← Chapters

အခန်း (၂၂၃)

Vol. 23 Ch. 223

အခန်း (၂၂၃)

Vol. 23 Ch. 223

စုန့်ရှီးယန်တစ်ယောက် ရထားပေါ်တွင် လင်းရန်ထံ၌ သူ၏အမေနှင့် အဒေါ်ဖြစ်သူတို့၏အကြောင်းကို အလွန်ကောင်းမွန်စွာ ပြောပြခဲ့သော်လည်း သူတို့၏ စရိုက်များကို ရိုးသားစွာ မရှင်းပြခဲ့သည်ကို အနည်းငယ် နောင်တရလာခဲ့သည်။

ဥပမာအားဖြင့်၊ သူတို့နှစ်ယောက်မှာ သူတို့ နှစ်သက်သော တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာကို တွေ့လိုက်ရချိန်တွင် သူတို့၏အမူအရာများက ရူးသွပ်မှုများဖြင့် ပြည့်လာတတ်သည်။ အပြင်ဘက်တွင် ရှိနေစဥ်က သူတို့ပြသထားသည့် ရင့်ကျက်ပြီး တည်ငြိမ်သောအသွင်အပြင်ကို လုံးဝဆုံးရှုံးသွားစေလိမ့်မည်။

အရွယ်ရောက်ကာစ ကောင်မလေးနှစ်ဦးကဲ့သို့ပင်...။

သူတို့နှစ်ယောက်က သူတို့၏ စိတ်လှုပ်ရှားမှုကို မျက်လုံးများဖြင့် ဖော်ပြနေဆဲဖြစ်ကြောင်းကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် ကျေးဇူးတင်ရမည်လား ၊ စိုးရိမ်ရမည်လားကိုပင် မသိနိုင်တော့ပေ။

မိနစ်သုံးဆယ်အကြာတွင် ကားက စုန့်မိသားစုအိမ်ရှေ့တွင် ရပ်တန့်ခဲ့သည်။

ဤအချိန်တွင် အပြင်ဘက်၌ မှောင်စပြုနေပြီဖြစ်ပြီး လူအများစုမှာ ညစာစားပြီးနောက် အပြင်ဘက်တွင် စတင်လမ်းလျှောက်နေကြပြီပင်။

စစ်တပ်သုံးကားက စုန့်မိသားစုအိမ်ရှေ့တွင် ရပ်သွားသည်ကို မြင်လျှင် အပြင်ဘက်တွင်ရှိနေသော လူတိုင်းက သူတို့ရှိရာဘက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

အထူးသဖြင့် ချန်ဟုန်ထောင်မှာ အတော်လေး စိတ်ရှုပ်ထွေးနေပုံရသည်။

ဆိုရလျှင် သူမအနေဖြင့် ယနေ့နေ့လယ်ခင်းတွင် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်ညီအစ်မနှစ်ယောက် အလျင်အမြန် ထွက်သွားသည်ကို မြင်ခဲ့ရသည်။

သူတို့က လမ်းလျှောက်နေရင်းနှင့်ပင် တစ်ယောက်ကို တစ်ယောက် အဝတ်အစားများနှင့် ဆံပင်များကို သပ်ရပ်အောင်စစ်ဆေးရာတွင် ကူညီပေးခဲ့နေကြသည်။

သူတို့၏ စိုးရိမ်ပူပန်သော အမူအရာများမှာ အရေးကြီးသောတစ်စုံတစ်ဦးကို သွားရောက်တွေ့ဆုံမည့်ပုံစံမျိုး ဖြစ်နေခဲ့သည်။

မမျှော်လင့်ဘဲ နေ့လည်ခင်းတစ်ခု ကုန်ဆုံးသွားပြီးနောက်တွင်ပင် သူတို့နှစ်ယောက်လုံး ပြန်မလာခဲ့ကြပေ။

ချန်ဟုန်ထောင်တစ်ယောက် သူတို့နှစ်ယောက် မည်သူနှင့် သွားတွေ့သည်ကို အလွန် စိတ်ဝင်စားနေခဲ့သည်။

ကံကောင်းစွာဖြင့် သူမ ညစာစားပြီး အပြင်ဘက်တွင် လမ်းလျှောက်ထွက် ရန် ထွက်လာခဲ့ချိန်တွင် မမျှော်လင့်ဘဲ သူတို့နှစ်ယောက်နှင့် ဝင်တိုးမိခဲ့သည်။

ချန်ဟုန်ထောင် ချက်ချင်းပင် သူတို့ဘက်ကို ကြည့်လိုက်လေသည်။

မကြာမီတွင် ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့ညီအစ်မနှစ်ယောက်က ကားထဲမှ ဦးစွာ ထွက်လာသည်ကို မြင်ခဲ့ရပြီး ချင်းယွင်ကျစ်၏သားဖြစ်သူ စုန့်ရှီးယန်သည်လည်း ကားအရှေ့ဘက်မှ ဆင်းလာခဲ့သည်။

ဒါဆို သူတို့နှစ်ယောက် ဒီနေ့လည်ဆုန်းက အလောတကြီးသွားခဲ့တာ စုန့်ရှီးယန်ကို အိမ်ပြန်ကြိုဖို့ ထွက်သွားခဲ့ကြတာလား။

ဤသို့တွေးလိုက်ပါက သူတို့၏လုပ်ရပ်များက အဓိပ္ပာယ်ရှိလှသည်။

မည်သို့ပင်ဆိုစေ စုန့်ရှီးယန်က အချိန်အတော်ကြာသည်အထိ ပြန်မလာနိုက်ခဲ့ဘဲ အဝေးတွင်ရောက်နေခဲ့သည်မဟုတာပါလား။

စုန့်ရှီးယန် မတော်တဆမှုဖြစ်ပြီး ဆေးရုံသို့ သွားခဲ့သည်ဟု သူမ၏ တူမဖြစ်သူ ချန်ဖေးဖေးထံမှ ကြားခဲ့ရသည်။

သူ အပြင်ဘက်ကိုသွားပြီး သူ၏ဒဏ်ရာတွေ ပြန်လည်သက်သာလာတဲ့အတွက် ပြန်လာခဲ့တာများလား။

သူ ပြန်လာပြီးရင် စစ်တပ်ကို တိုက်ရိုက်ပြန်သွားဖို့ စီစဉ်ထားတာလား၊ ဒါမှမဟုတ် အိမ်မှာ ခဏတာလောက် အနားယူလောက်သေးလား။

သူသာ အိမ်တွင် ခဏတာလောက် အနားယူရန် စီစဉ်ထားပါက သူမအနေဖြင့် သူ၏တူမဖြစ်သူ ချန်ဖေးဖေးကို အိမ်သို့ အကြိမ်အနည်းငယ် လောက်လာရန် လှမ်းခေါ်နိုင်သည်။

ချန်ဟုန်ထောင်အနေဖြင့် သူ၏အမျိုးသားမှာ ချန်ဖေးဖေးအား စုန့်မိသားစုသို့ ပို့ဆောင်၍ အနာဂတ်တွင် တစ်စုံတစ်ခု ပြမ်လည်ရယူလိုသည့် သဘောထားကို မကြိုက်ခဲ့ပါချေ။

သို့သော်လည်း ချန်ဖေးဖေးသည်က စုန့်ရှီးယန်ကို အမှန်တကယ် သဘောကျနေခဲ့သောကြောင့် အဒေါ်တစ်ယောက်အနေဖြင့် သူမ၏အကျိုးအတွက် ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားဆဲသာဖြစ်သည်။

သူမဘက်မှသာ စိတ်သဘောထားကို မပြောင်းလဲနိုင်ပါက အဒေါ်ဖြစ်သည့် သူမကလည်း လုပ်နိုင်သည့်အရာ မရှိပေ။ ချန်ဖေးဖေး အောင်မြင်သည်ဖြစ်စေ၊ လုံးဝ လက်လျှော့သွားသည်ဖြစ်စေ သူမအတွက် အခွင့်အရေးများကို ဖန်တီးပေးခြင်းက ပိုကောင်းပေလိမ့်သည်။

သို့သော်လည်း ချန်ဟုန်ထောင်တစ်ယောက် စုန့်ရှီးယန် ပြန်ရောက်လာပြီဟူသော သတင်းကောင်းကို ပြောပြရန်အတွက် မနက်ဖြန်မနက်တွင် ဆေးရုံသို့ သွားကာ ချန်ဖေးဖေးဆီကို သွားရန် ဆုံးဖြတ်ချက်ချလိုက်သည့်အချိန်တွင် ကားထဲမှ ခြားလူတစ်ယောက်လည်း ဆင်းလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

သူမ အံ့သြသင့်သွားရပြီး သတိလက်လွတ်ဖြင့် ကားတံခါးဘက်သို့ လှမ်းကြည့်လိုက်မိသည်။

ထို့နောက်တွင်တော့ ငယ်ရွယ်ပြီး လှပသည့် မိန်းကလေးတစ်ဦးက ကားထဲမှ ဆင်းလာသည်ကို မြင်လိုက်ရလေသည်။

လက်ရှိအချိန်တွင် အပြင်ဘက်၌ မှောင်နေပြီဖြစ်သော်လည်း လမ်းမီးတိုင်မှလာသော အလင်းရောင်ရှိနေသေးသောကြောင့် ထိုမိန်းကလေး၏မျက်နှာကို ရှင်းလင်းစွာ တွေ့နိုင်သေးပြီး သူမ၏မျက်နှာက အံ့သြမင်သက်ဖွယ်ကောင်းလောက်အောင် လှပနေဆဲဖြစ်ကြောင်းကို တွေ့မြင်နိုင်သေးသည်။

ချန်ဟုန်ထောင်တစ်ယောက် သူမကို မြင်တွေ့လိုက်ရချိန်တွင် ပါးစပ်ကို ဖွင့်ဟလိုက်မိကာ သူမ၏ ထိတ်လန့်မှုနှင့် အံ့သြမှုတို့ကို မဖုံးကွယ်နိုင်တော့ပါချေ။

ဒီမိန်းကလေးက ဘယ်သူလဲ။

သူမက စုန့်ရှီးယန်နှင့် ဘာလို့ အတူ ပြန်လာခဲ့တာလဲ။

စုန့်ရှီးယန်က လအနည်းငယ်လောက် အပြင်ကို ထွက်ပြီးတဲ့နောက်မှာ လက်တွဲဖော်တစ်ယောက်ကို ရှာတွေ့ခဲ့တာတော့ မဖြစ်နိုင်ဘူးမလား။

သူမ၏တူမ ချန်ဖေးဖေးသာ ဤအကြောင်းကို သိခဲ့ပါက အလွန်ပင်ဝမ်းနည်းရပေလိမ့်မည်။

ချန်ဟုန်ထောင်တစ်ယောက် လင်းရန်၏ တိကျသောအချက်အလက်ကို သေသဆချာချာ မသိရသေးသောကြောင့် အံကိုတင်းတင်း ကြိတ်လိုက်ပြီး သူတို့ထံသို့ လျှောက်သွားခဲ့လေသည်။

“အိုး.. ရှောင်စုန့် ပြန်လာပြီလား..

မတွေ့တာ ကြာပြီနော် ရှောင်စုန့်လေး၊

မင်းကတော့ အရင်အတိုင်း အားအင်အပြည့်ရှိနေတုန်းပဲ”

ချန်ဟုန်ထောင်၏ ရယ်မောသံက နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သောကြောင့် ချင်းယွင်ကျစ်နှင့် တခြားသူများလည်း အံ့သြသွားရသည်။

သူတို့ လှည့်ကြည့်လိုက်လျှင် ချန်ဟုန်ထောင်က အပြုံးတစ်ခုနှင့် သူတို့ဘက်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချင်းယွင်ကျစ်သည်ကား အပြင်လူများ ရှိနေတိုင်း သူမ၏အမူအရာကို သတိမထားမိဘဲ ထိန်းချုပ်ထားလေ့ရှိသည်။ ထို့ကြောင့် ချန်ဟုန်ထောင်၏ စပ်စုသောမေးခွန်းကို ရင်ဆိုင်ရသောအခိုက်တွင် သူမက ခေါင်းညိတ်လိုက်ရုံသာ တုံ့ပြန်ခဲ့လေ၏။

“အင်း.. ပြန်လာပြီ”

စုန့်ရှီးယန်အတွက်ကတော့ ဟန်ဆောင်ရန်ပင် မလုပ်ခဲ့ဘဲ ချန်ဟုန်ထောင်ကို အမူအရာမဲ့စွာသာ ကြည့်လိုက်လဆ၏။

ဒီအဒေါ်ကြီးက ဘယ်သူလဲ။

သူ့မှာ သူမနှင့်ပတ်သက်ပြီး မှတ်ဥာဏ်လုံးဝမရှိဘူး။

အမေနှင့်သား နှစ်ယောက်လုံး၏ အေးစက်သည့်အသွင်အပြင်ကို မြင်လိုက်ရလျှင် ချန်ဟုန်ထောင်၏ အပြုံးက ရုတ်တရက် တောင့်ခဲသွားခဲ့ရသည်။

သို့သော်လည်း သူမအနေဖြင့် တူမဖြစ်သူ၏ ပျော်ရွှင်မှုအတွက် တွေးနေခဲ့ရသောကြောင့် နားမလည်ချင်ယောင် ဟန်ဆောင်ကာ နှစ်ကြိမ် ခန့်ဆက်လက်ရယ်မောလိုက်ပြီး ရုတ်တရက် လင်းရန်ဘက်သို့ အာရုံစိုက်လာခဲ့သည်။

“ဒီမိန်းကလေးက တကယ်ကို လှပလွန်းတာပဲ၊ ဒါပေမဲ့ ကျွန်မ သူ့ကို အရင်တုန်းက တစ်ခါမှ မမြင်ဖူးပါဘူး

.. ရဲဘော်ချင်း.. ဒါက ရှင့်ရဲ့ဆွေမျိုးများလား”

ချန်ဟုန်ထောင်၏ စကားလုံးများတွင် စူးစမ်းစပ်စုလိုသော အဓိပ္ပာယ်များက အလွန်ထင်ရှားလွန်းပေသည်။

ထို့ကြောင့် နေရာတွင် ရှိနေသောလူတိုင်း သူမ၏မေးခွန်းမှ အဓိပ္ပာယ်ကို မမြင်နိုင်စရာ အကြောင်းမရှိပါချေ။

သို့သော်လည်း ဤအကြောင်းကို ပြန်လည်စဉ်းစားပြီးနောက်တွင် လင်းရန်၏ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု ခံစားရသည်။

မည်သို့ပင်ဆိုစေ သူမက အိမ်တံခါးဝသို့ပင် ရောက်ရှိနေပြီဖြစ်သည်။

သူမက မည်သူဖြစ်ကြောင်း အထောက်အထားကို တမင်တကာ ဖုံးကွယ်ထားရန် မလိုအပ်တော့ပါချေ။

ထို့ကြောင့် ချင်းယွင်ကျစ်က ချန်ဟုန်ထောင်၏ မေးခွန်းကို ဖြေရန် စိတ်ရှည်သည်းခံလာခဲ့သည် ။

သူမက ချန်ဟုန်ထောင်ကို ပထမဆုံးအကြိမ် ပြုံးပြလိုက်ပြီးနောက် နူးညံ့စွာ ပြောလိုက်လေသည်။

“သူမက ငါ့တို့ရဲ့ဆွေမျိုး မဟုတ်ပါဘူး”

ချန်ဟုန်ထောင်တစ်ယောက် ဤစကားများကြောင့် သက်ပြင်းချလိုက်ပြီး လင်းရန်က သူတို့ သိကျွမ်းသူတစ်ဦးသာ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ချင်းယွင်ကျစ်က ဤသို့ဆက်လက်ပြောခဲ့မည်ကို မည်သူက သိမည်နည်း။

“သူမက ငါ့ရဲ့ အနာဂတ် ချွေးမလေ!”

ချန်ဟုန်ထောင်၏ မေးစေ့က ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ရသည်-

“???”

သူမသည် ချင်းယွင်ကျစ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီးနောက် လင်းရန်ကို ပြန်ကြည့်လိုက်မိသည်။

မဟုတ်သေးဘူး.. ချင်းယွင်ကျစ်ရဲ့ ချွေးမဆိုရင် အဲဒါက စုန့်ရှီးယန်ရဲ့ ဇနီး မဟုတ်ဘူးလား။

သူက တကယ်ကြီး ဇနီးတစ်ယောက်ကို ပြန်ခေါ်လာခဲ့တယ်!

စုန့်ရှီးယန်သည်က သူ၏ဘဝတွင် မည်သည့်အခါကမျှ လက်ထပ်မည်မဟုတ်ဟု ခြံဝင်းတစ်ဝှမ်းလုံးတွင် ကောလာဟလ ထွက်ခဲ့သည်မဟုတ်ပါလား။

တချို့လူများက သူ့အား အမျိုးသမီးများကို မကြိုက်သူဟုပင် ပြောခဲ့ကြသည် ။

သို့ဆိုပါက လက်တွဲဖော်တစ်ဦးကို အဘယ်ကြောင့် ဤမျှလျင်မြန်စွာ ရှာတွေ့နိုင်သည်နည်း။

ချန်ဟုန်ထောင်၏ ထိတ်လန့်တုန်လှုပ်သော အသွင်အပြင်ကို ချင်းယွင်ကျစ်က မနာလိုမှုအဖြစ် တိုက်ရိုက် အနက်ဖွင့်ဆိုခဲ့သည် ။

သူမက ရယ်မောခဲ့ပြီး သူမ၏ လည်ပင်းကို သတိလက်လွတ် မော့လိုက်သည်။

“ကောင်းပြီ ဆက်မပြောတော့ဘူး၊ ရန်ရန်က ပင်ပန်းနေပြီ၊ ငါ သူမကို အနားယူဖို့ အိမ်ထဲကို ခေါ်သွားရမယ်”

ထိုသို့ပြောပြီးနောက် သူမက အနောက်ကို လှည့်လိုက်ပြီး စုန့်ရှီးယန်ကို အမိန့်ပေးခဲ့သည်။

“မင်း ဘာလို့ အဲဒီမှာ ငတုံးလို ရပ်နေတာလဲ၊ ပစ္စည်းတွေကို အရင်သယ်သွားရမယ်ဆိုတာ မသိဘူးလား”

စုန့်ရှီးယန်: “...”

ရထားပေါ်က ဆင်းလာတဲ့အချိန်ကနေ ယခုအချိန်အထိ စုန့်ရှီးယန်တစ်ယောက် “မိခင်နဲ့သား သံယောဇဉ်” ဟုခဆါ်သော မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။

သူသာ ချင်းယွင်ကျစ်၏ သားအရင်းဖြစ်ကြောင်းကို သေချာမသိနေခဲ့ပါက သူနဲ့ လင်းရန်တို့၏ ကိုယ်ပိုင်လက္ခဏာများက ပြောင်းလဲထားခဲ့သည်လားဟုပင် ထင်မိလိမ့်မည်။

မဟုတ်သေးဘူး။ ပိုပြီး တိတိကျကျ ပြောရရင် သူတို့ ငှားထားတဲ့ ပစ္စည်းသယ်အလုပ်သမား တစ်ယောက်သာ ဖြစ်နေလောက်တယ်။အထုပ်အပိုးများ၊ ခရီးဆောင်အိတ်များနှင့် တခြားအရာများကို စုန့်ရှီးယန်နှင့် သူ၏ဦးလေး ရှကျန်းပန့်ဆီကို လွှဲပြောင်းပေးပြီးနောက် ချင်းယွင်ကျစ်တို့ ညီအစ်မက လင်းရန်ကို အိမ်ထဲသို့ လျင်မြန်စွာ ဆွဲခေါ်သွားခဲ့ကြလေသည်။

လင်းရန်က ချန်ဟုန်ထောင်၏အနီးမှ ဖြတ်သွားသောအခိုက်တွင် ယဉ်ကျေးမှုအရ အပြုံးလေးတစ်ခုနှင့် ခေါင်းညိတ်ပြကာ ကောင်းမွန်သောလက္ခဏာကို ပြသခဲ့သည်

ကံမကောင်းစွာဖြင့်၊ ချန်ဟုန်ထောင်မှာ ကြီးမားသော ထိတ်လန့်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်ပြီး လင်းရန်ကို တုန့်ပြန်ခြင်းမရှိခဲ့ပေ။

သူမက လင်းရန်ကို အနည်းငယ် မပျော်မရွှင်ဖြစ်စေသောအမူအရာဖြင့်ပင် ကြည့်လိုက်သည်။

ထိုအမူအရာမှာ သူမက စုန့်ရှီးယန်၏ လက်တွဲဖော် မဖြစ်နိုင်ဟု ပြောနေသကဲ့သို့ပင် ဖြစ်နေသည်။

လင်းရန်တစ်ယောက် သူ၏နှလုံးသားထဲတွင် မျက်လုံးလှန်လိုက်မိသည်။

စစ်တပ်ရှိ အဒေါ်များသည်လည်း ရွာရှိ အဒေါ်များနှင့် မခြားနားပုံရသည်။

သူတို့သည်က အခြားသူများ၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် အလွန် နှစ်သက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် သူမအနေဖြင့် မတိုင်ခင်က ချင်းယွင်ကျစ်သည်လည်း ဤအဒေါ်ကို စိတ်ရှည်ပုံမပရှိ ဆက်ဆံရေးလည်း မကောင်းလောက်ကြောင်းကို သူမ သတိထားမိခဲ့သည်။

ထို့ကြောင့် သူမသည်လည်း သိကျွမ်းရန် အထူးတလည်လုပ်နေစရာ မလိုအပ်တော့ပေ။

All Chapters