← Chapters

အခန်း (၂၂၅)

Vol. 23 Ch. 225

အခန်း (၂၂၅)

Vol. 23 Ch. 225

လင်းရန်နဲ့ စုန့်ရှီးယန်တို့ စကားခဏပြောပြီးချိန်တွင် စုန့်ရှီးယန်၏ အဒေါ်ဖြစ်သူ ချင်းယွင်လျန်က သူတို့ကို ထမင်းစားရန် လှမ်းခေါ်သည့် အသံက အောက်ထပ်မှ ထွက်ပေါ်လာခဲ့လေ၏။

သူတို့နှစ်ယောက်လည်း အလျင်အမြန်ပင် ပြန်ဆင်းသွားခဲ့ကြသည်။

အချိန်က သိပ်မရသောကြောင့် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့အနေဖြင့် အလွန်ရှုပ်ထွေးသော ဟင်းလျာများကို မချက်ပြုတ်ခဲ့ကြရပေ။ ၎သူတို့အနေဖြင့် လင်းရန်နှင့် စုန့်ရှီးယန်တို့ စားရန်အတွက် ရိုးရှင်းသော အိမ်လုပ်ဟင်းလျာ အနည်းငယ်သာ ချက်ပြုတ်ခဲ့ကြလေ၏။ စားသောက်ပြီးနောကတ်ွင် သူတို့ကို ရေချိုးပြီး စောစော အနားယူရန် ပြောခဲ့ကြသည်။

သူမနှင့် ချင်းယွင်လျန်အတွက်ကတော့ မနက်ဖြန်တွင် မည်သည့်အစားအသောက်များကို ချက်ပြုတ်ရမည်ကို တိုင်ပင်နေခဲ့ကြပြီး နေ့လည်ခင်းတွင် လင်းရန်ကို မြို့ထဲမှ မည်သည့်နေရာသို့ ခေါ်သွားရမည်ကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေခဲ့ကြလေသည်။

လင်းရန်တစ်ယောက် လမ်းခရီးတွင် ပင်ပန်းခဲ့သော်လည်း ဤညတွင်တော့ စုန့်မိသားစု၏အိမ်တွင် ပထမဆုံးနေ့အတွက် အလွန်ကောင်းမွန်စွာ အိပ်ပျော်သွားခဲ့သည်။

သို့သော်လည်း သူမ မသိရှိခဲ့သောအရာမှာ သူမ အိပ်ပျော်နေသည့် ညဘက်အချိန်တွင် စုန့်ရှီးယန်က သူ၏လက်တွဲဖော်ကို ပြန်ခေါ်လာသည်ဟူသော သတင်းက အတောင်ပံများပါရှိသကဲ့သို့ စစ်တပ်ဝင်းတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ကြောင်းကိုပင် ဖြစ်ပေသည်။

သူတို့ ကားပေါ်မှ ဆင်းလာစဥ်က ချန်ဟုန်ထောင် တစ်ဦးတည်းကသာ ရှက်ရွံ့စွာဖြင့် ရှေ့သို့ တိုးလာပြီး မေးမြန်းခဲ့သော်လည်း အမှန်တကယ်တမ်းတော့ အနီးအနားတွင် နားစွင့်ပြီး နားထောင်နေသူများက အလွန်များပြားခဲ့သည်။

အထူးသဖြင့် ချင်းယွင်ကျစ်က လင်းရန်အား သူမ၏ အနာဂတ်ချွေးမဖြစ်ကြောင်း ရှင်းပြခဲ့သည့် စကားလုံးများကို လူတိုင်းက ရှသ်းလင်းစွာ ကြားခဲ့ကြရသည်။

စုန့်ရှီးယန်သည်ကား စစ်တပ်၏ အိမ်ရာဝင်းတစ်ခုလုံးတွင် တစ်ဦးတည်းသော လက်မထပ်ရသေးသည့် လူငယ် သို့မဟုတ် အရာအားလုံးတွင် ထူးချွန်သည့် လူလွတ်တစ်ဦး ဖြစ်ပေသည်။

ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း အနီးအနားရှိ မိသားစုများတွင် သမီးများ သို့မဟုတ် တူမများရှိနေသည့် လူများက စုန့်မိသားစုနှင့် လက်ထပ်ထိမ်းမြားခြင်းကိစ္စကို လုပ်ဆောင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြသည်။

သူတို့၏ သမီး၊ တူမများကို စုန့်မိသားစုသို့ ဝင်နိုင်ရန် ကြိုးစားခဲ့ကြသည်။

မမျှော်လင့်ဘဲ သူတို့ဘက်မှ အလွန်ကြာမြင့်သည်အထိ ကြိုးစားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ မအောင်မြင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့က ဤအကြောင်းကို မေ့ပစ်ရန်ပင် တွေးခဲ့ကြသည်။

သို့သော်လည်း ထိုအချိန်တွင်ပင် စုန့်ရှီးယန်က သူ၏လက်တွဲဖော်ကို အိမ်သို့ ခေါ်လာသည်ကို မြင်လိုက်ကြရလေသည်။

စုန့်ရှီးယန်ထံမှ ငြင်းပယ်ခြင်းခံခဲ့ရသူများမှာ ရုတ်တရက် မပျော်မရွှင် ခံစားခဲ့ကြရသည်။

သူ ပြန်ခေါ်လာသော မိန်းကလေးမှ လှပခြင်းမှလွဲ၍ တခြား ကောင်းမွန်သည့်အရာ မရှိနိုင်ဟု ထင်ရပေသည်။

စုန့်ရှီးယန်သည်လည်း အမျိုးသားအများစုကဲ့သို့ ရုပ်ရည်ကိုသာ ကြည့်တတ်သော သာမန်အမျိုးသားတစ်ဦးသာ ဖြစ်နေကြောင်းကို မမျှော်လင့်ဘဲ သိလိုက်ကြရသည်။

သူတို့အနေဖြင့် ယခင်အချိန်များက တစ်ဖက်လူကို အလွန်ကောင်းသည်ဟု တွေးခဲ့မိကြသည်။ ထိုကဲ့သို့လူမျိုးဖြင့်လက်မထပ်ခဲ့သည်က အလွန် ကံကောင်းပေသည်။

သူရဲ့အတွေးအခေါ်တွေက ပေါ့ပျက်ပျက် အမျိုးသားတွေနဲ့ ဘာတွေများကွာခြားနေလို့လဲ။

ရလဒ်အနေဖြင့် ထိုသတင်းက တစ်ဦးချင်းစီမှ တခြားလူများထံသို့ ပျံ့နှံ့သွားခဲ့ပြီး တစ်ညတည်းအတွင်း စစ်တပ်ဝင်းတစ်ခုလုံးက စုန့်ရှီးယန်တစ်ယောက် သူ၏လက်တွဲဖော်ကို ပြန်ခေါ်လာပြီဖြစ်ကြောင်းကို သိရှိသွားခဲ့ကြသည်။

ထို့ကြောင့် နောက်တစ်နေ့ မနက်စောစောတွင် လင်းရန်တစ်ယောက် အောက်ထပ်သို့ ဆင်းသွားသည်နှင့် များပြားလှသော သက်လတ်ပိုင်း အဒေါ်များနှင့် ဦးလေးများက ဧည့်ခန်းတွင် ထိုင်နေသည်ကို မြင်လိုက်ရပြီး အနည်းငယ်ပင် ထိတ်လန့်သွားခဲ့ရသည်။

ဧည့်ခန်းရှိလူများသည်လည်း လင်းရန်က နိုးလာပြီဖြစ်ကြောင်းကို မြင်လျှင် သူတို့အချင်းချင်း စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး လှေကားကို လှမ်းကြည့်လိုက်ကြသည်။

လင်းရန်အနေဖြင့် ဤလူများမှာ စုန့်မိသားစု၏ ဆွေမျိုးများလား ၊ အိမ်နီးချင်းများလားဆိုသည်ကို မသိခဲ့သောကြောင့် သူတို့ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ကာ ကောင်းမွန်သောစရိုက်လက္ခဏာကို ပြသခဲ့သည်။

“ရန်ရန်၊ နိုးလာပြီလား.. မနက်စာ လာစားလိုက်လေ.. မင်း ဘယ်လိုအစားအစာတွေကို ကြိုက်လဲဆိုတာ အန်တီ မသိလို့ ကောင်းမယ်ထင်ထားတာလေးတွေ နည်းနည်းစီ ဝယ်လာခဲ့တယ်

ဒါတွေက စစ်တပ် ထမင်းစားဆောင်မှာ လုပ်ထားတာလေ.. အရသာက အတော်လေး ကောင်းတယ်”

ချင်းယွင်ကျစ်က လင်းရန်တစ်ယောက် အပေါ်ထပ်တွင် ရပ်နေပြီး တွန့်ဆုတ်နေသည်ကို မြင်လျှင် အိမ်ကိုရောက်လာသူများအပေါ် စိတ်မရှည်မှုကို ဖယ်ထုတ်လိုက်ပြီး မတ်ရပ်၍ သူမကို လက်ယပ်ခေါ်လိုက်သည်။

လင်းရန်သာ ဤနေရာတွင် ရှိမနေခဲ့ပါက သူမအနေဖြင့် ဤလူများကို အပြင်ဘက်သို့ ကန်ထုတ်လိုက်လိမ့်မည်။

မနက်စောစော သူတပါးအိမ်ကို လာရောက်ပြီး ဆူညံပွတ်လောရိုက်စေရန် ပြုမူသည်က ယဉ်ကျေးမှုမရှိသည့် လုပ်ရပ်ပင် မဟုတ်ပါလား။သူတို့တွေရှိနေလို့ ရန်ရန်က အောက်ကိုဆင်းပြီး ထမင်းလာစားရမှာကို ရှက်နေပြီဆိုတာ မမြင်ဘူးလား။

ရန်ရန်က သနားစရာကောင်းလွန်းတယ်.. မနေ့ညက တစ်ညလုံး အိပ်ခဲ့ပြီး ဗိုက်ဆာနေလောက်ပြီ။

ချင်းယွင်ကျစ်၏ စကားများကိုကြားပြီးနောက် လင်းရန်လည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ချင်းယွင်ကျစ်က သူမ အောက်ထပ်သို့ ဆင်းလာသည်ကို စောင့်ဆိုင်းပြီးနောက် သူမ၏လက်ကို တိုက်ရိုက်ဆုပ်ကိုင်ကာ လင်းရန်ကို စားသောက်ခန်းထဲသို့ ခေါ်သွားခဲ့လေ၏။

စားသောက်ခန်းသို့ လမ်းလျှောက်နေချိန်တွင် သူမ၏နားအနီးတွင် တီးတိုးလေး ပြောလိုက်သေးသည်။

“သူတို့ကို ဂရုမစိုက်နဲ့.. ဒီလူတွေက အားယားနေတာ၊ မနေ့ညက မင်း လာရောက်လည်ပတ်တဲ့အကြောင်း သတင်းကို ကြားပြီးတော့ စပ်စုချင်နေကြတာလေ.. ဒါကြောင့် မနက်အစောကြီးကတည်းက ဒီကို ရောက်နေကြတာ..

သူတို့အားလုံးကို အပြင်မှာ ပစ်ထားရအောင်လည်း နည်းနည်းလောက် ရှက်နေလို့ ၊ ဒါကြောင့် ဝင်ခွင့်ပေးခဲ့ရတာ..

ဒါပေမယ့် စိတ်မပူပါနဲ့၊ အန်တီ ခဏနေရင် သူတို့ကို ပြန်လွှတ်လိုက် မယ်၊ မင်း စိတ်လွတ်လက်လွတ် စားနိုင်တယ်”

ချင်းယွင်ကျစ်၏ ယခင် စိတ်နေစိတ်ထားအရဆိုပါက ဤလူများကို ဝင်ခွင့်ပြုမည် မဟုတ်ပေ။

သို့သော် သူတို့ထဲမှ တစ်ဦးက သူတို့၏ ချွေးမလေးမှာ အလှစက္ကူတစ်ရွက်သာဖြစ်သည်ဟု တိုက်ရိုက်ပြောလာခဲ့သည်။ သူတို့က သူမကို မြင်တွေ့ချင်ရုံသာဖြစ်ပြီး စုန့်မိသာစုနဲ့အတူ ပျော်ရွှင်ချင်ရုံသာဖြစ်သည် ဟူ၏။

ပထမဆုံးပြောလာသည့်စကားကြောင့် ချင်းယွင်ကျစ် ကျိန်ဆဲချင်ခဲ့သော်လည်း နောက်ပိုင်းစကားကို ကြားလိုက်ရချိန်တွင်တော့ စိတ်တည်ငြိမ်သွားခဲ့သည်။

သူမ၏သားမှ ဇနီးလောင်းကို အိမ်သို့ ခေါ်လာခြင်းသည်က အမှန်ပင် ပျော်ရွှင်စရာကိစ္စတစ်ခု ဖြစ်ပေသည်။

သူမဘက်မှ မနက်စောစောတွင် ဤလူများကို အပြင်ဘက်၌ ပိတ်ဆို့ထားပြီး ဆူညံသံကို ဖြစ်အောင် လုပ်ခဲ့ပါက သူမအတွက် အလွန်ဆိုးရွားသွားပေလိမ့်မည်။

ထို့ကြောင့် ချင်းယွင်ကျစ်က ထိုလူများကို ဝင်ခွင့်ပြုခဲ့သော်လည်း သူတို့ဝင်လာပြီးနောက်တွင် သူမက ထိုလူအုပ်စု၏ မေးမြန်းလာသည့် မေးခွန်းအမျိုးမျိုးကို လျစ်လျူရှုခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမထံမှ သူတို့ကြားလိုချင်သည့်အရာကို ကြားခွင့် ပေးချင်စိတ်မရှိခဲ့ပါချေ။

ချင်းယွင်ကျစ်က လင်းရန်ကို ထမင်းစားခန်းထဲသို့ ခေါ်လာပြီးနောက် မနက်စာ စားစေခဲ့ပြီး ဧည့်ခန်းသို့ ပြန်လှည့်သွားခဲ့ကာ ထိုလူအုပ်စုကို ထွက်သွားခိုင်းရန် တွေးတောခဲ့သည်။

သို့သော်လည်း သူမ၏ ပါးစပ်ကိုပင် မဖွင့်ရသေးမီ တစ်စုံတစ်ဦးက သူတို့ကို ဆူပူရန် ရောက်လာလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။

“ယွင်ကျစ်၊ မင်းက ယောက္ခမတစ်ယောက်အနေနဲ့ တော်တော်လေး စွမ်းဆောင်နိုင်တာပဲ..မင်းရဲ့ ချွေးမလေးအတွက် မနက်စာကိုတောင် ကိုယ်တိုင် ဝန်ဆောင်မှုပေးနေသေးတယ်

မင်းက ကြင်နာတတ်ပေမဲ့ ဒီကိစ္စမှာအတွေ့အကြုံရှိတဲ့သူအနေနဲ့ ငါ မင်းကို အကြံပေးမယ်၊ မင်းအနေနဲ့ ချွေးမကို အကျင့်ပျက်အောင် လုပ်လို့မရဘူးနော်

မင်းဘက်က သူမကို အကျင့်ပျက်အောင် လုပ်ပေးလိုက်တာနဲ့ သူမက မင်းရဲ့ နှာခေါင်းပေါ်ကို အလွယ်တကူ ခုန်တက်လိုက်ပြီး မင်းရဲ့ မျက်နှာပေါ်မှာ တက်ထိုင်နေလိမ့်မယ်”

ချင်ယွင်ကျစ်တစ်ယောက် ထိုသို့ပြောလာသည့်စကားကို ကြားလိုက်ရလျှင် သူမ၏အမူအရာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

သူမက တစ်ဖက်လူကို နံစော်သောပါးစပ်ကို ပိတ်ပြီး ထွက်သွားရန် ပြောချင်ခဲ့သည်။

ရလဒ်အနေဖြင့် သူမ၏ ပါးစပ်ကိုဖွင့်၍ မပြောနိုင်မီ အလွန်အေးစက်သော လေသံရှိသည့် မေးခွန်းတစ်ခုက တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။

“ဒီရက်ပိုင်း ငါတို့ရဲ့ စစ်တပ်ဝင်းထဲက လူတွေဆီမှာ အခြားလူရဲ့မိသားစုမှာဖြစ်နေတဲဲ့ ကိစ္စတွေကို လိုက်ပါဂရုစိုက်ပြီး ဝင်ပါတတ်တဲ့ အလေ့အထမျိုး ဖြစ်လာတာကို ငါ မသိခဲ့ဘူး..

ဘာလဲ၊ ဒါက လီတုန်ရဲ့မိသားစုကလား.. ဒီတော့ ဒီလိုအမူအကျင့်မျိုးက လီတုန် မင်းကို အိမ်မှာ သင်ပေးတာလား”

လူတိုင်း သူတို့၏ ခေါင်းကို လှည့်ကြည့်လိုက်မိကြပြီးနောက် မျက်နှာအမူအရာက အလွန်အေးစက်၍ ညိုမှောင်နေသော စုန့်ကျယ်ကို တွေ့လိုက်ရလေသည်။

သူက သူ၏စစ်ဝတ်စုံကို မချွတ်မီပင် အခန်းထဲတွင်ရှိနေသော လူတိုင်းကို အေးစက်သော မျက်လုံးများဖြင့် ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

သူ၏ထက်ရှလွန်းသောအကြည့်မှာ ပြင်းထန်လှသော ဖိအားတစ်ခုကို သယ်ဆောင်လာခဲ့သည်။ ဤကဲ့သို့ အကြည့်မျိုးကို စစ်တပ်ရှိ စစ်သားများသည်ပင် မခုခံနိုင်ခဲ့ကြပါချေ။ လောကကို မမြင်ဖူးသော ဤအမျိုးသမီးအုပ်စုအတွက်တော့ ပြောစရာပင် မလိုတော့ပေ။

အထူးသဖြင့် မတိုင်ခင်က ချင်းယွင်ကျစ်ကို ထိုသို့ ပြောခဲ့သည့်တစ်ယောက်မှာ လီတုန်၏ ဇနီးသည်ဟူ၍ နာမည်ဖြင့် အခေါ်ခံရသည့်နောက်တွင် အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး ခြေထောက်များပင် အားနည်းသွားခဲ့ရကာ သူမ၏မျက်နှာသည်လည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“စုန့်... မစ္စတာစုန့်...”

စုန့်ကျယ်က သူမ၏စကားကို မကြားသကဲ့သို့ပင် အမူအရာမဲ့စွာဖြင့် ဝင်လာခဲ့ပြီးနောက် သူ၏ဘေးမှ အနည်းငယ် အံ့သြသင့်နေဟန်ရှိနေသော ချင်းယွင်ကျစ်ကို ကြည့်လိုက်လေသည်။

သူမက သူ အဘယ်ကြောင့် ဤမျှလျင်မြန်စွာ ပြန်လာခဲ့ရသည်ကို တွေးနေပုံရသည်။

သူက ဇနီးဖြစ်သူကို ကြည့်ရင်းဖြင့် ပြောလိုက်လေသည်။”တခြားလူတွေက အပြင်ကိုထွက်လာတဲ့အချိန် ယဉ်ကျေးမှုဆိုတာကို မေ့နေကြတယ်ဆိုရင် မင်း သူတို့ကို ငြင်းဆန်သင့်တယ်

သူတို့ကို အိမ်ထဲ မဝင်လာစေချင်ရင် မဝင်လာနဲ့လို့ တိုက်ရိုက် ပြောလိုက်လို့ရတယ်.. ကိုယ့်ရဲ့မျက်နှာကို စိတ်ပူနေစရာမလိုဘူး”

All Chapters