← Chapters

အခန်း (၂၂၉)

Vol. 23 Ch. 229

အခန်း (၂၂၉)

Vol. 23 Ch. 229

လင်းရန်တစ်ယောက် ကြောင်အမ်းသွားရသည်။

နိုင်ငံပိုင် စားသောက်ဆိုင်တွေက လမ်းကြားတွေထဲမှာ ဖွင့်ကြတာလား။

ယေဘုယျအားဖြင့် လူအများဆုံး သွားလာတတ်တဲ့ လမ်းမပေါ်မှာပဲ ဖွင့်သင့်တာ မဟုတ်ဘူးလား။

လင်းရန်၏ရှုပ်ထွေးနေသည့် မျက်နှာကို မြင်လျှင် ချင်ယွင်လျန်က တီးတို ရှင်းပြလာသည်။

“ငါတို့တွေ စားသောက်ဆိုင်ကို သွားစားကြမှာ မဟုတ်ဘူး.. ဒီနေ့ နိုင်ငံပိုင် စားသောက်ဆိုင်ထက် ပိုအရသာရှိတဲ့ စားသောက်ဆိုင်ကို မင်းကို ခေါ်သွားမှာ..

ဒါပေမဲ့ ဒီဆိုင်ပိုင်ရှင်က အခု အသက်ကြီးနေပြီလေ၊ သူက လူတွေကို သိပ်ပြီး လက်မခံတော့ဘူး.. ပြောရရင် ချစ်ခင်မှုကြောင့်ပဲ ဧည့်သည်လက်ခံတာ”

လင်းရန်လည်း သူမ ပြောလိုက်သည့် စကားကို ရုတ်တရက် သဘောပေါက်သွားသည်။

သူတို့တွေ သူမကို ခေါ်သွားပြီး စားစေချင်တာက ပုဂ္ဂလိက ဟင်းလျာ ဖြစ်နေတာကိုး!

ဒီလိုအချိန်မျိုးမှာတောင့် ကိုယ့်ရဲ့ နာမည်ကောင်းကို ထိန်းသိမ်းထားနိုင်ပြီး လူတွေရဲ့ မှတ်ဥာဏ်ထဲမှာ စွဲမြဲခံရမှုကို ရရှိနိုင်တဲ့ သူဌေးတစ်ယောက်ဆိုမှတော့ သူ့ရဲ့ လက်ရာက လုံးဝ မဆိုးနိုင်ဘူး။

သူ့ကို လူအများထဲမှာ ဖုံးကွယ်နေတဲ့ ထိပ်တန်း စားဖိုမှူးလို့ ပြောရင်တောင် မမှားနိုင်လောက်ဘူး။

ထို့ကြောင့် လင်းရန်တစ်ယောက် မကြာခင် ရောက်ရှိမည့် နေရာအတွက် မျှော်လင့်ချက် အပြည့် ဖြစ်သွားခဲ့သည်။

ချင်းယွင်ကျစ်တို့ ညီအစ်မနှစ်ယောက်က ဘယ်မှ ညာကို ချိုးပြီးနောက် နောက်ဆုံးမှာ လူသတိမထားမိနိုင်လောက်စရာ ခြံဝင်းတစ်ခု၏ ရှေ့တွင် ရပ်လိုက်ကြသည်။

တံခါးကို နှစ်ချက်လောက် ခေါက်လိုက်ပြီးနောက် အတွင်းဘက်မှ ပိုင်ရှင်၏ အသံက အတွင်းကနေ ထွက်လာခဲ့လဆ၏။

“ဘယ်သူလဲ”

“အန်တီဝူ၊ ကျွန်မက ချင်းယွင်ကျစ်ပါ”

အတွင်းက လူက ထိုအသံကို ကြားသည်နှင့် တံခါးကို ချက်ချင်း ဖွင့်လိုက်သည်။

ထို့နောက် တံခါးအပြင်ဘက်မှ ချင်ယွင်ကျစ်တို့ ညီအစ်မနှစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အန်တီဝူက စိတ်အားထက်သန်စွာ ပြုံးလိုက်ပြီး ကြိုဆိုလာခဲ့သည်။

“မင်းတို့ ညီအစ်မနှစ်ယောက်ကို မတွေ့ရတာ ကြာပြီ.. အခုတော့ ငါတို့ လူအိုကြီးနှစ်ယောက်ကို လာတွေ့ဖို့ ဆန္ဒရှိလာကြပြီလား”

“အန်တီဝူ၊ အန်တီက မအိုသေးပါဘူး! အပြင်မှာ လမ်းလျှောက်နေရင် ကျွန်မတို့နဲ့ ညီအစ်မတွေလို့တောင် ထင်သွားနိုင်တယ်!”

ချင်ယွင်လျန်က ရယ်မောလိုက်ပြီး ချစ်ခင်သော မျက်နှာအမူအရာဖြင့် အန်တီဝူ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

အန်တီဝူလည်း သူမ၏ စကားကြောင့် သဘောကျစွာ ရယ်မောလိုက်လေ၏။ ထို့နောက် သူမအတွက် အစိမ်းသက်သက်ဖြစ်နေသော လင်းရန်ကို လှမ်းကြည့်လိုက်သည်။

“ဒီကလေးမလေးက ဘယ်သူလဲ”

ချင်ယွင်လျန်က မျက်ခုံးပင့်ကာ ရည်ရွယ်ချက်ရှိရှိ မောက်မာသော အမူအရာဖြင့်ပြောလိုက်သည်။ “ခန့်မှန်းကြည့်ပါလား” ဟု

“ငါ့ကို ခန့်မှန်းခိုင်းနေတယ်ဆိုတော့ ငါ ခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ မင်းတို့ လုံးဝယုံကြည်နေပုံရတယ်”

အန်တီဝူက ရယ်မောလိုက်သော်လည်း ချင်ယွင်လျန်ကို အမှန်အတိုင်းပြောရန် မတိုက်တွန်းခဲ့ဘဲ သူမ၏ဆန္ဒအတိုင်း ခဏတာ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြောလာသည်။

“ဒီကလေးမလေးက ရှီးယန်ရဲ့ လက်တွဲဖော် များလား”

ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့နှစ်ယောက်လုံး အံ့ဩသွားကြလေ၏။

“!!!”

“အန်တီဝူ၊ အန်တီ ဘယ်လိုလုပ် ခန့်မှန်းနိုင်တာလဲ.. စုန့်ရှီးယန်က ဒီအကြောင်းကို စာနဲ့ကြိုရေးပေးလိုက်လို့လား”

ချင်ယွင်လျန်၏ မျက်နှာတွင် အံ့အားသင့်မှုအပြည့်ဖြင့် ပြည့်နေခဲ့လေ၏။

ချင်းယွင်ကျစ်ပင် မနေနိုင်ဘဲ ပြောလိုက်မိသည်။

“အန်တီဝူ၊ အန်တီက တကယ်ကိုတော်တာပဲ!”

အန်တီဝူလည်း သူမ၏ ခန့်မှန်းချက်က မှန်ကန်သွားကြောင်း သိလိုက်ရလျှင် ဂုဏ်ယူစွာ ပြုံးလိုက်လေသည်။

“ဒါပေါ့၊ ငါ့အဖွားကြီး အသက် ဘယ်နှစ်နှစ်ရှိပြီလဲဆိုတာကိုပဲ မကြည့်နဲ့ လူတွေကိုလည်း ကောင်းကောင်းကြည့်တတ်တယ်!”

ထိုစကားကိုပြောရင်း အန်တီဝူက လင်းရန်ကို ထပ်မံ ကြည့်မိသွားသည်။

ဒီကောင်မလေးက တကယ်ကို မဆိုးဘူး။ ချစ်စရာကောင်းပြီး သပ်သပ်ရပ်ရပ်ရုံသာမက မျက်လုံးတွေကလည်း ကြည်လင်ပြီး အမူအရာတွေကလည်း ယဉ်ကျေးသိမ်မွေ့တယ်။

ရှီးယန်လို အေးတိအေးစက် ကောလေးတစ်ယောက်ကတောင် သဘောကျမိတာ မဆန်းဘူး။

အန်တီဝူက သူမကို ထပ်မံ ကြည့်လာခဲ့သည်ကို မြင်လျှင် လင်းရန်က အလျင်အမြန် ပြန်ပြုံးပြလိုက်သည်။

“မင်္ဂလာပါ အဖွားဝူ.. ကျွန်မရဲ့နာမည် လင်းရန်ပါ.. ကျွန်မတို့က အခုမှ စတွေ့ဖူးတာကို အဖွားတို့ရဲ့အိမ်ကို လာပြီး အနှောင့်အယှက်ပေးမိတယ်.. အဖွား စိတ်မဆိုးပါနဲ့နော်”

သူမ ထင်ထားတာထက်တောင် ပိုပြီး ယဉ်ကျေးသေးတယ်!

အန်တီဝူက ပို၍ပင် ကျေနပ်သွားခဲ့သည်။

“ကလေးမလေး၊ မြန်မြန်ဝင်လာခဲ့.. အဖွားက မင်းအတွက် ဟင်းကောင်းကောင်း ပြင်ဆင်ပေးမယ်!”

ထိုသို့ပြောပြီးနောက် အန်တီဝူက အရှေ့သို့တိုးလာကာ လင်းရန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး တံခါးဝမှ အတွင်းသို့ လမ်းပြလာခဲ့သည်။

အန်တီဝူ၏ ရင်းနှီးကျွမ်းဝင်လွန်းသော အပြုအမူများကို မြင်လိုက်ရချိန်တွင် လင်းရန်က အန်တီဝူနှင့် ချင်းညီအစ်မတို့၏ ဆက်ဆံရေးသည်က အမှန်တကယ် ကောင်းမွန်ကြောင်း နောက်ဆုံးတွင် သေချာသွားခဲ့သည်။

ဆိုရလျှင် သူမ၏ လူတစ်ဦးချင်းစီကို ဆက်ဆံပုံပ အလွန်တူညီနေခဲ့ပေပေသည်။

သူတို့ အထဲသို့ ရောက်ရှိလာပြီးနောက် လင်းရန်လည်း ထိုခြံဝင်းထဲ၌ ဖုံးကွယ်နေသောလှိုဏ်ဂူတစ်ခုကဲ့သို့ လှပသော နေရာတစ်ခုရှိနေကြောင်းကို ရှာဖွေတွေ့ရှိလိုက်ရသည်။

အပြင်ဘက်မှ ကြည့်လိုက်လျှင် သာမန် ခြံဝင်းတစ်ခုဟု ထင်ခဲ့ရသော်လည်း အတွင်းသို့ ဝင်လာပြီးနောက် ခြံဝင်းထဲတွင်ရှိနေသော ရှုခင်းများကြောင့် အံ့အားသင့်သွားရလေသည်။

နေရာက ရှည်လျားသော လျှောက်လမ်းပါရှိသည့် ခြံဝင်းဖြစ်ပြီး ကျောက်ဆောင်အတုများ၊ စီးဆင်းနေသော ရေများအပြင် လှပစွာ ညှပ်ထားသည့် ပန်းအိုးမျိုးစုံနှင့် အပင်များ၊ ကောင်းစွာ ထိန်းသိမ်းထားသော ရှေးဟောင်းအဆောက်အအုံများနှင့် ပြည့်နှက်နေသည်။

ဤခြံဝင်းမှာ နောင်လာမည့် မျိုးဆက်များတွင် ကာကွယ်ထိန်းသိမ်းထားရမည့် အထိမ်းအမှတ် အဆောက်အအုံတစ်ခု အသေအချာ ဖြစ်လာလိမ့်မည်!

ယခုကဲ့သို့ ခေတ်ကာလတွင်မဆိုထားနှင့်။ နောင်မျိုးဆက်များတွင်ပင် ဤကဲ့သို့ ခြံဝင်းမျိုးကို တည်ဆောက်ရန် လွယ်ကူမည် မဟုတ်ပေ။

လင်းရန်တစ်ယောက် သူမ၏ ဘေးနားတွင် လမ်းလျှောက်နေသော အန်တီဝူကို နောက်တစ်ဖန် ပြန်ကြည့်ရင်း ကြည်ညိုလေးစားစိတ်များ ဝင်လာမိသည်။

သူမ၏ ဘေးနားတွင် သူဌေးအစစ်အမှန် ရှိနေလိမ့်မည်ဟု လုံးဝ မမျှော်လင့်မိပါချေ။

“ရန်ရန်၊ အန်တီဝူရဲ့ ခြံဝင်းက မလှဘူးလား.. အန်တီဝူနဲ့ သူ့ရဲ့ခင်ပွန်းတို့က ဒီခြံဝင်းကို ထိန်းသိမ်းဖို့အတွက် အားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရတာ”

ချင်းယွင်ကျစ်မှာ ဤခြံဝင်းထဲသို့ ဝင်လိုက်တိုင်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ခံစားချက်များကပါ လန်းဆန်းပေါ့ပါးသွားသလို ခံစားရပြီး စိတ်အခြေအနေကလည်း မသိစိတ်အရ ကောင်းမွန်သွားလေ့ရှိသည်။

ထို့ကြောင့် ဤမျှကောင်းသော နေရာကို လင်းရန်ဆီသို့ သဘာဝကျစွာဖြင့် မိတ်ဆက်ပေးချင်နေခဲ့သည်။

လင်းရန်လည်း ထိုစကားကို ကြားလျှင် ခေါင်းကို အားရပါးရ ညိတ်လိုက်ပြီး ရိုးသားစွာ ပြောလိုက်မိသည်။

“အရမ်းလှတယ်၊ ကျွန်မ ခုနကတောင်မှ အံ့သြလို့ မင်တက်နေခဲ့တာ!”

ထိုသို့မြင်သော် ချင်းယွင်ကျစ်က လင်းရန်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှမေးလာလေသည်။

“မင်း ဒါကိုကြိုက်လား”

လင်းရန်သည်လည်း များစွာ မစဉ်းစားမိခဲဘဲ မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိသည်။

“ကြိုက်တယ်!”

“အော်..”

ချင်းယွင်ကျစ်က သဘောပေါက်သွားသည့် လေသံဖြင့် ပြောလိုက်ပြီးနောက် မည်သည့်အကြောင်းကို စဉ်းစားမိသည်မသိဘဲ ရယ်မောလာခဲ့လေသည်။

လင်းရန်: “?”

သို့သော် ချင်းယွင်ကျစ်က မည်သည့်အရာကိုမှ ဆက်မပြောလိုကြောင်း သိလိုက်သောကြောင့် သူမလည်း ထပ်မမေးတော့ဘဲ အန်တီဝူ၏ ခြေလှမ်းများနောက်သို့ လိုက်၍ ခြံဝင်းအတွင်းရှိ လှပသောရှုခင်းများကို ဆက်လက် ခံစားနေခဲ့သည်။

နောက်ဆုံးတွင် အန်တီဝူက ဧည့်သည်များကို ဧည့်ခံသည့် အဓိကခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။

သူမက မည်သည့်ဟင်းလျာကို စားချင်လဲဟုပင် မမေးမြန်းတော့ဘဲ ပြောလာသည်။

“မင်းတို့ မစားရသေးဘူးမလား.. ဒါဆို ဒီမှာ ထိုင်ပြီး ခဏစောင့်နေ၊ ငါ ချက်ပြုတ်ပေးမယ်”

ထိုသို့ပြောပြီးနောက် အန်တီဝူက သူတို့ကို အဓိကခန်းမတွင် ချန်ထားခဲ့ကာ မီးဖိုချောင်သို့ သွားရောက်ခဲ့သည်။

လင်းရန်သည်လည်း သူတို့၏ ဆက်ဆံရေးကို မြင်လိုက်ရသည့်အတွက် ချင်းညီအစ်မနှစ်ယောက်နှင့် အန်တီဝူတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ကြောင်း သိလိုက်ရသည်။ သို့မဟုတ်ပါက အန်တီဝူက သူတို့ကို ဤနေရာတွင် စိတ်ချလက်ချ ချန်ထားခဲ့မည် မဟုတ်ပေ။

အန်တီဝူ ထွက်သွားပြီးနောက် ချင်းယွင်ကျစ်က ဤအချိန်ကိုအခွင့်ကောင်းယူ၍ အန်တီဝူ၏ နောက်ခံအကြောင်းကို လင်းရန်အား ဂရုတစိုက် မိတ်ဆက်ပေးခဲ့သည်။

တကယ်တမ်းတွင် အန်တီဝူ၏ နောက်ခံသည် လင်းရန် ယခင်က ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖြစ်ပြီး၊ သမိုင်းနောက်ခံ အတော်လေး ကြီးမားသူ ဖြစ်သည်။

ချင်းယွင်ကျစ်၏ ပြောပြချက်အရ အန်တီဝူ၏ ဘိုးဘေးများက နန်းတွင်း စားဖိုမှူးများဖြစ်ကြပြီး အန်တီဝူ၏ အဘိုးလက်ထက်အထိ နန်းတော်တွင် အမှုထမ်းခဲ့ကြသေးသည်။

သို့သော် အခြေအနေများက နောက်ပိုင်းတွင် ပြောင်းလဲသွားသောကြောင့် အန်တီဝူ၏ ဖခင်က ပဋိပက္ခများမှ ရှောင်ခွာရန် သူတို့ကို ကွမ်ကျိုးသို့ ခေါ်ဆောင်သွားခဲ့သည်။

သို့သော်လည်း သူတို့၏ချက်ပြုတ်နည်းဖြင့် အစားအသောက်က ကွမ်ကျိုးတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မြင့်မြတ်သော ပုဂ္ဂိုလ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

အန်တီဝူ၏ ဖခင်တွင် သားသမီးများစွာရှိသော်လည်း အန်တီဝူက ကလေးများထဲတွင် ချက်ပြုတ်ရာ၌ အရည်အချင်းအရှိဆုံးဖြစ်သောကြောင့် ဖခင်၏ ချက်ပြုတ်နည်းစနစ်များကို အမွေဆက်ခံခဲ့ပြီး ဤနန်းတွင်း ချက်ပြုတ်နည်းပညာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ယနေ့ခေတ်ကာလအထိ ပုဂ္ဂလိကရောင်းချခွင့်ကို ခွင့်မပြုသော်လည်း ဤလောကတွင် အခွင့်ထူးများ အမြဲရှိနေတတ်သည်။ ထို့ကြောင့် အန်တီဝူ၏ ဆိုင်က အမှန်တကယ်အားဖြင့် ဖွင့်လှစ်ထားခြင်းမရှိသော်လည်း ဂုဏ်သရေရှိ ဧည့်သည်အနည်းငယ်ကို တစ်ခါတရံ လက်ခံလေ့ရှိသည်။

ဆိုရလျှင် အလွန် စစ်မှန်သော အဓိပ္ပာယ်ဖြင့် ဂုဏ်သရေရှိ ဧည့်သည်တော်များပင် ဖြစ်သည်။

ချင်းယွင်ကျစ်တို့ ညီအစ်မနှစ်ယောက်ကတော့ ဖခင်ဘက်၏ မိသားစုကြောင့် ကံကောင်းခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ချင်းမိသားစုနှင့် ဝူမိသားစုသည်လည်း ဆက်ဆံရေးကောင်းမွန်ခဲ့သောကြောင့် သူတို့အနေဖြင့် အချိန်မရွေး ညစာလာစားနိုင်ပြီး အန်တီဝူကလည်း သူတို့ကို မိသားစုဝင်များသဖွယ် ဆက်ဆံသည်။

ထိုအကြောင်းကို ကြားလိုက်ရလျှင် လင်းရန်တ်ယောက် အံ့သြသည့် အမူအရာကို ပြသမိသည်။

သာမန် အဒေါ်ကြီးတစ်ဦးကဲ့သို့ ထင်မြင်ရသော အန်တီဝူတွင် ဤမျှကြီးမားသော ဆက်သွယ်မှုကွန်ရက်နှင့် စွမ်းရည်များရှိလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်မိပါချေ။

ဒီတော့ ဆရာသခင်တွေက လူ့လောကကြီးအလယ်မှာ ပုန်းကွယ်နေသည် ဆိုတဲ့စကားတွေက အမှန်ပဲပေါ့လေ?

All Chapters