မင်းနဲ့ငါက ရေစက်ပါတာပဲ
Vol. 3 Ch. 22
ချန်ဟွိုက်အန် တံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် မည်သူမှ ရှိမနေခဲ့။
သူ ဇဝေဇဝါ ဖြစ်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။ ဂိမ်းကုမ္ပဏီက နောက်ထပ် ပို့ဆောင်မှုများလား။
သူက အောက်သို့ ငုံ့ကြည့်လိုက်မိသည်။
တံခါးဝတွင် ကျောက်မီးသွေးတုံးနှင့် တူသော အမွှေးပွပွ အမည်းရောင် အလုံးလေးတစ်လုံး ရှိနေသည်။ မျက်မှောင်ကြုတ် ကြည့်လိုက်ရာ မျက်လုံး၊ နှာခေါင်းနှင့် နားရွက်များကို သူ မသဲမကွဲ မြင်လိုက်ရ၏။ ကြောင်ပေါက်လေး တစ်ကောင် ဖြစ်နေခြင်းပင်။
“ငါ သိထားသလောက်တော့ ငါ တည်းနေတာက ဟိုတယ်ကြီး တစ်ခုမှာပါ။” ချန်ဟွိုက်အန် တီးတိုးရေရွတ်ရင်း စင်္ကြံလမ်းရှည်ကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူက အတွေးထဲ နစ်မြောသွား၏။
ကြောင်တစ်ကောင်က ဟိုတယ်ကြီးထဲကို ဘယ်လို ရောက်လာတာလဲ...
သူက ဒူးထောက် ထိုင်ချလိုက်ပြီး အမွှေးပွပွ အလုံးလေးကို တို့ထိကြည့်လိုက်သည်။ ကြောင်ပေါက်လေးက ပြန်မတုံ့ပြန်။ တစ်ကိုယ်လုံး တုန်ရီနေ၏။ လည်ပင်းကုတ်ကို ဆွဲမပြီး ချန်ဟွိုက်အန်က ၎င်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
ကြောင်ပေါက်လေး၏ မျက်နှာတွင် “凸”နှင့်တူသော အဖြူရောင် အမှတ်အသား ပါရှိသည်။ “ကြောင်ကြီး”ဟု မကြာခဏ ရည်ညွှန်းလေ့ရှိသော ထူးခြားသည့် လက္ခဏာတစ်ခု ဖြစ်၏။ ၎င်း၏ နောက်ခြေထောက်များက သွေးနှင့် အသားစများ ရှုပ်ထွေးနေသော အခြေအနေ ဖြစ်နေပြီး ကျောပေါ်တွင်လည်း ဒဏ်ရာများ ထင်ထင်ရှားရှား ရှိနေသည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ပြတင်းပေါက်အနီး စင်္ကြံလမ်း အဆုံးရှိ အခန်းမှ ပြတင်းပေါက် ပွင့်နေသည်ကို ချန်ဟွိုက်အန် သတိထားမိလိုက်သည်။ တံခါး ပေါ်တွင်လည်း သွေးစွန်းနေသော အရာ သေးသေးလေး ရှိသည်။ ကြောင်ပေါက်လေး လှမ်းမီရန် အလွန် မြင့်မားသော နေရာတွင် ရှိနေသည်။ ပြတင်းပေါက် အနီးတွင် ငှက်မွှေးအချို့ ပြန့်ငှဲနေ၏။ အမဲလိုက်ငှက် တစ်ကောင်၏ အမွှေးများ ဖြစ်ကြောင်း ထင်ရှားသည်။
တစ်ခုခုတော့ မှားနေပြီ။ ဒီကြောင်က မိစ္ဆာများလား။ မျက်လုံးများကို ကျဉ်းလိုက်ပြီး ချန်ဟွိုက်အန်က ထိုထူးဆန်းသော အခြေအနေကို စဉ်းစားလိုက်၏။
ရုတ်တရက် စိတ်ကူးတစ်ခု ဝင်လာသည်။ သူက လက်ဖျောက်တစ်ချက် တီးလိုက်၏။ “သိပြီ။ အဖြေပေါ်သွားပြီ။ ငှက်တစ်ကောင်က ပြတင်းပေါက်ကို ဝင်တိုက်မိပြီးတော့ သားကောင်ကို ဒီမှာ လွှတ်ချလိုက်တာ။ ပြီးတော့ ကြောက်လန့်ပြီး ထွက်ပြေးသွားတာ နေမယ်။ ကြောင်ပေါက်လေးကို ဒီမှာ ထားခဲ့ပြီးတော့ပေါ့။”
သောက်ရမ်း ထက်မြက်တဲ့ အမြင်ပဲ....
ကင်ဆာက သူ့ဦးနှောက်ထဲမှ ဖုံးကွယ်နေတဲ့ အလားအလာ တစ်ခုခုကို ဖွင့်ပေးလိုက်ခြင်း ဖြစ်ရမည်ဟု ချန်ဟွိုက်အန် ကောက်ချက်ချလိုက်သည်။
“ကောင်ကလေး။ မင်းနဲ့ငါက ရေစက်ပါတာပဲ။”
သူက ကြောင်ပေါက်လေးကို အခန်းထဲသို့ သယ်သွားလိုက်သည်။
မကုသဘဲထားရင် ကြောင်ပေါက်လေး တကယ် သေသွားလိမ့်မယ်။
ရေရှည် ဟိုတယ်ဧည့်သည် တစ်ယောက်အနေနဲ့ အိမ်မွေးတိရစ္ဆာန် မွေးခွင့် မရှိသော်လည်း ချန်ဟွိုက်အန်က ခါးသက်သက် အပြုံးနှင့် စည်းမျဉ်းကို လျစ်လျူရှုလိုက်သည်။ သေခါနီး လူတစ်ယောက်အတွက် စည်းမျဉ်းတွေက ဘာများ အရေးပါလို့လဲ...
သူက ကြောင်ပေါက်လေးကို ဖိနပ်ဘူးထဲ ခဏ ထည့်ထားလိုက်၏။
တိရစ္ဆာန်ဆေးကုခန်း သွားရန် နောက်ကျနေပြီ ဖြစ်သည်။ အများစုက သန်းခေါင်ယံအချိန် ပိတ်ကြလေပြီ။ ထို့ပြင် အနီးဆုံး ၂၄နာရီ ဖွင့်သော ဆေးခန်းက မြို့ထဲတွင် တစ်နာရီခွဲကျော် မောင်းရသည့် ခရီးတွင် ရှိနေ၏။ ကြောင်ပေါက်လေးက ထိုမျှလောက် အကြာကြီး အသက်ရှင်မည် မဟုတ်ပေ။
သူက အနီးနားရှိ တိရစ္ဆာန်ဆရာဝန် ရှာနေသော အချိန်လေး အတွင်းမှာတင် ဖိနပ်ဘူးထဲ သွေးများ အိုင်နေပြီ ဖြစ်သည်။
“ကောင်ကလေး။ သာမန်နည်းလမ်းတွေနဲ့ မင်းကို မကယ်နိုင်ဘူး။ မင်းရဲ့ ကံတရားက အသက်ရှင်ဖို့ ဆိုရင် သန်မာအောင် ကြီးပြင်းလာပြီး နောက်ကျရင် ငှက်တွေနဲ့ ဝေးဝေးနေ။ မဟုတ်ရင်လည်း ကံတရားအတွက် ငါ့ကို အပြစ်မတင်နဲ့။”
ချန်ဟွိုက်အန်က လက်အုပ်ချီပြီး ကြောင်ပေါက်လေးကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။
ထို့နောက်တွင် သူ ခုနက ဝယ်ခဲ့သော ငွေအပ်တစ်စုံကို ထုတ်ယူလိုက်သည်။
မူလက အပ်စိုက်ကုထုံးမှာ ခြေထောက် ပြန်လည်ကောင်းမွန်မှုကို မြန်ဆန်စေနိုင်မနိုင် သိရစေရန် သူ့ကိုယ်သူ စမ်းသပ်ထားခြင်း ဖြစ်သည်။ ယနေ့တွင် ကြောင်ပေါက်လေးက ပြီးပြည့်စုံသော အစမ်းသပ်ခံ ဖြစ်လာခဲ့လေပြီ။
သူက အပ်တစ်ချောင်းကို ကိုင်ပြီး ကြောင်ပေါက်လေးကို အာရုံစိုက်လိုက်သည်နှင့် တပြိုင်နက် ကြောင်များအတွက် အပ်စိုက်မှတ် ပုံကြမ်းတစ်ခု သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ပေါ်လာသည်။
ကြောင်အပ်စိုက်မှတ်များက လူများနှင့် မတူပေ။
သူက ထိုအရာကို မည်သို့ သိနေကြောင်း သူ မသိပေ။ အသိပညာက သူ့ဦးနှောက်ထဲ ထွင်းထုထားသလိုပင်။ ပုန်းကွယ်နေသော အလားအလာက အလုပ်လုပ်နေခြင်းလည်း ဖြစ်နိုင်၏။
“နွေဦးနှိုးထပညာရပ်”ကို သွေးတိတ်စေရန်၊ သွေးလည်ပတ်မှု ကောင်းမွန်စေရန်နှင့် ဒဏ်ရာကျက်မြန်စေရန် ဖန်တီးထားသည်။ ထိုစွမ်းရည်ကို အဆင့်မြှင့်တင်ရန်အတွက် အကြိမ် ၁ထောင် အောင်အောင်မြင်မြင် အသုံးပြုခြင်း သို့မဟုတ် “သွေးခုန်နှုန်းဖွင့်ပညာရပ်အဆင့်(၂)”ကို သော့ဖွင့်ရန် ၉၉၈ခရက်ဒစ် ပေးချေခြင်း လိုအပ်သည်။
အပ်စိုက်မှတ် ပုံကြမ်းရှိ တောက်ပနေသော အစီအစဉ်အတိုင်း လိုက်နာရင်းနှင့် ချန်ဟွိုက်အန်က ထိရောက်စွာဖြင့် အလျင်အမြန် အပ်စိုက်ပေးလိုက်သည်။
ရလဒ်များ ချက်ချင်း ပေါ်ထွက်လာ၏။
သွေးထွက်ခြင်း လုံးဝ ရပ်တန့်သွားပြီး မကုသခင်က မရှိခဲ့သော သွေးမြှေးပါး အလွှာပါးလေး တစ်ခုက ကြောင်ပေါက်လေး ကျောပေါ်မှ ဒဏ်ရာများကို ဖုံးအုပ်သွားခဲ့သည်။
“ဝိုး… ဒီအပ်စိုက်ပညာရပ်က အံ့သြစရာပဲ။” သူက မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားရင်း ရေရွတ်လိုက်သည်။
သူက တရုတ်ရိုးရာ ဆေးပညာကို နက်နက်ရှိုင်းရှိုင်း နားမလည်သော်လည်း ၎င်း၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အမြဲပင် လေးစားနေခဲ့သည်။
သို့သော် ယခုတွင် မေးခွန်းတစ်ခုက သူ့ကို နှောင့်ယှက်နေ၏ ထိုထိရောက်မှုက သူ၏ ကျွမ်းကျင်မှုကြောင့်လား။ သို့မဟုတ် ဂိမ်းမှ သင်ယူခဲ့သော ပညာရပ်ကြောင့်လား...
လောလောဆယ် ကြောင်ပေါက်လေးအတွက် သူ လုပ်ပေးနိုင်သောအရာ အကုန်လုံး လုပ်ပေးပြီးပြီ ဖြစ်သည်။ ကျန်ရှိသည်က အသက်ရှင်ချင်သော ၎င်း၏စိတ်ဆန္ဒအပေါ် မူတည်နေ၏။
သူက ရေချိုးရန် ရေချိုးခန်းဘက်သို့ လှည့်ထွက်သွားခဲ့သည်။
သူ မသိလိုက်သည်မှာ မီးခိုးငွေ့များ ဝန်းရံထားသော နဂါးနက်တစ်ကောင် သူ့နောက်တွင် ပေါ်လာခြင်းပင်။ ၎င်း၏ ပုံသဏ္ဌာန်က လက်တွေ့နှင့် စိတ်ကူးယဉ်မှုကြား တဖျပ်ဖျပ် လှုပ်ခတ်နေပြီး ၎င်း၏ ရွှေရောင် မျက်လုံးများက တွင်းနက်ကြီးကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ရှိသော ကြောက်ရွံ့မှု အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ဖိနပ်ဘူးထဲတွင် ကြောင်နက်လေးက ရုန်းကန်နေသည်။
၎င်း၏ ပါးစပ်က အနည်းငယ် လှုပ်ရှားနေပြီး တကျွတ်ကျွတ် ဝါးသံ သဲ့သဲ့လေး ထွက်ပေါ်ခဲ့လာသည်။ ဖြူဖျော့သော အရိုးအဆစ်တစ်ခုက ၎င်း၏ မေးရိုးကြားမှ ထွက်ပေါ်လာပြီး ဝါးစားလိုက်သည်နှင့် ပျောက်ကွယ်သွား၏။
ကြောင်ပေါက်လေး၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပြီး သိုးငယ် ပုံသဏ္ဌာန်နှင့် ကြောင် ပုံသဏ္ဌာန်ကြား ပြောင်းလဲနေသည်။ ၎င်း၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းသော ပုံစံတစ်ခုအဖြစ် တွန့်လိမ်သွား၏။ အစွယ်များ ပါရှိပြီး မျက်လုံးမပါသော သရဲတစ္ဆေ သတ္တဝါ ကဲ့သို့ပင်။ ၎င်း၏ ပါးစပ်က ကြီးမားပြီး ချိုင်းအောက်မှ မျက်လုံးများ ပေါက်နေသည်။
အသွင်ပြောင်းလဲမှု အကြိမ်ကြိမ် ဖြစ်သွားပြီး နောက်ဆုံးတွင် ၎င်းက ကြောင်ပုံစံသို့ ပြန်လည် ရောက်ရှိသွားပြီး မလှုပ်မယှက် လဲလျောင်းနေတော့သည်။
စုန်ကျောင်းကျောင်း သေဆုံးသွားခဲ့လေပြီ။
မုပိုင်ရွှမ်က ထိုသတင်းကို စုန်ကျောင်းကျောင်း၏ တာအိုအဖော် ယန်ပေါ်ထောင်ထံမှ သိရှိခဲ့ရသည်။
“သူက ဘယ်လိုလုပ် သေသွားတာလဲ...”
မုပိုင်ရွှမ်၏ စစ်ဆေးမေးမြန်းမှုအောက်တွင် ယန်ပေါ်ထောင် မျက်နှာ ဖြူဖျော့သွား၏။ “ငါ မသိဘူး။ ငါက အဲဒီကောင်မ လီချင်းရန်ကို သတ်ဖို့ပဲ ပြောခဲ့တာ။ နောက်တော့ သူက ပြန်မလာတော့ဘူး။ သူက ငါ့ဆီမှာ ဝိညာဉ်မီးအိမ် တစ်လုံး ထားခဲ့တယ်။ ဝိညာဉ် ကျောက်တုံး နည်းနည်း ယူဖို့ ဂူကို ပြန်သွားတုန်းက သူ့ရဲ့ဝိညာဉ်မီးအိမ် ငြိမ်းနေတာ တွေ့လိုက်ရတယ်။”
မုပိုင်ရွှမ် တုန်လှုပ်သွားသော်လည်း ဝမ်းနည်းမှုနှင့် ဒေါသ အမူအရာကို ဟန်ဆောင် ထားလိုက်သည်။ “ရှင် အခု ဘာပြောလိုက်တာလဲ။ ဘာလို့ လီချင်းရန်ကို သတ်ဖို့ စုန်ကျောင်းကျောင်းကို ခိုင်းရတာလဲ။ စုန်ကျောင်းကျောင်းက ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း။ လီချင်းရန်က ကျွန်မရဲ့ စီနီယာအစ်မ။ ရှင် ရူးနေပြီလား...”
“ငါ… ငါက မင်းအတွက် လုပ်ပေးခဲ့တာလေ။” ယန်ပေါ်ထောင် စကားထစ်သွား၏။ သူ့အသံက တုန်ရီနေပြီး ဆက်ပြောလိုက်သည်။ “ပိုင်ရွှမ်။ အဲဒီကောင်မ လီချင်းရန်က မင်းကို နာကျင်စေပြီးတော့ ငါ့ကို အရှက်ခွဲရဲတယ်။ ငါ သည်းမခံနိုင်တော့ဘူး။ လီချင်းရန်ကြောင့် မင်း ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်း စုန်ကျောင်းကျောင်းကို ပြောပြခဲ့တယ် မဟုတ်လား။ ငါက မင်းအတွက် လက်စားချေပေးချင်ရုံ သက်သက်ပါ...”
“ကျွန်မကို မုပိုင်ရွှမ်လို့ပဲ ခေါ်ပါ။ ကျွန်မတို့က အဲဒီလောက် ရင်းနှီးတာ မဟုတ်ဘူး။ စုန်ကျောင်းကျောင်းကို ကျွန်မ ပြောခဲ့တာတွေက သူငယ်ချင်းတွေ အကြား ကိစ္စပါ။ ရှင်နဲ့ ဘာဆိုင်လို့လဲ။ ဘယ်သူ ရှင့်ကို ဝင်ပါခိုင်းလို့လဲ...”
“ငါ...”
မုပိုင်ရွှမ်သည် အေးစက်သော မျက်နှာထားကို ထိန်းသိမ်းထားသော်လည်း သူ၏ စိတ်ကူး ပြေးလွှား၍ နေခဲ့သည်။
သူ၏ မူလအစီအစဉ်မှာ စုန်ကျောင်းကျောင်း ယန်ပေါ်ထောင်ကို ရင်ဖွင့်မည်ကို သိလျက်နှင့် စုန်ကျောင်းကျောင်း ရှေ့တွင် သားကောင်အဖြစ် ဟန်ဆောင်ရန် ဖြစ်သည်။ ထိုနည်းအားဖြင့် ယန်ပေါ်ထောင်က စုန်ကျောင်းကျောင်းကို သူ့သဘောဖြင့်သူ လှုံ့ဆော် ပေးလိမ့်မည်။
စုန်ကျောင်းကျောင်းက သူတို့၏ စတုတ္ထ စီနီယာအစ်ကို ကျန်းဟန်ရှောင်၏ လမ်းညွှန်မှု အောက်တွင် ရှိနေသဖြင့် သူ၏ လုပ်ရပ်များအတွက် တာဝန်က သူ့အပေါ် မဟုတ်ဘဲ ကျန်းဟန်ရှောင်အပေါ် ကျရောက်လိမ့်မည်။
စုန်ကျောင်းကျောင်းက ချီသန့်စင်အဆင့်(၉) ရှိနေပြီး လီချင်းရန်က ဒန်တျန်နှင့် စိတ်ဝိညာဉ်အမြစ်များ ပျက်စီးနေသော မသန်စွမ်းသူ တစ်ဦးသာ ဖြစ်သည်။ လီချင်းရန်ကို သတ်ရန်က လွယ်ကူသော အလုပ်တစ်ခု ဖြစ်ပြီး၊ စုန်ကျောင်းကျောင်းက ခြေရာလက်ရာ မကျန်စေဘဲ လုပ်ဆောင်နိုင်လောက်သည်။
သို့သော် လီချင်းရနက အသက်ရှင်ကျန်ရစ်ပြီး စုန်ကျောင်းကျောင်း သေဆုံးသွားမည်ဟု မည်သူက ထင်ထားမည်နည်း။
တစ်ခုခုတော့ လွဲနေပြီ။
ခုနက လီချင်းရန်၏ ဒဏ်ရာများ သဘာဝမကျဘဲ လျင်မြန်စွာ ပျောက်ကင်းသွားသည်ဟု ထင်ရစဉ်ကပင် သံသယ ဖြစ်စရာ ကောင်းနေခဲ့သည်။ သို့သော် မုပိုင်ရွှမ်က အရေးမပါဟု သဘောထားကာ ပယ်ဖျက်ခဲ့သည်။
“ပိုင်ရွှမ်... ငါက မင်းအတွက် အကုန်လုံး လုပ်ပေးခဲ့တာပါ။” ယန်ပေါ်ထောင်က အသည်းအသန် တောင်းပန်လိုက်သည်။
လီချင်းရန်ကို ချင်းယွန်ဂိုဏ်းမှ ထုတ်ပယ်လိုက်ခြင်းက သူ့ကို သာမန်လူတစ်ယောက် ဖြစ်သွားစေသော်လည်း ကျင့်ကြံသူတစ်ယောက်က ခုခံကာကွယ်နိုင်စွမ်းမရှိသော သေမျိုး တစ်ယောက်အား တိုက်ခိုက်ခဲ့သည်ဟု သိသွားလျှင် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမှုဖြင့် ပြင်းထန်သော ပြစ်ဒဏ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
“ကျွန်မ ဂရုမစိုက်ဘူး။ ယန်ပေါ်ထောင်။ ဂိုဏ်းရဲ့ တရားစီရင်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်...”
မုပိုင်ရွှမ်သည် အပြစ်များ အားလုံးကို ယန်ပေါ်ထောင်အပေါ်တွင် ကျွမ်းကျင်စွာ လွှဲချလိုက်သည်။
ထိုအချိန်တွင် ချီရှောင်းတောင်ထိပ်မှ စီနီယာအစ်ကို လုချန်ထျန်းက အခန်းထဲသို့ ဝင်လာခဲ့သည်။
မုပိုင်ရွှမ်က ချက်ချင်းပင် သူ့နောက်သို့ ပုန်းလိုက်သည်။
“ယန်ပေါ်ထောင်။ ဒီနေရာက ချီရှောင်းတောင်ထိပ်ပဲ။ မင်းတို့ ရွှမ်လင်းတောင်ထိပ် မဟုတ်ဘူး။ မင်း ဒီမှာ ဘာလုပ်နေတာလဲ...”
“အစ်ကို ချန်ထျန်း...” မုပိုင်ရွှမ် ငိုနေလိုက်သည်။ မျက်ရည်များ စီးကျလာပြီး လုချန်ထျန်း၏ လက်မောင်းကို တွယ်ဖက်ထားလိုက်၏။ “ယန်ပေါ်ထောင်က လီချင်းရန်ကို လုပ်ကြံသတ်ဖြတ်ဖို့ စုန်ကျောင်းကျောင်းကို အမိန့်ပေးခဲ့တယ်။ သူက ဘယ်လိုလုပ် ဒီလိုအရာမျိုး လုပ်ရက်တာလဲ။ စုန်ကျောင်းကျောင်းက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း။ လီချင်းရန်က ကျွန်မရဲ့ စီနီယာအစ်မလေ...”
“နေပါဦး။ မဟုတ်ပါဘူး။ စီနီယာလု။ ကျွန်တော် ရှင်းပြပါရ...”
ယန်ပေါ်ထောင် စကားမဆုံးခင်မှာပင် ဒေါသထွက်နေသော လုချန်ထျန်းက သူ့ကို မြေကြီးပေါ် ကန်ချလိုက်၏။
“ယန်ပေါ်ထောင်။ မင်းက တော်တော် အတင့်ရဲတာပဲ။ လီချင်းရန်က ချင်းယွန်ဂိုဏ်းရဲ့ အစိတ်အပိုင်း မဟုတ်တော့ရင်တောင် သူက ချီရှောင်းတောင်ထိပ်ရဲ့ ကာကွယ်မှု အောက်မှာ ရှိခဲ့ဖူးတယ်။ ချီရှောင်းတောင်ထိပ်ရဲ့ ကိစ္စတွေက မင်း ဝင်ပါဖို့ ဘယ်တုန်းက ဖြစ်သွားတာလဲ။ လီချင်းရန်ကို သတ်လိုက်တာနဲ့ ဒီမှာ မျက်နှာသာ ရမယ်လို့ ထင်နေလား။ လီချင်းရန်ကို လုပ်ကြံသတ်ဖြတ်ဖို့ စုန်ကျောင်းကျောင်းကို အမိန့်ပေးတာက ဂိုဏ်းစည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲ။ စည်းကမ်းထိန်းသိမ်းရေး ခန်းမရဲ့ တရားစီရင်မှုကို ရင်ဆိုင်ဖို့ မင်း ငါနဲ့ လိုက်ခဲ့ရမယ်...”
လုချန်ထျန်း သူ့ကို ဖမ်းတော့မည့် အချိန်တွင်ပင် မုပိုင်ရွှမ်က သူ့အင်္ကျီလက်စကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကို ချန်ထျန်း... စီနီယာ အစ်မလီ မသေသေးပါဘူး။ သေသွားတာ စုန်ကျောင်းကျောင်းပါ...”
လုချန်ထျန်း လှုပ်ရှားမှု ရပ်တန့်သွားပြီး မျက်နှာတွင် ရှုပ်ထွေးမှုများ ထင်ရှားနေသည်။ အကြာကြီး တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူ ပြောလိုက်သည်ကို နားလည်သွားခဲ့သည်။
“မင်း ခုနက ဘာပြောလိုက်တယ်...”