← Chapters

အခန်း (၁၃၄၁-၁၃၄၅)

Vol. 70 Ch. 1341-1345

အခန်း (၁၃၄၁-၁၃၄၅)

Vol. 70 Ch. 1341-1345

အပိုင်း ၁၃၄၁

ကောင်းကင်တွင် အနီရောင်မီးတောက်ကြီးက ထင်ရှားစွာထွက်ပေါ်လာသည်။ မီးဖယောင်းဓားက အဆင့်လွန်နှောင်းပိုင်းအဆင့်သို့ရောက်ရှိနေပြီး အလွန်စွမ်းအားကြီးမားသူဖြစ်သည်။ ထိုအချိန်တွင် သူက လုနန်ဖုန်းကို ဖားနိုင်ရန်အတွက် သူ၏အစွမ်းအထက်ဆုံးတိုက်ကွက်ကို ပြသရတော့ပေမည်။ထို့ကြောင့် ချက်ချင်းလိုလို လူများ၏မျက်လုံးထဲတွင် မီးတောက်များကသာ ထွက်ပေါ်နေလောက်အောင် ထိုနေရာတစ်ခုလုံး မီးတောက်များက လွှမ်းခြုံသွားသည်။ လေထုကပင် ပူပြင်းလာလေသည်။

“မင်းက ငါ့ကိုတိုက်ခိုက်ရဲတယ်”

လုကျန်းဟိုင်က အော်ဟစ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးတွင်ရှိသောအတွင်းအားများက ထိုးထွက်လာကာ ကြီးမားသောရေခဲဆူးချွန်ကြီးတစ်ခုဖြစ်ပေါ်လာသည်။

ထိုရေခဲဆူးချွန်က ထွက်ပေါ်လာပြီးသည်နှင့် အနီးကပ်ကာ တိုးဝင်လာသောမီးတောက်ကို ထိုးခွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်၏ရှေ့တွင် ရေခဲကအလွန်အမင်းသိပ်သည်းစွာ တည်ရှိနေသည့်တိုင်အောင် တဖြည်းဖြည်းချင်း အ၇ည်ပျော်ကျသွားလေသည်။

မီးဖယောင်းဓားက လှောင်ပြောင်သလိုပြောလိုက်သည်။

“ဒီစွမ်းရည်လောက်နဲ့ အိမ်တော်ခွဲတွေအားလုံးကို မနာခံပဲနေရဲသေးတယ်ပေါ့”

မီးဖယောင်းဓား၏လက်ထဲမှ ဓားကရုတ်တရက်ပြောင်းလဲသွားပြီးနောက်တွင် မီးတောက်များက ကောင်းကင်သို့ တလူလူတက်လာသည်။ ထို့နောက် အလွန်ကြီးမားသော မီးနဂါးတစ်ကောင်ဖြစ်လာကာ ပါးစပ်ကြီးဖြဲလျက် လုကျန်းဟိုင်ကို ဝါးမြိုရန်ကြံစည်သည်။ ထိုအပြောင်းအလဲက လူအများကို မင်သက်သွားစေသည်။

လုကျန်းဟိုင်၏မျက်နှာအမူအရာကလည်း ပြောင်းလဲသွားပြီး ချက်ချင်းလိုလို ခန္ဓာကိုယ်ကို ကာကွယ်မည့်ရတနာကိုထုတ်ဖော်လိုက်ရသည်။ လေထဲတွင် အလွန်အမင်းကြီးမားသော မှန်တစ်ချက်က ထွက်ပေါ်လာပြီးသည်နှင့် လုကျန်းဟိုင်၏ပုံရိပ်ကို ကာကွယ်ထားတော့သည်။

ဝုန်း

မီးနဂါးက ထိုမှန်ကို ဝင်ဆောင့်တွန်းလိုက်ချိန်တွင် ကိုယ်ထည်မှ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်များက ထွက်ပေါ်လာကာ လေထုကိုပြင်းထန်စွာ တုန်ခါလာစေသည်။ သို့သော်သိပ်မကြာခင်အချိန်တွင် ကွဲအက်ရာများက ထွက်ပေါ်လာသည်။

ကွဲအက်သံနှင့်အတူ ထိုမှန်ကလည်း ကွဲကြေသွားသည်။ လုကျန်းဟိုင်က နောက်ဆုတ်လိုက်ရသည်။ သူ၏ခမ်းနားသောအဝတ်များက လောင်ကျွမ်းသွားကာ အချို့နေရာများဆိုလျှင် မဲတူးသွားလေသည်။

သူက အိမ်တော်ခွဲတစ်ခုမှ အိမ်တော်အရှင်တစ်ယောက်ဖြစ်ပြီး သူ၏မိသားစုရှေ့တွင်ပင် အပြင်လူ၏အမဲလိုက်ခြင်းကို ခံနေရသည်။

တတိယအိမ်တော်ခွဲမှ အကြီးအကဲတစ်ယောက်က သူ့ကိုလှောင်သည်။

“အခြေအနေကိုနားမလည်တဲ့ကောင်က ဒီလိုအခြေအနေမျိုးဖြစ်သွားရမှာပဲ တကယ်ကိုအမြင်ကျဉ်းလွန်းတယ်”

“မင်းဆိုင်ရှင်ဘဝတည်းက စပြီး စီးပွားရေးလုပ်တဲ့လုပ်ငန်းတစ်လျှောက်လုံး ငါကကူညီပေးတယ်ဆိုတာက မင်းက အမြင်ရှိတယ်လို့ လက်ခံထားလို့ပဲ။ ဒီလောက်အထိ ရူးနှမ်းမယ်လို့မထင်ထားဘူး”

“ကံကောင်းစွာနဲ့ ငါတို့က အသိဝင်ခဲ့လို့ မဟုတ်ရင် ငါတို့ရဲ့တတိယအိမ်တော်ခွဲတစ်ခုလုံးက သူနဲ့အတူမြေမြုပ်ရတော့မှာ”

အကြီးအကဲများက ချက်ချင်းလိုလို လုကျန်းဟိုင်ကို ကျိန်ဆဲနေကြသည်။ လုကျန်းဟိုင်က အံကိုကြိတ်ပြီးပြောသည်။

“မင်းတို့အခု ငါ့ကိုလှောင်နေကြပြီပေါ့။ ဒီသခင်ကြီးကြောင့်သာမဟုတ်ရင် မင်းတို့အဲ့ဒီကျွန်တွေ အဲ့ဒီစိတ်ဝိဉာဉ်ကျောက်တုံးတွေ ဘယ်နေရာက ရမှာလဲ”

သူကအစပိုင်းကတည်းက နည်းလမ်းမျိုးစုံသုံးကာ ကြွယ်ဝအောင်ကြိုးစားခဲ့သည့်အပြင် သူ၏ ဝန်းကျင်မှ လူတိုင်းကိုလည်း ထောက်ပံ့ခဲ့လေသည်။ တတိယအိမ်တော်ခွဲက သူ့ကြောင့်သာမဟုတ်လျှင် ထိုမျှအထိ အောင်မြင်လာခဲ့မည်မဟုတ်ချေ။သို့ရာတွင် ထိုအကြီးအကဲတစ်ယောက်ကမှ လုကျန်းဟိုင်ကို ယခုကဲ့သို့ လှောင်ပြောင်ပြောဆိုမည့်အရေးကို မထည့်တွက်မိခဲ့ချေ။

“ရူးလိုက်တာ ငါတို့သူ့ကိုအရင်ဆုံးသတ်လိုက်သင့်လား။ ဒီလိုဆိုရင် မိသားစုကို အရင်ဆုံးဆွဲချသလိုဖြစ်တော့မှာမဟုတ်ဘူး”

အကြီးအကဲတစ်ယောက်က တည်ငြိမ်စွာပြောသည်။ လုနန်ဖုန်းက လက်ယမ်းပြလိုက်သည်။ ယင်လော့ဂိုဏ်းမှ အနက်ရောင်ဝတ်စုံနှင့် လူတစ်အုပ်က ချက်ချင်းလိုလို သူ့အားဝိုင်းလိုက်ကြသည်။

လုကျန်းဟိုင်၏မျက်ဝန်းတွင် နာကျင်ဟန်က ထွက်ပေါ်လာသည်။ သူ၏နှုတ်ခမ်းကလည်း ခါးသီးစွာပြုံးနေလေသည်။

သူသာထိုသို့မရွေးချယ်ခဲ့လျှင် သူကမနက်ဖြန်အထိ တတိယအိမ်တော်ခွဲမှ ခေါင်းဆောင်ဖြစ်နေပေလိမ့်မည်။ သို့သော်တစ်ချိန်တွင် သူတို့၏ကြွယ်ဝမှုများကို ဝါးမြိုပြီးသည်နှင့် သူတို့၏အဆုံးသတ်ကလည်း ကျရောက်လာခဲ့ဦးမည်ဖြစ်သည်။ ထို့ကြောင့် လုကျန်းဟိုင်က လက်မခံနိုင်ခဲ့ချေ။

ဒီနေရာတွင် လုဝူတိဟူသည့်ပြိုင်ဘက်ကင်းသူရှိနေကတည်းက လုကျန်းဟိုင်က အတူသွားရန်ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သည်။ နှစ်ဖက်လုံးက လမ်းဆုံးဖြစ်နေရာ သူ့အတွက်အဆုံးသတ်ကောင်းမရှိချေ။

“မင်းတို့ငါ့ကိုသတ်ချင်ရင်သတ်လိုက် ဒီနှစ်တွေအတောအတွင်း ငါဘာလုပ်ခဲ့သလဲဆိုတာ မင်းတို့တွေသိထားကြတာပဲ။ အခုအချိန်ကျမှ လာပြီးအရှက်ခွဲမနေကြနဲ့”

လုကျန်းဟိုင်၏ အသံက လေးနက်လာသည်။

သူ့အတွက် ကျွမ်းကျင်ပညာရှင်များနှင့် တစ်ယောက်ထဲတိုက်ခိုက်ရန်ကလည်းမဖြစ်နိုင်ခဲ့ချေ။ ဒီနေ့မှစတင်ပြီး လုကျန်းဟိုင်က ပျောက်ကွယ်တော့မည့်အနေအထားတွင်ရှိနေသည်။

“မင်းသေသွားရင် မင်းရဲ့ဆက်ခံသူတွေဆီက ငါလျော်ကြေးတောင်းပေးမယ်”

မီးဖယောင်းဓားက ထိုသို့ပြောပြီးသည်နှင့် သူ၏မျက်လုံးအတွင်း လောဘများက လင်းလက်လာသည်။

ထို့နောက် သူကလုကျန်းဟိုင်၏လက်ကိုဖမ်းဆွဲရန် ကြံစည်သည်။

ဝုန်း

ထိုအချိန်တွင်ပင် မီးဖယောင်းဓားက လေနံရံတစ်ခုနှင့်တွန်းတိုက်မိသလိုမျိုး ရှေ့ဆက်တိုး၍မရနိုင်တော့ချေ။

“အာ”

မီးဖယောင်းဓားက မျက်ခုံးပင့်ကာပြောသည်။

“မင်းကတိုက်ခိုက်ရဲသေးတာလား”

လုကျန်းဟိုင်က လုဝူဟိန်ကြောင့် ဒဏ်ရာရထားပြီးသားဖြစ်သည်။ ယခုအခါ သူကရတနာကိုသုံးပြီး အသက်ကို ကာကွယ်ခဲ့ရသည်။ မမျှော်လင့်ထားစွာပင် သူ့တွင်ဝှက်ဖဲများရှိနေမည်ဟု မထင်ထားမိပေ။

“ကောင်းကင်မှာ ဟိန်းဟောက်နေတဲ့မီးနဂါး”

အပိုင်း ၁၃၄၂

မီးဖယောင်းဓားက ချက်ချင်းလိုလိုဓားကိုလွှဲမြောက်လိုက်ပြန်ကာ ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်စွမ်းအားများကို ထုတ်ဖော်လိုက်ပြန်သည်။

ထိုအချိန်တွင် ကောင်းကင်သို့ထိုးတက်သွားသည့် မီးတောက်များအားလုံးက မမြင်ရသောလေထု၏ ဖယ်ရှားခြင်းကိုခံရသလိုမျိုး ရှေ့ဆက်တိုး၍မရပြန်ချေ။ လေထဲတွင် သက်ပြင်းချသံက ထွက်ပေါ်လာသည်။

“ဘယ်အကောင်လဲ မတ်တပ်ရပ်စမ်း”

မီးဖယောင်းဓားက ဒေါသထွက်လာသည်။ သူကဓားတစ်ချက်ထဲနှင့် လုကျန်းဟိုင်ကို သတ်လိုပြီး နာမည်ကောင်းရယူလိုသည်။ သို့မှသာလျှင် လုနန်ဖုန်းထံမှ လုကျန်းဟိုင်၏ပိုင်ဆိုင်မှုများကိုတောင်းဆိုရာတွင် ပမာဏများစွာရရှိမည်ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုကိစ္စကို တစ်စုံတစ်ယောက်က ဝင်နှောင့်ယှက်ရဲသည်။

“လုကျန်းဟိုင်က မင်းကိုအကျိုးအမြတ်တွေအများကြီးပေးထားပြီးပြီ။ ဘာလို့ကျွေးတဲ့လက်ကို ပြန်ကိုက်တာလဲ”

လုယွီက ထိုင်ခုံမှဖြေးညင်းစွာထလာသည်။

လုကျန်းဟိုင်လေးစားစွာ ဖိတ်ခေါ်ထားသော လူအယောက်သုံးဆယ်ကျော်တိုင်းက တစ်ဖက်ခြမ်းသို့ ရောက်သွားခဲ့ပြီး လုယွီတစ်ယောက်ထဲကသာ ထိုင်ခုံတွင်ထိုင်လျက် စိုက်ကြည့်နေခြင်းဖြစ်သည်။

လုယွီဝတ်ထားသောအပြာရောင်ဝတ်စုံကြောင့် သူကပို၍မျက်စိဖမ်းစားနေသည်။

ဘေးဘက်ခြမ်းတွင်ထိုင်နေသော ချူယွီလော်က တုန့်ဆိုင်းစွာပြောလိုက်သည်။

“ဝမ်ချန်း”

သူမက သူ့အားတားလိုသည်။

သို့သော် လုယွီက သူမအားလက်ရမ်းပြပြီးနောက်တွင် လုကျန်းဟိုင်ရှေ့သို့ဖြေးညင်းစွာလျှောက်သွားကာ ပြောလိုက်သည်။

“မင်းကဒီလိုလူမျိုးဖြစ်နေရင် အနာဂတ်မှာ ဘယ်သူကမင်းကိုယုံကြည်တော့မှာလဲ”

ချက်ချင်းလိုလိုမီးဖယောင်းဓားက မျက်နှာပျက်ယွင်းသွားသည်။

“ကောင်လေး မင်းကဘာသိလဲ”

မီးဖယောင်းဓားကနှာခေါင်းရှုံ့သည်။

“ငါကလက်ရှိကိစ္စကို ဖြေရှင်းနေတာ ငါကအဓိကအိမ်တော်နဲ့အတူ သေစရာလား”

ထိုစကားထဲတွင် မောက်မာမှုက တစ်စွန်းတစ်စရှိနေသည်။

သူကလုနန်ဖုန်းနှင့် ပူးပေါင်းခဲ့ချိန်က လုမိသားစုမှ အခြေအနေပြောင်းလဲမည့်အရေးကိုနားလည်ခဲ့သည်။ ပိုဆိုးသည်မှာ သူ့တွင်ပြင်းထန်သောအင်အားများရှိသည့်အတွက် လုနန်ဖုန်းကသာ လုမိသားစုမှ ခေါင်းဆောင်ဘိုးဘေးတစ်ယောက်ဖြစ်လာခဲ့လျှင် သူကလည်း မမျှော်လင့်ထားသောအကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။

မီးဖယောင်းဓားက ခေါင်းကိုမော့လျက် ဂုဏ်ယူစွာပြောသည်။

“ငါ့လိုရှေ့ရေးကိုမြင်နိုင်စွမ်းရှိတဲ့လူကို မင်းလိုလူငယ်တစ်ယောက်က ဘာနားလည်မှာလဲ။ မင်းကဒီအတိုင်းကောင်းကင်ရဲ့အမြင့် အသက်ရဲ့ရှည်လျားမှုကိုနားမလည်သေးတဲ့ကလေးတစ်ယောက်ပဲ။ ငါကမင်းကိုလွှတ်ပေးချင်ပေမဲ့ မင်းကအသေခံချင်နေမှတော့လဲ…”

“နှမြောစရာပဲ ဒီနေ့မှာ မြောက်ပိုင်းနယ်မြေမှာ အဆင့်လွန်အဆင့်လူငယ်ပါရမီရှင်တွေရှားပါးနေတာ”

ထို့နောက် ကောင်းကင်တွင်ရှိသောမီးနဂါးက တိုက်ရိုက်ပင် ထိုးဆင်းလာလျက် လုယွီထံသို့ဝင်လာသည်။ လူအများစုက ထိုမြင်ကွင်းကိုမြင်ကာ သက်ပြင်းချကြသည်။

လုယွီက အောင်မြင်မှုများစွာ ရထားခဲ့သည့်တိုင်အောင် ဆေးလုံးများဖြင့်သာ သူကအဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သောလူမျိုးက အချိန်အတန်ကြာကျော်ကြားခဲ့သော ပါရမီရှင်ကြီးတစ်ယောက်ကို မယှဉ်နိုင်ချေ။

“ကြည့်ရတာမြောက်ပိုင်းနယ်မြေကတော့ ခေါင်းဆောင်ပိုင်းတွေပြန်ရွေးရတော့မယ်”

“ဘယ်တစ်ယောက်ကမှားသလဲတော့ငါမသိပေမဲ့ ဒီကိစ္စကို သူကဝင်စွတ်ဖက်ရဲတယ်။ သူကအဆင့်လွန်အဆင့်ဖြစ်တော့ ဘာဖြစ်လဲ။ လုဝူတိဆိုရင် နတ်သူငယ်အဆင့်အဆင့်ကိုရောက်နေတာတောင် ရုန်းကန်နေရတုန်းပဲမဟုတ်လား”

လုယွီက ထိုမီးဖယောင်းဓားကိုကြည့်သည်။ သူ၏မျက်နှာတွင် ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများကို မမြင်နိုငချေ။

လုယွီကမလှုပ်ကြောင်းမြင်သောအခါ မီးဖယောင်းဓား၏အပြုံးကပို၍တောက်ပလာသည်။

“ကောင်လေး ကြောက်နေပြီလား”

ထို့နောက် ကောင်းကင်မှမီးနဂါးကြီးက နီးကပ်လာပြီဖြစ်သည်

လုကျန်းဟိုင်က စိုးရိမ်စွာပြောသည်။

“ဆရာသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်း ဝင်မပါပါနဲ့”

သူကအမြဲတစေ တွက်ချက်တတ်သောသူဖြစ်သော်လည်း ပါရမီရှင်များကိုမူ အလွန်တန်ဖိုးထားသေးလေသည်။ ထို့ကြောင့် လုယွီကို မသေစေချင်ပေ။

လုယွီကသာ ဒီနေရာတွင်သေသွားလျှင် နှမြောစရာကောင်းနေပေလိမ့်မည်။ လုကျန်းဟိုင်က ဓားဆွဲထုတ်ပြီး တားဆီးတော့မည့်အချိန်တွင်ပင် သူက ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

လုယွီက လက်ဆန့်ထုတ်လျက် နီးကပ်လာသော မီးနဂါးကြီးကို အသာအယာဖမ်းကိုင်လိုက်ခြင်းဖြစ်သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ အဆင့်လွန်အဆင့်များ၏တိုက်ပွဲကြောင့် စိတ်လှုပ်ရှားနေသော သူများကပင် ထိုမြင်ကွင်းကြောင့် ကြောင်အသွားလေသည်။

မီးဖယောင်းဓား၏ ထိုမီးနဂါးတိုက်ကွက်က သူ၏အစွမ်းအထက်ဆုံးတိုက်ကွက်ဖြစ်သည်။ လုကျန်းဟိုင်ကဲ့သို့သူမျိုးပင် တောင့်ခံနိုင်စွမ်းရှိရုံမျှသာလျှင် တတ်နိုင်လောက်လေသည်။ သို့ရာတွင် လုယွီကမူ လက်ဆန့်တန်းပြီး အသာအယာဖမ်းကိုင်လိုက်သည်။

“မင်း”

မီးဖယောင်းဓား၏မျက်ဝန်းများက နီရဲသွားသည်။ သူကစတင်ပြီး တွန်းကာ သူ၏ဓားဖြင့် လုယွီကို ထိုးသတ်ရန်ကြိုးစားသော်လည်း အချိန်တစ်ခုကြာသည်အထိ သူ၏ဓားက လှုပ်၍မရတော့ချေ

“ဂရုစိုက်”

ချူယွီလော်က လှမ်းအော်သည်။လုယွီ၏မျက်နှာကမူ တည်ငြိမ်နေသေးသည်။

“မင်းရဲ့ဒီအင်အားလောက်နဲ့ သစ္စာဖောက်ရဲတာလား”

လုယွီက အားအနည်းငယ်ပိုစိုက်လိုက်သည်။

ခရက်

ပေါ့ပါးသောကွဲအက်သံနှင့်အတူ မီးဖယောင်းဓားကိုင်ထားသော ဓားရှည်က နှစ်ပိုင်းကွဲသွားသည်။ မီးဖယောင်းဓားကလည်း သက်ရောက်ခံရကာ သွေးအပြည့်အန်ထုတ်လိုက်ရပြီး မျက်နှာကဖြူဖျော့သွားသည်။ သူက ဒေါသတကြီးရယ်သည်။

“ကောင်းတယ် အရမ်းကောင်းတယ် မင်းကငါ့ရဲ့ဓားကိုဖျက်ဆီးရဲတယ်ပေါ့ ငါစိတ်ပြောင်းသွားပြီ။ ငါမင်းကိုပြန်ခေါ်သွားပြီး နှိပ်စက်ပြမယ်”

“ကောင်းတယ်”

ရုတ်တရက် မီးဖယောင်းဓား၏ခေါင်းထဲတွင် အသံထွက်လာသည်။ မီးဖယောင်းဓားက အလွန်အံ့သြသွားပြီး လှည့်ကြည့်လိုက်ချိန်တွင် လုယွီကိုမတွေ့ရတော့ချေ။ သူကခေါင်းကိုလျှင်မြန်စွာ လှည့်လိုက်ပြန်ချိန်တွင် သူ၏ခေါင်းက မြေပြင်သို့ပြုတ်ကျသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

“ဘယ် ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ”

ထိုအချိန်တွင် လူတိုင်းက အံ့သြသွားကြသည်။ တစ်ဖက်လူက ဆေးလုံးကြောင့်အဆင့်တက်လာသော မာနကြီးသည့်လူငယ်တစ်ယောက်မျှသာလျှင်ဖြစ်သည်။ သို့သော်ချက်ချင်းလိုလို မီးဖယောင်းဓားကို အဆုံးသတ်လိုက်လေသည်။

လုယွီက ဓားကိုလှုပ်ရှားပြီး မီးဖယောင်း၏ ခန္ဓာနှင့် စိတ်ဝိဉာဉ်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

ထိုအခါ မြင်ကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားတော့သည်။ လူအများစုက အပြာရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးကိုစိုက်ကြည့်နေကြသည်။

ထို့နောက် မြေပြင်တွင်ရှိသောအလောင်းကိုပြန်ကြည့်ပြီးနောက်တွင် အားလုံးက ခြောက်ခြားသွားကြသည်။ လူအများစုက မီးဖယောင်းဓားမည်သို့သေဆုံးသွားကြောင်းပင် ရှင်းလင်းစွာမမြင်လိုက်ရချေ။

“ဒီကောင်လေးက ဆေးလုံးတွေသုံးလိုက်တာဖြစ်ရမယ်။ ဒါကြောင့် ယာယီအားဖြင့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နတ်သူငယ်အဆင့်ကိုရောက်သွားတာဖြစ်လောက်တယ်”

“သူ့ရဲ့ဆေးစွမ်းအားသက်ရောက်မှု ပြသတဲ့အချိန်ကုန်သွားပြီးတဲ့နောက်မှာ သူနဂိုပုံစံပြန်ဖြစ်သွားမှာပါ”

လုနန်ဖုန်းကအထင်တသေးပြောသည်။ မီးဖယောင်းဓားက သူ၏အဖွဲ့မှမဟုတ်သည့်အတွက် သေသွားလျှင်ပင် သူက ဂရုမစိုက်ချေ။

အပိုင်း ၁၃၄၃

လုနန်ဖုန်းက ထိုသို့သတိပေးလိုက်ချိန်တွင် လူအများစုက သတိထားမိသွားကြသည်။ နဂိုက လုယွီ၏အင်အားကို အံ့သြသွားသေးသည်။ ယခုအခါ အားထား၍မရကြောင်း နားလည်သွားကြသည်။

“ဆေးလုံးကြောင့်ကိုး”

သူတို့က လက်ခံလိုက်ကြသည်။ မည်သို့ပင်ဆိုစေ လူငယ်တစ်ယောက်ကစီနီယာမျိုးဆက်ကို လက်ဗလာဖြင့်သတ်လိုက်ခြင်းက မဖြစ်နိုင်ချေ။ သို့ရာတွင် အချို့သူများကမူ မေးသည်။

“နတ်သူငယ်အဆင့် စွမ်းအားကိုယာယီပိုင်ဆိုင်စေနိုင်တဲ့ဆေးလုံးမျိုးက ရှိလို့လား”

“ဝမ်ချန်းက မြောက်ပိုင်းနယ်မြေရဲ့ ဆေးဝါးပညာရှင်အရှင်သခင်အဆင့်လေ။ သူကမှော်ဆေးလုံးတွေကို လုပ်နိုင်တယ် ဒီတော့ဘာများထူးဆန်းလို့လဲ”

လုနန်ဖုန်းက လုယွီကိုကြည့်သည်။

“ဝမ်ချန်း ငါမင်းရဲ့ပါရမီကိုလေးစားတယ်။ မင်းကသာငါ့ကိုသစ္စာရှိရင် ငါမင်းကိုအပြစ်မတင်ဘူး”

သူ့ကိုတုန့်ပြန်သည့်အနေအထားမျိုးဖြင့် သူ၏ရှေ့သို့ ချွန်ထက်သောဓားများကို ပစ်လွှတ်လိုက်သည်။ ဘုန်းကနဲမြည်သံနှင့်အတူ လုနန်ဖုန်းရှေ့ရှိ မြေပြင်က ပေါက်ကွဲသွားပြီးကြီးမားသော အက်ကွဲရာကြီးများဖြစ်ပေါ်လာသည်။

လုနန်ဖုန်း၏ မျက်နှာက ပြောင်းလဲသွားသည်။

“မင်းက ငါ့ကို ခြိမ်းခြောက်တာလား”

“မင်း အရှုံးပေးတဲ့အထိ… ”

လုယွီက တစ်ဖက်မှ အနက်ရောင်ဝတ်စုံဝတ်လူများကိုကြည့်လိုက်သည်။

“မင်းတို့ကို အဲ့ဒီဂါထာကို ဘယ်သူသင်ပေးတာလဲ”

လုနန်ဖုန်း၏မျက်နှာအမူအရာကပြောင်းလဲသွားသည်။

“သေချင်နေတာပဲ”

သူကယခုအခါ အနိုင်ရရန်သေချာနေပြီဖြစ်သည်။ မတော်တဆမှုတစ်ခုကတင် အခြေအနေကိုပြောင်းလဲသွားနိုင်သည်။ လူတိုင်းက သူ့အားယဉ်ကျေးစွာဆက်ဆံသင့်သော်လည်း ထိုကောင်လေးကမူ သူ့အား ရိုင်းပြနေလေသည်။

“ဆေးလုံးကို မှီခိုနေရတဲ့ကောင်ကများ မင်းကအခု နတ်သူငယ်အဆင့်စွမ်းအားကိုပိုင်ဆိုင်ထားတယ်ဆိုရင်တောင်မှ ဒါကခဏပဲ။ မင်းရဲ့အရှိန်အဝါအားနည်းသွားတာနဲ့ သေရလိမ့်မယ်”

လုနန်ဖုန်းက အံကြိတ်သည်။

သူကအချိန်တစ်ခုကြာသည်အထိ မလှုပ်ရှားရန် ဆုံးဖြတ်ထားသည်။ သို့သော် အနက်ရောင်ဝတ်စုံဝတ်လူများကမူ ထိုသို့မတွေးချေ။

လုယွီက မှော်လက်နက်ကို ဖျက်ဆီးနိုင်လိုက်ကတည်းက ထိုလူများအားလုံး၏ အမူအယာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ထိုကဲ့သို့သော မှော်လက်နက်များကို ယင်လော့ဂိုဏ်းမှ နှစ်ပေါင်းများစွာကျင့်ကြံထားသော ဘိုးဘေးအဆင့်များကပင် မဖျက်ဆီးနိုင်ကြချေ။ ထို့အပြင် လုယွီမေးခဲ့သောမေးခွန်းကရှိနေသေးသည်။

“မင်းရဲ့နာမည်က ဝမ်ချန်းလား”

အနက်ရောင်ဝတ်စုံနှင့်လူများက လုယွီကို ဝိုင်းထားကြသည်။

“မင်းက ဘယ်နေရာက နတ်ဘုရားကံကြမ္မာကို အထွန့်တက်ခြင်းဆိုတဲ့ မှော်ဂါထာကိုတတ်လာတာလဲ”

လုယွီကလည်း သက်ပြင်းချပြီးပြောလိုက်သည်။

“ဒီလိုအဆင့်နိမ့်မှော်စွမ်းအင်မျိုးကို ကျင့်နေကြတုန်းပဲလား”

သူ၏ယခင်ဘဝတွင် သူကမြေအောက်လောကမှ အုပ်ချုပ်သူတစ်ယောက်ဖြစ်ခဲ့ချိန်က ထိုကဲ့သို့ဂါထာပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုမှော်သိုင်းများကို သူကကိုယ်တိုင်ကိုယ်ကျ လေ့လာသုံးသပ်ခဲ့ပြီး ဘေးထွက်ဆိုးကျိုးပေါင်းများစွာရှိသည့်အတွက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုသိုင်းများက ရက်စက်လွန်းနေသည်။ ထိုကဲ့သို့သော မှော်အမျိုးအစားမျိုးက သူ၏ယခင်ဘဝတွင်အကုန်ဖျက်ဆီးခဲ့သည်ဟု သူကထင်ခဲ့သည်။ သို့သော် ဖျက်ဆီး၍မရသည့်သိုင်းတစ်မျိုးသာလျှင် ကျန်ရစ်ခဲ့သည်။

ထို့အပြင် ကျင့်ကြံသည့်နည်းလမ်းကလည်းအလွန်အမင်းရက်စက်သည်။ ပထမဦးစွာ ယင်စွမ်းအင်ပေါများသောနေရာတွင် မွေးဖွားသောလူတစ်ယောက်ကိုရှာဖွေရမည်ဖြစ်သည်။ ထိုကဲ့သို့နေရာမျိုးတွင် မွေးဖွားလာသည့်အတွက်ထိုလူ၏ဘဝက အမြဲတစေ ဆိုးရွားကာ ကံဆိုးနေလေ့ရှိသည်။ ထိုကဲ့သို့သောလူမျိုးက နောက်ပိုင်းတွင် စိတ်ဓာတ်ကျစွာသေဆုံးရမည်ဖြစ်သည်။ ထိုလူသေသွားသည်နှင့် ထွက်လာသည့်ရန်ငြိုးကြီးဝိဉာဉ်က အင်အားအကြီးဆုံးဖြစ်သည်.

နောက်ပိုင်းတွင် ထိုလူ၏ဝိဉာဉ်ကို ကြိုးများဖြင့်တုတ်ကာ သန့်စင်လိုက်မည်ဆိုလျှင် ကျလာမည့် သွေးရည်စက်တစ်စက်ကိုရရှိလာမည်ဖြစ်သည်။ ထိုနောက်ပိုင်းတွင် ကြိုးကိုအသုံးပြုချိန်တိုင်း အချည်ခံရသည့်လူ၏ စိတ်ဝိဉာဉ်အပေါ် သင်္ကေတထွင်းထုသကဲ့သို့ဖြစ်သွားမည်ဖြစ်ကာ တစ်ဖက်သူကို ကိုင်တွယ်ထိန်းချုပ်လာနိုင်ပေလိမ့်မည်။ သို့ရာတွင် ထိုမှော်စွမ်းအင်က အင်အားကြီးမားသော်လည်း ကျင့်ကြံသည့်နည်းလမ်းက ရက်စက်လွန်းသည်။ မိစ္ဆာအတတ်ကိုကျင့်ကြံသဖြင့် နတ်ဘုရားအမျက်ဒေါသကိုခံရသကဲ့သို့ လူအများစုက ဒေါသအလွန်ကြီးကာ လောဘကြီးလာလေ့ရှိသည်။

သူက ထိုဂါထာကို မည်သို့ဖျက်ဆီးရမည့်အကြောင်းကို မသိထားသော်လည်း မပြီးပြည့်စုံသည့် မိစ္ဆာအတတ်တစ်မျိုးကို ကြောက်လန့်နေမည်မဟုတ်ချေ။

“အဆင့်နိမ့်ဟုတ်လား”

ထိုလူများအားလုံးက ရယ်မောကြသည်။

အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က နှာခေါင်းရှုံ့သည်။

“တကယ်အင်အားကြီးတဲ့မှော်ဂါထာက ဘာလဲဆိုတာ မင်းက မြင်ဘူးလို့လား။ မင်းလိုဆေးဝါးပညာရှင်တစ်ယောက်က ဘာသိမှာလဲ”

ယင်လော့ဂိုဏ်းမှသိုင်းက အလွန်မြင့်မားသည်။ မှော်သိုင်းတစ်မျိုးချင်းစီတိုင်းကပင် အလွန်အမင်းစွမ်းအားကြီးမားလေသည်။ ထိုလူများက ယင်လော့ဂိုဏ်းကို ဝင်ခဲ့သည်ကလည်း ထိုသိုင်းများကြောင့်ဖြစ်သည်။

လုယွီက သူတို့ကျင့်သောသိုင်းကိုပင် အဆင့်နိမ့်ဟု ခေါ်ဆိုနေလေသည်။

“ငါက သူ့ရဲ့ဝိဉာဉ်ကိုယူလိုက်မယ်”

အနက်ရောင်ဝတ်စုံနှင့်သူက ပြောသည်။

“ငါဆေးဝါးပညာရှင်တွေ လိုအပ်နေတာ သူကငယ်ရွယ်သေးတော့ သူ့ရဲ့စိတ်ဝိဉာဉ်က ပိုကောင်းနေမှာပဲ”

အခြားသူများကလည်း နားလည်စွာပြုံးလိုက်ကြသည်။ ယင်လော့ဂိုဏ်းက ငရဲနယ်မြေကဲ့သို့ဖြစ်သည်။ ယင်လော့ဂိုဏ်းမှဂိုဏ်းသားပေါင်းများစွာက လူအများ၏ စိတ်ဝိဉာဉ်ကိုသုံးပြီး မှော်လက်နက်များ ပြုပြင်ခြင်းနှင့် မှော်စွမ်းအင်များတိုးတက်အောင်လေ့ကျင့်ရခြင်းကို နှစ်ခြိုက်ကြလေသည်။ ထို့ကြောင့်သူတို့ထံတွင်ငရဲကဲ့သို့ မရေမတွက်နိုင်သော စိတ်ဝိဉာဉ်ပေါင်းများစွာရှိသည်။ အများစုက ယင်လော့ဂိုဏ်းထံသို့ရောက်သွားသည်နှင့် ဆိုးရွားသောဘဝကို ကြုံတွေ့ကြရသည်။

“နတ်ဘုရားရဲ့အမျက်ဒေါသ အခုပဲ”

အနက်ရောင်ဝတ်စုံဝတ်များက ချက်ချင်းလိုလို ရှုပ်ထွေးသော သင်္ကေတများကိုထုတ်ဖော်ကာ ဂါထာများကို ရွတ်ဆိုလိုက်ကြသည်။ လေထဲတွင် သံမဏိကြိုးတစ်ကြိုး ထွက်ပေါ်လာပြီးသည်နှင့် သူ၏ကိုယ်ကို တင်းကြပ်စွာဝိုင်းပတ်သွားကာ ပြင်းထန်သောစွမ်းအားများက ထွက်ပေါ်လာတော့သည်။ ထို့နောက်သူကလုယွီထံသို့ ခုန်ဝင်လာသည်။

ပတ်ဝန်းကျင်တွင် အနက်ရောင်မြူထုများက ပြည့်လာပြီး ငယ်သံပါအောင် အော်ဟစ်သံများ၊ ငိုကျွေးသံများက ထွက်ပေါ်လာသည်။ ထိုဆူညံသံက ကျယ်လွန်းသဖြင့် ကြည့်ရှုသူများကပင် မူးဝေသလို ခံစားလိုက်ကြရသည်။

“မင်းက ပေါက်ကရတွေ ပြောရဲတယ်ဆိုမှတော့ ဒီသိုင်းတွေကို ဖြေရှင်းရမဲ့ နည်းလမ်းကိုသိချင်နေမှာပဲ”

အနက်ရောင်ဝတ်စုံနှင့်လူက လက်ဆန့်တန်းပြီးနောက်တွင် သူ၏ကိုယ်တွင်ရစ်ပတ်ထားသော ကြိုးက ပြေလျော့သွားကာ လုယွီ၏ကိုယ်ထံသို့ ချည်းကပ်သွားလေသည်။

အပိုင်း ၁၃၄၄

ဝုန်း

ထိုကြိုးက လုယွီနှင့်နီးကပ်သွားချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ လုယွီ၏ကိုယ်မှ အဖြူရောင်အငွေ့များ ထွက်လာသည်။ ထိုအချိန်တွင် လုယွီက လက်တစ်ဖက်ကိုအနောက်တွင်ထားလိုက် အခြားတစ်ဖက်ကိုဖြန့်ကားလိုက်ချိန်တွင် သံမဏိကြိုးက ရုန်းကန်မှုမရှိဘဲ လက်ပေါ်အသာအယာကျသွားလေသည်

“မင်းတို့သတ်ခဲ့တဲ့လူတွေက မနည်းဘူးပဲ”

လုယွီ၏မျက်ဝန်းက အေးစက်နေသည်။ ထိုကဲ့သို့သော မိစ္ဆာလက်နက်ကိုသန့်စင်ရန်အတွက်လူပေါင်းများစွာကို သတ်ဖြတ်ရန်လိုအပ်လေသည်။ အနက်ရောင်ဝတ်စုံဝတ်လူက အင်အားများရရှိရန်အလို့ငှာ လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့သည်။ လုယွီက ထိုကဲ့သို့သောလူမျိုးကို လွှတ်ပေးလေ့မရှိချေ။

ထိုသို့တွေးပြီးနောက် လုယွီ၏လက်ထဲတွင် အဖြူရောင်အလင်းများတောက်ပလာပြီး လေထုမှ သိပ်သည်းနေသောမြူထုများကို ဖယ်ရှားလိုက်သည်။ ထို့နောက်တဆစ်ဆစ်မြည်သံများက ထွက်ပေါ်လာပြီးသည်နှင့် အနက်ရောင်အငွေ့များက မြောက်တက်လာတော့ကာ ကြိုးကလောင်ကျွမ်းလေတော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ နှလုံးသားက နာကျင်သလိုခံစားရပြီး သူ၏ရင်ကပင် လောင်ကျွမ်းသည့်ခံစားချက်မျိုးကို ရလာခဲ့ကာ ရုတ်တရက် အော်ဟစ်လျက် အဝေးသို့ လွင့်ထွက်သွားသည်။ သူကသူ့လက်တွင်ရှိသော သင်္ကေတကို ဖြန့်ကြည့်လိုက်ရာတွင် ထိုနေရာတွင် လောင်ကျွမ်းသောသင်္ကေတကြီးကို မြင်လိုက်ရလေသည်။

“ဘယ်လိုဖြစ်တာလဲ”

ထိုအနက်ရောင်ဝတ်စုံနှင့်လူက အလွန်အံ့သြသွားလေသည်။ သူကရုတ်တရက်တစ်စုံတစ်ရာကိုတွေးမိကာပြောသည်။

“မင်းက တာအိုပညာရှင်ပဲ”

အခြားသောအနက်ရောင်ဝတ်စုံဝတ်လူများအားလုံးကလည်း အံ့သြသွားကြသည်။ သိပ်မကြာခင်အချိန်တွင် သူတို့က လုယွီကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ကြည့်ကြသည်။

ရှေ့ဆုံးတွင်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်သူက ရက်စက်စွာပြောလိုက်သည်။

“မင်း မကြောက်တာမအံ့သြတော့ပါဘူး။ မင်းက တာအိုပညာရှင်ဖြစ်နေတာကိုး။ အခုတော့ ငါ မင်းကို သတ်ရတော့မယ်”

ကွန်ဖူးရှပ်ဝါဒသုံးသော တာအိုပညာရှင်များက မိစ္ဆာအတတ်ကျင့်ကြံခြင်းအတွက် ကြီးမားသောအဟန့်အတားဖြစ်သည်။ အချို့သောလူများကမူ အဆင့်နိမ့်မိစ္ဆာအတတ်ကျင့်ကြံသူများကို ချက်ချင်းလိုလိုသေစေနိုင်စွမ်းရှိလောက်အောင် ပြင်းထန်သည့် အဖြူရောင်အလင်းတန်းများကို လွှတ်ထုတ်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် ထိုအတတ်ကျင့်ကြံသူများအားလုံးက ယင်လော့ဂိုဏ်းအတွက် အကြီးမားဆုံးရန်သူများဖြစ်ကြသည်။ ထိုလူများအားလုံးပေါင်းကာ ယင်လော့ဂိုဏ်းကိုတိုက်ခိုက်ခဲ့ဖူးသောကြောင့် ရှင်သန်ကျန်ရစ်သူအနည်းငယ်မျှသာ ကျန်တော့သည်အထိ ဖြစ်ခဲ့ရသေးလေသည်။

“သွားသေလိုက်တော့”

အနက်ရောင်ဝတ်စုံဝတ်လူများက တစ်ချိန်ထဲလိုလိုလှုပ်ရှားကြသည်။ သူတို့က အမျိုးမျိုးသောသံမဏိကြိုးများကို ထုတ်ဖော်လိုက်ကြကာ ကောင်းကင်သို့ပစ်လွှတ်လျက် လုယွီကိုဝိုင်းဖမ်းရန် ကြံစည်ကြလေသည်။

ယင်လော့ဂိုဏ်းက အဆင့်လွန်အဆင့်ဆယ့်ကိုးယောက်က အင်အားအကြီးဆုံးသိုင်းများကို ထုတ်ဖော်ကာ လုယွီကို တိုက်ခိုက်နေကြခြင်းဖြစ်သည်။ သူတို့၏အဆင့်မြင့်မိစ္ဆာသိုင်းများကို ထုတ်ဖော်နေကြခြင်းဖြစ်ကာ ကောင်းကင်ကပင် မှောင်မဲလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ အမှောင်ထုကြီးစိုးလာတော့သည်။ သို့ရာတွင် လုယွီက တစ်ယောက်ထဲသမားဖြစ်နေသည်။

လုနန်ဖုန်း၏ မျက်ဝန်းကလည်း လှုပ်ရှားသွားသည်။

“အချိန်ကိုတွက်ရရင် သူ့ရဲ့စိတ်စွမ်းအားသက်ရောက်မှုက ပျယ်သင့်နေပြီ။ လူအများစုက သူ့ကိုဝိုင်းတိုက်နေပြီဆိုတော့ ဒီကောင်လေးကတော့ အလောင်းတောင်ကျန်တော့မယ်မထင်ဘူး”

တစ်ဖက်မှ အကြီးအကဲများကလည် အခွင့်အရေးကိုယူပြီး ပြောကြသည်။

“ဒီလူက လုကျန်းဟိုင် ဖိတ်ခေါ်ထားတာ သူက ငါတို့ရဲ့တတိယအိမ်တော်ခွဲနဲ့မပတ်သတ်ဘူး။ ငါတို့ရဲ့တတိယအိမ်တော်ခွဲက မင်းကိုပဲသစ္စာရှိမှာပါ”

လုနန်ဖုန်းက ဂုဏ်ယူစွာပြောသည်။

“စိတ်အေးအေးထားပါ။ ငါခေါင်းဆောင်ဖြစ်လာရင် မင်းတို့ရဲ့အကျိုးအမြတ်က မနည်းစေရဘူး”

သို့ရာတွင် သူ၏မျက်ဝန်းတွင် အေးစက်သောအလင်းများက လက်လာသည်။ ထိုလူများထဲမှတစ်ယောက်မှ အသက်ရှင်၍မရချေ။ လုယွီကပြောသွားသလိုမျိုး အကျိုးအမြတ်အတွက် အခြားသူထံပြောင်းသွားပြီး ယခင်လူကိုသစ္စာဖောက်သောလူမျိုးကို ယုံကြည်၍မရချေ။ ထိုကဲ့သို့သောလူမျိုးကို သူကအနားတွင်ထား၍မရချေ။

လုနန်ဖုန်းကလည်း ထိုအချက်ကိုကောင်းစွာနားလည်ထားလေသည်။ ထိုအကြီးအကဲများကိုသူ၏အနားတွင် ထား၍မရချေ။

“ကံကောင်းစွာနဲ့ ငါက ဉာဏ်ရှိလို့ လုနန်ဖုန်းရဲ့အနားကို ပြေးလာခဲ့တယ်”

“လုဝူတိကလည်း ကြာကြာခံတော့မှာမဟုတ်ဘူး။ သူက အင်အားကြီးမားပေမဲ့ ငါတို့ရဲ့အကူအညီကိုမရတော့ ဒုက္ခရောက်သွားမှာပဲ။ ဒီကောင်လေး သေသွားတာနဲ့ လုကျန်းဟိုင်ကို အရင်သတ်ကြစို့”

လူတိုင်းက လုယွီကို သေလူဟု သတ်မှတ်နေကြသည်။

သံမဏိချိန်းကြိုးများအားလုံးက ကောင်းကင်တွင်ရှုပ်ထွေးလောက်အောင် များပြားနေပြီး ကောင်းကင်တစ်ခုလုံးအနှံ့ဖြန့်ကျက်ထားသည်။ ထို့ကြောင့် လွတ်မြောက်ရန်လည်းမရှိတော့ချေ။ ထိုသံမဏိကြိုးများအားလုံးက လုယွီရှိသောနေရာကို ပြင်းထန်စွာရစ်ပတ်သွားချိန်တွင် အပြင်လူများက အနက်ရောင်မြူများကြောင့် ပတ်ဝန်းကျင်အခြေအနေကိုရှင်းလင်းစွာ မမြင်ရတော့ချေ။

“ဒီကောင်လေးရဲ့စိတ်ဝိဉာဉ်က သေဆုံးသွားလောက်ပြီ”

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ကပြောလိုက်သည်။ သူက ကြိုးများကိုပြန်လည်ယူရန် ပြင်ဆင်လိုက်သည်။

ခရက်

ရုတ်တရက် ပေါ့ပါးသောဆူညံသံနှင့်အတူ တစ်စုံတစ်ရာကိုရစ်ပတ်ထားသည်ဟု ထင်ရသော သံမဏိကြိုးများအားလုံးက ကွဲအက်လာလေသည်။

“ဘာ”

အနက်ရောင်ဝတ်စုံဝတ်လူများက မတုန့်ပြန်နိုင်ခင်မှာတင် သံမဏိကြိုးပေါင်းများစွာက ရုတ်တရက် ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံနှင့်အတူ ကြိုးမျှင် အစိတ်အပိုင်းပေါင်းများစွာက ပတ်ဝန်းကျင်ကို သဲများ မိုးပေါ်မှကျဆင်းလာသကဲ့သို့ လွင့်စင်သွားသည်။ ထိုကျင့်ကြံသူများသုံးသောသံမဏိကြိုးများက ဖျက်ဆီး၍မရနိုင်လောက်အောင် အလွန်အမင်းခိုင်မာလွန်းနေသည်။ ထို့အပြင် သူတို့၏မိစ္ဆာစွမ်းအားများကလည်း ထိုထဲတွင်အပြည့်ပါဝင်နေလေသည်။ သို့သော်အရာအားလုံးက တစ်ချိန်ထဲလိုလို ပေါက်ကွဲသွားသည်။

မဲမှောင်နေသောမြူထုထဲမှ လုယွီက တစ်လှမ်းခြင်းထွက်လာကာ အနီးဆုံးလူတစ်ယောက်ထံခုန်ဝင်သွားပြီး လည်ပင်းကိုဖမ်းကိုင်လိုက်သည်။

“မင်း”

ထိုလူ၏မျက်နှာက နီရဲသွားသည်။

“မဖြစ်နိုင်ဘူး”

အပိုင်း ၁၃၄၅

“ရက်စက်ကြမ်းတမ်းတဲ့ ရန်ငြိုးကြီးစိတ်စွမ်းအားတွေကို ထည့်ထားပြီးသား။ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာပဲဖြစဖြစ် သေချာပေါက်သေသွားသင့်တာ။ အဆင့်လွန်အဆင့်တွေတောင်မှ ရင်ဆိုင်ဖို့ခက်ခဲတာကို ဘာလို့ဒီလိုလူငယ်တစ်ယောက်က မသေနိုင်သေးတာလဲ”

တစ်ဖက်က တာအိုပညာရှင်ဆိုလျှင်ပင် ထိုသို့မလုပ်နိုင်သင့်ချေ။

လက်ထဲတွင် သံမဏိကြိုးအမှုန်များကို ကိုင်ထားသော အနက်ရောင်ဝတ်စုံနှင့်လူက ရုတ်တရက်အသိဝင်လာသလိုမျိုး ထက်ရှစွာအော်လိုက်သည်။

“သူ့ရဲ့အသားတွေက မာကျောနေတာ ဒါ ဒါ..ဆေးလုံးကြောင့်အဆင့်တက်လာတာမဟုတ်ဘူး။ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကြောင့်ဖြစ်နေတာပဲ”

အနက်ရောင်ဝတ်စုံဝတ်လူများအားလုံး အံ့သြသွားကြသည်။ လုယွီကသာ ဆေးဝါးအရှင်သခင်အဆင့်တစ်ယောက်မဟုတ်ဘဲ သာမာန် တာအိုပညာရှင်တစ်ယောက်ဆိုလျှင် လက်ခံ၍ရသည်။သို့သော် လုယွီ၏ခန္ဓာကိုယ်က မာကျောလွန်းနေလေသည်။

“သူက ဘယ်နှနှစ်ရှိနေလို့လဲ”

“ဟမ့် ခန္ဓာကိုယ်မာကျောတော့ရောဘာဖြစ်လဲ ငါတို့ရဲ့ယင်လော့ဂိုဏ်းက စိတ်ဝိဉာဉ်နတ်ဆိုးတွေတောင် သတ်ဖြတ်လာခဲ့တာ။ သူက မှော်ဆန်ဆန်နဲ့အဆင့်တက်လာခဲ့မယ်ဆိုရင်တောင်မှ ငါတို့က ဒီကောင့်ရဲ့ခေါင်းပေါ် နင်းချေရမှာပဲ”

အနက်ရောင်ဝတ်စုံဝတ်လူများအားလုံး၏မျက်နှာက ခက်ထန်သွားကြသည်။ သူတို့က ချက်ချင်းလိုလိုလျှို့ဝှက်သိုင်းများကို ထုတ်ဖော်လိုက်ကြသည်။

ထိုအချိန်တွင် လုယွီ၏ဘေးဘက်တွင် အနက်ရောင်အရိပ်ပေါင်းများစွာက ထွက်ပေါ်လာပြီး သွားများဖြဲကာကိုက်ဆွဲခြင်း လက်သည်းများထုတ်ကာ လှမ်းဆွဲခြင်းတို့ကို လုပ်လာကြသည်။ အားလုံး၏ပုံပန်းသွင်ပြင်ကဆိုးရွားလွန်းကာ ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

“သူ့ရဲ့စိတ်ဝိဉာဉ်ကို တိုက်ရိုက်သတ်လိုက်”

အနက်ရောင်ဝတ်စုံဝတ်သူများက အော်ဟစ်လိုက်ကြသည်။

“သူ့ရဲ့စိတ်ဝိဉာဉ်ကို ကျိန်စာတိုက်ရမယ်”

ထိုတားမြစ်လျှို့ဝှက်သိုင်းကိုထုတ်သုံးလိုက်သည်နှင့် လုယွီ၏မျက်မှောင်က ကြုတ်လာသည်။ စိတ်ဝိဉာဉ်များက လုယွီ၏မျက်ခုံးကြားတွင်းသို့ ဝင်ကာ သူ၏စိတ်အတွင်းသို့ တိုက်ရိုက်သွားပြီး အဆိုးရွားဆုံးမှတ်ဉာဏ်များကို ပြန်လည်ထုတ်ဖော်လျက် စိတ်ကိုအရင်သတ်မည်ဖြစ်သည်။ ထို့နောက် နှလုံးသားကပါ သေဆုံးသွားပေလိမ့်မည်။

အခြားသူများ၏အမြင်တွင် လုယွီ၏ခန္ဓာကိုယ်က ပါးလျလွန်းနေသည်။ သူတို့က အရာအားလုံးကို ဖောက်ထွင်းမြင်နေရသကဲ့သို့ခံစားနေကြရသည်။ လူအများက ဝိုင်းထားသဖြင့် လုယွီကမလှုပ်နိုင်တော့ချေ။ ထို့ကြောင့် လုယွီကဒီတစ်ကြိမ်တွင် သေချာပေါက် သေမည်ဟု ထင်လိုက်ကြသည်။ မည်သို့ပင်ဆိုစေ ယင်လော့ဂိုဏ်းဆိုသည့် အစွမ်းအထက်ဆုံးတားမြစ်ဂိုဏ်းက စိတ်ဝိဉာဉ်များအတွက် တိုက်ရိုက်အဓိကထား ကျင့်ကြံထားခြင်းဖြစ်သည်။

အနက်ရောင်ဝတ်စုံဝတ်လူများအားလုံးက လုယွီ၏ စိတ်ဝိဉာဏ်စွမ်းအင်ကန်အတွင်းသို့ ဝင်ရောက်လိုက်ကြချိန်တွင် ချက်ချင်းလိုလိုဖျက်ဆီးရန်ကြံစည်ကြတော့သည်။ သို့ရာတွင် သူတို့ရှေ့ရှိမြင်ကွင်းကြောင့် အံ့သြသွားရသည်။ တစ်သီးတစ်သန့်တည်ရှိနေသော လောကတစ်ခုကဲ့သို့ဖြစ်နေသည့် မြင်ကွင်းကိုမြင်လိုက်ကြရပြီး အားလုံးက အံ့သြသွားကြသည်။ အထူးသဖြင့် အကြီးမားဆုံးသော မိုးထိုးနေသောနံရံတစ်ခုဖြစ်သည်။ ထိုနံရံတွင် နဂါးမြို့တော်ဟု ရေးထိုးထားလေသည်

ထိုမြို့၏အလယ်ဗဟိုတွင်လည်း မြေအောက်လောကမှ နတ်ဆိုးများဒူးထောက်ကာ ခစားနေရသောပုံရိပ်တစ်ခုကိုမြင်ရသည်။ ပတ်ဝန်းကျင်မြို့ပတ်ပတ်လည်မှ ရေကန်ထဲမှလည်း ပြင်းထန်သောစွမ်းရည်အရှိန်အဝါများ ထွက်ပေါ်နေလေသည်။ ထို့အပြင် အမျိုးမျိုးသောနတ်ဘုရားများ၏ ကျောက်တုံးရုပ်ထုများကိုလည်း မြင်ရသည်။

မြေအောက်လောကမှ နတ်ဆိုးများ ကိုးကွယ်နေသောရုပ်ထု၏ အနောက်တွင် အနက်ရောင်အလင်းများဖြင့် သိပ်သည်းနေသော လှည့်ဘီးလေးတစ်ခုရှိသည်။

“ဒါက ဘာလဲ”

အနက်ရောင်ဝတ်စုံဝတ်လူများအားလုံးက အံ့သြသွားကြသည်။

သာမာန်အဆင့်လွန်အဆင့်များဆိုလျှင် သူတို့အဆင့်လွန်အဆင့်ထိရောက်အောင်ကျင့်ကြံမည်ဆိုလျှင်ပင် သူတို့၏စိတ်ဝိဉာဉ်ရေကန်က ခြံဝန်းတစ်ဝန်းစာသာကျယ်ပြောသင့်လေသည်။ အချို့သောပါရမီကြီးသူဆိုလျှင် ထိုရေကန်က ပို၍ကျယ်နေမည်ဖြစ်သည့်တိုင်အောင် လုယွီကမူ ရေကန်ဝိုင်းပတ်ကာတည်ရှိနေသည့် မြို့တစ်မြို့တအဖြစ် ပြောင်းလဲထားနိုင်လေသည်။ ထိုဖြစ်ရပ်က သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းကိုပင် ကျော်လွန်သွားသည်။

ထိုအချိန်တွင် ကျောက်တုံးရုပ်ထုက ရုတ်တရက် မျက်လုံးကိုဖွင့်လာသည်။ အကြည့်တစ်ချက်နှင့်တင် ရောက်လာသော အနက်ရောင်ဝတ်စုံဝတ်လူများအားလုံးက မိုးကြိုးပစ်ခံရသလိုမျိုး နေရာတွင် ကြောင်အစွာ ရပ်နေမိကြသည်။ ထို့နောက်တဖုန်းဖုန်းမြည်သံများနှင့်အတူ ထိုကျောက်တုံးရုပ်မှ မျက်လုံးများကြောင့် အနက်ရောင်ဝတ်စုံနှင့်လူများအားလုံး၏စိတ်ဝိဉာဉ်များက ကွဲအက်သွားကြသည်။

“ထွက်ပြေးကြ”

ကျန်ရစ်သောသူများအားလုံးကလည်း ချက်ချင်းလိုလိုထွက်ပြေးရန်ကြံစည်ကြသည်။ သို့သော် ကျောက်တုံးရုပ်ထုက သူတို့အားကြည့်လာသည်။

ဝေးဝေးမပြေးနိုင်ကြသောထိုလူများအားလုံးက တိုက်ရိုက်ပင် အနက်ရောင်အလင်းတန်းများ၏ လိုက်ဖမ်းခံရပြိး သေဆုံးသွားကြသည်။

ထိုအရာ၏သက်ရောက်မှုခံရသည့် လုယွီ၏အနားတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူများအားလုံးကလည်း တစ်ယောက်ပြီးတစ်ယောက် မြေပြင်သို့လဲကျသွားသည်။

လုယွီက အနက်ရောင်ဝတ်စုံဝတ်လူများ၏ မှော်စွမ်းအားများကြားမှ အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုလူများမှ လွှတ်ထုတ်ထားသည့် အနက်ရောင်မြူထုများက သူ၏ပတ်ဝန်းကျင်တွင် ဝိုင်းပတ်နေလေရာ မြင်ကွင်းက ရှုပ်ထွေးနေလေသည်။ ထို့နောက် လုယွီက မျက်လုံးပြန်ဖွင့်လာပြီး တောက်ပသောအလင်းတန်းများကို လွှတ်ထုတ်လိုက်သည်။

“အခုက မင်းရဲ့အလှည့်ပဲ”

လုယွီက အနီးကပ်ဆုံးလူတစ်ယောက်ကို ကန်ထုတ်လိုက်ပြီးနောက်တွင် လုနန်ဖုန်းထံသို့ တိုးဝင်သွားသည်။

အရာအားလုံးက မျက်တောင်တခတ်အချိန်အတွင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်။ လုယွီကိုဝိုင်းထားသော ယင်လော့ဂိုဏ်းသားများက မြေပြင်သို့လဲကျသွားကြသည်။ သူတို့က အသက်မရှူကြတော့ချေ။

လုနန်ဖုန်းကလည်း ထိုမြင်ကွင်းကိုမြင်ပြီး ကြောင်သွားသည်။ ထို့နောက် လုယွီက တစ်လှမ်းချင်းလျှောက်လာကြောင်းမြင်လိုက်ရချိန်တွင် အမူအရာကပြောင်းလဲသွားကာ ထိတ်လန့်လာသည်။

“မဖြစ်နိုင်ဘူး မင်းကဒီအတိုင်းဆေးဝါးပညာရှင်တစ်ယောက်ပဲ။ မင်းကဘာလို့ဒီလောက်အထိ စိတ်ဝိဉာဉ်မှာ သန်မာနေရမှာလဲ”

လုနန်ဖုန်းက မယုံကြည်နိုင်တော့ချေ။ သူသာလျှင်မကဘဲ လူတိုင်းက မယုံကြည်နိုင်ကြခြင်းဖြစ်သည်။

သူတို့၏လုယွီအပေါ်အမြင်က လုယွီက ဆေးလုံးကြောင့်အဆင့်တက်လာသည့် သာမာန်လူငယ်တစ်ယောက်မျှသာဖြစ်သည်။ ကံကောင်းလွန်းလှပြီး အဆင့်လွန်အဆင့်ဖြစ်နေသည်ဟု အားလုံးကယူဆထားသည့်အတွက် မည်သူကမှလုယွီကို မျက်လုံးထဲမထည့်ကြချေ။ သို့ရာတွင် လုယွီက လှုပ်ရှားလိုက်သည်နှင့် သူ၏ခွန်အားနှင့်စိတ်စွမ်းအားများက မည်သူမှ မယှဉ်နိုင်သည်အထိ ဖြစ်သွားသည်

လူတိုင်းကလေးစားကာ မြှောက်ပင့်ခယနေရသည့်ထိုဆယ့်ကိုးယောက်လုံးက သေဆုံးသွားလေသည်။

“ရုပ်ပိုင်းဆိုင်ရာခွန်အားအရ သူ့ကိုမထိန်းချုပ်နိုင်ဘူး။ စိတ်ဝိဉာဉ်မှာလည်း သူကပြိုင်ဘက်ကင်းနေတယ်။ ဒီတော့ ဘယ်သူကများ သူ့ကိုယှဉ်နိုင်ဦးမှာလဲ”

လုယွီက တစ်လှမ်းခြင်းတိုးလာခြင်းကိုမြင်နေရသည့် လုနန်ဖုန်းက ခေါင်းလှည့်ကာ အော်သည်

“မင်းတို့က ငါ့ဘက်ကို ပြေးလာတယ်ဆိုမှတော့ မင်းတို့ရဲ့သစ္စာရှိမှုကို ပြရမဲ့အချိန်မဟုတ်ဘူးလား”

ထို့နောက် သူကလုယွီကိုလှည့်ကြည့်ကာပြောသည်။

“ဘယ်သူပဲဒီကောင်လေးကိုသတ်နိုင်သတ်နိုင် ငါက ကလန်ခေါင်းဆောင်ဖြစ်သွားတာနဲ့ အဲ့ဒီလူကို ငါ့ရဲ့မိသားစုက ထိပ်တန်းအဆင့် ဧည့်သည်တော်အဖြစ်သတ်မှတ်မယ်။ အဲ့ဒီလူက မြောက်ပိုင်းနယ်မြေမှာ ငါနဲ့တန်းတူအဆင့် အခွင့်အာဏာကိုရရှိမယ်”

ထိုစကားကိုကြားသည်နှင့် ပတ်ဝန်းကျင်မှ အင်အားကြီးသူများနှင့်အကြီးအကဲများကကြောင်အသွားကြသည်။ သူတို့က လုယွီကို စိတ်ရှုပ်ထွေးစွာကြည့်ကြသည်။ ထို့အပြင် ယင်လော့ဂိုဏ်းမှ လူပေါင်းများစွာသေဆုံးသွားမှုကလည်း မျက်ဝါးထင်ထင်ဖြစ်နေလေရာ မည်သူကမှ အနိုင်ရမည်ဟု မသေချာတော့ချေ။

“အသုံးမကျတဲ့အမှိုက်တစ်သိုက် မင်းတို့ကိုဘာကြောင့် ခေါ်ထားနေရဦးမှာလဲ”

လုနန်ဖုန်းက ဒေါသထွက်လာသည်။ ထိုလူများက အားကိုး၍မရချေ။

“ကောင်လေး မင်းမလွန်ကဲလာနဲ့ လုဝူတိဘက်မှာ အထောက်အပံ့တွေမရှိတော့ဘူး မင်းကသာ ဒီနယ်မြေအတွင်းမှာ အင်အားကြီးနိုင်ပေမဲ့ ပြန့်ကျဲနေတဲ့နယ်မြေဝန်းကျင်က ထိပ်တန်းအဆင့်နတ်သူငယ်အဆင့်တွေနဲ့ တွေ့မယ်ဆိုရင်တော့ မင်းက သေရဦးမှာပဲ”

လုနန်ဖုန်းကလည်း ချက်ချင်းလိုလိုနောက်ဆုတ်သည်။ဃ

အခြေအနေက လျှင်မြန်စွာအပြောင်းအလဲဖြစ်သွားလေသည်။ လုမိသားစုဂိုဏ်းခွဲမှ အားသာနေရာမှ ရုတ်တရက် လုယွီကပေါ်လာသည်နှင့် အရာအားလုံးက ပျောက်ကွယ်သွားရလေသည်။ ဒီနေရာတွင်ရှိသော မည်သူကမှလည်း အသက်ကိုရင်းကာ လုယွီထံမသွားရဲလိုကြချေ။

ယင်လီဖုန်းနှင့် မဟာအကြီးအကဲများက လုဝူတိကိုဖိနှိပ်နေကြချိန်တွင် သူကသေချာပေါက်ကလန်ခေါင်းဆောင်ဖြစ်လာသင့်သော်လည်း မမျှော်လင့်ထားစွာဖြင့် အခြေအနေကပြောင်းလဲသွားသည်။

ဝုန်း

ထိုအချိန်တွင် ခန်းမအပြင်ဘက်နံရံကပြိုကျသွားပြီး ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ ပေါ်လာသည်။ ထိုလူများက ပြင်းထန်သောအရှိန်အဝါများကို ထုတ်ဖော်ထားကြသည်။

“မင်းတို့ကဘယ်သူတွေလဲ ဒီနေရာက လုမိသားစုပိုင်နက်နယ်မြေပဲ မင်းတို့ကဘာကြောင့် ခိုးဝင်လာတာလဲ”

လုနန်ဖုန်းက အော်သည်။

ထိုလူများထဲမှ ရှေ့ဆုံးမှဝင်ရောက်လာသူကအဖြူရောင်ဝတ်စုံဝတ်ထားသည်။ ထိုသူကငယ်ရွယ်ကာ ခန့်ညားချောမောပြီး သူ၏ဝတ်စုံကပင် တောက်ပနေလေသည်။ ဝတ်စုံကအလွန်ဈေးကြီးမည့်ဟန်ရသည်။

“တန်ဆေးအိမ်တော်ချူမိသားစုက ချူလင်းဖုန်းက အားလုံးကိုနှုတ်ဆက်ပါတယ်”

အနက်ရောင်ဝတ်စုံဝတ်လူငယ်က ပြုံးကာပြောသည်။

ထိုစကားကပင် လုနန်ဖုန်းကိုအထိတ်တလန့်အော်ဟစ်သွားမိစေသည်။ မမျှော်လင့်ထားစွာပင် ချူမိသားစုက ရောက်လာပြန်သည်။

ချူမိသားစုဝင်များက ဘေးဘက်မှရပ်ကြည့်နေမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာဖြင့် အောက်သို့ခုန်ဆင်းလာကြသေးလေသည်

Thank For Reading.

All Chapters