← Chapters

အခန်း (၂၂၆)

Vol. 23 Ch. 226

အခန်း (၂၂၆)

Vol. 23 Ch. 226

ချင်းယွင်ကျစ်တစ်ယောက် ခင်ပွန်သည်ဖြစ်သူ၏ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသော စကားကို ကြားလျှင် တိတ်တဆိတ် မျက်လုံးလှန်လိုက်လေ၏။

ဘယ်သူကများ ဒီလူတွေကို သူ့အတွက် ဝင်ခွင့်ပေးခဲ့လို့လဲ။

သူမက ရန်ရန်ရဲ့ မျက်နှာအတွက် လုပာခဲ့တယ်ဆိုတာ ရှင်းလင်းနေတာပဲလေ!

ဒီအမျိုးသားက ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေရတာလဲ။

ချင်းယွင်ကျစ် သူမ၏နှလုံးသားထဲတွင် အကြိမ်အနည်းငယ်လောက် ကျိန်ဆဲခဲ့သော်လည်း စုန့်ကျယ်က အရှေ့သို့ ထွက်လာပြီး အခက်အခဲများကို ပိတ်ဆို့လိုက်ခြင်းကြေင့် သူမအတွက် အမှန်တကယ်ပင် အလွန်လွယ်ကူသွားကြောင်းကို ပြောရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူ ပြန်မလာသေးလျှင်ပင် သူမက ဤလူများကို သေချာပေါက် ကန်ထုတ်ရန် စီစဉ်လိမ့်မည်။ သို့သော်လည်း သူမသာ ထိုသို့လုပ်ခဲ့ပါက နောက်ပိုင်းတွင် ထိုအမျိားသမီးများက သူမအား မောက်မာပြီး အာဏာရှင်ဆန်သည်ဟူသော စကားလုံးအမျိုးမျိုးဖြင့် ပျံ့နှံ့သွားစေလိမ့်မည်။ သူမ အပြင်သို့ ထွက်သောအချိန်မျိုးတွင် သူတို့၏ ဝေဖန်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

သူမအနေဖြင့် ဤကဲ့သို့ အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းရသည်ကို အလွန်အမင်း စိတ်ပျက်ခဲ့သည်။

ယခုတွင် စုန့်ကျယ်က ရောက်လာပြီဖြစ်သောကြောင့် တခြားလူများသာ အပြစ်တင်လိုပါက သူ့ကိုသာ အပြစ်တင်ပေလိမ့်မည်။

ဤသိား တွေးလိုက်ပြီးနောက် ချင်းယွင်ကျစ်တစ်ယောက် စုန့်ကျယ် ရောက်လာခြင်းက အတော်လေး ကောင်းမွန်ပေသည်ဟု ရုတ်တရက် ခံစားခဲ့ရသည်။

စုန့်ကျယ်က ထိုအမျိုးသမီးအုပ်စုကို မျက်နှာအနည်းငယ်ပင် မထောက်ဘဲ ယာဥ်ကျေးမှုမရှိဘဲ ရိုင်းစိုင်းကြောင်း တိုက်ရိုက်ပြောလာခဲ့သည်ကို ကြားလျှင် ထိုတံခါးဝသို့ ရောက်လာသော အမျိုးသမီးများမှာ အလွန်ပင်ရှက်ရွံ့ခဲ့ကြလေ၏။

သို့သော်လည်း စုန့်ကျယ်၏ ရှေ့တွင် စကားတစ်ခွန်းလောက် ထပြောရဲသော သတ္တိက မည်သူ့ထံတွင်မျှ မရှိခဲ့ပေ။

ထို့ကြောင့် သူတို့က အလွန်နာခံသကဲ့သို့ ခေါင်းကိုငုံ့ကာ တစ်ဖက်လူ၏ စကားများကို နားထောင်ခဲ့ရသည်။

ချင်းယွင်ကျစ်တစ်ယောက် အထိုမျိုးသမီးများက စုန့်ကျယ်က ကြောက်လန့်နေကြကာ ငုံးများကဲ့သို့ ခေါင်းငုံ့နေကြသည်ကို မြင်လျှင် အတော်လေး ပျော်ရွှင်သွားခဲ့ရသည်။

သူမ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကြားဝင် စေ့စပ်သူအဖြစ် လုပ်ဆောင်ခဲ့သည်။

“ကောင်းပြီ၊ ရှင်တို့ အမြန်ပြန်လိုက်ကြတော့၊ ကျွန်မ ရှင်တို့ကို ဧည့်မခံတော့ဘူး”

ထိုလူအုပ်စုသည်လည်း နေရဲခြင်းမရှိတော့ပေ။

စုန့်ကျယ်ထံမှ နောက်ပိုင်းတွင် ထပ်မံ၍ အပြောခံရမည်ကို မစိုးရိမ်ခဲ့ပါက သူတို့က လွန်ခဲ့သည့်အချိန်ကတည်းက ထွက်ပြေးခဲ့ကြပေလိမာ့မည်။

ယခု ချင်းယွင်ကျစ်က သူတို့ကို ထွက်သွားရန် ပြောလိုက်သည့်အတွက် သူတို့ကလည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြလေ၏။

“ဒါဆို သွားလိုက်ပါဦးမယ်”

ထိုသို့ ပြောလိုက်ပြီးနောက် သူ့တို့၏နောက်ကွယ်မှ နဂါးတစ်ကောင် လိုက်နေသကဲ့သို့ ထွက်ပြေးသွားခဲ့ကြသည်။

အနှေးဆုံးသူက လီတုန်၏ ဇနီးသည် ဖြစ်နိုင်သည်။ သူမက လမ်းလျှောက်နေစဥ် စုန့်ကျယ်နှင့် ချင်းယွင်ကျစ်ကို တောင်းပန်သောအကြည့်များဖြင့် ကြည့်ခဲ့သည်။

သူမက ဤကိစ္စများအကြောင်းကို လီတုန်ထံသို့ အမှန်တကယ် ပြောမည်ကို စိုးရိမ်နေခဲ့ပြီး သူ့ကို ပါဝင်ပတ်သက်စေမည်ကို ကြောက်ရွံ့ခဲ့သည်။

သူမက စုန့်ကျယ်နှင့် ချင်းယွင်ကျစ်တို့ဘက်မှ ထိုအကြောင်းနှင့်ပတ်သက်၍ တစ်ခုခု ပြောမည်ကို ကြားချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူမ စုန့်မိသားစု၏ တံခါးဝမှ မထွက်ခွာမီအထိ မည်သည်ကိုမှ မကြားခဲ့ရပေ။

အိမ်တံခါးဝတွင် ရပ်နေရင်း လီတုန်၏ ဇနီးသည်မှာ အလွန်ပင် နောင်တရနေခဲ့သည်။

ဘာလို့ သူမရဲ့ ဒီမကောင်းတဲ့ ပါးစပ်ကို မထိန်းချုပ်နိုင်ခဲ့ရတာလဲ?!

*

တခြား မသက်ဆိုင်သူများ အားလုံး ထွက်ခွာသွားပြီးနောက် ချင်းယွင်ကျစ်က စုန့်ကျယ်ကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့ကို အပေါ်အောက် ကြည့်လိုက်သည်။

ထိုသူက သူ၏လက်ထဲမှ စာရွက်စာတမ်းများနှင့် ခရီးဆောင်အိတ်များကိုပင် မချရသေးသည်ကို မြင်လျှင် ထိုသူက စစ်တပ်သို့ပင် သတင်းပို့ရန်အတွက် သွားရောက်ဖို့ အချိန်မရသေးကြောင်းကို သိရှိခဲ့လေသည်။

သူက စစ်ဆင်ရေးမှ ပြန်ရောက်သည်နှင့် ချက်ချင်း အိမ်သို့ ပြန်လာခဲ့သည်။

သူက ဒီလောက်တောင် အလျင်စလိုနဲ့ ပြန်လာတာဆိုတော့အိမ်က အခြေအနေကို ရုတ်တရက် သတင်းရသွားလို့ ချက်ချင်း ပြန်လာခဲ့တာလား။

ဤအကြောင်းကို တွေးလိုက်မိပြီးနောက့ ချင်းယွင်ကျစ် သူ့ကို သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

“ဘာလို့ ဒီလောက် စောစော ပြန်လာတာလဲ”

မည်မျှလောက်ကြာမြင့်နေပြီကိုပင် မသိနိုင်တော့သည့် ရက်ပေါင်းများစွာ ကြာပြီးနောက် စုန့်ကျယ်တစ်ယောက် ချင်းယွင်ကျစ်က သူ့ကို စကားစပြောသည်ကို နောက်ဆုံးတွင် ကြားခဲ့ရပေပြီ။

ဤအချိန်တွင် သူ၏နှလုံးသားက အလွန်အမင်း ထိမိခံစားခဲ့ရသည်။

သို့သော်လည်း သူ၏မျက်လုံးထောင့်မှ ထမင်းစားပွဲတွင် ထိုင်နေသော လင်းရန်က သူတို့ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်နေသည်ကို မြင်လိုက်ရလေသည်။

သူက ချက်ချင်းပင် သူ၏အမူအရာကို ချိန်ညှိလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီတစ်ကြိမ် တာဝန်က အတော်လေး ချောချောမွေ့မွေ့ ပြီးစီးခဲ့တယ်လေ၊ ဒါကြောင့် ပြန်လာခဲ့တာ”

ချင်းယွင်ကျစ် မျက်မှောင်ကြုတ်လိုက်သည်။ သူမအနေဖြင့် လက်ထပ်ပြီးသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်၍ စုန့်ကျယ်၏အကြောင်းကို အတော်လေး ကောင်းကောင်းသိသည်ဟု တွေးထားခဲ့သောကြောင့် ပို၍ပင် အံ့အားသင့်ခဲ့ရသည်။

စုန့်ကျယ်၏ လေသံထဲတွင် ဝံ့ကြွားမှုများပါဝင်နေသည်ဟု သူမ အဘယ်ကြောင့် ခံစားရသနည်း။

ရှင်က ဘာကို ကြွားနေတာလဲ?

ရှင် တာဝန်ကို ဘယ်လောက် မြန်မြန် ပြီးစီးတယ်၊ ဘယ်လောက်တောင် အံ့သြဖို့ကောင်းတယ်ဆိုတာကို ကြွားနေတာလား?

ခဏလဆာက်စဥ်းစားပြီးနောက် ချင်းယွင်ကျစ်တစ်ယောက် သူမ အတွေးလွန်နေခြင်းဖြစ်မည်ဟုသာ ခံစားရပေ၏။

အလွန်အမင်း ပျင်းရိစရာကောင်းပြီး တစ်စုံတစ်ခုကိုပင် ကောင်းစွာ ပြောဆိုနိုင်စွမ်းမရှိသော စုန့်ကျယ်အနေဖြင့် ဤကဲ့သို့ အတွေးလေးမျိုး ရှိနေစရာအကြောင်းမရှိပေ။ အထူးသဖြင့် သူ၏အနာဂတ် ချွေးမရှေ့တွင် ကောင်းမွန်သော ထင်မြင်ကို ထားချင်သောကြောင်း ကြွားလုံးထုတ်သည်က လုံးဝပင် မဖြစ်နိုင်ပါချေ။

ထို့ကြောင့် စုန့်ကျယ်၏ အဖြေကို ကြားလိုက်ရလျှင် ချင်းယွင်ကျစ်က တိုတိုပြတ်ပြတ်ဖြင့် အေးစက်စွာသာ တုံ့ပြန်ခဲ့သည်။

“အင်း”

ထို့နောက် စုန့်ကျယ်ကို လျစ်လျူရှုကာ လင်းရန်ဆီသို့ ပြန်သွားခဲ့လေ၏။

သို့သော် စုန့်ကျယ်ကလည်း သူမ၏ နောက်နှ မလိုက်လာခဲ့ပေ။ သူက အဝတ်လဲရန်အတွက် သူ၏ခရီးဆောင်အိတ်ကို သယ်ဆောင်ကာအပေါ်ထပ်သို့ တက်သွားခဲ့သည်။

သူ၏ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်လျှင် လင်းရန်လည်း ချင်းယွင်ကျစ်ဘက်ကို သိချင်စိတ်ဖြင့် ပြန်ကြည့်လိုက်သည်။

“အဒေါ်၊ ခုနက ဦးလေးက စုန့်ရှီးယန်ရဲ့အဖေလား”

ချင်းယွင်ကျစ်က ခေါင်းညိတ်လိုက်ပြီးနောက် လင်းရန်ကို ရုတ်တရက် မေးလိုက်သည်။

“အင်း၊ သူက ကြောက်စရာ မကောင်းဘူးလား”

လင်းရန်လည်း သူမ၏စကားကို ကြားလျှင် ခေါင်းကိုခါရမ်းလိုက်မိလေသည်။

ဘာကို ကြောက်စရာကောင်းရမှာလဲ။

ခုနတုန်းက အဖေစုန့် တံခါးဝတွင် ရပ်ပြီး အဲဒီအမျိုးသမီးအုပ်စုကို ဆူပူနေတဲ့ပုံစံက အရမ်းကို ခန့်ညားလွန်းတယ်မဟုတ်ဘူးလား။

ထိုသူက သတ်လတ်ပိုင်းကိုရောက်သည့်တိုင် ခန့်ညားနေသေးသော အမျိုးသားတစ်ဦး၏ ပြီးပြည့်စုံသော နမူနာသာဖြစ်သည်။

လင်းရန်တစ်ယောက် စုန့်ရှီးယန်၏ အရပ်ရှည်ခြင်းက မည်သူထံမှ အမွေဆက်ခံခဲ့သည်ကို သိရှိခဲ့ပေပြီ။

ဤသည်မှာ သူ၏ ခန့်ညားပြီး ချောမောသော အဖေစုန့်ထံမှသာ ဖြစ်လိမ့်မည်။

လင်းရန် သူမ၏စကားကို သဘောမတူကြောင်း ပြောလာခဲ့လျှင် ချင်းယွင်ကျစ်က လင်းရန်ကို သူမနှင့်အတူ တွေးတောရန် အတင်းအကျပ် မလုပ်ခဲ့ပေ။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူမမှ လွဲလျှင် စုန့်ကျယ်၏အကြောင်းကို အတွင်းကျကျ သိရှိထားပြီးသားလူများကလွဲ၍ မည်သူကမှ စုန့်ကျယ်၏အကြောင်းကို ကောင်းမွန်ကြောင်း ပြောလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လက်ရှိတွင် သူမက တစ်ဖက်လူ၏ လက်တလော အပြုအမူများကို မကျေနပ်ရုံသာ ဖြစ်သည်။

သို့သော် စုန့်ကျယ်၏ ကိစ္စက အရေးမကြီးပေ။ ဆိုရလျှင် သူသည်က တစ်နေကုန် စစ်တပ်တွင် နေထိုင်နေသူဖြစ်သောကြောင့် မည်သူကမှ အချိန်ကြာကြာ တွေ့ရလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် လင်းရန်သည်လည်း သူ့နှင့် အချိန်များများ တွေ့နိုင်မည်မဟုတ်။

ထို့ကြောင့် သူ့ကို မမြင်နိုင်သောသူအဖြစ် သဘောထားလိုက်နိုင်သည်။

ဤသို့ တွေးလိုက်ပြီးနောက် ချင်းယွင်ကျစ်က စုန့်ကျယ်၏ ကိစ္စကို အလျင်အမြန် မေ့ပစ်လိုက်ပြီး လင်းရန် မနက်စာ စားနေသည်ကိုသာ ဂရုစိုက်တော့သည်။

“အစားအသောက်တွေက မင်းရဲ့ အကြိုက်နဲ့ကိုက်ညီရဲ့လား.. လောက်ရော လောက်ရဲ့လား”

လင်းရန်လည့် ချင်းယွင်ကျစ်၏ စကားကိုကြားလိုက်ရေသာေကြောင့် သူ၏အတွေးများကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး ချင်းယွင်ကျစ်ကို ပြုံးပြလိုက်သည်။

“အရသာရှိပါတယ် အန်တီ.. ကျေးဇူးတင်ပါတယ် “

“မင်း ကြိုက်တယ်ဆိုရင် စားလိုက်နော်.. မင် ဘယ်တစ်ခုကို အကြိုက်ဆုံးဆိုတာ ကြည့်ရအောင်.. မင်းကြိုက်တဲ့အစားအစာကို အန်တီ မင်းအတွက် ချက်ပြုတ်ဖို့ သင်လိုက်မယ်”

ချင်းယွင်ကျစ်မှာ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ စာရေးခြင်းနှင့် စာဖတ်ခြင်းတို့တွင် အလွန်ကောင်းမွန်သည်။ သူမကို ခေတ်ပြိုင်အမျိုးသမီးထဲတွင် အတော်ဆုံးထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း သူမတွင် မတတ်မြောက်နိုင်သောတစ်စုံတစ်ခုလည်းရှိပေသည်။

၎င်းမှာ ချက်ပြုတ်ခြင်းသာဖြစ်သည်။

သူမ၏ညီမဖြစ်သူ ချင်ယွင်လျန်၏ စကားအရ ချင်းယွင်ကျစ်၏ အချက်အပြုတ်စွမ်းရည်ကသာ သူမ၏ တခြားအရည်အချင်းများ၏ ဆယ်ပုံတစ်ပုံလန့်လောက် ရှိနေလျှင်ပင် ချင်းယွင်ကျစ်က သူမ၏အိမ်သို့ မကြာခဏ လာမည်မဟုတ်ပေ။

ညီအစ်မနှစ်ယောက်က တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်ကြသည်။ စုန့်ရှီးယန် စစ်တပ်သို့ ဝင်ရောက်ပြီးနောက် ချင်းယွင်ကျစ်က အိမ်တွင် လုပ်စရာ မရှိသောကြောင့် အနီးအနားတွင်ရှိနေသော ညီမဖြစ်သူ ချင်ယွင်လျန်၏ အိမ်သို့ ညစာစားရန် မကြာခဏ သွားလေ့ရှိသည်။

သူမက တစ်ယောက်တည်း ချက်ပြုတ်ရန်အတွက် အလွန်ပျင်းရိနေတတ်သည်။

သေချာပေသည်။ အရေးကြီးဆုံးအချက်က သူမ ချက်ပြုတ်သော အစားအသောက်များက အရသာ ဆိားရွားနေတတ်သောကြောင့်သာ ဖြစ်ပေ၏။

ယမန်နေ့ညက လင်းရန်နှင့် စုန့်ရှီးယန်တို့အတွက် ချက်ပြုတ်ခဲ့သော ညစာကိုလည်း သူမ၏ညီမကသာ ကူညီပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်သာ လင်းရန်တစ်ယောက် ပထမဆုံးရောက်သည့်နေ့တွင် စားရသည့် ပထမဆုံး အစားအသောက်မှာ ဆိုးရွားသော အရသာရှိနေခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သည်။

စုန့်ကျယ်တစ်ယောက် အထုပ်အပိုးများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာချိန်တွင် ဇနီးသည်၏ စကားကို ကြားလိုက်ရလေ၏။

ထိုစကားနှင့်ပင် သူ၏ဇနီးက လင်းရန်ကို မည်မျှလောက်အထိ ကျေနပ်နေကြောင်းကို သူချက်ချင်း သဘောပေါက်ခဲ့သည်။

သူမက လင်းရန်အတွက် ချက်ပြုတ်ရန် သင်ယူမည်ဟုပင် ပြောနိုင်ခဲ့သည်။ ဤသည်က သူမ လင်းရန်ကို အမှန်တကယ် ဂရုစိုက်ကြောင်း ဖော်ပြနေခဲ့သည်။

သို့သော် သူမက ဤနေရာသို့ ရောက်သည်မှာ တစ်ညတည်းသာ ရှိသေးပေသည်။ သူ၏ဇနီးက ထိုကောင်မလေးကို ယခုကဲ့သို့ ဂရုစိုက်နေသည်မှာ အနည်းငယ် အံ့သြစရာကောင်းသည်။

စုန့်ကျယ် ဇနီးသည်၏အကြောင်းကို တွေးတောရင်း သူ့ကိုယ်သူ ပြန်စဉ်းစားလိုက်မိသည်။

သူသည်လည်း ယမန်နေ့ညက ထိုသတင်းကို ကြားသည်နှင့် ရပ်နားခြင်းပင်မရှိဘဲ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

သူကိုယ်တိုင်ကလည်း သူ၏ဇနီးထက်တော့ ပိုကောင်းနေပုံမရပါချေ။

All Chapters