အခန်း (၁၉၃၉)
Vol. 134 Ch. 1939
"မဖြစ်နိုင်ဘူး.. လုံးဝ မဖြစ်နိုင်ဘူး"
အရှင်ချီလင်က မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်.. ကိုယ်ပွားက မူလခန္ဓာနဲ့ ခွန်အားချင်း အတူတူ ပိုင်ဆိုင်နိုင်စွမ်း မရှိနိုင်ဘူး.. မင်း သူ့ကို ယုံလို့မဖြစ်ဘူး.. ဒါက သူလှည့်စားတာ ဖြစ်မယ်"
နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည့် ချီလင်ဂိုဏ်း၏ ခေါင်းဆောင် အနေဖြင့် အရှင်ချီလင်သည် ဗဟုသုတ ကြွယ်ဝသူ ဖြစ်၏။
အရှင်ချီယွင်က နယ်မြေနတ်ဘုရား အဆင့်တွင် ကိုယ်ပွားများကို ပျိုးထောင်ရန် လျှို့ဝှက်နည်းစနစ်များစွာ ရှိကြောင်း သိရှိထားသော်လည်း ကိုယ်ပွားက အဓိကခန္ဓာကဲ့သို့ အစွမ်းထက်သည်ဟု မကြားဖူးပေ။
ထို့အပြင် အရှင်ကျီယွင်တွင်သာ အဓိကခန္ဓာ၏ ခွန်အားနီးနီးကို ပိုင်ဆိုင်သည့် ကိုယ်ပွားတစ်ခု အမှန်တကယ် ပိုင်ဆိုင်ခဲ့လျှင် ကျီယွင်ဂိုဏ်း၌ နယ်မြေနတ်ဘုရား နှစ်ပါး ရှိသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ကိုယ်ပွားသာ မူလခန္ဓာလောက် အစွမ်းထက်နေလျှင် အရှင်ကျီယွင်သည် ကျီယွင်ဂိုဏ်းကို ဦးဆောင်ကာ ချီလင်ဂိုဏ်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ဖြိုခွဲပြီးလောက်ပေသည်။
ယခုအချိန်အထိ ကိုယ်ပွားကို ဝှက်ထားစရာ အကြောင်းမရှိပေ။
"ဟားဟား.. မင်းက မူလခန္ဓာနဲ့ ယှဥ်နိုင်တဲ့ ခွန်အား အမှန်ကယ် ရှိတာပဲ"
ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက် အရှင်ကျီယွင်ကို အေးဆေးစွာ ကြည့်လိုက်သည်။
"ငါ ခန့်မှန်းတာ မမှားရင် မင်းရဲ့ ကိုယ်ပွားမှာ ကြီးမားတဲ့ အားနည်းချက် တစ်ခု ရှိနေတယ်.. သူက ကျီယွင်ဂိုဏ်းကနေ ထွက်ခွာဖို့ ခက်ခဲမယ်လို့ ငါထင်တယ်"
"ဟုတ်တယ်.. ငါ့ရဲ့ ကိုယ်ပွားက ကန့်သတ်ချက် အများအပြား ရှိတဲ့အပြင် ကျီယွင်ဂိုဏ်းကနေ မထွက်ခွာနိုင်ဘူး"
အရှင်ကျီယွင်က အေးစက်စက် ပြုံးလိုက်သည်။
"ဒါပေမယ့် ဒါက ငါတို့ရဲ့ ညှိနှိုင်းမှုကို မထိခိုက်စေလောက်ဘူး မဟုတ်လား"
ကျန်းချန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟက်.. မင်းရဲ့ မူလခန္ဓာ ဒီမှာ ရှိနေရင်တောင် ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး...ကိုယ်ပွားလောက်ကတော့ ပြောနေစရာတောင် မလိုဘူး"
"ကျန်းချန်.. မင်းသိပ်မလွန်လာနဲ့.. မင်းက မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေပေမဲ့ ငါမင်းကို ကြောက်မယ်များ ထင်နေလား"
အရှင်ကျီယွင်၏ အမူအရာက ချက်ချင်း သုန်မှုန်သွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေတွင် နယ်မြေနတ်ဘုရားနှစ်ပါး ရှိနှင့်ပြီးသား ဖြစ်သည်။
နယ်မြေနတ်ဘုရားများနှင့် ယှဥ်နိုင်နေသည့် ကျန်းချန်ကိုပါ ထပ်ပေါင်းလိုက်လျှင် ရှေးဟောင်းနဂါး ကုန်းမြေ၏ ခွန်အားသည် ကျီယွင်ဂိုဏ်းထက်ပင် ပိုမို အစွမ်းထက်သွားမည် ဖြစ်သည်။
ရှေးဟောင်းနဂါးကုန်းမြေသာ ချီလင်ဂိုဏ်းနှင့် ပူးပေါင်းလိုက်လျှင် ကျီယွင်ဂိုဏ်း၏ အခြေအနေသည် အလွန်ပင် အန္တရာယ် များသွားနိုင်ပေသည်။
ဤအကြောင်းကြောင့်ပင် အရှင်ကျီယွင်သည် ကျန်းချန်နှင့် ရှေးဟောင်းနဂါး ကုန်းမြေကို ရန်သူမလုပ်ရန် ရည်ရွယ်ခဲ့ပြီး ချီလင်ဂိုဏ်းကို ဦးစွာ ဖြေရှင်းကာ ကျီလင်နယ်မြေကို ထိန်းချုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
"အရှင်ကျီယွင်.. အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာကို ရပ်လိုက်ပါ"
"ဒီနေ့ ငါ ကျီယွင်ဂိုဏ်းကို နင်းခြေမယ်လို့ ပြောထားပြီးပြီ.. ငါ့စကားကို ဖျက်မှာမဟုတ်ဘူး"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး အရှင်ကျီယွင်ကို အေးစက်စက် ကြည့်နေခဲ့သည်။
သူ၏ မောက်မာသော အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေခဲ့၏။
ရှေးဟောင်းနဂါး ကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် ရှိစဥ်က ကျန်းချန်သည် ကျီယွင်ဂိုဏ်းမှ ပါရမီရှင် လုရှင်းယွီကို သတ်ပစ်ခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း သူက ကျီလင်နယ်မြေသို့ ရောက်လာပြီး ကျီယွင်ဂိုဏ်းမှ နယ်မြေနတ်ဘုရား အသစ် ဖြစ်သည့် အရှင်စန်းယွင်ကို သတ်ပစ်ခဲ့ပြန်သည်။
ဆိုရလျှင် သူနှင့် ကျီယွင်ဂိုဏ်းတို့ ကြားတွင် ပြန်လည်သင့်မြတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့အပြင် သူက ဤတစ်ကြိမ် ပြန်လာခဲ့ပြီးနောက် ရှေးဟောင်းနဂါးနယ်မြေတွင် တစ်သက်လုံးနေရန် မဖြစ်နိုင်ပေ။
သူသာ ကျီယွင်ဂိုဏ်းနှင့် ပြန်လည် သင့်မြတ်ရန် ရွေးချယ်ခဲ့လျှင် သူ ထွက်ခွာသွားပြီးနောက် ကျီယွင်ဂိုဏ်းသည် ရှေးဟောင်းနဂါး ကုန်းမြေကို ထပ်မံ တိုက်ခိုက်လာနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းချန်က ဤတစ်ကြိမ်တွင် ကျီယွင်ဂိုဏ်းကို ဖျက်ဆီးကာ ပြဿနာများကို လုံးဝ အဆုံးသတ်ပစ်မည်ဟု ဆုံးဖြတ်ချက် ချထားခဲ့၏။
သူ့ရှေ့မှ လူက အရှင်ကျီယွင်၏ ကိုယ်ပွား မပြောနှင့်၊ အရှင်ကျီယွင် ကိုယ်တိုင် ဤနေရာမှာ ရှိနေလျှင်ပင် ယနေ့တွင် ကျီယွင်ဂိုဏ်းကို နင်းခြေမည့်သူ့အား ရပ်တန့်နိုင်မည် မဟုတ်ချေ။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"မင်း ကျီယွင်ဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်း ရှိမရှိ ငါကြည့်ချင်တယ်"
အရှင်ကျီယွင်က ဒေါသတကြီး ရေရွတ်လိုက်ပြီး သူ့မျက်လုံးကနေ ခရမ်းရောင် လျှပ်စီးအလင်းတန်း တစ်စုံကို ကျန်းချန်ဆီသို့ ရုတ်တရက် ပစ်လွှတ်လိုက်သည်။
လေထုထဲတွင် ခရမ်းရောင် လျှပ်စီးနှစ်ခု လင်းလက်သွားပြီး ကြီးမားသော ဖိအားတစ်ခုသည် ကောင်းကင်ယံကို လွှမ်းခြုံသွားကာ လူအများကို အသက်ရှူကျပ်စေသလို ခံစားရစေခဲ့သည်။
ဆဋ္ဌမအဆင့် ကောင်းကင် နတ်ဘုရား ပင်လျှင် ချက်ချင်း ဖိနှိပ်ခံရကာ ခန္ဓာကိုယ် ပြိုလဲသွားနိုင်လောက်၏။
သို့သော် ကျန်းချန်ကမူ အေးအေးလူလူသာ ရပ်နေခဲ့သည်။
သူက အရှင်ကျီယွင်၏ နယ်မြေနတ်ဘုရား အရှိန်အဝါ ဖိအားဒဏ်ကို မခံစားရသကဲ့သို့ပင်။
ကျန်းချန်က သူ၏ နယ်မြေနတ်ဘုရား၏ ဖိအားကြောင့် ဘာမှမဖြစ်သည်ကို မြင်လိုက်ရလျှင် အရှင်ကျီယွင်သည် သူ၏ စွမ်းအားကို တိုးမြှင့်လိုက်သည်။
ချက်ချင်းဆိုသလို သူ၏ မျက်လုံးကနေ အလွန်တရာ တောက်ပသော ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ဤအချိန်တွင် မိုင်ထောင်ချီ အချင်းဝက်ရှိသော ကမ္ဘာလောကကြီးသည် မုန်ယိုနေသကဲ့သို့ ဖြစ်နေ၏။
မိုးကြိုးများက တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါက်ကွဲထွက်လာခဲ့ပြီး ကြောက်မက်ဖွယ် ခရမ်းရောင် အလင်းသည် ကမ္ဘာလောကကြီး တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။
နောက်ဆုံးတွင် ရေတွက်မရနိုင်သော ခရမ်းရောင် မိုးကြိုးများသည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့တော့၏။
"ချိုးဖျက်စမ်း"
ကောင်းကင်မီးနတ်ဓားကို ကိုင်ဆောင်ထားသည့် ကျန်းချန်သည် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်ကာ ကြယ်စွမ်းအားကို လှုံ့ဆော်လိုက်သည်။
တောက်ပသော ကြယ်ဓားအလင်းသည် လေထုတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လေထုထဲရှိ ခရမ်းရောင် မိုးကြိုးများကို ချက်ချင်း ကြေမွသွားစေခဲ့၏။
"ကျီယွင် ဓားလက်ဝါးသိုင်း"
သူ၏ တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူ ချေဖျက်လိုက်သည်ကို မြင်လိုက်ရလျှင် အရှင်ကျီယွင်သည် လက်ဖဝါးကို ဆန့်ထုတ်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ဤတိုက်ကွက်တွင် အရှင်ကျီယွင်၏ ခွန်အား အလုံးစုံကို စုစည်းထား၏။
ထိုလက်ဝါးရိုက်ချက်တွင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ကြယ်ဓားအလင်းသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။
ကြယ်ဓားအလင်းသည် မျက်တောင်တစ်ခတ် အတွင်း အရှင်ကျီယွင်၏ လက်ဝါးကို ထိုးဖောက်ကာ ပျံသန်းနေသည့် ပိုးကောင်တစ်ကောင်ကဲ့သို့ အရှင်ကျီယွင်၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။
"ဝုန်း"
အရှင်ကျီယွင်က ခပ်တိုးတိုး ညည်းညူလိုက်၏။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေတစ်ထောင်ကျော် အကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။
သူက ခန္ဓာကိုယ်ဟန်ချက်ကို မနည်း ထိန်းခဲ့ရ၏။
သူသည် ခေါင်းကို မော့ကာ တစ်ဖက်ရှိ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
အရှင်ကျီယွင်သည် မဟာကောင်းကင် နတ်ဘုရားက အလွန် အစွမ်းထက်ကြောင်း သိရှိထားသော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မူလခန္ဓာနှင့် ခွန်အား တူညီသော သူ၏ ကိုယ်ပွားသည်ပင် ပြိုင်ဘက်၏ ဓားချက်ကို ခံနိုင်ရည်မရှိခဲ့ပေ။
အရှင်ကျီယွင် ထိတ်လန့်နေစဉ်မှာပင် ကျန်းချန်၏ ခေါင်းအထက်ရှိ ခုနစ်စဥ်ကြယ်သည် ပိုမိုတောက်ပလာပြီး နောက်ထပ် ကြယ်ဓားအလင်းသည် လေထုကို ထိုးဖောက်ကာ အရှင်ကျီယွင်ဆီသို့ သက်ရောက်လာသည်။
"ခရမ်းရောင်မျက်လုံး ကောင်းကင်ဓား"
အရှင်ကျီယွင်၏ မျက်နှာက ရေကဲ့သို့ တည်ငြိမ်နေပြီး သူ၏ ပါးစပ်မှလည်း အေးစက်စက် ရေရွတ်လိုက်သည်။
"ဝုန်း ဝုန်း"
သူ၏ တောက်ပသော ခရမ်းရောင် မျက်လုံးများကနေ ခရမ်းရောင် ကောင်းကင်ဓားနှစ်စင်း ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ကောင်းကင်ဓားသည် သုံးပေ ရှည်ပြီး စစ်မှန်သော ခရမ်းရောင် အလင်းဖြင့် စုစည်းထားကာ ကိုယ်ထည် တစ်ခုလုံး ကြည်လင်နေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။
ခရမ်းရောင် ကောင်းကင်ဓားနှစ်စင်းသည် ကျဆင်းလာသည့် ကြယ်ဓားအလင်းကို ရင်ဆိုင်ရန်အတွက် မိုင်ထောင်ချီ လေထုကို ထိုးဖောက်သွားခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် လေထုထဲတွင် ထိပ်တိုက်ဆုံတွေ့သွားသည်။
သို့သော် ကျန်းချန်၏ ကြယ်ဓားအလင်း နှင့် နှိုင်းယှဉ်လျှင် အရှင်ကျီယွင်၏ ခရမ်းရောင် ကောင်းကင်ဓားသည် အဆင့်နိမ့်နေဆဲ ဖြစ်သည်။
"ဝုန်း"
တခဏအတွင်းမှာပင် ကြယ်ဓားအလင်းသည် သူ့ရှေ့မှ ခရမ်းရောင် ကောင်းကင်ဓားနှစ်စင်းကို ကြေမွသွားစေခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အရှင်ကျီယွင်၏ ထိတ်လန့်တကြား အကြည့်အောက်မှာပင် ကြယ်ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့၏။
"ဝုန်း"
အရှင်ကျီယွင်၏ ခန္ဓာကိုယ်ပတ်လည်ရှိ ခရမ်းရောင် အလင်းအကာအကွယ်က ကြေမွသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကြယ်ဓားချီဖြင့် ခုတ်ချခံလိုက်ရသည်။
သူက အမြင့် ပေတစ်ထောင်မှ ပြုတ်ကျလာပြီး ကျီယွင်ဂိုဏ်း၏ ခန်းမတစ်ခု ပေါ်သို့ လေးလံစွာ ကျဆင်းသွားခဲ့သည်။
ချက်ချင်းဆိုသလို ခန်းမဆောင်က ပြိုကျသွားပြီး အပျက်အစီးများ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြောက်မက်ဖွယ်စွမ်းအားက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပြီး ကျီယွင်ဂိုဏ်းမှ အားနည်းသော တပည့် အများအပြားသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ချက်ချင်းဆိုသလို တစ်စစီ ဖြစ်သွားခဲ့သည်။
လွတ်မြောက်ခဲ့သော ကျန်ရှိသည့် ကျီယွင်ဂိုဏ်းမှ တပည့်များသည် မယားကြီးထံ ဖမ်းမိသော မယင်ငယ် ပမာ မျက်နှာများ ဖြူဖျော့နေကြသည်။
အရှင်ကျီယွင်ပင် ပြန်လည် မတိုက်ခိုက်နိုင်သည်အထိ အရိုက်ခံခဲ့ရရာ ကျီယွင်ဂိုဏ်းတွင် သူတို့ရှေ့မှ ဤသတ်ဖြတ်ခြင်း နတ်ဘုရားကို မည်သူက ရင်ဆိုင်နိုင်ပါမည်နည်း။
သူတို့ ကျီယွင်ဂိုဏ်းသည် ပျက်စီးရမည့် ကံကြမ္မာကို လုံးဝ ရှောင်လွှဲ၍ မရနိုင်တော့ဟု သူတို့ ထင်ခဲ့ကြသည်။
"ဒါက တကယ်ကို ပုံမှန် မဟုတ်ဘူး.. နယ်မြေနတ်ဘုရားတောင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိဘူးပဲ"
အရှင်ချီယွင်သည် သူ့ရှေ့က အခြေအနေကို ကြောင်တောင်တောင်ဖြင့် ကြည့်နေခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။
အရှင်ချီယွင်သည် ကျန်းချန်က ချီလင်ဂိုဏ်း အပြင်ဘက်တွင် အရှင်စန်းယွင်ကို ခေါင်းဖြတ်သတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသခဲ့ကြောင်း သိရှိထားပြီဖြစ်သည်။
သို့သော် အရှင်ချီယွင်သည် ၎င်းကို ကိုယ်တိုင် မမြင်ခဲ့ရပေ။
ယခု ကျန်းချန်က အရှင်ကျီယွင်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရလျှင် ကျန်းချန်၏ ခွန်အားသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကို သူ အမှန်တကယ် ခံစားမိခဲ့သည်။
သူတို့လို နယ်မြေနတ်ဘုရားများသည် ကျန်းချန်ရှေ့တွင် ပုရွက်ဆိတ်များနှင့် မကွာခြားပေ။
အမှန်စစ်စစ် အရှင်ကျီယွင်သည် နယ်မြေငယ်လေးမှ နယ်မြေနတ်ဘုရားမျှသာ ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် မဟာမြေရိုင်းနယ်မြေမှ နန်လီမိသားစု၏ ခေါင်းဆောင်ထက်ပင် ပို၍ ဆိုးရွားသည်။
ကျန်းချန် မကြာသေးမီက သတ်ခဲ့သော အဖြူအနက် အရှင်နှစ်ပါး ဖြင့်ပင် နှိုင်းယှဥ်ရန် မထိုက်တန်ပေ။
ကျန်းချန်က မဟာကောင်းကင် နတ်ဘုရား၏ ခွန်အားမျှသာ ရှိခဲ့လျှင်ပင် ထိုကဲ့သို့ နယ်မြေနတ်ဘုရားကို ရင်ဆိုင်ရန် ပြဿနာမရှိချေ။
သူ၏ လက်ရှိ အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ခွန်အားဖြင့် ဆိုလျှင် အရှင်ကျီယွင် ကဲ့သို့ နယ်မြေငယ်လေးမှ အဆင့်နိမ့်ဆုံး နယ်မြေနတ်ဘုရားသည် ပုရွက်ဆိတ် မျှသာ ဖြစ်၏။
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်နေကြစဉ်မှာပင် အစောပိုင်းက ပြိုကျသွားသော ခန်းမထဲမှ ရုတ်တရက် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. ငါ မင်းကို သတ်မယ်"
"ဝုန်း"
ခရမ်းရောင် အလင်းရောင်များ တဖျတ်ဖျတ် လက်နေသည့် ပုံရိပ်တစ်ခုသည် ပြိုကျသွားသော ခန်းမထဲမှ ရုတ်တရက် ထွက်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
၎င်းမှာ အရှင်ကျီယွင်၏ ကိုယ်ပွားပင် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး ဆံပင်များ ရှုပ်ပွကာ အဝတ်အစားများလည်း ပြည့်ပြည့်စုံစုံ ဘာမှမကျန်ရှိတော့သည် အထိ ဖြစ်နေခဲ့၏။
သို့သော် သူ၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
မကြာမီမှာပင် သူက ကျန်းချန်ဆီသို့ လေထုထဲကနေ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို အားလုံးက မြင်လိုက်ရသည်။
ခြေတစ်လှမ်းတိုင်းတွင် သူ၏ အရှိန်အဝါသည် တဟုန်ထိုး တိုးတက်လာခဲ့၏။
"ဝုန်း.. ဝုန်း.. ဝုန်း.. "
ခြေလှမ်း ကိုးလှမ်း ဆက်တိုက် လှမ်းပြီးနောက်တွင် အရှင်ကျီယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် စွမ်းအားသည် ချက်ချင်းပင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ထိ ရောက်ရှိသွားခဲ့သည်။
မိုင်ထောင်ချီ လေထု တစ်ခုလုံးသည် အရှင်ကျီယွင်၏ ကြောက်မက်ဖွယ်ရာကောင်းသော ဖိအားအောက်တွင် ဆက်တိုက် ပြိုလဲနေခဲ့၏။
သူ၏ အင်္ကျီလက်က လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး သူ၏ မျက်ဝန်းများတွင် ခရမ်းရောင် အလင်းများ တောက်ပနေခဲ့သည်။
သူက လောကကြီးကို အပေါ်စီးကနေ ကြည့်ရှုနေသည့် ရှေးဟောင်းနတ်ဘုရား တစ်ပါးနှယ် ဆင်တူနေခဲ့သည်။
"မိတ်ဆွေလေး ကျန်းချန်.. သတိထားပါ...ဒါက အရှင်ကျီယွင်ရဲ့ ခြေကိုးလှမ်း အထွတ်အထိပ် နတ်စွမ်းအား နည်းစနစ်ပဲ"
အရှင်ချီလင်၏ အမူအရာက ပြောင်းလဲသွားပြီး ကျန်းချန်ကို အလျင်စလို သတိပေးလိုက်သည်။
ဤနည်းစနစ်သည် တိုက်ခိုက်ရေးစွမ်းအားကို တခဏအတွင်း အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်ထိ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
သူ၏ အထွတ်အထိပ် အခြေအနေမှာပင် ကျီလင်နယ်မြေ၏ နယ်မြေ နှလုံးသားဖြင့် ကောင်းချီးပေးခံရမှသာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။
"ကျန်းချန်.. မင်း ငါ့ကို အတင်းအကြပ် ဖိအားမပေးသင့်ဘူး.. ငါ့ရဲ့ ကိုယ်ပွားက ခြေကိုးလှမ်း အထွတ်အထိပ် နတ်စွမ်းအားကို ထုတ်ဖော်ပြီးတာနဲ့ လုံးဝ ပျက်စီးရတော့မယ်.. ဒီတော့ မင်းရဲ့ သွေးနဲ့ပဲ ငါ့ရဲ့ နှလုံးသားထဲက ဒေါသကို ဆေးကြောပစ်ရတော့မယ်"
အရှင်ကျီယွင်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
စကားဆုံးသည်နှင့် သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့ကာ လေပြင်း မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့သည်။
ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သော နယ်မြေနတ်ဘုရား အရှိန်အဝါသည် အရှင်ကျီယွင်၏ ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာခဲ့တော့သည်။