← Chapters

အခန်း (၂၃၀)

Vol. 23 Ch. 230

အခန်း (၂၃၀)

Vol. 23 Ch. 230

“ဒါပေမဲ့ အန်တီဝူရဲ့ သားသမီး ကံကြမ္မာကတော့ သိပ်မကောင်းဘူး... သူတို့ တစ်သက်လုံး သားသမီး မရှိခဲ့ဘူးလေ.. ဒါကြောင့် ငယ်ငယ်လေးကတည်းက ငါတို့ကို သူ့ရဲ့ ကိုယ်ပိုင်သမီးတွေလို သဘောထားခဲ့တယ်.. စုန့်ရှီးယန်ကိုကျတော့လည်း သူ့ရဲ့ မြေးအရင်းလိုပဲ သဘောထားခဲ့တာ”

ချင်းယွင်ကျစ်က ထိုဝါကျကို အသံတိုးတိုးဖြင့် ရှင်းပြပြီးနောက် နောက်တစ်ဖန် ရယ်မောလိုက်သည်။

“ဒါကြောင့် အန်တီဝူက မင်းကို သူ့ရဲ့ မြေးမလေးအဖြစ် သဘောထားနေတာပေါ့”

လင်းရန်တစ်ယောက် ရုတ်တရက် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သို့သော်လည်း သူမ ပြန်လည်စဉ်းစားလိုက်မိသည်။

အခု အန်တီဝူနဲ့ တွေ့ဆုံပြီးပြီဆိုတော့ နောက်ပိုင်းမှာ စုန့်ရှီးယန်ရဲ့ အဘိုးအဘွားတွေနဲ့ တွေ့မယ်ဆိုရင် အတွေ့အကြုံရှိပြီးသား ဖြစ်သွားတော့မှာ မဟုတ်ဘူးလား?

သူတို့ စကားပြောနေချိန်အတွင်း လင်းရန်တစ်ယောက် ရုတ်တရက် အလွန်မွှေးကြိုင်သော ရနံ့တစ်မျိုးကို ရရှိလိုက်တော့သည်။

သူမ၏ နှာခေါင်းက အနည်းငယ် လှုပ်ရှားသွားပြီး မကြာသေးခင်က အန်တီဝူ ပျောက်ကွယ်သွားသည့်နေရာဘက်သို့ မသိစိတ်အရ လှမ်းကြည့်လိုက်မိသည်။

တစ်ဖက်လူက အမှန်တကယ် ကျွမ်းကျင် ဆရာသခင်ဖြစ်ပြီးလား သို့မဟုတ် ဟန်ပြသက်သက်လားဆိုသည်ကို ပညာရှင်တစ်ဦးက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

လင်းရန်အနေဖြင့် သူမကိုယ်သူမ ထိပ်တန်းပညာရှင် ဟု မဆိုဝံ့သော်လည်း၊ ရှိရင်းစွဲ စားဖိုမှူးအများစုထက် သူမ၏ လက်ရာက သေချာပေါက် သာလွန်နေလိမ့်မည်ဟု ယုံကြည်သည်ဝ

သို့သော် ထိုထူးကဲသော ရနံ့ကို ရလိုက်ပြီးနောက်တွင်တော့ သူမ မချီးကျူးဘဲ မနေနိုင်တော့ပါချေ။

လူများကို ကျော်လွန်၍ လူများရှိနေသေးပြီး၊ တောင်များ၏ အပြင်ဘက်တွင် တောင်များ ထပ်ရှိနေသေးသည့်စကားက အမှန်ပင် ဖြစ်ပေမည်။

ဤခေတ်ကာလတွင် သူမ၏ လက်ရာက ထူးကဲကောင်းမွန်ပြီး လူအများစုထက် ဟင်းလျာများကို ပိုမိာစားဖူး၊ ချက်ပြုတ်ဖူးသည်ဟု ထင်နေခဲ့မိသည်။

ယခုကဲ့သို့ သူမအတွက် စိမ်းသက်လွန်းသည့် မွှေးရနံ့ကို ရှူရှိုက်လိုက်မိချိန်မှသာ ရုတ်တရက် ရှက်ရွံ့လာခဲ့မိရသည်။

သူမ ထိုမွှေးရနံ့ရရှိပြီးနောက် စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏ ဘေးနားမှ ချင်းယွင်ကျစ်တို့ ညီအစ်မနှစ်ယောက်သည်လည်း ထိုရနံ့ကို စတင်ရရှိခဲ့ကြသည်။

သူတို့နှစ်ယောက်က မူးယစ်စွဲလန်းနေသကဲ့သို့ မျက်လုံးများကို မှိတ်လိုက်ကြပြီး မွှေးရနံ့များရောနှောနှောနေသောလေကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်မိကြသည်။

ချင်ယွင်လျန်တစ်ယောက် ချီးကျူးစကားမဆိုဘဲ မနေနိုင်တော့ပေ။

“အရမ်းမွှေးတာပဲ.. ငါ အန်တီဝူတို့ အိမ်ကို လာစားတိုင်း အရင်တုန်းက ဝက်စာတွေကိုပဲ စားခဲ့ဝသလို ခံစားရတယ်!”

သူမဘေးမှ ချင်းယွင်ကျစ်သည်လည်း ခေါင်းကို အားပြင်းပြင်းနှင့် ညိတ်ပြလိုက်ပြီး ထိုစကားအပေါ် ထောက်ခံကြောင်း လက်တွေ့အမူအရာဖြင့် ပြသလိုက်လေသည်။

ဖူး..!

လင်းရန်တစ်ယောက် သူမ၏ ရယ်မောချင်စိတ်ကို မနည်း ထိန်းချုပ်ထားလိုက်ရသည်။

ဤညီအစ်မနှစ်ယောက်သည်လည်း အစားအသောက်ကို ရူးသွပ်သူများ ဖြစ်ပုံရသည်။

နောက်ဆုံးတွင်တော့ သူတို့၏ ကြီးစွာသော မျှော်လင့်ချက်များအောက်၌ အန်တီဝူလည်း ဟင်းလျာများကို ချက်ပြုတ်ပြီးစီးသွားခဲ့သည်။

သူတို့က ရင်းနှီးနေကြသည့်သူများဖြစ်သောကြောင့် သူမက ဟန်ပန်အမူအရာကိုထောင်ရှုမနေတော့ဘဲ မီးဖိုချောင်မှ တိုက်ရိုက်အော်ပြောလိုက်လေသည်။

“ဟင်းတွေ သယ်ဖို့အတွက် နှစ်ယောက်လောက် လာကူကြဦး!”

“လာပြီ!”

ချင်ယွင်လျန်ာ အလျင်မြန်ဆုံး တုံ့ပြန်လိုက်ပြီး မီးဖိုချောင်သို့ အပြေးတစ်ပိုင်းဖြစ်လုနီးပါး ဝင်သွားခဲ့သည်။

ချင်းယွင်ကျစ်သည်လည်း ထရပ်လိုက်ပြီး ညီမဖြစ်သူ၏ နောက်သို့ ၏လိုက်ရန် ကြံလိုက်သော်လည်း သူမဘေးမှ လင်းရန်က သူမထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားလိုက်ကြောင်းကို တွေ့လိုက်ရလေသည်။

“အန်တီ၊ အန်တီက ထိုင်ပြီး ခဏနားနေလိုက်ပါဦး.. ကျွန်မ သွားကူလိုက်မယ်”

ချင်းယွင်ကျစ်က ငြင်းဆန်ရန် ကြံစည်လိုက်သေးသော်လည်း လင်းရန်တစ်ယောက် သူမ၏ မျက်စိရှေ့မှ ကွေ့ပတ်သွားကာ ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်လေ၏။

သို့နှင့် ချင်းယွင်ကျစ်လည်း လင်းရန်နှင့် ငြင်းခုန်မနေတော့ဘဲ ဝမ်းမြောက်ဝမ်းသာဖြင့် လက်ခံလိုက်လေသည်။

ရန်ရန်က အရမ်းလိမ္မာတာပဲ!

အခုဆို သူမရဲ့အတွက်တောင် စဉ်းစားပေးနေပြီ!

လင်းရန်သာ သူမ၏ စိတ်ထဲမှ အတွေးများကို သိလိုက်ရပါက အနည်းငယ်လောက် အပြစ်ရှိသကဲ့သို့ ခံစားရနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူမ ဟင်းသယ်ရန်အတွက် အလျင်စလို ပြေးသွားခြင်းမှာ သိလိုစိတ်သက်သက် ဖြင့်သာဖြစ်ပြီး၊ ထိပ်တန်းစားဖိုမှူးတစ်ဦး၏ မီးဖိုချောင်ကို စူးစမ်းလိုသော ဆန္ဒကြောင့်သာ ဖြစ်ပေသည်။

သူမက ချင်ယွင်လျန်၏နောက်မှတဆင့် အန်တီဝူ၏ မီးဖိုချောင်သို့ လိုက်သွားခဲ့လေ၏။

လင်းရန်တစ်ယောက် မီးဖိုချောင် အပြင်အဆင်နှင့် တည်ဆောက်ပုံကို ကြည့်ရင်း ပညာရှင်များက သာမန်လူများနှင့် မတူညီကြောင်းကိုသာ စိတ်ထဲတွင် တွေးတောမိရတော့သည်။

အန်တီဝူ၏ မီးဖိုချောင်က သာမန်အိမ်ကြီး၏ ဧည့်ခန်းတစ်ခုခန့် ကျယ်ဝန်းသည်ကို သူမ တွေ့လိုက်ရသည်။

အခန်းထဲတွင် ပန်းကန်တင်ခုံ သုံးခုထက်မနည်းရှိပြီး အိုးနှင့် မီးဖိုများစွာ ရှိသည်။ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနှင့် အရသာပစ္စည်းများအတွက် သီးခြား ဗီဒိုများပင် ရှိသည်။ ဗီဒိုအသေးတစ်ခုစီပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်များ၏ နာမည်များကို ရေးထားပြီး၊ လှပသော ပန်းကန်ခွက်ယောက်များ ထည့်ထားသည့် ဗီဒိုကြီးတစ်ခုလည်း ရှိသည်။

အရာအားလုံးက စုံစုံလင်လင် ရှိသည် ဟုပင် ပြောနိုင်ပေသည်။

ဤမီးဖိုချောင်မှာ စားဖိုမှူးတိုင်း၏ အိပ်မက်ဟုပင် ဆိုနိုင်သည်။

“ရန်ရန်၊ မင်း ဘာလို့ ဒီရောက်နေတာလဲ”

ချင်ယွင်လျန်တစ်ယောက် သူမ၏နောက်မှ လိုက်လာသူက လင်းရန်ဖြစ်ကြောင်းကို မသိလိုက်သည့်အတွက် အနောက်ကိုလှည့်ကြည့်လိုက်ချိမ်တွင် ခဏတာလောက် အံ့အားသင့်သွားခဲ့ရသည်။

လင်းရန်က ရှင်းပြလိုက်လေ၏။

“ကျွန်မ လာကူချင်လို့ပါ”

အန်တီဝူလည်း လင်းရန်ကိုကြည့်ပြီး ပြုံးရယ်လျက် ပြောလာသည်။

“ဒီကလေးမလေးက စိတ်ဝင်စားစရာ ကောင်းသားပဲ.. လာခဲ့၊ မင်းက ဒီဟင်းနှစ်ပွဲကို သယ်ပေး”

အန်တီဝူက စုစုပေါင်း ဟင်းလျာ ငါးပွဲ ချက်ပြုတ်ထားပြီး ထိုအထဲတွင် အသားဟင်း သုံးပွဲ ပါဝင်သည်။

သူတို့ကို ဧည့်ခံသည့် ဟင်းလျာအနေဖြင့် ဤမျှလောက်ပမာဏက စေတနာ အပြည့်ရှိနေကြောင်းကို တွေ့မြင်နိုင်ပေ၏။

လင်းရန်အနေဖြင့် ထိုဟင်းလျာများထဲမှ တစ်ခုတွင် အသုံးပြုထားသော ဝက်ပေါင်ခြောက်က သာမန်ထက် ထူးကဲသော အရည်အသွေးများရှိနေသည်ကို မြင်လိုက်ရသည်။

ဤခေတ်ကာလတွင်ပင် ဤကဲ့သို့ ကောင်းမွန်လွန်းသည့် ဝက်ပေါင်ခြောက်ကို ရနိုင်သည့်အတွက် သူမ အမှန်တကယ် အံ့သြသွားရသည်။

ထို့ကြောင့် သူမ အန်တီဝူအား မေးမြန်းလိုက်သည်။

“အဖွားဝူ၊ ဒီဝက်ပေါင်ခြောက်ကို အဖွားကိုယ်တိုင် လုပ်ထားတာလား”

အန်တီဝူတစ်ယောက် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။ ဟင်းလျာထဲမှ ပစ္စည်းက ဝက်ပေါင်ခြောက်ဖြစ်ကြောင်းကို လင်းရန် မှတ်မိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။

သူမ၏ ဝက်ပေါင်ခြောက်ကို အပြင်လူ မည်သူမျှ မလုပ်နိုင်သကဲ့သို့ သိရှိနိုင်ခြင်းလည်း မရှိပေ။ ချင်းညီအစ်မနှစ်ယောက်ကလည်း လင်းရန်ထံတွင် ထိုအကြောင်းကိုပြောပြထားရန် မဖြစ်နိုင်ပါချေ။

လင်းရန်က ဒီဟင်းကို တခြားနေရာမှာ စားဖူးခဲ့လို့လား။

အန်တီဝူက စိတ်ထဲမှ တွေးရင်း ပြန်မေးလိုက်သည်။

“ကလေးမလေး၊ မင်း ဝက်ပေါင်ခြောက်ကို တကယ်သိနေတာလား.. ဘယ်နေရာမှာ စားဖူးတာလဲ”

လင်းရန်တစ်ယောက် ထိုစကားကို ကြားလိုက်ရမှသာ ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။

ဝက်ပေါင်ခြောက်က ဤခေတ်ကာလတွင် သာမန်မဟုတ်သည့် အရာတစ်ခု ဖြစ်ပေမသဝည်။ မည်သို့ပင်ဖြစ်စေ ဤခေတ်ကာလရှိ လူအများစုက ၎င်းအကြောင်းကို သိကြလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူမအနေဖြင့် တစ်ဖက်လူကို ရှင်းပြနိုင်ရန်အတွက် အကြောင်းပြချက်တစ်ခု ရှာရပေမည်။

အကောင်းဆုံးနည်းလမ်းမှာ အပြင်ဘက်တွင် မတော်တဆ စားခဲ့ဖူးကြောင်းပြောခြင်းသာဖြစ်ပေမည်။

သို့သော်လည်း လင်းရန်အနေဖြင့် ဝက်ပေါင်ခြောက်ကို ကိုယ်တိုင် ပြုလုပ်ပုံအကြောင်းကို အလွန် သိချင်နေသောကြောင့် ခဏမျှစဉ်းစားပြီး ရိုးသားစွာ ပြောလိုက်လေသည်။

“အဖွား၊ တကယ်တော့ ကျွန်မ ကိုယ်တိုင်လည်း ချက်ပြုတ်တဲ့ပညာကို နည်းနည်းလောက် တတ်ပါတယ်.. ဒါကြောင့် ချက်ပြုတ်နည်းအချို့ကနေ ဝက်ပေါင်ခြောက်အကြောင်းကို သိထားခဲ့တာ..

ဒါပေမဲ့ ကိုယ်တိုင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ မသိသေးတဲ့အတွက် ဒီအကြောင်းကိုသိချင်နေခဲ့တာ”

အန်တီဝူအနေဖြင့် ဤမျှ နူးညံ့သိမ်မွေ့ပြီး အားနွဲ့ပုံရသည့် လင်းရန်က ချက်ပြုတ်ရာတွင် ကောင်းမွန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

ထို့အပြင် သူမ၏ စကားအရ အိမ်ချက်ဟင်းပွဲနှစ်ပွဲလောက်ကိုသာ ချက်တတ်သူသက်သက် မဟုတ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူမက “ဝက်ပေါင်ခြောက်” ပြုလုပ်နည်းကိုပင် စူးစမ်းနိုင်သည်ဟူသော အချက်မှ ကြည့်မည်ဆိုပါက ချက်ပြုတ်မှုတွင် တချို့တဝက်လောက် အောင်မြင်မှုများ ရရှိထားသည်မှာ ထင်ရှားပေသည်။

“ဒီဝက်ပေါင်ခြောက်ကို ငါ ကိုယ်တိုင် ပြုလုပ်ထားတာ.. မင်း တကယ် စိတ်ဝင်စားရင် ငါ မင်းကို ပြောပြပေးနိုင်တယ်”

လင်းရန်တစ်ယောက် အံ့သြသင့်မှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။

“တကယ်လား! အဖွား ဒါက အဖွားရဲ့ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ၊ လျှို့ဝှက်ချက်နည်းလမ်းတွေကို ထုတ်ဖော်ပြောသလို မဖြစ်သွားဘူးလား.. အဲဒီလိုသာဆိုရင် မပြောပြရင်လည်း ကိစ္စမရှိပါဘူး”

“အိုး၊ လျှို့ဝှက်ချက်ကို ထုတ်ဖော်တာတွေကိုထားလိုက်ဦး၊ ငါက ဆက်ခံမဲ့ သူတစ်ယောက်တောင် ရချင်နေတာ။ မင်းသာ တတ်မြောက်သွားမယ်ဆိုရင် ငါက သေချာပေါက် ပျော်ရွှင်နေဦးမှာ!”

အန်တီဝူက သူမ၏ဘဝတွင် သားသမီးမရှိခဲ့ခြင်းအတွက် နောင်တ မရခဲ့ပါချေ။ ထို့အစား ဝူမိသားစု၏ နန်းတွင်းဟင်းလျာ ချက်ပြုတ်နည်းများကို ဆက်ခံနိုင်မည့် သင့်တော်သူတစ်ယောက် ရှာမတွေ့နိုင်ခြင်းအတွက်သာ နောင်တရခဲ့သည်။

ထို့ကြောင့် သူမ လင်းရန်နှင့် တွေ့ဆုံပြီးနောက်တွင် စိတ်ဝင်စားမှုရှိလာခဲ့ကာ ထိုအကြောင်းများကိုပင် အမှန်တကယ် စဉ်းစားလာခဲ့သည်။

“ဒါပေမဲ့ မင်း ခုနက ပြောလိုက်တာ မှန်တယ်.. ဒါကက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လုပ်ရတာ မလွယ်ဘူး.. မင်းသာ တကယ် သင်ယူချင်တယ်ဆိုရင် ငါ တစ်ဆင့်ချင်းစီ သင်ပေးနိုင်တယ်.. ဒါပေမဲ့ အရင်ဆုံး မင်းရဲ့ အရည်အချင်းကို ကြည့်ရဦးမယ်”

လင်းရန်: “!”

သူမသည် အန်တီဝူ၏ စကားအဓိပ္ပာယ်ကို သဘောမပေါက်ဘဲ မနေပါချေ။ ထို့ကြောင့် စဥ်းပင် စဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်သည်။

“ဒါဆို အဖွား၊ အဖွားသာ စိတ်မရှိဘူးဆိုရင် ကျွန်မ ဟင်းတစ်ပွဲလောက် ထပ်ထည့်ချက်လို့ ရမလား”

အန်တီဝူလည်း စိတ်လှုပ်ရှားလာပြီး လင်းရန်အတွက် နေရာဖယ်ပေးလိုက်သည်။

“ကောင်းပြီ၊ မင်း ချက်ကြည့်လိုက်”

ဒီကလေးမလေးက သူမကို အံ့အားသင့်အောင် လုပ်နိုင်မလားဆိုတာကို သူမ သိချင်မိတယ်။

တကယ်လို့ သူမကို အမှန်တကယ် အံ့အားသင့်စေနိုင်မယ်ဆိုရင်တော့ သူမဘက်ကလည်း ကိစ္စတစ်ခုခုကို အလေးအနက် စဉ်းစားဖို့ တွေးရလိမ့်မယ်။

All Chapters