အခန်း (၁၃၃၁-၁၃၃၅)
Vol. 70 Ch. 1331-1335
အပိုင်း ၁၃၃၁
လုယွီ၏သတိပေးချက်ကြောင့်သာမဟုတ်လျှင် ထိုမီးဖယောင်းဓားဆိုသူက သေသွားလောက်ချေပြီ။ လုယွီက ခေါင်းခါလိုက်သည်။ သူကဆက်မပြောတော့ချေ။
မီးဖယောင်းဓားက ယဲ့ဖေးဟန်ကို လှောင်သည်။
“မင်းရဲ့ခန္ဓာကိုယ်သိုင်းက ကောင်းတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါကဒီအတိုင်းလှည့်ကွက်လောက်လေးပဲ။ အထွတ်အထိပ်ထိ ရောက်သေးတာမှ မဟုတ်သေးတာ လက်လျော့လိုက်တော့။ ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်”
ယခုတစ်ကွက်ယှဉ်ပြိုင်ပြီးကတည်းက သူကအားသာနေသည်မှာ ထင်ရှားလေသည်။
ယင်ဖေးဟန်က နှာခေါင်းရှုံ့သည်။
“မင်းအရင်က ကံကောင်းသွားတယ်။ တစ်စုံတစ်ယောက်က မင်းကိုကူညီလိုက်တယ်။ နောက်တစ်ကြိမ်မှာတော့ အဲ့ဒီလိုမဖြစ်နိုင်ဘူး”
“မင်းကသေခါနီးမှပဲ အခြေအနေကိုနားလည်လိမ့်မယ်”
မီးဖယောင်းဓားက ဒေါသထွက်သွားပြီး နှာခေါင်းရှုံ့ကာ တိုက်ခိုက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ဓားစိတ်ဝိဉာဉ်က ပို၍ကြောက်မက်ဖွယ် ကောင်းသွားသည်။ မီးနဂါးနှစ်ကောင်ပင် ထွက်ပေါ်လာသည်။
ထိုအခြေအနေကိုမြင်သောအခါ လုကျန်းဟိုင်က ကျေနပ်သွားသည်။
“မီးဖယောင်းဓားက ကျွမ်းကျင်ပညာရှင် ဖြစ်ထိုက်ပါပေတယ်။ သူ့ရဲ့ဓားထွက်လာတာနဲ့ လူတိုင်းက သေချာပေါက်သေရတယ်”
သူကအင်အားကြီးမားသော ဓားစိတ်ဝိဉာဉ်စွမ်းအားကိုမြင်သောအခါ မျက်ခွံလှုပ်သွားလေသည်။ ယင်ဖေးဟန်က ထိုတိုက်ကွက်တွင်ရှင်သန်မည်မဟုတ်သည်မှာ သေချာသည်။ လုယွီက သက်ပြင်းချသည်။ သူက ကူညီလိုသော်လည်း မတတ်နိုင်တော့ချေ။
မီးဖယောင်းဓားက အင်အားအနည်းငယ်ရှိလောက်သော်လည်း ယင်ဖေးဟန်ကိုရင်ဆိုင်ရချိန်တွင် သူ၏ဗျူဟာများက အသုံးမဝင်ချေ။ ယင်ဖေးဟန်က ချောင်းတိုက်ရာတွင်တော်သည်။မီးဖယောင်းဓားက တိုက်ခိုက်မည်ဆိုလျှင် ခုခံမှုတွင်အားစိုက်သင့်သည်။ သို့သော် ယင်ဖေးဟန်ဘက်မှ တိုက်ခိုက်မည်ကို စောင့်ဆိုင်းနေခြင်းက သူ့အား ဒုက္ခရောက်စေပေလိမ့်မည်။
မီးဖယောင်းဓား၏အတွင်းအားများက ကုန်ခမ်းသွားသည်နှင့် ရှုံးတော့မည်မှာ သေချာသည်။ တိုက်ပွဲတွင် လုယွီက မျှော်လင့်ထားသည့်အတိုင်း မီးဖယောင်းဓားက အသာစီးရနေခဲ့သည်။
ယင်ဖေးဟန်က နောက်ဆုတ်လိုက်ရလေသည်။ ယင်ဖေးဟန်က နောက်ဆုတ်လိုက်ရကြောင်းမြင်သောအခါ မီးဖယောင်းဓားက အော်ရယ်သည်။
“ကြွှက်တစ်ကောင်လို ကြောက်လန့်နေတာပဲ။ ဒီလိုစွမ်းအင်နဲ့များ ငါ့ကိုရင်ဆိုင်ရဲတယ်”
ယင်ဖေးဟန်က ပြန်မဖြေချေ။ သို့သော် သူကမီးစွမ်းအင်များကို တိကျစွာ ရှောင်ရှားနေခဲ့သည်။
“မင်းနဲ့တိုက်ခိုက်ရတာ ငါ့ရဲ့လက်တောင် ညစ်ပတ်တယ်”
မီးဖယောင်းဓားက ထိုသို့ပြောပြီးသည်နှင့် လှောင်ပြောင်လိုက်သည်။ လုကျန်းဟိုင်ကလည်း ပြောသည်။
“အစ်ကိုဟော်ကျူး အကို့ရဲ့အချိန်တွေကို မဖြုန်းနေပါနဲ့ သူ့ကိုတိုက်ရိုက်သတ်လိုက်ပါ”
သူ၏အနောက်တွင်ရှိနေသောသူများကလည်း အော်ဟစ်အားပေးကြသည်။ ထိုကဲ့သို့သော အင်အားကြီးမားသော ဟော်ကျူး၏ရှေ့တွင် လူတိုင်းက တည်ငြိမ်နေကြလေသည်။
မီးဖယောင်းဓားက အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိသောဓားက ရုတ်တရက် အကြိမ်ပေါင်းများစွာ ပြန့်ကားကြီးမားသွားကာ စွမ်းအင်များ ပြည့်နှက်နေသည့်မီးစွမ်းအားနဂါးကြီးများက ထွက်ပေါ်လာသည်။
ထိုမီးတောက်များက ပြည့်နှက်လာချိန်တွင် လေထုကပင် တွန့်လိမ်ရှုံ့တွပြီး အပူမီးများက ပျံ့နှံ့လာတော့သည်။
မီးစွမ်းအင်များက ကျဆင်းလာချိန်တွင် ဓားကလည်း လျှင်မြန်စွာဖြင့် တစ်ပတ်လှည့်သွားသည်။
“ငါ ပြောထားသားပဲ ငါက အမှန်တကယ် လှုပ်ရှားပြီဆိုတာနဲ့ သူ ရှင်သန်ဖို့မဖြစ်နိုင်တော့ဘူး”
မီးဖယောင်းဓားက ယုံကြည်မှုအပြည့်ရှိနေသည်။ သူကနောက်သို့တိုက်ရိုက်လှည့်ကာ တိုက်ခိုက်လိုက်ချိန်တွင် ယင်ဖေးဟန်သေသွားမည်မှာ သေချာသည်။
လုကျန်းဟိုင်ကလည်း ရိုကျိုးစွာ စကားကောင်းများပြောတော့မည့်အချိန်တွင် သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
“အကိုဟော်ကျူးရဲ့အနောက်မှာ”
လုကျန်းဟိုင်က အော်သည်။
ယင်ဖေးဟန်၏ပြာပုံများအဖြစ် လောင်ကျွမ်းခံရမည့်အနေအထားကိုမြင်ရသင့်သော်လည်း အစစ်အမှန်ဖြစ်ရပ်က ကွာခြားနေသည်။
“အသုံးမကျတဲ့မှော်စွမ်းအင်တွေပဲ မင်းကခုခံတဲ့ဘက်ကိုပဲ အာရုံစိုက်သင့်တာ”
ယင်ဖေးဟန်က နှာခေါင်းရှုံ့သည်။
သူ၏ကိုယ်က မီးဖယောင်းဓား၏အနောက်သို့ရောက်သွားကာ လက်ဝါးတစ်ချက်ရိုက်ချလိုက်သည်။
အပိုင်း ၁၃၃၂
ဝုန်း
မီးဖယောင်းဓားက တိုက်ရိုက်အရိုက်ခံရပြိး မြေပြင်ပေါ်သို့ လဲကျသွားသည်။
“အမှိုက် အခုလေးတင် မောက်မာထောင်လွှားနေခဲ့တာမဟုတ်ဘူးလား”
ယင်ဖေးဟန်က ရှေ့သို့လှမ်းလိုက်ကာ မီးဖယောင်းဓားကို ဆောင့်ကန်လိုက်သည်။
မီးဖယောင်းဓား၏ခန္ဓာကိုယ်တစ်ခုလုံးက မြေပေါ်သို့ လဲကျသွားသည်။ တစ်ကိုယ်လုံးကဖုန်များဖုံးလွှမ်းသွားသည်။ သူက အော်ဟစ်သေးသည်။
“မင်းချောင်းတိုက်တာက သူရဲကောင်းမဆန်ဘူး။ မင်းမှာသတ္တိရှိရင် မျက်နှာချင်းဆိုင် ရင်ဆိုင်စမ်းပါ”
သူကနင်းချေခံရသော်လည်း ဂုဏ်ယူနေသေးသည်။ ပုံမှန်အတိုင်းတိုက်ခိုက်လျှင် ယင်ဖေးဟန်က သူ့အားမနိုင်နိုင်ချေ။
ယင်ဖေးဟန်၏မျက်နှာကလည်း အံ့အားသင့်သွားလေသည်။ သူက နှာခေါင်းရှုံ့သည်။
“ခင်ဗျားက အရူးဖြစ်ချင်နေတာလား”
ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ခါစသူများကပင် အနိုင်ရသူကသာ အရာအားလုံးဖြစ်ကြောင်း နားလည်ထားလေသည်။ သေခြင်းရှင်ခြင်းကြားတွင် မည်သူကမှ သူရဲကောင်းဆန်မှုကို ဂရုစိုက်မနေချေ။
ဝုန်း
ယင်ဖေးဟန်က ရှေ့သို့တက်လှမ်းလိုက်ပြီးသည့်နောက်တွင် မီးဖယောင်းဓားက ချက်ချင်းလိုလိုအော်ဟစ်လိုက်တော့သည်။ သူ၏ကိုယ်မှ နံရိုးကျိုးသံများက ထွက်ပေါ်လာသည်။ ထိုနင်းချေသွားသောခြေထောက်က သူ့အားအလွန်အမင်းနာကျင်စေလေသည်။
“ ခင်ဗျား ဖိတ်ခေါ်ထားတဲ့ဆရာသခင်က အမှိုက်ပဲ ထွက်သွား”
ယင်ဖေးဟန်က မီးဖယောင်းဓားကို ကန်ထုတ်သည်။
အဆင့်လွန်အဆင့်တစ်ယောက်က ရှေ့တက်လာကာ မီးဖယောင်းဓားကို ဖမ်းထိန်းသည်။ ထိုအချိန်တွင် မီးဖယောင်းဓားက စုတ်ပြတ်သတ်သွားသောအဝတ်အစားများဖြင့် အလွန်အမင်းအရှက်ရဖွယ်ဖြစ်နေလေသည်။
“ဒီအကောင်က လှည့်ကွက်တွေ သုံးထားတယ်။ မဟုတ်ရင် ငါ ဒီကောင်ကို သတ်နိုင်မှာပဲ”
မီးဖယောင်းဓားက သဘောမတူသေးချေ။ အခြားသူများက သူ့အားကြည့်ကြသည်။ သို့သော် လူတိုင်း၏ အမူအယာက ပြောင်းလဲသွားချေပြီ။
“ရှုံးတာက ရှုံးတာပဲ ဘာငြင်းချင်သေးလဲ”
ပို၍ဆိုးသည်မှာ မီးဖယောင်းဓားက လူငယ်မျိုးဆက်တစ်ယောက်ထံမှ ကန်ထုတ်ခံရခြင်းဖြစ်သည်။ လူအများစုက သူ့အစားရှက်သွားကြသည်။
“အိမ်တော်ခွဲသခင် တတိယအိမ်တော်ခေါင်းဆောင် ငါဒီပွဲမှာ ရှုံးသွားပြီ။ မင်းငါ့ကို ဆုလာဘ်တွေချီးမြင့်ရမဲ့အပြင် ဆုံးရှုံးမှုကြေးလည်း ပြန်ပေးရမယ်”
မီးဖယောင်းဓားက ရုတ်တရက်ပြောသည်။
လုကျန်းဟိုင်က မျက်မှောင်ကြုံ့ကာပြောသည်။
“ငါက မင်းကိုတောင် ဆုံးရှုံးမှုကြေးပေးရဦးမယ်ဟုတ်လား”
မီးဖယောင်းဓားက အသုံးမကျသည်မှာ သေချာသော်လည်း သူကပိုက်ဆံလိုချင်နေသေးလေသည်။
“မဟုတ်ဘူးလား”
သူက ပြောသည်။
“မင်းပြောတော့ မျှတမှုရှိရမယ်ဆို ငါက အခုသိက္ခာလည်းကျသွားပြီ။ မင်းက င့ါရဲ့နစ်နာကြေးအတွက် ပြန်မပေးသင့်ဘူးလား”
လုကျန်းဟိုင်က သွေးအန်လုမတတ်ရယ်ချင်သွားသည်။ ထိုမျှအရှက်မရှိသောသူမျိုးကို သူ မမြင်ဖူးသေးချေ။
“ဒီနေရာက ထွက်သွား”
လုကျန်းဟိုင်က အော်သည်။ သူက တတိယအိမ်တော်ခွဲမှ ခေါင်းဆောင်ဖြစ်လာကတည်းက အခြားသူများ၏အရူးလုပ် မခံခဲ့ရချေ။
မီးဖယောင်းဓားက စွမ်းရည်ပင်မရှိဘဲ သူ့ထံမှ ပိုက်ဆံ ရယူချင်နေလေသည်။ သူက သေချင်နေခြင်းဖြစ်လောက်သည်။
“အရမ်းကောင်းတယ် မင်းနောင်တရလိမ့်မယ်”
မီးဖယောင်းဓားက ပြောပြီးထွက်သွားသည်။ မြောက်ပိုင်းနယ်မြေတွင် သူ့တွင်မရေမတွက်နိုင်သော တပည့်များနှင့် မျိုးဆက်များကို ပိုင်ဆိုင်ထားလေသည်။ သူကလုမိသားစုနှင့် မယှဉ်နိုင်လျှင်ပင် သူကသာအလေးအနက်ထားခဲ့ပါက လုကျန်းဟိုင်ကို ဒုက္ခရောက်အောင် လုပ်ရန် မခက်ခဲချေ။
လုကျန်းဟိုင်က ကျွမ်းကျင်ပညာရှင်ပေါင်းများစွာကို ဖိတ်ခေါ်ထားသော်လည်း အားလုံးက ဖိအားများနေကြသည်။
အပိုင်း ၁၃၃၃
“တတိယအိမ်တော်ခွဲခေါင်းဆောင် ငါလည်းထွက်သွားတော့မယ်”
“ငါတို့ရဲ့စွမ်းရည်က အကန့်အသတ်ရှိပါတယ်။ ကျေးဇူးပြုပြီး တတိယအိမ်တော်ခွဲခေါင်းဆောင် အခြားသူတွေကိုပဲ ဖိတ်ခေါ်လိုက်ပါ”
အချိန်တစ်ခုကြာပြီးနောက် မူလက တတိယအိမ်တော်ခွဲဘက်မှ လူအယောက်သုံးဆယ်ကျော်က ထွက်သွားရန်ကြံစည်ကြသည်။ တတိယအိမ်တော်ခွဲမှ လူများအားလုံးက စိတ်ပျက်သွားကြလေသည်။ သူတို့ကသာ ထိုအဆင့်လွန်အဆင့်များကို ဆုံးရှုံးသွားလျှင် အဆုံးသတ်မကောင်းနိုင်တော့ချေ။ နောက်ဆုံးအဆုံးသတ်အရ အဓိက အိမ်တော်ထက်ပင် ဆိုးရွားမည်ကို စိုးရိမ်ရသည်။
မီးဖယောင်းဓားတို့က ထွက်သွားတော့မည့်အချိန်တွင် လုကောင်းမင်က ရုတ်တရက်ပြောသည်။
“မင်း သွားလို့မရဘူး”
အနက်ရောင်ဝတ်စုံဝတ်လူများအားလုံးက သူတို့အားဝိုင်းလိုက်သည်။
“တတိယအိမ်တော်ကလူတွေသွားပြီးမှ မင်းတို့သွားရမယ်”
လုကောင်းမင်၏မျက်နှာက မဲမှောင်နေသည်။ တတိယအိမ်တော်မှ လူများကလည်း အမူအရာပြောင်းလဲသွားကြသည်။ ယခုအခါ ယင်ဖေးဟန်၏လုပ်ဆောင်မှုကို မြင်ပြီးကတည်းက ထိုအနက်ရောင်လူများ လှုပ်ရှားလိုက်သည်နှင့် သူတို့က ပြိုင်ဘက်မဟုတ်နိုင်ကြောင်း သိခဲ့ကြလေသည်။
မီးဖယောင်းဓားက ပြောသည်။
“ငါသူတို့ဘက်က နှုတ်ထွက်ပြီး မင်းတို့ဘက်ကို ဝင်မယ်။ မင်းတို့က လုအိမ်တော်က ခေါင်းဆောင်တွေဖြစ်ဖို့ ထိုက်တန်ပါတယ်”
သူက ထိုသို့ပြောလိုက်သည်နှင့် လူတစ်အုပ်၏အကြည့်က သူ့ထံရောက်လာသည်။
လုကျန်းဟိုင်က ပိုက်ဆံအမြောက်အမြားသုံးကာ သူ့အားဖိတ်ခေါ်ထားသော်လည်း မမျှော်လင့်ထားစွာပင် သူကမည်သည့်တိုးတက်မှုမှ မလုပ်နိုင်သည့်အပြင် ရန်သူဘက်သို့ပင် ပြောင်းသွားသေးသည်။ သို့ရာတွင် သူကမှားသည်ဟုလည်း မထင်ရပြန်ချေ။ သူကမျက်နှာအမူအရာပင်မပြောင်းဘဲပြောသည်။
“အစပိုင်းမှာကတည်းက လုကျန်းဟိုင်ဘက်က မှားတာပဲ။ သူက ငါ့ရဲ့မမျှတမှုအတွက် အပြစ်တင်လို့မရဘူး”
သူကထိုသို့ပြောပြီးသည့်နောက်တွင် အခြားသူများက သူ့ကိုပို၍ပင် အထင်သေးသွားကြလေသည်။
သူကထျန်းကျင်းမြို့သို့ရောက်လာကတည်းက လုကျန်းဟိုင်က ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံကာ အကောင်းဆုံးသောအပြုအမူများနှင့် လက်ဆောင်များကို ပေးခဲ့ကြောင်း လူတိုင်းက သိထားကြလေသည်။ ယခုကဲ့သို့ သူကရှုံးသွားသည့်တိုင်အောင် လုကျန်းဟိုင်က ဘာမှမပြောခဲ့ချေ။ သို့ရာတွင် ထိုဟော်ကျူးဆိုသူကမူ သိက္ခာကျရသည့်အပြင် ဆိုးရွားရက်စက်စွာပြန်ပြောနေလေသည်။ လုကျန်းဟိုင်က ထိုလူကို အလေးစားဆုံးဖြစ်ခဲ့ကြောင်း လူတိုင်းက သိထားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ယခုကဲ့သို့အခြေအနေမျိုးဖြစ်လာရသည့်အခါ သူက အလွန်အရှက်မဲ့စွာ ပြောလာရဲသေးသည်။
လုကောင်းမင်က ပြောသည်။
“ငါ့ဘက်ကိုပြောင်းမယ်ဆိုရင်တော့ ထွက်သွားခွင့်ပြုနိုင်တယ်”
အခြားသူများက သက်ပြင်းချကြသည်။ အင်အားကြီးမားသောသူ၏အရှေ့တွင် သူတို့အားလုံးက ဦးညွှတ်ရလေသည်။ မည်သို့ပင်ဆိုစေ လုမိသားစုပိုင်နက်နယ်မြေတွင် လက်ရှိအခြေအနေများက ရှင်းလင်းနေပြီဖြစ်သည်။ လုမိသားစုက ဒီပြသနာကို ရင်ဆိုင်ရန် မတတ်နိုင်ချေ။
ထို့ကြောင့် လုကောင်းမင်ဘက်သို့သွားခြင်းက အသေခံနေခြင်းထက် ပို၍ကောင်းလေသည်။ ထိုသို့ဖြင့် ထိုအဆင့်လွန်အဆင့်အယောက်သုံးဆယ်ကျော်က ချက်ချင်းလိုလို လုကောင်းမင်ဘက်သို့ ရောက်သွားလေသည်။
“လုဘိုးဘေး အမှိုက်တွေမရှိတော့ မင်းဘာလုပ်နိုင်သေးလဲ”
ယင်ဖေးဟန်က ကျယ်လောင်စွာပြောသည်။ သို့ရာတွင် သူ၏ရယ်သံကကြာရှည်မခံချေ။ ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုက ယင်ဖေးဟန်၏ရှေ့သို့ရောက်လာသည်။
ဝုန်း
ယင်ဖေးဟန်က တုန့်ပြန်လိုက်ချိန်တွင် နောက်ကျသွားပြီဖြစ်သည်။ သူကပြင်းထန်သည့်အားဖြင့် ဆောင့်ရိုက်ခံရကာ တစ်နေရာသို့လွင့်ထွက်သွားပြီး မြေပြင်သို့ပြုတ်ကျကာ သွေးအန်လိုက်ရသည်။
လူအများက ထိုအခါမှသာ ရှင်းလင်းစွာမြင်လိုက်ရသည်မှာ ယင်ဖေးဟန်ကိုထိသွားခြင်းက ကုလားထိုင်တစ်လုံးဖြစ်နေခြင်းဖြစ်သည်။
ယင်ဖေးဟန်၏ပါးစပ်မှ သွေးများစီးကျနေလေသည်။ သူ၏ဦးထုပ်အောက်မှပင် သွေးများဆက်တိုက်ကျဆင်းလာလေသည်။ သူ၏ခန္ဓာကိုယ်က အကြိမ်အနည်းငယ်တုန်ယင်နေပြီးနောက်တွင် အားအင်မဲ့သွားသည်။
“ထိုင်ခုံတစ်လုံး ပစ်လိုက်ရုံနဲ့သေသွားတာလား”
လုဝူတိက လက်ကိုပြန်ယုတ်ကာ ဖျော့တော့စွာပြောသည်။
“တော်ပြီ မင်းတို့ဒီလောက်နဲ့ ငါ့ရဲ့အနေအထားကို လှုပ်ကိုင်ချင်သေးလား”
ကောင်းကင်တွင် မိုးခြိမ်းသံကထွက်ပေါ်လာသည်။ လုကောင်းမင်၏ မျက်ဝန်းအတွင်း အံ့အားသင့်ဟန်လင်းလက်သွားသည်။ သို့သော် သူကပြုံးနေသေးသည်။
အပိုင်း ၁၃၃၄
“ဘာပဲဖြစ်ဖြစ် လုဘိုးဘေးက ထာဝရရှင်သန်သူတွေတောင် ဖျက်ဆီးနိုင်စွမ်းရှိလောက်အောင် အင်အားကြီးမားနေတာပဲ။ ဒီတော့ ငါတို့ထဲက အင်အားအကြီးဆုံးသူကို သတ်နိုင်စွမ်းရှိတာဖြစ်သင့်ပါတယ်”
“ဟမ့်”
လုဝူတိက နှာခေါင်းရှုံ့သည်။
“မင်းက ငါ့ကို သတ်ချင်နေတာမဟုတ်ဘူးလား”
ထိုအချိန်တွင် ကျယ်လောင်သောအော်သံက ထွက်ပေါ်လာသည်။ လုမိသားစု၏ အခြားသောဦးတည်ရာဘက်တစ်ဖက်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ တစ်ချိန်ထဲတွင်ပင် အလွန်အင်အားကြီးမားသော အရှိန်အဝါလေးခုက အရပ်မျက်နှာအနှံ့မှ စုစည်းလာလေသည်။
“အဆင့်လွန်အဆင့်နယ်မြေကို ကျော်လွန်နေတဲ့အင်အားစုတွေပဲ လုကောင်းမင်က ဘယ်လိုအင်အားမျိုးတွေရှိနေလို့ ဒီလူတွေကို ဖိတ်ခေါ်ထားတာလဲ”
ထိုအချိန်တွင် အားလုံးက သံသယဝင်သွားကြချိန်တွင် ကောင်းကင်မှပုံရိပ်လေးခု ထွက်ပေါ်လာလေသည်။
အနီးကပ်လာသည့်အခါ ထိုသူများအားလုံးကို ရင်းနှီးနေကြောင်း မြင်ရမည်ဖြစ်သည်။
“ညီအစ်ကို မတွေ့ရတာကြာပြီ”
ပထမဦးဆုံးရောက်လာသည့်လူအိုကြီးက နှာခေါင်းရှုံ့သည်။
လုဝူတိကအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးပြောသည်။
“မင်းတို့က နောက်ကွယ်မှာ လှည့်စားချင်နေတာလား”
သူတို့နှစ်ယောက်ကြားမှစကားကို အခြားသူများကကြားသော်အခါ မုန်တိုင်းထန်သွားတော့သည်။ သိပ်မကြာခင်မှာပင် ထိုလူလေးယောက်ကို အခြားသူများက မှတ်မိသွားကြသည်။
“ဒါက လုမိသားစု အိမ်တော်ခွဲလေးခုက ဘိုးဘေးတွေပဲ”
“လုမိသားစုဘိုးဘေးပြီးရင် အင်အားအကြိးမားဆုံးသူတွေပဲ။ လုမိသားစုနဲ့ ရန်သူကြားက ပြိုင်ပွဲက ပြီးဆုံးသွားပြီ”
“ငါလုကောင်းမင်ဘက်ကို ပြောင်းလိုက်မိတာ ဂုဏ်ယူမိတယ်”
လက်ရှိတွင် လုမိသားစုမှ ဘိုးဘေးလေးယောက်ကို လုယွီက ကယ်ခဲ့ခြင်းဖြစ်သည်။ ထိုလူများက နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး သူတို့၏အတွင်းအားများနှင့် လုပ်ဆောင်နိုင်မှုများက ဆိုးဆိုးရွားရွားပျက်စီးကာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ကံကောင်းစွာဖြင့် ယခုအခါ သူတို့၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
ထိုဘိုးဘေးလေးယောက်ရောက်လာသည့်အခါ လုဝူတိ၏အင်အားများက ဖိနှိပ်ခံရတော့သည်။
လုဝူတိက နောင်တရစွာပြောသည်။။
“လုမိသားစုမှာ အဓိကအိမ်တော်က အသုံးမကျတဲ့အမှိုက်တစ်အုပ်ပဲကျန်ရစ်တော့တာက မင်းတို့အားလုံး လုမိသားစုကို ဦးဆောင်လို့ဖျက်ဆီးခံရတာထက် သာပါသေးတယ်။ လုမိသားစုကို ဘယ်တော့မှ မင်းတို့မပိုင်စေရဘူး”
သူတို့အားလုံးက အဆင့်တူကြသည်။ ထို့အပြင် လုဝူတိနှင့်လည်း ခေတ်တူသူများဖြစ်ကြသည့်အတွက် အားလုံးက နတ်သူငယ်နယ်မြေသို့ အသီးသီးရောက်ရှိနေကြသည်။
“လုမိသားစုရဲ့အရှင်သခင်က ပြောင်းလဲတော့မယ်”
“လုဝူတိက ပြိုင်ဘက်ကင်းတယ်လို့ ထင်ရပေမဲ့ ဒီလေးယောက်လုံးက ပုန်ကန်ကြမယ်ဆိုရင် သူကထာဝရရှင်သန်သူဖြစ်နေတယ်ဆိုရင်တောင်မှ မယှဉ်ပြိုင်နိုင်လောက်ဘူး”
မီးဓားဖယောင်းက မျက်နှာအမူအရာပြောင်းလဲသွားကာ ထောင်လွှားမောက်မာလာသည်။
“ငါ မျှော်လင့်ထားတာမှန်နေတာပဲ လုဝူတိက အချိန်အတန်ကြာ ပုန်းကွယ်နေခဲ့တာ အမှန်အတိုင်းပြောရရင် ငါသူ့အတွက် အလုပ်မလုပ်ချင်တာကြာလှပြီ”
ပတ်ဝန်းကျင်ရှိလူများကမူ သူ့အားအာရုံမစိုက်တော့ဘဲ ခပ်ဝေးဝေးနေကြသည်။
ဝုန်း
လုဝူတိက လက်ဝါးရိုက်လိုက်ကာ ဖျော့တော့စွာပြောသည်။
“ပေါက်ကရတွေပြောမနေနဲ့ ငါ့ကိုသတ်ချင်ရင် ကြိုးစားကြည့်လိုက်”
ကျင့်ကြံခြင်းလောကက ရက်စက်လွန်းသည်။ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ညီအစ်ကိုကိုလည်း ဂရုမစိုက်ကြချေ။ လုဝူတိက ထိုလမ်းကိုရွေးချယ်လိုက်ကတည်းက သူက အဆင်သင့်ပြင်ထားပြီးသားဖြစ်သည်။
ဝုန်းကနဲမြည်သံနှင့်အတူ လုဝူတိနှင့် ထိုလေးယောက်လုံးက လူတိုင်းရှေ့မှ ပျောက်ကွယ်သွားသည်။ တစ်ချိန်ထဲတွင်ပင် ကောင်းကင်တွင် မိုးခြိမ်းသံများက ထွက်ပေါ်လာသည်။ ထိုအသံကို ထျန်းကျင်းတစ်မြို့လုံးက ကြားလိုက်ရလေသည်။
လူအများစုက မည်သို့သောလုပ်ဆောင်နိုင်စွမ်းအားများရှိနေစေကာမူ သူတို့၏နှလုံးသားထဲသို့ လေးလံသောခဲလုံးများပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူတို့က အချိန်အတန်ကြာသည်အထိ စိတ်မတည်ငြိမ်ကြတော့ချေ။
“ဒါက နတ်သူငယ်အဆင့်တွေရဲ့တိုက်ပွဲလား”
“ဒါကအင်အားကြီးမားလွန်းတယ် ငါအရှိန်အဝါကို ခံစားမိရုံနဲ့တင် အသိစိတ်မဲ့မလိုဖြစ်နေပြီ။ ဒီလိုတိုက်ပွဲမျိုးက အဝေးကပဲကြည့်သင့်တယ်။ မဟုတ်ရင် ငါတို့အားလုံးဒုက္ခရောက်သွားလိမ့်မယ်”
လူတိုင်း၏မျက်နှာက ဖြူဖျော့နေခဲ့ကြကာ ကောင်းကင်ကိုစိုက်ကြည့်နေကြသည်။ အနိုင်ရသူက လုမိသားစုမှ အရှင်သခင်ဖြစ်ပေလိမ့်မည်။
တဝုန်းဝုန်းမြည်သံများက ထွက်ပေါ်လာသည်။ ကောင်းကင်တွင် ဆူညံပွက်လောရိုက်သံများက ထွက်ပေါ်နေကာ လူတိုင်းက မျှော်လင့်စောင့်စားနေကြသည်။
လုကျန်းဟိုင်၏ မျက်နှာက ဖြူဖျော့နေသည်။ လုမိသားစုအိမ်တော်ခွဲက သူတို့၏ဘိုဘေးများကို ပြန်လည်ဖိတ်ခေါ်မည်ဟု မထင်ထားမိကြချေ။ လုဝူတိက တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ပြီး အချိန်အတန်ကြာ ပျောက်ကွယ်နေခဲ့သည်။ မမျှော်လင့်ထားစွာပင် ထိုဘိုးဘေးများက ပြန်လည်ထွက်ပေါ်လာကြလေသည်။
“နောက်ပြန်လှည့်စရာမရှိတော့ဘူး။ ငါလုပ်ပြီးမှတော့ သူတို့က ကလဲ့စားချေမှာကို ကြောက်နေလို့မရဘူး”
လုကျန်းဟိုင်က စိတ်ဆုံးဖြတ်လိုက်သည်။
သူကသာမာန်အိမ်တော်ထိန်းတစ်ယောက်မဟုတ်ချေ။ သူက စျေးဆိုင်ပိုင်ရှင်ဘဝမှလာခဲ့သော်လည်း တစ်ဆင့်ချင်းစီအရာအားလုံးကို ဖြတ်သန်းကာတက်လှမ်းခဲ့ခြင်းဖြစ်နေသည်။
လမ်းတစ်လျှောက်လုံးတွင် သူကကံကောင်းမှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကိုသာ မှီခိုခဲ့ခြင်းဖြစ်သည်။ သူကခေါင်းနှင့်အမြီးကိုသာ အမြဲတစေ ခွဲခြားနေမည်ဆိုလျှင် ဒီနေ့အချိန်ထိ ရောက်ရှိလာမည်မဟုတ်ချေ။
ရုတ်တရက် လုကျန်းဟိုင်က လုယွီကိုနောင်တအပြည့်ဖြင့်ကြည့်သည်။
“ဆရာသခင်ဝမ်ချန်း ဒီကိစ္စက မင်းနဲ့မသက်ဆိုင်ပါဘူး မင်းထွက်သွားလိုက်ပါ”
သူက ဖိတ်ခေါ်သူများအားလုံးအတွက် ငွေကြေးသုံးခဲ့ရသည်။ လုယွီကမူ သူအရေအတွက်ပြည့်ရုံမျှသာ ခေါ်ခဲ့ခြင်းဖြစ်သော်လည်း မည်သည့်အကျိုးအမြတ်မှ မပေးခဲ့ရသေးချေ။
လုယွီကခေါင်းခါသည်။
“ကိစ္စမရှိဘူး”
သူကကောင်းကင်ရှိတိုက်ပွဲကိုကြည့်သော်လည်း အလျင်စလို သွားရောက်မကူညီချေ။ လုယွီဘက်မှကြည့်လျှင် လုမိသားစု ဘိုးဘေးက အနည်းငယ်ထူးဆန်းလွန်းသည်ဟု ခံစားနေရသည်။ ထို့ပြင် လုဝူတိတွင် ကိုယ်ပိုင်အကြံရှိနေမည်ကို သူ စိုးရိမ်မိသည်။ လုယွီကလည်း တစ်ဖက်သူ၏အခြေအနေကို သိရှိရန်လိုသေးသည်။
ဝုန်း
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လုဝူတိ၏ပုံရိပ်က ရုတ်တရက်ကောင်းကင်မှ ပြုတ်ကျလာကာ ခန်းမကိုဝင်ဆောင့် တိုက်မိသွားသည်။ လုခန်းမမှ သင်္ကေတများအားလုံးက လင်းလက်တောက်ပလာလေသည်။
လူတိုင်းကထိုအခြေအနေကိုမြင်ရသောအခါ အံ့သြသွားကြသည်။
“လုဘိုးဘေးက ရှုံးသွားပြီလား”
အပိုင်း ၁၃၃၅
ဝှစ်….
တဝှစ်ဝှစ်မြည်သံများ ထွက်ပေါ်လာပြီးနောက်တွင် ပုံရိပ်လေးခုကတစ်ချိန်တည်းလိုလို ထွက်ပေါ်လာသည်။ သူတို့၏ပုံပန်းသွင်ပြင်သည် စုတ်ပြတ်သတ်နေကြသော်လည်း အားအင်များစွာ စိုက်ထုတ်ထားရသေးဟန်မရချေ။
“လုဘိုးဘေးက အိုနေပြီ”
“သူက ပြိုင်ဘက်ကင်းခဲ့ပေမယ့် သူ့ရဲ့အသက်က လိုက်မီနိုင်တော့ဘူး”
ပင်မလုအိမ်တော်ကိုသစ္စာရှိသောလူတချို့ကပင် ပင်မလုအိမ်တော်အတွက် သက်ပြင်းချနေကြလေသည်။
လုမိသားစုမှ ဘိုးဘေးအိုကြီး လဲပြိုကျသွားသည်နှင့် ပင်မအိမ်တော်အတွက် မျှော်လင့်ချက်မရှိတော့ချေ။
လုဝူဟိန်က လုမိသားစုဘိုးဘေးကို တစ်ချက်ကြည့်ပြီးနောက်တွင် ခေါင်းကိုခါကာ ပြောသည်။
“မင်းကတကယ်ပဲ ငါ့ကို စိတ်ပျက်စေတယ်”
“နှစ်တွေ အများကြီးကုန်လွန်ခဲ့ပြီ၊ မင်းက တံခါးပိတ်ကျင့်ကြံပြီး အဆင့်မြင့်နေလောက်ပြီလို့ ထင်ထားခဲ့တာ မမျှော်လင့်ထားဘဲ အားနည်းလွန်းသေးတယ်”
“လုမိသားစုကဒီနေ့ မူရင်းပိုင်ရှင်ဆီ ပြန်ရောက်ရမယ့်နေ့ပဲ”
လုဝူဟိန်က လုကျန်းဟိုင်ကို တစ်ချက်ကြည့်သည်။
အင်အားကြီးမားသောလူတစ်ယောက်၏ စိုက်ကြည့်ခံရသည့်အခါ လုကျန်းဟိုင်က တုန်ယင်သွားသည်။ သို့သော် လုကျန်းဟိုင်အနေနှင့် အတွေ့အကြုံအလွန်ရှိလေရာ ဟန်မပျက်အောင် ထိန်းထားနိုင်လေသည်။
“ကျွန်တော်က ဘိုးဘေးကို သစ္စာရှိမယ်လို့ ကျိန်ဆိုထားပြီးသား ကျွန်တော့်မှာ ဘာစိတ်နှစ်ခွမှ မရှိပါဘူး”
လုကျန်းဟိုင်က ပြောသည်။
လုဝူတိ သေသွားမည်ဆိုလျှင်ပင် ထိုလူများက သူ့အား မလွှတ်ပေးနိုင်ကြောင်း နားလည်နေသည်။ ထို့ကြောင့် အသတ်ခံမည့်အစား မှန်ကန်စွာ ဆုံးဖြတ်ချက်ချကာ ရင်းရဲသည်က ပိုကောင်းလေသည်။
လုဝူဟိန်က ပြုံးကာပြောသည်။
“မင်း သစ္စာရှိကြောင်းပြဖို့ လုဝူတိကို ငါ့အတွက်သတ်ပေးပါ၊ ဒီလိုဆိုရင် မင်းက ဆက်ပြီး တတိယအိမ်တော်ခွဲရဲ့ခေါင်းဆောင် ဆက်ဖြစ်နေလို့ရတယ်”
“ဘာ”
တတိယအိမ်တော်ခွဲမှ လူများက သေရန်အဆင်သင့်ပြင်ထားကြပြီးလေပြီ။ သူတို့က များများစားစား မတွေးတောထားကြတော့ချေ။ ယခုကဲ့သို့ အခွင့်အရေးရရှိလာမည်ဟု မထင်ထားကြချေ။ ထို့ကြောင့် လူအများစု၏နှလုံးသားက လှုပ်ခါသွားသည်။
တတိယအိမ်တော်ခွဲမှ အကြီးအကဲတစ်ယောက်က အကြံပေးသည်။
“အရှင် ကျွန်တော်တို့ အညံ့ခံလိုက်သင့်တယ်၊ ကျွန်တော်တို့ရဲ့ လက်ရှိအဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တာပေါ့”
တတိယအိမ်တော်ခွဲက လုမိသားစုတွင် အင်အားအကြီးမားဆုံး မဟုတ်သော်လည်း အချမ်းသာဆုံးဖြစ်သည်။ သူတို့ကသာ တတိယအိမ်တော်ခွဲကို ဆက်လက်၍လည်ပတ်နိုင်မည် ဆိုလျှင် သူတို့၏ချမ်းသာကြွယ်ဝမှုများကို ဆက်လက် ပိုင်ဆိုင်အုံးပေလိမ့်မည်။
လုကျန်းဟိုင်၏မျက်နှာက မသေချာမှုများ ပျံ့နှံ့သွားသည်။ သူက ရုတ်တရက် အံကိုကြိတ်ကာ ပြောသည်။
“ဟမ့် မင်းက ငါ့ကို ဘိုးဘေးကို သစ္စာဖောက်ခိုင်းချင်နေတာလား၊ မဖြစ်နိုင်ဘူး”
အခြားလူများက အမြင်ကျဉ်းမြောင်းနိုင်သော်လည်း သူက မဟုတ်ချေ။ လုကျန်းဟိုင်အနေနှင့် ထိုလူများ၏စရိုက်ကို ကောင်းစွာနားလည်နေသည်။ တတိယအိမ်တော်ခွဲ၏ လွှမ်းမိုးမှုက ကြီးမားလွန်းသောကြောင့်သာ တစ်ခဏခန့်ကိုင်တွယ်ရန် မလွယ်ကူနေခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အား အချိုသတ်နေခြင်းဖြစ်လောက်သည်။
လုကျန်းဟိုင်က အတွေ့အကြုံရှိပြီး တွက်ချက်နိုင်မည်ဆိုလျှင် လုဝူရန်က သူတို့၏ တတိယအိမ်တော်ခွဲကို နည်းလမ်းအမျိုးမျိုးဖြင့် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း နားလည်နေသည်။ ထို့ကြောင့် သူက သေဆုံးရမည်သာဖြစ်သည်။
“ငါက ဘိုးဘေးကို သစ္စာရှိသွားမယ်၊ မင်းတို့က ငါ့ဘိုးဘေးကို ပြန်သတ်ခိုင်းချင်နေတာဆိုရင်တော့ ငါ့အလောင်းပေါ်ကသာ နင်းတက်သွားလိုက်တော့”
လုကျန်းဟိုင်က ရုတ်တရက် အသံကိုမြှင့်၍ပြောဆိုကာ လုဝူတိ၏အရှေ့သို့ သွားရပ်လိုက်သည်။
ထိုလုပ်ရပ်က လူအများစုကို မင်သက်သွားစေသည်။ တတိယအိမ်တော်ခွဲ၏အိမ်တော်အရှင်သည် ဉာဏ်ပညာအရှိဆုံးဟု ကျော်ကြားခဲ့သော်လည်း ယခုအခါတွင်မူ ထိုသို့ ဆိုးရွားသောအကွက်ကို ထုတ်သုံးလိုက်လေသည်။
တတိယအိမ်တော်ခွဲမှ အကြီးအကဲတစ်ယောက်က မြေပြင်ပေါ်သို့ ဖနောင့်ဆောင့်ကာ ပြောဆိုသည်။
“မင်းကရူးသွားပြီလား၊ အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူးလား၊ တတိယအိမ်တော်ခွဲကို ကုန်သည်တွေက ဖွဲ့စည်းထားခဲ့တာ အရေးကြီးဆုံးအရာက လက်ရှိအခြေအနေကို ကောင်းကောင်းနားလည်နေဖို့ပဲ၊ အခုအခြေအနေကိုကြည့်အုံး တတိယအိမ်တော်ခွဲက ချောက်ထဲကျတော့မှာ”
လုကျန်းဟိုင်က တည်ငြိမ်စွာပြောသည်။
“ငါလည်းစိတ်ဆုံးဖြတ်ပြီးပြီ၊ ဘယ်သူမှ မပြောင်းနိုင်ဘူး”
သူက လုဝူတိ၏အနားသို့သွားကာကြည့်လိုက်သည်။
“လာစမ်းပါ”
လူတိုင်းက လုကျန်းဟိုင်ကို လေးစားသွားကြသည်။ လူတိုင်းကလည်း လုဘိုးဘေးက ရှုံးသွားမည်မှန်းသိထားကြသည်။ သို့တိုင်အောင် သူကရှေ့တက်ကာ ကူညီလိုသည်။
အကြောင်းပြချက်မရှိ ကူညီနေခြင်းမဟုတ်လောက်သော်လည်း လူအများစုကမူ လုကျန်းဟိုင်ကို လေးစားမိကြသေးလေသည်။
အနှစ်ချုပ်ဆိုရသော် မီးဖယောင်းဓားသည် အခြေအနေအရ စောစီးစွာ အညံ့ခံသွားသည့်အတွက် သူက ဉာဏ်ပညာရှိစွာ ရွေးချယ်ခဲ့ခြင်းဆိုလျှင်ပင် လူအများစုက သူ့အားရွံရှာကြသည်။ ထိုကဲ့သို့သောလူမျိုးကို သူတို့၏လူအဖြစ် သတ်မှတ်လိမ့်မည်မဟုတ်ချေ။ သို့ရာတွင် လုကျန်းဟိုင်ကမူ သစ္စာရှိသူတစ်ယောက် ဖြစ်နေသည်။