ”

မီးဖယောင်းဓားက ထွက်လာသည်။

“အပိုတွေပြောမနေနဲ့အဖိုးကြိး ဒီနေ့မင်းသေရမှာ”

“မင်းက စကားအများကြီးပြောနေပြန်ပြီ။ ကဲဘာလုပ်နိုင်မလဲကြည့်ရအောင်”

ယင်ဖေးဟန်က ရုတ်တရက် အနက်ရောင်အရိပ်ပေါင်းများစွာအဖြစ်ပြောင်းလဲလိုက်ကာ ချည်းကပ်လာသည်။

“သေချင်နေတာပဲ”

မီးဖယောင်းဓားက ချက်ချင်းလိုလို ထက်ရှသော အော်မြည်သံကို ထုတ်လွှတ်လိုက်သည်။ သူ၏ဓားမှ ဂါထာတစ်ပုဒ်ရွတ်ဆိုသံက အလိုလိုထွက်ပေါ်လာချိန်တွင် မီးတောက်များက တောက်လောင်လာတော့သည်။ ထိုဓားကိုယ်ထည်က မီးတောက်များဖြင့် ဝန်းရံခံရချိန်တွင် ကြောက်မက်ဖွယ်ကောင်းသောဓားချီက အလွန်ထက်ရှစွာထွက်ပေါ်လာပြီး အာကာသပြင်ကို ထိုးခွဲသွားသည်။

“မီးနဂါးဓား”

မီးဖယောင်းဓားက အော်ဟစ်လိုက်သည်။

ကြီးမားသော မီးနဂါးကြီးက လေထဲတွင် ထွက်ပေါ်လာကာ အရိပ်ပေါင်းများစွာကို ထိုးခွဲသွားသည်။ ပြောရလျှင် မီးနဂါးဓားက မြောက်ပိုင်းနယ်မြေတွင် အလွန်ကျော်ကြားသူဖြစ်ပြီး သူ့တွင်လည်း လုံလောက်သောအင်အားများကိုပိုင်ဆိုင်ထားသည်။

ဓားကထွက်လာသည်နှင့် ကောင်းကင်တစ်ဝက်ခန့်က မီးများဖြင့် စွဲလောင်သွားသည်။

အရိပ်ပေါင်းများစွာကို ဝါးမြိုသွားသောနဂါးပေါင်းများစွာကို မြင်သောအချိန်တွင် ယင်ဖေးဟန်က နှာခေါင်းရှုံ့သည်။ လေပြင်းက တိုက်ခတ်လာပြီးသည့်နောက်တွင် လေထဲတွင် ကြမ်းတမ်း ရိုင်းစိုင်းနေသော နဂါးက သိပ်မကြာခင်မှာပင် မီးဖယောင်းဓား၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားကာ ဖျက်ဆီးခံလိုက်ရသည်။

“မိစ္ဆာအတတ်ကျင့်ကြံတာပဲ”

မီးဖယောင်းဓားက နှာခေါင်းရှုံ့သည်။ သူကဂရုစိုက်ခြင်းအလျှင်းမရှိဘဲ ချက်ချင်းလိုလို ထိုအရိပ်ကို ဓားဖြင့် ထပ်ခုတ်ရန်ကြိုးစားသည်။

လုယွီက အရာအားလုံးကိုမြင်နိုင်သည်။ သူကမနေနိုင်ဘဲ သက်ပြင်းထပ်ချလိုက်မိလေသည်။ ဆရာသခင်ခမ်းယွဲ့ပင်ဖြစ်စေ မီးနဂါးဓားပင်ဖြစ်စေ သူတို့အားလုံးက အထင်မှားနေခဲ့ကြသည်။ တစ်ဖက်အရိပ်များက အင်အားကြီးမားခြင်းမဟုတ်ဘဲ သူသုံးထားသော မှော်စွမ်းအင်များကသာ အင်အားကြီးမားခြင်းဖြစ်သည်။ ထို့ကြောင့် လူအများစုက အရူးလုပ်ခံရလေ့ရှိသည်။

“အနောက်ကိုဂရုစိုက်”

လုယွီက သတိပေးလိုက်သည်။ မီးဖယောင်းဓားက ထိုစကားကိုကြားသည်။ သူကရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် များပြားသော မှော်စွမ်းအင်များက အနောက်မှ တိုးဝင်လာကြောင်း ခံစားလိုက်ရသည်။

ယင်ဖေးဟန်၏အစစ်အမှန်ခန္ဓာကိုယ်ကိုမြင်ရပြီဟု ထင်လိုက်ချိန်တွင် မမျှော်လင့်ထားဘဲ နောက်မှရောက်လာမည်ဟု မထင်ထားမိချေ။ ထို့ကြောင့် သူကချက်ချင်းလိုလို ဓားဖြင့် အခုတ်ခံရလုနီးပါးဖြစ်သွားသည်။

ခြိမ်း

မီးဖယောင်းဓားက အလျှင်စလို ဓားဖြင့်တားဆီးလိုက်သည်။ သူက ဓားကိုပြန်ဆုတ်ပြီးနောက်တွင် ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။

“ငါ တိုက်ခိုက်နေတဲ့အချိန်မှာ မင်း သတိပေးဖို့မလိုဘူး”

လုကျန်းဟိုင်က မျက်မှောင်ကြုံ့သည်။

“ဆရာသခင် ဝမ်ချန်း မင်းကတိုက်ခိုက်တာမှာမတော်ဘူး။ ဒီတော့ ကျေးဇူးပြုပြီး ဝင်မပြောပါနဲ့”

အခြားသူများ၏အမြင်တွင် ယင်ဖေးဟန်၏ခန္ဓာကိုယ်သိုင်းက အံ့အားဖွယ်ကောင်းသော်လည်း ရုတ်တရက် ဝင်ပြောသည့်စကားများက မီးဖယောင်းဓားကို ဒုက္ခရောက်စေခြင်းဟု မြင်သွားသည်။

သို့သော် လုယွီ၏အမြင်တွင် ယင်ဖေးဟန်က ထိုအခြေအနေကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

All Chapters