အခန်း (၁၉၃၆)
Vol. 134 Ch. 1936
ချီလင်ဂိုဏ်း၏ အစည်းအဝေး ခန်းမထဲတွင် ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များစွာ စုဝေးနေကြပြီး ခန်းမတစ်ခုလုံး၏ လေထုသည် လေးနက်နေခဲ့သည်။
အဓိက ထိုင်ခုံ၌မူ ထူးခြားသော ရုပ်သွင်နှင့် ချီလင်သားရဲ ဝတ်စုံကို ဝတ်ဆင်ထားသည့် သန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်။
သို့သော် ထိုသန်မာထွားကြိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် အရှိန်အဝါ အားနည်းရုံသာမက မျက်နှာသည်လည်း ဖြူဖျော့နေခဲ့၏။
၎င်းက ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည်မှာ ထင်ရှားသည်။
"ဂိုဏ်းချုပ်.. ချီလင်ဂိုဏ်းမှာ ဘိုးဘေးတွေ ချမှတ်ထားခဲ့တဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင် ရှိပါသေးတယ်.. ဒါ့အပြင် ကျီယွင်ဂိုဏ်းက အရှင်စန်းယွင်ကိုပဲ စေလွှတ်ထားတာ ဆိုတော့ အချိန်တို အတွင်းတော့ ပြဿနာရှိမှာ မဟုတ်ဘူး.. ဂိုဏ်းချုပ်အနေနဲ့ တံခါးပိတ် ကျင့်ကြံပြီး ဒဏ်ရာကို ကုသသင့်တယ်"
ချီလင်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက ခန်းမထဲက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်ကာ အဓိကထိုင်ခုံရှိ သန်မာထွားကြိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို တိုက်တွန်းပြောဆိုလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ အခြားသူ မဟုတ်ပေ။
ချီလင်ဂိုဏ်း၏ ဂိုဏ်းချုပ် အရှင်ချီလင် ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ကျီယွင်ဂိုဏ်းသည် ချီလင်ဂိုဏ်းကို ရုတ်တရက် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် အရှင်ချီလင်သည် အရှင်ကျီယွင်နှင့် အခြားသူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရကာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် အရှင်ချီလင်သည် ဌာနချုပ် အတွင်းထဲတွင်သာ ပုန်းနေခဲ့ရသည်။
"နေပါစေ.. ငါ့ရဲ့ ဒဏ်ရာက ခဏလေးနဲ့ ပျောက်ကင်းနိုင်မှာ မဟုတ်ဘူး"
အရှင်ချီလင်က လက်တစ်ချက် ဝှေ့ယမ်းကာ မေးလိုက်သည်။
"အပြင်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ"
"အရှင်စန်းယွင်က ကျီယွင်ဂိုဏ်းက ကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို ခေါ်လာပြီး ဂိတ်တံခါးဝမှာ စောင့်ကြပ်နေသလို အစီအရင်သခင် နှစ်ဦးကလည်း ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးဖို့ ကြိုးစားနေပါတယ်"
"ဒါပေမဲ့ သူတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အချိန်တိုအတွင်းတော့ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"
ချီလင်ဂိုဏ်း၏ အကြီးအကဲက အလျင်အမြန် ပြန်ဖြေခဲ့သည်။
အရှင်ချီလင်၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာခဲ့ပြီး ခန်းမထဲမှ လူများကို တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။
"ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်လိုက်တော့"
"ဂိုဏ်းချုပ်.. ကျွန်တော်တို့ ဒုတိယအစီအစဉ်ကို တကယ်ပဲ အကောင်အထည် ဖော်တော့မှာလား"
ထိုစကားကိုကြားလျှင် ချီလင်ဂိုဏ်းမှာ အကြီးအကဲများစွာသည် အံ့အားသင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် အရှင်ချီယွင်၏ ဒုတိယ အစီအစဉ်မှာ ချီလင်ဂိုဏ်းကို စွန့်လွှတ်ကာ ကျီလင်နယ်မြေမှ ယာယီဆုတ်ခွာရန် ဖြစ်သောကြောင့်ပင်။
ယင်းမှာ.ချီလင်ဂိုဏ်း၏ နှစ်သန်းပေါင်းများစွာ တည်ဆောက်လာသည့် အခြေခံအုတ်မြစ်ကို စွန့်လွှတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
အရှင်ချီလင် အနေဖြင့် ယခုလို ဒုတိယအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်လိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။
"ဂိုဏ်းကာကွယ်ရေး အစီအရင်က ငါတို့ကို ခဏပဲ ကာကွယ်ပေးနိုင်လိမ့်မယ်.. တစ်သက်လုံး ကာကွယ်ပေးနိုင်မှာတော့ မဟုတ်ဘူး.. အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြစို့"
အရှင်ချီယွင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
လက်ရှိတွင် ကျီယွင်ဂိုဏ်းသည် အလွန်တရာ အင်အားကောင်းပြီး ချီလင်ဂိုဏ်း အနေဖြင့် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ရန် အလှမ်းဝေးလွန်းနေသည်။
ချီလင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်က အဆင့်မနိမ့်သော်လည်း သိပ်မကြာမီ ကျီယွင်ဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံရတော့မည်မှာ သေချာ၏။
ထို့ပြင် သူက လက်ရှိတွင် ဒဏ်ရာရထားသည့် အတွက် တခဏအတွင်း ပြန်လည် ကောင်းမွန်လာရန် မဖြစ်နိုင်ပေ။
သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ခဲ့လျှင်ပင် ကျီယွင်ဂိုဏ်းမှ နယ်မြေနတ်ဘုရား သုံးပါးနှင့် ယှဉ်ပြိုင်ဖို့ ခက်ခဲနေဦးမည်သာ။
ဆိုရလျှင် ကျီလင်နယ်မြေတွင် ချီလင်ဂိုဏ်း အတွက် နေရာမရှိတော့ပေ။
သူတို့အတွက် အကောင်းဆုံးနည်းလမ်းမှာ ကျီလင်နယ်မြေမှ ယာယီ ဆုတ်ခွာ၍ ပြန်လာနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းခြင်းသာ ဖြစ်၏။
အရှင်ချီလင်က အကြီးအကဲများနှင့်အတူ ကျီလင်နယ်မြေမှ ထွက်ခွာရေး အတွက် ဆွေးနွေးနေစဥ်မှာပင် ပုံရိပ်တစ်ခုသည် ခန်းမ အပြင်ဘက်ကနေ အလျင်စလို ပြေးဝင်လာခဲ့သည်။
"အကြီးအကဲစု.. ဘာဖြစ်လို့လဲ"
အရှင်ချီယွင်နှင့် ခန်းမထဲရှိ အကြီးအကဲ များစွာက အံ့အားသင့်သွားကြသည်။
ချီလင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖွင့်ထားပြီးသည့်နောက်တွင် ဂိုဏ်းဝင် အကြီးအကဲများသည် အစီအရင်ကို အလှည့်ကျ ကြီးကြပ်ခဲ့ကြ၏။
ယခုအချိန်က ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အကြီးအကဲစု ကြီးကြပ်ရမည့် အလှည့် ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲစု ရုတ်တရက် ရောက်လာသည်က ဂိုဏ်းကာကွယ်ရေး အစီအရင်တွင် တစ်စုံတရာ အမှားအယွင်း ဖြစ်သွား၍များလားဟု သူတို့ တွေးမိလိုက်ကြသည်။
"ဂိုဏ်းချုပ်.. သတင်းကောင်းရှိပါတယ်"
အကြီးအကဲစုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဆင့်မြင့်နယ်မြေက အလွန်ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ရုတ်တရက် ရောက်လာပြီး အရှင်စန်းယွင်နဲ့ ကျီယွင်ဂိုဏ်းက ကျင့်ကြံသူတွေ အားလုံးကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်လိုက်ပါတယ်"
"ဘယ်လို.."
အကြီးအကဲစု၏ စကားကြောင့် အရှင်ချီလင် အပါအဝင် လူတိုင်းသည် အသက်ရှူရပ်လုမတတ် တုန်လှုပ်သွားကြပြီး သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
"အဆင့်မြင့် နယ်မြေက ပါရမီရှင်တစ်ဦးက အရှင်စန်းယွင်နဲ့ အခြားသူတွေကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်လိုက်တယ်တဲ့လား"
"ဒါ... ဒါက လုံးဝ မယုံနိုင်စရာပဲ"
"အကြီးအကဲစု. မင်းပြောတာ တကယ်လား"
အရှင်ချီလင်က ပထမဆုံး သတိပြန်ဝင်လာခဲ့သည်။
သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာခဲ့သည်။
ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖွင့်လှစ်ထားပြီးနောက်တွင် ချီလင်ဂိုဏ်း တစ်ခုလုံးသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သည်။
အရှင်ချီလင် ပင်လျှင် အပြင်ဘက်တွင် မည်သည့်အရာများ ဖြစ်နေသည်ကို သိဖို့ နည်းလမ်းမရှိခဲ့ပေ။
သို့သော် ကျီလင်နယ်မြေတွင် ပြိုင်ဘက်ကင်း သခင်တစ်ဦး ပေါ်လာပြီး သူတို့ဂိုဏ်း၏ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းပေးရန် ရောက်လာသည်ကို သူ လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့၏။
"တကယ်ပါ.. အရှင်စန်းယွင်တို့ အားလုံးက တစ်ကွက်တည်းနဲ့ အသတ်ခံလိုက်ရတာပါ"
အကြီးအကဲစုက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို မယုံရင် အပြင်ထွက်ကြည့်လိုက်ရင် သိပါလိမ့်မယ် ဂိုဏ်းချုပ်"
"ကောင်းပြီ.. ငါ အပြင်ထွက်ပြီး ကြည့်မယ်"
အရှင်ချီလင်၏ မျက်ဝန်းများက ဖျပ်ခနဲ တောက်ပလာခဲ့သည်။
သူက ချက်ချင်း ထရပ်ကာ ခန်းမအပြင်ဘက်သို့ အလျင်အမြန် ထွက်ခွာသွားသည်။
မကြာမီမှာပင် အရှင်ချီယွင်သည် ချီလင်ဂိုဏ်းမှ အကြီးအကဲအများအပြားကို ဦးဆောင်ကာ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖြတ်၍ ချီလင်ဂိုဏ်း၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ချီလင်ဂိုဏ်း၏ ဂိတ်တံခါးဝ အပြင်ဘက်တွင် ကျီယွင်ဂိုဏ်းမှ မည်သူမျှ ရှိမနေသည်ကို သူတွေ့လိုက်ရသည်။
ဤနေရာ၌ စောင့်ကြပ်နေခဲ့ကြသော အရှင်စန်းယွင်နှင့် အခြားသူများမှာ အစအနပင် မကျန် ပျောက်ကွယ်နေခဲ့ချေပြီ။
ထိုနေရာတွင် လန်ထျန်းလင်းနှင့် အနက်ရောင်ဝတ် လူငယ်တစ်ဦးသာ ရပ်နေခဲ့ကြသည်။
အရှင်ချီယွင်သည် သူ့ရှေ့မှ လန်ထျန်းလင်းကို မြင်လိုက်ရလျှင် အနည်းငယ် မှင်တက်သွားခဲ့၏။
"လန်ထျန်းလင်း.. မင်း ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
အရှင်ချီယွင်သည် ထိုနေ့တွင် ရှုံးနိမ့်ပြီးကတည်းက ဌာနချုပ်ကို ဆုတ်ခွာကာ ဂိုဏ်းအစီအရင်ကိုသာ အားကိုး၍ ကျီယွင်ဂိုဏ်း၏ တိုက်ခိုက်မှုကို တွန်းလှန်နေခဲ့ရသည်။
သူက ချီလင် နယ်မြေရှိ အခြားအင်အားစုများ အကြောင်း စဉ်းစားဖို့ပင် အချိန်မရခဲ့ပေ။
သူ၏ ခန့်မှန်းချက်အရ ချီလင်နယ်မြေရှိ အင်အားစုများသည် ကျီယွင်ဂိုဏ်းကို လက်နက်ချ အညံ့ခြင်း သို့မဟုတ် ဖျက်ဆီးခံရခြင်းတို့ ဖြစ်ပြီးလောက်ပေပြီ။
ထို့ကြောင့် လန်ထျန်းလင်းက ယခုလို ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသေးမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
လန်ထျန်းလင်းက အလျင်အမြန် ရှင်းပြလိုက်သည်။
"ဂိုဏ်းချုပ်.. ကျွန်တော် ချီလင်ဂိုဏ်းကို ရောက်လာတာက အကြီးအကဲ ကျန်းချန်ကို လမ်းပြပေးဖို့ အတွက်ပါ"
အရှင်ချီယွင်သည် ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်ဆီအကြည့်ရောက်သွားခဲ့သည်။
"ကျုပ်က ချီလင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ.. ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး နက်ရှိုင်းသော အရှိန်အဝါ ရှိသည့် ထိုလူငယ်သည် အရှင်စန်းယွင်နှင့် အခြားသူများကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် အစွမ်းထက် ကျင့်ကြံသူမှန်း အရှင်ချီလင် ချက်ချင်းသိလိုက်သည်။
"ရပါတယ်.. ငါက ကျီယွင်ဂိုဏ်းကို ရှင်းပစ်ချင်ရုံပါ"
ကျန်းချန်က လက်တစ်ချက် ဝှေ့ယမ်းပြီး အရှင်ချီယွင်ကို ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားက ချီလင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဆိုတော့ ခင်ဗျားတို့ ချီလင်ဂိုဏ်းက ကျီလင်နယ်မြေကို စိုးမိုးချင်တယ်ဆိုရင် ကျီယွင်ဂိုဏ်းကို ချေမှုန်းဖို့ အတွက် ငါ့နောက်ကနေ လိုက်လာခဲ့ပါ"
စကားဆုံးသည်နှင့် ကျန်းချန်က ချက်ချင်းဆိုသလို အနက်ရောင် အလင်းတန်း အဖြစ် ပြောင်းလဲကာ တောင်ဘက်အရပ် ဆီသို့ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
"ချီလင်ဂိုဏ်းဝင် အားလုံး နားထောင်.. ကျီယွင်ဂိုဏ်းကို ချေမှုန်းဖို့ ငါနဲ့အတူ ကျီယွင်ဂိုဏ်း ဌာနချုပ်ဆီ ချီတက်ကြမယ်"
အရှင်ချီယွင်က ကျန်းချန် ပျောက်ကွယ်သွားရာ ဘက်သို့ ကြည့်ရင်း မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားသည်။
ဤတစ်ကြိမ်တွင် ချီလင်ဂိုဏ်းသည် လုံးပါးပါးနေပြီ ဖြစ်၍ ကျီလင်နယ်မြေမှ ဆုတ်ခွာခြင်းဖြင့်သာ ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်နိုင်မည်ဟု သူမူလက တွေးခဲ့သည်။
သို့သော် ယခု ကျန်းချန် ပေါ်လာခြင်းက ချီလင်ဂိုဏ်း အတွက် ကြီးမားသော အခွင့်အရေးကို ယူဆောင်လာပေးခဲ့၏။