← Chapters

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း (၂၂၁)

Vol. 23 Ch. 221

“ဒီဘက်က ရဲဘော်...?”

ချန်ကျားယန်အနေဖြင့် မည်မျှပင့နှေးကွေးပါစေ စုန့်စစ်ယွီ၏ တုန့်ပြန်မှုထဲတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သဘောပေါက်သွားခဲ့သည်။

သူမက ဘာလို့ အဲဒီလို အမူအရာမျိုးကို ပြသခဲ့နေတာလဲ။

သူမဘက်က ကြည့်မယ်ဆိုရင် သူက သူမရဲ့ရှေ့မှာ ပထမဆုံးအကြိမ် ပေါ်ထွက်လာတဲ့ သူစိမ်တစ်ယောက်ပဲ မဟုတ်ဘူးလား?

ချန်ကျားယန်တစ်ယောက် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားခဲ့ရသော်လည်း ဤခဏတာအတွင်း၌ တခြားသောအကြောင်းပြချက်များကို မတွေးနိုင်ခဲ့ပေ။

ထို့အပြင် သူ့အတွက်အခွင့်အရေးသည်က အလွန်ပင်နီးကပ်နေပြီဖြစ်သောကြောင့် သူ၏ သံသယများကို ယာယီစွန့်လွှတ်ကာ အပြုံးတစ်ခုနှင့် ဆက်လက်ပြောခဲ့လေသည်။

“မင် နေမကောင်းဘူးလား.. ကိုယ် မင်းကို ဘေးနားမှာ ခဏလောက်ထိုင်ပြီး အနားယူလို့ရအောင် ခေါ်သွားမယ်လေ

မင်းလို မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်မှာတစ်ခုခုဖြစ်ခဲ့လာရင် ဂရုစိုက်ဖို့ ဘယ်သူမှ မရှိဘဲ အဆင်မပြေနိုင်လောက်ဘူး.. မင်း မသက်မသာ ခံစားနေရရင် ကိုယ် မင်းကို ဆေးရုံကို ခေါ်သွားပေးနိုင်တယ်”

သူ့၏ စကားများက နူးညံ့ပြီး ဂရုစိုက်တတ်သည့် လေသံဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမကသာ သူ ကမ္ဘာပေါ်တွင် အမြတ်နိုးဆုံး မိန်းကလေးဖြစ်သကဲ့သို့ပင် ။

သူမကို ထိုသို့သော အမူအရာဖြင့် ကြည့်နေသည့် ချန်ကျားယန်ကို မြင်လိုက်ရချိန်တွင် စုန့်စစ်ယွီတစ်ယောက် ရွံ့ရှာလွန်းပြီး ပျို့တက်လာတော့မတတ် ခံစားခဲ့ရသည်။

သို့သော်လည်း ချန်ကျားယန် ဤနေရာတွင် ရုတ်တရက် ပေါ်လာရသည့် အကြောင်းရင်းကိုသိရှိနိုင်ရန်အတွက် သူမက သူမ၏ ရွံရှာမှုကို ဖိနှိပ်ကာ အတတ်နိုင်ဆုံး အေးဆေးတည်ငြိမ်စွာဖြင့် သူ့ကို မျက်နှာချင်းခဲ့လေသည်။

“အဆင်ပြေပါတယ် ရဲဘော်၊ ရှင် ကျွန်မရှေ့မှာ ရုတ်တရက် ပေါ်လာတာကို မြင်တော့ ကျွန်မ နည်းနည်းလောက် လန့်သွားခဲ့တာပါ”

သူမ၏စကားကို ကြားလိုက်ရလျှင် ချန်ကျားယန်လည်း စုန့်စစ်ယွီ၏ အမူအရာက သူမ၏ ရှင်းပြချက်နှင့် ကိုက်ညီသည်ဟု ခံစားခဲ့ရသည်။

သူသည်က လွန်ခဲ့သည့် နှစ်ရက်အတွင်း ပြေးလွှားနေခဲ့ရသောကြောင့် သန့်ရှင်းရေးလုပ်ခဲ့ရခြင်းမရှိပါချေ။ သို့သော်လည်း သူက ကြည့်ကောင်းနေဆဲဖြစ်ကြောင်းကို သူပြောနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူသည်က သူ့ပတ်ဝန်းကျင်ရှိ တခြားအမျိုးသားများထက် ပိုမိုချောမောပေသည်။ ထို့ကြောင့် အတိတ်ဘဝတွင် သူ့ကို နက်နက်ရှိုင်းရှိုင်း စွဲလမ်းခဲ့သော စုန့်စစ်ယွီကို ရွံရှာစေလိမ့်မည်မဟုတ်ပေ။

အရာအားလုံးကို သဘောပေါက်သွားပြီးနောက်တွင် ချန်ကျားယန်က သူ၏အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး စုန့်စစ်ယွီနှင့် စကားဆက်ပြောခဲ့သည်။

စုန့်စစ်ယွီကလည်း ချန်ကျားယန်ဘက်မှ ‘ဘူးခွံထဲတွင် မည်ကဲ့သို့သော ဆေးဝါးမျိုးကို ရောင်းချနေသည်’ကို မသိသောကြောင့် ထိုသူ၏ တမင်တကာ ချဉ်းကပ်နေခြင်းကို သတိမထားမိဟန်ဆောင်ခဲ့ပြီး ချန်ကျားယန်၏ ဖျော်ဖြေမှုကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

သို့သော်လည်း ချန်ကျားယန်က စုန့်စစ်ယွီ၏ မျှော်လင့်ချက်များကို အသက်မဝင်စေခဲ့ပါချေ။

သူက အရင်ဆုံး သူ ယခင်က တွေးထားခဲ့သည့် စကားလုံးအားလုံးကို ဖော်ပြခြငးဖြင့် စုန့်စစ်ယွီ၏ရှေ့တွင် သူ၏ “စာပေပါရမီ” ကို ထုတ်ပြဖို့ လုပ်ဆောင်ခဲ့လေသည်။

စုန့်စစ်ယွီတစ်ယောက် ကြည့်လေလေ ချန်ကျားယန်ာ သူမကို နောက်ပြောင်နေသည်ဟု ပို၍သေချာလာလေလေပင်။

သို့သော်လည်း ဤဘဝတွင်တော့ သူမက အတိတ်ဘဝတွင် ပြုလုပ်ခဲ့သကဲ့သို့ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျေးလက်ဒေသသို့ မသွားခဲ့ပေ။ ထို့အတွက် ချန်ကျားယန်ကိုလည်း မည်သည့်အချိန်ကမှ မတွေ့ဆုံခဲ့ဖူးသေးပါချေ။

ချန်ကျားယန်လို လူမျိုးက တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးသေးတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်းမှာလဲ?

ပြီးတော့ အခုလိုမျိုး ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်...။

ချန်ကျားယန်၏ အပြုအမူသည်က အလွန်အမင်း ပုံမှန်မဟုတ်သောကြောင့် စုန့်စစ်ယွီ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့သည်။

သူမက အတိတ်ဘဝမှ ပြန်လည်မွေးဖွားပြီး ယခုအချိန်သို့ ပြန်ရောက်လာသည့် တစ်ဦးတည်းသောလူ မဟုတ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သူမအပြင် ချန်ကျားယန်လည်း ပြန်လည်မွေးဖွားလာသူ ဖြစ်နိုင်လောက်လား?

ဤအကြောင်းအရာကို သိရှိလိုက်ရလျှင် စုန့်စစ်ယွီတစ်ယောက် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

ထိုသည်ကသာ အမှန်တကယ် ဖြစ်နေပါက ချန်ကျားယန် သူမကို လာတွေ့ခြင်းမှာ သူမကို လက်စားချေရန် စီစဉ်နေခြင်းသာဖြစ်ရမည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ အတိတ်ဘဝတွင် အောင်မြင်ကြီးပွားလာပြီးနောက် သူမ၏ဘဝတစ်လျှောက်လုံးတွင် ခံစားခဲ့ရသော အကြီးမားဆုံးသော နာကျင်မှုနှင့် နာကျဥ်းမှုမှာ ချန်ကျားယန်ထံမှ ရရှိလာခဲ့ခြင်းဖြစ်ကြောင်းကို သူမ သတိရလာခဲ့သည်။

ထို့ကြောင့် နောက်ပိုင်းတွင် သူမ၏ နှလုံးသားကိုလောင်မြှိုက်စေသည့် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ တစ်စုံတစ်ဦးအား ချန်ကျားယန်၏ အခြေအနေကို စုံစမ်းရန် တောင်းဆိုခဲ့ပြီး သူ့အတွက် ထိုက်တန်သည့် ကိုင်တွယ်မှုများကို လုပ်ဆောင်ခဲ့သည်။

ထို့ကြောင့် ပိတ်ဆို့မှုတချို့အောက်တွင် ချန်ကျားယန်ကို ဘဝတစ်လျှောက်လုံး ဆင်းရဲဒုက္ခရောက်နေစေရန် လုပ်နိုင်ခဲ့သည်။

အပ်ဖျားထက်ပင် ပို၍သေးငယ်သော ချန်ကျားယန်၏ နှလုံးသားနှင့်ဆိုပါက ထိုသူသာ အမှန်တကယ် ပြန်လည်မွေးဖွားလာပါက သူမကို လက်စားချေရန် အတတ်နိုင်ဆုံး ကြိုးစားလိမ့်မည်ပင်။

စုန့်စစ်ယွီ ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ချန်ကျားယန်ကို ကြည့်နေသော သူမ၏ သူမ၏ အကြည့်များထဲတွင် သတိရှိမှုနဲ့နှင့် စောင့်ကြပ်လိုမှုတို့က အဆုံးစွန်အထိ ရောက်ရှိလာခဲ့သည်။

သူမအနေဖြင့် ထိုလူယုတ်မာ ချန်ကျားယန်ကို ဤဘဝတွင် ထပ်မံ၍ ရိုကငချိုးဖို့အတွက်မည်သည့်အချိန်ကမှ မစီစဉ်ခဲ့သော်လည်း ထိုသူက သူမ၏တံခါးဝသို့ ကိုယ်တိုင်ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူအရဲ့ ရက်စက်မှုတွေအတွက် သူမကိုလာပြီး အပြစ်မတင်နဲ့ပေါ့။

ထို့ကြောင့် ချန်ကျားယန်ဘက်မှ သူ့၏ အရည်အချင်းများကို ကြွားဝါပြီးနောက်တွင် စုန့်စစ်ယွီက သူ၏ပါရမီအောက်တွင် နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခံလိုက်ရသကဲ့သို့ ဟန်ဆောင်ခဲ့ပြီး သူမ၏ မျက်လုံးများက လင်းလက်သွားခဲ့လေသည်။

“ဒီဘက်က ရဲဘော်နဲ့ ကျွန်မမှာ အတွေးအခေါ်တွေ အများကြီး တူညီနေလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး.. ကျွန်မတို့ အခုလို တွေ့ဆုံခဲ့ကြတာက ကံတရားကြောင့်ပဲ

ကျွန်မ တကယ်ပဲ ဒီစာအုပ်ရဲ့ အကြောင်းအရာတွေကို ရှင်နဲ့ ပိုပြီး ဆွေးနွေးချင်ပါတယ်.. ဒါပေမဲ့ ကျွန်မမှာ အရေးပေါ်ကိစ္စတစ်ခုရှိနေတယ်

ရှင်သာ အနှောင့်အယှက် မဖြစ်ဘူးဆိုရင်.. ရဲဘော် ကျွန်မတို့တွေ နောက်တစ်နေ့လောက် ဒီစာအုပ်အကြောင်းကို အတူ ဆွေးနွေးဖို့ အချိန်ယူရအောင်လေ”

စုန့်စစ်ယွီမှ သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို မြင်လျှင် ချန်ကျားယန်က သဘောမတူဘဲ မနေခဲ့ပါချေ။

“ကောင်းပြီ၊ ဒါဆို မနက်ဖြန်ကျရင် တွေ့ကြရအောင်လေ၊ မနက်ဖြန် ဒီရထားဘူတာမှာပဲ တွေ့ကွမလား”

အခြေအနေက ဤမျှလောက်အထိ ချောမွေ့စွာ ဖြစ်ပျက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ၏အိပ်မက်ထဲမှ အရာအားလုံးသည်က အစစ်အမှန်ပင် ဖြစ်နေပုံရသည်။ စုန့်စစ်ယွီက အိပ်မက်ထဲတွင်ကဲ့သို့ လှည့်စားရန် လွယ်ကူနေဆဲပင်။

သို့သော်လည်း သူမက အနာဂတ်တွင် အလွန်အောင်မြင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

သူ့အနေဖြင့် သူမကို လက်ထပ်ပြီးနောက်တွင် ဖြစ်ပျက်လာမည့် မကောင်းသောအရာများအားလုံးကို ဤအချိန်တွင် ကြိုတင်သိထားပြီးဖြစ်သောကြောင့် ၎င်းတို့ကို ရှောင်ရှားလိုက်ပါက အဆင်ပြေပေလိမ့်မည်။

စုန့်စစ်ယွီတစ်ယောက် စိတ်ထဲတွင် လှောင်ပြောင်ရယ်မောလိုက်သော်လည်း သူမ၏မျက်နှာပေါ်တွင်တော့ တောက်ပသော အပြုံးတစ်ခုရှိနေခဲ့သည်။

“ကောင်းပြီ၊ ဒါဆို မနက်ဖြန် ဒီအချိန်မှာ တွေ့ကြမယ်”

သူနှင့် စကားပြောပြီးနောက်တွင် စုန့်စစ်ယွီက ချန်ကျားယန်ကို ဖြတ်ကျော်ကာ ဟောင်ပင်းကို သွားရှာရန် ထွက်သွားခဲ့သည်။

နောက်ကွယ်တွင်ကျန်ရစ်ခဲ့သော ချန်ကျားယန်ကတော့ အနာဂတ်တွင် စုန့်စစ်ယွီနှင့်လက်ထပ်ပြီးနောက် အရသာစုံလင်သော အစားအစာများကိုစားသောက်ကာ အကောင်းမွန်ဆုံးစည်းစိမ်ကို ခံစားရမည့် အိပ်မက်ထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး စုန့်စစ်ယွီ မည်သည့်နေရာသို့ ထွကာသွားသည်ကို မကြည့်နိုင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လမ်းခရီးတစ်လျှောက် ဒုက္ခများစွာကို ခံခဲ့ရပြီးနောက်ဆုံးတွင်တော့ သူ မြို့သို့လာပြီး စုန့်စစ်ယွီကို ရှာမည်ဟူသော ဆုံးဖြတ်ချက်က သူ၏ဘဝတွင် ပြုလုပ်ခဲ့ဖူးသည့် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်လာပေလိမ့်မည်။

*

နှစ်ရက်ကြာပြီးနောက် ကွမ်ကျိုးရထားဘူတာ..

ရထားက ဘူတာသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့လေ၏။ စုန့်ရှီးယန်တစ်ယောက် အပြင်ဘက်မှ ရင်းနှီးသော မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှင်းပြ၍မရနိုင်လောက်သော ငြိမ်းချမ်းမှုကို ခံစားခဲ့ရသည်။

နှစ်ရက်ကြာမြင့်ခဲ့သည့် ခရီးက အတော်လေးချောမွေ့စွာ ရောက်ရှိလာခဲ့သည်ဟုဆိုနိုင်သည်။

ရထားတွဲအတွင်းရှိ လူငယ်လေးများက သူနှင့် လင်းရန်တို့ ထိုင်နေသည့်နေရာသို့ မကြာခဏပင် ဖြတ်သန်းသွားရန် အခွင့်အရေးရှာပြီး သူမကို မတော်တဆဟန်ဆောင်၍ အကြိမ်အနည်းငယ် ကြည့်ရှုနေခြင်းမှလွဲလျှင် စုန့်ရှီးယန်ထံတွင် မည်သည့် မကျေနပ်ချက်မှ မရှိခဲ့ပေ။

ကံကောင်းစွာဖြင့် သူက လင်းရန်၏ဘေးတွင် ထိုင်နေခဲ့ပြီး မျက်နှာတစ်ခုလုံးမည်းမှောင်ကာ မနှောင့်ယှက်သင့်ကြောင်း အမူအရာနှင်ဖော်ပြကာ ကြည့်နေသောကြောင့်သာ ထို အမြင်ကပ်စရာကောင်းသောလူများထဲမှ မည်သူကမှ လင်းရန်ကို လာရောက် စကားပြောရဲခြင်းမရှိခဲ့ပေ။

သို့ဆိုလျှင်ပင် ထိုလူများ လင်းရန်ကို ကြည့်နေသည့်အကြည့်များကို တွေးလိုက်တိုင်း စုန့်ရှီးယန်တစ်ယောက် မပျော်မရွှင် ခံစားခဲ့ရသည်။

ထို့ကြောင့် ရထားပေါ်က ဆင်းသညာ့အချိန်သို့ရောက်လျှင် သူက လင်းရန်ကို ခေါ်သွားကာ တခြားလူများနှင့်အတူ တိုးဝှေ့ရန် မစီစဉ်ခဲ့ပေ။

ရထားပေါ်မှ လူတိုင်းနီးပါး ထွက်ခွာသွားပြီးချိန်အထိ စောင့်ဆိုင်းခဲ့ပြီးမှသာ ထရပ်လိုက်ပြီး သူ၏ အထုပ်အပိုးများကို ဆွဲယူလိုက်သည်။

ထို့နောက် လင်းရန်ကို ကြည့်ပြီး ပြောလိုက်လေသည်။

“ရန်ရန်.. ကိုယ်တို့လည်း သွားကြရအောင်”

လင်းရန် စုန့်ရှီးယန်ကို တစ်ချက်ကြည့်လိုက်လေ၏။ စုန့်ရှီးယန်၏ အမူအရာများက လမ်းတစ်လျှောက်လုံးတွင် အနည်းငယ်ထူးဆန်းနေသည်ဟု သူမ ခံစားခဲ့ရသည်။

လင်းမိသားစုအိမ်တွင် ရှိနေချိန်က ထိုသူမှာ သူမကို သူ့၏အိမ်သို့ ချက်ချင်းပင် ခေါ်သွားချင်သကဲ့သို့ စိတ်အလောတကြီး ဖြစ်နေခဲ့သည်။

ရလဒ်အနေဖြင့် ရထားမောင်းနှင်လာခြင်းက အချိန်ကြာလာသည်နှင့်အမျှ သူ၏အမူအရာာ အစပိုင်းတွင် မျှော်လင့်တကြီးနှင့် ပျော်ရွှင်မှုကို မနည်းထိန်းချုပ်ထားရသော အမူအရာမှ ဒေါသထွက်၍ မပျော်မရွှင်ဖြစ်နေသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

ယခု ရထားဘူတာရုံသို့ ရောက်ရှိနေပြီး ဘူတာမှ ထွက်ခွာပြီးနောက် သူ၏မိဘများကို မြင်တွေ့ရတော့မည့် အခြေအနေတွင်လည်း ထိုသူက ထူးဆန်းစွာဖြင့် အလျင်စလိုမလုပ်တော့ပေ။

သူ၏စိတ်ခံစားမှု အတက်အကျများက အလွန်မြင့်မားနေပြီး သူ၏မျက်နှာအမူအရာများသည်လည်း ပုံမှန်မဟုတ်နေဟု ထင်ရသည်။

ထို့ကြောင့် အပြင်သို့ထွက်ရာလမ်းတွင် လင်းရန်တစ်ယောက် ထိုသူ၏အပြုအမူများက ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားမည်ကို စိုးရိမ်နေခဲ့ကာ စုန့်ရှီးယန်ဘက်ကို မကြာခဏလှည့်ကြည့်၍ ဂရုတစိုက် လေ့လာခဲ့သည်။

စုန့်ရှီးယန်အနေဖြင့် လင်းရန်က သူ့ကို ကြည့်နေသည်ကို အစပိုင်းကတည်းက သေချာပေါက် သတိထားမိခဲ့သော်လည်း လက်ဝှိအချိန်တွင် အထုပ်အပိုးများကို သယ်ဆောင်နေရပြီး သူ၏ပတ်ဝန်းကျင်ရှိ အခြေအနေများကိုလည်း အာရုံစိုက်နေရကာ လင်းရန် သူ့နှင့် လူစုကွဲသွားခြင်းမှလည်း ကာကွယ်နေရသောကြောင့် လင်းရန်မှ အဘယ်ကြောင့် သူ့ကို စိုက်ကြည့်နေကြောင်းကိုတော့ ခန့်မှန်းနေရန် အချိန်မရှိခဲ့ပေ။

All Chapters